အခန်း (၂၀၄-၂၀၆)
Vol. 5 Ch. 204-206
အပိုင်း (၂၀၄) - ၎င်းက အနည်းငယ် ယားကျိကျိဖြစ်ပြီး သူ့နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားရသည်။
“အဘွားနဲ့အဖေတို့ ဆုံးဖြတ်ချက်ချပြီးမှတော့ ဝေဝေ့ကို ရိုးရိုးသားသား အားကိုးရတဲ့ သမက်တစ်ယောက် ရှာပေးကြပါဗျ။”
လုထင်ချန်းက အကြံပေးလိုက်သည်။
မြို့စားကတော်ဟောင်းက တွေးကြည့်လိုက်ပြီး မေးသည်။
“ဝေဝေ ငါတို့နဲ့ပဲနေမှာကို မင်းက သဘောတူလား။”
“ဘာလို့မတူရမှာလဲဗျ။”
လုထင်ချန်းက မေးသည်။ မြို့စားမင်းအိမ်တော်က ကြီးမား၍ လူများလေ ပိုစည်လေဖြစ်သည်။ မဟုတ်လျှင် အင်မတန်တိတ်ဆိတ်နေပေလိမ့်မည်။
ထို့အပြင် သူ့မှာ ညီမလေးဝေဝေတစ်ယောက်တည်းသာ ရှိပါသည်။ သူမကို အခြားမိသားစုထဲ အိမ်ထောင်ချပေးလိုက်သည်ထက် သမက်တစ်ယောက် အိမ်ထဲခေါ်သွင်းသည်က ပိုကောင်းသည်။ ထိုသို့ဖြင့် မောင်နှမနှစ်ယောက်လုံး တစ်သက်တာ တစ်မိုးအောက်ထဲ၌ နေသွားလို့ရမည်ဖြစ်သည်။
“ကျွန်တော့်မှာ ညီမလေးဆိုလို့ ဝေဝေတစ်ယောက်တည်းရှိတာ၊ သူက ဒီမှာ ကျွန်တော်တို့နဲ့ ဆက်နေချင်တာ ကျွန်တော် ဝမ်းသာတာပေါ့။”
မြို့စားကတော်ဟောင်းနှင့် လုဟယ့်ထျန်းတို့မှာ သူ လုယွင်ရွှမ်းအား ညီမအဖြစ်သဘောမထားသည့်ကိစ္စကိုတော့ လျစ်လျူရှုထားလိုက်ကြသည်။
သို့သော် မြို့စားကတော်က သူ သူ့ညီမလေးအား ဤမျှကာကွယ်ပေးနေသည်ကို မြင်ရသည်မှာ ဝမ်းသာပါ၏။
“ဝေဝေ သမက်တစ်ယောက် ခေါ်သွင်းတာကို မင်းမကန့်ကွက်ရင် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့အမြင်ကို ငါမေးကြည့်လိုက်မယ်၊ သူ တကယ်လိုလားမှ ငါ စီစဉ်စရာရှိတာတွေ စီစဉ်လိုက်မယ်။”
လုဟယ့်ထျန်းမှာ နောက်ဆုံးတော့ စိုးရိမ်စိတ်များကို လွှတ်ချလိုက်နိုင်ပြီဖြစ်သည်။ သူ့သမီးကို တခြားမိသားစုသို့ ထည့်မပေးလိုက်ချင်သော်လည်း သမက်တစ်ယောက်သာ ခေါ်သွင်းလိုက်ပါက မတူတော့ပေ။ ထိုသို့ဖြင့် သူ့သမီးသည် ယောက္ခမအိမ်၌ ဒုက္ခခံစရာ မလိုတော့။ သူမ တစ်ဘဝလုံး မိသားစုနှင့် နေနိုင်ပြီး သူလည်း သူမကို နေ့တိုင်းတွေ့နေနိုင်မည်ဖြစ်သည်။
မြို့စားကတော်ဟောင်းက သူ့ကို အကြည့်တစ်ချက်ပေးလိုက်သည်။ သူ ဘာတွေတွေးနေမှန်း သူမ ကောင်းကောင်းသိပါ၏။
