ပြန်လည် မွေးဖွားလာခြင်း (1)
Vol. 10 Ch. 100
နေ့လည်ခင်း အဖွဲ့လိုက် ပြိုင်ပွဲစတင်သည့် ပြိုင်ပွဲ၏ဒုတိယတစ်ဝက်အချိန်တွင်တော့ တိုက်ရိုက်ထုတ်လွှင်မှုကို ကြည့်ရှုနေသူများက (၄)သိန်းကျော်သာ ရှိတော့သည်။
ကြားဖြတ်အစီအစဉ်ပြီးသည့်နောက်တွင် ကြည့်ရှုသူများက လျော့ကျသွားခဲ့သည်။
အကြောင်းရင်းကတော့ တချို့လူများက ထိပ်တန်းရှာဖွေမှုများ၏ အောက်ဆုံးအထိသို့ပင် သွားရောက်ရှာဖွေမွှေနှောက်ကာ စိတ်လှုပ်ရှားစရာကောင်းသည့် ပို့စ်များအား ရှာဖွေကြည့်နေခဲ့ကြခြင်းပင်။
နောက်ဆုံး အကူအညီတောင်းခံခြင်းကိစ္စ ပြီးသွားသည့်နောက် ငါးမိနစ်ခန့်တွင် ထိပ်တန်းရှာဖွေမှုများထဲသို့ သတင်းအသစ်အသစ်များ ဆက်တိုက်ပင် ဝင်လာခဲ့သည်။
#မသေမျိုးမြွေမှ ကျေးဇူးဆပ်ခြင်း#
#မိသားစုရဲ့ အသွေးအသားကိုတောင် စားနိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖီးနတ်လိုအမျိုးသား?#
# အရှေ့အာရှမှာ တကယ်ကို မသေမျိုးတွေ ရှိနေတာလား?#
ထိပ်တန်းရှာဖွေမှုများအောက်မှ ခေါင်းစဉ်များမှာ ဝိဉာဉ်ရေးရာ၏ ပြိုင်ပွဲဝင်များနှင့် ပတ်သတ်သော ငြင်းခုံမှုများသာလျှင် အများဆုံးဖြစ်ပေသည်။
ကြားဖြတ်ပြိုင်ပွဲတွင် အကောင်းဆုံးလုပ်ဆောင်နိုင်ကာ မျက်နှာရခဲ့သော ပြိုင်ပွဲဝင်များ၏ ကျော်ကြားမှုကတော့ တဟုန်ထိုး တိုးတက်လာခဲ့သည်။
သူတို့ထဲတွင် ကျော်ကြားမှု အမြန်ဆုံးသူကား ကုကျစ်စုန့်သာလျှင်ဖြစ်ပေသည်။
အပိုင်းလေးပိုင်း မပြီးသေးခင်တွင် သူမတွင် ဖော်လိုဝါ တစ်သန်းနီးပါး ရခဲ့ပြီဖြစ်သည်။
ထိုသို့ ကြောက်စရာကောင်းလောက်အောင် ပရိသတ်များလာခြင်းက အနုပညာနယ်ပယ်များမှ လူများအား မနာလို ဖြစ်လာနိုင်စေသည်ပင်။
သီးသန့်စကားပြောခန်းများတွင်လည်း သူမတို့၏ ကုမ္ပဏီမှ ကုကျစ်စုန့်အတွက် ‘ဇာတ်ညွှန်း’ ရေးပေးသူအား တိုးတိုးတိတ်တိတ် စုံစမ်းနေကြသည်ပြောနေခဲ့ကြသည်။
ကုကျစ်စုန့်၏ကုမ္ပဏီမှ လူများပင်လျှင် ရှောင်ကျိုးအား သူတို့၏ဘက်သို့ဘက်ပါအောင် ဆွဲဆောင်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။
