အဋ္ဌမအလွှာတားဆီးမရသူနှစ်ယောက်ကို သတ်ဖြတ်ခြင်း...
Vol. 27 Ch. 406
အဋ္ဌမအလွှာ တားဆီးမရသူများ၏ အကြီးမားဆုံးခွန်အားမှာ စကြာဝဠာစွမ်းအားဖြစ်သော်လည်း ၎င်းက စွမ်းအားတစ်မျိုးသာ ဖြစ်သည်။ တစ်စုံတစ်ယောက်က စကြာဝဠာစွမ်းအားကို ပိုင်ဆိုင်ပြီး လွတ်မြောက်ရာတွင် ကျွမ်းကျင်ခြင်းမရှိလျှင် အဖြူရောင်အလင်းကြယ်သခင်ကို အမှန်တကယ် ယှဉ်နိုင်မည်မဟုတ်ပေ။
အဖြူရောင်အလင်းကြယ်သခင်က မိုးကြိုးနှလုံးသားကို လင်းယွမ်နှင့် လဲလှယ်ပြီးနောက် ချီခွန်ကြယ်သခင်ကို ထိုအကြောင်း ပြောပြခဲ့ရာ ချီခွန်ကြယ်သခင်က လင်းယွမ်အား ခဏကာကွယ်ပေးရန် သူ့ကို တောင်းဆိုခဲ့လေသည်။
" အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်လား။ " အဖြူရောင်အလင်းကြယ်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
လင်းယွမ်ကို လုပ်ကြံရန်အတွက် အဋ္ဌမအလွှာ တားဆီးမရသူ တစ်ယောက် သို့မဟုတ် နှစ်ယောက်ဖြစ်လျှင် လင်းယွမ်က ခဏခုခံနိုင်သရွေ့ သူက ကူညီပေးနိုင်လေသည်။
သို့သော် အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က လေဟာနယ်နိယာမကို မကျွမ်းကျင်လျှင်တောင် အရေအတွက်က အရည်အသွေးကို ပြောင်းလဲနိုင်ပြီး သူ၏ တာဝန်က ထွက်ပြေးရန်အတွက် လင်းယွမ်ကို အရင်ဆုံး ကယ်တင်ရပေလိမ့်မည်။
" ဒီရတနာကို သုံးဖို့ကလွဲရင် အခြားရွေးချယ်စရာမရှိတော့ဘူး ထင်တယ်။ " အဖြူရောင်အလင်းကြယ်သခင်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ အဖြူရောင်မီးတောက်များ စတင်လောင်ကျွမ်းလာသည်။
အဋ္ဌမအလွှာ အထွတ်အထိပ်တွင် အချိန်ကြာရှိနေသူတစ်ယောက်အနေဖြင့် အဖြူရောင်အလင်းကြယ်သခင်ကလည်း ရတနာများစွာကို ပိုင်ဆိုင်ထားလေသည်။
သူ၏ လက်ထဲတွင် လောင်ကျွမ်းနေသော အဖြူရောင်မီးတောက်များက တစ်ကြိမ်သာအသုံးပြုနိုင်ပြီး အသက်သွင်းလိုက်သည်နှင့် နဝမအလွှာနှင့် နီးစပ်သော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။ ၎င်းက ထိုအဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို ခဏတားဆီးရန် လုံလောက်လေသည်။
သို့သော် ထိုခဏတွင် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်၏ ပူးပေါင်းမှုကို ချေဖျက်ကာ လေးယောက်ကို အလွယ်တကူနောက်ဆုတ်သွားစေသဖြင့် အဖြူရောင်အလင်းကြယ်သခင်က အနည်းငယ် ကြောင်သွားသည်။
ဘာဖြစ်သွားတာလဲ။
နဂါးငွေ့တန်းကြယ်သခင်က အကျဉ်းအကျပ်ထဲ ရောက်နေတာမဟုတ်ဘူးလား။
သူမလှုပ်ရှားရသေးမီ အခြေအနေက ဘယ်လိုလုပ်ပြောင်းလဲသွားတာလဲ။
" အဋ္ဌမအလွှာ တားဆီးမရသူ.... ဆုတ်ကြ..."