လုမိသားစုတွင် သားသမီးများစွာ မရှိသော်လည်း အကယ်၍ ဝေဝေသာ လုမိသားစုတွင် ဆက်နေနိုင်လျှင် အနာဂတ်၌ သူမမှမွေးသော သားသမီးများမှာ မျိုးရိုးနာမည်လု ရှိပေလိမ့်မည်။ ဤသည်မှာ သူမ မြင်ရတာစိတ်ချမ်းသာရသောကိစ္စပင် ဖြစ်၏။
ထို့အပြင် လက်ရှိလုမိသားစုသည် အဆင့်အတန်းကို ပိုခိုင်မာစေရန် နိုင်ငံရေးအရ လက်ဆက်ဖို့ မလိုအပ်ပေ။ သူမက မိမိမြေးမလေးကို ပျော်ရွှင်စေချင်ရုံသာ ရှိပါသည်။
“ဒီနေ့တော့ ဒီလောက်ပဲ၊ ဘာဆုံးဖြတ်ချက်မှမချခင် ငါ မနက်ဖြန် ဝေဝေ့ကို ဒီကိစ္စ မေးကြည့်လိုက်မယ်။”
လုလျန့်ဝေမှာ သူမမိသားစုက သူမ၏အိမ်ထောင်ပြုဖို့ကိစ္စအကြောင်း တိတ်တဆိတ် ဆွေးနွေးစီစဉ်နေမှန်း မသိပါချေ။သူမ နန်းတွင်းမှ ပြန်လာပြီးနောက် ရေချိုးရန်ပြင်လိုက်သည်။သူမ ခေါင်းလျှော်လိုက်ပြီး ကျူးယွိက သူမဆံပင်ကို အဝတ်တစ်ခုဖြင့် ခြောက်အောင်သုတ်ပေးသည်။
“ဒီလောက်ပါပဲ၊ နင်လည်း ပင်ပန်းနေပြီ၊ စောစောနားသင့်ပြီ။”
ကျူးယွီ သမ်းဝေလိုက်သည်။ သခင်မနှင့် အစေခံမလေးတို့ကြားက ဆက်ဆံရေးက ပိုနီးကပ်လာပြီး ကျူးယွီ သူမကို အထွန့်မတက်တော့ပေ။
“ဒါဖြင့် ကျွန်မသွားတော့မယ်နော်၊ သခင်မလေးလည်း သိပ်နောက်ကျတဲ့အထိ မနေပါနဲ့။”
လုလျန့်ဝေ စာအုပ်တစ်အုပ် ကောက်ကိုင်လိုက်သည်ကို မြင်သောအခါ ကျူးယွီမှာ အခန်းထဲမှမထွက်ခင် မနေနိုင်ဘဲ သတိပေးမိ၏။
ယခု ၅ လပိုင်း မရောက်သေးပေ။ ရာသီဥတုက မပူမအေးဖြစ်သည်။ သူမက ဆေးပညာအကြောင်း စာအုပ်တစ်အုပ် ကိုင်လျက် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ ဆံပင်အစိုကို ခြောက်သွားရန် စောင့်ရင်း စာအုပ်ဖတ်ဖို့ စီစဉ်ထား၏။
သူမ ပြတင်းပေါက်ဖွင့်လိုက်ပြီး လူကို စိတ်ပေါ့ပါးစေသော ပန်းရနံ့များက အထဲသို့ ပျံ့လွင့်လာသည်။ သူမ မျက်လုံးများမှိတ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူရှိုက်လိုက်၏။
သူမ မျက်လုံးများဖွင့်လိုက်သောအခါ ရှည်မျောမျောပုံရိပ်တစ်ခုက သူမရှေ့တွင် ရပ်နေသည်။
ခပ်ဖျော့ဖျော့ဆည်းဆာနေရောင်အောက်တွင် ရုတ်တရက်ကြီး လူရိပ်တစ်ခုပေါ်လာခြင်းက အတော်လေးကြောက်ဖို့ကောင်းသည်။
လုလျန့်ဝေ လန့်သွားပြီး ကြောက်လန့်မှုကြောင့် သူမနှလုံးသားပင် တင်းကြပ်သွားသည်။ သူမ အကျယ်ကြီးအော်မိလုနီးပါးပင်။
အချိန်မှီပင် ရှည်သွယ်သောလက်က သူမပါးစပ်ကို လှမ်းပိတ်လာသည်။
