← Chapters

ခင်ဗျားကို ဘယ်သူမှ အပြစ်မပေးနိုင်ဘူးလို့ ထင်နေတာလား

Vol. 99 Ch. 1391

ခင်ဗျားကို ဘယ်သူမှ အပြစ်မပေးနိုင်ဘူးလို့ ထင်နေတာလား

Vol. 99 Ch. 1391

အခန်း (၁၃၉၁) ခင်ဗျားကို ဘယ်သူမှ အပြစ်မပေးနိုင်ဘူးလို့ ထင်နေတာလား

လူတိုင်းက ဖန်းယွင်ရှန်း အင်အားကုန်ခမ်းသွားပြီဟု ယူဆလိုက်ကြသည်။

သို့သော် ကောင်းဟန်နှင့် လင်ချင်းတို့က အမှန်တရားကို ဝိုးတိုးဝါးတား ခန့်မှန်းနိုင်ခဲ့၏။

“သူက ငရဲကိုးထပ်ရဲ့အာရုံစိုက်ခံရမှာကို ရှောင်ရှားဖို့ကြိုးစားနေတာလား”

အခြားတစ်ဖက်တွင် ရန်ကျောက်ကဲက ဤကိစ္စကို ကြိုတင်မှန်းဆထားပြီး ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။

သူ၏ ထိန်းချုပ်မှုအောက်တွင် ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်က ပြောင်းပြန်လည်ပတ်သွားပြီး အစီအရင်၏ဗဟိုချက်တွင်ရှိသော ဗလာနယ်က ပြိုကျသွားကာ တွင်းနက်တစ်ခုက အပြင်ဘက်သို့ ဆက်လက်ချဲ့တွင်လာသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ရာတွင်းနက်ထဲမှ အလွန်ကြီးမားသော ဆွဲငင်အားတစ်ခုထွက်ပေါ်လာပြီး အရာအားလုံးကိုမျိုချတော့မည့်အလား အားလုံးကိုဆွဲယူရန်ကြိုးစားလိုက်သည်။

ဤနေရာတွင် ရှိနေသူများအားလုံးက ထူးခြားသောကျင့်စဉ်စွမ်းအားကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြ၏။

အချိန်နှင့်နေရာအပေါ် သူတို့၏ အာရုံခံနိုင်မှုက ကွဲပြားသော်လည်း သူတို့တစ်ဦးချင်းစီတိုင်းက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် တွင်းနက်များကို ဖန်တီးနိုင်စွမ်း ရှိကြသည်။

သို့သော် ကြီးမားသည့်အစီအရင်ပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော တွင်းနက်နှင့်ရင်ဆိုင်ရသည့်အခါ ဗလာနယ်က ရှုပ်ထွေးဝေဝါးသွားပြီး သူတို့အားလုံး မည်သည့်အရာကိုမှ ထိန်းချုပ်နိုင်စွမ်း မရှိကြတော့ပေ။

ထို့ကြောင့် သူတို့အားလုံးမှာ မည်သည့်အရာကိုမှ မလုပ်နိုင်ဘဲ မိစ္ဆာချောက်နက်ထဲဆွဲယူခံရပြီး နက်ရှိုင်းစွာ နစ်မွန်းလျှက်ရှိကြသည်။

ရန်ကျောက်ကဲသည်လည်း ခြွင်းချက်မရှိပေ။ သူ၏ခန္ဓာကိုယ်သည်လည်း အောက်သို့နိမ့်ကျလာသည်။

သူ့လက်ထဲမှ နှောင်းပိုင်းမြေကမ္ဘာကျမ်းစာက တဖြည်းဖြည်း တောက်ပမှု ဆုံးရှုံးလာပြီး ရုတ်တရက် မှေးမှိန်သွားသည်။

သို့သော် သူက ကြီးမားသောအစီအရင်ကို ထိန်းချုပ်ထားသူဖြစ်ရာ ပြိုကျသွားသော အစီအရင်၏ ကျန်ရှိသော စွမ်းအားများက သူ့ကို ဆက်လက်ကာကွယ်ပေးထားပြီး သူ၏နိမ့်ကျသွားမှု အမြန်နှုန်းကို သိသိသာသာ နှေးကွေးစေသည်။

