← Chapters

တောင်ကောင်းကင်မှ အရူး

Vol. 125 Ch. 1624 (1)

တောင်ကောင်းကင်မှ အရူး

Vol. 125 Ch. 1624 (1)

သခင်မယွမ်မု လှုပ်ရှားလိုက်သည့် အခိုက်အတန့်မှာပင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်က ‌မဟာကောင်းကင်နတ်ဘုံအဖြစ် ပြောင်းလဲသွားပြီး အဆုံးသတ်မြို့ပျက်တာအိုကို အဆုံးအစွန်အထိ မြှင့်တင်လိုက်သည်။

သူမကို အဆုံးသတ်မြို့ပျက်နတ်ဘုရားမဟု ခေါ်သင့်သော်လည်း ယခုတွင် သခင်မယွမ်မု၏ အသိစိတ်အလျဉ်က ထိန်းချုပ်ထား၏။ သူမသည် သခင်မယွမ်မု၏ ဖျက်ဆီးခြင်းလမ်းစဉ်နှင့် ကောင်းကင်နတ်ဧကရီ၏ ဖန်ဆင်းခြင်းလမ်းစဉ်ကို ပေါင်းစည်းကာ အဆုံးသတ်မြို့ပျက်၏ ပြီးပြည့်စုံသောလမ်းစဥ်ကို တည်ဆောက်ထားလေသည်။

အဆုံးသတ်မြို့ပျက်တာအို၏ စွမ်းအားမှာ အလွန်တရာ ထူးဆန်း၏။ ၎င်းက အရာအားလုံး၊ စွမ်းအင်အားလုံးကို ဝါးမြိုနိုင်ပြီး တစ်ချိန်တည်းမှာပင် ကိုယ်ပိုင်စွမ်းအားအဖြစ် အသွင်ပြောင်းနိုင်သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုမီးတောက်မှာ မရဏလေပူနီးပါး စွမ်းအားကြီးသော်လည်း အဆုံးသတ်မြို့ပျက်ကတော့ အစစ်အမှန် မရဏလေပူဟု ဆိုရမည်။ ၎င်းက ဒြပ်ထုကို ဖျက်ဆီး၍ စွမ်းအင်အဖြစ် ပြောင်းလဲနိုင်သည်။

နှိုင်းယှဉ်မရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ အတူတကွ စုဝေးနေခြင်းအား မရဏလေပူဟု ခေါ်သည်။

သခင်မယွမ်မုနှင့် တိုက်ခိုက်ပါက တိုက်ခိုက်သူ၏ မှော်စွမ်းအင်က တဖြည်းဖြည်း လျော့ကျလာပြီး သူမ၏ ခွန်အားကတော့ တဖြည်းဖြည်း မြင့်တက်လာသည်ကို ခံစားရပေလိမ့်မည်။

ဝုန်း….

ကောင်းကင်နတ်အရှင်ဟွေ့က တိုက်ကွက်ကို ထိပ်တိုက်ရင်ဆိုင်သော်လည်း သူ၏ တာအို၊ မှော်စွမ်းအင်နှင့် ကောင်းကင်နတ်သိုင်းများအားလုံးမှာ သမုဒ္ဒရာထဲ ကျဆင်းနေကြသည့် ကျောက်တုံးများအလား ရန်သူအပေါ် မည်သည့်ထိခိုက်မှုမှ မရှိသည်အား တွေ့လိုက်ရ၏။

ထိုစဉ် သခင်မယွမ်မု၏ မှော်စွမ်းအင်ကတော့ ရုတ်တရက် ထိုးတက်လာသည်။ ကြာပန်းပွင့်က သူ၏ ခံစစ်ကို ဖောက်ထွက်၍ လှည့်ပတ်ကာ သူ့ရင်ဘတ်အား ခုတ်ပိုင်းလိုက်သည်။

