အင်းဆက်မျိုးနွယ်၏ ထိတ်လန့်မှု....
Vol. 27 Ch. 409
" ညီငယ်လေး..." အခြားနယ်စပ်ကြယ်နယ်မြေတစ်ခုတွင် ချီခွန်မျိုးနွယ်၏ မဟာတောင်ထိပ်သခင်က သူ၏ ရှေ့ရှိ အချက်အလက်များကို ကြည့်ပြီး မှင်သက်နေသည်။
သူက သူ၏ ညီငယ်လေးမှာ ကြောက်မက်ဖွယ်ရာ ပါရမီရှိသည်ကို သိရှိသည်မှာ ကြာပြီဖြစ်သည်။ အဋ္ဌမအလွှာသို့ ဝင်ရောက်ခါစကပင် သူ့ကိုဖိနှိပ်နိုင်ခဲ့သည်။ သူ၏ ဆရာချီခွန်ကြယ်သခင်ကပင် လင်းယွမ်က သူ၏ ခွန်အားကို ထိန်းချုပ်ထားကြောင်း ပြောခဲ့လေသည်။
ထိုအချိန်တွင် မဟာတောင်ထိပ်သခင်က သူ၏ ညီငယ်လေးနှင့် သူကြား ကွာဟချက်က ပို၍ကြီးမားလာမည်ကို ကြိုသိနေခဲ့သည်။ သို့သော် သူက ကြယ်နယ်မြေအတွင်း အာဏာသက်ရောက်မှုရှိအောင် ကြိုးစားနေစဉ် သူ၏ ညီငယ်လေးက အဋ္ဌမအလွှာ တားဆီးမရသူများကြား ရက်စက်စွာ လွှမ်းမိုးနေခဲ့သည်။
" ရှစ်စန်းတောင်ထိပ်သခင် သူက အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်လိုက်တယ်။ " ဝမ်ယန်ကြယ်နယ်မြေမှ ဝမ်ယန်တော်ဝင်သားတော်ကလည်း ထိုသတင်းကို ကြားလိုက်ရသောအခါ သက်ပြင်းချလိုက်သည်။
" အဲ့ဒီတုန်က ငါ ရှစ်စန်းတောင်ထိပ်သခင်ကို စိန်ခေါ်ချင်ခဲ့တာ အခုပြန်တွေးကြည့်ရင် အတော်ရယ်စရာကောင်းတာပဲ။ " ဝမ်ယန်တောင်ဝင်သားတော်က ယခင် ရှစ်စန်းတောင်ထိပ်သခင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့သည်ကို တွေးမိလိုက်သည်။
" တစ်ချိန်တုန်းက ငါက ရှစ်စန်းတောင်ထိပ်သခင်နဲ့ ယှဉ်ပြိုင်ခဲ့ဖူးတာပဲ။ " ဝမ်ယန်တော်ဝင်သားတော်က တည်ငြိမ်နေပြီး ဂုဏ်ယူစိတ် အနည်းငယ်ပင် ပေါ်လာသည်။
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က ထိုင်နေပြီး သူ၏ စိတ်အသိက အဆွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။
" ထိုက်ဝေသလင်းကျောက်..." သူ၏ အတွင်းကမ္ဘာထဲရှိ နေရာတစ်ခုတွင် ကြီးမားသော ထိုက်ဝေသလင်းကျောက်များ စုပုံနေပြီး သန့်စင်သော စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေသည်။
" ချဲ့ထွင်မှုစမယ်။ " လင်းယွမ်က သူ၏ အတွင်းကမ္ဘာအား ဖိနှိပ်မှုကို လွှတ်ပေးလိုက်သည်။
ထိုက်ဝေသလင်းကျောက် တန်ပေါင်းရာချီက ကွဲကြေသွားပြီး သန့်စင်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး အတွင်းကမ္ဘာထဲသို့ စိမ့်ဝင်သွားကြသည်။
" ပထမဆုံး အတွင်းကမ္ဘာကို အကန့်အသတ်ထိ ချဲ့ထွင်ပြီးမှ ဘူးသီးခြောက်ထဲက အရည်ကို ဆက်ပြီးစုပ်ယူရမယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က ဆင်းသက်ခြင်းမှ ပြန်လာပြီးနောက် ဆန်းကြယ်သော ဘူးသီးခြောက်ထဲမှ အရည်ကို ချက်ချင်း စုပ်ယူခြင်း မရှိသေးဘဲ ထိုက်ဝေသလင်းကျောက်များ ရောက်ရှိလာမည့်အချိန်ကို စောင့်နေခဲ့သည်။
