← Chapters

တိုက်ပွဲမှ အကျိုးအမြတ်များ....

Vol. 27 Ch. 407

တိုက်ပွဲမှ အကျိုးအမြတ်များ....

Vol. 27 Ch. 407

" အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက စိတ်ဝိညာဉ်ကမ္ဘာက အထွတ်အထိပ်အင်မော်တယ်ဘုရင်နဲ့ အဆင့်တူပေမယ့် လွတ်မြောက်ခြင်းနည်းလမ်းတွေကတော့ သူတို့ထက် အများကြီးသာတယ်။ " လင်းယွမ်က တွေးလိုက်သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် အထွတ်အထိပ် အင်မော်တယ်ဘုရင်များက အမြင့်ဆုံးဖြစ်သော်လည်း မူလကမ္ဘာတွင် အဋ္ဌမအလွှာ တားဆီးမရသူများက အမြင့်ဆုံးမဟုတ်သေးပေ။ ထို့ကြောင့် အဋ္ဌမအလွှာ တားဆီးမရသူများတွင် အသက်ကယ်နည်းလမ်းများစွာ ရှိလေသည်။ ၎င်းက စိတ်ဝိညာဉ်ကမ္ဘာမှ အထွတ်အထိပ် အင်မော်တယ်ဘုရင်များ မယှဉ်နိုင်သော အရာဖြစ်သည်။

နဂါးငွေ့တန်းကြယ်နယ်မြေ၏ အဝေးတွင် ပုံရိပ်သုံးခုပေါ်လာသည်။ သူတို့က လင်းယွမ်ကို လုပ်ကြံရန် ကြိုးစားခဲ့သူများဖြစ်ကြသည်။

ယခုအချိန်တွင် သူတို့က အားနည်းနေကြပြီး ကြောက်ရွံ့သော အမူအရာများနှင့် ရှိနေကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ လိုက်လံဖမ်းဆီးခြင်းမှ လွတ်မြောက်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ခဲ့ရလေသည်။

" နဂါးငွေ့တန်းကြယ်သခင်.... သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ။ " သုံးယောက်ထဲမှ တစ်ယောက်က တုန်ယင်စွာ ပြောလိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က အသစ်တက်လာသော အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို လုပ်ကြံခြင်းမှာ လွယ်တူသော တာဝန်တစ်ခုဟု ထင်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် သူတို့သာ အပြေးမမြန်ခဲ့လျှင် နဂါးငွေ့တန်းကြယ်နယ်မြေတွင် ထာဝရ အိပ်စက်သွားရပေလိမ့်မည်။

သူတို့သုံးယောက်လုံးက ကိုယ်ပွားများဖြစ်ကြသော်လည်း ထိုကိုယ်ပွားများဖန်တီးရန် မရေတွက်နိုင်သော အရင်းအမြစ်များကို အသုံးပြုခဲ့ရပြီး တစ်ခုပျက်ဆီးသွားလျှင် နောက်တစ်ခုဖန်တီးရန် အချိန်များစွာ ယူရပေလိမ့်မည်။

" အင်းဆက်မျိုးနွယ်က တာဝန်ကို ဘယ်လိုပေးနေတာလဲ။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ နောက်ခံက မရှင်းဘဲနဲ့ ငါတို့ကို လုပ်ကြံခိုင်းတာလား။ " ဒုတိယမြောက် မျိုးနွယ်ခြားက ဒေါသတကြီး ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်က မယုံကြည်နိုင်လောက်အောင် စွမ်းအားကြီးနေသည်။ ထိုအခြေအနေတွင် ၎င်းက အင်းဆက်မျိုးနွယ်၏ လိုအပ်ချက်သာ ဖြစ်သည်။

" မှန်တယ်။ အင်းဆက်မျိုးနွယ်က သတင်းတွေကို ဘယ်လိုစုဆောင်းနေတာလဲ။ " တတိယမြောက် မျိုးနွယ်ခြားကလည်း မကျေမနပ်ပြောလိုက်သည်။

နဂါးငွေ့တန်းပင်မကြယ်ပေါ်တွင် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများက မကြာသေးမီက မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် ထိတ်လန့်တုန်လှုပ်နေကြသည်။

သူတို့ဘာကိုမြင်ခဲ့ရတာလဲ။ နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်ကို အလွယ်တကူ တိုက်ခိုက်ခဲ့တာလား။

