← Chapters

အခန်း (၂၁၀-၂၁၂)

Vol. 5 Ch. 210-212

အခန်း (၂၁၀-၂၁၂)

Vol. 5 Ch. 210-212

အပိုင်း (၂၁၀) - သတို့သားရွေးခြယ်ဖို့ ပွဲနေရာစီစဉ်ခြင်း။

မြို့စားကတော်ဟောင်းမှာ အရှုံးပေးသည့်အနေဖြင့် ခေါင်းယမ်းသည်။ သူမ ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး အနည်းငယ် စိတ်ရှုပ်သွားပုံပေါ်သည်။

“ဒါပေမယ့် သမက်ရွေးဖို့က လွယ်တော့မလွယ်ဘူး၊ မိသားစုနောက်ခံကို ကြည့်စရာမလိုပေမယ့် အကျင့်စရိုက်နဲ့ရုပ်ရည်ကိုတော့ လျစ်လျူရှုထားလို့မရဘူး။”

သူမအထင်တွင် ဝေဝေသည် အကြံဉာဏ်အများကြီးရှိသောမိန်းကလေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ ဒီစိုးရိမ်မှုကို ထုတ်ပြောဖို့ သိပ်စိတ်မပူပေ။

လုလျန့်ဝေ ခေါင်းညိမ့်လိုက်သည်။

“အဘွားပြောတာမှန်တယ်၊ ကျွန်မတို့ သေချာရွေးဖို့လိုတယ်၊ အကျင့်မကောင်းတဲ့လူလည်း မလိုချင်ဘူး၊ ရုပ်ရည်ကြည့်မကောင်းတဲ့လူလည်း မလိုချင်ဘူး။”

သူမစကားများကြောင့် မြို့စားကတော်ဟောင်းမှာ ငိုရမလားရယ်ရမလားပင် မသိတော့။

“ညည်း မရှက်တတ်ဘူးလားဟမ်၊ မိန်းကလေးဖြစ်ပြီး ဒီစကားတွေပြောနေတာ။”

လုလျန့်ဝေက အပြစ်ကင်းစွာပင် မျက်တောင်‌တဖျတ်ဖျတ်ခတ်လိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေသည်။

“ကျွန်မက ဘာလို့ရှက်ရမှာတုန်း၊ တစ်သက်မှာတစ်ခါပဲဖြစ်မယ့်ကိစ္စကို ပစ်စလက်ခတ်လုပ်လို့မှမရတာနော်၊ ရှက်နေပြီး ကျွန်မအတွေးတွေကို သေချာထုတ်မပြောရင် နောက်ဆုံးဒုက္ခရောက်တာ ကျွန်မပဲဖြစ်မှာမဟုတ်လား။”

“ညည်းဒီပါးစပ်လေးကတော့လေ! ကောင်းပါပြီ၊ ငါ ညည်းနဲ့ပြိုင်မငြင်းနိုင်ပါဘူး၊ ညည်း အရင်ပြန်သွားတော့၊ ငါ ညည်းအဖေနဲ့ ထပ်ဆွေးနွေးလိုက်ပါဦးမယ်၊ စီစဉ်ပြီးရင် ညည်းကိုပြောပြမယ်။”

“ဟုတ်ပြီ၊ ကျွန်မ လက်ထပ်ဖို့အစီအစဉ် အဘွားကို လွှဲထားလိုက်ပြီနော်။”

သူမ မြို့စားကတော်ဟောင်းကို အရိုအသေပြုလိုက်သည်။

“ဒါပေမယ့် ကျွန်မကို အရည်အ‌သွေးမကောင်းတဲ့ယောင်္ကျားတော့ ရှာမပေးနဲ့နော်။”

“အေးပါ အေးပါ မြန်မြန်သွားပါတော့၊ ညည်းရှိနေရင် ငါ အာရုံစိုက်လို့မရဘူး။”

ထိုသို့ဖြင့် သူမ လေလို ဝှစ်ခနဲပြေးသွားသည်။ မြို့စားကတော်ဟောင်းက အဒေါ်ကြီးလန်ကို ညည်းညူ၍ပြောလိုက်၏။

ထိုသို့ပြောသော်လည်း သူမမျက်နှာထက်ရှိ အပြုံးကိုတော့ မဖုံးကွယ်နိုင်ပေ။အဒေါ်ကြီးလန်က ပြုံးလိုက်ပြီးနောက် ရိုးရိုးသားသား ပြောလိုက်သည်။

