အခန်း (၂၁၆-၂၁၈)
Vol. 5 Ch. 216-218
Chapter 216
ထင်ထားတဲ့အတိုင်းသူတို့ဆိုးဆိုးရွားရွားတောက်လောင်နေပြီ
လုယန်ကမစွမ်းဆောင်နိုင်ဘူးဆိုတာမဖြစ်နိုင်ဘူးသူမရဲ့လက်ထဲမှာကိုင်လိုက်ရတဲ့အထိအတွေ့အရအဲ့တာကတော်တော်ကြီးအလုပ်ကောင်းကောင်းလုပ်သေးတယ်
“သခင်မလေးဘာလို့မျက်နှာကြီးနီလာတာလဲ”
ကျူးယွီရဲ့မေးခွန်းကသူမရဲ့အတွေးတွေကနေပြန်ဆွဲခေါ်ထုတ်လိုက်သည်
လုလျန့်ဝေကသူ့ရဲ့လက်ကိုမြှောက်ပြီးတော့ပါးနှစ်ကိုကိုင်ကြည့်လိုက်တယ်ထင်ထားတဲ့အတိုင်းတော်တော်ပူနေတယ်
“ဘာမှမဖြစ်ဘူး တော်တော်တောင်နောက်ကျနေပြီနင်သွားအိပ်သင့်နေပြီ”
….
တော်ဝင်ပန်းခြံထဲမှာအပြစ်ဒဏ်ခံနေရတဲ့ကိုယ်လုပ်တော်ကိုအစေခံတွေမသွားသည်
သဘာဝတိုင်းဖြစ်နေတဲ့တောင်ကုန်းပေါ်လေအေးတွေထဲမှာတစ်နေ့လုံးရပ်နေတာဖြစ်သည်သူတစ်ကိုယ်လုံးတောင့်နေသည်
ကောင်းကင်ဘုံလမ်းမှာ မြို့စားမိသားစုတို့ကပြိုင်ပွဲကိုစောစောကျင်းပသည်
ဒုတိယမင်းသမီးလုကပြိုင်ပွဲကျင်းပပြီးလက်တွဲဖော်ရွေးချယ်မယ့်သတင်းသည်မြို့တော်တစ်ခုလုံးအမြန်ပျံ့နှံ့သွားသည်
အများစုကတော့ဇာတ်လမ်းတွေကိုစောင့်မျှော်နေတယ်
အားလုံးထက်လုလျန့်ဝေကနန်းတက်မင်းသားနဲ့ကိစ္စနဲ့တုန်းကလည်းရှက်စရာကိစ္စတွေဖြစ်ပျက်ခဲ့သည်
သူတို့ရဲ့မျက်စိထဲမှာလုလျန့်ဝေကစိတ်ဓာတ်မကောင်းတဲ့အရှက်မရှိတဲ့မိန်းကလေးသက်သက်ဘဲအဲ့တာတွေကိုဂရုမထားဘဲဒီလောက်လှပတဲ့မိန်းကလေးကိုမလိုချင်တဲ့သူမရှိဘူးဖြစ်သည်
အဲ့တာကြောင့်သူမကိုကောင်းကောင်းမွန်မွန်လက်ထပ်ဖို့မဖြစ်နိုင်ဘူးဖြစ်သည်မြို့စားမိသားစုကရွေးချယ်စရာမရှိဘဲဒီလိုအစီစဉ်ကိုလုပ်ချင်းဖြစ်သည်
ဘယ်လိုဘဲဖြစ်ဖြစ်လုလျန့်ဝေမှာအဲ့လိုစရိုက်ရှိနေတော့ဘယ်သူကမှမွေးစားသမက်မဖြစ်ချင်ကြဘူး
ပြိုင်ပွဲရဲ့ဆန့်ကျင်ဘက်စားသောက်ဆိုင်မှာလူတွေအများကြီးထိုင်နေကြတယ်သူတို့တွေပွဲကြီးပွဲကောင်းကြည့်နိုင်ဖို့ဖြစ်တယ်
ပြိုင်ပွဲပတ်ပတ်လည်မှာသာမန်လူတွေစိတ်လှုပ်ရှားစွာနဲ့စောစောစီးစီးပါဝင်ဖို့ရောက်နေကြသည်ပြိုင်ပွဲကိုကြည့်ပြီးအချင်းချင်းတိုးတိုးပြောနေကြသည်
“ငါကြားတာတော့မြို့စားမိသားစုကဒုတိယမင်းသမီးလုအတွက်ကြင်ရာတော်ရှာပေးဖို့အတွက်ဒီပြိုင်ပွဲကိုကျင်းပတယ်လို့ကြားတယ်”
