← Chapters

အကျဉ်းသားအဖြစ်လား

Vol. 30 Ch. 430

အကျဉ်းသားအဖြစ်လား

Vol. 30 Ch. 430

…

အာရန်၏ မျက်နှာပေါ်တွင် အနည်းငယ်မျှသော လှုပ်ရှားမှုလေးတစ်ခုသာ ပေါ်သွားခဲ့သော်လည်း ဘယ်လက်ရုံးအစောင့်အရှောက်က ၎င်းကို ကောင်းစွာ သတိပြုမိလိုက်သည်။

သူမသည် အာရန်အား အထူးစိတ်ဝင်စားနေပုံရသော်လည်း သူ့အား ဘာမှတော့ မပြောပေ။

ဒုတိယဖြစ်နိုင်ခြေသည်သာ မှန်ကန်ပြီး ထိုလူငယ်သည်သာ ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်နေပါက လူသတ်သမားသည် ဤနေရာတွင်တစ်ချိန်လုံး ၎င်းတို့နှင့်အတူ ရှိနေသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား...။

၎င်းလက်သည်တရားခံ လူသတ်သမားသည် ရူဘီ သို့မဟုတ် အာရန် တစ်ယောက်ယောက် ဖြစ်နိုင်ချေရှိနေသည်။

၎င်းပုဂ္ဂိုလ်မှ သူတို့ထဲမှ တစ်ဦးဦးအား သတ်ဖြတ်ပြီးနောက် သူတို့၏နေရာကို အသွင်ဝင်ယူထားခြင်း ဖြစ်နိုင်ဖွယ်ရှိလေ၏။

သူမသည် သူမ၏ယူဆချက်ကို ဤနေရာတွင်ပင် စစ်ဆေးနိုင်စွမ်းရှိသော်လည်း ထိုလူအား လွတ်မြောက်ရန် အခွင့်အရေး မပေးလိုပေ။

ဤနေရာတွင် စွန့်စားရမည့်အစား နစ်ခရိုမန်ဆာသို့ ခေါ်ဆောင်၍ သေချာစွာစစ်ဆေးစေခြင်းက ပို၍ကောင်းမွန်သည်မဟုတ်ပါလား...။

အဘယ်ကြောင့်ဆိုသော် သိထားသော အချက်အလက်များအရ သူမကိုယ်တိုင်ပင်လျှင် လူသတ်သမား၏ စွမ်းရည်အတိုင်းအဆကို ခန့်မှန်း၍ မရနိုင်သောကြောင့်ပင်တည်း။

ထိုလူသတ်သမားသည် ဤမျှ သတိရှိသော ထရီနီယယ်ကဲ့သို့ ပုဂ္ဂိုလ်ကိုပင် လွယ်ကူစွာ လုပ်ကြံနိုင်ခဲ့ပါက သာမန်ခေသူတစ်ဦးတော့ မဖြစ်နိုင်ပေ။

၎င်းသည် တကယ်တမ်း အာရန် သို့မဟုတ် ရူဘီ ဖြစ်ပါက နစ်ခရိုမန်ဆာမျှော်စင်သို့ ရောက်ရှိပြီးမှ စစ်ဆေးခြင်းသည် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်ပေမည်။

ထို့နောက် ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူမ၏ နောက်မှအရိပ်တစ်ခုသည် ပိုမိုကြီးထွားလာခဲ့ပြီး ခြံဝင်းတစ်ခုလုံးကို ဖုံးအုပ်သွားသည်အထိ ဖြစ်လေသည်။

ထို့နောက်သူမ၏ နောက်ရှိ အနက်ရောင်အရိပ်ကြီးဆီမှ သေပြီးသူ ဖုတ်ကောင် အများအပြား ထွက်လာခဲ့ကြသည်။

သူတို့ထဲမှ တစ်ဝက်ကျော်သည် လူသားများပုံစံအတိုင်းရှိနေသော်လည်း ကျန်သည့်အချို့တစ်ဝက်မှာမူ အာရန်ကိုယ်တိုင်ပင် တစ်ခါမျှမမြင်ဖူးသေးသော ထူးဆန်းသည့် သားရဲမျိုးစိတ်များဖြစ်နေခဲ့၏။