နဂါးငွေ့တန်းကြယ်နယ်မြေ၏ အပြင်ဘက်တွင် လင်းယွမ်က စကြာဝဠာစွမ်းအားကို နားလည်နေပြီဟု သေချာသွားသောကြောင့် အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်က နောက်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။
လင်းယွမ်နားလည်ထားသော စကြာဝဠာစွမ်းအားက အဆင့်မြင့် စကြာဝဠာစွမ်းအားကို ကျော်လွန်နေသည်ကို မပြောနှင့် သာမန်စကြာဝဠာစွမ်းအားကို နားလည်ထားလျှင်တောင် သူတို့၏ အစီအစဉ်က ပျက်စီးသွားပြီဖြစ်သည်။
သာမန်စကြာဝဠာစွမ်းအားကလည်း စကြာဝဠာစွမ်းအားသာ ဖြစ်သောကြောင့် နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက် ဖြစ်လာပြီဖြစ်သည်။
သူတို့ငါးယောက်ပူးပေါင်းမှုက နဂါးငွေ့တန်းကြယ်သခင်ကို ဖိနှိပ်နိုင်သော်လည်း ၎င်းက ဖိနှိပ်ခြင်းသာဖြစ်သည်။ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို ခုခံနိုင်စွမ်းမရှိအောက် လုပ်ပြီး မှတ်ဉာဏ်အဆိပ်ထိုးသွင်းရန်မှာ နေ့ဘက် အိပ်မက်မက်နေသည်နှင့် တူလေသည်။ လက်ရှိအခြေအနေအရ ဆက်လက်တိုက်ခိုက်ခြင်းက အန္တရာယ်ကိုသာ ကျရောက်စေပေလိမ့်မည်။
" မင်းတို့ သွားလို့ရပြီလို့ ငါပြောလို့လား။ " လင်းယွမ်က ကြယ်စကြာဝဠာထဲတွင် ရပ်နေပြီး နောက်ဆုတ်နေသော မျိုးနွယ်ခြားငါးယောက်ကို ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် အဖြူအနက် ယင်ယန် ထိုက်ကျိစွမ်းအားက အရပ်မျက်နှာအနှံ့ တိတ်ဆိတ်စွာ ပျံ့နှံ့သွားသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းက ငါတို့ကို တားနိုင်မယ် ထင်လို့လား။ " ဆာရတ်က လင်းယွမ်၏ စကားကြောင့် အနည်းငယ် အံ့အားသင့်သွား၏။
နဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာစွမ်းအားကို နားလည်ခဲ့သည်မှာ သူမျှော်လင့်ထားသည်ထက် ကျော်လွန်ခဲ့သော်လည်း ၎င်းက သူတို့၏ တာဝန်ကျရှုံးသွားရုံသာဖြစ်ပြီး သူတို့အားလုံးက ထိခိုက်မှုမရှိ ပြန်ဆုတ်နိုင်လေသည်။
သူတို့အားလုံးက အဋ္ဌမအလွှာ တားဆီးမရသူများဖြစ်ကြပြီး လင်းယွမ်နားလည်ထားသော စကြာဝဠာစွမ်းအားက သူတို့ထက် ပိုမိုအားကောင်းလျှင်တောင် သူတို့ကို ထိန်းထားရန် မဖြစ်နိုင်ပေ။
အဋ္ဌမအလွှာ တားဆီးမရသူများထဲတွင် အားနည်းသူနှင့် အားကောင်းသူများရှိသော်လည်း ကွာခြားမှုက မကြီးမားပေ။ တစ်ဖက်မှတစ်ဖက်ကို သတ်ရန်မပြောနှင့် အနိုင်ယူရန်ပင် မဖြစ်နိုင်ပေ။
အကယ်၍ အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်က လူသားမျိုးနွယ်မျိ အခြားအစွမ်းထက်သူများ ရောက်လာမည်ကို မစိုးရိမ်လျှင် နဂါးငွေ့တန်းကြယ်သခင်ကို အနည်းငယ် စမ်းသပ်ကြည့်ပေလိမ့်မည်။
" ထားလိုက်တော့။ သူ့ကို ဂရုစိုက်မနေနဲ့။ " ဆာရတ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်ပြီး နဂါးငွေ့တန်းကြယ်နယ်မြေမှ ထွက်ခွာသွားသည်။
ရုတ်တရက် သူတို့ အဝေးသို့ မရောက်မီ ဆာရတ်က အဖြူအနက် ထိုက်ကျိစွမ်းအားများ သူ့အား လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။
