← Chapters

သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်...

Vol. 27 Ch. 410

သိုင်းတာအိုဆင့်ကဲပြောင်းလဲသူအရေအတွက်...

Vol. 27 Ch. 410

နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ အတွင်းကမ္ဘာက ထိုက်ဝေသလင်းကျောက် အားလုံးနီးပါးကို စုပ်ယူသွားပြီဖြစ်သည်။ ယခု လင်းယွမ်၏ အတွင်းကမ္ဘာက မိုင် ၃၇.၅သန်းအထိ ချောမွေ့စွာ ကျယ်ပြန့်သွားပြီဖြစ်သည်။

" အခု ငါက ဘူးသီးခြောက်ထဲက အရည်ကို စုပ်ယူလို့ရပြီ။ " လင်းယွမ်က ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည်။

မူလကမ္ဘာတွင် ဘူးသီးခြောက်မှ အရည်များကို စုပ်ယူခြင်းက ဒုတိယအမျိုးအစား လိမ္မော်ရောင်အရည်တွင် ရပ်တန့်ခဲ့သည်။ စိတ်ဝိညာဉ်ကမ္ဘာတွင်မူ စတုတ္ထအမျိုးအစား အစိမ်းရောင်အရည်ကို အားလုံးနီးပါးစုပ်ယူခဲ့ပြီး ၁၃ဆအထိ မြှင့်တင်နိုင်ခဲ့သည်။

လင်းယွမ်က ဘူးသီးခြောက်မှ အရည်ကို စတင်စုပ်ယူလိုက်သည်။ သူ၏ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်က များစွာ တိုးတက်လာပြီး လမ္မော်ရောင်အရည်၏ လောင်ကျွမ်းမှုကို အလွယ်တကူ ခံနိုင်ရည်ရှိလာသည်။

ထိုသို့ဖြင့် ဆယ်ရက်ကျော်ကြာသွားပြီး ဘူးသီးခြောက်မှ အရည်များကို စုပ်ယူရာတွင် လင်းယွမ်က စိတ်ဝိညာဉ်ကမ္ဘာမှ အဆင့်ထိ ရောက်လာခဲ့သည်။

ဝုန်း ဝုန်း....

သူ၏ အတွင်းကမ္ဘာက ရူးသွပ်စွာ ကျယ်ပြန့်လာသည်။ လင်းယွမ်က ကြိုတင်ပြင်ဆင်မှုများမရှိလျင် အတွင်းကမ္ဘာချဲ့ထွင်ခြင်းမှ ဖြစ်ပေါ်လာသော စွမ်းအားလှိုင်းများက နဂါးငွေ့တန်းပင်မကြယ်တစ်ခုလုံး ပျံ့နှံ့သွားပေလိမ့်မည်။

" နောက်ဆုံးတော့...."

လင်းယွမ်၏ စိတ်အသိက သူ၏ အတွင်းကမ္ဘာထဲသို့ ဆင်းသက်သွားသည်။ ယခုအချိန်တွင် သူ၏ အတွင်းကမ္ဘာက ချဲ့ထွင်နိုင်သည့် အကန့်အသတ်သို့ ရောက်သွားခဲ့ပြီး မိုင်သန်းတစ်ရာနီးပါး ရှိနေပြီဖြစ်သည်။

" ငါ့ရဲ့ လက်ရှိခွန်အားက..." လင်းယွမ်က သူ၏ မျက်လုံးများကို မှိတ်လိုက်သည်။

သူ၏အတွင်းကမ္ဘာက မိုင်သန်းတစ်ရာနီးပါးသို့ ရောက်ပြီးနောက် ကမ္ဘာစွမ်းက အရည်အသွေးပိုင်း ပြောင်းလဲသွားပြီး သူကျွမ်းကျင်ထားသော စကြာဝဠာစွမ်းအားများစွာဖြင့် ပေါင်းစပ်သွားခဲ့သည်။

လင်းယွမ်၏ ခွန်အားက နောက်ဆုံး အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိသွားသည်။ တိကျစွာ ပြောရလျှင် စိတ်ဝိညာဉ်ကမ္ဘာတွင် ရှိစဉ်ကထက်ပင် ပို၍ အားကောင်းလေသည်။ အကြောင်းမှာ မူလကမ္ဘာမှ ရုပ်ခန္ဓာ၏ အတွင်းကမ္ဘာထဲတွင် စကြာဝဠာရတနာအချို့ ပေါင်းစပ်ထားသောကြောင့် ဖြစ်သည်။

" အခုချိန် အဲ့ဒီအဋ္ဌမအလွှာ တားဆီးမရသူငါးယောက် ရောက်လာခဲ့ရင်..." သူ၏ အတွင်းကမ္ဘာက မိုင်သန်းတစ်ရာနီးပါးသို့ ရောက်လာခြင်းက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာ မြှင့်တင်ပေးခဲ့သည်။

