← Chapters

ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း (4)

Vol. 10 Ch. 92

ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း (4)

Vol. 10 Ch. 92

ရှောင်မာ ခါးသက်သက်ပြုံးလိုက်ရင်း စိတ်ပျက်စွာပြောလာသည်။

“ကြည့်ရတာ ကျွန်မက အရင်ဘဝတုန်းက မြွေဖြစ်ခဲ့တာများလား မသိပါဘူး”

သူမ ထိုစကားကိုပြောပြီးနောက်တွင်  ပရိုဂရမ်အဖွဲ့မှလည်း ရှောင်မာတို့အိမ်၏ လုံခြုံရေးကင်မရာမှ ရိုက်ကူးမိထားသော ဗီဒီယိုများနှင့် ဓာတ်ပုံများအား ထုတ်ပြလာခဲ့သည်။

ဓာတ်ပုံများတွင် သွေးသံတရဲရဲနှင့် တိရိစ္ဆာန်အသေကောင်များကို တွေ့မြင်တွေ့နိုင်ပြီး ဗီဒီယိုထဲတွင် တစ်မီတာကျော်ရှည်သည့် မြွေကြီးကလည်း ရှောင်မာ၏ အိပ်ရာဘေးမှ ပါးစပ်ထဲ၌ သေနေပြီးသား သတ္တဝါတစ်ကောင်အား ကိုက်ချီရင်း လှည့်ပတ်သွားနေခဲ့သည်။

တင်ဆက်သူလျို့ :

“ဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို လက်ခံရခဲ့ပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ပရိုဂရမ်ကလည်း မစ်စ်မာနဲ့ ခင်ပွန်းသည်တို့မှာ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာကို စိတ်ဝင်စားသွားခဲ့တယ်လေ၊ ဒါကြောင့် သူတို့ရဲ့ ဗီလာကို လာဖို့ ရွေးချယ်ခဲ့ကြတာပါ”

ရှင်းယိချင်း ခေါင်းငြိမ့်လိုက်သည်။

“ကြည့်ရတာ မင်းရဲ့နောက်ကို လိုက်နေတဲ့ မသေမျိုးဝိဉာဉ်က နတ်မိစ္ဆာမြွေမသေမျိုးပဲဖြစ်မယ်၊ ပြီးတော့ အဲဒါတွေကို ပေးနေတာက မင်းကို ခြောက်လှန့်ဖို့ မဟုတ်ဘဲ ‘လက်ဆောင်’ အနေနဲ့ ပေးနေခဲ့တာပဲ”

“ဒါပေမယ့် ဒီဘက်က ခင်ပွန်းသည်ဆီမှာတော့ အဲဒီနတ်မိစ္ဆာမြွေရဲ့ ဒေါသကို ခံစားနေရတယ်၊ သူ မြွေကိုက်တာကို ခံခဲ့ရသေးလား?”

ရှောင်လီက ခေါင်းငြိမ့်ကာ ပြောလာသည်။

“ကျွန်တော်  အရင်လတုန်းက အဆိပ်ရှိမြွေတစ်ကောင် ကိုက်တာကို ခံရသေးတယ်၊ တော်သေးတာက ကျွန်တော် ဆေးရုံဘေးနားမှာ ရောက်နေတာဆိုတော့ သိပ်ပြီးမထိခိုက်လိုက်ဘူး၊

အရင်တစ်ခါကလည်း ပန်းအိုးပြုတ်ကျလာခဲ့ပြီး ကျွန်တော့ကို ထိခိုက်မိလို့ အပေါ်ကို မော့ကြည့်လိုက်တော့ အညိုရောင်မြွေတစ်ကောင်ကို အဲဒီတိုက်ရဲ့ ပြတင်းပေါက်မှာ ခွေနေတာကို မြင်လိုက်ရတယ်၊

နောက်တစ်ကြိမ်ကျတော့ ကားတံခါးကို ဖွင့်လိုက်ချိန်မှာ ကားထဲမှာ တိရိစ္ဆာန်မစင်တွေ ပြည့်နေတာဖြစ်ခဲ့တယ်.. အဲလိုမျိုးတွေ မကြာခဏပါပဲ”

ရှောင်လီ ဆက်ပြောခဲ့သည်။

“ဒီ မသေမျိုးဝိဉာဉ်က ဇနီးသည်ကို ကာကွယ်ပေးနေတာဆိုတော့ ကျေးဇူးတင်မိပေမယ့် ဘာလို့ ကျွန်တော့်ကို ရန်လိုနေရတာလဲ?”

