← Chapters

လင်းယွမ်၏ အသက်အရွယ်....

Vol. 27 Ch. 414

လင်းယွမ်၏ အသက်အရွယ်....

Vol. 27 Ch. 414

မျှော်စင်၏ ပထမအထပ်တွင် လေဟာနယ်ကန့်သတ်ချက်များရှိသောကြောင့် တည်နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် ပျံသန်းခြင်းများ မပြုလုပ်နိုင်ပေ။ ထို့ကြောင့် လင်းယွမ်က လမ်းလျှောက်ပြီးသာ သွားနိုင်လေသည်။

" နောက်ထပ်အကောင်တွေ မရှိတော့ဘူးထင်တယ်။ "လင်းယွမ်က အနည်းငယ် စိတ်မသက်မသာဖြစ်နေသော်လည်း ဆက်လျှောက်နေခဲ့သည်။

ယခု သူက သူ၏ ဝှက်ဖဲများကို ထုတ်ခဲ့ပြီး မူလစွမ်းအားကိုပင် အသုံးပြုခဲ့သည်။ နောက်ဆုံးဝှက်ဖဲတစ်ခုဖြစ်သော အားဖြည့်ခြင်းနတ်စွမ်းရည်တော့ ရှိသေးသည်။ လင်းယွမ်က ထိုနတ်စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအား စသည်တို့က ဆယ်ဆ တိုးတက်သွားမည်ဖြစ်သည်။

ယခုအချိန်တွင် လင်းယွမ်က စိတ်ဝိညာဉ်ဖြစ်နေလျှင်တောင် အားဖြည့်ခြင်းနတ်စွမ်းရည်မှ မြှင့်တင်မှုကို ရရှိနိုင်လေသည်။ သို့သော် ထိုနတ်စွမ်းရည်ကို အသုံးပြုပြီးနောက် ခဏအားနည်းသွားမည်ဖြစ်သောကြောင့် လင်းယွမ်က လုံးဝ မလိုအပ်လျှင် အသုံးပြုမည်မဟုတ်ပေ။

အနက်ရောင်မျှော်စင်၏ အပြင်ဘက်တွင် လင်းယွမ်၏ စမ်းသပ်မှုကို ကြည့်နေသော ကျောက်ရုပ်တုရှန်းကျိက ခဏ တိတ်ဆိတ်သွားသည်။

လှေကားနက်ကြီးဆီသို့ မရပ်မနား ဆက်သွားနေသော လင်းယွမ်ကို ကြည့်ပြီး သူက အံ့အားသင့်နေသည်။ အဋ္ဌမအလွှာ တစ်ယောက်က မျှော်စင်စမ်းသပ်မှုကို အရှိန်အဟုန်ဖြင့် ရှေ့ဆက်နေသည်။

အနက်ရောင်မျှော်စင်ကို နှစ်ပေါင်းမရေတွက်နိုင်အောင် စောင့်ရှောက်ပြီး ပါရမီရှင်များစွာကို တွေ့မြင်ခဲ့ရသော ကျောက်ရုပ်တုရှန်းကျိအတွက် ၎င်းက မယုံကြည်နိုင်စရာကောင်းလှသည်။

သို့သော် အဋ္ဌမအလွှာတွင် မည်သည့်ပါရမီရှင်ဖြစ်ပါစေ အနက်ရောင်မျှော်စင်၏ ပထမအထပ်ကို ဖြတ်သန်းရန် သတိထားပြီး ဖြည်းဖြည်းချင်း သွားရမည်ဖြစ်သည်။ အဋ္ဌမအလွှာတွင် လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ထားသူများပင် သတိလက်လွှတ်မနေရဲကြပေ။

အမှန်တွင် မျှော်စင်စမ်းသပ်မှုကို မြန်မြန်ဖြတ်ကျော်နိုင်သည်နှင့် ဆုလာဘ်က ပိုများမည်ဖြစ်သည်။ ကျောက်ရုပ်တုရှန်းကျိက စိန်ခေါ်သူများကို ထိုအကြောင်း အသိပေးလေ့ရှိသည်။

သို့သော် ၎င်းက အားပေးရုံသက်သက်သာ ဖြစ်၏။ အဋ္ဌမအလွှာတစ်ယောက်အတွက် ပထမအထပ်ကို ဖြတ်ကျော်ရန် အလွန်ခက်ခဲလေသည်။

" စကြာဝဠာစွမ်းအားတစ်ခု.... နှစ်ခု..... ငါးဆယ်...." ကျောက်ရုပ်တုရှန်းကျိက စကြာဝဠာစွမ်းအားများကို ရေတွက်ရင်း မှင်သက်နေသည်။