သာမန်ဆင့်ကဲပြောင်းလဲသူများက သေချာမမြင်လိုက်ရဘဲ အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က ဆုတ်ခွာသွားကြသည်ကိုသာ မြင်တွေ့ခဲ့ရသည်။

သို့သော် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများမှာ နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို လိုက်လံဖမ်းဆီးပြီး သတ်ပစ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ရန် နဝမအလွှာတစ်ယောက် သို့မဟုတ် စစ်လက်နက်များဖြင့်သာ ဖြစ်နိုင်လေသည်။

" ကြယ်သခင်က ဘယ်လိုလုပ် ဒီလောက်သန်မာလာတာလဲ။ "

" အဋ္ဌမအလွှာ တားဆီးမရသူတွေက အားနည်းနေတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။ "

" အဋ္ဌမအလွှာ တားဆီးမရသူတွေက ဘယ်လိုလုပ်အားနည်းမှာလဲ။ သူတို့ပေါ်ပေါ်လာချင်း ဖန်တီးလိုက်တဲ့ လေဟာနယ်ဖိအားကို မတွေ့ဖူးလား။ "

" အဋ္ဌမအလွှာ တားဆီးမရသူတွေက အားနည်းတာမဟုတ်ဘူး။ ကြယ်သခင်က အရမ်းသန်မာနေတာ။ "

နဂါးငွေ့တန်းပင်မကြယ်မှ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများဖြစ်သော ချွန်ပိုနှင့် ကျားလီတို့က စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။

ဟုန်ပိနှင့် လုယန်တို့ကလည်း ထို့အတူပင်ဖြစ်သည်။ ကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူများအား အလွယ်တကူ ဖိနှိပ်ခဲ့သည်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

သူတို့က ချီခွန်ကြယ်သခင်၏ နောက်လိုက်များ ဖြစ်သောကြောင့် အဋ္ဌမအလွှာ တားဆီးမရသူများ၏ ခွန်အားကို ကောင်းစွာနားလည်ထားကြသည်။ ချီခွန်ကြယ်သခင်ပင် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ပစ်နိုင်စွမ်းမရှိပေ။

အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို ဖိနှိပ်ခြင်းက လွယ်ကူသော်လည်း အနိုင်ယူရန် သို့မဟုတ် သတ်ပစ်ရန်က အလွန်ခက်ခဲလှသည်။

နဂါးငွေ့တန်းပင်မကြယ်၏ အပြင်ဘက်တွင် ခေါင်းဆောင်နိုလန်က အာခေါင်များခြောက်နေသည်။ သူက ပင်မကြယ်ပေါ်မှ ဆင့်ကဲပြောင်းလဲသူများထက် ပို၍ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

အဋ္ဌမအလွှာ တားဆီးမရသူ ငါးယောက် ပေါ်လာသည့်အချိန်မှစ၍ ထိတ်လန့်တကြား ပြန်ထွက်ပြေးသွားသည်အထိ အစအဆုံး မြင်တွေ့ခဲ့ရသည်။

" အဋ္ဌမအလွှာ တားဆီးမရသူတွေရဲ့ ဒဏ္ဍာရီကို နဂါးငွေ့တန်းကြယ်သခင်က ချိုးဖျက်လိုက်ပြီ။ " ခေါင်းဆောင်နိုလန်က တွေးလိုက်သည်။

အဋ္ဌမအလွှာ တားဆီးမရသူများ၏ ဒဏ္ဍာရီမှာ သူတို့ကို တားဆီး၍ မရဘဲ အဆင့်တူများကြားတွင် တစ်ယောက်နှင့်တစ်ယောက် သတ်ပစ်နိုင်စွမ်းမရှိကြပေ။

အဋ္ဌမအလွှာ တားဆီးမရသူများက အဋ္ဌမအလွှာတွင် လုံးဝ အထွတ်အထိပ်ဖြစ်ကြလေသည်။ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ရန် ပို၍ အဆင့်မြင့်သူ သို့မဟုတ် ပြင်ပစွမ်းအားများကိုသာ အသုံးပြုရပေလိမ့်မည်။ ပြင်ပစွမ်းအားဆိုသည်မှာ လက်နက်များ၊ အဆောင်များ၊ ရတနာများ စသည်တို့ဖြစ်သည်။

မျိုးနွယ်ခြားများ၏ စစ်မြေပြင်များတွင် ကြီးမြတ်ခြင်းလက်နက်များ ကိုင်ဆောင်ထားသော အစွမ်းထက်သူများ ရှိတတ်လေသည်။ ၎င်းက ပြင်ပစွမ်းအားပင် ဖြစ်၏။

သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင်က မည်သည့်ပြင်ပစွမ်းအားမှ မသုံးခဲ့ပေ။ ထိုအချက်ကို အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်လည်း သိသကဲ့သို့ နိုလန်လည်း ကောင်းစွာ သိလေသည်။

ပြင်ပစွမ်းအားများကို အသုံးမပြုပဲ အဋ္ဌမအလွှာ တားဆီးမရသူများကို သတ်နိုင်ခြင်းက ဒဏ္ဍာရီကို ချိုးဖျက်ခြင်းပင် မဟုတ်ပါလား။

ဝှစ်....

ခေါင်းဆောင်နိုလန်က ထိတ်လန့်တုန်လှုပ်နေစဉ် သူ၏ ရှေ့သို့ ပုံရိပ်တစ်ခု ရောက်လာသည်။ သူကား နဂါးငွေ့တန်းကြယ်သခင်ပင် ဖြစ်၏။

" ငါ ဒီထိုက်ဝေသလင်းကျောက်တွေ ယူသွားတော့မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ကောင်းပါပြီ။ နဂါးငွေ့တန်းကြယ်သခင် လက်ခံရရှိကြောင်း လက်မှတ်လေးထိုးပေးပါဦး။ " ခေါင်းဆောင် နိုလန်က လေးစားစွာ ပြောလိုက်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်ကို ယခင်က သူ၏ နောက်ခံ၊ အရည်အချင်းနှင့် အခြားကဏ္ဍများကြောင့် လေးစားခဲ့ခြင်းဖြစ်ပြီး ယခု ခွန်အားတစ်ခုတည်းကြောင့် လုံးဝ လေးစားသွားခဲ့သည်။ လူသားမျိုးနွယ်မှ ဆင့်ကဲပြောင်းလဲသူများက ကြီးမြတ်သူများကို လေးစားသကဲ့သို့ ဖြစ်သည်။

လင်းယွမ်က သူ၏ အထောက်အထားကို အတည်ပြုပြီးနောက် အတွေးတစ်ချက်ဖြင့် အာကာသယာဉ်များပေါ်မှ သိုလှောင်ပစ္စည်းများက သူ၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်သွားကြသည်။

စကြာသဠာသလင်းကျောက် ရှစ်သောင်းနှင့် ဝယ်ယူခဲ့သော ထိုက်ဝေသလင်းကျောက်များက အလွန်များပြားသဖြင့် သူတို့က အာကာသယာဉ်များစွာဖြင့် သယ်ယူခဲ့ရသည်။

ခေါင်းဆောင်နိုလန်က အဋ္ဌမအလွှာ အထွတ်အထိပ်နှင့် နီးကပ်နေပြီး သူ၏ အတွင်းကမ္ဘာက မိုင်ထောင်ချီကျယ်ဝန်းသော်လည်း ထိုက်ဝေသလင်းကျောက်အားလုံးကို ထည့်နိုင်စွမ်းမရှိပေ။

၎င်းက သိုလှောင်ပစ္စည်းများနှင့် ထည့်ထားသော်လည်း အတွင်းကမ္ဘာထဲသို့ ထည့်သွင်းခြင်းက အတွင်းကမ္ဘာ၏ ခံနိုင်ရည်ပေါ်လည်း မူတည်လေသည်။ သို့သော် အတွင်းကမ္ဘာ မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော လင်းယွမ်အတွက် ၎င်းက ပြဿနာမရှိပေ။

နဂါးငွေ့တန်းပင်မကြယ်ပေါ်ရှိ နန်းတော်ထဲတွင် လင်းယွမ်က ထိုက်ဝေသလင်းကျောက်များကို လက်ခံပြီးနောက် ဤနေရာသို့ ပြန်လာခဲ့သည်။

" တိုက်ပွဲက အကျိုးအမြတ်တွေ ကြည့်ရအောင်။ " လင်းယွမ်၏ ရှေ့တွင် သိုလှောင်လက်ကောက်နှစ်ခုပေါ်လာသည်။

လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ပြီး သူတို့၏ သိုလှောင်လက်ကောက်နှစ်ခုနှင့် သူတို့၏ အနှစ်သာရနှင့် သွေးများ အားလုံးကို စုဆောင်းခဲ့သည်။

" ချမ်းသာလိုက်တာ..." လင်းယွမ်က ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ ကျေနပ်သွားသည်။