ကုမ္ပဏီများမှလည်း လီချန်ဟဲအား ဆက်သွယ်ကာ သူတို့၏ အနုပညာရှင်များအား ပြိုင်ပွဲတွင် ဧည့်သည်အဖြစ်၊ သို့မဟုတ် စတုတ္ထရာသီတွင် ပြိုင်ပွဲဝင်အဖြစ် ထည့်ပေးစေချင်နေကြသည်။
တစ်လအတွင်းမှာပင် ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်မှာ အဆင့်အနိမ့်ဆုံး အနုပညာရှင်များပင် မကြိုက်သည့် အမှိုက်သရိုက် ပြိုင်ပွဲအခြေအနေမှ ကုမ္ပဏီကြီးများမှ ဆက်သွယ်ရန် ကြိုးစားနေကြသော အစီအစဉ်အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
အင်တာနက်ပေါ်မှ လေတိုက်ရာအသွားအလာကို ကြည့်ရင်း နာနီကားပေါ်မှ အေးဂျင့်တစ်ယောက် ဖုန်းကို ပြန်ဖယ်ကာ ပြောလာခဲ့သည်။
“ကုကျစ်စုန့်က ဒီတစ်ခါတော့ တကယ်ပြောင်းပြန်လှန်ချလိုက်ပြီ”
“အင်တာနက်ပေါ်က လူတွေက စဉ်းတောင် မစဉ်းစားနိုင်ကြတော့ဘူး၊ ဖုန်းရွှေပညာရှင်တစ်ယောက်က ဘယ်လိုလုပ်ပြီး အနုပညာကုမ္ပဏီကနေ ထွက်ပေါ်လာနိုင်တာ ဖြစ်နိုင်ပါ့မလဲ! ဒါတောင် လူတွေ အများကြီး ယုံနေကြတာ၊
ငါကတော့ သူမရဲ့ အရူးလိုပုံစံကြီးကို သဘောကို မကျဘူး၊ အဲလို အရူးမျိုးက ဘယ်လောက်ထိ ပြောင်းပြန်လှန်နိုင်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့!”
ကားနောက်ခန်းထဲတွင် မျက်လုံးများ မှိတ်ကာ ထိုင်နေသော ယွီဖုန်းချင်းက သူမ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
သူမ မန်နေဂျာ၏ စကားပြောသံကို ကြားလိုက်ရချိန်တွင် အလွန်အမင်းချောမောလှပသော မျက်နှာတစ်ခုက သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့လေသည်။
သူမက ကုကျစ်စုန့်နှင့် ပြိုင်ပွဲတစ်ခုတည်းတွင် ပွဲဦးထွက်ခဲ့သော်လည်း ထိုစဉ်က သူမက ဆက်တိုက်ပင် ပို,ပို၍ တိုးတက်လာခဲ့သော်လည်း တခြားတစ်ဖက်တွင်တော့ ဆဲဆိုနှိမ့်ချမှုများသာ ရရှိနေခဲ့သည်။
မမျှော်လင့်ထားစွာပင် ကုကျစ်စုန့်မှာ သဘာဝလွန်ပြိုင်ပွဲတစ်ခုတွင် ပါဝင်လာကာ သူမ၏ ဂုဏ်သတင်းအား တစ်ဖြည်းဖြည်း ပြောင်းလဲနိုင်ခဲ့သည်။ ပရိသတ်များ၏ အမြင်နှင့် ပြောစကားများသည်လည်း ပြောင်းလဲလာပြီဖြစ်ကာ ယွီဖုန်းချင်းအပေါ်တွင် သက်ရောက်မှုများ ရှိလာခဲ့သည်။