“ကောင်းပြီ၊ ငါ သူနဲ့ ဆက်သွယ်စကားပြောကြည့်လိုက်ဦးမယ်၊ အဆင်ပြေ၊မပြေကတော့ အာမ,မခံပဘူး”

ရှောင်မာ၏ နောက်သို့ လိုက်နေသော ဝိဉာဉ်များကဲ့သို့ မသေမျိုးဂိတ်ပေါက်ဝသို့ ခြေတစ်လှမ်းဝင်နေပြီးသည့် တိရိစ္ဆာန်များကို မကောင်းဆိုးဝါးဝိဥာဥ်ဟု ခေါ်၍ မရတော့ချေ။

ထို့အတူ တောက်ဓမ္မဂိုဏ်းများမှ လူများမှာ သူတို့အား ရိုသေစွာ ဆက်ဆံရပြီး အန္တရာယ်ပြု၍ မရပါချေ။

နှစ်မိနစ်ကြာပြီးနောက် ရှင်းယိချင်းက မျက်လုံးများကို ဖွင့်ကာ ခေါင်းရမ်းလိုက်သည်။

“မရဘူး၊ ဒီနတ်မိစ္ဆာရဲ့ ကျင့်ကြံမှုက မနည်းသလို သူက ငါနဲ့ စကားပြောဖို့ကိုလည်း ငြင်းဆန်နေတယ်”

[ဘုရားရေ၊ အဲဒီဗီဒီယိုကို ကြည့်ပြီး ငါတော့ ခေါင်းတောင် ပေါက်ကွဲတော့မလိုပဲ၊ ဒီလို မြွေကြီးတွေဆို ငါ သေလောက်အောင်ကြောက်တာ၊ ငါသာ အဲဒီကျဲကျဲနေရာမှာဆိုရင်တော့ နေရာမှာတင် လန့်ပြီးသေနေလောက်ပြီ!]

[မိုက်လိုက်တာ၊ ဖြစ်နိုင်တာ မာကျဲကျဲက ငယ်တုန်းက မသေမျိုးမြွေကို ကယ်တင်ခဲ့တာကြောင့် သူ့ရဲ့ ကြင်နာမှုကို ကျေးဇူးဆပ်ဖို့များ ရောက်လာတာလား?]

[Comic (ရုပ်ပြကာတွန်း) တွေ အဖတ်များနေပြီထင်တယ်၊  ရင်ထဲကို ထိသွားတာပဲ…]

[ နတ်မိစ္ဆာမသေမျိုးဆင့်ခေါ်သူ တောက်ကျန့် ပိုင်စစ်ကို သူနဲ့ စကားပြောခိုင်းလိုက်ပါလား၊ သူ့ဆီမှာလည်း မသေမျိုး ဝိဉာဉ်တွေ ရှိတယ်မဟုတ်ဘူးလား?]

[စကားမစပ်၊ ဒီအမျိုးသမီးရဲ့ ယောကျ်ား မစ်စတာလီကို မသေမျိုး ဝိဉာဉ်က သတ်ချင်နေတာများလား?]

ရှင်းယိချင်း ထွက်သွားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေကြသည့် ပရိသတ်များမှာ ဦးနှောက်များပင် ပေါက်ထွက်လုမတတ်ဖြစ်နေခဲ့ကြသည်။

သူတို့၏ အတွေးများက နယ်လွန်နေသည်မှာ မသေမျိုး မြွေက မိန်းမပျိုလေးအား နှစ်သက်မြတ်နိုးမိသွားခဲ့သူမအားပြီး ချစ်လွန်းသောကြောင့် ခင်ပွန်းသည်ဖြစ်သူကို သတ်ရန် ကြံစည်သည်ဆိုသည့် တွေးခေါ်မှုအထိ ရောက်လာခဲ့သည်။