အခြားသူများအတွက်မူ သူတို့၏ ကျင့်စဉ်စွမ်းအား ၊ အချိန်နှင့်နေရာ ဥပဒေသများအပေါ် ဆုပ်ကိုင်ထားမှုအပေါ်မူတည်ပြီး သူတို့၏နိမ့်ကျသွားမှု အမြန်နှုန်းက ကွဲပြားသည်။

နတ်မိစ္ဆာမျိုးနွယ်များ ၊ ဗုဒ္ဓဘာသာကိုယ်တော်များ ၊ လီရှင်းပါ့ ၊ သွေးနီမြူခိုးတာအိုဆရာနှင့် အခြားသူများအားလုံး တွင်းနက်ထဲတွင် နစ်မွန်းလျှက် ရှိကြသည်။

လူတိုင်း ဆက်လက်တိုက်ခိုက်ရန် အာရုံမစိုက်နိုင်ကြတော့ပေ။

သူတို့က တွင်းနက်ထဲနစ်မြုပ်မသွားရန်သာ အာရုံစိုက်လိုက်ကြပြီး အကောင်းဆုံး ခုခံကာကွယ်ရေး ကျင့်စဉ်နည်းလမ်းများကို ထုတ်ဖော်လိုက်ကြသည်။

စောစောက ပြင်းထန်စွာဒဏ်ရာရထားသော မဟာနတ်မိစ္ဆာမှလွဲပြီး ကျန်လူများကတော့ သိသာထင်ရှားသည့်အန္တရယ်ကို ရင်ဆိုင်ရမည် မဟုတ်ပေ။

သို့သော် ဗလာနယ်ရှုပ်ထွေးမှုကြောင့် လူစုကွဲသွားပြီး အခြားနေရာများသို့ ရောက်ရှိသွားကြမည်မှာ ရှောင်လွှဲမရပေ။

ဤဖြစ်စဉ်ကြောင့် ဖန်းယွင်ရှန်းသည်လည်း အခြားသူများနှင့် ဆက်လက်တိုက်ခိုက်ရန် မလိုအပ်တော့ပေ။

စန်းကွမ်းနတ်ရေစင်အပြည့်ထည့်ထားသော သွေးနီရောင်ဘူးသီးခြောက်က ယခု ရန်ကျောက်ကဲလက်ထဲတွင် ရှိနေခဲ့သည်။

ဤသို့ အုပ်စုကွဲသွားခြင်းက ရန်ကျောက်ကဲနှင့်ဖန်းယွင်ရှန်း ကွယ်ထှက်ပြီး ထွက်ပြေးနိုင်ရန် လုံလောက်သည်။

တွင်းနက်ကြီးထဲသို့ နောက်ဆုံးမှ ကျရောက်လာသူ အနည်းငယ်ထဲတွင် ကောင်းဟန်လည်း ပါဝင်သည်။

သူ၏မျက်ဝန်းများက အနည်းငယ်တောက်ပနေပြီး သူက ခပ်ဖျော့ဖျော့တစ်ချက်ပြုံးရင်း သက်ပြင်းချလိုက်၏။

“စန်းကွမ်းနတ်ရေစင်က အရမ်းရှားပါးပြီး လူတိုင်းက တပ်မက်ကြတယ် ၊ လူငယ်ကောင်းကင်ဘုံအရှင်ရဲ့ နည်းပရိယာယ်တွေက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ”

အစီအရင်စွမ်းအား အကြွင်းအကျန်ဖြင့် ကာကွယ်ပေးထားသဖြင့် ရန်ကျောက်ကဲသည်လည်း တွင်းနက်ကြီးထဲသို့ နောက်ဆုံးမှ ကျရောက်သူ အနည်းငယ်ထဲတွင် ပါဝင်သည်။

ရန်ကျောက်ကဲက ကောင်းဟန်ကို တိတ်ဆိတ်စွာ စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

“နေဝန်းထက်ယံအရှင်သခင်... ခင်ဗျားကတော့ ခြွင်းချက်ပဲ ဟုတ်တယ်မလား”

ကောင်းဟန်၏မျက်နှာအမူအရာက ပြောင်းလဲမသွားဘဲ...

