← Chapters

ကမ္ဘာသစ်ပင်ကို စိုက်ပျိုးခြင်း...

Vol. 27 Ch. 417

ကမ္ဘာသစ်ပင်ကို စိုက်ပျိုးခြင်း...

Vol. 27 Ch. 417

အနက်ရောင်မျှော်စင်၏ ပထမအထပ်က ပြည့်စုံသော လေဟာနယ်နိယာမ သို့မဟုတ် အခြားအစွမ်းထက်သည့် စကြာဝဠာစွမ်းအားများကို အပြည့်အဝ နားလည်ထားသော အဋ္ဌမအလွှာများသာ ဖြတ်သန်းနိုင်လေသည်။

ဒုတိယအထပ်ကတော့ အဋ္ဌမအလွှာများနှင့် မသက်ဆိုင်ပေ။ နဝမအလွှာ၏ အစွမ်းထက်ဆုံးသူများသာ အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက်ရှိလေသည်။

မူလအဆင့် စကြာဝဠာစွမ်းအားတစ်ခုနှင့် စကြာဝဠာစွမ်းအားများစွာကို နားလည်ထားသော လင်းယွမ်ပင် ဒုတိယအထပ်ကို ဖြတ်ကျော်ရန် အခွင့်အရေးမရှိပေ။

ကျောက်ရုပ်တု ရှန်းကျိက လင်းယွမ်ကို ဒုတိယအထပ်အား ဖြတ်ကျော်ရန် မေးမြန်းခြင်းမှာ ပျင်းရိနေသောကြောင့်သာ ဖြစ်ပြီး လင်းယွမ်ကို ခဏပိုနေစေရန် အကြောင်းပြချက်ရှာခြင်းသာဖြစ်သည်။

" ဟုတ်ကဲ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်ပြီး လှေကားနက်အတိုင်း တက်သွားကာ ဒုတိယအထပ်သို့ ရောက်သွားခဲ့သည်။

ကျောက်ရုပ်တုရှန်းကျိကလည်း ပျောက်ကွယ်သွားပြီး မျှော်စင်၏ အပြင်ဘက်တွင် ပေါ်လာသည်။ အနက်ရောင်မျှော်စင်၏ ဒုတိယအထပ်မှ ပုံရိပ်များက သူ၏ ရှေ့တွင် ပေါ်လာသည်။

" ဖိအားက အများကြီးတိုးလာပြီ။ " လင်းယွမ်က ဒုတိယအထပ်သို့ ရောက်သည်နှင့် ပတ်ဝန်းကျင်မှ ကြောက်စရာကောင်းသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။

စကြာဝဠာစွမ်းအားအမျိုးမျိုးက သူ၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေပြီး မူလစွမ်းအားလည်း ပါဝင်လေသည်။ ထိုသို့ဖြင့် လင်းယွမ်က ဒုတိယအထပ်၏ လှေကားနက်ဆီသို့ ခက်ခက်ခဲခဲ လျှောက်သွားနေသည်။

အချိန်များ ကုန်လွန်လာပြီး လင်းယွမ်က အကွာအဝေး၏ သုံးပုံတစ်ပုံသို့ လျင်မြန်စွာ ရောက်လာသည်။ သို့သော် ထိုခဏတွင် စကြာဝဠာစွမ်းအားများအားလုံးက ပြိုကွဲသွားပြီး မူလစွမ်းအားပင် ပျောက်ကွယ်သွားသည်။

" ကျရှုံးသွားတာလား။ " မျှော်စင်၏ အပြင်ဘက်မှ ကျောက်ရုပ်တု ရှန်းကျိက အံ့ဩသည့် အမူအရာမပြပေ။

အမှန်တွင် လင်းယွမ်က ဒုတိယအထပ်၏ သုံးပုံတစ်ပုံ အကွာအဝေးကို ရောက်ခဲ့ခြင်းကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။ ထိုအထပ်က နဝမအလွှာများအတွက် ရည်ရွယ်ထားခြင်းဖြစ်သောကြောင့် လင်းယွမ်က အဋ္ဌမအလွှာထက် ကျော်လွန်နေပြီကို သိနိုင်လေသည်။

နဝမအလွှာမှ အစွမ်းထက်ဆုံသူများထဲမှ အချို့ပင် လင်းယွမ်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ ထိုမယှဉ်နိုင်ခြင်းမှာ စိတ်စွမ်းအားနှင့် စကြာဝဠာစွမ်းအားအမျိုးမျိုးကို ပြောခြင်းဖြစ်သည်။