အစပိုင်းတွင် ကုကျစ်စုန့်၏ရွေးချယ်ခြင်းခံခဲ့ရပြီး တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုများဖော်ထုတ်ခံရသောကြောင့် အောက်ခြေသို့ ထိုးကျသွားသော ဘလော့ကာသည်လည်စ သူမ၏ အောင်မြင်သည့် ပရိတ်သတ်တစ်ယောက်ဖြစ်သည်။
ထိပ်တန်းရှာဖွေမှု ထွက်လာပြီးနောက် သူမ၏ အေးဂျင့်မှာ အင်မတန်ဒေါသထွက်ကာ ကုကျစ်စုန့်၏ အဖွဲ့မှ သူမ(ယွီဖုန်းချင်း)အား အနိုင်ကျင့်ရန် လူငှားထားသည်ဟုပင် ပြောခဲ့သည်။
ယွီဖုန်းချင်းမှာ ထိုစဉ်က သိပ်ပြီး အလေးအနက်မထားခဲ့ဘဲ ‘မျောလွင့်နေသော ပင်လယ်ပြင်၏ဒဏ္ဍာရီ’ ဇာတ်ညွှန်းကိုသာ အာရုံစိုက်ဖတ်နေခဲ့သည်။
သူမ ကလေးဘဝတည်းက ကံကောင်းခဲ့ခြင်းကြောင့် သူမအနေဖြင့် ဤဇာတ်ကောင်နေရာသို့ ရနိုင်ခြေ ၉၀%ပင် ရှိသည်။
သို့သော် သူမ ထိုအချိန်တွင် ကျရှုံးခဲ့ရသည်။
ဒါရိုက်တာလျို့မှ ဇာတ်ကောင်များအား ပြောင်းလဲရန် စိတ်ကူးမရှိကြောင်း၊ သတင်းမှားများသာ ဖြစ်ကြောင်းပြောဆိုကာ ကုမ္ပဏီများအား ငြင်းဆန်ခဲ့သည်။
သူမ သဘောအကျရဆုံး မင်းသမီး ယွီထုန်လျို့မှ ခက်ခဲသော အခြေအနေအား ကျော်လွှားကာ နောက်ဆက် ရိုက်ကူးရေးများ ရှိနေသေးသည်ကြောင့် သူမ ပျော်ခဲ့ရသည်။
သို့သော် တစ်ချိန်တည်းတွင် သူမ ထူးဆန်းမှုနှင့် မသက်မသာဖြစ်မှုတို့အား နှလုံးသားတွင် ခံစားလိုက်ရသည်။
သူမ တစ်စုံတစ်ခုအား အလိုချင်ဆုံးဖြစ်သော်လည်း မရခဲ့ခြင်းက ထိုအချိန်တွင် ပထမဆုံးဖြစ်ခဲ့သည်။
ခိုအီငါး၏ ကံကောင်းခြင်းများ ရုတ်တရက် ကုန်ဆုံးသွားသကဲ့သို့ပင်။
ထိုအချိန်တွင် ယွီထုန်လျို့ ကုကျစ်စုန့်အား follow လုပ်ကာ အင်တာနက်ပေါ်တွင် စတင်ဆက်သွယ်စကားပြောခဲ့ခြင်းကို သူမ မြင်လိုက်ရပြန်သည်
သူမ၏ အေးဂျင့်မှလည်း ထိုအကြောင်းကို ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
ထိုနေ့များတွင် သူမ ဝေ့ပေါ်၏ နာမည်ကြီးသော ရှာဖွေမှုအား ဖွင့်လိုက်သည်နှင့် ကုကျစ်စုန့်၏နာမည်ကိုသာ အမြဲမြင်တွေ့နေရသောကြောင့် စိတ်ရှုပ်နေခဲ့ရသည်။
အေးဂျင့်ကတော့ နားပူနားဆာဖြစ်အောင်ပြောနေဆဲပင်။
“မင်းလည်း သဘာဝလွန်ပုံစံလုပ်ချင်ရင် ရတာပဲ၊ မင်းမှာ နဂိုတည်းကိုက ပညာရှိပြီးသားပဲလေ? မင်းက ခိုအီပဲမလား၊ ငါအစတည်းက မင်းကို နယ်ပယ်အစုံမှာ ပိုပြီး မားကတ်တင်းဆင်းပေးခဲ့ရမှာ..”
