← Chapters

အခန်း (၂၀၁-၂၀၃)

Vol. 5 Ch. 201-203

အခန်း (၂၀၁-၂၀၃)

Vol. 5 Ch. 201-203

အပိုင်း (၂၀၁) - အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို စိုးရိမ်ပေးနေတာ တခြားဘာအကြောင်းအရင်းများ ရှိဦးမှာလဲ။

ကြင်ယာတော် ၄ ယောက်သည်လည်း လုလျန့်ဝေအား ရှုပ်ထွေးနေသောအကြည့်များဖြင့် ကြည့်လာကြသည်။

သူမတို့က ဧကရာဇ်နှင့် အနီးကပ်ဆုံးလူများ ဖြစ်ကြ၏။ သူမတို့မှာ သူနှင့် အမှန်တကယ် နီးကပ်သည်ဟူ၍ မဆိုသာသော်လည်း အပြင်လူများထက်တော့ သူ့ကို ပိုသိကြသည်။

ဧကရာဇ်သည် ခံစားချက်များကို အလွယ်တကူ ထုတ်ပြတတ်သူ မဟုတ်ချေ။ သို့သော် လုလျန့်ဝေ ဒူးထောက်လိုက်သောအခိုက်တွင် ဧကရာဇ်က စိတ်မပျော်မရွှင်ဖြစ်သွားသည်ကို သူမတို့ ရှင်းရှင်းလင်းလင်း ပြောနိုင်သည်။

ဒူးထောက်ရုံသာ ဖြစ်သော်လည်း ဧကရာဇ် စိတ်မကြည်လင်မှုတွင် စိုးရိမ်မှုတို့က ပိုများနေ၏။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို စိုးရိမ်ပေးနေတာ တခြားဘာအကြောင်းအရင်းများ ရှိဦးမှာလဲ။

ကြင်ယာတော် ၄ ယောက်မှာ ခံစားချက်အသီးသီး ဖြစ်တည်လာကြသည်။ မဟုတ်မှလွဲရော ဧကရာဇ်က လုလျန့်ဝေအပေါ် ခံစားချက်တစ်ခုခုများ ရှိနေတာလား။သူမတို့အကြည့်များက လုလျန့်ဝေအပေါ် ကျရောက်သွား၏။ ရုတ်တရက် ထိုအမျိုးသမီးက ဘယ်လောက်လှမှန်း သူမတို့ သတိထားမိလိုက်ကြသည်။ သူမမှာ တောက်ပ၍ ရွှင်ပျပြီး အခြားသူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော မျက်လုံးလှလှတစ်စုံရှိ၏။

အရေးအကြီးဆုံး ဝိသေသလက္ခဏာမှာတော့ သူမက ငယ်ရွယ်လှပေသည်။ကြင်ယာတော်ကျီမှာ သူမလက်ထဲရှိ လက်ကိုင်ပဝါကို ခပ်တင်းတင်းဆွဲဆုပ်ဖျစ်ညှစ်လိုက်မိသည်။ အရှင်မင်းကြီးနှင့် လုလျန့်ဝေတို့အကြား သာမန်မဟုတ်ဟု သူမ အစောကတည်းက ခန့်မှန်းမိခဲ့ပါသည်။ ယခု ဤကိစ္စက သူမသံသယများကို ပိုခိုင်မာသွားစေခဲ့သည်။

လုလျန့်ဝေက အားလုံး၏အကြည့်များထဲမှ ခပ်ပါးပါးအရိပ်အယောင်တချို့ကို သတိထားမိသည်။ သူမ တိတ်တဆိတ် ကျောက်ချန်အား စိတ်အလိုမကျစွာ ကြည့်လိုက်၏။

ဒီအိမ်တော်ထိန်းကျောက်က လွန်လွန်းပါသည်။ သူက သူမကို အာရုံစိုက်ခံရတာ နည်းနေမှာစိုးရိမ်လို့လား။ ဘာလို့ ဒီလို မလိုအပ်တာကို အကျယ်ချဲ့ပြီး ပြုမူရတာလဲ။