မိုင်သန်းဆယ်ချီ ကျယ်ဝန်းသော အတွင်းကမ္ဘာနှင့် မိုင်သန်းတစ်ရာနီးပါး ကျယ်ဝန်းသော အတွင်းကမ္ဘာတို့က များစွာကွာခြားလှသည်။

" အခု ဘူးသီးခြောက်ထဲက အစိမ်းရောင်အရည်ကို အပြည့်အဝ စုပ်ယူပြီးသွားရင် ငါရဲ့ ခွန်အားက ကန့်သတ်ချက်တစ်ခုကိုတော့ ရောက်သွားပြီ။ " လင်းယွမ်၏ စိတ်အသိက ပြင်ပသို့ ပြန်ရောက်လာပြီး စဉ်းစားနေသည်။

ဘူးသီးခြောက်ထဲမှ အရည်ဖြင့် အတွင်းကမ္ဘာကို မြှင့်တင်ခြင်းမှာ ရှုထောင့်နှစ်ခုအပေါ်တွင် မူတည်လေသည်။ တစ်ခုမှာ အတွင်းကမ္ဘာ၏ အခြေခံအရွယ်အစား လေဟာနယ်နိယာမကို နားလည်ခြင်းဖြစ်သည်။ နောက်တစ်ခုမှာ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်ဖြင့် အရည်၏ လောင်ကျွမ်းမှုကို ခံနိုင်ရည်ရှိခြင်းဖြစ်သည်။

" ငါ လေဟာနယ်နိယာမကို ပိုပြီး နားလည်ဖို့ လိုသေးတယ်။ ကောင်းကင်ကိုဆန့်ကျင်တဲ့ နားလည်နိုင်စွမ်းနဲ့ဆို အဋ္ဌမအလွှာမှာပဲ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်လောက်တယ်။ "

အခြားအစွမ်းထက်သူများအတွက် လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများဖြစ်စေ မျိုးနွယ်ခြားများဖြစ်စေ အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သို့သော် လင်းယွမ်အတွက် ခက်ခဲသည်ဟု မယူဆဘဲ အချိန်ပေးရန်သာ လိုအပ်လေသည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ သက်တမ်းက ရှည်လျားလှသည်။ ယခု လင်းယွမ်၏ သက်တမ်းနှင့်ဆိုလျှင် ကြိုးစားရန် အချိန်များစွာ ရှိလေသည်။

" ထားလိုက်ပါတော့ ငါ ပေါင်းစပ်နိယာမတွေကို ဦးစားပေးသင့်တယ်။ ပင်မလေဟာနယ်ပုံစံတွေကို နောက်မှ လေ့လာတာပေါ့။ "

လူသားမျိုးနွယ်၏ လေ့လာချက်အရ အဋ္ဌမအလွှာတွင် စကြာဝဠာစွမ်းအားများကို နားလည်ခြင်းက နဝမအလွှာတွင် ကျင့်ကြံခြင်းအတွက် များစွာ အကျိုးပြုလေသည်။

သို့သော် လေဟာနယ်နိယာမကို အပြည့်အဝ နားမလည်ခြင်းက နဝမအလွှာတွင် များစွာ သက်ရောက်မှုမရှိပေ။ နဝမအလွှာသို့ တက်လှမ်းခါစလူများကလည်း လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ထားခြင်းမရှိကြပေ။

ထို့ကြောင့် လင်းယွမ်အတွက် နဝမအလွှာသို့ အမြန်ဆုံး တက်ရောက်ခြင်းက ပို၍ အကျိုးရှိလေသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက လင်းယွမ်၏ အဆင့်နှင့်လည်း သက်ဆိုင်လေသည်။ အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို လေ့လာခြင်းနှင့် နဝမအလွှာတွင် လေ့လာခြင်းတို့က မတူညီပေ။

ထို့ကြောင့် လင်းယွမ်က သူ၏ အခြေခံကို မထိခိုက်သရွေ့ အဆင့်တက်ရန်သူ ဦးစားပေးရွေးချယ်ပေလိမ့်မည်။

" နဝမအလွှာ..."