“ဒါဆို နောက်ထပ် ပြိုင်ပွဲဝင်တစ်ယောက်ကို ဖိတ်ခေါ်ချင်ပါတယ်၊ ပြိုင်ပွဲဝင် နံပါတ် (၂) ပိုင်စစ် ၊ ကျေးဇူးပြုပြီးဝင်လာခဲ့ပေးပါ”

ပိုင်စစ် စင်ပေါ်သို့ လျှောက်လာသည်နှင့် တင်ဆက်သူလျို့က အပြုံးဖြင့် မေးလိုက်သည်။

“ပြိုင်ပွဲဝင် ပိုင်စစ်၊ ဒီပရိုဂရမ်ရဲ့ နောက်ဆုံးပွဲစဥ်တွေအထိ ရောက်လာတဲ့  ခံစားချက်ကိုပြောပြနိုင်မလား”

သို့သော် ပိုင်စစ်မှာ ရှောင်မာအား တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်နှာတစ်ခုလုံး သွေးဆုတ်ကာ ဖြူလျော်သွားခဲ့တော့သည်။ 

သူ ရပ်တန့်သွားခ့်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် ရှောင်မာဘက်သို့ အနည်းငယ် ခါးညွှတ်၍ အရိုအသေပြုလိုက်လိုက်ပြီး တင်ဆက်သူလျို့ အား ပြောလိုက်သည်။

“တောင်းပန်ပါတယ်၊ ဒီနေ့ပြိုင်ပွဲကိုတော့ ကျွန်တော် ရှောင်ပါရစေ၊ ဒီအမျိုးသမီးက အကူအညီတောင်းသူပဲ ဖြစ်ရမယ်၊ သူမဆီမှာ မသေမျိုး ဝိဉာဉ်တစ်ကောင်ရှိနေတယ်၊  ကျွန်တော်  အဲဒါကို မထိန်းချုပ်နိုင်ပါဘူး”

ပြောပြီးသည်နှင့် ပိုင်စစ်က ထပ်မံ ဦးညွှတ်လိုက်ကာ ဗီလာအတွင်းမှ လျှင်မြန်စွာ လှည့်ထွက်သွားတော့သည်။

တင်ဆက်သူ လျို့မှာ မည်သည့်စကားကိာ ပြောရမှန်းပင် မသိဖြစ်သွားခဲ့ရပြီး နားကြပ်ထဲတွင် ဒါရိုက်တာအဖွဲ့ထံမှ အသံကို ကြားလိုက်ရမှသာ သတိပြန်ဝင်လာခဲ့သည်။

“သူရှောင်သွားရင် နောက်တစ်ယောက်ကို ခေါ်လိုက်လေ”

တင်ဆက်သူလျို့  ချက်ချင်းပင် ဆက်ပြောလိုက်လေ၏။

“ဒါဆိုရင် ဒီနေ့အတွက် နောက်ဆုံးပြိုင်ပွဲဝင်ကို ဖိတ်ခေါ်ကြရအောင်၊ ပြိုင်ပွဲဝင် နံပါတ် (၇) ကုကျစ်စုန့်ကို ကျေးဇူးပြုပြီး ဝင်လာပေးပါ”

[အားလုံးအဆင်သင့်ပဲလား? အဖြေမှန်တွေ ထွက်လာတော့မယ်နော်!]

[နောက်ဆုံးတော့ စုန့်ကျဲကျဲရဲ့ အလှည့်ကို ရောက်လာပါပြီ၊ သူမရဲ့ ပုခုံးပေါ်က စက္ကူလူရုပ်လေးက ချစ်စရာကောင်းလိုက်တာ]

[ရယ်ရလို့ သေတော့မယ်၊ ရှောင်စစ်က ချက်ချင်းကို လှည့်ပြေးသွားတာပဲ!ဒါတောင် သူက မာကျဲရဲ့ဘေးက မသေမျိုးကို မြင်လိုက်သေးတယ်နော်၊ အဲဒါကလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြတာပဲလေ]

စတူဒီယိုထဲတွင် စောင့်နေသော ကုကျစ်စုန့်တစ်ယောက် သူမ၏ နာမည်ကို ခေါ်သံကြားရသည်တွင် အနည်းငယ် အံ့အားသင့်သွားရသည်။ ပိုင်စစ် ဝင်တက်သွားသည်မှာ ၃မိနစ်သာ ရှိသေးသည်လေ။