လုထင်ချန်းလည်း ဤသည်ကိုသတိထားမိသည်။ ကျောက်ချန် လုလျန့်ဝေအနား မချဉ်းကပ်လာနိုင်ခင်မှာ သူ အလျင်အမြန် သူမကို ဆွဲထူလိုက်ပြီး လုံယန်ထံ လှည့်ကာ ပြော၏။

လုလျန့်ဝေ အရိပ်အမြွက်ကို နားလည်သွားသည်။ သူမ ခေါင်းငုံ့လိုက်ကာ ပြောလေသည်။

“ကျွန်တော်မျိုးမ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်ရှင်။”

ထိုအခိုက်တွင် မြို့စားမင်းမယ်တော်က ရုတ်တရက် ပြောလိုက်သည်။

“ဝေဝေ ဒီကိုလာခဲ့ လာ၊ သမီး နေမကောင်းဖြစ်နေတုန်းပဲလေ၊ အရှင်မင်းကြီးက လက်အောက်ငယ်သားတွေရဲ့ ကျန်းမာရေးကို သိပ်ဂရုစိုက်တာ၊ သမီးကို အပြစ်မပေးပါဘူး။”

သူမစကားကိုကြားသော် အားလုံးက အံ့ဩနေရာမှ အသိပြန်ကပ်လာကြသည်။

လုလျန့်ဝေက နေမကောင်းဖြစ်နေတာလား။ကျောက်ချန်လည်း သတိဝင်လာပြီး ချက်ချင်း ဆက်ပြောလိုက်၏။

“မြို့စားမင်းမယ်တော်ပြောတာ မှန်ပါတယ်၊ ဒုတိယသခင်မလေးလုက နေပြန်မကောင်းသေးပါဘူး၊ အချိန်အကြာကြီး ဒူးထောက်နေတာက အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်ခင်ဗျာ၊ ခုနက တော်ဝင်စာကြည့်ဆောင်ထဲမှာ‌ ဆက်ခံသူလုက စိတ်ပူနေခဲ့တာ၊ အရှင်မင်းကြီးက တော်ဝင်သမားတော်တောင် ဆင့်ခေါ်ပြီး ဒုတိယသခင်မလေးလုကို စစ်ဆေးခိုင်းလိုက်ပါသေးတယ်။”

သူ့စကားများကို ကြားသောအခါ အားလုံးက ထူးဆန်းစွာပင် စိတ်သက်သာရာရသွားကြသည်။သူတို့ အမှန်ပင် အတွေးလွန်သွားကြခြင်းသာ ဖြစ်သည်။ခုနက အိမ်တော်ထိန်းကျောက်၏ အပြုအမူမှာ ဆက်ခံသူလုအစား ပြောပေးခြင်းဖြစ်၏။

မည်သို့ဆိုစေကာမူ လုထင်ချန်းသည် လက်ရှိတွင် နန်းတွင်းရဲမက်တစ်ဖွဲ့လုံးကို တာဝန်ယူကိုင်တွယ်နေခြင်းဖြစ်ပြီး ဧကရာဇ်ထံမှ အင်မတန်အလေးထားအားကိုးခံရသူ ဖြစ်သည်။ သူ့ညီမဖြစ်သူ လုလျန့်ဝေ နေထိုင်မကောင်းဖြစ်သောအခါ အနည်းငယ်စိုးရိမ်မှုပြသခြင်းမှာ ကျိုးကြောင်းဆီလျော်ပါ၏။

အားလုံးက ပို၍စိတ်အေးသွားကြသည်။လုလျန့်ဝေက မြို့စားမင်းမယ်တော်နံဘေးရှိ သူမနေရာသို့ ပြန်သွားလိုက်သည်။မြို့စားမင်းမယ်တော်က စကားမပြောလာဘဲ သူမကို တစ်ချက်လှမ်းကြည့်၏။ သို့သော် သူမအကြည့်များထဲတွင် စိုးရိမ်ပူပန်မှုတို့ ကွယ်ဝှက်နေသည်။