“ကျွန်မအထင်တော့ ဒုတိယသခင်မလေးလုက အကြည်ဓာတ်လေးပါပဲရှင်၊ သူလာတိုင်း လူ‌က စိတ်ပျော်ပြီး သက်သောင့်သက်သာဖြစ်သွားတာပဲ။”

ပိုအရေးကြီးသည်မှာ ဒုတိယသခင်မလေး လာလည်တိုင်း မြို့စားကတော်ဟောင်းမှာ အမြဲစိတ်အခြေအနေကောင်းနေတတ်၏။

“ဒါပေမယ့် သမက်ရွေးဖို့က လွယ်တော့မလွယ်ဘူး၊ ဘယ်မိသားစုကောင်းကောင်းကမှ သူတို့သားကို ဒီလိုပေးချင်မှာမဟုတ်ဘူးလေ၊ ဆင်းရဲတဲ့မိသားစုတွေကတော့ ဆန္ဒရှိကောင်းရှိနိုင်ပေမယ့် ဝေဝေကို အဲဒီလိုမိသားစုထဲ အိမ်ထောင်ပြုခိုင်းရမှာ သူ့အတွက် မတရားရာကျလိမ့်မယ်။”

မြို့စားကတော်ဟောင်း၏ စိတ်ဓာတ်ကျနေသောအမူအရာကို မြင်သောအခါ အဒေါ်ကြီးလန်မှာ ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးပြီး ဖြေရှင်းနည်းတစ်ခု စဉ်းစားရလေသည်။

ရုတ်တရက် သူမ အကြံတစ်ခု တွေးမိပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“မြို့စားကတော်ဟောင်းရှင့်၊ ကျွန်မ နည်းလမ်းတစ်ခုတွေးမိတာရှိတယ်၊ ဖြစ်နိုင်ပါ့မလားတော့မသိဘူးရှင်။”

၎င်းကိုကြား‌သော် မြို့စားကတော်ဟောင်းက အလျင်အမြန်ပြောသည်။

“ကျွန်မအထင် ကျွန်မတို့ကိုယ်တိုင် သင့်တော်တဲ့မိသားစုကို ရှာမယ်ဆို သိပ်အလုပ်ပိုပါလိမ့်မယ်၊ အဲဒီအစား စိတ်ဝင်စားတဲ့သူတွေကို သူတို့ကိုယ်တိုင် လာခိုင်းလိုက်လို့ရပါတယ်။”

“ကျွန်မတို့ သတို့သားရွေးဖို့အတွက် ပွဲနေရာတစ်ခု စီစဉ်လိုက်လို့ရတယ်။”

“အဲ့ဒါအပြင် ကျွန်မတို့ အဲ့လိုလုပ်လိုက်ရင် ပါဝင်ယှဉ်ပြိုင်တဲ့လူတွေကို ‌မြို့တော်ကမိသားစုတွေရယ် အဆင့်အတန်းကောင်း မိသားစုတွေရယ်လို့ ကန့်သတ်ထားစရာမလိုတော့ဘူးလေ၊ သိုင်းလောကက သူရဲကောင်းတွေကိုလည်း လက်ခံလို့ရတာပဲ။”

“ဟုတ်သားပဲ၊ ငါဘာလို့မစဉ်းစားမိပါလိမ့်၊ ဒီလိုဆို ငါတို့ ရွေးခြယ်နိုင်တဲ့ အဝန်းအဝိုင်းလည်း ပိုကျယ်သွားမယ်၊ သိုင်းလောကက သူရဲကောင်းမိသားစုတွေကိုလည်း ထည့်တွက်လို့ရသွားမယ်၊ သတို့သမီးမိသားစုထဲ လက်ထပ်ဝင်ချင်တဲ့သမက်တော့ ရှိကိုရှိမှာပဲ၊ သူတို့အကျင့်စရိုက်ကို ထည့်စဉ်းစားဖို့နည်းလမ်းလည်း အများကြီးရှိတယ်။”