" လက်ရှိနှုန်းအရဆို ငါးရက်က ခြောက်ရက် ချဲ့ထွင်ပြီး ဘူးသီးခြောက်ထဲက အရည်ကို စုပ်ယူလိုက်ရင် လဝက်အတွင်း ငါ့ရဲ့ အတွင်းကမ္ဘာက မိုင်သန်းတစ်ရာနီးပါးကို ရောက်သွားလိမ့်မယ်။ " လင်းယွမ်က ခဏစောင့်ကြည့်ပြီး ခန့်မှန်းလိုက်သည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် သူက ဆန်းကြယ်သော ဘူးသီးခြောက်မှ အရည်များကို စုပ်ယူရန် နှစ်တစ်ထောင်နီးပါး အချိန်ယူခဲ့ပြီး ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်းကလည်း အဆင့်မြင့်လာခဲ့သည်။ ဒုတိယအကြိမ်တွင် သူက ခဏအတွင်း စုပ်ယူနိုင်ပေလိမ့်မည်။
လင်းယွမ်၏ စိတ်အသိက ခဏစောင့်ကြည့်ပြီးနောက် ပြင်ပကမ္ဘာသို့ ပြန်ရောက်လာသည်။ အတွင်းကမ္ဘာချဲ့ထွင်ခြင်းက ဗီဇလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး လင်းယွမ်က အချိန်ပြည့် စောင့်ကြည့်နေရန် မလိုအပ်ပေ။ လိုအပ်သော စွမ်းအားကို ထောက်ပံ့ပေးရန်သာ လိုအပ်လေသည်။
" ငါ့ရဲ့ လက်ရှိ ကောင်းမှုအမှတ်က ၂၆သန်း..." လင်းယွမ်က စဉ်းစားလိုက်သည်။
သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍက ကောင်းမှုအမှတ် ၂၂သန်း ရရှိခဲ့သည်။ သူက အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်လိုက်ခြင်းအတွက် ကောင်းမှုအမှတ် တစ်သန်းရရှိခဲ့သည်။
ပုံမှန်အားဖြင့် အဋ္ဌမအလွှာ မျိုးနွယ်ခြားများကို သတ်ဖြတ်ခြင်းက ကောင်းမှုအမှတ် တစ်သန်း ရရှိပြီး အဋ္ဌမအလွှာ တားဆီးမရသူကို သတ်ခြင်းက ကောင်းမှုအမှတ် ပိုရလေသည်။
သို့သော် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို လုံးဝ သတ်ဖြတ်ခြင်းမဟုတ်ဘဲ သူတို့၏ မူလခန္ဓာကိုယ်များ အသက်ရှင်နေဆဲ ဖြစ်သောကြောင့် ကောင်းမှုအမှတ် တစ်သန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။
" အဆင့်ခုနှစ်နိုင်ငံသားကနေ အဆင့်ရှစ်နိုင်ငံသားအဖြစ် အဆင့်မြှင့်ဖို့ ကောင်းမှုအမှတ် သန်းငါးဆယ် လိုအပ်တာလား။ " လင်းယွမ်က လိုအပ်သော ကောင်းမှုအမှတ် ပမာဏကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
" ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တွေ များပေမယ့် အဆင့်ရှစ်နိုင်ငံသားတွေ နည်းနေတာ အံ့ဩစရာမရှိဘူးပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက အနည်းဆုံး အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးခဲ့ကြပြီး ၎င်းကပင် ကောင်းမှုအမှတ် သန်းပေါင်းများစွာ တန်ဖိုးရှိလေသည်။
ထို့အပြင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တိုင်းက အလယ်ပိုင်းကြယ်နယ်မြေတွင် သူတို့၏ ကိုယ်ပိုသုတေသနဂြိုလ်ရှိပြီး စွမ်းဆောင်မှုအမျိုးမျိုး ပြုလုပ်ကာ ကောင်းမှုအမှတ်များ ရရှိနိုင်လေသည်။
နောက်ဆုံး ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက သိပ္ပံအဖွဲ့အစည်းနှင့် ဆင့်ကဲပြောင်းလဲခြင်းအဖွဲ့အစည်းတွင် ပါဝင်နိုင်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ တည်ငြိမ်သော ကောင်းမှုအမှတ်များကို ဆက်လက်ရရှိနေမည်ဖြစ်သည်။
ဆင့်ကဲပြောင်းလဲသူများနှင့် ယှဉ်လျှင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက ကောင်းမှုအမှတ်များ ရရှိနိုင်သော နည်းလမ်းများ ပိုများလေသည်။