လုံယန်က လုလျန့်ဝေကို ကြည့်ကာ မျက်မှောင်ကြုံ့လိုက်ပြီးနောက် ကျောက်ချန်ဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။

ကျောက်ချန်က ရှေ့တက်လာပြီး ကောက်ညှင်းထုပ်တစ်ခုချင်းစီကို ဖြည်လိုက်ကာ အားလုံးကို အတုံးသေးသေးလေးများ တုံးပြီး လူတိုင်းအား ခွဲဝေပေးလေ၏။

ကောက်ညှင်းထုပ်များက အများကြီးမဟုတ်၍ သူ လူတိုင်းကို တစ်ခုစီမပေးနိုင်၊ ထို့ကြောင့် အတုံးများ တုံးပေးရန်သာ တတ်နိုင်သည်။

ထိုသို့ခွဲဝေပေးလျှင် အားလုံး တစ်စိတ်တစ်ပိုင်းစီတော့ ရကြမည်ဖြစ်၏။

ဧည့်ခံပွဲ ပြီးသောအခါ လုလျန့်ဝေက မြို့စားမင်းမယ်တော်နှင့် လုဟယ့်ထျန်းတို့နောက်မှ လိုက်ကာ နန်းတွင်းမှထွက်ပြီး အိမ်တော်သို့ ပြန်တော့မည့်အချိန်တွင် ကျောက်ချန်က ရုတ်တရက် သူတို့နားသို့ ချဉ်းကပ်လာသည်။ သူက တလေးတစားဖြင့် ပြော၏။

“မြို့စားမင်းမယ်တော်နဲ့ မြို့စားမင်းတို့ခင်ဗျာ၊ ဒုတိယသခင်မလေးလုက နေမကောင်းဖြစ်နေသေးတာမို့ နန်းတွင်းထဲ ရှိနေတုန်းမှာ မပြန်ခင် နောက်ဆုံးတစ်ခေါက် တော်ဝင်သမားတော်ကို စစ်ကြည့်ခိုင်းတာ ကောင်းပါလိမ့်မယ်၊ သမားတော်က အရံခန်းမမှာ စောင့်ဆိုင်းနေပါတယ်‌ဗျ။”

ဉာဏ်ထက်လှသော မြို့စားမင်းမယ်တော်က သူ့ကို စိုက်ကြည့်လိုက်သောအခါ ကျောက်ချန်မှာ ကြက်သီးပင်ထသွားသည်။

သူမအကြည့်များက စူးရှပြီး သူ့အား မသက်မသာခံစားရစေသည်။ သို့သော် သူက စိတ်ကို အခိုင်အမာ ထိန်းထားနိုင်ကာ သူ့မျက်နှာအမူအရာကလည်း သူ့ကို သစ္စာမဖောက်ဘဲ ပြုံးလျက်သာရှိနေလေ၏။

“ဒုတိယသခင်မလေးလု ကျွန်တော့်နောက်လိုက်ခဲ့ပါ၊ အချိန်အများကြီး မယူပါဘူးခင်ဗျာ၊ မြို့စားမင်းမယ်တော်နဲ့ မြို့စားမင်းတို့က ဒီမှာ ခဏလောက် စောင့်ပေးကြပါဦး။”

ဆက်ရန်__

Chapter 202

April 8, 2024 by Nay Chi Lynn

အပိုင်း (၂၀၂) - လုထင်ချန်း အနည်းငယ် ကူကယ်ရာမဲ့နေရတယ်။

(T/N - မြို့စားမင်းမယ်တော်အစား မြို့စားကတော်ဟောင်း လို့ ပြောင်းသုံးသွားပါမယ်)

