ဆုလာဘ်များ....
Vol. 27 Ch. 416
" ဒါကြောင့် မင်းရွေးချယ်သင့်တဲ့ ပထမဆုံးရတနာက လေဟာနယ်ရဲ့ အနက်ဖွင့်ဆိုချက်ပဲ။ " ကျောက်ရုပ်တု ရှန်းကျိက ဖြည်းညင်းစွာ ပြောလိုက်သည်။
" လေဟာနယ်ရဲ့ အနက်ဖွင့်ဆိုချက်..." လင်းယွမ်၏ မျက်လုံးများက လင်းလက်သွားပြီး ဆုလာဘ်စာရင်းထဲတွင် ရတနာ၏ ဖော်ပြချက်များကို ချက်ချင်း ရှာတွေ့လိုက်သည်။
" လေဟာနယ်ရဲ့ အနက်ဖွင့်ဆိုချက်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လေဟာနယ်အပေါ် နားလည်မှုနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။ "
ရှင်းပြချက်က တိုတောင်းသော်လည်း လင်းယွမ်အတွက်က လုံလောက်ပေသည်။
" လေဟာနယ်နိယာမက အဆုံးမရှိ ကျယ်ပြန့်လွန်းတယ်။ ငါတို့က ပြည့်စုံတဲ့ လေဟာနယ်နိယာမကို ကျွမ်းကျင်တယ်လို့ ပြောပေမယ့် တကယ်က အချို့ကဏ္ဍတွေကိုပဲ ကျွမ်းကျင်တာ။ သခင်ရဲ့ လေဟာနယ်နိယာမအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်က မင်းကို နောက်ထပ်ရှုထောင့်တစ်ခု ပေးစွမ်းနိုင်လိမ့်မယ်။ "
" ပြီးတော့ အဲ့ဒါက မင်းအတွက် အရမ်း အသုံးဝင်တယ်။ နောက်ဆုံး မင်းက လေဟာနယ်နိယာမကို ကျွမ်းကျင်သွားရင်တောင် ဒါက သက်ရောက်မှုရှိနေလိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက လေးနက်စွာ ပြောလိုက်သည်။
" ကောင်းပါပြီ။ ကျွန်တော် အဲ့ဒါကို ရွေးလိုက်မယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ဘယ်လိုတည်ရှိမှုမျိုးလဲ။ သူဆီက စကားတစ်ခွန်းကပင် တန်ဖိုးကြီးလှပြီး လေဟာနယ်ရဲ့အနက်ဖွင့်ဆိုချက်ဆို ပြောစရာပင်မလိုပေ။
" အရမ်းကောင်းတယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြုံးလိုက်သည်။
လင်းယွမ်က ကမ္ဘာပေါ်တွင် ရှားပါးသော အရည်အချင်းနှင့် ပါရမီကို ပိုင်ဆိုင်ထားသည်။ သို့သော် အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်ကလည်း ထိရောက်မှုရှိစေရန် မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ရမည်ဖြစ်သည်။
အနက်ရောင်မျှော်စင်၏ တစ်ထပ်စီတွင် တိုက်ခိုက်ရေးစွမ်းအားကို များစွာ မြှင့်တင်ပေးနိုင်သော ရတနာများစွာ ရှိလေသည်။ သို့သော် လူတစ်ယောက်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် တိုက်ခိုက်ရေးစွမ်းအားမြှင့်တင်ခြင်းထက် မိမိကိုယ်တိုင်ပြောင်းလဲနိုင်ရန်လည်း လိုအပ်လေသည်။
" ဒါကတော့ ငါ့သခင်ရဲ့ လက်ရာ လေဟာနယ်အနက်ဖွင့်ဆိုချက်ပဲ။ မင်း ကောင်းကောင်းနားလည်နိုင်ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ရုပ်တုရှန်းကျိက သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်သည်။
ငွေရောင်စာအုပ်တစ်အုပ်က လေထဲတွင် ထွက်ပေါ်လာပြီး လေဟာနယ်လှိုင်းများ ထုတ်လွှတ်နေသည်။ လင်းယွမ်က စာအိုပ်ကို စိုက်ကြည့်ရင်း ကျယ်ပြန့်သော လေဟာနယ်နိယာမကို ခံစားမိနေသည်။