တချို့ကလှောင်ပြုံးပြုံးနေကြတယ် တချို့ကမထီမဲ့မြင်ပြုနေကြတယ် တချို့ကတော့ဝတ်စုံအပြည့်ဝတ်ပြီးကံကောင်းဖို့ဆုတောင်းနေကြတယ်
“ဒီဟာကဂုဏ်သတင်းကြီးတဲ့ဘဝနေဖို့အတွက်ဖြတ်လမ်းဘဲအကယ်၍ငါသာမြို့စားအိမ်ရဲ့မွေးစားသမက်ဖြစ်လာရင်တစ်ဘဝလုံးစားစရာနဲ့အဝတ်အစားကိုစိတ်ပူစရာမလိုတော့ဘူး”
“အဲ့ဂုဏ်သိက္ခာဘာလုပ်ရမှာလဲငါ့ကိုပိုက်ဆံနဲ့သိက္ခာသာပေးစမ်းပါအရေးမပါတဲ့လူတစ်ယောက်ကိုပျော်ပျော်ကြီးဝင်လုပ်ပါလိုက်ချင်တယ်”
“ဒုတိယမင်းသမီးလုကမင်းလိုမျိုးရုပ်ရည်နဲ့လူကိုအရေးပေးမယ်ထင်လို့လား”
တစ်ယောက်ယောက်ကအကျယ်ကြီးထရယ်လိုက်သည်
“ငါ့ပုံစံကဘာဖြစ်နေလို့လဲဒုတိယမင်းသမီးလုကငါ့လိုပုံစံနဲ့လူကိုကြိုက်ရင်ဘယ်လိုလုပ်မလဲ”
“မင်းအိမ်မက်မက်နေတာတွေရပ်လိုက်တော့ဒုတိယမင်းသမီးလုကနဂိုစိတ်ရင်းကအရမ်းမမြင့်ဘူးလို့ကြားတယ်သူမရဲ့မျက်နှာလေးကနတ်ပြည်ပေါ်ကနတ်သမီးလေးလိုဘဲပြောရရင်သူမရဲ့မျက်နှာလေးလှပုံကသင်္ဘောထောင်ချီလောက်ကိုစတင်ဆောင်ရွက်လို့ရတယ်”
တစ်ယောက်ယောက်ကသွားရည်ကျနေသည်
“ဟုတ်တယ် ဒုတိယမင်းသမီးလုအလှကိုငါတစ်ခါမြင်ဖူးတယ်သူမကလှည်းထဲမှာထိုင်နေရင်းနဲ့မတော်တဆလိုက်ကာလေးကိုဖွင့်လိုက်တာအစကဒုတိယမင်းသမီးမှန်းမသိကြဘူးတော်တော်ကျော်သွားမှသာလူတိုင်းသူမှန်းသိပြီးပြေးလိုက်ကြသည်”
တစ်ယောက်ယောက်ကသက်ပြင်းချပြီးပြောနေသည်
အဲ့လိုအလှကတကယ်မေ့လို့မရဘူး
အကယ်၍သူမရဲ့နဂိုစိတ်ရင်းသာဆိုးမနေခဲ့ရင်သူမကတကယ်ရှားပါးတဲ့အလှတရားလေးဘဲ
အားလုံးအတင်းပြောရင်းအလုပ်ရှုပ်နေစဉ်ဘဏ္ဍာစိုးဝမ်ကမြို့စားအိမ်ရာထဲကနေထွက်လာသည်
“အားလုံးဘဲဒီနေ့ကမြို့စားမိသားစုအတွက်မင်္ဂလာရှိတဲ့နေရက်ဘဲဖြစ်တယ်ပြိုင်ပွဲကိုကျင်းပပြီးတော့လက်တွဲဖော်ကိုရွေးချယ်မှာဖြစ်တယ်မင်းအဆင့်အတန်းကဘယ်ကလာလာဂရုမစိုက်ဘဲမင်းမှာသာအကျင့်ဆိုးနှင့်ပြစ်မှုမှတ်တမ်းသာမရှိဘူးဆိုရင်ပြိုင်ပွဲမှာကြိုးစားဖို့ဖိတ်ခေါ်ပါတယ””
အကယ်၍ မြို့စားမိသားစုရဲ့မွေးစားသမက်ဖြစ်ရင်နန်းတက်မင်းသားနဲ့အမျိုးတော်ပြီဖြစ်သည်