မြို့စားကတော်ဟောင်းသည် သူမမျက်လုံးမှ စူးရှသောအကြည့်များကို ဖုံးကွယ်လိုက်ပြီး ယခုမူ ခင်မင်ကြင်နာတတ်ပုံ ပေါ်လေသည်။ သူမ နားထင်အပေါ် လက်ချောင်းများဖြင့် ဖိထားလိုက်၏။

“သည်အဘွားကြီးက အခု‌တလော ခေါင်းကိုက်ဝေဒနာ ခံစားနေရတာ၊ အရှင်မင်းကြီးက လက်အောက်ငယ်သားတွေအတွက် စိုးရိမ်ပူပန်ပေးတယ်ဆိုတော့ ကျွန်မက အတင့်ရဲပြီး တောင်းဆိုပါရစေ၊ ကျွန်မလည်း အတူလိုက်ပြီး တော်ဝင်သမားတော်နဲ့ ရောဂါပြဖို့ ခွင့်ပြုပေးနိုင်မလား။”

ကျောက်ချန်မှာ မြို့စားကတော်ဟောင်း၏ ပြုံးနေသောအကြည့်များနှင့် ဆုံသောအခါ သူ့မျက်ခွံများ တဆတ်ဆတ်လှုပ်သွားရသည်။ သူမကို ငြင်းဖို့ခက်၍ ရေလိုက်ငါးလိုက်သာ ပြောရလေတော့သည်။

“ဒီလိုဆိုရင်ဖြင့် လိုက်ခဲ့လို့ရပါတယ် မြို့စားကတော်ဟောင်းခင်ဗျာ၊ ဒီဘက်ကြွပါ။”

လုလျန့်ဝေ နေမကောင်းဖြစ်နေခြင်း လုံးဝ မဟုတ်ပေ။ သူမ ဖျားနာနေလျှင်လည်း သူမကိုယ်တိုင်က သမားတော်ပင်ဖြစ်သည်။ သည်လောက်ဒုက္ခခံနေဖို့ လိုပါ့မလား။

သူမ နှုတ်ခမ်းများ စေ့ထားရင်းဖြင့် ကျောက်ချန်ကို အကြည့်တစ်ချက်ပေးလိုက်သည်။

အရံခန်းမ၌ သူမကို စောင့်နေသောလူမှာ တော်ဝင်သမားတော်မဟုတ်ဘဲ အခြားတစ်စုံတစ်ယောက် ဖြစ်နိုင်ချေရှိ၏။

သူမ နဂိုတည်းက ထိုလူနှင့် သီးသန့်တွေ့ဆုံချင်စိတ်မရှိပါ။ အချိန်ကိုက်ပင် အဘွားကလည်း သမားတော်ပြချင်သည်ဟု ပြောလိုက်၏။ အိမ်တော်ထိန်းကျောက်က မငြင်းဆန်သဖြင့် အရံခန်းမ၌ စောင့်နေသည်မှာ တော်ဝင်သမားတော်သာ ဖြစ်တန်ရာသည်။

ထိုသို့တွေးမိသော် လုလျန့်ဝေ စိတ်အေးသွားသည်။ သူမ မြို့စားကတော်ဟောင်း၏ လက်မောင်းကို တွဲကိုင်ကာ ကျောက်ချန်နောက်မှလိုက်၍ အရံခန်းမဆီသို့ သွားလေသည်။

လုလျန့်ဝေ မှန်းထားသည့်အတိုင်းပင်။ အရံခန်းမ၌ စောင့်ဆိုင်းနေသူမှာ တော်ဝင်သမားတော် ဖြစ်ပြီး ခေါင်းဆောင်သမားတော်လင်ပင် ဖြစ်ချေ၏။

သူသည် အချိန်ကပ်မှ အလောတကြီး ဆင့်ခေါ်ခံခဲ့ရခြင်းဖြစ်ပြီး အမြန်ပြေးလာရသဖြင့် အနည်းငယ် မောဟိုက်နေသေးသည်။