ယွီဖုန်းချင်း စိတ်မရှည်စွာ ပြောလိုက်သည်။
“ကျဲ၊ ထပ်ပြီး မပြောပါနဲ့တော့၊ ကြော်ငြာတာဖြစ်ဖြစ်၊ ဇာတ်ညွှန်းဖြစ်ဖြစ် လူတိုင်း ဒီလို ဖြစ်နိုင်တာမဟုတ်ဘူး”
သူမသည်ကား ယခုအချိန်ထိတော့ ကျော်တက်မခံရသေးပေ။
လီမျိုးရိုးအတွက်ပြောရလျှင် ထိုသူမှ အင်တာနက်ပေါ်တွင် လူအများ၏ ဆဲဆိုကြိမ်းမောင်းနေမှုကို လက်ခံနေခဲ့ရသည်။
မာမိသားစုမှာ ထိုမြို့၏ မျက်နှာဖုံးများဖြစ်သည့်အလျောက် ချမ်းသာသော မိသားစုများ၏ သတင်းသည်ကား ပို၍ပင်လူစိတ်ဝင်စားခံရတတ်သည်။
ထို့အပြင် ရှောင်လီသည်လည်း ကောလိပ်တွင်လည်း လူအများကြား ကျော်ကြားနေခဲ့သူဖြစ်သောကြောင့် သတင်းများမှာ ပို၍ပင် ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေခဲ့သည်။
[ဘုရားရေ၊ သူက အဲလိုလူမျိုးကြီးလား? သူတို့ ကောလိပ်ကနေ ဘွဲ့ရပြီး မကြာဘူး၊ မင်္ဂလာဆောင်လိုက်ကြတော့ ငါတို့ အခန်းဖော်တွေ ပွဲတက်ကြသေးတယ်၊
ပွဲက တော်တော်ကို ကြီးကျယ်ခမ်းနားတာနော်၊ အဲဒီတုန်းက ရှောင်မာက ပိုက်ဆံရှိတဲ့သူဆိုတာကို ဘယ်သူမှ မသိကြတော့ အခုချိန်ထိ ဘယ်လောက်အံ့သြခဲ့ရတယ်ဆိုတာ မှတ်မိနေတုန်းပဲ…]
[ငါက ရှောင်လီနဲ့ တစ်ခန်းထဲလေ. နောက်ဆုံးတော့ သူ့ရဲ့ မျက်နှာအမှန်ပေါ်လာပြီပဲ! အဲဒီကောင်က စကားပြောကောင်းတဲ့ အမှိုက်ကောင်သာသာပဲ၊ ငါတို့တွေ သူနှင်အတူ အဖွဲ့တစ်ခုတည်းမှာ ပြည်နယ်အဆင့်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ဖူးတယ်၊
အလုပ်တွေအကုန်လုံးက ငါနဲ့ ငါ့ရှုန်းတိ နှစ်ယောက် အကုန်လုပ်ထားတာ၊ နောက်ဆုံးကျတော့ အဲဒါကို တင်တင်ပြရမယ့်အချိန်လည်း နီးရော သူက အတိုင်ပင်ခံကို သူနဲ့ သီးသန့်တွေ့ဆုံစကားပြောခဲ့ပြီး နောက်ဆုံးဆုက သူ့လက်ထဲရောက်သွားတယ်လေ!
ငါနှင့် ရှုန်းတိကတော့ အဲဒါကို လက်မခံခဲ့ကြဘူး၊ ဒါကိုသူက တခြားလူတွေဆီမှာ ငါတို့အကြောင်းကိုပြောခဲ့တယ်တဲ့၊ ငါတို့က သူ့ကို မနာလိုလို့ လိုက်ပြီးတိုက်ခိုက်နေတာဆိုပဲ၊ ရွံလို့ သေတော့မတတ်ဘဲ!]
