အမတခုံရုံးနယ်မြေပေါင်းသုံးထောင်
Vol. 99 Ch. 1379
အခန်း (၁၃၇၉) အမတခုံရုံးနယ်မြေပေါင်းသုံးထောင်
ကောင်းဟန်က ပြုံးရင်း...
“ဒါက သူတို့ဘက်ကတော့ ထိခိုက်မှာပဲလေ”
သူက ဆက်ပြောသည်။
“သေချာတဲ့အဆင့်တစ်ခုကိုရောက်ပြီဆိုရင် ပြင်ပတာအိုကျင့်ကြံသူတွေက ယုံကြည်ခြင်းစွမ်းအားကို စပြီးခံစားနိုင်တယ် ၊ တကယ်လို့ ယုံကြည်ခြင်းစွမ်းအား ဖြတ်တောက်ခံလိုက်ရရင် သူတို့ကျင့်ကြံခြင်းအဆင့် ချက်ချင်းထိုးကျသွားတာမျိုး မဖြစ်ပေမယ့် တဖြည်းဖြည်းဆုတ်ယုတ်သွားမှာပဲ”
“ဆုတ်ယုတ်မှုအတိုင်းအတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူး ၊ ဒါပေမဲ့ ယုံကြည်ခြင်းစွမ်းအားဖြတ်တောက်ခံရင် ထိခိုက်မှုမရှိတဲ့ ပြင်ပတာအိုကျင့်ကြံသူဆိုတာ ခပ်ရှားရှားပဲ ၊ ဒါပေမဲ့ ထိခိုက်မှုမရှိတဲ့ ပြင်ပတာအိုကျင့်ကြံသူဆိရင်တော့...”
ကောင်းဟန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။
“အဲဒီလိုလူမျိုးဆိုရင်တော့ ပြင်ပတာအိုလမ်းစဉ်နောက်ကိုမလိုက်တဲ့ ပါရမီရှင်တွေပဲဖြစ်ရမယ် ၊ သူတို့အရည်အချင်းနဲ့ အလားအလာတွေကိုသုံးပြီး သူများတွေနဲ့တန်းတူ တူညီတဲ့ကျင့်ကြံခြင်းအဆင့်ကိုတက်လှမ်းဖို့ ကြိုးစားနေကြတဲ့သူတွေပဲ ဖြစ်လိမ့်မယ်”
ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း သဘောပေါက်သွားသည်။
“ဓားနတ်ဆိုး ‘ယင်းရှီယန်’ လို လူမျိုးတွေပေါ့”
ကောင်းဟန်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ရန်ကျောက်ကဲက...
“ပြောရရင်... ကျွန်တော် အမတခုံရုံးက ပြင်တာအိုကျင့်ကြံသူ ဧကရီတစ်ပါးနဲ့ တွေ့ဆုံခဲ့ဖူးတယ် ၊ သူ့အရည်အချင်းက ဓားနတ်ဆိုး’ယင်းရှီယန်’ ကို မမီပေမယ့် အတော်ထူးချွန်တယ်လို့ ပြောရမယ်”
“သူက နယ်မြေ(၅)ခုစာ ယုံကြည်ခြင်းစွမ်းအားကို ခံစားရတယ်လို့ ဆိုတယ်”
ကောင်းဟန်က...