သိုလှောင်လက်ကောက်နှစ်ခုထဲတွင် စကြာဝဠာသလင်းကျောက် နှစ်သိန်းကျော် ရှိလေသည်။ အခြားရတနာများနှင့် လက်နက်များလည်း ရှိသေးသည်။ လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ဖြတ်ခြင်းမှ ရရှိသော အကျိုးအမြတ်များမှာ စုစုပေါင်း စကြာဝဠာသလင်းကျောက် ငါးသိန်းနီးပါး ရှိလေသည်။

၎င်းက အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်၏ ပုံမှန်ကြွယ်ဝမှုလည်း ဖြစ်သည်။ အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်နှင့် အခြားသူများက နဂါးငွေ့တန်းကြယ်သခင်ကို လုပ်ကြံရာတွင် မည်သည့်အမှားအယွင်းမှ မဖြစ်နိုင်ဟု တွေးခဲ့ကြသည်။

ထို့အပြင် နဂါးငွေ့တန်းကြယ်နယ်မြေက လူသားမျိုးနွယ်နယ်မြေ၏ အစွန်တွင် တည်ရှိပြီး သူတို့က တာဝန်ကျရှုံးလျှင်တောင် ထိခိုက်မှုမရှိဘဲ နောက်ပြန်ဆုန်နိုင်လေသည်။ ထို့ကြောင့် အဋ္ဌမအလွှာ တားဆီးမရသူငါးယောက်က စကြာဝဠာသလင်းကျောက်များနှင့် ရတနာများကို ယူဆောင်လာခဲ့ခြင်းဖြစ်သည်။

" ဒါက... မှတ်ဉာဏ်အဆိပ်လား။ " လင်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အမှောင်အကြေးခွံမျိုးနွယ်မှ ဆာရတ်၏ သိုလှောင်လက်ကောက်ထဲတွင် လင်းယွမ်က ထိုထူးခြားသော ပစ္စည်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

" မျိုးနွယ်ခြားတွေက ငါ့ကို လုံးဝ သတ်ပစ်ဖို့ ရည်ရွယ်ထားတာပဲ။ " လင်းယွမ်က မှတ်ဉာဏ်အဆိပ်ကို ကောင်းစွာ သိလေသည်။

၎င်းက မှတ်ဉာဏ်ကို ပစ်မှတ်ထားသော ပစ္စည်းဖြစ်ပြီး ကြီးမြတ်သူတစ်ယောက်၏ ပြန်လည်ရှင်သန်ခြင်းပင် ကယ်တင်နိုင်ခြင်းမရှိပေ။

" ကံဆိုးတာက မှတ်ဉာဏ်အဆိပ်က ငါ့အတွက် ထိခိုက်မှုမရှိဘူး။ "

လင်းယွမ်က ရှစ်ကြိမ်မြောက် ဆင်းသက်ခြင်းပြီးသောအခါ သူ၏ ခွန်အားက နဝမအလွှာ တစ်ယောက်နှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်လာခဲ့သည်။

ထိုဆင်းသက်မှုမရှိလျှင်တောင် ကြီးမြတ်သူရှချင်ပေးခဲ့သော စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲက မှတ်ဉာဏ်အဆိပ်ကို တားဆီးရန် လုံလောက်လေသည်။

" ငါ့အတွက် အသုံးမဝင်ပေမယ့် ဒီလိုထူးခြားတဲ့ ပစ္စည်းက တန်ဖိုးကြီးတယ်။ " လင်းယွမ်က မှတ်ဉာဏ်အဆိပ်ကို သေချာသိမ်းဆည်းလိုက်သည်။

" ငါ ချက်ချင်း ပြေလည်သွားတာပဲ။ " လင်းယွမ်က ကျေနပ်သွား၏။

သူက ထိုက်ဝေသလင်းကျောက်များ ဝယ်ရာတွင် စကြာဝဠာသလင်းကျောက် ရှစ်သောင်းကုန်သွားခဲ့သော်လည်း ယခု စကြာဝဠာသလင်းကျောက် ငါးသိန်းကို ပြန်ရခဲ့သည်။

၎င်းက မှတ်ဉာဏ်အဆိပ် မပါသေးပေ။ အကြောင်းမှာ မှတ်ဉာဏ်အဆိပ်က စကြာဝဠာသလင်းကျောက် သိန်းပေါင်းများစွည တန်ဖိုးရှိလေသည်။

All Chapters