← Chapters

အခန်း (၂၁၃-၂၁၅)

Vol. 5 Ch. 213-215

အခန်း (၂၁၃-၂၁၅)

Vol. 5 Ch. 213-215

Chapter 213

ငါနင့်ကိုဘဲလိုချင်တယ်

ဒီကောင်မလေးကတခြားသူတွေထက်သတ္တိရှိပြီးတော့သူ့ကိုလည်းမကြောက်ဘူးဆိုတာ လုယန်ကသိပြီးသားဖြစ်တယ် ဒါပေမယ့်သူမရဲ့အမူအရာကသူ့ကိုနည်းနည်းအံ့ဩသွားစေတယ်

“ဟမ်”

“အရှင်မင်းကြီးစကားကိုကျယ်ကျယ်ပြောသင့်တယ်မြို့စားအိမ်ရာထဲမှာရှိတဲ့သူတွေအားလုံးကြားသွားပြီးတော့ဧက္ကရာဇ်ကမိန်းမပျိုလေးအခန်းထဲညဘက်ဝင်လာတယ်ဆိုတာသူတို့သိသွားအောင်”

လုလျန့်ဝေကြိတ်ရယ်လိုက်တယ်ဒါပေမယ့်သူ့မှာရင်ဘတ်ထဲမှာတော့ခံစားချက်တွေရှုပ်ထွေးနေတယ်

အဲ့ဒီညမတိုင်ခင်ကသူ့ကိုငြင်းလိုက်တာကသူမကသေစေနိုင်လောက်တဲ့အပြစ်ကိုကျူးလွန်လိုက်တာဘဲသူကအပြစ်မပေးတာသူမအတွက်ကံကောင်းတယ်

သူမထင်တာသူထက်ပြီးတော့မလာလောက်တော့ဘူးလို့သူထပ်လာခဲ့တော့သူမအံ့ဩသွားတယ်

လုယန်ရဲ့ပါးစပ်ထောင့်အနည်းငယ်အပေါ်သို့တက်သွားသည်

လုယန်ရင်ခုန်သွားတယ်သူ့ရဲ့ဒေါသထွက်နေတဲ့စိတ်ကိုမျိုချလိုက်တယ်သူ့ရဲ့ရင်ဘတ်ထဲမှာပျော်ရွှင်မှုတွေနဲ့အစားထိုးသွားသည်

သူရုတ်တရက်ထပြီးတော့သူမစီလမ်းလျှောက်သွားသည်

လုလျန့်ဝေသူမရဲ့နောက်မှအရိပ်ကြီးတစ်ခုရောက်နေတာကိုခံစားမိ၍လှည့်ပြီးတော့မော့ကြည့်လိုက်သည်

သူမမျက်တောင်လေးခတ်ပြီးထမလို့လုပ်တဲ့အချိန်မှာလက်အကြီးကြီးတစ်စုံကသူမပုခုံးလေးကိုကိုင်လိုက်သည်။

စိတ်လှုပ်ရှားနေသည် လုလျန့်ဝေယောကျာ်းတစ်ယောက်ရဲ့ညင်သာတဲ့အသံကိုကြားပြီးနောက်

“ငါမြို့စားကတော်စီမှာခွင့်တောင်းဖို့စီစဉ်နေတာငါတခြားသူတွေသိသွားမှာကိုမကြောက်ဘူး”

မတော်တဆလုယန်ရဲ့မေးစေ့နှင့်သူမရဲ့ခေါင်းနဲ့တိုက်သွားသည်

ဒါကိုတွေတော့လုလျန့်ဝေနည်းနည်းအပြစ်ရှိသလိုခံစားရပြီး

သူမမျက်နှာရဲပြီးတော့သူ့ကိုမျက်လုံးလေးဝိုင်းပြီးတော့ကြည့်နေသည်

ဘယ်လိုဘဲဖြစ်ဖြစ်ခဏအကြာမှာသူမအသိစိတ်ပြန်ဝင်လာပြီးတော့စိတ်ကိုဖြည်းဖြည်းချင်းလျှော့ချလိုက်သည်မျက်မှောင်ကြုံ့ပြီးတော့ဘေးကိုခြေလှမ်းတိုးပြီးရှောင်လိုက်သည်