အဲ့တာတင်မဟုတ်ဘဲမြို့စားမိသားစုရဲ့မွေးစားသမက်ဖြစ်လာရင်ဂုဏ်သတင်းအလျင်အမြန်တိုးတက်လာမှာဖြစ်တယ်ပြီးတော့များစွာသောဇိမ်ခံမှုတွေကိုရရှိမည်ဖြစ်တယ်
ဒါကအရမ်းဆွဲဆောင်မှုကောင်းသည်
ပွဲကအောက်ကလူတွေကချက်ချင်းထလာကြပြီးအားလုံးကအစွမ်းကုန်ကြိုးစားဖို့အဆင်သင့်ဖြစ်နေသည်
ဘဏ္ဍာစိုးဝမ်ကလူတိုင်းရဲ့စိတ်လှုပ်ရှားမှုအားတက်သရောတွေကိုမြင်ရပြီးဝမ်းသာပြီးတော့သူဆက်လက်၍ပြောသည်
“ဒီပြိုင်ကွင်းမှာ၅ရက်ယှဉ်ပြိုင်ကျင်းပမည်နေ့တိုင်းနိုင်တဲ့သူတစ်ယောက်ကိုရွေးချယ်မည်အဲ့တစ်ယောက်ကပထမနေရာအတွက်ဆက်လက်ယှဉ်ပြိုင်ရမည်ဒီလိုမျိုး၅ရက်ဆက်တိုက်ကျင်းပပြီးတော့နောက်ဆုံးအနိုင်ရတဲ့သူကနောက်ဆုံးအဆင့်ဖြစ်တဲ့အကျင့်စာရိတ္တကိုစစ်တဲ့စာမေးပွဲကိုဖြတ်ကျော်ရမယ်အဲ့တာကိုအောင်မြင်ပြီးကျွန်တော်တို့ရဲ့ဒုတိယမင်းသမီးလုကလည်းပျော်ရွှင်တယ်ဆိုရင်သူကကျွန်တော်တို့ဒုတိယမင်းသမီးလုနဲ့လက်ထပ်ရမှာဖြစ်ပြီးမြို့စားမိသားစုရဲ့မွေးစားသမက်ဖြစ်လာမှာဖြစ်တယ်”
“ပြိုင်ပွဲကိုဝင်ပါဖို့စိတ်ဝင်စားတဲ့သူတိုင်းဒီမှာ စာရင်းပေးလို့ရပြီနေ့တိုင်းပြိုင်ပွဲဦးရေကအကန့်အသတ်ရှိတယ်ဒီနေရာမှာအရင်စာရင်းပေးရမယ်စာရင်းပေးပြီးရင်တော့ပြိုင်ကွင်းထဲသို့တိုက်ရိုက်သွားနိုင်ပြီ”
ဘဏ္ဍာစိုးဝမ် ကစည်းမျဉ်းစည်းကမ်းတွေကိုတခါထဲရှင်းပြလိုက်သည်
“ငါစာရင်းပေးမယ် ငါစာရင်းပေးမယ်”
ဘဏ္ဍာစိုးဝမ်ပြောပြီးပြီးချင်းမှာဘဲတစ်ယောက်ယောက်ကရုတ်တရက်အော်လိုက်သည်
ငါးရက်ကနည်းနည်းကြာပေမယ့်သူတို့တွေပထမနေ့မှာတင်အနိုင်ယူခံရမှာသေချာတယ်ဒါပေမယ့်ပါဝင်ရောက်ဖို့သွေးဆောင်ဖြားယောင်းတဲ့သူတော်တော်နည်းသည်
Chapter 217
သူ့အတွက်အရမ်းငယ်တယ်ဆိုတာသူမ မမြင်ဘူးလား
အကယ်၍သူတို့သာကံကောင်းပြီးနိုင်သွားခဲ့ရင်အလှပလေးကိုရမှာတင်မဟုတ်ဘဲသူတို့ကမြို့စားမိသားစုရဲ့မွေးစားသမက်လည်းဖြစ်မှာဒါကတော်တော်စွဲမက်ဖို့ကောင်းတယ်အကြာကြီးစောင့်နေရတာကြည့်ရတာဘာမှပြဿနာမရှိတော့သလိုဘဲ
တစ်ယောက်ယောက်ကဦးဆောင်လိုက်ချိန်မှာလူအများကြီးကဘဏ္ဍစိုးဝမ်စီအလျင်အမြန်ပြေးလာကြသည်
“ဖြည်းဖြည်းတစ်ယောက်တစ်လှည့်စီ စီပေးကျပါအရမ်းမတိုးပါနဲ့”
ဘဏ္ဍစိုးဝမ်ကလူတွေတိုးလာတာကိုတွေ့ပြီးတော့အားနဲ့အော်ပြောလိုက်သည်