အမျိုးသားတစ်ယောက်၏အသံက သူမနားထဲဝင်လာသည်။ ထိုအသံမှာ ဖြုံလောက်စရာအရှိန်အဝါတစ်ခု ပါဝင်နေ၏။
ထိုလူ၏မျက်နှာကို မြင်ရလိုက်ရသော် လုလျန့်ဝေ စိတ်အေးသွားသည်။
သူမ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်သည်။ သူမ၏ ရှည်လျားထူထဲသော မျက်တောင်လေးများက စုတ်တံအသေးလေးများလို ထိုအမျိုးသား၏ လက်ဖဝါးကို ပွတ်တိုက်သွား၏။ ၎င်းက အနည်းငယ် ယားကျိကျိဖြစ်ပြီး သူ့နှလုံးသားက စိတ်လှုပ်ရှားစွာ ခုန်ပေါက်သွားရသည်။
သူ မျက်လွှာချကာ မိန်းမပျိုလေး၏ လက်ဖဝါးထက် မကြီးသော သူ့လက်ဖဝါးဖြင့် အုပ်ထားခံရသည့် မျက်နှာသေးသေးကို ကြည့်လိုက်သည်။ ၎င်းက အင်မတန်ပင် နုနယ်သိမ်မွေ့၏။ သူမ၏ မြူများဆိုင်းနေသကဲ့သို့ နက်မှောင်ရွှန်းလဲ့သော မျက်လုံးလေးများက သူ့ထံသို့ ကြောင်အအ ငေးကြည့်နေသည်။
သူ လက်မလွှတ်သေးသည်ကို မြင်သောအခါ လုလျန့်ဝေ အလျင်စလို ခေါင်းညိမ့်လိုက်သည်။၎င်းကိုမြင်သော် ထိုအမျိုးသားက တွန့်ဆုတ်စွာဖြင့် လက်လွှတ်ပေးလိုက်သည်။ သူ့လက်ဖဝါးထက်ရှိ နူးညံ့ပျော့အိသော ခံစားချက်လေးက သူ့ကို တသသဖြစ်နေစေခဲ့ပါသည်။
ဆက်ရန်__
Chapter 205
April 9, 2024 by Nay Chi Lynn
အပိုင်း (၂၀၅) - ကိုယ်တော် နောက်ဆက်တွဲကုသမှုခံယူဖို့ လာတာ။
လုလျန့်ဝေ နောက်ဆုံးမှာတော့ လွတ်လွတ်လပ်လပ် အသက်ရှူနိုင်ပြီဖြစ်သည်။ သူမ ခြေတစ်လှမ်းဆုတ်လိုက်ကာ ကိုယ့်စိတ်ကိုယ် ပြန်စုစည်းလိုက်သည်။ သူမ ရှေ့ရှိအမျိုးသားကို အရိုအသေပြုလိုက်ကာ တည်တည်ငြိမ်ငြိမ် ပြော၏။
“ဘာလို့များ ဒီကိုရောက်လာတာပါလဲအရှင်မင်းကြီး။”
လုံယန်က သူမ၏ ယဉ်ကျေးလွန်းနေသော အမူအရာကို တစ်ချက်ကြည့်၍ သူ့မျက်လုံးထဲက အကြည့်များကို ဖုံးကွယ်ထားလိုက်သည်။
“ကိုယ်တော် နောက်ဆက်တွဲကုသမှုခံယူဖို့ လာတာ။”
လုလျန့်ဝေ အံ့ဩသွားသော်လည်း အသိစိတ်ပြန်ကပ်ကာ အနည်းငယ်အံ့ဩစွာ မေးလိုက်သည်။
“အရှင်မင်းကြီး ဘယ်နားက မသက်သာလို့ပါလဲ။”
လုံယန်က သူမကို တစ်ချက်ထပ်ကြည့်လိုက်သော်လည်း ဘာမှပြောမလာချေ။
လုလျန့်ဝေ ၎င်းကိုသတိထားမိလိုက်ပြီး တွန့်ဆုတ်နေပြီးနောက် သူမလေသံကို ပြောင်းလိုက်ကာ ပြောသည်။
လုလျန့်ဝေ စိတ်အေးစွာ သက်ပြင်းချမိ၏။ သို့သော် နောက်တစ်ခဏတွင် သူမအခန်းတံခါး ဖွင့်လိုက်သံကို ကြားလိုက်ရသည်။ သူမ မျက်နှာအမူအရာ ပြောင်းသွားပြီး အလျင်အမြန် ပြေးထွက်သွားရလေသည်။