သို့တိုင် ဆင့်ကဲပြောင်းလဲခြင်းပညာရှင် အများစုက အဆင့်ရှစ်နိုင်ငံသားများ မဖြစ်ကြသေးပေ။
" ငါ နဝမအလွှာကဏ္ဍကို ဖန်တီးနိုင်ရင် အဆင့်ရှစ်နိုင်ငံသားဖြစ်ဖို့ လုံလောက်လုနီးပါး ဖြစ်သွားလောက်ပြီ။ "
အဋ္ဌမအလွှာကဏ္ဍကပင် ကောင်းမှုအမှတ် ၂၂သန်းရှိသောကြောင့် နဝမအလွှာကဏ္ဍက ထိုထက် နည်းနိုင်မည်မဟုတ်ဘဲ အဆင့်ရှစ်နိုင်ငံသားအဖြစ် မြှင့်တင်ရန် လုံလောက်သည်ထက် ပိုပေလိမ့်မည်။
" အဆင့်ရှစ်နိုင်ငံသား..." လင်းယွမ်က မျှော်လင့်ချက်များဖြင့် ရေရွတ်လိုက်သည်။
ထိုအဆင့်က နိုင်ငံသားဖြစ်ရုံသာမက လူသားမျိုးနွယ်၏ ဆုံးဖြတ်ချက်ချနိုင်သူဖြစ်လာပြီး ကြယ်မဟာမိတ်အများအပြားကိုပင် ဩဇာလွှမ်းမိုးနိုင်ကြလေသည်။
ဥပမာ လက်ရှိ အန်နန်ကြယ်မဟာမိတ်၏ ကောင်စီဥက္ကဋ္ဌက အဆင့်ရှစ်နိုင်ငံသားဖြစ်ပြီး သူ၏ ဩဇာအာဏာက ကြီးမားသဖြင့် ပတ်ဝန်းကျင်ရှိ ကြယ်မဟာမိတ်များပင် ပေါ့ပေါ့တန်တန် သဘောမထားရဲကြပေ။
လူသားမျိုးနွယ် နယ်မြေ၏ အပြင်ဘက်။
လူသူကင်းမဲ့သော ကြယ်နယ်မြေတစ်ခုတွင် ပုံရိပ်အချို့ ဆင်းသက်လာကြသည်။
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ဘာလဲ။ သူက အဋ္ဌမအလွှာကို ဝင်တာ ဘယ်လောက်ကြာသေးလို့လဲ။ အခု အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်နိုင်တဲ့ စွမ်းအားရှိနေပြီလား။ " မြင့်မားသော ပုံရိပ်တစ်ခုက သံသယဝင်စွာ ပြောလိုက်သည်။
သူတို့အတွက် အဋ္ဌမအလွှာ တားဆီးမရသူများက အရေးကြီးပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အရမ်းငယ်သေးသည်။ ထိုကြီးထွားမှုအမြန်နှုန်းနှင့် အနာဂတ်တွင် ဘယ်လိုဖြစ်လာမလဲ။
" ကာနာလန် မင်းက နဂါးငွေ့တန်းကြယ်သခင်ကို လုပ်ကြံတာနဲ့ ပက်သက်ပြီး အသိဆုံးပဲ။ အတိအကျ ဘာဖြစ်ခဲ့တာလဲ။ " ဒုတိယပုံရိပ်က ပထမပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။
" အဖြစ်မှန်ကတော့ မင်းအသိဆုံးပဲ။ " ပထမပုံရိပ် အင်းဆက်မျိုးနွယ်၏ သံတမန်က ပြောလိုက်သည်။
သူကလည်း ထိုရလဒ်ကို မမျှော်လင့်ခဲ့ပေ။ နဂါးငွေ့တန်းကြယ်သခင်က မကြာသေးမီကမှ အဋ္ဌမအလွှာသို့ ဝင်ရောက်ခဲ့သော်လည်း ယခု အဋ္ဌမအလွှာ တားဆီးမရသူဖြစ်လာပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားက မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လေသည်။
" သူက ပြင်ပစွမ်းအားတွေ မသုံးခဲ့ဖူးပေါ့။ " တတိယမြောက်ပုံရိပ်က မေးမြန်းလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ရန် ပြင်ပစွမ်းအားကို အားကိုးခဲ့လျှင် ၎င်းက အရေးမကြီးပေ။ အကြောင်းမှာ ပြင်ပစွမ်းအားများက အကန့်အသတ်ရှိလေသည်။
" ဒါက အဲ့ဒီတုန်းက တိုက်ပွဲပုံရိပ်ပဲ။ "
အင်းဆက်မျိုးနွယ် သံတမန်၏ ရှေ့တွင် လင်းယွမ်နှင့် မျိုးနွယ်ခြားငါးယောက်တို့ ရင်ဆိုင်တိုက်ခိုက်နေသော ပုံရိပ်များ ပေါ်လာသည်။ ခဏကြာသောအခါ မြင်ကွင်းများက ပြီးဆုံးသွားသည်။