“ဒါဆိုရင်တော့ သူက ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရားများထဲမှာ ထူးချွန်တဲ့သူတစ်ယောက်ပါပဲ”
သူက ဆက်ပြောသည်။
“ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ နယ်မြေ(၃၀၀၀)မှာ ပုံမှန်ဆိုရင် အစစ်အမှန်နတ်ဘုရားတွေက နယ်မြေ (၄)ခုကနေ (၅)ခုအထိ ယုံကြည်ခြင်းစွမ်းအားကို ခံစားလို့ရတယ်”
ထို့နောက် သူ့မျက်နှာထက် မထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာသည်။
“ပြင်ပတာအိုကျင့်ကြံသူတွေ ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အမှန်တရားနဲ့ထိတွေ့ဖို့ ဖြစ်နိုင်ခြေ ပိုများလာလေပဲ ၊ သူတို့သွားနေတဲ့လမ်းကြောင်းက သူများတွေပြောသလို ဖြောင့်မတ်ပြီး သာတူညီမျှရှိတဲ့ လမ်းကြောင်းမဟုတ်ဘူးဆိုတာ တဖြည်းဖြည်း နားလည်လာကြတယ် ၊ တကယ်လို့ သူတို့သာ စိတ်ရင်းမှန်နဲ့လုပ်ဆောင်မယ်ဆိုရင် လူတိုင်းမှာ အခွင့်အရေးရှိပါတယ် ၊ ဒါပေမဲ့ ဒီအခွင့်အရေးက တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့”
ထူးချွန်သော အစစ်အမှန်နတ်ဘုရားများသည် နယ်မြေ (၅)ခုမှ ယုံကြည်ခြင်းစွမ်းအားကို ခံစားနိုင်ပြီး သာမန် အစစ်အမှန်နတ်ဘုရားများသည် နယ်မြေ(၄) ခုမှ ယုံကြည်ခြင်းစွမ်းအားကိုသာ ခံစားနိုင်သည်။
ရန်ကျောက်ကဲ မေးစေ့ကိုပွတ်လိုက်ရင်း...
“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူနယ်မြေတွေထဲ ခရီးထွက်ဖူးတယ် ၊ ဒါပေမဲ့ နတ်ဘုရားအဆင့် ပြင်ပတာအိုကျင့်ကြံသူတွေကို နည်းနည်းပဲတွေ့ခဲ့ဖူးတယ် ၊ ပြီးတော့ သူတို့ရဲ့နားလည်နိုင်စွမ်းကလည်း အကန့်အသတ်ရှိတယ်”
ထို့နောက် သူက ကောင်းဟန်ကိုကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
“ဟန်ဧကရာဇ်လို့ခေါ်တဲ့တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ် ၊ သူ့ကို မီးလျှံထက်ယံအရှင်သခင်က သတ်ဖြတ်ပစ်လိုက်တယ် ၊ တချို့ကပြောတာတော့ သူက နယ်မြေ(၁၂)ခုစာ ယုံကြည်ခြင်းစွမ်းအားကို ခံစားခဲ့ရတယ်လို့ ပြောကြတယ် ၊ သူဆိုရင် ဘယ်လိုအဆင့်မျိုးမှာ ရှိမှာလဲ”
ဟန်ဧကရာဇ်ဆိုသည်က ရန်ကျောက်ကဲ ၊ ပိုးသားဧကရာဇ်နှင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်တို့ ပထမဆုံးအကြိမ် ငရဲကိုးထပ်သို့ဝင်ရောက်ပြီး ဖန်းယွင်ရှန်းကိုရှာဖွေစဉ်က တွေ့ဆုံခဲ့သော နက်ရှိုင်းနတ်ဘုရား(၂)ပါးအနက်မှ တစ်ပါးဖြစ်သည်။
ထို့နောက် သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဒဏ်ရာရစေခဲ့ပြီး စောမင်ကျန့်အား အမတခုံရုံးတွင် ရုန်းရင်းဆန်ခတ် ပြဿနာရှာစေရန် တွန်းအားပေးခဲ့သူ ဖြစ်သည်။
ထိုအချိန်မှာပင် စောမင်ကျန့်က မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ဖူးသော အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်တစ်ယောက်ကို မတော်တဆ ဖမ်းဆီးခဲ့မိသည်။
ထိုသို့ဖြင် ရှောက်ကျွင်းဟွမ် ပျောက်ဆုံးသွားခဲ့သောနေရာမှာ ယွမ်စီအခိုးအငွေ့ဟင်းလင်းပြင်ဖြစ်ကြောင်း သိရှိခဲ့ရသည်။
ကောင်းဟန်က...