" ဒါက နဂါးငွေ့တန်းကြယ်သခင်နားလည်ထားတဲ့ စကြာဝဠာစွမ်းအားလား။ " ဆာရတ်က သူ့ကိုသူ ကာကွယ်ရန် သဲနွံစွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က သူတို့ကို မီလာသည်မှာ ရှင်းနေသည်။ သို့သော် ဆာရတ်က ကြောက်လန့်ခြင်းမရှိပေ။ အကြောင်းမှာ သူက နဂါးငွေ့တန်းကြယ်သခင်ထက် နိမ့်ကျလျှင်တောင် အဆိုးဆုံးအခြေအနေတွင် ဖိနှိပ်ခံရရုံသာဖြစ်ပြီး ထွက်ပြေးခြင်းကိုမူ တားဆီးနိုင်မည်မဟုတ်ပေ။
သို့သော် ဆာရတ်၏ အာရုံထဲတွင် အဖြူအနက် ထိုက်ကျိစွမ်းအားအပြင် နောက်ထပ် စွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာသည်။
" နောက်ထပ် စကြာဝဠာစွမ်းအားတစ်ခုလား။ ဒါမှမဟုတ် အဆင့်မြင့် စကြာဝဠာစွမ်းအားလား။ " ဆာရတ်က တုန်လှုပ်သွားပြီး သူ၏ စိတ်ထဲတွင်လည်း အန္တရာယ်အာရုံကို ခံစားလိုက်ရသည်။
" ဒီနဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာစွမ်းအားနှစ်ခုကို ထိန်းချုပ်နိုင်တဲ့အပြင် နှစ်ခုလုံးက အဆင့်မြင့် စကြာဝဠာစွမ်းအားတွေလား။ " ဆာရတ်က ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။
နောက်ခဏအတွင်း အရာအားလုံးကို ဖျက်ဆီးနိုင်သော အောကာတစ်ခုက ဖြတ်သန်းသွားပြီး အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်က ကြောက်လန့်သွားသည်။
" တတိယမြောက် အဆင့်မြင့်စကြာဝဠာစွမ်းအားလား။ "
" ဒီနဂါးငွေ့တန်းကြယ်သခင်က... "
ဆာရတ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြီး သူ၏ စိတ်အသိက မှေးမှိန်သွား၍ သူ၏ ခန္ဓာကိုယ်က လေထဲတွင် ပျောက်ကွယ်သွားသည်။
လင်းယွမ်က ဆာရတ်ပျောက်ကွယ်သွားသော နေရာတွင်ရပ်ပြီး သိုလှောင်လက်ကောက်ကို ဖမ်းယူ၍ အတွင်းကမ္ဘာထဲသို့ ပို့ဆောင်လိုက်သည်။
ယင်ယန် ထိုက်ကျိစွမ်းအား၊ အနှိုင်းမဲ့စွမ်းအားနှင့် မဟာဖျက်ဆီးခြင်းစွမ်းအားတို့၏ အချင်းချင်း အားဖြည့်မှုနှင့်အတူ မိုင်သန်းချီကျယ်ဝန်းသော အတွင်းကမ္ဘာ၏ ပေါင်းစပ်မှုဖြင့် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းအောင် မြင့်တက်လာပြီး အဋ္ဌမအလွှာ တားဆီးမရသူ ဆာရတ်ကို သတ်ဖြတ်ရန်အတွက် မခက်ခဲတော့ပေ။
၎င်းက လင်းယွမ်ထိန်းချုပ်ထားသော စကြာဝဠာစွမ်းအားများထဲမှ သုံးမျိုးသာဖြစ်ပြီး အခြားစကြာဝဠာစွမ်းအားများကို အသုံးမပြုထားရသေးသည့်အပြင် အဆင့်မြင့်စကြာဝဠာစွမ်းအားထက် ကျော်လွန်သော မူလစွမ်းအားလည်း မပါဝင်သေးပေ။
စကြာဝဠာ၏ နက်ရှိုင်းသော နေရာတစ်ခုတွင် အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်၏ မူလခန္ဓာကိုယ်က ရုတ်တရက် မျက်လုံးများ ဖွင့်လာသည်။
" နဂါးငွေ့တန်းကြယ်သခင်..." ဆာရတ်၏ မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ဖြစ်သကဲ့သို့ ကိုယ်ပွားတစ်ခုရှိပြီး ထိုကိုယ်ပွားက ပြင်ပတွင် လှည့်လည်သွားလာနေခဲ့သည်။
မည်သို့ပင်ဖြစ်စေ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကလည်း လုံးဝလုံခြုံသည်မဟုတ်ပေ။ အကြောင်းမှာ အချို့စွမ်းအားကောင်းသော နဝမအလွှာများနှင့် တွေ့လျှင် တားဆီးမရသူများအတွက် သေခြင်းကို ဦးတည်သွားနိုင်လေသည်။
အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်က သူ၏ ကိုယ်ပွား ပျက်စီးနိုင်သည်ဟု တွေးခဲ့သော်လည်း လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူ၏ လက်ချက်ဖြင့် သေဆုံးရမည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ။ အဆင့်မြင့် စကြာဝဠာစွမ်းအား သုံးမျိုးကိုတောင် နားလည်ထားတာလား။ "
ဆာရတ်က တုန်လှုပ်နေပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသည်။ အဆင့်မြင့် စကြာဝဠာသုံးမျိုးသက်သက်သာဖြစ်လျှင် သူကို သတ်နိုင်လျှင်တောင် ထိုကဲ့သို့ ချက်ချင်း မသေဆုံးသင့်ပေ။ ထိုစကြာဝဠာစွမ်းအား သုံးမျိုးထက် ကျော်လွန်သော အခြားစွမ်းအားတစ်ခု ရှိနေသည်ကို ခံစားနေရသည်။
" နဂါးငွေ့တန်းကြယ်သခင်..... အင်းဆက်မျိုးနွယ်ကတော့ ခေါင်းကိုက်တော့မှာပဲ..." ဆာရတ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူက ကိုယ်ပွားတစ်ခုသာ ဆုံးရှုံးခဲ့ပြီး ကြီးမားသော ဆုံးရှုံးမှု မဟုတ်သော်လည်း နဂါးငွေ့တန်းကြယ်သခင်၏ စွမ်းအားက အင်းဆက်မျိုးနွယ်အတွက် အဓိကပြဿနာတစ်ခု ဖြစ်လာနိုင်လေသည်။
" ပြီးတော့.... အဋ္ဌမအလွှာ တားဆီးမရသူတွေရဲ့ ဒဏ္ဍာရီက ပျက်ဆီးသွားပြီ။ " ဆာရတ်၏ အမူအရာက ရှုပ်ထွေးနေသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က ယင်ယန် ထိုက်ကျိစွမ်းအားဖြင့် အရပ်မျက်နှာအနှံ့ ဖုံးလွှမ်းပြီး အနှိုင်းမဲ့စွမ်းအားနှင့် မဟာဖျက်ဆီးခြင်းစွမ်းအားတို့၏ အကူအညီနှင့် မကြာမီ အဋ္ဌမအလွှာ တားဆီးမရသူ မျိုးနွယ်ခြားတစ်ယောက်ကို သတ်လိုက်နိုင်သည်။
" သုံးကောင်လွတ်သွားတယ်။ " လင်းယွမ်က အရပ်မျက်နှာသုံးခုသို့ ကြည့်လိုက်သည်။
အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က သဘာသအတိုင်း ဦးတည်ချက်အမျိုးမျိုးကို ထွက်ပြေးကြခြင်းဖြစ်သည်။ လင်းယွမ်က နှစ်ယောက်ကို သတ်ပြီးနောက် သုံးယောက်က အဝေးသို့ ရောက်သွားပြီဖြစ်သည်။
လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို ကြသတ်သကဲ့သို့ သတ်လိုက်သည်ကို မြင်လိုက်ရသော မျိုးနွယ်ခြားသုံးယောက်က အလွန်ကြောက်လန့်ပြီး တတ်နိုင်သမျှ အဝေးသို့ ရောက်ရန် နည်းလမ်းမျိုးစုံ သုံးပြီး ထွက်ပြေးသွားကြလေသည်။
အမှန်တွင် လင်းယွမ်၏ လက်ရှိခွန်အားနှင့် သူက ထိုအဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက်ကို ထိန်းထားနိုင်လေသည်။ သို့သော် ၎င်းက ပိုများသော စကြာဝဠာစွမ်းအားများကို ထွက်ပေါ်သွားစေပေလိမ့်မည်။
အဆင့်မြင့်စကြာဝဠာစွ်အားထက် ကျော်လွန်သော မူလစွမ်းအားအပြင် စကြာဝဠာစွမ်းအားများက သူ၏ အဓိကလျို့ဝှက်ချက်တစ်ခုဖြစ်သည်။ အဋ္ဌမအလွှာ တားဆီးမရသူအချို့ကို သတ်ရန်အတွက် ၎င်းတို့ကို ထုတ်ဖော်ခြင်းက မထိုက်တန်ပေ။
ထို့အပြင် ၎င်းက အစစ်အမှန် သေဆုံးခြင်းလည်း မဟုတ်ပေ။ လင်းယွမ်က သူသတ်ခဲ့သော နှစ်ယောက်နှင့် ကံကြမ္မာဆက်နွယ်မှု ရှိနေဆဲ ဖြစ်သည်ကို ခံစားမိခဲ့သည်။ ဆိုလိုသည်မှာ သူတို့က တကာ်မသေသေးပဲ သူတို့၏ မူလခန္ဓာကိုယ်များက အသက်ရှင်နေဆဲ ဖြစ်သည်။