“အရှင်မင်းကြီးဒီလိုလုပ်တာအရှင်မင်းကြီးတွက်မသင့်တော်ပါဘူး”

“အရှင့်ရဲ့အချိန်တွေကိုကျွန်မနဲ့မဖြုန်းတီးသင့်ပါဘူးကျွန်မနန်းတော်ထဲလည်းမဝင်ချင်ပါဘူး”

“အဲ့တာဆိုနန်းတော်ထဲဘာလို့မဝင်ချင်တာလဲဆိုတာငါ့ကိုပြော”

“မနေ့ကညထဲကကျွန်မရှင်းရှင်းလင်းလင်းပြောပြပြီးပြီထင်တယ်”

“အရှင်ကဧက္ကရာဇ်ဘဲအရှင်လိုချင်တဲ့မိန်းကလေးတိုင်းကိုအရှင်ယူလိုရတာဘဲဘာလို့ကျွန်မနောက်ကိုဘဲလိုက်နေတာလဲ!”

လုလျန့်ဝေကြောင်သွားပြီးမှ ခဏအကြာတော့လုလျန့်ဝေက ခြောက်သွေ့နေတဲ့သူမနှုတ်ခမ်းလေးကိုကိုက်လိုက်တယ်

“အရှင်ကျွန်မကိုပြန်ပေးဆပ်ခိုင်းမယ်ဆိုရင်လည်းတခြားနည်းတွေရှိပါတယ် အရှင်ကိုယ်အရှင်စတေးခံဖို့တော့မလိုပါဘူး”

“နင့်ကိုငါ့ရဲ့ဧကရီအဖြစ်တင်မြောက်တာကပြန်ပေးဆပ်ခိုင်းတယ်လို့ထင်တာလား”

လုလျန့်ဝေသူနဲ့အကြည့်ချင်းဆုံမိသွားတဲ့အခါမှာတော့သူမအတွေးလွန်မိသွားတယ်ဆိုတာသိလိုက်သည်

သူမလက်သီးကိုကျစ်ကျစ်ဆုပ်ပြီးတော့စိတ်ကိုအတင်းလျော့ချပြီးပြတ်ပြတ်သားသားပီပီသသသဖြည်းညင်းစွာပြောလိုက်သည်

“အရှင်မင်းကြီးအရှင်ရဲ့အဆိပ်ကိုကုသပေးတာဆုလာဘ်တော်ရရှိနိုင်မလား”

သူမဒါကိုပြောလိုက်တော့လုယန်နည်းနည်းလန့်ဖြန့်သွားပြီးတော့ခဏအကြာမှာတော့အသံတိုးတိုးနဲ့တုံ့ပြန်လိုက်သည်

လုယန်ခေါင်းငြိမ့်ပြီးတိုတိုပြတ်ပြတ်ပြန်ပြောလိုက်သည်

လုလျန့်ဝေရုတ်တရက်ဒူးထောက်လိုက်ပြီးတော့အလျင်အမြန်ပြောလိုက်သည်

“ကျွန်မကိုကျေးဇူးပြု၍အရှင့်ရဲ့သမီးအဖြစ်မွေးစားပေးပါအရှင်မင်းကြီး”

သူမဒီစကားလုံးတွေလုံးလုံးလျားလျားပြောပြီးတဲ့အချိန်မှာတစ်ခန်းလုံးတိတ်ဆိတ်သွားသည်

လုယန်ဆန့်ထုတ်ထားတဲ့လက်ကနေရာမှာတွေရပ်သွားသည်

သူကသူမကိုထူချင်တာဒါပေမယ့်သူမပြောလိုက်တယ်....