ထိုအမျိုးသားက အခန်းထဲသို့ အတင့်ရဲစွာ ဝင်သွားနှင့်ပြီဖြစ်သည်ကို သူမ တွေ့လိုက်ရသည်။
လုလျန့်ဝေ မိမိလက်ချောင်းများကို ဖျစ်ညှစ်လိုက်မိသည်။ကျူးယွီ ဒီည အစောင့်တာဝန်မကျပေ။ ဒီလိုဖြစ်မယ်မှန်းသာ သိလျှင် သူမ ကျူးယွီကို ညစောင့်ခိုင်းထားမည်ဖြစ်ပါသည်။ သူမ နှုတ်ခမ်းကိုက်လိုက်မိသည်။
လုံယန်က ပြတင်းပေါက်ဘေးရှိ အိပ်ရာပျော့ပျော့လေးဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားကာ ထိုင်ချလိုက်သည်။
လုလျန့်ဝေ မျက်မှောင်ကြုံ့လိုက်ပြီး အိပ်ရာပေါ်ထိုင်နေသော အမျိုးသားအား ကြည့်ရင်း စိတ်ရှုပ်နေရသည်။သူစိတ်မရှိသော်လည်း သူမကတော့ အရမ်းစိတ်ရှိသည်ဟု သူမစိတ်ထဲ ပွစိပွစိပြောနေမိ၏။
ဧကရာဇ်ဖြစ်သည့်တိုင် အမျိုးသမီးတစ်ယောက်၏အခန်းထဲကိုတော့ ပေါ်တင်ကြီး မဝင်သင့်ဘူး မဟုတ်ပါလား။လုလျန့်ဝေ သုန်မှုန်သွားသည်။သို့သော် သူက ဧကရာဇ်ဖြစ်၏။ သူမ အပြစ်ပြုဖို့ မတတ်နိုင်ပေ။
သူမ သူ့အနားသို့ တိတ်တိတ်လေး ချဉ်းကပ်သွားကာ သူ့ဝတ်ရုံလက်ကို တိတ်တိတ်လေး ဆွဲတင်လိုက်သည်။ သူမ သူ့သွေးကြောကိုစမ်းနေရင်းဖြင့်လည်း တိတ်ဆိတ်နေမြဲ။
လုံယန် မျက်လွှာချကာ သူမကို ကြည့်လိုက်သည်။လုပ်ငန်းစဉ်တစ်လျှောက်လုံးအတွင်း သူမက စကားတစ်လုံးမှမပြော။ သူမ၏ နှုတ်ခမ်းသေးသေးလေးများက တင်းတင်းစေ့ထားသဖြင့် ဒုတိယသခင်မလေးလုတစ်ယောက် စိတ်မပျော်နေသည်မှာ သိသာ၏။
လုံယန် တွန့်ဆုတ်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်။ သူ အနည်းငယ် စိတ်ရှုပ်သွား၏။
သူ မိန်းကလေးငယ်လေးတစ်ယောက်အား ချော့မော့တတ်ဖို့ကို အသာထား၊ အမျိုးသမီးတစ်ယောက်ကိုပင် သူ မချော့မော့ခဲ့ဖူးပေ။
“အရှင်မင်းကြီး၊ ကျွန်မ သွေးကြောစမ်းပြီးပါပြီ၊ ကျန်းမာရေးမှာ မူမမှန်တာ မရှိပါဘူးရှင်၊ ဒါ့အပြင့် အရှင်မင်းကြီးကိုယ်ထဲက ယင်ရှီးအဆိပ်လည်း အရှင်းပျောက်ကင်းသွားပါပြီ။”
လုလျန့်ဝေ သူမလက်ကို ပြန်ဆွဲယူလိုက်ကာ ခပ်ဆတ်ဆတ်ပြောသည်။
နောက်ဆုံးတော့ လုလျန့်ဝေက မျက်လုံးပင့်ကာ သူ့ကို ကြည့်လာသည်။
ဘာလို့ နောက်ဆက်တွဲကုသမှုခံယူဖို့ လာတာလဲ။ သူမ မပြောဖြစ်ဘဲ ထားလိုက်ပါသည်။လုံယန် တစ်ခဏလောက် စဉ်းစားနေပြီးနောက် ပြန်ပြောသည်။