“မင်းပြောခဲ့တယ်မလားပြိုင်ပွဲမှာချတာနဲ့အကျင့်စရိုက်စာမေးပွဲပါမယ်လို့ဘယ်လိုရွေးချယ်မှာလဲသူတို့အရဲ့ရုပ်ရည်ကိုကြည့်ရွေးမှာလား”
ပြိုင်ပွဲဝင်ခွင့်မရတဲ့တစ်စုံတစ်ယောက်ကမကျေနပ်စွာအော်နေသည်
“ကျွန်တော်တို့မိသားစုရဲ့သခင်မလေးအရမ်းလှပတယ်ငှက်တို့သားရဲတို့ကိုတောင်ဆွဲဆောင်နိုင်သည်။သို့ပေမယ့်လည်းကျွန်တော်တို့ရဲ့အနာဂတ်သခင်လေးကိုသူမနဲ့ယှဉ်လို့ရအောင်လှပရမယ်လို့မမျှော်လင့်ထားပါဘူးဒါပေမယ့်ကြည့်ရဆိုးပြိးရွံ့စရာကောင်းနေလို့တော့မရဘူးပေါ့”
စကားပြောလို့ပြီးပြီးချင်းမှာဘဲအဲ့လူကဝမ်းနည်းစွာတိတ်တိတ်လေးထွက်သွားသည်
ပြိုင်ကွင်းရဲ့အနောက်ကနေကျူးယွီ ကအရှေ့မှာဘာတွေဖြစ်နေလဲဆိုတာချောင်းကြည့်နေသည်လှည့်ပြီးတော့လုလျန့်ဝေကိုသူမစိတ်လှုပ်ရှားစွာအလန့်တကြားပြောလိုက်တယ်
မြို့စားမိသားစုရဲ့ဒုတိယမင်းသမီးလေးကစရိုက်မကောင်းပေမယ့်လည်းသူကတော်ဝင်မျိုးရိုးနဲ့ချောမောတော့ယောကျာ်းတိုင်းလိုချင်လောဘတက်ကြမှာသဘာဝဘဲလေ
မနေ့ညကလုယန်ရဲ့အပြုအမူကသူမသူမမိသားစုအတွက်မွေးစားသမက်မရနိုင်ဘူးဆိုတာနားလည်လိုက်တယ်
လုယန်ကလည်းဆိုးတဲ့လက်တွဲဖော်မဟုတ်ဘူးပြောရမယ်ဆိုရင်သူကအလားအလာအရမ်းကောင်းတဲ့သူဧက္ကရာဇ်ဆိုတဲ့အချက်ကိုမေ့ထားရင်တောင်သူ့ကိုသူမကအမှန်တကယ်လေးစားအားကျသည်
သူ့ရဲ့အကြည့်ထဲမှာသူမကဘယ်တော့မှဆွဲဆောင်မှုရှိမှာမဟုတ်ဘူး
အစကသူမကသူ့ကိုအဆိပ်ကိုဖြေပေးခြင်ပြီးတော့သက်တမ်းတိုတိုဘဲနေရတဲ့ဘဝကိုလွတ်မြောက်အောင်လုပ်ပေးချင်တာသူမ မှာလည်းသူမအကြောင်းပြချက်နဲ့တော့ရှိသည်
သူမရဲ့ရည်မှန်းချက်ကအဲ့ညစ်ပတ်တဲ့လုချီကိုဧက္ကရာဇ်မဖြစ်ရစေဘဲလုယွင်ရွှမ်းကိုလည်းသူမရဲ့ရည်မှန်းချက်တွေမပြည့်ဝစေရန်ဖြစ်သည်။
လုလျန့်ဝေလည်းဒီလိုဘာဖြစ်လို့ဖြစ်လာတယ်ဆိုလည်းမသိဘူးလုယန်ကဘာလို့သူမကိုသတိထားမိလာတာလဲ
လုယန်ကဒီနှစ်ထဲဆိုသုံးဆယ်ပြည့်ပြီသူမရဲ့ခန္ဓာကိုယ်ကခုမှ၁၅နှစ်ရှိသေးတယ်သူမကကလေးလုံးဝမဟုတ်ပေမယ့်လည်းလုယန်ကစိတ်မအေးဖြစ်နေပုံကသူမကသူ့အတွက်အရမ်းမငယ်လွန်းဘူးလား
သူတို့နှစ်ယောက်ကြားမှာအသက်က၁၅နှစ်လောက်ကွာနေတယ်ပြောရရင်တစ်ဒါဇင်ထက်တောင်ပိုတယ်