ဆက်ရန်__

Chapter 211

April 11, 2024 by Nay Chi Lynn

Chapter 211

ငါအရမ်းအိုနေပြီလား

မြို့စားကတော်ရဲ့မျက်လုံးတွေကစကားပြောနေရင်းနဲ့ကိုအရောင်တွေတလက်လက်တောက်လာသည်

“ဒီအကြံလည်းမဆိုးဘူးမင်းသားနှင့်မြို့စားကြီးပြန်သွားရင်သူတို့ကိုသွားဖိတ်လိုက်ဒီကိစ္စကိုသူတို့နှင့်ငါသေသေချာချာဆွေးနွေးဖို့လိုတယ်”

လုလျန့်ဝေကတော့သေချင်ယောင်ဆောင်တဲ့ဆေးကိုဖော်စပ်နေရင်းရုတ်တရက်နှာတွေချေနေသည်

ကျူးယွီကရုတ်တရက်ကြီးခြုံထည်ကိုယူလာပြီးသူမအပေါ်အလောတကြီးခြုံပေးလိုက်သည်

“သခင်မလေးအအေးမိထားတာလားဒါလေးကိုမြန်မြန်ခြုံလိုက်”

လုလျန့်ဝေကခေါင်းခါပြီးပြောလိုက်တယ်

“ရတယ်ငါအေးတယ်လို့မခံစားရဘူး”

ဘယ်လိုဖြစ်ဖြစ်ကျူးယွီကသူမပြောတာနားမထောင်ဘဲသူမရဲ့ပုခုံးပေါ်ကိုပတ်ခြုံပေးလိုက်သည်

လုလျန့်ဝေကလည်းသူမကိုလုပ်ခွင့်ပေးလိုက်တယ်ဘယ်လိုဘဲဖြစ်ဖြစ်သူမခြုံထည်ရဲ့အရောင်ကိုမြင်လိုက်တော့သူမတောင့်သွားသည်

သူမစီလာတုန်းကယူလာတာသူမမေ့ပြီးတော့ပြန်မပေးရသေးတာ

သူမခဏစဉ်းစားနေပြီးခြုံထည်ကိုဖယ်ပြီးတော့ကျူးယွိကိုပေးလိုက်သည်

“ဒီခြုံထည်ကိုမသုံးဘဲနေရအောင်ဝေးဝေးမှာအရင်ထားလိုက်”

ကျူးယွီကလိုက်ပြီးတော့ခြုံထည်ရဲ့ဒီဇိုင်းကိုသေသေချာချာမြင်လိုက်ရပြီးအလန့်တကြားထအော်သည်

ကျူးယွီကသူမကိုသံသယမဝင်ဘဲအဲ့ခြုံထည်ကိုယူသွားပြီးနောက်ခြုံထည်တစ်ခုထပ်ယူလာသည်

လုယန်ကနန်းတော်စာကြည်နေရာတွေနန်းတော်အထိမ်းအမှတ်ပွဲတွက်လျာထားနေစဉ်ကျောက်ချန်ကထူခြားသောအမူအရာနဲ့ဝင်ရောက်လာသည်

“သခင် မင်းသားလုနှင့်ဒုတိယမင်းသမီးလုတို့ကဒါကိုပြန်ပေးခိုင်းလိုက်လို့ပါ”

လုယန်ကအလုပ်ကိုရပ်လိုက်ပြီးတော့သူ့ကိုမော့ကြည့်လိုက်သည်

သူ့လက်ထဲကခြုံထဲကိုမြင်သွားသောအခါသူမျက်မှောင်ကြုံ့သွားသည်

ကျောက်ချန်ကသူ့သခင်ရဲ့ထူးခြားတဲ့အမူအရာကိုသတိမထားမိဘဲစပ်စုစွာဆက်လက်ပြောနေသည်

“ဘယ်ချိန်ကဒုတိယမင်းသမီးလုကဒီခြုံထည်ကိုထားခဲ့တာလဲဘာလို့ကျွန်တော်ကကောသတိမထားမိလိုက်တာလဲ”

ကျောက်ချန်ကကုန်းပြီးတော့ကောက်ပေးပြီးတော့ဘာလဲဆိုတာကြည့်မလို့လုပ်နေချိန်လုယန်ကအလျင်အမြန်ဘဲလုကောက်လိုက်သည်

လုယန်ကဓားမြှောင်ကိုသူ့ခြုံထည်အောက်မှသေသပ်စွာထားလိုက်သည်ခဏနည်းနည်းကြာတော့သူမေးလိုက်သည်