သူက ပထမဆုံး မြို့စားကတော်ဟောင်းကို သွေးကြောစမ်းပေးပြီးမှ လုလျန့်ဝေကို စမ်းသပ်၏။

တစ်ခဏကြာပြီးနောက် သူက မုတ်ဆိတ်မွေးကို သပ်လျက် ပြောသည်။

“ဒုတိယသခင်မလေးလုရဲ့ ကျန်းမာရေးက ဘာပြဿနာမှ မရှိပါဘူး၊ ဒါပေမယ့် မြို့စားကတော်ဟောင်းကတော့ လတ်တလော အစာကျေဖို့မလွယ်တဲ့ အစားအစာတချို့ စားထားတာကြောင့် ဝမ်းဗိုက်မှာ လေခိုနေတာပါ၊ အစားအသောက်ကို ဂရုစိုက်ပြီး အလွယ်တကူ အစာမကျေနိုင်တဲ့အစားအစာတွေကို‌ ရှောင်ရပါမယ်။”

လုလျန့်ဝေက ထိုအခွင့်အရေးယူကာ ထပ်ဖြည့်ပြောသည်။

“ကြားတယ်မို့လားနော် အဘွား၊ ခေါင်းဆောင်သမားတော်လင်က ပြောတယ်၊ အစာကြေမလွယ်တဲ့ဟာတွေ စားလို့မရဘူးတဲ့။”

မြို့စားကတော်ဟောင်းမှာ ၎င်းကိုကြားသောအခါ အနည်းငယ်ရှက်ရွံ့သွားသည်။ သူမမှာ ဒီနေ့ ကောက်ညှင်းထုပ်လေးအနည်းငယ် စားလိုက်ရုံသာ ဖြစ်သော်လည်း သူမ ကျန်းမာရေးအခြေအနေ၏ အကြောင်းအရင်းအဖြစ် နာမည်တပ်ခံလိုက်ရသည်။

“အေးပါ အေးပါ ငါသိပါပြီ၊ ဘာကြီးကြီးမားမားရောဂါမှ မဟုတ်မှတော့ ကျွန်မတို့ နန်းတွင်းက ပြန်ပါတော့မယ်၊ ဒုက္ခခံပေးတာ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်သမားတော်‌လင်။”

သူတို့ မြို့စားမင်းအိမ်တော်သို့ ပြန်ရောက်သောအခါ မြို့စားကတော်ဟောင်းက လုလျန့်ဝေကို ကြည့်လိုက်သည်။ သူမ တစ်ခုခု ပြောလိုက်ချင်သော်လည်း တုံ့ဆိုင်းနေသည်။အဆုံးမှာတော့ သူမ လက်ဝှေ့ပြကာသာ သူမကို ပထုတ်လိုက်သည်။

“ဟုတ် အဘွား၊ အဘွားလည်း စောစောနားနော်။”

မြို့စားကတော်ဟောင်းက သူမအကြည့်ကို လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့ဆီ ပို့လိုက်သည်။

“ငါ ပြောစရာရှိတယ်၊ မင်းတို့နှစ်ယောက်လုံး သက်ရှည်ခန်းမကို လိုက်ခဲ့ကြ။”

သားအဖနှစ်ယောက်မှာ သူမဘာပြောချင်မှန်း ကောင်းကောင်းကြီးသိပေ၏။ သူတို့ ခေါင်းညိမ့်လိုက်ကာ သူမနောက်မှ သက်ရှည်ခန်းမသို့ လိုက်လာကြသည်။

သူတို့ သက်ရှည်ခန်းမသို့ ရောက်သောအခါ မြို့စားကတော်ဟောင်းက သူမအစေခံများကို ပြန်ဆုတ်ခိုင်းလိုက်ပြီး လက်ဖက်ရည်ဆက်ရန် အဒေါ်လန်ကိုသာ ချန်ထားခဲ့လိုက်သည်။

မြို့စားကတော်ဟောင်းက လက်ဖက်ရည်ကြမ်းတစ်ငုံသောက်လိုက်ပြီး တစ်ခဏမျှစဉ်းစားပြီးနောက် သူမက ပြောသည်။