“လူငယ်ကောင်းကင်ဘုံအရှင် ဘာကိုဆိုလိုတာလဲ မသိဘူး”

သူ့စကားမဆုံးခင်မှာပင် သူ့မျက်ဝန်းများထဲမှ မှေးမှိန်သည့်အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက သွေးနီရောင်ဘူးသီးခြောက်နှင့် နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို သိမ်းဆည်းလိုက်သည်။

သူသည် လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်သင်္ကေတတစ်ခုဖွဲ့စည်းပြီး ကောင်းဟန်ထံ ညွှန်ပြလိုက်သည်။

“ခင်ဗျားပေးအပ်တဲ့ဘွဲ့အမည်ကို ကျုပ်လက်ခံပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီအတွက် ပြန်ပေးဆပ်နိုင်စွမ်းတော့မရှိပါဘူး ၊ ဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုပြန်ပေးပါ့မယ်”

လီရှင်းပါ့နဲ့ ကုန်းစွန်းဟွေတို့က ခင်ဗျားရဲ့ နယ်ရုပ်လေးတွေသာသာပဲ ရှိတာပါ။

ကောင်းဟန်ဆိုတဲ့ ခင်ဗျားမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ အများကြီးရှီတယ်။

ခင်ဗျားကို ဘယ်သူမှ အပြစ်မပေးနိုင်ဘူးလို့ ထင်နေတာလား။

ရန်ကျောက်ကဲ၏လက်နှစ်ဖက် ညွှန်ပြလိုက်သည့်အခါ ပြိုကွဲလုနီးပါးဖြစ်နေသော ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်က နောက်ဆုံးအကြိမ် တုန်ခါသွားသည်။

တွင်းနက်ကြီးမှ မပြိုကွဲသေးသော ပတ်ဝန်းကျင်နေရာတွင် ဝိညာဉ်သင်္ကေတများ စုစည်းလာပြီး အလင်းတိုင်(၉)ခုအဖြစ်ပြောင်းလဲကာ ကောင်းဟန်ထံသို့ ပြိုလဲကျလာသည်။

အလင်းတန်း (၉)ခုက ကောင်းဟန်ကိုတိုက်ခိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ပေ။

နောက်ဆုံးအခိုက်အတန့်တွင် အလင်းတန်းများခွဲထွက်သွားပြီး တွင်းနက်ထဲသို့ဝင်ရောက်ကာ ကောင်းဟန်ကို ပတ်ပတ်လည်ဝိုင်းရံထားလိုက်သည်။

ရုတ်တရက် အလင်းရောင်များမှေးမှိန်သွားပြီး ရှုပ်ထွေးသောဗလာနယ်ထဲတွင် ပေါက်ကွဲမှုတစ်ခုအား ခံစားလိုက်ရသည်။

တပြိုင်နက်တည်းမှာပင် ဖန်းယွင်ရှန်း၏ မျက်ဝန်းများထဲ၌ အပြာရောင်နှင့်အနက်ရောင် နတ်ဆိုးမီးတောက်များ ထပ်မံလောင်ကျွမ်းလာသည်။

စောစောက ဖန်းယွင်ရှန်းက သူ၏စွမ်းအားရောင်ဝါကို ပြန်လည်ရုတ်သိမ်းပြီး ဖြည်းဖြည်းချင်း လျှော့ချလိုက်ပြီဖြစ်သည်။

ထို့ကြောင့် သူမ တိုက်ခိုက်လာမည်ဟု မည်သူမှ မထင်မှတ်ခဲ့ကြပေ။

သို့သော် သူမက ရုတ်တရက် အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းဟန်အား တိုက်ခိုက်လိုက်သည်။

ထိတ်လန့်ဖွယ်ရာ အနက်ရောင်ဓားအလင်းတန်းက ဗလာနယ်ကို ဖြတ်သန်းသွားပြီး တွင်းနက်ကြီးအား ခုတ်ပိုင်းချလိုက်သည်။

ဓားချက်က ရှုပ်ထွေးသောဗလာနယ်ကိုဖြတ်ကျော်ပြီး ကောင်းဟန်ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ကောင်းဟန်က ကြောက်ရွံ့ခြင်းမရှိသည့်တိုင်း မျက်ခုံးများကို တွန့်ချိုးလိုက်၏။

သူမ၏တိုက်ခိုက်မှုက “အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်” ကဲ့သို့ အဖျက်စွမ်းအားမကြီးမားသော်လည်း သူ့အနေဖြင့် အာရုံစိုက်ရန်လိုအပ်သည်။

အရေးကြီးဆုံးမှာ ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်း လုပ်ဆောင်မည့်အရာကို ကောင်းဟန် သဘောပေါက်နေပြီ ဖြစ်သည်။

ကောင်းဟန်က ဖန်းယွင်ရှန်း၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ၊ သူ့ပတ်ဝန်းကျင်တွင် ပိုမိုပြင်းထန်လာသော ဗလာနယ်ပုံပျက်မှုကို ခုခံရင်း ရန်ကျောက်ကဲအား စူးစိုက်ကြည့်လိုက်သည်။

သူက တိုးလျသည့်လေသံဖြင့်...