ပြောပြီးပြီးချင်းမှာလုလျန့်ဝေခေါင်းကိုအောက်သို့ငုံ့ထားခဲ့သည်

Chapter 214

April 12, 2024 by Nay Chi Lynn

Chapter 214

နင်ခဏစောင့်

တခန်းလုံး လုံးဝတိတ်ဆိတ်သွားသည်

လုလျန့်ဝေလက်သီးကိုဆုပ်ထားသည်သူမဖိအားအလွန်များနေ၍အသက်တောင်ပြင်းပြင်းမရှူရဲနေဘူးဖြစ်နေသည်

သူမရဲ့ခေါင်းပေါ်မှာစိုက်ကြည့်နေတဲ့အကြည့်ကအလွန်ခြိမ်းခြောက်နေသလိုဖြစ်ပြီးသူမအသက်တောင်ရှုမနိုင်ဘူးဖြစ်နေသည်

လုယန်ရဲ့အဆိပ်ကိုကုပြီးတာနဲ့ ကောင်တီမင်းသမီးအဖြစ်တောင်းဆိုဖို့အစထဲကစီစဉ်ထားတာခုဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်သူမရဲ့အစီအစဉ်ကပျက်သွားပြီ

သူမရဲ့ခုချိန်မှာသုံးတဲ့စကားလုံးတွေကလုယန်ကိုနောက်ဆုတ်စေချင်ရုံသက်သက်အယုံသွင်းပြောလိုက်တာဖြစ်သည်

သူကတော့သူမကိုဘယ်တော့မှမွေးစားမှာမဟုတ်ဘူးသူမကလည်းသူ့ကိုမွေးစားအဖေအဖြစ်လည်းတကယ်အတည်မဟုတ်ဘူးသူမကရည်ရွယ်ချက်ရှိရှိသာပြောလိုက်ခြင်းဖြစ်သည်

ဘယ်လိုဘဲဖြစ်ဖြစ်ဒီညလုယန်သူမစီလာတာတော်တော်ခိုင်မာတယ်နောက်ဆုံးအနေနဲ့သူကဇူယုကိုတောင်မရှောင်တော့ဘဲဘာလို့လဲဆိုတော့သူ့ရဲ့ရည်ရွယ်ချက်ကိုအားလုံးသိအောင်ဖွင့်ပြချင်လို့ဘဲဖြစ်တယ်

လုယန်ကသာသူမကိုလုံးဝဧကရီအဖြစ်တင်မြောက်လျှင်သူမလည်းငြင်းဆန်လို့ရမှာမဟုတ်သလိုလုတစ်မိသားစုလုံးလည်းငြင်းဆန်လို့ရမှာမဟုတ်ဘူး

သူမအသားမကျသလိုဖြစ်နေတယ်သူလက်မောင်းကိုတစ်ယောက်ယောက်ကဖက်ထားတာကိုခံစားမိလိုက်သည်သူသိလိုက်တဲ့အချိန်မှာသူကတယောက်ရဲ့လက်မောင်းထဲမှာအချီခံနေရပြီဖြစ်သည်

သူအဲ့လိုပြောလိမ့်မယ်လို့လုလျန့်ဝေမထင်ထားဘူးသူမရဲ့မျက်နှာနီရဲသွားသည်

“အဲ့တာကြောင့်ငါနင့်ကိုမွေးစားလို့မရသလိုငါမွေးစားဖို့လည်းစိတ်ကူးမရှိဘူး!နင်ငါ့ရဲ့ဧကရီဖြစ်မလားကိုယ်လုပ်တော်ဖြစ်မလားရွေးချယ်!”

လုယန်အကောင်းဆုံးကြိုးစားပြီးသူ့ရဲ့ဒေါသတွေကိုထိန်းထားသည်

လုလျန့်ဝေတစ်ခုခုပြောဖို့လုပ်တဲ့အချိန်မှာသူကြားဖြတ်ပြောလိုက်သည်

သူမအဲ့လိုပြောမှာတွေအကုန်လုံးကိုသူကတားလိုက်ပြီတခြားသူမဘာပြောနိုင်စရာရှိအုံးမှာလဲ

သူမပြောလိုက်တာနဲ့သူကမနေ့ညကလိုဘဲစိတ်ဆိုးပြီးထွက်သွားမယ်ထင်တာဘယ်လိုဘဲဖြစ်ဖြစ်သူမကသူ့ရဲ့စိတ်ရှည်မှုကိုလျော့တွက်မိခဲ့လိုက်သည်