စကြာဝဠာစွမ်းအားများစွာကို ထိန်းချုပ်နိုင်သော အဋ္ဌမအလွှာတစ်ယောက်ကို ဘယ်မှာများ ရှာတွေ့နိုင်မှာလဲ။

ကျောက်ရုပ်တုရှန်းကျိက သံသယဝင်လာသည်။ သူအိပ်ပျော်နေစဉ် ပြင်ပကမ္ဘာတွင် ကြီးမားသော တစ်စုံတစ်ခုဖြစ်ပျက်ခဲ့ပြီး စကြာဝဠာစွမ်းအားများကို နားလည်ရလွယ်ကူသွားတာလား။

" ဟင် အဲ့ဒီစကြာဝဠာစွမ်းအားက..." ကျောက်ရုပ်တုရှန်းကျိ၏ သူငယ်အိမ်များက အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူ၏ အကြည့်က တစ်ခုတည်းသော စကြာဝဠာစွမ်းအားပေါ်သို့ ကျရောက်နေသည်။

" အဆင့်မြင့်စကြာဝဠာစွမ်းအားလား။ မဟုတ်ဘူး အဲ့ဒါ အဆင့်မြင့်စကြာဝဠာစွမ်းအားတစ်ခု မဟုတ်ဘူး။ " ကျောက်ရုပ်တုရှန်းကျိက ထိတ်လန့်တုန်လှုပ်သွား၏။

စကြာဝဠာစွမ်းအားများတွင် သဲနွံစကြာဝဠာစွမ်းအားနှင့် အဆင့်မြင့်စကြာဝဠာစွမ်းအားဟူ၍ နှစ်မျိုးရှိလေသည်။ တူညီသော အဆင့်များတွင် အားကောင်းသော စကြာဝဠာစွမ်းအားများ ရှိလျှင်တောင် ၎င်းက အကန့်အသတ်ရှိဘေးည်။

ယခု မူလစွမ်းအားမျှင်က အဆင့်မြင့်စကြာဝဠာစွမ်းအားများထက် သာလွန်လေသည်။

" မူလအဆင့် စကြာဝဠာစွမ်းအားလား...." ကျောက်ရုပ်တုရှန်းကျိက စိတ်ရှုပ်သွား၏။

အဋ္ဌမအလွှာတစ်ယောက်အတွက် မူလအဆင့်စကြာဝဠာစွမ်းအားက ဒဏ္ဍာရီသာဖြစ်သည်။ အဋ္ဌမအလွှာတစ်ယောက်က စကြာဝဠာစွမ်းအားကို နားလည်နိုင်သော်လည်း ၎င်းတို့က ပုံမှန်အားဖြင့် သာမန်စကြာဝဠာစွမ်းအားနှင့် အဆင့်မြင့် စကြာဝဠာစွမ်းအားများဖြစ်ကြသည်။ အဆင့်မြင့် စကြာဝဠာစွမ်းအားပင် ရှားပါးလှသည်။

အဋ္ဌမအလွှာတစ်ယောက်က မူလအဆင့် စကြာဝဠာစွမ်းအားကို နားလည်ခြင်းနှင့် ပက်သက်၍ ကျောက်ရုပ်တုရှန်းကျိပင် ကြားဖူးရုံမျှသာ ဖြစ်သည်။

ထိုကဲ့သို့သော လူတစ်ယောက်က နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အထွတ်အထိပ်ကာလတွင် ပေါ်လာခဲ့လျှင် မျှော်စင်သခင်၏ တိုက်ရိုက်တပည့်အဖြစ် ချက်ချင်းလက်ခံပြီး အရင်အမြစ်အားလုံးနှင့် ပျိုးထောင်ပေးမည်ဖြစ်သည်။

သို့သော် ယခု လင်းယွမ်က ၎င်းကို အောင်မြင်ခဲ့ရုံသာမက အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်နှင့် အခြားစကြာဝဠာစွမ်းအားများစွာကို နားလည်နေခဲ့သည်။

" သခင်.... သခင်သာ ရှိနေသေးရင် ဘယ်လောက်ကောင်းလိုက်မလဲ။ " ကျောက်ရုပ်တုရှန်းကျိက ရေရွတ်လိုက်သည်။

အနက်ရောင်မျှော်စင်၏ ပထမအထပ်။

လင်းယွမ်က ရှေ့တွင် ကြီးမားသော အတားအဆီးများ မတွေ့ခဲ့ရပေ။ ထို့ကြောင့် သူက လှေကားနက်ဆီသို့ အလွယ်တကူ ရောက်သွားခဲ့သည်။

ဝှစ်....