သူ့နဂိုပုံပြန်ရဖို့နည်းနည်းအချိန်ယူလိုက်ရတယ်ပြီးတော့သူ့ရဲ့နှိုင်းယှဉ်လို့မရတဲ့ချောမောတဲ့မျက်နှာကိုကြည့်လိုက်သည်

သခင်ကလုံးဝမအိုပါဘူးသူကဘာလို့အဲ့လိုမေးခွန်းကိုရုတ်တရက်ကြီးမေးရတာလဲ

လုယန်ရဲ့အကြည့်တွေကသူ့စီရောက်လာတဲ့အခါမှာသူရုတ်တရက်ကြီးခေါင်းခါပြီးတော့သူ့ရဲ့နှုတ်ခမ်းကနေမြှောက်ပင့်တဲ့စကားလုံးတွေဝေဝေဆာဆာရေစီးလာသလိုထွက်လာပါတော့သည်

“သခင်ကမအိုသေးပါဘူး!သခင်ကငယ်ရွယ်တယ်အောင်မြင်တယ်ချောမောတယ်ပင်ကိုယ်စွမ်းရည်ရှိတယ်ကျက်သရေရှိတယ်”

သူအသိစိတ်ကိုပြန်ကပ်တော့သူ့သခင်ကစာကြည့်ဆောင်ကနေထွက်သွားပြီ

ရာသီဥတုကလည်းဒီနေ့သာယာသည်တော်ဝင်ပန်းခြံထဲမှာလည်းပန်းတွေပွင့်နေတဲ့ရနံ့တွေနဲ့လိပ်ပြာလေးတွေလည်းတောင်ပံတဖြတ်ဖြတ်ခတ်နေသည်

သူကျောက်ပုံတွေစုထားတဲ့စီလမ်းလျှောက်သွားပြီးအကာအဝေးကိုကြည့်သည်

ပျော်ရွှင်ဖွယ်အသံတစ်ခုကိုကြားပြီးတော့လောင်ရန်ရဲ့အတွေးတွေပြန့်ပျယ်သွားသည်

လုယန်ကအသံကြားရဘက်ကိုကြည့်လိုက်တော့အမျိုးသမီးဝတ်စုံနဲ့ကျောက်စုပုံပေါ်မှာခေါင်းငုံ့နေတာတွေ့လိုက်သည်

အဲ့တာကသူ၏ကိုယ်လုပ်တော်ဖြစ်သည်။သူမသူမရဲ့နန်းဆောင်မှာပျင်းနေပြီးတော့တော်ဝင်ပန်းခြံထဲကိုလမ်းလျှောက်ထွက်လာတာဖြစ်တယ်သူမကဧက္ကရာဇ်နဲ့ဆုံမယ်လို့မထင်ခဲ့ဘူး

သူမရဲ့ဆွဲဆောင်မှုရှိတဲ့မျက်လုံးလေးကိုပင့်လိုက်သည်ကျောက်စုပုံဘေးနားမှာရပ်နေတဲ့ဧက္ကရာဇ်ကိုရှက်စွာကြည့်နေသည်

သူမအားထုတ်ပေမယ့်လည်း သူမမျက်လုံးထဲကအချစ်စိတ်ကိုဖုံးကွယ်လို့မရဘူး

အဲ့ချိန်မှာကိုယ်လုပ်တော်ကမတ်တပ်ရပ်လိုက်ပြီးတော့ခဏလောက်တွေးမိတဲ့နောက်မှာသူမသတ္တိမွေးပြီးကျောက်စုပုံသို့တက်သွားသည်

သူမအနားကပ်လာတာကိုဧက္ကရာဇ်ကမငြင်းဆိုတဲ့အခါသူမစိတ်ထဲမှာပျော်ရွှင်သွားသည်

သူမနှစ်ယောက်ကြားပိုနီးကပ်လေသူမရဲ့အပြုံးကပိုပြီးတော့ဖြီးလာသည်

Chapter 212

April 12, 2024 by Nay Chi Lynn

Chapter 212

အရှင်မင်းကြီးပိုပြီးတော့ကျယ်ကျယ်ပြောသင့်တယ်

“ကိုယ်လုပ်တော် မင်းစည်းမျဉ်းတွေထပ်မကျော်ဖို့မျှော်လင့်ပါတယ်”