" ဒါက..." လင်းယွမ်က ငွေရောင်စာအုပ်ကို စိုက်ကြည့်နေသည်။
ငွေရောင်စာလုံးများက စာအုပ်မှ ထွက်ခွာလာပြီး လင်းယွမ်ဆီသို့ ရွေ့လျားက သူ၏ နဖူးထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်ပေါင်းစပ်သွားကြသည်။
ငွေရောင်စာလုံးတစ်ခုစီတွင် အချက်အလက်များစွာ ပါဝင်နေသည်။ လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျှင် စာလုံးရေ သန်းပေါင်းများစွာပင် လုံလောက်မည်မဟုတ်ပေ။
နောက်ဆုံးတွင် ငွေရောင်စာလုံး ၃၃၃၃ လုံးက လင်းယွမ်၏ နဖူးထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီးနောက် ငွေရောင်စာအုပ်ကလည်း ဖြည်းညင်းစွာ လွင့်ပါးပျောက်ကွယ်သွားသည်။
လင်းယွမ်က မျက်လုံးများမှိတ်လိုက်သည်။ တစ်ချိန်တည်းတွင် နဂါးငွေ့တန်းပင်မကြယ်မှ မူလကခန္ဓာကိုယ်ကလည်း မျက်လုံးများကို မှိတ်လိုက်သည်။
သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးနေရာတွင် စာလုံး ၃၃၃၃လုံးက ငွေရောင်အလင်းများ ထုတ်လွှတ်နေသည်။ လင်းယွမ်က အလွန်နက်နဲသော စာလုံးတစ်ခုစီကို သေချာစစ်ဆေးကြည့်လိုက်သည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော စကားလုံးများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆန်းကြယ်သော စကားလုံးများကို လေ့လာပြီး လေဟာနယ်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
ခဏအတွင်း လေဟာနယ်အသိအမြင်များက သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ လေဟာနယ်ကို ထိုနည်းဖြင့် နားလည်နိုင်လိမ့်မည်ဟု လင်းယွမ်က တစ်ခါမှမတွေးမိခဲ့ပေ။ ၎င်းက လေဟာနယ် တစ်ခုတည်းကို နားလည်ခြင်းမဟုတ်ပဲ ဒြပ်စင်ငါးမျိုး၊ အလင်း၊ လျှပ်စီး စသည်တို့နှင့်အတူ လေဟာနယ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လာစေသည်။
လင်းယွမ်က ပင်မလေဟာနယ်ပုံစံ လေးခုကို ဆက်တိုက်နားလည်သွားသည်။
" တော်တော်လွန်တာပဲ။ " လင်းယွမ်က စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး သူ၏ အာရုံကို စာလုံးများမှ ရွှေ့ပြောင်းလိုက်သည်။
" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ရဲ့ လေဟာနယ်အနက်ဖွင့်ဆိုချက်ဆိုတာနဲ့ ထိုက်တန်ပါတယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။ " စာလုံးတစ်ခုစီက အလွန်နက်ရှိုင်းပြီး လူသားမျိုးနွယ်နဲ့ မတူညီတဲ့ ရှုထောင့်ကနေ လေဟာနယ်ကို ဖော်ပြထားတယ်။ "
လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ ကြီးမြတ်သူတစ်ယောက်ပင် ထိုလေဟာနယ်အနက်ဖွင့်ဆိုချက်ကို ကြည့်ရှုလျှင်တောင် နက်ရှိုင်းစွာ ခဲစားသွားရပေလိမ့်မည်။