ဖုတ်ကောင်များသည် မည်သူ့ကိုမျှ မတိုက်ခိုက်ခဲ့ကြပေ။

ယင်းအစား သူတို့သည် ဤနေရာရှိအပျက်အစီးများကို ရှင်းလင်း ဖယ်ရှားပေးနေကြသည်။

၎င်းဖုတ်ကောင်များထဲမှ အားအနည်းဆုံးသူပင်လျှင် လေးလံသော အရာများကို သာမန်ဖော့တုံးလေးများသဖွင့် ပေါ့ပါးစွာ မယူနိုင်ကြသဖြင့် အချိန်တိုအတွင်း အတော်လေးထိရောက်မှုရှိခဲ့လေသည်။

ဆယ်မိနစ်ခန့်အကြာတွင် ကီးလ်မိသားစုခြံဝင်းတစ်ခုလုံးသည် မည်သည့်အပျက်အစီးမျှမရှိအောင် ပြန်လည်ရှင်းလင်းသွားပြီးနောက် ပေါက်ကွဲမှုကြောင့် ပျက်စီးသွားခဲ့သော ပုံစံခွက် ဂိတ်တံခါးပေါက်တစ်ခုသာ ထီးထီးမားမား ကျန်ရစ်ခဲ့တော့၏။

အကယ်၍ ထိုတိုက်ပွဲဖြစ်ပွားစဥ်ကသာ ၎င်းဂိတ်တံခါးပေါက် ပျက်စီးမနေခဲ့ပါက တစ်စုံတစ်ဦးသည် အချိန်မီ နစ်ခရိုမန်ဆာမျှော်စင်ထံသို့ အကူအညီ တောင်းခံနိုင်ခဲ့မည် ဖြစ်လေသည်။

ကံမကောင်းစွာဖြင့် အာရန်သည် သူတို့အား ဤကဲ့သို့ အခွင့်အရေးမျိုးကို မပေးခဲ့ပေ။

ဂိတ်တံခါးပေါက်ပျက်စီးသွားသဖြင့် နစ်ခရိုမန်ဆာမျှော်စင်မှ ကိုယ်စားလှယ်တစ်ဦးအား ဤနေရာသို့ တိုက်ရိုက်စေလွှတ်ခြင်းမှ တားဆီးနိုင်ခဲ့ခြင်းလည်း ဖြစ်၏။

ဘယ်လက်ရုံးအစောင့်အရှောက်သည် ဂိတ်တံခါးပေါက်အနီးသို့ လျှောက်သွားလိုက်သည်။

သူမသည် ဘယ်ဘက်လက်တွင် အရိပ်ဓားတစ်ချောင်း ကို ဖန်တီးလိုက်သည်။

ထိုဓားဖြင့် သူမ၏လက်ချောင်းတစ်ချောင်းကို သွေးထွက်ရုံမျှ လှီးလိုက်သည်။

ထို့နောက် သူမ၏ သွေးတစ်စက်သည် ဂိတ်တံခါးပေါက်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ပျက်စီးနေသော ဂိတ်တံခါးပေါက်အား ဖြည်းဖြည်းချင်း ပျံ့နှံ့သွားကာ ပုံစံအချို့ပြောင်းလဲသွားလေသည်။

အက်ကွဲကြောင်းများနှင့် ပျက်စီးနေသော အနားသားများပင် သူမ၏သွေးဆီမှ ဆက်သွယ်မှုတစ်ခုရရှိပြီးနောက် တဖြည်းဖြည်းချင်း အလိုအလျှောက် ပြန်လည် ပြုပြင်ခံလိုက်ရသည်။

ဤသို့ဖြင့် တအောင့်ကြာသောအခါ ဂိတ်တံခါးပေါက်တစ်ခုလုံး ပြုပြင်ပြီးစီးသွားခဲ့ပြီး နစ်ခရိုမန်ဆာမျှော်စင်နှင့် ချိတ်ဆက်ရန် သာကျန်တော့သည်။