“နယ်မြေ (၁၂)ခုဆိုတာက နည်းနည်းလေးပါပဲ ၊ သူက ချီစွမ်းအားနှစ်မျိုး ပေါင်းစပ်ကျင့်ကြံထားတဲ့ နက်ရှိုင်းနတ်ဘုရား ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ပုံမှန်ဆိုရင်တော့ ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားတစ်ပါးက နယ်မြေ(၁၂)ခုကနေ (၁၅)ခုအထိ ယုံကြည်ခြင်းစွမ်းအားကို ခံစားနိုင်တယ်”
သို့ဆိုလျှင် လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်ဆိုလျှင်တော့ ကမ္ဘာအနည်းငယ်မှ ယုံကြည်ခြင်းစွမ်းအားကိုသာ ခံစားနိုင်ပေသည်။
ဥပမာ - ဟောက်ယန်အရှင်သခင် ‘ဖေးဟွာ’ ဆိုလျှင် ယန့်ဖန်းနတ်ဘုံမှ ယုံကြည်ခြင်းစွမ်းအားကိုသာ ခံစားနိုင်သည်။
အကယ်၍ ထိုယုံကြည်ခြင်းစွမ်းအားကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ကိုးကွယ်ရန် အသုံးပြုမည်ဆိုပါက ဖေးဟွာအပါအဝင် ယန့်ဖန်းနတ်ဘုံမှ သက်ရှိများမှထုတ်လွှတ်သော ယုံကြည်ခြင်းစွမ်းအားမှန်သမျှကို အမတခုံရုံးမှ အခြားသော ပြင်ပတာအိုကျ့င်ကြံသူများပါ အသုံးပြုနိုင်ပေမည်။
အမတခုံရုံးမှ ဤဧကရီသည် ယန့်ဖန်းနတ်ဘုံအပါအဝင် နယ်မြေ (၄)ခုမှ (၅)အခု ယုံကြည်ခြင်းစွမ်းအားကို ခံစားနိုင်သည်။ ထိုနယ်မြေများမှအုပ်ချုပ်သည့်ကမ္ဘာများမှာ အချို့က ဒါဇင်ခန့်ရှိပြီး အချို့ဆိုလျှင် တစ်ရာနီးပါးရှိသည်။
ပြင်ပတာအိုကျင့်ကြံသူ အစစ်အမှန်နတ်ဘုရား ခံစားခွင့်ရသည့် အမတခုံရုံးနယ်မြေများမှ ယုံကြည်ခြင်းစွမ်းအားကို ပြင်ပတာအိုကျင့်ကြံသူ နက်ရှိုင်းနတ်ဘုရားများသည်လည်း ခံစားခွင့်ရကြသည်။
သို့သော် ယုံကြည်ခြင်းစွမ်းအားကို မျှဝေသည်ဟု မခေါ်ဘဲ ခံစားသည်ဟု ခေါ်ဆိုရသည့်အကြောင်းရင်းမှာ ဤကမ္ဘာများ၏ ယုံကြည်ခြင်းစွမ်းအားမှန်သမျှကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ပိုင်ဆိုင်သောကြောင့် ဖြစ်၏။
ကောင်းဟန်က ဆက်ပြောသည်။
"ယေဘုယျအားဖြင့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်က နယ်မြေ(၃၆)ခုကနေ (၄၅)ခုအထိ ယုံကြည်ခြင်းစွမ်းအားကို ခံစားနိုင်တယ်”
“အဲဒီလိုပဲ ကောင်းကင်နတ်ဘုရားအဆင့်ရှိတဲ့ ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်က နယ်မြေ (၂၁၆)ခုကနေ နယ်မြေ(၂၇၀) အထိ ခံစားနိုင်တယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်တော့ ကွာခြားနိုင်တာပေါ့”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...
“အရင်တုန်းက အမတခုံရုံးမှာ ကောင်းကင်ဘုံအရှင်(၁၂)ပါးရှိတယ် , ထျန်းကျွင်းနယ်ပယ်က (၇၂)ယောက်လောက် ရှိမယ်ထင်တယ်”
ကောင်းဟန်က...