“ဒီနေ့ နန်းတွင်းထဲ ဖြစ်ပျက်သွားတာအတွက် မင်းတို့ ဘာပြောစရာရှိသလဲ။”

လုဟယ့်ထျန်းက မျက်မှောင်ကြုံ့ကာ လုထင်ချန်းကို ကြည့်လိုက်သည်။

လုထင်ချန်းက ကျန်နှစ်ယောက်ကို အနည်းငယ်ကူကယ်ရာမဲ့စွာနှင့် အပြစ်ကင်းစွာ ကြည့်လိုက်သည်။

“ကျွန်တော့်ကို ဘာလို့ကြည့်နေကြတာတုန်း၊ ကျွန်တော် ဘာမှမသိဘူး။”

လုဟယ့်ထျန်းက အေးစက်စက် ဟွန်းခနဲအသံပြုလိုက်သည်။

လုထင်ချန်းက ဒီညဧည့်ခံပွဲ၌ ဖြစ်ခဲ့သည်များကို ပြန်တွေးကြည့်ရင်းဖြင့် မျက်မှောင်ကြုံ့လိုက်သည်။

“အရှင်မင်းကြီးရဲ့အတွေးတွေက ခန့်မှန်းဖို့ ခက်တယ်၊ ကျွန်တော်က နေ့တိုင်း အရှင်မင်းကြီးနဲ့ ပြောဆိုဆက်ဆံနေရပေမယ့် သူ တကယ်တွေးနေတာတွေကိုတော့ ကျွန်တော် မသိနိုင်ဘူးဗျ။”

ထိုသားအဖကြားက စကားများကို နားထောင်ပြီးနောက် မြို့စားကတော်ဟောင်းက မေးခွန်းထုတ်လိုက်သည်။

“ဒီကလေးမဝေဝေက အိမ်တော်ထဲက ထွက်ခဲတယ်၊ အရှင်မင်းကြီးကလည်း အမြဲနန်းတွင်းထဲမှာပဲ နေတာ၊ နန်းတွင်းထဲက ထွက်ဖို့မလွယ်ဘူး၊ အရှင်မင်းကြီးက ဘယ်လိုလုပ် ဝေဝေ့ကို သတိထားမိသွားရတာလဲ။”

ထိုမေးခွန်းကိုကြားသော်အခါ လုထင်ချန်း၏နှလုံးမှာ ဆတ်ခနဲပြုတ်ကျသွားရသည်။

ဆက်ရန်__

Chapter 203

April 9, 2024 by Nay Chi Lynn

အပိုင်း (၂၀၃) - သမက်ရွေးခြယ်ခြင်း။

ဤသည်မှာ အရှင်မင်းကြီးက ခုတလော ဝေဝေနှင့် သီးသန့်တွေ့ဆုံနေသောကြောင့်ဖြစ်သည်။

ဝေဝေမှာ အရှင်မင်းကြီး၏ အဆိပ်ကို ကုသပေးရန် အရှင်မင်းကြီးနှင့် အကြိမ်အနည်းငယ်မျှ နှစ်ယောက်တည်းတွေ့ဆုံဖူး၏။

သို့သော် လုထင်ချန်းမှာ အရှင်မင်းကြီး အဆိပ်ခတ်ခံခဲ့ရကြောင်း မဖော်ထုတ်ရဲပါချေ။ သူ့အဖေနှင့်အဘွားဖြစ်သူတို့ရှေ့တွင်တောင် စကားတစ်လုံးမှ ဟလို့မဖြစ်။

သူ ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။

“လတ်တလော ညီမလေးရဲ့ အကျင့်စရိုက်က အများကြီးကောင်းလာတယ်၊ အဲ့အပြင် သူ့မျက်‌နှာကလည်း သိပ်လှတာကို၊ သူများတွေ သတိထားမိဖို့လွယ်တယ်လေ။”