သို့သော်လည်း ၎င်းတစ်ခုတည်းနှင့် နစ်ခရိုမန်ဆာမျှော်စင်သို့ သွားရောက်ရန် မလုံလောက်သေးပေ။

နစ်ခရိုမန်ဆာမျှော်စင်ဆီသို့ လျှို့ဝှက်ဂိတ်တံခါးပေါက်မှ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်ဂိတ်တံခါးပေါက်များကို ပြန်လည်အသက်သွင်းနိုင်ရန် နစ်ခရိုမန်ဆာမျှော်စင်ထံမှ အတည်ပြုချက်တစ်ခု လိုအပ်လေသည်။

ဘယ်လက်ရုံးအစောင့်အရှောက် ကိုယ်တိုင် အတည်ပြုချက် တောင်းခံသောကြောင့် ခွင့်ပြုချက် ရရှိရန် စက္ကန့်အနည်းငယ်ပင် မကြာခဲ့ပေ။

မျှော်စင်တွင် ဘယ်လက်ရုံးအစောင့်အရှောက်ထက် အာဏာရှိသောသူသည် အရည်အတွက်အနည်းငယ်သာ ရှိလေ၏။

အာရန်သည် ဂိတ်တံခါးပေါက်ကို မြင်သောအခါ စတင်ခေါင်းကိုက်စ ပြုလာခဲ့သည်။

အာရန်တစ်ယောက် ထိုဂိတ်တံခါးပေါက်က သူ့အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို နားလည်ရန် အချိန်အကြာကြီး မယူလိုက်ရပေ။

သူနှင့်ရူဘီသည် အရာရာကို သက်သေခံနိုင်သည့် အလောင်းကောင်များနှင့်အတူ နစ်ခရိုမန်ဆာမျှော်စင်သို့ ပို့ဆောင်ခြင်းခံရတော့မည်ဖြစ်၏။

၎င်းသည် ရန်သူနယ်မြေသို့ သွားရောက်ခြင်းမျှသာ မဟုတ်ပေ။ ၎င်းထက် များစွာပိုမို ဆိုးရွားသွားနိုင်လေသည်။

အာရန်အတွက် အကောင်းဆုံး လွတ်မြောက်နိုင်သည့် လမ်းကြောင်းမှာ ယခုပင် ဤနေရာမှ ထွက်ပြေးရန်သာဖြစ်ကြောင်း သူကိုယ်တိုင် သိထားလေသည်။

နစ်ခရိုမန်ဆာမျှော်စင်သို့ ဝင်ရောက်သွားပြီးမှ ထွက်ပြေးမည်ဆိုပါက လွယ်ကူမည်မဟုတ်တော့ပေ။

သို့သော်လည်း ငရဲတံခါးဖွင့်ရန်အချိန်သည် အလွန်နီးကပ်နေပြီဖြစ်သောကြောင့် ၎င်းသည် သူရထားသမျှထဲတွင် အကောင်းဆုံး အခွင့်အရေးတစ်ခုလည်း ဖြစ်သည်ဟု နားလည်ထားလေ၏။

ထို့ပြင် ၎င်းသည် သူ ရွေးချယ်မိခဲ့သော ရွေးချယ်မှုတစ်ခုလည်း ဖြစ်နေသည်။

ထို့ကြောင့် အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်သို့ သွားရန်မဖြစ်မနေလိုအပ်နေခဲ့သည်။

တစ်ခုတည်းသော ပြဿနာမှာ အလောင်းများကို ပြန်လည်အသက်သွင်းမည် ဆိုသည့်အရာပင်။

“ဒါက စာရေးဆရာ ပြောခဲ့တဲ့အရာများလား။ ငါ့ရဲ့ သေခြင်းဆီကို ဦးတည်မယ့် လမ်းကြောင်းများလား”

အာရန်သည် သူ၏ ခေါင်းကိုတစ်ချက်ပြန်ကုတ်ရင်း သူ၏ နောက်တစ်ဆင့် လုပ်ဆောင်ရမည့်အရာများကြောင့် အနည်းငယ် တွန့်ဆုတ်နေမိ၏။