သူမ ထရပ်လိုက်ပြီးနောက် အထဲကိုဝင်သွားလိုက်ပြီး ဗီလာ၏အပေါက်နားသို့ရောက်ချိန်တွင် ဘေးမှ ဖြတ်သွားသော လူရိပ်အား မြင်လိုက်ရသည်။

သူမ၏ စူးရှသည့် မျက်လုံးများနှင့် လျှင်မြန်သည့် လက်များကြောင့် သူမက တံခါးရှေ့မှ ကင်မရာအား ချက်ချင်းပင် ဖုံးကာလိုက်ပြီး လက်များကို အိတ်ကပ်ထဲသို့ အေးဆေးတည်ငြိမ်စွာ ထည့်လိုက်သည်။

တံခါးပေါက်တွင်စောင့်နေသည့် ရိုက်ကူးရေးအဖွဲ့သားက ပြောလာသည်။

“တောင်းပန်ပါတယ်၊ ကုကျဲ၊ ပိုင်စစ်က ခဏအတွင်း ထွက်သွားလို့ ကျဲကို ချက်ချင်း ဝင်သွားရဖို့ စီစဉ်လိုက်ရတာ”

“ရပါတယ်”

သူမ ဗီလာထဲသို့ လျှောက်သွားချိန်တွင် ဝန်ထမ်းများက တစ်စုံတစ်ယောက်ကို လှည့်ပတ်ကာ ရှာဖွေနေကြသော်ငြား သူတို့ရှာနေသည့်လူကို မတွေ့ခဲ့ကြချေ။

“ပြိုင်ပွဲဝင် ပိုင်စစ် ဘယ်ကိုရောက်သွားတာလဲ? သူ ဘယ်လိုများ ပျောက်သွားတာလဲ?”



ဗီလာတွင်းသို့ ဝင်ကာ တင်ဆက်သူလျို့အား နှုတ်ဆက်ပြီးနောက် ကုကျစ်စုန့်၏ မျက်လုံးများသည်လည်း ဟဲမီတူကဲ့သို့ပင် ရှောင်မာထံသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

သို့သော် သူမ၏ အကြည့်က မစ်စ်မာဆီတွင်မရှိဘဲ အကောင်အထည်မရှိသော အရာတစ်ခုအား စိုက်ကြည့်နေသကဲ့သို့ မစ်စ်မာ၏ ခေါင်းအထက်သို့သာ ကြည့်နေသည်။

“မင်္ဂလာပါ”

“မင်္ဂလာပါ ကုတောက်ကျန့်”

ရှောင်မာကား ဤအချိန်ကို စောင်မျှော်နေခဲ့ခြင်းသာ ဖြစ်ပေသည်။

ကုကျစ်စုန့်ဟူသော အမျိုးသမီးမှာ ‘ဝိဉာဉ်ရေးရာ’တွင် အတော်ဆုံးပြိုင်ပွဲဝင်ဖြစ်ကြောင်း ရှောင်မာ တွေးထားသည်ပင်။

သူမ ယနေ့မနက်က တိုက်ရိုက်လွှင့်ခြင်းကိုပင် ကြည့်ခဲ့ကာ ကြောက်ရွံ့ခဲ့ရသလို ဝမ်းလည်း ဝမ်းနည်းခဲ့ရသည်။

“မင်းရဲ့ ဝိဉာဉ်မီးတောက်က နည်းနည်း အားနည်းနေတယ်၊ အခုတလော ကောင်းကောင်းအိပ်မပျော်ဘူးလား?”