“မင်းဘယ်လိုသိသွားတာလဲ...”

သူတော်စင်အလင်းအလံရှည်က သူ့လက်ထဲတွင်ရှိနေဆဲဖြစ်သော်လည်း ယိုထန်ဗောဓိသတ္တထံမှ ရရှိခဲ့သောအစိမ်းရောင်မှန်ကူမီးအိမ်က သူ့လက်ထဲမှ လွတ်ထွက်သွားခဲ့သည်။

နောက်ဆုံး အစိမ်းရောင်မှန်ကူမီးအိမ်က တွင်းနက်အပေါက်ထဲသို့ ပြုတ်ကျသွားသည်။

တွင်းနက်က လည်ပတ်နေသည်ဖြစ်ရာ အစိမ်းရောင်မှန်ကူမီးအိမ်မှ အလင်းရောင်တဖျတ်ဖျတ်လင်းလက်သွားပြီး တွင်းနက်ထဲသို့ကျရောက်ကာ ချက်ချင်းပျောက်ကွယ်သွားသည်။

မီးအိမ်က ကောင်းဟန်ထက်ပင် ပိုမိုလျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့လေသည်။

အစိမ်းရောင်မှန်ကူမီးအိမ်ကို ကြည့်ရင်း ကောင်းဟန် သက်ပြင်းချလိုက်သည်။

ထိုပစ္စည်းက သူ အမှန်တကယ် တပ်မက်ခဲ့သောပစ္စည်းဖြစ်သည်။

သူ့အတွက် ထိုပစ္စည်းက စန်းကွမ်းနတ်ရေစင်ထက် များစွာ ပို၍တန်ဖိုးရှိသည်။

ထိုပစ္စည်းက အရေးကြီးသော စာတစ်စောင်ဖြစ်ပြီး ၎င်း၏ပိုင်ရှင်ဖြစ်သော ယိုထန်ဗောဓိသတ္တပင်လျှင် ထိုမီးအိမ်ထဲတွင်ပါဝင်သော လျှို့ဝှက်ချက်များကို မသိရှိခဲ့ပေ။

ဤပစ္စည်းဆုံးရှုံးသွားပြီးနောက် သူ့အနေဖြင့် ထပ်မံရှာဖွေနိုင်သေးသည်။

သို့သော် သူ၏အစီအစဉ်ကို လောကကြီးမသိအောင်ဖုံးကွယ်ထားနိုင်သည့် ဤသို့သောအခွင့်အရေးမျိုး ပြန်လည်ရရှိရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမည်ဖြစ်သည်။

ဤသို့နှောင့်နှေးသွားသည့်အတွက် သူ၏အစီအစဉ်များ ကြန့်ကြာသွားရုံသာမက ကြိုတင်ပြင်ဆင်ထားသမျှလည်း အလဟဿဖြစ်သွားသည်။ အရာအားလုံးကို ပြန်လည်စီစဉ်ရန်မှာ မလွယ်ကူပေ။

ပစ္စည်းက သူ၏လက်ထဲရောက်နေပြီဖြစ်သော်လည်း နောက်ဆုံးတွင် ပြန်လည်ဆုံးရှုံးလိုက်ရသည်။

ကောင်းဟန်၏ခန္ဓာကိုယ်က တွင်းနက်ထဲသို့ နစ်မြုပ်နေပြီဖြစ်သည်။ နောက်ဆုံးအခိုက်အတန့်တွင် သူက ရန်ကျောက်ကဲကို ရယ်ချင်သလိုမျက်နှာထားဖြင့် ကြည့်လိုက်သည်။

ထိုအချိန် ရန်ကျောက်ကဲ၏အသံက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“မင်းလက်ထဲမှာရှိနေတဲ့ ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစတွေ စိတ်မချရဘူးလို့ခံစားရရင် ကျုပ် မင်းကိုယ်စား ထိန်းသိမ်းပေးလို့ရတယ် ၊ စဉ်းစားကြည့်မလား”