ကျောက်ရုပ်တုရှန်းကျိက ထိုနေရာတွင် ပေါ်လာပြီး လင်းယွမ်ကို ရှားပါးရတနာတစ်ခုကဲ့သို့ ကြည့်နေသည်။

" အကြီးအကဲ ရှန်းကျိ ကျွန်တော် ပထမအထပ်ကို ဖြတ်ကျော်တဲ့အရှိန်က မြန်တယ်လို့ ပြောလို့ရတယ်မဟုတ်လား။ " လင်းယွမ်က မေးလိုက်သည်။ စမ်းသပ်မှုဖြတ်ကျော်သည့် အချိန်က မြန်သည်နှင့် ဆုလာဘ်များပိုများမည်ဖြစ်ပြီး သူက အစွမ်းကုန်ထုတ်သုံးခဲ့လေသည်။

" မြန်တယ်လို့ပြောလို့ရလား။ " ကျောက်ရုပ်တု ရှန်းကျိက တိတ်ဆိတ်သွားပြန်သည်။

အဋ္ဌမအလွှာဖြစ်ရုံသာမက လင်းယွမ် ပထမအထပ်ကို ဖြတ်ကျော်သည့် အမြန်နှုန်းက အငြင်းပွားဖွယ်ရာမရှိ အမြန်ဆုံး ဖြစ်လေသည်။

" အရမ်းမြန်တယ်။ " ကျောက်ရုပ်တုရှန်းကျိက သက်ပြင်းချလိုက်သည်။

" အဲ့ဒါကောင်းတယ်။ " လင်းယွမ်က စိတ်အေးသွား၏။

မူလကမ္ဘာတွင် အဋ္ဌမအလွှာများကြား သူ့ကို ယှဉ်နိုင်သူမရှိဟု ယုံကြည်သော်လည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်က စကြာဝဠာပြင်ပမှ အင်အားစုတစ်ခုဖြစ်သောကြောင့် လင်းယွမ်က နှိမ့်ချနေဆဲ ဖြစ်သည်။

" မင်းရဲ့ အလားအလာနဲ့ဆို ပထမအထပ်ရဲ့ ဆုလာဘ်က သုံးခု ရွေးချယ်နိုင်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

ပုံမှန်အားဖြင့် အနက်ရောင်မျှော်စင်၏ ပထမအထပ်ကို ဖြတ်ကျော်နိုင်လျှင် ရတနာတစ်ခုသာ ပေးပြီး ၎င်း၏ တန်ဖိုးကို စမ်းသပ်မှုဖြတ်ကျော်သည့်အမြန်နှုန်း၊ အလားအလာတို့နှင့် ဆုံးဖြတ်လေသည်။

လင်းယွမ်က မူလအဆင့် စကြာဝဠာစွမ်းအားတစ်ခု၊ အဆင့်မြင့်စကြာဝဠာစွမ်းအား ဆယ်ခုကျော်နှင့် သာမန်စကြာဝဠာစွမ်းအားများစွာကို နားလည်ထားသောကြောင့် ကျောက်ရုပ်တုရှန်းကျိ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားပြီဖြစ်သည်။

ထို့ကြောင့် ပထမအထပ်အတွက် ဆုလာဘ်ကို လင်းယွမ်အား ကိုယ်တိုင်ရွေးချယ်စေပြီး တစ်ခုမှ သုံးခုအထိ တိုးပေးခဲ့သည်။ ၎င်းက ကျောက်ရုပ်တုရှန်းကျိ၏ လုပ်ပိုင်ခွင့်လည်း ဖြစ်သည်။

" ကောင်းပြီလေ။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် ကြည့်လိုက်သည်။

" ဒါပေမယ့် ရတနာတွေ မရွေးခင် လုပ်စရာတစ်ခုရှိသေးတယ်။ " ကျောက်ရုပ်တုရှန်းကျိက အနက်ရောင်မှန်တစ်ချပ်ကို ထုတ်လိုက်သည်။

" ဒီမှန်က အချိန်ရဲ့ လက္ခဏာတွေကို သိနိုင်ပြီး မင်းရဲ့ အသက် အစစ်အမှန်ကို ခန့်မှန်းနိုင်တယ်။ "

၎င်းက အလားအလာကို တိုင်းတာခြင်းလမ်းဖြစ်ပြီး အသက်ငယ်လေ အလားအလာပိုမြင့်လေ ဖြစ်သည်။

" ဒါပေမယ့် စိတ်ချပါ။ ဒါက လုပ်ထုံးလုပ်နည်းတစ်ခုပဲ။ မင်းသုံးတဲ့ စကြာဝဠာစွမ်းအားတွေနဲ့ဆို အသက်ငါးသန်းရှိရင်တေညင် မင်းရဲ့ ဆုလာဘ်တွေကို ထိခိုက်မှာိဟုတ်ဘူး။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