“အမှန်ပဲ... အမတခုံရုံးမှာ ကောင်းကင်နတ်ဘုရား(၁၂)ပါး ရှိတယ် ၊ ကောင်းကင်နတ်ဘုရားအဆင့်ရောက်ဖို့ဆိုတာ အရမ်းခက်ခဲတယ် ၊ ဒါပေမဲ့ ကောင်းကင်နတ်ဘုရားဖြစ်သွားရင် အသက်ဆုံးရှုံးနိုင်ခြေလည်းနည်းသွားတဲ့အတွက် အရေအတွက်လည်း အတော်လေး တည်ငြိမ်သွားတယ် ၊ ဒီတော့ သူတို့ထဲမှာ အစားထိုးခံရတာ ဒါမှမဟုတ် အသစ်ထပ်တိုးတာက အရမ်းရှားတယ် ၊ ဒါပေမဲ့... အဖြူရောင်ကြာပန်းသုခဘုံနဲ့ စစ်ဖြစ်နေတော့ ထျန်းကျွင်းနယ်ပယ်ကစပြီး သူတို့တွေရဲ့အရေအတွက်က တဖြည်းဖြည်း မတည်ငြိမ်တော့ဘူး ၊ သေဆုံးသွားတဲ့သူတွေရဲ့နေရာမှာ အစားထိုးဖို့ဆိုတာက အတော်လေး အချိန်ယူရလိမ့်မယ်”
“နက်ရှိုင်းနတ်ဘုရားနဲ့ အစစ်အမှန်နတ်ဘုရား အဆင့်ရှိတဲ့သူတွေကတော့ အရေအတွက်များသလို မကြာခဏ အစားထိုးခံရတယ် ၊ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေနဲ့ စစ်ဖြစ်နေတဲ့အချိန်မှာ ကျဆုံးမှုအများဆုံးက သူတို့အဆင့်တွေပဲလေ ၊ ဒါပေမဲ့ အဲဒီအဆင့်တွေက အစားထိုးဖို့ ပိုပြီးလွယ်ကူတယ်”
ကောင်းဟန်က စကားပြောနေရင်း ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဒီတစ်ခေါက် တာအိုရောင်းရင်း 'စော'ရဲ့ တိုက်ခိုက်မှုကြောင့် အမတခုံရုံးအနေနဲ့ ဆုံးရှုံးမှုတွေ အတော်လေးများခဲ့တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကောင်းကင်နတ်ဘုရား(၄)ပါး ကျဆုံးသွားတာနဲ့တင် သူတို့ရဲ့အခြေခံအုတ်မြစ်ကိုထိခိုက်ဖို့ လုံလောက်သွားပါပြီ ၊ ပြီးတော့ ထျန်းကျွင်းနယ်ပယ်က အယောက်(၂၀)ကျော်လောက်လည်း ဆုံးရှုံးသွားသေးတယ် ၊ ဒီဆုံးရှုံးမှုတွေက အချိန်တိုအတွင်း အစားထိုးနိုင်မှာမဟုတ်ဘူး”
အဖြူရောင်ကြာပန်းသုခဘုံက ဤသည်ကို အခွင့်ကောင်းယူကာ ချက်ချင်းပင် အမတခုံရုံးကို ထိုးစစ်ဆင်ခဲ့သည်။ ဖိအားပြင်းထန်စွာဖြင့် အမတခုံးရုံးကို ပြင်းထန်ဆိုးရွားသည့် သံသရာထဲသို့ ကျရောက်စေခဲ့သည်။
အမတခုံရုံးဘက်မှ စစ်အင်အားနည်းလာသည်နှင့်အမျှ နယ်မြေများလည်း ဆုံးရှုံးလာခဲ့သည်ဖြစ်ရာ စစ်ပွဲအနိုင်ရရန်အတွက် အင်အားဖြည့်တင်းရန် အလွန်လိုအပ်လာသည်။
သို့သော် နယ်မြေဆုံးရှုံးမှုများကြောင့် အင်အားဖြည့်ရန် အလွန်ခက်ခဲလာသည်။ အင်အားမဖြည့်နိုင်သည့်အတွက် သူတို့အနေဖြင့် ရန်သူ၏ဖိအားကို ဆက်လက်ခံစားနေကြရသည်။