လုယန်ကသူမထက်အသက်ကြီးတာကိုတော့စိတ်ထဲမထားပါဘူးအမှန်တကယ်သူ့မရဲ့အတိတ်ဘဝမှာကသူမကအသက်၂၂ နှစ် ဒီ၁၅နှစ်ခန္ဓာကိုယ်ထဲဝင်ထားပေမယ့်စိတ်ပိုင်းဆိုင်ရာကောခံစားချက်ပိုင်းမှာကောရင့်ကျက်နေပြီဖြစ်သည်
လုလျန့်ဝေကအသက်သုံးဆယ်ကိုအသက်ကြီးတယ်လို့မသက်မှတ်ဘူးသူကယောကျာ်းတစ်ယောက်ကအသက်သုံးဆယ်ပြည့်တွင်အဆွဲဆောင်ဆုံးဖြစ်တယ်လို့ခံစားရတယ်
ဒီလိုမျိုးအတွေ့အကြုံရှိတဲ့သူကလူငယ်တစ်ယောက်နဲ့ဘယ်လိုမှနှိုင်းယှဉ်လို့မရဘူး
သူမစိတ်ထဲထင့်နေတာကသူကဧက္ကရာဇ်ဖြစ်နေတယ်ဆိုတာဘဲ
သူမကလက်ထပ်တာကိုငြင်းဆန်ဖို့မရှိဘူးသူသာသာမန်ယောကျာ်လေးတစ်ယောက်ဆိုရင်သူမပျော်ပျော်ကြီးသူ့ကိုလက်ထပ်လိုက်မှာဖြစ်သည်
လုယန်ရဲ့တောင်ဝင်အမျိုးသမီးဆောင်တွေကလည်းအရမ်းအသုံးဖြုန်းကြီးတယ်လို့မဆိုရဘူးကိုယ်လုပ်တော်လေးယောက်သာရှိသည်အဲ့အချက်ကဘဲသူမကိုရပ်တန့်စေဖို့လုံလောက်သည်
သူမသက်ပြင်းထပ်ချပြန်သည်ကျူးယွီကမနေနိုင်ဘဲတိုးတိုးလေးမေးလိုက်သည်
“သခင်မလေးမနေ့ညကဖြစ်ခဲ့တာတွေကိုစိတ်ပူနေတာလား”
အမှန်အတိုင်းပြောရရင်ကျူးယွီတွေ့သွားတာတော်တော်ထူးဆန်းတယ်မနေ့ညကဖြစ်ပျက်ပြီးနောက်သူမကဒီသတို့သားရွေးချယ်ပွဲပြိုင်ပွဲကလုံးဝဖျက်သိမ်းမှာဆိုပြီးတွေးနေသည်
ပြိုင်ပွဲကလည်းအစီစဉ်တိုင်းဘဲသခင်မလေးလည်းရောက်လာပြီ
သူမနည်းနည်းစိတ်ရှုပ်နေတယ်သူမရဲ့သခင်မလေးဘာတွေတွေးနေတာလဲ
ကျူးယွီကသူမရဲ့မျက်နှာသေးသေးလေးကိုပွတ်နေသည်
သခင်မလေးဒီလောက်သက်ပြင်းခဏခဏချနေတာဘယ်လိုလုပ်အဆင်ပြေမှာလဲ
သခင်မလေးကမင်းကြီးနဲ့ဖြစ်ပျက်ခဲ့တာတွေကိုစိတ်သောကရောက်နေတာမလား
သူမရဲ့ရင်ထဲမှာတော့ဒါကိုအခဲမကျေဘူးဒါပေမယ့်သူမကမြို့စားကတော်ကိုတော့ဒီကိစ္စမပြောပြထားဘူး
သခင်မလေးရောအစေခံရောသက်ပြင်းချနေချိန်မှာစာရင်းပေးတာတွေကပြီးသွားခဲ့ပြီဘဏ္ဍာစိုးဝမ်ကတစ်စုံတစ်ယောက်လာလို့စားပွဲခုံကိုယူသွားသည်
ဒီပြိုင်ပွဲကသတို့သားရွေးချယ်တာဖြစ်တာကြောင့်လူတိုင်းတော့ပြိုင်ပွဲထဲဝင်ရောက်ပြီးယှဉ်ပြိုင်လို့တော့မရဘူး
ဘဏ္ဍာစိုးဝမ်ကသေသေချာချာရွေးချယ်ထားတာဖြစ်သည်
နောက်ဆုံးမှာပြိုင်ပွဲဝင်တွေကိုသတ်မှတ်ပြီးတော့ပြိုင်ပွဲစတင်လိုက်ပါသည်