ကြီးမြတ်သူများက ပြည့်စုံသော အချိန်နိယာမ၊ လေဟာနယ်နိယာမတို့ကို နားလည်ခဲ့ကြသော်လည်း ကြီးမြတ်သူများ၏ နားလည်မှုက ကွဲပြားလေသည်။
လင်းယွမ်က မျက်လုံးများဖွင်လိုက်သည်။ လေဟာနယ်အနက်ဖွင့်ဆိုချက်ကို မူလခန္ဓာကိုယ်က လေ့လာနေသည်။ သူက ပေါင်းစပ်နိယာမများကိုပင် ဘေးဖယ်ထားသည်။ အကြောင်းမှာ ပြည့်စုံသော လေဟာနယ်နိယာမကို နားလည်ခြင်းက နိယာမများ ပေါင်းစည်းရာတွင် တိုးတက်မှုကို မြှင့်တင်ပေးနိုင်သောကြောင့် ဖြစ်သည်။
" ကောင်းပြီ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ဒုတိယရတနာအတွက် မင်း ဒါကို ရွေးချယ်သင့်တယ်။ "
သူတို့၏ ရှေ့တွင် ပန်းချီကားတစ်ချပ် ပေါ်လာသည်။ ပန်းချီကားထဲတွင် အပင်ငယ်လေးတစ်ပင် လှုပ်ယမ်းနေပြီး ပြင်းထန်သော ကမ္ဘာစွမ်းအားများ ထုတ်လွှတ်နေသည်။
" ကမ္ဘာသစ်ပင်လား။ " လင်းယွမ်က ထိုရတနာကို ဆုလာဘ်စာရင်းမှ တွေ့လိုက်ရသည်။
အမှန်တော့ လင်းယွမ်က ကမ္ဘာသစ်ပင်မှာ သူသိထားသော ရတနာအနည်းငယ်မှ တစ်ခုဖြစ်သောကြောင့် သတိထားမိခဲ့သည်။
ကြယ်စကြာဝဠာတွင် ကမ္ဘာသစ်ပင်က ကံကောင်းမှသာ တွေ့ရှိနိုင်သော စကြာဝဠာရတနာတစ်ခုဖြစ်သည်။ ၎င်း၏ ကမ္ဘာသစ်သီးက ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အတွင်းကမ္ဘာကို အချိန်မတိုင်မီ ဖွင့်ပေးနိုင်ပြီး အဆင့်တူများထက် ရွယ်တူများထက် ပို၍ ရှေ့ရောက်စေနိုင်သည်။
လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ဆဋ္ဌမအလွှာမှ သတ္တမအလွှာသို့ တက်ချိန်တွင် အတွင်းကမ္ဘာကို ဖွင့်နိုင်ခဲ့သည်။ သို့သော် ကမ္ဘာသစ်သီးက ၎င်းကို တိုက်ရိုက်လုပ်ဆောင်နိုင်သောကြောင့် ၎င်း၏ တန်ဖိုးကို ခန့်မှန်းကြည့်နိုင်လေသည်။
" မင်းက စကြာဝဠာစွမ်းအား အများကြီးနဲ့ ပြည့်စုံတဲ့ လေဟာနယ်နိယာမတို့ကို ပေါင်းစပ်ခဲ့ရင် မင်းရဲ့ အတွင်းကမ္ဘာကလည်း အဲ့ဒါကို ထိန်းချုပ်ဖို့ လုံလောက်တဲ့ တည်ငြိမ်မှုလိုတယ်။ အဲ့ဒါကြောင့် ကမ္ဘာသစ်ပင်က အသင့်တော်ဆုံးပဲ။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
ကမ္ဘာသစ်ပင်က အတွင်းကမ္ဘာကို ထိန်းချုပ်ပြီး မြေ၊ လေ၊ ရေ၊ မီး စသည်း စွမ်းအင်ဆိုင်ရာနိယာမများကို တည်ငြိမ်စေနိုင်သည်။ ကမ္ဘာသစ်ပင်တစ်ပင်က စကြာဝဠာရတနာများစွာထက် ပိုအသုံးဝင်လေသည်။
ကမ္ဘာသစ်ပင်က အတွင်းကမ္ဘာကို ထိန်းချုပ်ထားလျှင် အတွင်းကမ္ဘာကို ချဲထွင်ပေးပြီး လူသားမျိုးနွယ်၏ အတွင်းကမ္ဘာ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်လေသည်။
" ပထမအထပ်နဲ့ ဒုတိယအထပ်ရဲ့ ရတနာတွေထဲမှာ ကမ္ဘာသစ်ပင်ရဲ့ တန်ဖိုးက ထိပ်ဆုံးသုံးခုထဲမှာ ပါတယ်။ ငါ့အထင် ပထမဖြစ်လောက်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
သူ၏ အထင်ဟု ပြောရခြင်းမှာ ကမ္ဘာသစ်ပင်ကဲ့သို့ ရတနာက အသုံးပြုသူ၏ သင့်တော်မှုအပေါ်လည်း မူတည်သောကြောင့် တန်ဖိုးဖြတ်ရန် ခက်ခဲလေသည်။