ကိုယ်လုပ်တော်ရဲ့မျက်နှာပေါ်ကအပြုံးကရပ်တန့်သွားပြီးသူမရပ်တန့်လိုက်သည်

လုယန်ကအနောက်ကိုလှည့်လိုက်သည်

“မင်းဒီနေရာကိုကြိုက်ရင် ကြိုက်သလောက်ကြည့်လို့ရတယ်”

ပြောပြီးပြီးချင်းသူကကျောက်စုပုံပေါ်က သူမကိုတစ်ချက်မှမကြည့်ဘဲဆင်းသွားသည်

သူမရဲ့လက်ထဲကလက်ကိုင်ပုဝါကိုထပ်ခါထပ်ခါတွန့်ချေလိုက်သည်။

သူမကခုဧက္ကရာဇ်နဲ့၁၀လှမ်းအကွာမှာရှိနေတာဒါပေမယ့်အဲ့တာကသူ့ကိုဒေါသထွက်စေတယ်

သူကဒေါသတော့မထွက်သွားပါဘူး ဒါပေမယ့်သူမကိုဒီမှာနေပြီးတော့ရှူခင်းကိုကြည့်နေဆိုပြီး မသိမသာအပြစ်ပေးသွားသည်

ဧက္ကရာဇ်ကခွင့်မပြုမခြင်းသူမဒီမှာဘဲရပ်နေပြီးထွက်သွားလို့မရဘူး

ကိုယ်လုပ်တော်လေးကငိုချင်လာသည်

လုယန်က သူ့ရဲ့တိတ်ဆိတ်တဲ့အချိန်ကိုနှောင့်ယှက်ခံလိုက်ရလို့စိတ်မကြည်ဖြစ်သွားသည်

တော်ဝင်ပန်းခြံကအကျယ်ကြီးဘဲဒါပေမယ့်သူဘယ်နေရာကိုမှမသွားချင်ဘူး

သူ့ရင်ဘတ်ထဲမှာဒေါသတွေတလိပ်လိပ်တက်လာသည်သူတစ်ခါမှဒီလိုမျိုးမခံစားဖူးဘူးခက်ခဲတဲ့တရားရေးရာပြဿနာတွေဖြေရှင်းရင်တောင်မှမခံစားရဖူးဘူး

ဘယ်လိုဘဲဖြစ်ဖြစ် ဒီဒေါသထွက်မှုတွေက တနေ့ကညလောက်ထဲကဖြစ်နေတာအဲ့တာကိုဖြေရှင်းဖို့အတွက် သူနည်းလမ်းမတွေ့ဘူး အဲ့တာတွေကကြီးထွားသထက်ကြီးထွားလာသည်

ငယ်ရွယ်ချောမောတဲ့ကောင်မလေးမျက်နှာကိုသူ့စိတ်ထဲမှာခဏလေးမြင်ယောင်မိသွားသည်

သူမျက်လုံးကိုကြုံ့လိုက်သည်သူတစ်ခါမှတစ်စုံတစ်ယောက်ကိုအရမ်းမလိုချင်ဖူးဘူးဧက္ကရာဇ်တစ်ယောက်အနေနဲ့သူကတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့သူဘယ်ချိန်မဆိုသူတစ်ခုခုလိုချင်လာရင်ဘယ်သူမှမငြင်းဆန်ရဲဘူး

သူမကအဲ့လိုအထွန့်တက်တဲ့အကြောင်းပြချက်တွေပေးပြီးတော့သူ့ကိုငြင်းလို့ရမယ်ထင်နေတာလား

သူအဲ့တာကိုတွေးနေစဉ်သူ့ရဲ့ဝမ်းနည်းနေတဲ့မျက်နှာကရုတ်တရက်တောက်ပလာသည်

လုလျန့်ဝေက သေချင်ယောင်ဆောင်တဲ့ဆေးကို ဝမ်ဟယ် စီပေးလိုက်သည်

“ဒါကိုလင်ချင်းယွမ်ကိုတိုက်ရိုက်ပေးလိုက်ဘယ်သူမှမသိစေနဲ့နင်လုပ်နိုင်လား”