တဆက်တည်း ယခုပင် ထွက်ပြေးရင်ကောင်းမလားဟုလည်း တွေးမိလိုက်ပြန်သည်။

ထိုသို့ ထွက်ပြေးမည်ဆိုပါက လွတ်မြောက်နိုင်ခြေများသော်လည်း စနစ်မှ ရွေးချယ်ပေးထားသည့်တာဝန်ကို ကျရှုံးသွားလိမ့်မည်ဖြစ်လေသည်။

‘ငါ ရွေးချယ်ထားခဲ့တဲ့အရာကို အရင်ဆုံး ပြီးအောင်လုပ်မှရမယ်’

အာရန်သည် အတွေ့အကြုံများအရ ဆုလာဘ်၏ အရေးပါပုံကို နားလည်ထားသဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။

နောက်ဆုံးတွင်အာရန်သည် သူဘာဆက်လုပ်ရမည်ကို ပိုမိုနားလည်သွားခဲ့ပြီးဖြစ်၏။

အချိန်အများစုတွင် သူလိုအပ်သောအရာသည် သူ့လက်လှမ်းမီရာတွင်ပင် ရှိနေသည်။ သူသည် မျှော်စင်၏ တရားဝင်အဖွဲ့ဝင်အဖြစ် နစ်ခရိုမန်ဆာမျှော်စင်သို့ ဝင်ရောက်ရမည်ဖြစ်လေသည်။

ထိုအရာကိုသာ မအောင်မြင်ခဲ့ပါက သူသည် အရာအားလုံးကို ဆုံးရှုံးရပေလိမ့်မည်။

“ချိတ်ဆက်လို့ ပြီးပြီ။ နင်တို့နှစ်ယောက် အရင်ဝင်သွားကြ” ဘယ်လက်ရုံးအစောင့်အရှောက်သည် ရူဘီနှင့် အာရန်အား အရင်ဦးဆုံး ဝင်ရောက်ရန် လက်ဟန်ပြလိုက်သည်။

ရူဘီသည် ပထမဆုံးအကြိမ်အဖြစ် နစ်ခရိုမန်ဆာမျှော်စင်သို့ ခေါ်ဆောင်ခံရခြင်းကြောင့် အလွန်ရင်ထိတ်လျက်ရှိနေခဲ့သည်။

ယခုအချိန်အထိ သူမသည် ထိုနေရာအကြောင်း ပါးစပ်ပုံပြင်များဖြင့်သာ ကြားဖူးထားခဲ့ပြီး နစ်ခရိုမန်ဆာမျှော်စင်သည် သူမအတွက်တော့ ဒဏ္ဍာရီတစ်ခုလိုပင် ဖြစ်လေ၏။

ယခုမူ ပထမဆုံးအကြိမ်အဖြစ် သူမသည် နစ်ခရိုမန်ဆာမျှော်စင်အတွင်းသို့ ခြေလှမ်း စတင်လှမ်းရတော့မည်ဖြစ်သည်။

“ကျုပ်တို့ကို အကျဉ်းသားအဖြစ် ခေါ်ဆောင်သွားမလို့လား” ဟု အာရန်သည် ရူဘီ၏လက်ကို ဆုတ်ကိုင်၍ သူမကို နှစ်သိမ့်ရင်း ဘယ်လက်ရုံးအစောင့်အရှောက်အား မေးလိုက်လေသည်။

သူမသာ အကြောက်လွန်သွားပါက သူ၏အစီအစဉ်တစ်ခုလုံး ပျက်စီးသွားနိုင်လေသည်။

ဖြစ်နိုင်ပါက သူ၏ နဂါးလျှာအစွမ်း ကို အသုံးပြု၍ သူမအား နှစ်သိမ့်လိုသော်လည်း ဘယ်လက်ရုံးအစောင့်အရှောက်ရှေ့တွင် ထိုသို့ပြုလုပ်မိခြင်းသည် ‌ေအလွန်အန္တရာယ်များ၏။