[ရှောင်လီက ငါတို့ရွာကကောင်ပဲ၊ တစ်ရွာလုံး သူ့ကို သိကြတယ်၊ သူ့အဖေ အန်ကယ်လီက အရမ်း သဘောကောင်းတာ၊ ငါ့အဖေကဆို ရှောင်လီကို သူ့အဖေကို ငွေညှစ်လို့ဆိုပြီး အရမ်းအထင်သေးတာ၊
လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ဦးလေးလီ မြို့ပေါ်ကို ထွက်သွားပြီး ပြန်မလာတော့ဘဲ ပျောက်သွားတယ်၊ ရှောင်လီက အရိုးပြာတစ်အိုးသယ်လာပြီး အသုဘတောင်မလုပ်ပေးခဲ့ဘူး တောင်ပေါ်မှာ မြှုပ်ပစ်လိုက်တာလေ
အဲဒီနောက်ပိုင်း အဖေကတော့ သူ့ကို လုံးလုံးကို အထင်မကြီးတော့တာ၊ ကိုယ့်အဖေကိုတောင်မှ မသိတတ်ရင် ဘယ်လောက်တော်နေ၊တော်နေ လူညံ့ပဲတဲ့!]
[အထက်တန်းကျောင်းတုန်းကလည်း သူက အမြဲ သူဌေးသမီးတွေနဲ့ပဲ တွဲတာနော်၊ ကောင်မလေးတွေကိုလည်း မနက်စာတို့၊ ရေဘူးတို့၊ ဖိနပ်တို့ ဝယ်ခိုင်းတာလည်း ကြားဖူးတယ်…]
ဇာတ်ကြောင်းက ပိုပိုပြီးနက်လာလေလေ ရှောင်လီ၏ အရေခြုံ ကွာကျလာလေလေ ဖြစ်သည်။
ပထမအစတွင် ကုကျစ်စုန့်၏ black fan များနှင့် အင်တာနက်ပေါ်မှ ဝေဖန်ရေးသမားများက သူမအား ရွံ့လူးရန် ကြိုးစားကာ အနာဂတ်ဟောခြင်းနှင့် သဘာဝလွန်ပညာရပ်များဆိုသည်မှာ ကုကျစ်စုန့်က သူမ၏ ကျော်ကြားမှုကို သုံးကာ သူတစ်ပါးအား ထိခိုက်စေသည့် နည်းလမ်းများဟု ဆိုခဲ့ကြသည်။
ရှောင်လီမှာ အမှန်တကယ်ပင် အကြင်နာတရားခေါင်းပါးသူ၊ ကောက်ကျစ်သူ၊ မိဘအား မသိတတ်သော သားဖြစ်ကြောင်း ပေါ်လာပြီးနောက်တွင်တော့ သူတို့၏ မျက်နှာအား အရိုက်ခံရသကဲ့သို့ ဖြစ်သွားရကာ သေချင်ယောင်ဆောင်နေကြတော့သည်။
တစ်ချိန်တည်းမှာပင် ပရိုဂရမ်ကိုကြည့်နေသည့် မြေအောက်ကမ္ဘာမှ သရဲတစ္ဆေများသည်လည်း အကြိတ်အနယ်ဆွေးနွေးနေကြသည်။
“ဒီလူရဲ့ နှလုံးသားက သရဲထက်တောင် နက်မှောင်သေးတယ်၊ သူ့အတွက် ငရဲမှာ နေရာသီးသန့်ရှိပြီး နှစ်၂၀၀လောက် နေရမယ်ဆိုတာကို လောင်းရဲတယ်”
“ဝတ်ကြီးဝတ်ငယ်ဆိုတာက လူတစ်ယောက်အတွက် ပထမဆုံးဦးစားပေးလုပ်ရမယ့် အလုပ်ပဲ၊ ကိုယ့်အဖေကို သတ်တဲ့ လူကတော့ မြေအောက်ကမ္ဘာမှာလည်း ကောင်းကောင်းနေရမှာ မဟုတ်ဘူး”
“အဲဒီ မသေမျိုးမြွေက နဂါးတောင် ဖြစ်တော့မယ်၊ မနာလိုလိုက်တာ၊ ငါလည်း ဘယ်တော့များမှ သရဲကြီးကြီးဖြစ်အောင် ကျင့်ကြံနိုင်မလဲမသိဘူး…..”