ကုကျစ်စုန့်က ထိုသို့ ပြောလိုက်ပြီးနောက် သူမ၏လက်ကို မြှောက်ကာ ရှောင်မာ၏ ဘယ်ဘက်ပုခုံး၊ ညာဘက်ပုခုံး နှစ်ဖက်လုံး၏အထက်သို့ လက်ချောင်းများဖြင့် နှစ်ချက် တောက်လိုက်သည်။

သူမ၏ လက်ချောင်းများမှာ လေကိုသာ ထိသွားသော်လည်း ရှောင်မာ၏ ပင်ပန်းနေသော ခန္ဓာကိုယ်တွင် နွေးထွေးမှုတစ်ခု စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ ကုကျစ်စုန့်အား အံ့ဩကြီးစွာ ကြည့်လိုက်မိသည်။

ရှောင်မာ မသိလိုက်သည်မှာ ကုကျစ်စုန့် မျက်လုံးထဲတွင် သူမ ပုခုံးနှစ်ဖက်မှ ဝိဉာဉ်မီးတောက်နှစ်ခုမှာ ဂနာမငြိမ်စွာ တုန်လှုပ်နေကြပြီး မီးတောက်များမှာလည်း အရွယ်အစားသေးငယ်နေခဲ့ပြီပင်။

သူမ၏ မျက်နှာအားကြည့်လျှင် ကလေးသူငယ်မျဉ်းကြောင်းကိုလည်း မြင်နေရသည်။

သို့သော် ထိုမျဉ်းကြောင်းသည် အပြည့်အဝမဆက်သွယ်ရသေးပေ။ ထို့ကြောင့် ရှောင်မာမှာ ယခုအတိုင်း အမြဲတစေ တင်းမာနေပါမည်ဆိုပါလျှင် ဝမ်းဗိုက်ထဲရှိ ကလေးအတွက် ကောင်းကျိုးရှိနိုင်မည်မဟုတ်သကဲ့သို့ သူမကိုယ်တိုင်အတွက်လည်း မကောင်းနိုင်ပေ။

ထို့ကြောင့် သူမ ရှောင်မာအတွက် ဝိဉာဉ်မီးတောက်အား စုဆောင်းကာ ဝိဉာဉ်စွမ်းအင် အနည်းငယ် ထည့်သွင်းပေးလိုက်ခြင်းဖြစ်သည်။

ကုကျစ်စုန့်:

“မင်းက ကိုယ်ဝန်ရှိနေတာဆိုတော့ သိပ်ပြီး အတွေးမများမနေနဲ့၊ မင်းတို့တွေ ဒီပြိုင်ပွဲကိုလာတာက ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကို သိချင်လို့မဟုတ်လား?”

ရှောင်မာ ခေါင်းကို ဆက်တိုက်ငြိမ့်ပြလိုက်သည်။

သူမက ချက်ချင်းဆိုသလိုပင် ပြန်ပြောခဲ့သည်။

“ဒါဆို ငါ အခု ပြောတော့မယ်၊ မင်းရဲ့ဘေးနားမှာ မြွေဝိဉာဉ်တစ်ခုရှိနေတယ်”

သူမ၏ အရှေ့မှ တောက်ကျန့်များကလည်း တစ်ထပ်တည်း ပြောဆိုခဲ့သည်ကြောင့် လူအများက သိပ်ပြီးမအံ့ဩကြတော့ပေ။

“အရှေ့ကပြောသွားတဲ့ တောက်ကျန့်တွေကလည်း ဒီလိုပဲ ပြောခဲ့ပါတယ်၊ ဒါပေမယ့်  အဲဒါက ဘာလို့ ကျွန်မရဲ့ ဘေးမှာ ပေါ်လာတာလဲဆိုတဲ့အကြောင်းကို ကျွန်မသိချင်မိတယ်၊ ကျွန်မကို ကယ်တင်ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ပေမယ့် ကျွန်မရဲ့ခင်ပွန်းသည်ကိုတော့ ဒုက္ခမပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်”

ကုကျစ်စုန့်: “???”

“မင်းက ဒီမြွေဝိဉာဉ်ကို  မင်းကြောင့် ရောက်လာတယ်လို့ထင်နေတာလား? ပြီးတော့ မင်းအတွက်ကြောင့် မင်းရဲ့ခင်ပွန်းသည်ကို ပစ်မှတ်ထားနေတယ်ပေါ့?”

ရှောင်မာ ကြောင်အမ်းသွားသည်။

“အဲလို… မဟုတ်ဘူးလား?”