ထို့ကြောင့်အာရန်အနေဖြင့် သူမ၏လက်ကို ကိုင်ထားပေးခြင်းဖြင့်သာ သူ ဤနေရာတွင် ရှိနေသမျှ သူမ အဆင်ပြေလိမ့်မည်ဟူသော ခံစားချက်ကို ပေးစွမ်းခြင်းကဲ့သို့ အရာများကိုသာ ပြုလုပ်ပေးနိုင်တော့သည်။

ရူဘီသည် အာရန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်ရှိ ယုံကြည်မှုအား မြင်တွေ့လိုက်ရပြီးနောက် ၎င်းက သူမအားလည်း ပိုမို၍ စိတ်သက်သာရာရသွားစေခဲ့သည်။

အကယ်၍အာရန်သာ ယုံကြည်မှုရှိနေပါက သူ့တွင် အစီအစဉ်တစ်ခုရှိနေခြင်း သာဖြစ်ရပေမည်။

ရူဘီသည် ကြောက်ရွံ့နေဆဲဖြစ်သော်လည်း သူမကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

ကံမကောင်းစွာဖြင့် ထိုသို့ထိန်းချုပ်ရန်မှာ ယခုအခြေအနေအရ အလွန်ခက်ခဲနေဆဲပင်။

“မင်းတို့နှစ်ယောက် ငါတို့ရဲ့ အကျဉ်းသားတွေအဖြစ် လိုက်ရမှာမဟုတ်ပါဘူး ဒါကြောင့် စိတ်မပူပါနဲ့” ဟု ဘယ်လက်ရုံးအစောင့်အရှောက်က ပြန်ပြောလိုက်၏။

ထိုသို့ပြောလိုက်သော်လည်း သူမသည် ၎င်းအား လက်ခံလိုသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ပထမဦးဆုံး သူမသည် အာရန်တို့နှစ်ယောက်အား နစ်ခရိုမန်ဆာမျှော်စင်သို့ ပြန်လည်ခေါ်ဆောင်လာရမည်ဖြစ်ပြီး သူတို့၏ ထွက်ပြေးရန် လမ်းကြောင်းအားလုံးကို ပိတ်ပင်ပစ်ရမည်ဖြစ်လေသည်။

“ကျုပ်တို့ မမှားယွင်းဘူးဆိုရင် နစ်ခရိုမန်ဆာမျှော်စင်က လူနှစ်မျိုးကိုပဲ ခေါ်လေ့ရှိတယ်။ ပထမတစ်မျိုးက အကျဉ်းသားတွေဖြစ်ပြီး ဒုတိယတစ်မျိုးကတော့ အဖွဲ့ဝင်တွေပါ။ ကျုပ်တို့က အကျဉ်းသားတွေ မဟုတ်ဘူးဆိုရင် ခင်ဗျားတို့က ကျုပ်တို့ကို မျှော်စင်ရဲ့ တရားဝင်အဖွဲ့ဝင်တွေအဖြစ် လက်ခံတယ်လို့ဆိုလိုတာမလား” ဟု အာရန်သည် ဘယ်လက်ရုံးအစောင့်အရှောက်ဆီမှ အဖြေကို စောင့်မျှော်နေဟန်ဖြင့် မေးလိုက်၏။

မျှော်စင်၏ သာမန်အဖွဲ့ဝင်တစ်ဦးက ထိုမေးခွန်းကို သည်အတိုင်း ဖြေလိုက်ပါက ထိုအရာသည် အရေးမပါပေ။

သို့သော် ထိုအဖြေမှာ ဘယ်လက်ရုံးအစောင့်အရှောက်ကဲ့သို့ပုဂ္ဂိုလ်ထံမှ လာခြင်းဖြစ်ပါကမူ လိမ်ညာမှုဖြစ်လျှင်ပင် ထိုစကားလုံးများတွင် သက်ရောက်မှုတစ်ခု ရှိနေလိမ့်မည်ဖြစ်သည်။

#Catfoot

All Chapters