သူရှင်းပြပြီးနောက် မြို့စားကတော်ဟောင်းနှင့် လုဟယ့်ထျန်းတို့ တိတ်ဆိတ်သွားကြသည်။

ဝေဝေက ရှားမှရှားသော မိန်းမလှ‌တစ်ယောက်ဖြစ်သည်က အမှန်ပင်။ ယခင်တုန်းက သူမအလှမှာ သူမ၏ မကောင်းသောအကျင့်စရိုက်ကြောင့် လျစ်လျူရှုခံခဲ့ရသည်။ ယခု သူမအကျင့်စရိုက်က အတော်များများ တိုးတက်ကောင်းမွန်လာပြီဖြစ်၍ သူမ၏ စစ်မှန်သော ဖြူစင်သည့်အလှမှာ ဖိနှိပ်ထားခံရခြင်းမရှိတော့ချေ။

လုထင်ချန်းပြောပြသည့်အတိုင်းပင်၊ လုလျန့်ဝေမှာ ယခု အနားရှိလူများ၏ အာရုံကို အလွယ်တကူ ဆွဲဆောင်နိုင်နေပြီဖြစ်၏။

“အရှင်မင်းကြီးဆီက သတိပြုခံရတာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး...”

မြို့စားကတော်ဟောင်းမှာ ရုတ်တရက် စိုးရိမ်ပူပန်သောအမူအရာဖြင့် ပြောလာသည်။လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့မှာ သူမပြောသည်ကို နားလည်လိုက်သည်။သူတို့တွင်လည်း ထို့အတူပင် ထိုအတွေးက ဒုက္ခပေးနေသည်။တစ်လောကလုံးတွင် တော်ဝင်နန်းတွင်းသည် အခမ်းနားအကြီးကျယ်ဆုံးသောနေရာ ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် နေလို့ကောင်းသောနေရာ မဟုတ်ပေ။ ထိုချောက်ကြီးထဲသို့ လုမိသားစု၏ ဘယ်သမီးကိုမှ မသက်ဆင်းသွားစေလိုပါ။

လုယွင်ရွှမ်း ကိုယ့်လမ်းကိုယ်ရွေးသွားစဉ်က သူတို့ ဘာမှမလုပ်နိုင်ခဲ့။ သို့သော် လုလျန့်ဝေကတော့ လုယွင်ရွှမ်း၏လမ်းကို လုံးဝလိုက်လို့မဖြစ်ချေ။

“အဘွား စိုးရိမ်လွန်နေတာများလား၊ အရှင်မင်းကြီးက ကျွန်တော်တို့တွေးနေသလို မဖြစ်လောက်ပါဘူး...”

“မဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါပေမယ့် ရှင်ဘုရင်အတွေးက တို့တွေ လွယ်လွယ်ခန့်မှန်းလို့ရတာမဟုတ်ဘူး၊ ဒီကိစ္စဖြစ်မလာအောင် ငါတို့ ဝေဝေ့ကို လက်တွဲဖော်ရှာပေးမှရမယ်။”

သူမမျက်နှာအမူအရာက လေးနက်လာသည်။ဒီနေ့ နန်းတွင်းထဲ ဖြစ်ခဲ့သောကိစ္စကြောင့်သာ မဟုတ်လျှင် သူမ ဝေဝေ့ကို အိမ်ထောင်ချပေးလိုစိတ် မရှိပါ။ သို့သော် မဖြစ်ခင်က ကာကွယ်ထားတာ အကောင်းဆုံးဖြစ်သည်။

ဝေဝေက အသက်ပြည့်ပြီဖြစ်သည်။ သူမအား လက်ထပ်ရန် သင့်တော်သော မိသားစုတစ်ခု ရှာပေးရန် အချိန်ကိုက်ပင်။

လုဟယ့်ထျန်းမှာ တစ်ခဏမျှ ကြောင်အသွားရသည်။ သို့သော် သူ့ချစ်သမီးလေးအား နန်းတွင်းထဲသို့ လက်ထပ်ဝင်စေမည့်အစား သူမအား သာမန်မိသားစုတစ်ခုသို့သာ လက်ထပ်ဝင်စေလိုသည်။