နဝမအလွှာသို့ ဝင်ရောက်ရန် အကြီးမားဆုံး အခက်အခဲက ပေါင်းစပ်နိယာမဖြစ်သည်။ သာမန်နိယာမတစ်ခုကို အဓိကနိယာမတစ်ခုထဲသို့ ပေါင်းစည်းရန်ဖြစ်သည်။ ထိုအဓိကနိယာမများမှာ အချိန်နိယာမ၊ လေဟာနယ်နိယာမ၊ အသက်နိယာမ စသည်တို့ဖြစ်ကြသည်။

" ငါ့အတွက် ပေါင်းစပ်နိယာမတွေက ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။ "

လင်းယွမ်က ထိုက်ယင်နိယာမကို နားလည်သွားပြီးနောက် ထိုက်ယန်နိယာမနှင့် ပေါင်းစပ်ပြီး အဆင့်မြင့် စကြာဝဠာစွမ်းအား ထိုက်ကျိနိယာမကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ထိုက်ယင်နိယာမနှင့် ထိုက်ယန်နိယာမတို့က သာမန်နိယာမများသာဖြစ်ပြီး အဓိကနိယာမနှင့် ပေါင်းစပ်သကဲ့သို့ များစွာခက်ခဲခြင်းမရှိပေ။

" ငါ စိတ်ဝိညာဉ်ကမ္ဘာမှာတုန်းက ထိုက်ကျိနိယာမကို လေဟာနယ်နိယာမနဲ့ ပေါင်းစပ်တာက ဆယ်ပုံတစ်ပုံပြီးခဲ့တယ်။ အခု အဲ့ဒါကို ဆက်လုပ်ရုံပဲ။ " လင်းယွမ်က တွေးလိုက်သည်။

မတူညီသော နိယာမများကို ပေါင်းစည်းခြင်းက နိယာမတစ်ခုကို နားလည်ခြင်းထက် များစွာ ပိုမိုခက်ခဲလေသည်။ လင်းယွမ်၏ ထိုက်ယင်နှင့် ထိုက်ယန်နိယာမတို့ကို ပေါင်းစည်းခြင်းက ဒုတိယနှင့် တတိယအလွှာကတည်းက စတင်ခဲ့ပြီး ပေါင်းစည်းခြင်းမပြုမီ စနစ်တကျ နားလည်ခဲ့သောကြောင့် ဖြစ်သည်။

သို့သော် လေဟာနယ်နိယာမကို ထိုက်ကျိနိယာမနှင့် ပေါင်းစည်းခြင်းက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အချို့အချိန်များတွင် တိုးတက်မှုမရှိခဲ့ပေ။

ရက်အတော်ကြာ ကျင့်ကြံပြီးနောက် လင်းယွမ်က အနားယူရန် ဆုံးဖြတ်လိုက်သည်။ ထိုက်ကျိနိယာမကို လေဟာနယ်နိယာမနှင့် ပေါင်းစည်းခြင်းက လုံလောက်သော နားလည်မှုကို လိုအပ်ရုံသာမက လင်းယွမ်၏ စိတ်စွမ်းအားလည်း များစွာ ကုန်လေသည်။ ထို့ကြောင့် အနားယူရန်လည်း လိုအပ်လေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဆင့်ကဲပြောင်းလဲသူအရေအတွက်ကို ကြည့်ရအောင်။ "

လင်းယွမ်က မူလကမ္ဘာတွင်ဖြစ်စေ ဆင်းသက်ချိန်တွင်ဖြစ်စေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပျံ့နှံ့မှုကို အမြဲတမ်း အလေးထားခဲ့သည်။ ၎င်းက အန္တိမအသိအမြင်နှင့် သက်ဆိုင်လေသည်။

ကြီးမြတ်သူများ အောက်ရှိ အစွမ်းထက်သူများစွာက အန္တိမအသိအမြင်အတွက် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖြန့်ကျက်ခဲ့သည်။

လင်းယွမ်က သူတို့အဆင့်သို့ မရောက်သေးသော်လည်း အန္တိမအသိအမြင်အတွက် အခြေခံအုတ်မြစ်ချထားခြင်းက အကောင်းဆုံး ဖြစ်လေသည်။

အရေးအကြီးဆုံးအချက်မှာ မူလကမ္ဘာရှိ သိုင်းတာအို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်အတွက် အကျိုးကျေးဇူးများစွာ ရှိလေသည်။ နှစ်များတစ်လျှောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ရောင်းချခြင်းမှ စကြာဝဠာသလင်းကျောက်များစွာ ရရှိခဲ့သည်။

ပထမအလွှာ - ၆၂၂၆၃၈၇။

ဒုတိယအလွှာ - ၁၁၂၅၆၀၀။

တတိယအလွှာ - ၃၂၄၂၁။

စတုတ္ထအလွှာ - ၇၃၀၇။

ပဉ္စမအလွှာ - ၁၀၃၈။

" မဆိုးဘူး။ ပဉ္စမအလွှာမှာတောင် လူတစ်ထောင်ကျော်နေပြီပဲ။ " လင်းယွမ်က ပြုံးလိုက်သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် လင်းယွမ်က သတ္တမအလွှာ သိုင်းတာအိုကျင့်ကြံသူများကို မွေးထုတ်ပေးခဲ့သည်။ သို့သော် ၎င်းက နှစ်ပေါင်းတစ်ထောင်နီးပါး အချိန်ယူခဲ့ရသည်။ မူလကမ္ဘာတွင် ဆယ်စုနှစ်အနည်းငယ်အတွင်း သတ္တမအလွှာသို့ ရောက်ရန် ခက်ခဲလေသည်။