သူမရဲ့နည်းလမ်းတွေကထပ်ပြီးတော့အသုံးမဝင်တော့ဘူးဖြစ်သည်

သူမကဆွေးဆွေးမြေ့မြေ့သက်ပြင်းချပြီးတော့ပြောလိုက်သည်

“အရှင်အရမ်းနောက်ကျသွားမှာကျွန်မကြောက်တယ်အရှင်မင်းကြီးအဖေနဲ့အဖွားကကျွန်မနဲ့သင့်တော်မယ့်သူကိုရှာနေပြီဖြစ်တယ””

လုယန်မျက်မှောင်ကြုံ့ပြီးတော့သူမရဲ့အင်္ကျီလက်ထဲမှာတခြားဘာရှိနေလဲဆိုတာသိချင်နေပြီးသူမကနှုတ်ခမ်းစူပြီးတော့ဆက်လက်ပြောသည်

“အရှင်မင်းကြီး အဖေက ကောင်းကင်ဘုံလမ်းရဲ့တောင့်ဘက်လူရှုပ်ဆုံးနေရာမှာပြိုင်ပွဲကျင်းပဖို့ရှိတယ်”

သူမရပ်တန့်ပြီးတော့ခေါင်းမော့ပြီးသူ့ကိုကြည့်လိုက်သည်ဉာဏ်နီဉာဏ်နက်များတဲ့အကြည့်ကသူမျက်လုံးထဲမှာခဏဖြတ်သွားသည်

“အရှင်မင်းကြီးသာစိတ်ဝင်စားမယ်ဆိုရင်ပြိုင်ပွဲမှာဝင်ရောက်ဖို့တွက်ကြိုဆိုပါတယ်ပြိုင်ပွဲဝင်တွေကိုအနိုင်ယူပြီးရင်ကျွန်မတို့မိသားစုရဲ့မွေးစားသမက်ဖြစ်ခံရဖို့အခွင့်အရေးရှိတယ်”

သူမကဒီစကားလုံးကိုအလေးထားပြီးရည်ရွယ်ပြီးပြောဆိုလိုက်ချင်းဖြစ်သည်

လုလျန့်ဝေရဲ့ဒုက္ခရောက်နေတဲ့မျက်နှာကပျောက်သွားပြီးမျက်တောင်ခဏခတ်နေသည်

လုယန်ရပ်တန့်ပြီးတော့ရုတ်တရက်ကြီးသူမကိုသူ့လက်မောင်းထဲဆွဲသွင်းလိုက်သည်

လုလျန့်ဝေတောင့်သွားသည်သူ့ရဲ့သန့်ရှင်းတဲ့ရေမွှေးအနံ့ကသူမရဲ့နှာခေါင်းမှာပြည့်နှက်သွားသည်သူမခဏလောက်တွေဝေသွားပေမယ့်သူမရဲ့လက်ချောင်းလေးနဲ့သူ့ရဲ့ရင်ဘတ်ကိုတွန်းထုတ်လိုက်သည်သူမရဲ့ခေါင်းလေးကိုနည်းနည်းနောက်သို့ယိုင်ပြီးတော့သူ့ရဲ့အမွှေးအနံ့ကိုမသိမသာရှောင်လိုက်သည်

“အရှင်မင်းကြီးကျွန်မကိုလက်ထပ်ချင်တယ်ဆိုရင်စည်းကမ်းတွေကိုလိုက်နာဖို့လိုတယ်အဖေနဲ့အဖွားကပြိုင်ပွဲမှာအနိုင်ရတဲ့ဘယ်သူမဆိုမွေးစားသမက်အဖြစ်မွေးစားခံရမယ်ကျွန်မယုံတယ်အရှင်မင်းကြီးကစည်းမျဉ်းတွေကိုမဆန့်ကျင်ဘူးဟုတ်တယ်မလား”

သူမကရည်ရွယ်ချက်ရှိရှိအဲ့စကားလုံးကိုအသားပေးပြီး’မွေးစားသမက်’လို့သူ့ဒေါသကိုထပ်ဆွနေပြန်သည်ဒါပေမယ့်သူမကလုယန်ကိုထပ်လျော့တွက်ပြန်သည်