" နှမြောစရာပဲ။ မင်း အရမ်းနောက်ကျသွားတယ်။ သခင်ရှိနေတုန်းသာ မင်းရောက်လာခဲ့ရင် မင်းရမယ့် ဆုလာဘ်တွေက ဒီထက်ပိုများလိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက သက်ပြင်းချလိုက်သည်။

လင်းယွမ်၏ အရည်အချင်းနှင့် ပါရမီကို နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်သာ မြင်တွေ့ခဲ့လျှင် လင်းယွမ်ကို တန်ဖိုးထားပြီး ပျိုးထောင်ပေလိမ့်မည်။

နဂါးငွေ့တန်း ပင်မကြယ်။

လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်သည်။

" ဒုတိယအလွှာက အရမ်းခက်ခဲတယ်။ " လင်းယွမ်က လေးနက်စွာ စဉ်းစားနေသည်။

အနက်ရောင်မျှော်စင်၏ ပထမအထပ်တွင် အကွာအဝေး၏ သုံးပုံတစ်ပုံသို့ ရောက်သောအခါ ပုံရိပ်ယောင်သတ္တဝါများ ပေါ်လာခဲ့သည်။ သို့သော် လင်းယွမ်က ဒုတ်ယအထပ်တွင် ထိုသတ္တဝါများကို မြင်တွေ့နိုင်ခြင်းမရှိမီ ပြင်းထန်သော ဖိအားကြောင့် ကြေမွသွားခဲ့သည်။

" ငါသာ လေဟာနယ်နိယာမကို ကျွမ်းကျင်သွားရင် ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်ျလာက်လား။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က မျှော်စင်၏ ဒုတိယအထပ်တွင် တည်နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် လေဟာနယ်ကျုံ့ခြင်းတို့ကို မပြုလုပ်နိုင်သော်လည်း သူက လေဟာနယ်နိယာမကို အသုံးပြုပြီး ကျရောက်လာသော ဖိအားများကို လျှော့ချနိုင်ပေသည်။

လေဟာနယ်နိယာမက နက်နဲပြီး ခန့်မှန်းရ ခက်ခဲလေသည်။ လေဟာနယ်နိယာမ၏ စွမ်းအားနှင့် လင်းယွမ်က သူ၏ ပတ်လည်မှ လေဟာနယ်ကို ဆန့်ထုတ်ပြီး မိုင်ပေါင်းထောင်ချီကျယ်ဝန်းသော လေဟာနယ်တစ်ခု ဖန်တီးနိုင်လေသည်။

" လေဟာနယ်နိယာမကို ကျွမ်းကျင်သွားရင်တောင် ဒုတိယအထပ်ကို ဖြတ်ကျော်နိုင်မယ့် မျှော်လင့်ချက်က နည်းနည်းပဲရှိတယ်လို့ ခံစားရတယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ကျောက်ရုပ်တု ရှန်းကျိ၏ ပြောစကားအရ ဒုတိယအထပ်က နဝမအလွှာများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး နဝမအလွှာမှာတောင် အစွမ်းထက်ဆုံးသူများသာ ဖြတ်ကျော်နိုင်လေသည်။ တစ်နည်းအားဖြင့်ပြောလျှင် နဝမအလွှာ အများစုက ဒုတိယအထပ်ကို ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိပေ။ နဝမအလွှာတိုင်းက ပြည့်စုံသော လေဟာနယ်နိယာမကို ကျွမ်းကျင်ထားခြင်းမရှိပေ။ ထိုသို့နားလည်ထားသူပင် ဒုတိယအထပ်ကို ဖြတ်ကျော်ရန် မလွယ်ကူပေ။

" ငါ့မှာ နောက်ဆုံးဝှက်ဖဲဖြစ်တဲ့ အားဖြည့်ခြင်း နတ်စွမ်းရည်ရှိသေးတယ်။ " လင်းယွမ်က တွေးလိုက်၏။

အစောပိုင်း ဒုတိယအထပ်ကို ကြိုးစားနေစဉ် အားဖြည့်ခြင်းနတ်စွမ်းရည်ကို အသုံးမပြုခြင်းမှာ ၎င်းက အသက်ဆယ်ကြိမ်ရှူစာသာ ရှိပြီး ကျန်ရှသော အကွာအဝေးသုံးပုံနှစ်ပုံကို ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

" အချိန်တန်ရင် ကြည့်ရမှာပေါ့။ "

အနက်ရောင်မျှော်စင်၏ ဆုလာဘ်များက အလွန်တန်ဖိုးကြီးသောကြောင့် လင်းယွမ်က ထိုအခွင့်အရေးကို ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ပေ။ သူက ဒုတိယအထပ်ကို မဖြတ်ကျော်နိုင်သေးလျှင်တောင် နဝမအလွှာသ်ု့ ရောက်ချိန်တွင် သေချာပေါက် ပြန်ကြိုးစားပေလိမ့်မည်။