ထို့နောက် သူ၏ရုပ်သွင်သည်လည်း ဖန်းယွင်ရှန်း ၊ ကောင်းဟန်တို့နှင့်အတူ တွင်းနက်ထဲဝင်ရောက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

တွင်းနက်ထဲ နစ်မြုပ်သွားသည်နှင့် ရန်ကျောက်ကဲမျက်ဝန်းထဲ ပရမ်းပတာဖြစ်နေသည့် ပတ်ဝန်းကျင်ကို တွေ့လိုက်ရသည်။

သူက ပရမ်းပတာ ဗလာနယ်ထဲတွင် ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထိန်းထားပြီး စီး‌ကြောင်းအတိုင်း ဆက်လက်လိုက်ပါသွားသည်။

ဤနေရာတွင် အချိန်စီးဆင်းမှုက မရေရာဘဲ အချိန်ကိုယ်တိုင်ကပင် သူ၏အဓိပ္ပါယ် ပျောက်ဆုံးနေဟန် ရှိသည်။

အချိန်အတန်ကြာပြီးနောက် ရန်ကျောက်ကဲရှေ့မှ ဗလာနယ်ပုံပျက်မှုက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး အရာအားလုံး မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားသည်။

အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

ယခု သူက ယခင်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ရှိနေသည့်ပမာ ကျယ်ပြန့်ပြီး အဆုံးမရှိသော နက်မှောင်သည့်ဗလာနယ်ထဲတွင် ရောက်ရှိနေသည်။

ဗလာနယ်၏ အဆုံးမရှိသောနယ်နိမိတ်တိုင်းက ဤသို့ပင်ဖြစ်သည်။ မည်သည့်နေရာသို့သွားပါစေ နောက်ဆံဒး တွေ့မြင်ရသည့်ရှုခင်းက အတူတူပင် ဖြစ်၏။

ဦးတည်ရာကိုဆုံးဖြတ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျင့်ကြံသူတစ်ယောက်က ကြယ်များကိုကြည့်ပြီး ဗလာနယ်၏တည်နေရာကို အာရုံခံခြင်းသာ ဖြစ်သည်။

“ငါ အခု ဘယ်လောက်ဝေးဝေးကို ရောက်လာလာလဲ”

ခဏမျှတွက်ချက်ပြီးနောက် သူ မသိမသာ ပြုံးလိုက်သည်။

“အခု ယွင်ရှန်းရော ဘယ်ရောက်နေလဲ မသိဘူး”

သူက ဖန်းယွင်ရှန်းနှင့်ဆက်သွယ်ရန် အရင်ဆုံးကြိုးစားလိုက်သည်။

အဆုံးမရှိသော ပြင်ပဗလာနယ် နယ်နိမိတ်များတွင် အခြားသူများကိုဆက်သွယ်ရန်မှာ မလွယ်ကူလှပေ။ အကြိမ်ပေါင်းများစွာကြိုးစားပြီးနောက် ၊ နောက်ဆုံး ဖန်းယွင်ရှန်းထံမှ အကြောင်းပြန်လာသည်။

ကံကောင်းစွာဖြင့် သူတို့နှစ်ယောက် သိပ်မဝေးကွာလှပေ။

ရန်ကျောက်ကဲက နေရာမှာပင် ဖန်းယွင်ရှန်းရောက်လာမည်ကိုစောင့်ဆိုင်းရင်း မိမိတည်ရှိမှုကို ဖုံးကွယ်ထားလိုက်သည်။

စောင်းဆိုင်းရင်း ရန်ကျောက်ကဲက သူရရှိထားသော ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။

“စန်းကွမ်းနတ်ရေစင်... တကယ့် အံ့ဖွယ်ပစ္စည်းတစ်ခုပဲ ၊ ဒါပေမဲ့ သိပ်တော့မများဘူး”

သူက ပြောရင်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

“ဒါပေမဲ့ တခြားရလာတဲ့ပစ္စည်းတွေနဲ့ပါပေါင်းလိုက်ရင် ငါ ကြိုးစားအားထုတ်ခဲ့တာ လုံးဝ အလဟသ မဖြစ်ခဲ့ဘူးပဲ”

All Chapters