Chapter 218
April 14, 2024 by Nay Chi Lynn
Chapter 218
သူ့ကြည့်ရတာတစ်စုံတစ်ယောက်ကြောင့်ဒီကိုရောက်နေတဲ့ပုံဘဲ
ပြိုင်ပွဲတွေကိုငါးရက်ကျင်းပမယ်နောက်ဆုံးအနိုင်ရရှိသူကအကျင့်စာရိုက်စာမေးပွဲဖြေဆိုရမယ်အောင်မြင်ပြီးသွားရင်သခင်မလေးလုကသူ့ကိုစစ်ဆေးမယ်
ဒုတိယမင်းသမီးလေးသာသဘောမကျဘူးဆိုရင်ပြိုင်ပွဲတွေကမပြီးသေးဘူးဒုတိယမင်းသမီးလေးကအနိုင်ရသူကိုသဘောမကျမချင်းတစ်လှည့်ပြီးတစ်လှည့်ဆက်လက်ရွေးချယ်သွားမှာဖြစ်သည်
အရင်တုန်းကလုလျန့်ဝေကသတို့သားရွေးချယ်ဖို့အတွက်ပြိုင်ပွဲကျင်းပတာကိုတီဗွီထဲမှာသာမြင်ဖူးသည်ခုတော့သူမကိုယ်တိုင်ကြုံတွေ့နေရပေမယ့်အဲ့လောက်စိတ်လှုပ်မရှားဘူးဘာလို့လဲဆိုတော့သူမပါဝင်ပက်သက်နေတဲ့အရာကိုသူမစိတ်မဝင်စားသောကြောင့်ဖြစ်သည်
သတို့သားရွေးချယ်ဖို့ပြိုင်ပွဲကတော့ခုလုံးဝကျင်းပနေပြီဖြစ်သည်
လုလျန့်ဝေကစင်ရဲ့နောက်မှာထိုင်နေသည်လူတစ်ယောက်ရှူံးသွားပြီးစဉ်ပေါ်ကဆွဲထုတ်သွားသည့်ထိတောင်သူမကဘာတုံ့ပြန်မှုမှမပြခြင်းဖြစ်သည်
ဝမ်ဟယ် ကအဲ့ချိန်မှာသူမနားကိုကပ်ပြီးတော့တိုးတိုးမပြောခင်မှာစဉ်းစားစရာတွေပြည့်နေတဲ့မျက်လုံးနဲ့ကြည့်နေသည်
“ဒုတိယမင်းသမီး မြို့ဝန်အိမ်ရာကနေသတင်းတစ်ခုရောက်လာတယ်မနေ့ညသန်းခေါင်ယံကသခင်မလင်ကကိုယ့်ကိုကိုသတ်သေလိုက်ပြီပြောတယ်”
လုလျန့်ဝေကမျက်လုံးကိုပင့်လိုက်ပြီးတော့အဲ့တာပြောတာကြားတော့သူ့ကို့ကြည့်လိုက်သည်
ဝမ်ဟယ် ကသူမရဲ့စိတ်အေးတဲ့အကြည့်တွေကိုမြင်ပြီးတော့စိတ်ထဲမှာမသေမချာတွေဖြစ်ကုန်သည်
နဂိုထဲကဒုတိယမင်းသမီးဒီကိစ္စမှာပါဝင်မယ်လို့သူသံသယရှိပြီးသားဖြစ်သည်ပြီးတော့ဒါကတိုက်ဘဲတိုက်ဆိုင်တာလားသူကလင်ချင်းယွမ်ကိုဆေးသွားပေးပေးပြီးခြင်းမှာဘဲသူမကသေသွားသည်
လင်ချင်းယွမ်ကတကယ်ဘဲသေသွားတာလားဒီကိစ္စကဒုတိယမင်းသမီးနဲ့ပက်သက်နေလား
“ကောင်းပြီငါသိပြီ”
လုလျန့်ဝေခေါင်းငြိမ့်ပြလိုက်သည်သူမှအခြားဘာမှမပြောဘဲတစ်ခုခုစဉ်းစားလိုက်မိပြီးသူမထပ်ပြောလိုက်သည်
“နောက်ရက်အနည်းငယ်ကြရင်နင့်အကူအညီငါလိုနိုင်တယ်”
ဝမ်ဟယ်ကသူမရဲ့ထူးဆန်တဲ့ပြန်ပြောပုံကြောင့်အနည်းငယ်အံ့ဩသွားပေမယ့်အဲ့ကိစ္စကိုဘာမှထပ်မမေးတော့ပါ