“ဘယ်ဟုတ်လိမ့်မလဲ၊ သူ ရောက်လာတာက မင်းနဲ့ ဘာမှ မဆိုင်ဘူး၊ သူ့ဆီမှ် စာချုပ်ချုပ်ဆိုထားတာရှိတယ်၊ အဲဒီ စာချုပ်ချုပ်ဆိုထားတဲ့သူ ကာကွယ်ချင်တာက ဘယ်တုန်းကမှ မင်းကို မဟုတ်ဘူး၊ မင်းဗိုက်ထဲက ကလေးကိုပဲ၊ ကလေးနဲ့ မင်းရဲ့ ကြားက မိဘဆက်သွယ်ရေးကြောင့် သူက မင်းရဲ့အနားမှာ ရှိနေရတာ”

ကုကျစ်စုန့် ပြုံးလိုက်သော်ငြား သူမ၏ မျက်လုံးများက အေးစက်နေခဲ့သည်။

“ပြီးတော့ သူက မင်းရဲ့ယာကျ်ားကို ခြောက်လှန့်နေတာက အဲဒီယောင်္ကျားက မိဘတွေအပေါ်မှာ ကျေးဇူးမသိတတ်တဲ့ လူယုတ်မာဖြစ်နေလို့ပဲ”

ရှောင်လီ၏ မျက်နှာကချက်ချင်းပင် ဖြူဖျော့သွားသည်။ အထူးသဖြင့် ကုကျစ်စုန့်မှ သူသည် မိဘအား မသိတတ်သောသားဟု ပြောလိုက်ချိန်တွင် ဆိုဖာပေါ်မှပင် ခုန်ချလုမတတ်ပင် ဖြစ်သွားခဲ့ရသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူများကလည်း ဆူညံပွတ်လောရိုက်သွားကြသည်။

အရှေ့မှ ပညာရှင်များက တစ်ယောက်ပြီးတစ်ယောက် မသေမျိုးမြွေမှာ ရှောင်မာအား ကာကွယ်နေသည်ဟု ပြောခဲ့သော်ငြား ကုကျစ်စုန့်ကတော့ အခိုင်အမာပင် ကလေးငယ်အား ကာကွယ်နေသည်ဟု တထစ်ချပြောခဲ့သည်။

[ဇာတ်လမ်းက ပြောင်းသွားပြန်ပြီလား?! အဲဒါကြောင့် စုန့်ကျဲရဲ့ အလှည့်ကို သေချာပေါက်စောင့်ရမယ်လို့ ပြောတာ!]

[ဒါပေမယ့် ဒါက အဓိပ္ပာယ်မရှိဘူးလေ၊ ဒီယောကျ်ားက ကလေးနဲ့ မိန်းမကို ကာကွယ်ပေးနေတာမလား၊ ဘာလို့ မသေမျိုးမြွေက သူ့ကို တိုက်ခိုက်ရတာလဲ?]

ရှောင်မာလည်း ထိတ်လန့်သွားပြီး ချက်ချင်း ပြန်ပြောခဲ့သည်။

“မဖြစ်နိုင်တာ ကုတောက်ကျန့်! တောက်ကျန့်တွက်ချက်တာ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်၊ ကျွန်မအမျိုးသားရဲ့ မိဘတွေက သူ ၁၄နှစ်၊၁၅နှစ်လောက်ထဲက မတော်တဆဖြစ်ပြီး ဆုံးပါးသွားခဲ့တာလေ၊ ဘယ်လိုလုပ်ပြီး မိဘကို မသိတတ်တဲ့ သားဖြစ်ရမှာလဲ?

သူငယ်ငယ်က မကောင်းတာ တစ်ခုခုလုပ်ခဲ့မိရင်တောင်မှ ဒီလောက် နှစ်တွေ အများကြီး သူ အပြင်မှာ တစ်ယောက်တည်း ကြိုးစားရုန်းကန်ခဲ့ရရှာတာ၊ အဲဒါတွေက သူ့ကို ကူညီမယ့် မိဘတွေ မရှိလို့ဘဲမလား”

ထိုစကားအား ကြားရပြီးနောက် ကုကျစ်စုန့် လီအမျိုးသားအား လှောင်ရိပ်သန်းသော အပြုံးဖြင့် ကြည့်လိုက်သည်။