“ဖြေဆေးဖော်တဲ့လူက မင်းလေ၊ ကိုယ်တော့်မှာ မင်းမျက်စိမှောက်ပြီး သတိမပြုမိလိုက်တဲ့ ကျန်းမာရေးပြဿနာတစ်မျိုးမျိုး ရှိနေရင် တိမ်မြုပ်နေတဲ့ ပြင်းပြင်းထန်ထန် ရောဂါတစ်မျိုး ဖြစ်နေနိုင်တယ်။”
“အခု အရှင်မင်းကြီး စိတ်ချလို့ရပါပြီ၊ ကျွန်မ အရှင့်သွေးကြောကို လုံးဝစစ်ဆေးပြီးပါပြီ၊ အရှင်မင်းကြီး ပြန်ကျန်းမာလာပြီမို့ အခြားရောဂါတွေ တိမ်မြုပ်နေနိုင်ချေ လုံးဝမရှိပါဘူး။”
သူ့ကြင်ယာတော်များနှင့် ခန္ဓာကိုယ်ချင်းစပ်ယှက်လျှင်လည်း ပြဿနာမရှိပါ။သေချာပေါက်ပင် ၎င်းကတော့ သူမစိတ်ထဲသိမ်းထားသည့် အတွေးလေးသာ ဖြစ်ပါ၏။ သို့သော် သူမ သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သေး၏။
“မင်း ခုနကဧည့်ခံပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စကို စိတ်ဆိုးနေတုန်းလား။”
လုံယန်က သူမနှင့်တစ်ပြိုင်နက် ပြောလာသည်။လုလျန့်ဝေ အံ့ဩသွားသည်။
လုံယန်က သူမမျက်နှာသေးသေးလေးကို ကြည့်ပြီး တွန့်ဆုတ်စွာ မေးလိုက်သည်။
ဤသည်က လုလျန့်ဝေအား ဧည့်ခံပွဲ၌ ဖြစ်ခဲ့သည့်အကြောင်းအရာများအကြောင်း ပြန်အမှတ်ရစေသွားသည်။
သူမ ခေါင်းခါလိုက်ပြီး
လုံယန်၏ နှုတ်ခမ်းများ မဆိုစလောက် ကွေးတက်သွားသည်နှင့်အမျှ သူ့အမူအရာကလည်း စိတ်အေးလက်အေးဖြစ်သွားသည့်ဟန် ပေါ်လာ၏။
“အရှင်မင်းကြီး ကျွန်မကို ဒါမေးဖို့ တကူးတကလာတာလား။”
လုံယန် ခေါင်းညိမ့်ခါနီးတွင် သူ့စိတ်ထဲ အတွေးတစ်ခုဝင်လာပြီး ခေါင်းယမ်းလိုက်လေသည်။
“မဟုတ်ပါဘူး၊ ရောက်လာပြီဆိုတော့ ကြုံလို့ မေးတာ၊ အဓိကအကြောင်းရင်းက နောက်ဆက်တွဲကုသမှုခံယူဖို့ပဲ။”
လုလျန့်ဝေ သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ့စကားများကို သူမ လုံးလုံးလျားလျား ယုံသည်မဟုတ်ပါ။
သူက တိုင်းပြည်၏ ဧကရာဇ်ပင်ဖြစ်၏။ ဒီလောက်ဉာဉ့်နက်ကြီး နန်းတွင်းက ထွက်ရသည့်အကြောင်းအရင်းက ဒီဟာမဟုတ်လျှင် အခြားဘာများဖြစ်နိုင်ဦးမည်နည်း။
ဆက်ရန်__
Chapter 206
April 10, 2024 by Nay Chi Lynn
အပိုင်း (၂၀၆) - ကိုယ်တော့်ဧကရီ ဖြစ်ပေးပါ။
လုလျန့်ဝေ ထိုအကြောင်း မစဉ်းစားရဲပေ၊ သို့နှင့် သူမ သတ္တိများ စုစည်းကာ ပြောလိုက်သည်။
“အရှင်မင်းကြီး၊ စစ်ဆေးသင့်တာလည်း စစ်ဆေးပြီးပြီ၊ ဖြေသင့်တဲ့မေးခွန်းတွေလည်း ဖြေပေးပြီးပါပြီ၊ အရှင်မင်းကြီး နန်းတွင်းပြန်သင့်ပြီမဟုတ်လား။”