" ကမ္ဘာသစ်ပင်..." လင်းယွမ်က စိတ်ကို တည်ငြိမ်အောင်ထားပြီး သူ၏ ရှေ့မှ သစ်ပင်လေးကို ကြည့်လိုက်သည်။

" ဒီနတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လေဟာနယ်နိယာမမှာ မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီ။ ဒီကမ္ဘာသစ်ပင်ကို နတ်ဆိုးကျောက်စိမ်းအမှတ်အသားကနေ ငါ့ဆီကို ပို့ပေးနိုင်တယ်။ " လင်းယွမ်က စိတ်လှုပ်ရှားနေသည်။

နတ်ဆိုးကျောက်စိမ်းနေရာသို့ ရောက်သွားခြင်းက လင်းယွမ်၏ စိတ်ဝိညာဉ်အမျှင်တစ်ခုသာဖြစ်ပြီး မည်သည့်အရာဝတ္ထုကိုမှ ယူဆောင်သွားနိုင်ခြင်းမရှိပေ။ နတ်ဆိုးကျောက်စိမ်းနေရာက မူလကမ္ဘာတွင် မရှိဘဲနှင့် ထိုသို့ လုပ်နိုင်ခြင်းက လင်းယွမ်ကိုပင် အံ့အားသင့်စေလေသဘ်။ ၎င်းက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ဆင်တူသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက လုံလောက်သော ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကိုသာ ပေးချေလျှင် မူလကမ္ဘာမှ ပစ္စည်းများကို အခြားကမ္ဘာသို့ ပို့ဆောင်ပေးနိုင်ပြီး ထိုကမ္ဘာမှ ပစ္စည်းများကိုလည်း မူလကမ္ဘာသို့ ပြန်လည်ယူဆောင်လာနိုင်လေသည်။ သို့သော် ၎င်းက ဆင်တူရုံသာဖြစ်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးက ကမ္ဘာများစွာကို ကျော်ဖြတ်ခြင်းဖြစ်ပြီး ၎င်းက လေဟာနယ်ဟူသော အဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။

" ကမ္ဘာသစ်ပင်ကို အတွင်းကမ္ဘာထဲမှာ စိုက်ပျိုးရမယ်။ " လင်းယွမ်က ကမ္ဘာသစ်ပင်ကို အတွင်းကမ္ဘာထဲသို့ ယူဆောင်လာသည်။

ကြီးမားကျယ်ပြန့်သော အတွင်းကမ္ဘာထဲတွင် လင်းယွမ်က ပေါ်လာပြီး သူ၏ လက်ထဲတွင် မီတာဝက်လောက် မြင့်သောသစ်ပင်ငယ်တစ်ခုကို ကိုင်ထားသည်။

လင်းယွမ်က သစ်ပင်ကို မြေကြီးပေါ်သို့ ညင်သာစွာ ချလိုက်သည်။ အပင်၏ အမြစ်များက မြေကြီးထဲသို့ ဝင်သွားပြီး ကမ္ဘာစွမ်းအားများကို ဖြည်းညင်းစွာ စုပ်ယူနေသည်။

" ဟင် တကယ်ထူးဆန်းတဲ့ ခံစားချက်ပဲ။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။

ကမ္ဘာသစ်ပင်က အတွင်းကမ္ဘာထဲသို့ အမြစ်တွယ်သွားသည်နှင့် လင်းယွမ်က ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ကသည်။ ကမ္ဘာသစ်ပင်က သူ၏ သွေးမျိုးဆက်မှ ဆင်းသက်လာသကဲ့သို့ ဖြစ်သည်။

" အဲ့ဒါက ကမ္ဘာစွမ်းအားကို စုပ်ယူနေတာပဲ။ " လင်းယွမ်က ကမ္ဘာသစ်ပင်မှာ ကမ္ဘာစွမ်းအားများကို ၎င်း၏ ပင်စည်ထဲသို့ ဖြည်းညင်းစွာ စုပ်ယူနေသည်ကို ခံစားလိုက်ရသည်။

ကမ္ဘာစွမ်းအားများက ပင်စည်ထဲသို့ ရောက်သည်နှင့် ကမ္ဘာသစ်ပင်က အရှိန်အဟုန်နှင့် သန့်စင်လေသည်။