အဋ္ဌမအလွှာများ၏ သက်တမ်းက နှစ်ပေါင်း ငါးသန်းဖြစ်လေသည်။ ထိုနှစ်ပေါင်းငါးသန်းကလည်း အသက်ရှည်ခြင်းနည်းလမ်းများသုံးပြီး ဖြစ်နိုင်ချေရှိသော ကန့်သတ်ချက်တစ်ခုကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။

သာမန် အဋ္ဌမအလွှာတစ်ယောက်က နှစ်ပေါင်းတစ်သန်းဝန်းကျင်တွင် သူ၏ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ကျောက်ရုပ်တုရှန်းကျိ ဆိုလိုသည်မှာ လင်းယွမ်က အသက်မည်မျှပင် ကြီးနေပါစေ မူလအဆင့် စကြာဝဠာစွမ်းအားကို နားလည်ထားသောကြောင့် အခြားအရာများကို ဂရုစိုက်ရန် မလိုတော့ပေ။

ကျောက်ရုပ်တုရှန်းကျိက အနက်ရောင်မှန်ကို အသက်သွင်းလိုက်သည်နှင့် မှိန်ဖျော့သော အလင်းရောင်တစ်ခုက လင်းယွမ်ကို ဖုံးလွှမ်းသွားပြီး မှန်မျက်နှာပြင်ပေါ်တွင် ရှေးဟောင်းစာလုံးများပေါ်လာသည်။ ရှန်းကျိက ၎င်းတို့ကို သာမန်အတိုင်း လှည့်ကြည့်လိုက်သည်။

လင်းယွမ်၏ အသက်ကို အတည်ပြုခြင်းက အဓိပ္ပါယ်မရှိဘဲ မျှော်စင်သခင်ချမှတ်ထားသော စည်းမျဉ်းများသာမရှိခဲ့လျှင် သူက လင်းယွမ်ကို ဆုလာဘ်များ ရွေးချယ်စေပေလိမ့်မည်။

ထိုခဏတွင် ကျောက်ရုပ်တုရှန်းကျိ၏ အမူအရာက အေးခဲသွားသည်။ သူက မှန်ပေါ်မှ စာလုံးများကို သေချာစစ်ဆေးပြီး လင်းယွမ်ကို မယုံကြည်နိုင်သောအမူအရာဖြင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။

" မင်းက အသက်နှစ်ထောင်ပဲရှိသေးတာလား။ အသက်နှစ်ထောင်နဲ့ အဋ္ဌမအလွှာကို ရောက်လာတာလား။ အသက်နှစ်ထောင်နဲ့ စကြာဝဠာစွမ်းအား အများကြီးကို နားလည်ခဲ့တာလား။ အသက်နှစ်ထောင်နဲ့ မူလစွမ်းအားကို နားလည်ခဲ့တာလား။ " ကျောက်ရုပ်တုရှန်းကျိက ကမ္ဘာကြီးအပေါ် သူ၏ နားလည်နိုင်မှုများ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။

" အသက်နှစ်ထောင်လား။ " လင်းယွမ်က အနက်ရောင်မှန်ကို ကြည့်လိုက်သည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ရှစ်ကြိမ်ဆင်းသက်ခဲ့ပြီး အားလုံးမှာ နှစ် ၂၀၊ နှစ် ၈၀၊ နှစ် ၁၆၀၊ နှစ် ၃၀၀၊ နှစ် ၅၀၀၊ နှစ် ၆၀၀၊ နှစ် ၃၀နှင့် နှစ် ၉၂၀ တို့ဖြစ်သည်။ နေထိုင်ခဲ့သည့်အချိန် အားလုံးပေါင်းလျှင် နှစ်ပေါင်း ၂၆၁၀ ဖြစ်ပြီး မူလကမ္ဘာမှ အချိန်ကို ထည့်သွင်းလိုက်လျှင် လင်းယွမ်၏ အသက်မှာ နှစ် ၂၆၃၀ ဖြစ်သည်။ ထိုအသက်အရွယ်က စိတ်ဝိညာဉ်၏ အသက်ဖြစ်ပြီး ၎င်းက သတ္တဝါတစ်ဦး၏ အသက်ကို ဆုံးဖြတ်ရာတွင် အခြေခံကျသော အသက်ဖြစ်သည်။

သက်ရှိတစ်ယောက်၏ ရုပ်ခန္ဓာအသက်၊ စိတ်ဝိညာဉ်အသက်တို့ကို တိကျစွာ တိုင်းတာနိုင်ခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ်က ပြောင်းလဲနိုင်လေသည်။ ထို့ကြောင့် စိတ်ဝိညာဉ်၏ အသက်ကသာ အဓိကအချက်ဖြစ်လေသည်။

All Chapters