လုလျန့်ဝေကအိမ်ရာကိုပြန်တော့မယ်လို့ဆုံးဖြတ်လိုက်ချိန်မှာအပြင်မှာအံ့ဩစွာချီးမြှောက်နေတဲ့အသံကြားလိုက်သည်သူမသိလိုက်ရတာတော့နောက်တစ်ယောက်စင်ပေါ်ကနေအထုတ်ခံလိုက်ရတာဖြစ်သည်
လူတစ်ယောက်စဉ်ပေါ်မှာမတ်တပ်ရပ်နေတာကိုတွေ့သွားတဲ့အခါမှာသူမနှုတ်ခမ်းတွန့်သွားသည်
ဘယ်လိုဘဲဖြစ်ဖြစ်ချူရီရဲ့သခင်ကဘယ်သူလဲဆိုတာသတိထားမိသည်သူကတစ်စုံတစ်ယောက်ရဲ့ဆန္ဒကြောင့်ဒီကိုရောက်နေခြင်းဖြစ်သည်
တစ်စုံတစ်ယောက်ကနည်းလမ်းတွေစည်းမျဉ်းတွေမချိုးဖောက်ချင်ဖူးဆိုရင်ချူရီကိုလုံးဝစေလွှတ်မှာဖြစ်တယ်
ချူရီရဲ့လုပ်နိုင်စွမ်းနှင့်ဆိုရင်ဒီမှာရှိနေတဲ့သူတွေကဘာများတတ်နိုင်တော့မှာလဲ
မထင်ထားတာတွေတစ်ခုမှမဖြစ်လာရင်နောက်၅ရက်ကြာရင်ချူရီဘဲအနိုင်ရရှိသူဖြစ်မှာသေချာသည်
လုလျန့်ဝေကရပ်နေတဲ့နေရာမှာရပ်ပြီးတော့ခဏလောက်ကြည့်နေသည်
ချူရီလည်းအလားလာကောင်းတဲ့သူဆိုတာသူမရုတ်တရက်ခံစားမိသွားသည်သူသာသူမရဲ့သတို့သားဖြစ်ချင်မယ်ဆိုရင်ဒါလည်းဆိုရွားတဲ့အရာတော့မဟုတ်ဘူး
ချူရိးီဒီလိုမျိုးဆုံးဖြတ်ချက်မချခင်မှာသူ့သခင်နှင့်ရင်ဆိုင်ရမှာဖြစ်သည်
လုလျန့်ဝေကဒါကတော်တော်သနားဖို့ကောင်းတယ်လို့ခံစားမိလိုက်သည်
ခဏအကြာတော့လူအနည်းငယ်ကစဉ်ပေါ်တက်လာကြသည်ထင်ထားတဲ့အတိုင်းဘဲတစ်ယောက်ချင်းစီကချူရီရဲ့စင်ပေါ်ကတိုက်ထုတ်ချင်းကိုခံနေရသည်
စဉ်အောက်ကသာမန်လူတွေကချူရီအရမ်းအစွမ်းထက်တာကိုမြင်ပြီးဝင်ရောက်ဖို့အင်တင်တင်ဖြစ်နေကြသည်
လုလျန့်ဝေကခဏလောက်တွေးတောနေပြီးတော့ဝမ်ဟယ်ဘက်ကိုလှည့်ပြီးတော့
“အစ်ကိုတော်ဝမ် စင်ပေါ်ကလူကိုအနိုင်ယူနိုင်မယ်ထင်လား”
ဝမ်ဟယ်ကချူရီနဲ့တစ်ခါမှမတွေ့ဖူးသေးဘူးအဲ့တော့ချူရီကဘယ်လိုလည်းဆိုတာသူမသိဘူးဖြစ်သည်
ဘယ်လိုဘဲဖြစ်ဖြစ်စည်းဘေးနားကနေပြီးတော့ခဏလောက်စောင့်ကြည့်နေလိုက်သည်ချူရီကပြိုင်ပွဲဝင်အားလုံးကိုအသာအယာတိုက်ခိုက်နိုင်လိုက်တာသူသတိထားမိသွားသည်
“ဒီလိုအဆင့်နှိမ့်တဲ့သူကအဲ့ဒီသူနဲ့ဘယ်လိုမှယှဉ်လို့မရပါဘူး”
“ကျွန်တော်မျိုးအဆင့်နှိမ့်တဲ့သူမြင်တာကတော့အဲ့ဒီသူကကြည့်ရလည်းမဆိုးဘူးတော်တော်လည်းကျွမ်းကျင်တယ်သူ့ကိုသဘောမကျလို့လားဒုတိယမင်းသမီ””