ကံကောင်းသည်မှာ အမတခုံရုံးတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဦးဆောင်နေသဖြင့် သူတို့၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာနေသေးသည်ဟု ဆိုနိုင်သည်။
အမတခုံရုံးဘက်မှ နယ်မြေ(၈၀၀)ခန့် လက်လွှတ်ဆုံးရှုံးခဲ့ပြီးမှ နောက်ဆုံး အနည်းငယ် အခြေတည်ငြိမ်လာကာ အဖြူရောင်ကြာပန်းသုခဘုံ၏ ထိုးစစ်ဆင်မှုကို တားဆီးနိုင်ခဲ့သည်။
သို့ပေသိ တန်ပြန်ထိုးစစ်ဆင်ရန်ကအတော့ အလွန်ခက်ခဲနေဆဲပင်။
အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးနယ်မြေများကို သိမ်းပိုက်ပြီးနောက် ထိုနယ်မြေများမှကမ္ဘာများကို ဤအတိုင်းမထားခဲ့ပေ။
ထိုကမ္ဘာများမှ ဒေသခံများအားလုံးကို အမတခုံရုံးက ခေါ်ယူရွှေ့ပြောင်းသွားခဲ့သဖြင့် အဖြူရောင်ကြာပန်းသုခဘုံအတွက် လူဦးရေ ကျန်ရစ်ခဲ့ခြင်း မရှိပေ။
သို့သော် အဖြူရောင်ကြာပန်းသုဘုံက ထိုကမ္ဘာများတွင် သူတို့ဘက်မှလူများကို ပြောင်းရွှေ့နေထိုင်စေပြီး ပြောင်းရွှေ့လာသူများက မျိုးဆက်များ ဆက်လက်မွေးဖွားကာ အမတခုံရုံးနယ်မြေတများတွင် အမြစ်တွယ်ခိုင်မာလာကြသည်။
ယခုဆိုလျှင် နှစ်နှစ်ဆယ်ကျော်လွန်သွားပြီဖြစ်ရာ ကလေးမျိုးဆက်တစ်ခုက လူကြီးများအဖြစ် ကြီးပြင်းလာရန် လုံလောက်သောအချိန် ဖြစ်၏။
ထိုသူများ ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးအကြား အင်အားမျှခြေသည်လည်း ပြိုလဲသွားပေမည်။
ရန်ကျောက်ကဲ ရုတ်တရက်မေးလိုက်သည်။
“တကယ်လို့ ခင်ဗျားသာ ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဆိုရင်... ဗုဒ္ဓဘာသာကျင့်ကြံသူတွေရဲ့ ဖိနှိပ်မှုခံရပြီး အသာစီမးရတဲ့အခြေအနေမျိုးမှာ... ဒီအခြေအနေကိုပြောင်းလဲဖို့ ခင်ဗျား ဘာလုပ်မလဲ”
ရန်ကျောက်ကဲ၏မေးခွန်းကိုကြားတော့ ကောင်းဟန်က ပြုံးလိုက်ပြီး တစ်ချက်မတုံ့ဆိုင်းဘဲ ပြန်ဖြေလိုက်သည်။
“ကျုပ်ဆိုရင်တော့ အခွင့်အရေးတစ်ခုရှာပြီး ‘စန်းချင်း(၃)ပါးလမ်းမှန်တာအိုဝါဒက ထိုက်ရွှီးမူလနတ်ဘုရားတွေ ၊ နက်ရှိုင်းနတ်ဘုရားတွေ ၊ ဒါမှမဟုတ် နတ်မိစ္ဆာမျိုးနွယ်က သူတော်စင်ငယ်တွေကို အတင်းအကျပ် ယုံကြည်ခြင်းအလင်းကို ခံယူအောင် ဖိအားပေးထိန်းသိမ်းဖို့ ကြိုးစားမှာပဲ”