သူရယ်ပြီးတော့ခေါင်းကိုရုတ်တရက်ငုံ့ပြီးတော့သူမရဲ့နဖူးလေးကိုနမ်းလိုက်သည်

လုလျန့်ဝေကိုမိုးကြိုးပစ်သွားသလိုဘဲသူ့နဖူးပေါ်ကစိုစွတ်မှုလေးကသူမကိုလန့်သွားစေသည်သူမအကောင်းဆုံးနဖူးကိုမသုတ်ပစ်ဖို့ကြိုးစားနေရင်းနဲ့သူမကရှင်းရှင်းနဲ့ရှသံလေးနဲ့

“အရှင်မင်းကြီးလူတွေမပါဝင်နိုင်အောင်နည်းလမ်းတော့မသုံးဘူးမလားဟုတ်တယ်မလား”

လုယန်ကရယ်ပြီးတော့ဘာမှမငြင်းလိုက်ဘူးသူရဲ့လက်မနဲ့နူးညံ့တဲ့သူမရဲ့မျက်နှာလေးကိုပွတ်ဆွဲပြီးတော့

သူစကားပြောပြီးပြီးချင်းမှာဘဲသူမလက်ထဲကိုတစ်ခုခုတွန်းထည့်ပြီးလှည့်ထွက်သွားသည်

Chapter 215

April 13, 2024 by Nay Chi Lynn

Chapter 215

ခိုက်ခိုက်တုန်သွားသည်

လုလျန့်ဝေသူမရဲ့မျက်နှာကတော်တော်ပူလောင်နေတယ်လို့ခံစားနေရသည်

ခိုက်ခိုက်တုန်မှုကသူရဲ့ကြီးမားတဲ့လက်ဆစ်တွေနဲ့သူမရဲ့မျက်နှာကိုပွတ်ဆွဲနေတယ်ထင်ရပြီး သူမကိုကူကယ်ရာမဲ့ဖြစ်စေသည်

သူမလက်ထဲကအေးစက်စက်အထိတွေ့ကသူမအတွေးလွန်နေတာကိုဆွဲခေါ်လိုက်သည်

သူမပြန်ရထားတဲ့ဓားမြှောင်လေးကိုငုံ့ပြီးတော့ကြည့်နေသည်သူမခဏလောက်တော့စိတ်ရှုပ်သွားသည်

ဒါကဘာအဓိပ္ပာယ်လဲ

ဘာလို့လုယန်ကဓားမြှောင်ကိုသူ့စီပြန်ပေးတာလဲ

သူမမျက်မှောင်ကြုံ့သွားသည်

အဲ့အချိန်မှာဘဲ ကျူးယွီကအပြင်ကနေလမ်းလျှောက်ပြီးဝင်လာသည်သူမရဲ့မျက်နှာကဖြူဖတ်ဖြူလျှော့ဖြစ်နေသည်

သူမရဲ့လက်ပေါ်ကဗန်းပေါ်မှာသယ်လာတဲ့လက်ဖက်ရည်နှစ်ခွက်ကအေးစက်နေသည်

သူမအခန်းဝင်လာပြီးတော့ဗန်းကိုစားပွဲပေါ်တင်လိုက်ပြီးတော့သခင်မလေးကိုကြည့်ပြီးတော့သူမတစ်ခုခုပြောချင်ပေမယ့်ဘာလုပ်ရမှန်းမသိဘူးဖြစ်သည်

သူမအပြင်မှာနေတုန်းကအခန်းထဲမှာဘာတွေဖြစ်နေလဲဆိုတာသူမအကုန်ကြားခဲ့ပြီးဖြစ်သည်

သူမကလက်ဖက်ရည်ခွက်ကိုဆက်သချင်ပေမယ့်ဖြစ်ပျက်နေတာတွေကိုမြင်တော့ကြောက်ပြီးတော့အခန်းထဲကိုမဝင်ရဲခြင်းဖြစ်သည်

အရှင်မကြီးကသူမရဲ့သခင်မလေးကိုဒီလိုဆက်ဆံနေတာက..