ဝမ်ဟယ်ရဲ့အမြင်မှာတော့ဘယ်ကမှန်းမသိဘဲပေါ်လာတဲ့သူသည်အရင်ပြိုင်ပွဲဝင်တွေထက်အစွမ်းထက်နေမှန်းတွေ့လိုက်သည်
သူကတိုက်ခိုက်ရေးတင်တော်ရုံမဟုတ်ဘူးတခြားသူတွေထက်လည်းကြည့်လို့ကောင်းသည်
ဒီလူသာကျန်တဲ့သူတွေကိုအနိုင်ယူနိုင်ရင်သူကမြို့စားမိသားစုအတွက်ကောင်းမွန်တဲ့မွေးစားသမက်ဖြစ်လာနိုင်သည်
သူ့ရဲ့ရုပ်ရည်ကဒုတိယမင်းသမီးလေးနဲ့မယှဉ်နိုင်ပေမယ့်သူ့ရဲ့တိုက်ခိုက်ရည်ကဒုတိယမင်းသမီးကိုအနာဂတ်မှာကာကွယ်နိုင်လောက်သည်
ဝမ်ဟယ်ဘာတွေးနေလဲဆိုတာလုလျန့်ဝေမသိဘူးဖြစ်နေသည်သူကတုံ့ဆိုင်းချင်းမရှိသူကချူရီနဲ့မယှဉ်နိုင်ဘူးလို့ဝန်ခံတာကြားလိုက်တဲ့ချိန်မှာသူမကြောင်သွားသည်
တစ်ခါတစ်လေတော့ချူရီကအားမကိုးရတဲ့ပုံပေါက်ပေမယ့်သူကအရေးကြီးတဲ့ချိန်တွေမှာအားကိုးလို့ရပြီးတော့တောင်ကုန်းပေါ်မှာမြွေဟောက်ကိုသတ်လိုက်တာကိုကြည့်ရင်သိနိုင်သည်
ဒါကိုသတိထားမိသွားသည့်အခါလုလျန့်ဝေကဘာမှမပြောတော့ဘဲကျူးယွီနှင့်ထွက်သွားသည်
မြို့စားမိသားစုကသတို့သားရွေးချယ်ဖို့ပြိုင်ပွဲကျင်းပနေသည့်သတင်းသည်မြို့တော်ထဲမှာအလျင်အမြန်ပျံ့နံ့သွားသည်
အဲ့အချိန်မှာအဲ့သတင်းကအရှေ့နန်းဆောင်ကိုရောက်သွားသောအခါမှာလုယွင်ရွှမ်းကအသစ်ရောက်လာတဲ့အချောအလှတွေနဲ့ရည်မွန်ချင်ယောင်ဟန်ဆောင်နေပြီးဖြစ်သည်
ဟောင်ရှုကလုယွင်ရွှမ်းနားကိုထူးဆန်းတဲ့အကြည့်တွေကြည့်ပြီးချဉ်းကပ်ပြီးတော့သူမနားကိုတိုးတိုးလေးပြောလိုက်သည်
ဟောင်ရှုပြောတာကိုကြားပြီးနောက်လုယွင်ရှန်အမူအရာအနည်းငယ်ပြောင်းသွားသည်ဒေါသနဲ့သူမရဲ့အင်္ကျီကိုခေါက်တင်ပြီးတော့ စောက်ပေါလူရွှင်တော်တွေကိုဂရုမစိုက်ဘဲထွက်သွားခဲ့သည်
ချန်ကျီရု ချန်မြို့စားအိမ်ကအငယ်ဆုံးမင်းသမီးချောမောလှပသူတွေရဲ့ခေါင်းဆောင်ကသရော်ပြုံးပြလိုက်သည်
“ငါတို့အကုန်လုံးကဆင်းသက်လာတဲ့နောက်ခံတူတူဘဲလေလုယွင်ရွှမ်းကဘာလို့အဲ့လောက်ဇီဇာကြောင်ရတာလဲ”
သူတို့အမူအရာတွေကရိုင်းပြပြီးတော့သူတို့အသံတွေကနှိမ့်ထားချင်းမရှိဘူးလုယွင်ရွှမ်းကအဝေးမရောက်သေးတော့သူတို့ပြောတာကြားပြီးတော့ဒေါသထွက်လာပြီးသူမရဲ့မျက်နှာကဒေါသထွက်တဲ့မျက်နှာပြောင်းသွားသည်