" သိသာတဲ့ ပြောင်းလဲမှုတွေတော့ မရှိဘူး။ " လင်းယွမ်က သူ၏ အတွင်းကမ္ဘာကို ခဏခံစားကြည့်လိုက်ပြီး သိသာသော သက်ရောက်မှုမရှိသည်ကို တွေ့လိုက်ရသည်။

ကမ္ဘာသစ်ပင်က ယခု အလွန်ငယ်သေးသည်ကို လင်းယွမ်က သိလေသည်။ အရည်အသွေးက အလွန်မြင့်မားလျှင် မိုင်ပေါင်းသန်တစ်ရာနီးပါး ကျယ်ဝန်းသော အတွင်းကမ္ဘာကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပေ။

လင်းယွမ်က ကမ္ဘာသစ်ပင်ကို နေရာချပြီးနောက် လေဟာနယ်အနက်ဖွင့်ဆိုချက်ကို စဉ်းစားလိုက်သည်။

မူလကမ္ဘာမှ လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက ပြည့်စုံသော လေဟာနယ်နိယာမကို အခြေခံလေဟာနယ်ပုံစံနှင့် ပင်မလေဟာနယ်ပုံစံဟူ၍ ပိုင်းခြားထားခဲ့သည်။ ထိုလေဟာနယ်ပုံစံ အမျိုးအစားနှစ်ခုကို နားလည်နိုင်မှသာ ပြည့်စုံသော လေဟာနယ်နိယာမကိုကျွမ်းကျင်သွားပြီဟု ပြောနိုင်လေသည်။

သို့သော် ၎င်းက ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များ၏ နားလည်မှု သက်သက်သာ ဖြစ်၏။ အမှန်တွင် လေဟာနယ်နိယာမက အတိုင်းအဆမရှိ ကျယ်ပြောလှသည်။ လေဟာနယ်ပုံစံအနည်းငယ်နှင့် ၎င်းကို ပြည့်စုံအောင် ဖော်ပြနိုင်မည်မဟုတ်ပေ။

လူသားဆင့်ကဲပြောင်းလဲသူများက လေဟာနယ်နိယာမကို ကျွမ်းကျင်ရန် သူတို့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမှတစ်ဆင့် လေဟာနယ်ပုံစံများအဖြစ် ပိုင်းထားခြင်း နားလည်ရန် ကြိုးစားခဲ့ခြင်းသာဖြစ်သည်။

သို့သော် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လေဟာနယ်အနက်ဖွင့်ဆိုချက်က လေဟာနယ်နိယာမကို မတူညီသော ရှုထောင့်မှ အနက်ဖွင့်ဆိုထားခြင်းဖြစ်သည်။ သူ၏ နားလည်မှုမှာ ကမ္ဘာပေါ်ရှိ အရာအားလုံးက လေဟာနယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဒြပ်စင်ငါးမျိုးနိယာမ၊ မိုးကြိုးနိယာမနှင့် အလင်းနိယာမအပါအဝင် နိယာမအများအပြားက လေဟာနယ်နိယာမ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။

" လေဟာနယ်နိယာမကို ဒီလိုနားလည်လို့ရတာလား။ ဒီလိုရှုထောင့်မျိုး တကယ်ရှိတာလား။ " လင်းယွမ်က ရုတ်တရက် အတွေးအမြင်များစွာ ထွက်ပေါ်လာသည်။

လေဟာနယ်အနက်ဖွင့်ဆိုချက်ကို လေ့လာရင်း သူ၏ လေဟာနယ်ပုံစံများအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာသည်။ မကြာမီ ပင်မလေဟာနယ်ပုံစံ ခြောက်ထောင်ကျော်ကို နားလည်သွားပြီး ခုနှစ်ထောင်နှင့် နီးကပ်သွားသည်။

စစ်မြေပြင် B001။

ထိုအလတ်စားစစ်မြေပြင်က ရှေးကျသော စစ်မြေပြင်တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်နှင့် အထွတ်အထိပ်မျိုးနွယ်တစ်ခုဖြစ်သော ထျန်းယုမျိုးနွယ်တို့၏ တိုက်ပွဲစစ်မြေပြင်ဖြစ်သည်။

ထျန်းယုမျိုးနွယ်က လူသားများနှင့် သဏ္ဍန်တူပြီး သူတို့၏ အရပ်က ငါးမီတာမှ ဆယ်မီတာအထိ ရှိကြသည်။ ခြားနားချက်မှာ သူတို့တွင် အဖြူရောင်တောင်ပံများရှိပြီး ၎င်းတေတာင်ပံများက ထျန်းယုမျိုးနွယ်တစ်ယောက်၏ အခြေအနေနှင့် အလားအလာကို ကိုယ်စားပြုလေသည်။

All Chapters