ချွန်မြသော ပွင့်ချပ်တစ်ချပ်က သူ့မျက်နှာဘေးကို လျှပ်ထိသွားသဖြင့် မျက်နှာဖုံးမှာ အက်ကွဲသွားသည်။ မျက်နှာဖုံးသည် နှစ်ခြမ်းကွဲသွားပြီး ရုပ်ဆိုးအကျည်းတန်ကာ ခက်ထန်နေသည့် မျက်နှာကြီးအား ပေါ်ထွက်လာစေ၏။

‌ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာမှာ ချင်မူ့ကြောင့် ပျက်စီးသွားခဲ့ကတည်းက လူရုပ်သူရုပ် မပေါ်တော့ပေ။ သူ့မျက်နှာတွင် အရိုးဖြူများနှင့် အသွေးအသားတချို့သာ ဟိုတစ်စ သည်တစ်စ ကပ်နေသည်။

သူ့မျက်နှာမှာ အရေပြားတစ်ခုလုံး ဆွဲနှုတ်ခံထားရသကဲ့သို့ နှာခေါင်းသာ ကျန်ရစ်သည်။ နားဟူ၍ အပေါက်နှစ်ပေါက်သာ ရှိပြီး မျက်လုံးများမှာလည်း မည်သည့်မျက်ခွံမှမရှိဘဲ ဟောက်ပက်ဖြစ်နေ၏။ သူ၏နှုတ်ခမ်းများမှာလည်း ပျောက်ကွယ်နေပြီး သွားများကို အတိုင်းသားမြင်နေရသည်။

သူ့မျက်နှာမှာ အသားစ ကပ်နေသော အရိုးခေါင်းထက် မပိုပေ။

ယနေ့ခေတ်လောကတွင် တာအိုသိုင်းကွက်များအရာ၌ ချင်မူသည် နံပါတ်တစ်ဖြစ်ရန် သင့်တော်ပေသည်။ သူ ကောင်းကင်နတ်အရှင်ဟောင်၏ မျက်နှာပေါ်တွင် ထားခဲ့သည့် တာအိုဒဏ်ရာမှာ ယခုအချိန်အထိ တည်ရှိနေသေးသည်။ ဆေးဆရာပင်လျှင် သူ့မျက်နှာပေါ်ရှိ ဒဏ်ရာကို ကုသပေးနိုင်ခြင်း မရှိပေ။

သခင်ယွမ်မုမှာလည်း သူ့မျက်နှာကို မြင်လျှင် ထိတ်လန့်သွားသ်ည။

သူတို့နှစ်ယောက်က အလျင်အမြန် တိုက်ခိုက်နေကြသည်။ ‌ကောင်းကင်နတ်အရှင်ဟွေ့က ခွန်အားကို ချုပ်တည်းထား၏။ သူ တိုက်ခိုက်သမျှ ကောင်းကင်နတ်သိုင်းများမှာ စွမ်းအားများ ပျောက်ကွယ်သွားသည်ကို ခံစားနေရသည်။ သူ မည်မျှပင် တိုက်ခိုက်ပါစေ စွမ်းအားမှာ သခင်မယွမ်မု၏ ဝါးမြိုခြင်းခံနေရ၏။

သူသည် ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို ဖွဲ့တည်မထားဘဲ ၃၅ ဆောင်သာ ဖွဲ့တည်ထားသည်။ ယင်းက သူ့ကို သခင်မယွမ်မု၏ မှော်စွမ်းအင်အောက် နိမ့်ကျနေစေသဖြင့် သူ့မှာ အရေးနိမ့်နေတော့သည်။