သူမကိုအနည်းငယ်တော့ထိတ်လန့်သွားစေသည်

ဘယ်ချိန်ထဲကဖြစ်ပျက်နေတာလဲသူမကသခင်မလေးရဲ့ဘေးနားမှာတစ်ချိန်လုံးပြုစုနေပေမယ့်သူမကအဲ့တာနဲ့ပက်သက်ပြီးဘာမှသိမနေဘူးဖြစ်သည်

ဘုရင်ရဲ့အပြုအမူကိုကြည့်ရတာသူမသခင်မလေးရဲ့အခန်းကိုဒါပထမဦးဆုံးလာတာမဟုတ်ဘူးဖြစ်သည်

သူမရဲ့မျက်နှာကဖြူရော်သွားသည်သူတို့နှစ်ယောက်ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာထပ်မတွေးရဲတော့ဘူးဖြစ်သည်

လုလျန့်ဝေသူမရဲ့အတွေးတွေကိုစုပြီးတော့ဓားမြှောင်ကိုစားပွဲပေါ်တင်လိုက်သည်ဇုယူရဲ့မျက်နှာကဖြူဖက်ဖြူရော်ဖြစ်သွားပြီးတာကိုသတိထားမိသွားပြီးအပြစ်နည်းနည်းရှိသလိုခံစားနေရသည်သူမကကျူးယွီရဲ့လက်ကိုကိုင်လိုက်ပြီးတော့သူမကိုဖြည်းညင်းစွာနှစ်သိမ့်လိုက်သည်

“စိတ်မပူပါနဲ့မင်းကြီးကငါ့ကိုဘာမှမလုပ်ခဲ့ဘူး”

ကျူးယွီကအဲ့တာကိုကြားပြီးတော့သူမရဲ့မျက်နှာမှာဖျက်ခနဲဖြစ်သွားသည်သူမကအရှင်မင်းကြီးကသူ့သခင်မလေးရဲ့နဖူးကိုနမ်းသွားတာကိုမြင်ပြီးပြီဖြစ်သည်

ကြည့်ရတာပထမဆုံးကြိမ်တော့မဟုတ်လောက်ဘူးသူကတစ်ခုခုကိုရင်းရင်းနှီးနှီးလုပ်ပြီးပြီဖြစ်သည်

သူမရဲ့နောက်ကွယ်မှာသခင်မလေးကိုအရှင်မင်းကြီးကဘယ်နကြိမ်လောက်ကိုယ်ထိလက်ရောက်ပြုနေမလဲဆိုတာကိုသူမမတွေးရဲဘူးဖြစ်နေသည်

အရှင်မင်းကြီးရဲ့အသက်နှင့်ဂုဏ်သတင်းကိုစဉ်းစားကြည့်ပြီးကျူယွီသေမလိုဖြစ်သွားသည်

သူမက မြို့စားကတော်မြို့စားကြီးနဲ့ဆက်လက်ဆက်ခံမယ့် လု တို့ကိုစိတ်ပျက်စေခဲ့ပြီသူမကသခင်မလေးကိုကောင်းကောင်းဂရုစိုက်မစောင့်ရှောက်နိုင်ခဲ့ဘူးဖြစ်သည်

လုလျန့်ဝေသူမရဲ့တုံ့ပြန်မှုကိုသတိထားမိပြီးတော့ကျူးယွီအကုန်မြင်သွားပြီဆိုတာသိလိုကသည်

သူမ မပြောပြခင်ခဏလောက်ရပ်နေလိုက်သည်

“ဒီကိစ္စကိုဘယ်သူမှမပြောနဲ့ငါ့အဖေနှင့်ငါ့အဖွားလုံးကိုဒီကိစ္စကိုသိလို့မရဘူး”

ကျူးယွီခေါင်းမငြိမ့်ခင်တုန်လှုပ်နေသည်

“ကျွန်မနားလည်ပါပြီ”

သူမကသူမရဲ့လှပတဲ့သခင်မလေးမျက်နှာကအားကြည့်ပြီးကြောက်လန့်စွာမေးလိုက်သည်

“သခင်မလေးအရှင်မင်းကြီးကသခင်မလေးအပေါ်အနိုင်ကျင့်နေတာလား”