သူတို့ကြားက အသက်ကွာဟမှုက အတော်လေးကြီးမားသော်လည်း သူ သူမကို နမ်းခဲ့ဖူးသည့်အခိုက် ရှိခဲ့သည်။ သူက ဆေးအာနိသင်အောက်တွင်ဖြစ်ပြီး အသိစိတ်ကပ်မနေခဲ့သည့်တိုင် သူမအမြင်တွင်တော့ သူနှင့်အတူ အိမ်ထဲ နှစ်ယောက်တည်းရှိနေရခြင်းက အတော်လေးထူးဆန်းသည်ဟု ခံစားရ၏။
သူ့အဆင့်အတန်းကြောင့်သာ မဟုတ်ပါက သူမ အားနာမနေဘဲ သူ့ကို အိမ်ထဲက နှင်ထုတ်လိုက်မည်ဖြစ်သည်။
သို့သော်လည်း သူမ ယခုလည်း သိပ်ယဉ်ကျေးအားနာနေသည်တော့ မဟုတ်ပါချေ။လုံယန်က သူမမျက်နှာသေးသေးလေးကို တစ်ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ထရပ်လိုက်သည်။လုလျန့်ဝေက သူရုတ်တရက်လှုပ်ရှားလာမည်ဟု မထင်ထား၍ လန့်သွား၏။ သူမ ချက်ချင်း ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။
အံ့ဩရသည်မှာ သူမ နောက်တစ်လှမ်းဆုတ်လိုက်သောအခါ သူက ရှေ့သို့တစ်လှမ်းတိုးလာ၏။
သူမ ပျာယာခတ်သွားပြီး ချက်ချင်းပင် သူမလက်ညှိုးလေးကို ဆန့်ထုတ်လိုက်ကာ သူ့ရင်ဘတ်ကို ထောက်ထားလိုက်သည်။
သူမလက်ညှိုးက သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားခံရသည်၊ သူမ မသိလိုက်မသိဘာဖြင့် ပြန် ကျုံ့လိုက်မိ၏။ သို့သော် သူက ရုတ်ချည်းပင် ပို၍တင်းတင်းဆုပ်ကိုင်လိုက်သဖြင့် သူ့လက်ဖဝါးရှိ နူးညံ့သောအသားအရေကိုပင် သူမ ခံစားလိုက်ရသည်။
လုလျန့်ဝေနဖူးထက် ချွေးစများဝေ့သီလာသည်။ သူမ သူ့ကိုယ်အနားရှိ လေများကို သိပ်မရှူသွင်းမိစေရန် ခေါင်းကို နောက်သို့စောင်းလိုက်၏။ သူမလှုပ်ရှားမှုနှင့်အတူ သူမ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များက လိုက်ပါယိမ်းနွဲ့သွားပြီး သူမကျောထက် ခပ်ဖွဖွ တွဲကျနေကြသည်။
သူမ ပြောမပြနိုင်အောင် ကျိတ်၍စိတ်လှုပ်ရှားနေရပြီး သူ ဘာတွေတွေးနေမှန်းလည်း သူမ မသိချေ။
လုံယန် သူမကို ငုံ့ကြည့်လိုက်သောအခါ သူမနဖူးထက် ချွေးစများသီးနေသည်ကို မြင်လိုက်ရသည်၊ သူ့ကို ကြောက်နေသည်မှာ အထင်အရှားပင်။
သူ မျက်မှောင်ကြုံ့လိုက်ပြီး ရုတ်တရက် သူ့အကျီလက်ကို မြှောက်၍ သူမဖြူဖျော့ဖျော့နဖူးပေါ်က ချွေးစများကို ညင်ညင်သာသာ သုတ်ပေးလာလေသည်။