ကောင်းဟန်က တစ်ချက်စဉ်းစားရင်း ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလိုလုပ်ဖို့က အရမ်းခက်လိမ့်မယ် ၊ အချိန်တိုအတွင်း လုပ်ဆောင်ချင်တယ်ဆိုရင် အင်အားအများကြီး သုံးရမယ် ၊ ပြီးတော့ အဖြူရောင်ကြာပန်းသုခဘုံက ဖိနှိပ်ထားတော့ အဲဒီလိုလုပ်ဖို့ သိပ်ပြီး လွတ်လွတ်လပ်လပ်ရှိမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ အားနည်းချက်ကိုဖြည့်ဆည်းဖို့ ၊ လူအင်အားမလုံလောက်တဲ့အခြေအနေက လွတ်မြောက်ဖို့ ဒီနည်းက အမြန်ဆုံးဖြစ်မှာပဲ”
အမှန်တော့ ဤနည်းလမ်းသာလျှင် အမတခုံရုံးကို ပြန်လည်အားကောင်းလာစေနိုင်ပြီး ၊ သူတို့၏ရန်သူများနှင့် ရန်သူဖြစ်လာနိုင်ခြေရှိသူများကို ထိခိုက်နိုင်စေမည် ဖြစ်၏။
အတင်းအကျပ် ယုံကြည်ခြင်းအလင်းပေးမည်ဆိုပါက လွှမ်းမိုးခံရသူနှင့် မတရားခံရသူကြား ကြီးမားသော ကျင့်ကြံခြင်းအဆင့်ကွာဟမှု လိုအပ်သည်။
ထို့ကြောင့် ထိုက်ရွှီးမူလနတ်ဘုရားများ၏ရင်ထဲမှ ဖြစ်ချင်သည့်စိတ်ဆန္ဒများကို ဆွဲဆောင်ပြီး စည်းရုံးသိမ်းသွင်းရန်က ပိုမိုလွယ်ကူသည်။
အခြားတစ်ဖက်တွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်သည်လည်း နက်ရှိုင်းနတ်ဘုရားများကို အတင်းအကျပ် ယုံကြည်ခြင်းအလင်း ခံယူခိုင်းမည်ဆိုပါက ဖြစ်နိုင်ဖွယ်ရှိသည်။
သို့သော် ကျင့်ကြံသူများ၏သေဘာဆန္ဒမပါဘဲ အတင်းအကျပ် ယုံကြည်ခြင်းအလင်း ခံယူစေပါက ထိုသူများအား ရေရှည်ထိန်းထားနိုင်မည်လားဆိုသည်က ပြဿနာဖြစ်သည်။
ရန်ကျောက်ကဲက တကယ်ပဲ လောင်ကျွင်းနှင့် ဆက်စပ်သူတစ်ယောက်ဖြစ်နေပါက ကောင်းဟန်အနေဖြင့် သူ့အား ပရိယာယ်တစ်ခုဖြင့် ကြံစည်နိုင်သော်လည်း အမတခုံရုံးသို့ ရောင်းစားမည်မဟုတ်ဟု ယုံကြည်ထားသည်။
သို့သော် အမတခုံရုံးမှတန်ခိုးစွမ်းအားရှင်တစ်ယောက်၏ ရှုထောင့်မှကြည့်မည်ဆိုလျှင် သူတို့အနေဖြင့် ဤသို့သောအစီအစဉ်တစ်ခုကို စဉ်းစားနိုင်ဖွယ်ရှိသည်။ သူတို့က ဤသို့သောအခွင့်အရေးကို တက်ကြွစွာ ရှာဖွေကောင်း ရှာဖွေနိုင်ပေသည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ကောင်းဟန် သို့မဟုတ် အခြားသူများအနေဖြင့် အနာဂတ်တွင် အမတခုံရုံး၏ အစီအစဉ်များကို သတိထားရန် လိုအပ်ပေမည်။
“ကျုပ်တို့ အဲဒီစကြာဝဠာနဲ့ နီးလာပြီ”
ကောင်းဟန်က ရုတ်တရက် ပြုံးရင်းဆိုလိုက်သည်။
“မင်းတို့ဇနီးမောင်နှံကို တာအိုရောင်းရင်းတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်”