သူ၏ အားသာချက်က အားနည်းချက် မရှိခြင်း ဖြစ်သည်။ သူ၏ သိုင်းကွက်များနှင့် ကောင်းကင်နတ်သိုင်းများကလည်း ချို့ယွင်းမှု ကင်းမဲ့သည်။ သူ၏ ကောင်းကင်နတ်သိုင်းများနှင့် သိုင်းကွက်များကို သခင်မယွမ်မုက ပြန်လည်တုံ့ပြန်တိုက်ခိုက်နေသော်လည်း သူ့ရုပ်ခန္ဓာက သန်မာသဖြင့် သခင်မယွမ်မုကို ထိပ်တိုက်ရင်ဆိုင်နိုင်၏။ သို့သော် ပို၍တိုက်ခိုက်လေလေ အရေးနိမ့်လာလေလေပင်။

ကြာပန်းပွင့်များက သူ့ပတ်ပတ်လည်တွင် အပေါ်အောက် ပျံသန်းနေကြ၏။ ပွင့်ချပ်များက အလွန်တရာ ချွန်ထက်ပြီး သူ့အသားကို ပိုင်းဖြတ်ကာ အရေပြားအား စုတ်ပြတ်နေစေသည်။

ဝှစ်…

အဆုံးသတ်မြိုပျက် အသူရာချောက်နက်က သူ့ဦးခေါင်းအနောက်တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ ပြင်းထန်လှသော မြေဆွဲအားတစ်ခုက ထွက်ပေါ်လာပြီး သူ့ရုပ်ခန္ဓာကို ချိုးလိမ်ကာ အသူရောချောက်နက်ထဲသို့ ဆွဲယူလိုက်သည်။

ကောင်းကင်နတ်အရှင်ဟွေ့က ဟိန်းဟောက်၍ အသူရာချောက်နက်ထဲမှ အားကုန်ရုန်းထွက်လိုက်သည်။ သူ တဟုန်ထိုး ပျံထွက်လာသည့်အချိန်မှာပင် သခင်မယွမ်မုက ကြာပန်းပွင့်တစ်ပွင့်ဖြင့် သူ့ခန္ဓာကိုယ်ကို ပိုင်းဖြတ်ပစ်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟွေ့မှာ သွေးအန်လိုက်ရပြီး ယိမ်းယိုင်သွား၏။

ဝှစ်… ဝှစ်… ဝှစ်

ကြာပန်းပွင့်၏ ၀တ်ဆံတိုင်များက မြွေများအလား ပြေး၀င်လာကြပြီး သူ့အား ရစ်ပတ်ကာ သခင်မယွမ်မုဆီသို့ ဆွဲယူသွားသည်။

ကောင်းကင်နတ်အရှင်ဟွေ့က ချက်ချင်း လက်မြှောက်၍ ၀တ်ဆံတိုင်များကို ခုတ်ချလိုက်သော်လည်း သခင်မယွမ်မုမှာ သူ့အရှေ့သို့ ရောက်လာလေပြီ။

ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်က အပေါ်သို့ ပျံတက်သွားပြီး အံ့အားသင့်ဖွယ်ရာ အမြန်နှုန်းဖြင့် ထွက်ပြေးသွားသော မီးတန်းတစ်တန်း ဖြစ်သွားတော့သည်။

သို့သော် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်သည် စကြဝဠာထဲရှိ ကမ္ဘာလောကများကိုပင် စားသုံးနိုင်သော ပါးစပ်ကြီးပမာ နေရာဟင်းလင်းပြင်အား ပြိုကျလာစေသည်။ သူ မည်မျှမြန်မြန်ပြေးစေကာမူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ပတ်ဝန်းကျင်တွင်သာ ချာချာလည်နေသည်။ သူ့မှာ အသူရာချောက်နက်၏ အားကောင်းလှသော ဆွဲအားထဲမှ လွတ်အောင် မရုန်းနိုင်ပေ။

‘ငါ့ဘဝ ဒီမှာတင် တစ်ခန်းရပ်တော့မှာလား’