လုလျန့်ဝေတိတ်ဆိတ်နေခဲ့သည်

အဲ့တာကလုယန်ရဲ့အပြုအမူတွေကအရမ်းသိသာတယ်မလား

သူမမျက်လုံးနှစ်ခုကြားပွတ်ပြီးတော့

“သူကဧက္ကရာဇ်လေ”

“ဧက္ကရာဇ်ဖြစ်နေတောင်သခင်မလေးပေါ်ဒီလိုအနိုင်မကျင့်သင့်ဘူး”

လုလျန့်ဝေကြည့်ရတာစိတ်ရှုပ်နေသည်သူမစားပွဲပေါ်သို့ပုံလျက်လေးကြပြီးတော့ကူညီမဲ့စွာနည်းနည်းတွေးတောစဉ်းစားနေသည်လုယန်ကသူမကိုအားသုံးခဲ့တာဒါပေမယ့်အဲ့တာနဲ့ပက်သက်ပြီးသူမဘာပြန်လုပ်နိုင်မှာလဲ

သူမကသူ့ကိုစိတ်ဆိုးအောင်ရည်ရွယ်ပြီးသက်သက်ပြောလိုက်ပေမယ့်သူကစိတ်မဆိုးသွားဘူးကြည့်ရတာသူလိုချင်တာတောင်ရသွားသလိုဖြစ်သည်

သက်ပြင်းချသည်

သူမသက်ပြင်းအကြီးကြီးချလိုက်သည်

ကျူးယွီကတစ်ခုခုကိုရုတ်တရက်တွေးမိပြီးတော့လုလျန်ဝေနားထူးဆန်းစွာတိုးသွားသည်

“သခင်ကျွန်မကြားတာတော့အရှင်မင်းကြီးက အမ်...မစွမ်းဆောင်နိုင်ဘူးပြောတယ်သူကသခင်မလေးကိုသက်သက်ပူဆွေးသောကပေးချင်လို့လာ””

လုလျန့်ဝေသူမကိုကြည့်လိုက်တယ်

“နင်ဒါကိုဘယ်မှာကြားခဲ့တာလဲ”

ကျူးယွီကတိုးတိုးလေးပြောလိုက်တယ်

“အရှင်မင်းကြီးကတော်တဲ့အုပ်ချုပ်သူဖြစ်ပေမယ့်ဒီလောက်နှစ်တွေကြာတာသားတော်တစ်ပါးဘဲရှိတယ်အဲ့တာကြောင့်လည်းအခုနန်းတက်မင်းသားကိုဆက်ခံသူအဖြစ်သတ်မှတ်ထားတာ အရှင့်မှာသာပြဿနာမရှိဘူးဆိုရင်ဒီနှစ်တွေထဲမှာဘယ်လိုလုပ်ကလေးတစ်ယောက်မှမရှိရတာလဲထပ်ပြီးတော့အရှင့်အစ်ကိုတော်ရဲ့သားကိုသူအသက်သုံးဆယ်ပြည့်တော့ဆက်ခံဖို့သတ်မှတ်လိုက်တာဖြစ်တယ်လူတော်တော်များများကဒီအကြောင်းကိုတိုးတိတ်စွာပြောနေကြတယ်တော်ဝင်မိသားစုရဲ့သိက္ခာကြောင့်သူတို့တွေအသံကျယ်ကျယ်မပြောရဲသာဖြစ်တယ်”

လုယန်သာဒါတွေကြားသွားရင်ဒေါသတော်တော်ထွက်မှာသေချာတယ်

သူမလည်းသတိမထားမိဘဲလက်ဖဝါးခြင်းပွတ်နေမိတယ်သူမလည်းတစ်မင်တကာတော့လုပ်တာမဟုတ်ပေမယ့်သူမလည်းကျူးယွီတွေးနေသလိုလုယန်မစွမ်းဆောင်နိုင်ဘူးလို့တွေးနေတာကြောင့်ဖြစ်သည်

အဲ့တာကြောင့်လည်းဖြေဆေးထဲမှာအဲ့တာနဲ့ပက်သက်တဲ့ဆေးတွေထည့်ထားခြင်းဖြစ်သည်

All Chapters