“ကြည့်ရတာ မင်းရဲ့ခင်ပွန်းသည်က သူ့ရဲ့မိဘတွေ ငယ်ငယ်တည်းက ဆုံးပါးသွားတယ်လို့ ပြောထားပုံပဲ၊ ဒါပေမယ့် သူရဲ့ မိဘနန်းတော်နေရာကို ကြည့်ရင်တော့ ဖခင်ကို ကိုယ်စားပြုတဲ့ လမ်းကြောင်းအရ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ ၃နှစ်ကမှ ကွယ်လွန်သွားတာလို့ ပြနေတယ်၊ ဆိုလိုတာက သူ့ရဲ့ အဖေအရင်းက လွန်ခဲ့တဲ့ ၃နှစ်ကမှ ဆုံးပါးသွားတာပဲ”

“သူ့ရဲ့နဖူးဘယ်ဘက်မှာ ချောမွေ့နေပုံအရတ အဖေဖြစ်သူက ရိုးသားပြီးတော့ သားသမီးကိုလည်း ချစ်ခင်ဂရုစိုက်တတ်တယ်၊ သူ့မှာ ရှိတဲ့ အရာအားလုံးကို ပေးဆပ်နိုင်တဲ့ လူမျိုးပဲ၊ သူက မင်းရဲ့ အမျိုးသားကို ကြီးပြင်းတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်”

“မစ်စ်မာ၊ အခုထိ မင်းရဲ့ ခင်ပွန်းသည်က အထီးကျန်၊ ဖြုစင်ပြီး သနားစရာကောင်းတဲ့သူလို့ ထင်နေတုန်းပဲလား?”

ကုကျစ်စုန့် စကားဆုံးသည်နောက် ရှောင်မာတစ်ယောက် ပါးစပ်အဟောင်းသားဖြင့် ပြောစရာစကားများ ဆွံ့အနေခဲ့သည်။

သူမက သူမ၏ဘေးမှ ခင်ပွန်းသည်အား တွေဝေစွာ ကြည့်လိုက်ပြီးနောက် မေးလိုက်လေ၏။

“ဒါ အမှန်ပဲလား၊ ရှင် တကယ်ပဲ မိဘမဲ့မဟုတ်တာလား?”

ကုကျစ်စုန့်က သူမ၏ ဖြူဖွေးသွယ်လျသည့် လက်ချောင်းများပေါ်တွင် မေးကိုတင်လိုက်ကာ မျက်လုံးအကြည့်များကတော့ ရှောင်မာ၏ ခေါင်းပေါ်သို့ ရောက်ရှိသွားပြန်သည်။

ရှောင်မာ၏ အနောက်ဘက်တွင် သာမန်လူများ မမြင်နိုင်သည့် ဆယ်မီတာကျော်ခန့် ရှည်လျားပြီး အရောင်အဆင်း တောက်ပနေသော မြွေဖြူကြီးတစ်ကောင် ရှိနေသည်။

မြွေဖြူ၏ အကြေးခွံများပေါ်တွင် ရွှေကြိုးတန်းရှိနေပြီး ကျန်ရှိသည့်ကိုယ်လုံးက ပကတိအဖြူရောင်ဖြစ်ကာ မြွေ၏ ဝမ်းဗိုက်ဘေးတစ်ဖက်တစ်ချက်တွင်လည်း ခြေလက်များ ထွက်တော့မည်ကဲ့သို့ အဖုနှစ်ခု ထိုးထွက်နေသည်။

သူ၏ ဦးခေါင်းထိပ်တွင်လည်း လက်မခန့်အရွယ်ရှိ ဦးချိုတစ်စုံရှိနေသည်။

မြွေဖြူမှာ လက်ချောင်းများနှင့်၊ ဦးချိုပါရှိနေသည့်အတွက် ရေနှင့် ထိတွေ့လိုက်သည်နှင့် နဂါးအဖြစ်သို့ ကူးပြောင်းနိုင်တော့မည်ဖြစ်သည်။

ရှောင်မာ၏ မေးခွန်းထုတ်သံအား ကြားရပြီးနောက် ထိုမြွေကြီး၏၏ စူးရှကြည်လင်သော မျက်လုံးများ ပွင့်လာကာ မျက်နှာထား ဖြူဆုတ်နေပြီဖြစ်သည့် လီအမျိုးသားကို စိုက်ကြည့်လာခဲ့သည်။

**

All Chapters