" အဋ္ဌမအလွှာ ကဏ္ဍရဲ့ စျေးနှုန်းက ငါးရာဘီလီယံဆိုပေမယ့် လူတစ်သောင်းကျော်တောင် ရောင်းရတယ်။ "

ယခုအချိန်တွင် သိုင်းတာအိုအဋ္ဌမအလွှာကဏ္ဍကို ဝယ်ယူသွားများက သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများမဟုတ်ကြပေ။ လက်ရှိသိုင်းတာအိုဆင့်ကဲပြောင်းလဲသူများက ဆဋ္ဌမအလွှာပင် မရောက်သေးသောကြောင့် အဋ္ဌမအလွှာကဏ္ဍကို ဝယ်ယူခြင်းက အဓိပ္ပါယ်မရှိပေ။

၎င်းမှာ အဋ္ဌမအလွှာ၊ နဝမအလွှာနှင့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများက လေ့လာချင်သောကြောင့် ဝယ်ယူခဲ့ခြင်း ဖြစ်နိုင်လေသည်။

လက်ရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အန်နန်ကြယ်မဟာမိတ်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် နံပါတ်တစ် ဖြစ်နေပြီး သူတို့ မကျင့်ကြံလျှင်တောင် ဝယ်ယူလေ့လာခြင်းက အကျိုးမယုတ်ပေ။

ယဉ်ကျေးမှုငွေ ငါးရာဘီလီယံက ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက် များပြားသော ပမာဏ ဖြစ်သော်လည်း နဝမနှင့် ဒသမအလွှာ ဆင့်ကဲပြောင်းလဲသူများအတွက်မူ အရေးမပါပေ။

" အဋ္ဌမအလွှာကဏ္ဍကို တစ်သောင်းကျော်ရောင်းရတယ်ဆိုတော့ အခွန်တွေနှုတ်ပြီးရင်တောင် ငါ့အတွက် စကြာဝဠာသလင်းကျောက်ထောင်ချီကျန်သေးတယ်။ " လင်းယွမ်က ကျေနပ်သွား၏။

ချီခွန်မျိုးနွယ် VR ကမ္ဘာတွင် လင်းယွမ်နှင့် ချီခွန်ကြယ်သခင်တို့က မျက်နှာချင်းဆိုင်ထိုင်ပြီး ဝိုင်ကောင်းများ သောက်နေကြသည်။

" ဒီလို အေးအေးဆေးဆေး မသောက်ရတာတောင်ကြာပြီ။ " လင်းယွမ်က ညင်သာစွာ သောက်လိုက်ပြီး သူ၏ လည်ချောင်းထဲသို့ ပူနွေးမှုတစ်ခု စီးဆင်းသွားသည်။

VR ကမ္ဘာမှ အရက်များက ရုပ်ခန္ဓာအတွက် အကျိုးမပြုသော်လည်း အရသာများက ပြင်ပကမ္ဘာနှင့် အတူတူပင် ဖြစ်သည်။

" မင်း အဲ့ဒီ အဋ္ဌမအလွှာ တားဆီးမရသူနှစ်ယောက်ကို သတ်ဖို့ သုံးလိုက်တဲ့ စကြာဝဠာစွမ်းအားသုံးမျိုးလုံးက အဆင့်မြင့် စကြာဝဠာစွမ်းအားတွေလား။ " ချီခွန်ကြယ်သခင်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

" အဲ့ဒါတွေက အဆင့်မြင့် စကြာဝဠာစွမ်းအားတွေ ဟုတ် မဟုတ် ကျွန်တော် မသေချာဘူး ဆရာ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

သူက ထိုက်ကျိစွမ်းအား၊ အနှိုင်းမဲ့စွမ်းအားနှင့် မဟာဖျက်ဆီးခြင်းစွမ်းအားတို့ကို အဆင့်မြင့် စကြာဝဠာစွမ်းအားများအဖြစ် မှန်းဆရုံသာဖြစ်ပြီး အမှန်တော့ သေချာမသိပေ။

" ဆရာ ကြည့်လိုက်ပါ။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းများ ကြားတွင် စွမ်းအား သုံးမျှင် လှည့်ပတ်နေသည်။

All Chapters