“အဲဒီကောင့်ဆီသွားပြီး အိပ်မက်ဆိုးတွေ ပေးရအောင် လူစုပြီးပြီလား? သူ့ကို မြေအောက်ကမ္ဘာမှာဆိုရင် ဘယ်လိုနေရတယ်ဆိုတာလေးကို အစမ်းခံစားကြည့်လို့ရအောင် လုပ်ပေးလိုက်ကြမလား?”
“ဒါနဲ့ သူ့အဖေက လွန်ခဲ့တဲ့ နှစ်နည်းနည်းကမှ သေသွားတာမဟုတ်လား? သူ ပြန်ဝင်စားသွားပြီလား? မဝင်စားသေးရင်တော့ သူ့ရဲ့သား ပြိုင်ပွဲမှာ ပါလာတာကို ဒီကနေ ကြည့်နေလောက်မယ်လို့ထင်တယ်နော်?”
စန်းထူမြစ်တွင်းရှိ စကားဝိုင်းတွင်တော့ သရဲများက အကြိတ်အနယ် ငြင်းခုန်နေခဲ့ကြသည်။ သူတို့၏ကြားတွင် အသက်ကြီးကာ ဖျော့တော့နေသော သရဲအိုတစ်ကောင် ရှိနေပြီး ထိုသရဲအိုကြီးမှာ ရှုပ်ထွေးသော မျက်နှာအမူအယာဖြင့် သက်ပြင်းချလိုက်သည်။
သူ့ဘေးမှ သရဲက မေးလာခဲ့သည်။
“အစ်ကိုလီ၊ ဘာတွေ မှုန်ကုတ်နေတာတုန်း”
သရဲအိုကြီး၏ ပုခုံးများ ကျုံ့ဝင်သွားကာ တစ်ချက်ရှိုက်ငိုလိုက်ရင်း ဆိုသည်။
“အမှန်အတိုင်း ပြောပြရမယ်ဆိုရင် ဒီ မသေမျိုးမြွေနဲ့ ပြဿနာဖြစ်နေတဲ့ ပြိုင်ပွဲမှာပါတဲ့ကောင်က ငါ့ရဲ့သားလေ”
သရဲအိုကြီးသည်ကား အဘိုးလီပင်ဖြစ်ချေသည်။
သူ သေဆုံးပြီးနောက်တွင် အသုဘအခမ်းအနားလည်းမရှိ၊ စက္ကူမီးရှို့ပေးခြင်းများ၊ ဆုတောင်းဂရုစိုက်ပေးခြင်းများ လုပ်ပေးမည့် လူလည်းမရှိသေကြောင့် သူသည် မြေအောက်ကမ္ဘာတွင် အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးသရဲဖြစ်နေခဲ့ရသည်။
ကံကောင်းစွာပင် သရဲဖြစ်ပြီးသည့်နောက်ပိုင်းတွင် နာကျင်မှုနှင့် ဆာလောင်မှုအား မခံစားရတော့ပေ။
သူ အသက်ရှိစဉ်က မခံမရပ်နိုင်လောက်အောင် နာကျင်ခဲ့ရသော်လည်း အသက်ကတော့ညင်ညင်သာသာပင် ထွက်ခဲ့ရသည်။
*