ကောင်းကင်နတ်အရှင်ဟွေ့မှာ ပူဆွေးလာသည်။ သူ နောက်လှည့်ကြည့်လိုက်သည့်အခါ သခင်မယွမ်မုသည် သူ့အနောက်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ သူမက အမြွှာကြာပန်းပွင့်ကို လက်တွင် ကိုင်လျက် ပြုံးနေပြီး သူ့ကို သတ်ရန် အဆင်သင့်ဖြစ်နေချေပြီ။

သို့သော် ထူးဆန်းသည်က သခင်မယွမ်မုသည် လက်ထဲရှိ ကြာပွင့်ကို မြှောက်လိုက်ရုံ ရှိသေးသည် ၊ တုံ့ခနဲ ရပ်သွား၏။ သူမကား အင်အားအကြီးဆုံး တိုက်ကွက်ကို မထုတ်လိုက်ပေ။

ကောင်းကင်နတ်အရှင်ဟွေ့ အံ့အားသင့်သွားသည်။ သခင်ယွမ်မုသည် ထိပ်ပျာနေသောအမူအရာဖြင့် ထိုနေရာတွင် ရပ်နေ၏။ သူမမျက်နှာထက်ရှိ ပျာယာခတ်နေသော အမူအရာက ထင်ရှားသထက် ထင်ရှားလာသည်။

သူမ၏ အမူအအရာကား ဟန်ဆောင်နေခြင်း မဟုတ်နိုင်ပေ။ အသာစီး ရနေသည့်အချိန်တွင် မည်သူက ဟန်ဆောင်နေမည်နည်း။

သို့သ်ော သခင်မယွမ်မုသည် ပျာယာခတ်နေရုံသာမက ခန္ဓာကိုယ်ပင် တုန်ရီလာ၏။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်ခုံးနှစ်ဖက်ကြားရှိ မှဲ့အနက်က အနီရောင်သို့ တစတစ ပြောင်းနေသည်။

“ခွေးမ...”

သခင်မယွမ်မုက အံကြိတ်ကာ ဆဲဆိုလိုက်သည်။ “ဒီလို အချိန်မှ ပေါ်လာရအောင် နင်‌ သေချင်နေတာလား” ၏

ကောင်းကင်နတ်အရှင်ဟွေ့မှာ နားမလည်သော်လည်း အခြေအနေကို အခွင့်အကောင်းယူကာ သခင်မယွမ်မုအား ရက်ရက်စက်စက် တိုက်ခိုက်တော့သည်။ ရုတ်တရက် သခင်ယွမ်မု၏ လက်ထဲရှိ အမြွှာကြာပန်းပွင့်က အရွယ်အစား ကြီးလာပြီး သခင်မယွမ်မုကို ငုံ့ကာ ဝှစ်ခနဲ ပိတ်သွား၏။

ကောင်းကင်တန်အရှင်ဟွေ့၏ တိုက်ကွက်များက ပန်းပွင့်ချပ်များအပေါ် ကျရောက်သွားသဖြင့် ပွင့်ချပ်များ ညှိုးကျသွားသည်။ သို့သော် ပြင်းထန်လှသော စွမ်းအားသည် ကြာပန်းပွင့်၏ အတွင်းပိုင်းထဲအထိ ပျံ့နှံ့သွားသေးချေသည်။

ကြာပန်းပွင့်အတွင်းမှ ခပ်အုပ်အုပ် ညည်းညူလိုက်သံ ပျံ့လွင့်လာပြီး အသံနောက်တစ်သံလည်း ထွက်လာသည်။ “အပျက်မ... ငါက ဒီတိုင်း အရှုံးပေးလိုက်စရာလား... ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်က ငါပဲဟာ... နင် အခု ပြန်သက်သာသွားပြီဆိုတော့ ငါ့ခန္ဓာကိုယ်ကို ငါ ပြန်ယူဖို့ အချိန်ကောင်းပဲလေ...”