" ပြင်ပစွမ်းအားကို မမှီခိုဘူးပဲ။ "
" အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာစွမ်းအားသုံးမျိုးကို အနည်းဆုံး ကျွမ်းကျင်ထားပြီး သုံးမျိုးလုံးက အဆင့်မြင့် စကြာဝဠာစွမ်းအားတွေပဲ။ "
" အဲ့ဒီစကြာဝဠာစွမ်းအားတွေထဲက တစ်မျိုးက တတိနယ်ပယ်ကို ရောက်နေလောက်ပြီ။ "
ပုံရိပ်အချို့က အချင်းချင်း ပြောနေကြပြီး သူတို့၏ အသံများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။
စကြာဝဠာစွမ်းအားများကို နားလည်ရန် မလွယ်ကူပေ။ နဂါးငွေ့တန်းကြယ်သခင်က အဆင့်မြင့် စကြာဝဠာစွမ်းအားသုံးမျိုးကို နားလည်ထားခြင်းက အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ခြင်းထက် ပို၍ ကြောက်စရာကောင်းသွားပြီဖြစ်သည်။
" အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်နိုင်တာ အံ့ဩစရာမရှိဘူးပဲ။ "
" အဲ့ဒီစကြာဝဠာစွမ်းအားသုံးမျိုးကို ပေါင်းစပ်လိုက်ရင် နဝမအလွှာ နီးပါး အစွမ်းထက်လာပြီး အချို့နေရာတွေမှာ သာမန်နဝမအလွှာထက်တောင် အားကောင်းသေးတယ်။ "
နဝမအလွှာ စွမ်းအားရှင်များအတွက် အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်ကို သတ်ရန် ခက်ခဲလေသည်။ အကြောင်းမှာ အဋ္ဌမအလွှာ တားဆီးမရသူတစ်ယောက်က ကိုယ်ပိုင်စကြာဝဠာစွမ်းအားကို အသက်သွင်းပြီး နဝမအလွှာတစ်ယောက်ကို ခဏမျှ တားဆီးပြီး ထွက်ပြေးနိုင်သောကြောင့် ဖြစ်သည်။
ထိုနဝမအလွှာက လုံးဝ သာမန်နဝမအလွှာများသာ ဖြစ်သည်။ အစွမ်းထက် နဝမအလွှာများ၏ ရှေ့တွင် အဋ္ဌမအလွှာ တားဆီးမရသူများက အသက်ရှင်ရန် ခက်ခဲလေသည်။
နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာ စွမ်းအားရှင်တစ်ယောက် မဟုတ်သော်လည်း သူတွင် အားနည်းချက်မရှိပေ။ အဋ္ဌမအလွှာ တားဆီးမရသူ၏ စကြာဝဠာစွမ်းအားက သူ့အပေါ် သက်ရောက်မှုမရှိပေ။
" အဆင့်မြင့် စကြာဝဠာစွမ်းအားသုံးမျိုး.... နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာကို ရောက်တာနဲ့ အံ့မခန်းတိုးတက်လာလိမ့်မယ်။ အနာဂတ်မှာ ဒသမအလွှာကို ရောက်ဖို့ အခွင့်အရေးများတယ်။ "
" နဂါးငွေ့တန်းကြယ်သခင်က ဒီလိုမြင့်မားတဲ့ အရည်အချင်းမျိုး ရှိမှန်း အစောကသာ သိခဲ့ရင် ငါတို့မျိုးနွယ်က နဝမအလွှာကို လွှတ်ပြီး သူ့ကို လုပ်ကြံခိုင်းပါတယ်။ "
" လူသားမျိုးနွယ်ရဲ့ လက်တုန့်ပြန်မှုထက် ဒီနဂါးငွေ့တန်းကြယ်သခင်ကို ကြီးထွားခွင့်ပေးလိုက်ရင် အနာဂတ်မှာ ငါတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်။ "
ပုံရိပ်များက အချင်းချင်း ပြောဆိုနေကြသည်။ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို သတ်ချင်ကြသော်လည်း ယခု နဂါးငွေ့တန်းကြယ်သခင်က သူ၏ ခွန်အားကို ထုတ်ပြလိုက်ခြင်းဖြင့် လူသားမျိုးနွယ်က သူ့ကို သေချာပေါက် အာရုံစိုက်ထားကြပေလိမ့်မည်။ ယခုအချိန်တွင် သူ့ကို လုပ်ကြံရန် နဝမအလွှာတစ်ယောက်ကို စေလွှတ်ရန်က နောက်ကျသွားပြီဖြစ်သည်။