" ဒါဆို ကမ္ဘာသစ်ပင်ကို ရွေးလိုက်မယ်။ "
လင်းယွမ်က ရှန်းကျိ၏ အကြံပြုချက်မပါလျှင်တောင် ကမ္ဘာသစ်ပင်ကို ရွေးလောက်ပေသည်။ လူသားမျိုးနွယ်က ကမ္ဘာသစ်ပင်အကြောင်း သိရှိထားသောကြောင့် လင်းယွမ်က ကိုယ်ပိုင်ကမ္ဘာသစ်ပင်တစ်ခုရှိရန် အလွန်ဆန္ဒပြင်းပြနေသည်။
" ကမ္ဘာသစ်ပင်ကို အတွင်းကမ္ဘာထဲမှာ စိုက်ပျိုးလိုက်ရင် အတွင်းကမ္ဘာရဲ့ အနှစ်သာရနဲ့ ကမ္ဘာသစ်ပင်က မြန်မြန်ကြီးထွားလာလိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ့်ကခေါင်းညိမ့်လိုက်သည်။
ကမ္ဘာသစ်ပင် ရင့်သန်လာသည်နှင့် ကမ္ဘာသစ်သီးများ သီးလာမည်ဖြစ်ပြီး ၎င်းက တန်ဖိုးကြီးမားသော ရတနာတစ်ခု ဖြစ်လေသည်။ လင်းယွမ်က ကိုယ်တိုင် အသုံးမပြုလျှင်တောင် အလွယ်တကူရောင်းချနိုင်လေသည်။
ကြီးမြတ်သူများပင် သူတို့၏ မျိုးဆက်များကို အခြေခံအုတ်မြစ်ချပေးရန် ကမ္ဘာသစ်သီးများကို စျေးကြီးပေးပြီး ဝယ်ယူကြပေလိမ့်မည်။
ကမ္ဘာသစ်သီး၏ စွမ်းအားနှင့် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ကြယ်ပင်လယ်ခွန်၏ အားနည်းသော အဆင့်နှင့် တူညီသော အတွင်းကမ္ဘာကို ဖွင့်နိုင်မည်ဖြစ်သည်။
" တတိယရတနာအတွက်ကတော့ အခုလောလောဆယ် ငါ့မှာ အကြံပေးစရာမရှိသေးဘူး။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။
" အကြံပေးစရာမရှိဘူး။ " လင်းယွမ်က ဆုလာဘ်စာရင်းကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။
ယခုလောလောဆယ် သူက မည်သည့်အရာမှ လိုအပ်ခြင်းမရှိသေးဘဲ မည်သည့်ရတနာအား ရွေးချယ်ရမည်ကို မသိတော့ပေ။ အကယ်၍ မှားယွင်းပြီး ရွေးချယ်မိလျှင် လင်းယွမ်အတွက် အချိန်ကြာမြင့်စွာ နောင်တရနေပေလိမ့်မည်။
" အကြီးအကဲရှန်းကျိ နောက်ဆုံးဆုလာဘ်ကို ခဏသိမ်းထားလို့ရမလား။ " လင်းယွမ်က သိလိုစိတ်နှင့် မေးလိုက်သည်။
ဆုလာဘ်စာရင်းမှ ရတနာတစ်ခုကို ရွေးချယ်ပြီးလျှင် ပြန်လဲလှယ်၍မရသဖြင့် လင်းယွမ်က နောက်မှ ဆုံးဖြတ်ရန် စဉ်းစားမိလေသည်။
" ပြဿနာမရှိဘူး။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်သည်။
နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အထွတ်အထိပ်ကာလတွင် မျှော်စင်မှ ဆုလာဘ်များကို ရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်သည်။ နောက်ကျမှရွေးချယ်လျှင် အခြားသူများ ကျန်ခဲ့သော ရတနာများကိုသာ ရရှိပေလိမ့်မည်။
သို့သော် ယခုအခါ နှစ်ထောင်ပေါင်းများစွာအတွင်း လင်းယွမ်က တစ်ယောက်တည်းသော ဝင်ရောက်လာသူဖြစ်ပြီး လာမည့်အနာဂတ်တွင်လည်း အချိန်ကြာသည်အထိ လင်းယွမ် တစ်ယောက်တည်းသာ ဖြစ်နေပေလိမ့်မည်။
" မင်း ဒုတိယအထပ်ကို ကြိုးစားကြည့်ချင်သေးလား။ " ကျောက်ရုပ်တု ရှန်းကျိက ပြုံး၍ မေးလိုက်သည်။