“အစ်မတော်၊ နင် ငါနဲ့ လာလုနေရင် ကောင်းကင်နတ်အရှင်ဟွေ့က ငါတို့နှစ်ယောက်စလုံးကို အခွင့်အရေး ယူသွားလိမ့်မယ်”

“နင် နောက်မဆုတ်ရင် ကောင်းကင်နတ်အရှင်ဟွေ့ သတ်တာပဲ ခံလိုက်တယ်”

ကောင်းကင်နတ်အရှင်ဟွေ့သည် ကြာပန်းပွင့်ကို အကြိမ်ပေါင်းများစွာ ဆက်တိုက် တိုက်ခိုက်ပြီးနောက် ပွင့်ချပ်တို့အား ခွဲကာ အထဲသို့ တိုးဝင််နိုင်သွား၏။ သခင်မယွမ်မုမှာ မလှုပ်နိုင်ပေ။

တခဏအတွင်း မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းများက ဤအမျိုးသမီးအပေါ် ကျရောက်သွားသည်။ သခင်မယွမ်မုမှာ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွား၏။

ဘုန်း

ကောင်းကင်နတ်အရှင်ဟွေ့က ဆင်းသက်လာကာ သခင်မယွမ်မု၏ ရင်ဘတ်အပေါ် နင်းလိုက်သည်။ သူ့မျက်လုံးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် တဖျတ်ဖျတ် လင်းလက်နေလေသည်။ “ကံတရားက ငါ့ဘက် ပါနေတာပဲ... ငါက သေရမယ့်သူ မဟုတ်ဘူး... ယွမ်မု၊ နင့်လမ်းနင် ကောင်းကောင်းသွားလိုက်တော့”

ဤအခိုက်အတန့်တွင် သခင်မယွမ်မု၏ နဖူးပေါ်ရှိ မှဲ့သည် အနီရောင်ဖြစ်သွား၏။ သူမက သူ့အား အေးစက်စွာ ကြည့်ကာ ဧကရီတစ်ပါး၏ အသံနေအသံထားဖြင့် မေးခွန်းထုတ်လိုက်သည်။ “ဝန်မင်းဟွေ့၊ နင်လိုကောင်က ငါ့ခန္ဓာကိုယ်ကို ရာရာစစ တက်နင်းရဲတယ်လား”

ဖြောင်း

ကောင်းကင်နတ်အရှင်ဟွေ့၏ ခြေထောက်တစ်ဖက်မှာ ကောင်းကင်နတ်ဧကရီ၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရပြီး မြေကြီးပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။ ကောင်းကင်နတ်အရှင်ဟွေ့မှာ အရှိန်ကြောင့် မူးဝေသွားသည်။ ကံကောင်းထောက်မစွာဖြင့် ကောင်းကင်နတ်ဧကရီသည်လည်း ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် သူ့ကို တစ်ချက်တည်း မသတ်နိုင်ခဲ့ပေ။

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးများက အရိုင်းစိတ်ဝင်နေသော တိရိစ္ဆာန်တစ်ကောင်ပမာ နီရဲနေသည်။ ‘စောစောက ငါ့ကြောင့် သူ ဒဏ်ရာအပြင်းအထန် ရထားတယ်... ဒီတိုက်ပွဲကို ငါ မရှုံးဘူး’

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့ ရောက်လာကြသည့်အခါ စေ့နေအောင် ပိတ်ထားသော အမြွှာကြာပန်းပွင့်ကို တွေ့လိုက်ကြရသည်။ ပန်းပွင့်၏ အတွင်းအိမ်သည် တစ်ချက်တစ်ချက် ဖောင်းလာတတ်၏၊ တစ်ချက်တစ်ချက် ကျုံ့သွားတတ်သည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားအခိုးအငွေ့များက အတွင်းထဲမှ တထောင်းထောင်း ထနေရာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာ ဒဏ်ရာပြင်းထန်နေကြသောကြောင့် တစ်ယောက်ကိုတစ်ယောက်သာ တအံ့တဩ ကြည့်နေမိကြသည်။

All Chapters