လုလျန့်ဝေ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူမအသက်ရှူရသည်မှာ ပို၍တင်းကြပ်လာသည်။ဤသို့ရင်းနှီးနီးကပ်သော အပြုအမူမျိုးက အတော်လေးဒွိဟဖြစ်စေသည်။ သူမက ဘာမှနားမလည်သည့် ခပ်တုံးတုံးမိန်းကလေးလည်းမဟုတ်။ သူ တစ်ခုခုပြောလာတော့မည်ဟု ခံစားမိ၍ သူမ ကြောက်လန့်သွားသည်။ သို့နှင့် သူ မပြောနိုင်ခင် သူမ အလျင်အမြန် အရင်ပြောလိုက်၏။
“အရှင်မင်းကြီး၊ ကျွန်မ အခု အိပ်ရာဝင်ချင်ပါပြီ၊ အရှင်မင်းကြီးလည်း နန်းတွင်းပြန်အနားယူသင့်ပါပြီရှင်။”
လုံယန်က သူမကို တစ်ချက်ကြည့်ပြီးနောက် အဆုံးမှာတော့ သူမလက်ကို လွှတ်ပေးလိုက်သည်။ သူ ခြေတစ်လှမ်းဆုတ်လိုက်ပြီး သူ့မျက်နှာမှာ ပျော်ရွှင်မှုရော ဒေါသပါ မပြပေ။ သူ့လေသံက တည်ကြည်ကာ ဂရုတစိုက်အငွေ့အသက်တို့ပင် ပါဝင်နေသေး၏။
“လုလျန့်ဝေ၊ ကိုယ်တော့်ဧကရီဖြစ်ပေးပါ၊ ကောင်းမလား။”
လုလျန့်ဝေ အံ့အားသင့်သွားပြီး သူမမျက်လုံးလှလှများက ဖြည်းဖြည်းချင်း ပြူးကျယ်သွားသည်။
လုံယန် မျက်မှောင်ကြုံ့လိုက်၏။ သူမက ဘာလို့ ဒီလောက်အံ့ဩသွားတဲ့ပုံပေါ်နေရတာလဲ။
သူ တွန့်ဆုတ်စွာဖြင့် မေးသည်။လုလျန့်ဝေ နောက်ဆုံးတော့ အသိပြန်ဝင်လာပြီး ချက်ချင်းပြောလိုက်၏။
လုလျန့်ဝေ အံ့ဩနေရာမှ အသိပြန်ကပ်လာပြီးနောက် ပို၍သတ္တိရှိရှိလာပုံရ၏။အကယ်လို့ လုံယန်သာ သူမကို ထပ်အံ့ဩအောင်လုပ်လျှင် သူမ မနက်ဖြန်နေထွက်သည်ကိုပင် မြင်ရတော့မှာမဟုတ်တာ ကျိန်းသေသည်။သူ့လန့်စရာကောင်းသောစကားများကို အဆုံးသတ်ရန် သူမ တည့်တိုးပြောလိုက်၏။
“ကျွန်မ နန်းတွင်းမဝင်ချင်ဘူး၊ အရှင့်ဧကရီဖြစ်ရဖို့ကို ပိုပြီးတောင် သဘောမကျပါသေးတယ်။”
လုံယန် ဆတ်ခနဲမျက်နှာပျက်သွားလေသည်။ ဧကရာဇ်တစ်ယောက်အနေဖြင့် သူ လုလျန့်ဝေထံမှ ပြောင်ပြောင်တင်းတင်း အငြင်းခံလိုက်ရဖို့ကိုဝေးစွ၊ အငြင်းခံရခြင်း၏ ခံစားချက်ကိုပင် သူ မခံစားဖူးခဲ့ပေ။သူ အင်မတန်စိတ်မကျေမနပ်ဖြစ်လာသည်နှင့်အမျှ သူ့မျက်နှာချောချောသည်လည်း မည်းမှောင်လာသည်။
သူ့အသံက ခပ်နက်နက်ဖြင့် လူကိုစိုးရိမ်လာစေကာ အန္တရာယ်လည်းများ၏။ သို့သော် သူ့အကျီလက်အောက်တွင်မူ သူ့လက်များက လက်သီးတင်းတင်းဆုပ်ထားကြသည်။
လုလျန့်ဝေ လက်ချောင်းများ တုန်ယင်သွားသည်။အမှန်တိုင်းပြောရလျှင် လုံယန်သည် စကားမပြောသောအချိန်တွင် အင်မတန်ကြောက်ဖို့ကောင်းသည့်ပုံပေါ်၏။ သူမ သူနှင့်မျက်လုံးချင်းဆုံနိုင်ရန် သတ္တိများ စုစည်းလိုက်သည်။