သူမ အဆင့်အတန်းနိမ့်သည့် မိသားစုထဲ လက်ထပ်ဝင်သွားလည်း ကိစ္စမရှိ။ သူမခင်ပွန်းက စာရိတ္တကောင်းပြီး ဝေဝေကို ကောင်းကောင်းဆက်ဆံသ၍ မြို့စားမင်းမိသားစုက သူမကို ကာကွယ်ပေးမည်ဖြစ်သည်။

“အမေပြောတာမှန်ပါတယ်၊ ဒီကိစ္စကို အမေ့ကိုပဲ လွှဲထားလိုက်ပါ့မယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီကိစ္စကို အလျင်စလိုလုပ်စရာမလိုပါဘူး၊ ကျွန်တော်တို့ သေချာရွေးမှရမယ်၊ အကျင့်စရိုက်ရော ရုပ်ရည်ကပါ အသင့်အတင့်ကောင်းရမယ်၊ တစ်ခုချင်းစီကို အသေးစိတ်ကြည့်ဖို့ လိုပါတယ်။”

မြို့စားကတော်ဟောင်းက အနည်းငယ်စိတ်ရှုပ်စွာဖြင့် ရယ်လိုက်သည်။

“ငါက ငါ့မြေးကို အကျင့်ရော ရုပ်ရည်ရော မကောင်းတဲ့လူနဲ့ လက်ထပ်ခိုင်းပါ့မလားဟဲ့။”

“မဟုတ်ပါဘူး၊ ကျွန်တော် အမေအကဲဖြတ်တာကို ယုံပါတယ်။”

မြို့စားကတော်ဟောင်းက သက်ပြင်းချသည်။ သူက ဝေဝေနှင့် မခွဲရက်မှန်း သူမ နားလည်ပါသည်။ သို့သော် လက်ရှိအခြေအနေက မိမိတို့အား တစ်ခုခုလုပ်ရန် တွန်းအားပေးနေလေသည်။

“မပူပါနဲ့၊ အချိန်ကျရင် နင်တို့နှစ်ယောက်လုံးကို သတို့သားလောင်းကို အကဲဖြတ်ခိုင်းမှာပါ၊ ဒါ့အပြင် ဝေဝေ့ကိုလည်း သူသဘောမကျတဲ့လူနဲ့ အတင်းလက်မထပ်ခိုင်းပါဘူး။”

လုဟယ့်ထျန်းက စိတ်အေးစွာဖြင့် သက်ပြင်းချလိုက်သည်။

ထိုအခိုက်တွင် လုထင်ချန်းက ရုတ်တရက် ပြောလာသည်။

မြို့စားကတော်ဟောင်းနှင့် လုထင်ချန်းတို့က အံ့ဩသွားသည်။

“ဟုတ်တယ်ဗျ၊ သူပြောတာ သူ တစ်သက်လုံး အိမ်မှာပဲနေပြီး အိမ်ထောင်မပြုချင်ဘူးတဲ့၊ သူ တကယ် အိမ်ထောင်ပြုဖို့လိုတယ်ဆိုရင် သမက်ရွေးဖို့ကိုလည်း စိတ်မရှိပါဘူးတဲ့။”

လုထင်ချန်းမှာ ကူကယ်ရာမဲ့စွာဖြင့် လုလျန့်ဝေ၏အတွေးများကို ထုတ်ပြောပြလိုက်ရတော့သည်။

သူ ထိုအကြောင်းကို ပြောဖို့အစီအစဉ်မရှိပေ။ သို့သော် အဖေနှင့်အဘွားတို့က သူမကို ကြင်ဖက်ရှာပေးရန် စီစဉ်နေကြသောအခါ သူ မပြောဘဲ မနေနိုင်တော့ပေ။

All Chapters