ဝမ်ဟယ်က သူမစီကကြွေထည်ပုလင်းကိုယူပြီးတော့ခေါင်းငြိမ့်လိုက်သည်။

စိတ်သက်သာရာရသွားပြီး လုလျန့်ဝေကသူ့ကိုသတိပေးလိုက်သည်

“ကျွန်တော်မပြောရဲပါဘူးကျွန်တော်မနက်ဖြန်နေထွက်တာကိုကြည့်ချင်ပါသေးတယ်”

လုလျန့်ဝေရယ်လိုက်သည်သူကသူမကိုဆွနေတယ်ဆိုတာသိလိုက်သည်

ကြည့်ရတာသူက “မှတ်ထားတယ်”နဲ့တူတယ်သူ့ကိုလှည့်စားပြီးနောက်ဆုံးအကြိမ်တုန်းကအဆိပ်ခတ်တုန်းက

“ငါကတိပေးတယ်ငါဆေးမခတ်ဘူးစိတ်မပူနဲ့သွားပါတော့”

သူမရဲ့အသံကသူမရဲ့နောက်ဆုံးလေးစားမှုပေးတဲ့အသံပေါက်နေတာလဲ

လုလျန့်ဝေသူမအခန်းပြန်ရောက်သောအခါလေထုထဲမှာတစ်ခုခုမှားနေတယ်ဆိုပြီးခံစားမိလိုက်တယ်ကျူးယွီကဘေးမှာတိတ်တိတ်လေးရပ်နေပြီးသူမကအသက်တောင်မရှူနိုင်ဖြစ်နေသည်

သူမပြန်လာပြီးတော့မျက်လုံးနဲ့အချက်ပြလိုက်တာကိုတွေ့လိုက်ရတယ်

လုလျန့်ဝေလန့်ပြီးတော့ကြည့်လိုက်ရာ သတိထားမိလိုက်တာက ယောကျာ်းတစ်ယောက်ပြတင်းပေါက်ဘေးကမွေ့ယာလေးပေါ်မှာထိုင်နေတယ်ဆိုတာကိုဘဲ

ကျူးယွီက သံသယမျက်လုံးတွေနဲ့သူမကိုကြည့်လိုက်တယ် ထပ်ပြီးတော့လား???

လုလျန့်ဝေစကားမှားပြောမိတာကိုသတိထားမိပြီးတော့ကျူးယွီကိုလျင်လျင်မြန်မြန်ပြောလိုက်သည်

“လက်ဖက်ရည်တစ်အိုးသွားပြင်လာခဲ့တခြားဘယ်သူ့ကိုမှမနှောင့်ယှက်နဲ့”

တော်တော်စိတ်သက်သာရာရသွားသည့်ကျူးယွီက အမိန့်နာခံစွာနဲ့အခန်းထဲကလျင်မြန်ထွက်သွားသည်

လုယန်ကသူမမွေ့ရာပေါ်ပစ်တင်ထားတဲ့ဆေးစာအုပ်ကိုကိုင်ပြီးဖတ်နေသည်။ သူသည်သူမရဲ့မရိုမသေပြောတဲ့အသံကိုလည်းစိတ်အနှောင့်ယှက်ဖြစ်ပုံမရဘူး

သူ့ရဲ့စာအုပ်ကိုတိတ်ဆိတ်စွာဖတ်နေတာကိုကြည့်ပြီးတော့လုလျန့်ဝေလည်းစကားမပြောချင်ဘူးသူမစားပွဲမှာထိုင်ပြီးတော့မီးစာကိုဆံထိုးနဲ့ဆော့နေသည်

သူမမီးစာနဲ့ဆော့နေတုန်းမှာအခန်းထဲမှာရုတ်တရက်လင်းသွားပြီးမှုန်ဝါးသွားတယ်

ဖယောင်းတိုင်ရဲ့မှုန်ဝါးဝါးအလင်းလေးကသူမရဲ့သေးသွယ်တဲ့မျက်နှာလေးကိုမီးထိုးပေးနေသောကြောင့်ဝေးကွာပြီးတော့မှုန်ဝါးနေသည်

သူပြောနိုင်တယ်ဒီကောင်မလေးသုန်မှုန်နေတယ်ဆိုတာကို

လုလျန့်ဝေသူ့ဘက်ကိုလှည့်ပြီးတော့သူ့ကိုကြည့်ပြီးအေးဆေးစွာပြောတယ်

“အရှင်မင်းကြီးစကားပိုကျယ်ကျယ်ပြောသင့်တယ်”

All Chapters