အခန်း (၁၆၅)
Vol. 12 Ch. 165
ဂါးရက် နော့ဒ်မတ်သည် မတူညီသော လင်းနို့မျိုးစိတ် လေးဆယ်မှ ငါးဆယ်ကို တစ်ကောင်ချင်းစီ သေချာစွာ စမ်းသပ်ခဲ့သည်။
အမွေးအတောင်ပံပါသော လင်းနို့... ကြိမ်နှုန်းက မလုံလောက်သေးဘူး။
တောင်ပေါ်လင်းနို့ မလုံလောက်သေးဘူး။
အမြီးဖက်လင်းနို့ ကြိမ်နှုန်းက အနည်းငယ် လွဲနေသေးသည်။
ခရစ္စတြမ် ဦးခေါင်းပါသော လင်းနို့... ဒီကောင်က ကြိမ်နှုန်း အရမ်းနိမ့်နေတယ်။
ပျင်းရိနေတာလား။
ဂါးရက်သည် တစ်မျိုးပြီးတစ်မျိုး ဆက်လက်စမ်းသပ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အာထရာဆောင်း၏ ပြင်းအားကို မတိုးမြှင့်တော့ဘဲ စွမ်းအင်ကို ချွေတာခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာ ပို၍အာရုံစိုက်ရန် လိုအပ်ခဲ့သည်။ ကံကောင်းစွာဖြင့် ပဲ့တင်သံမှော်ပညာသည် တပည့်အဆင့်တွင်သာ ရှိသေးသဖြင့် တစ်နေ့လျှင် အကြိမ်နှစ်ဆယ်မှ သုံးဆယ်အထိ အသုံးပြုနိုင်ခဲ့သည်။ နောက်တစ်နေ့တွင် သူ လိုအပ်ချက်နှင့် ကိုက်ညီသော လင်းနို့ကို ရှာတွေ့ခဲ့သည်။
နားတိုသွေးစုပ်လင်းနို့...
ဂါးရက်သည် နောက်ဆုံးတွင် ကျေနပ်သော အမူအရာကို ပြသလိုက်သည်။ သူ့လက်ထဲရှိ လင်းနို့သည် တိတ်ဆိတ်စွာ ပြာမှုန့်အဖြစ် ပြောင်းလဲသွားပြီး သူ၏ တရားထိုင်နေသော မြင်ကွင်းတွင် ယုန်၏ အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ်... တို့သည် အာထရာဆောင်းမှ ပြန်လာသော အချက်အလက်များမှတစ်ဆင့် တစ်ခုပြီးတစ်ခု ပုံဖော်လာသည်။
သည်းခြေအိတ်၏ ပုံစံသည် ရှင်းလင်းပြီး အသည်း၏ အစွန်းများသည် ထက်မြက်နေကာ အသည်းအတွင်းရှိ သွေးကြောပုံစံများပင် သူ၏ တရားထိုင်နေသော မြင်ကွင်းတွင် ရိုးရှင်းစွာ ပုံဖော်ထားသည်။
ငါ မြင်ရပြီ ငါ မြင်ရပြီဟ။
ဂါးရက်သည် သူ့လက်သီးကို တင်းတင်းဆုပ်ကာ အားပါပါ ဝှေ့ယမ်းလိုက်သည်။
အဲဒီအဆင်ပြေတဲ့ စစ်ဆေးမှုနည်းလမ်းတွေကို နောက်ချန်ခဲ့တာ တစ်နှစ်ရဲ့တစ်ဝက်ကျော်ပြီ။
X-rays ပြီးနောက် ငါ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ရောဂါရှာဖွေရေးကိရိယာတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။
သူ မြင်နေရသော ပုံရိပ်များသည် အစဦးပိုင်း အလွန်ရိုးရှင်းနေပြီး အချက်ပြမှုများကို လက်ခံကာ အလိုအလျောက်တွက်ချက်ပြီး ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သော ကိရိယာများ မရှိခြင်း၊ M-mode ultrasound, spectral Doppler, သို့မဟုတ် color ultrasound တို့ မရှိခြင်းနှင့် သူ၏ တရားထိုင်နေသော မြင်ကွင်းမှ ပုံရိပ်များသည် သူ့အရင်ဘဝက မြင်ဖူးသည့် အာထရာဆောင်းပုံရိပ်များနှင့် ကွဲပြားနေသော်လည်း...
ဒီအရာတွေအားလုံးဟာ ကျော်လွှားနိုင်တဲ့ ကိစ္စတွေပါပဲ။
ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်ပြီဆိုရင် အခုကစပြီး သူသည် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်သွားနိုင်ပြီဖြစ်သည်။
ဒါပေမဲ့...
သူ့ဘယ်ဘက်လက်သီးကို ဆုပ်လိုက်သည့်အခါ ပြာမှုန့်များ သူ့လက်ချောင်းများကြားမှ စီးကျလာသည်။ ဂါးရက်သည် သူ့လက်ထဲရှိ သွေးစုပ်လင်းနို့၏ ပြာကျန်များကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
ဒီနားတို သွေးစုပ်လင်းနို့ က နည်းနည်းကြီးလွန်းတယ်။ အတောင်ပံတွေကို ခေါက်ထားရင်တောင် လက်တစ်ဖက်တည်းနဲ့ ကိုင်ဖို့ မလွယ်ဘူး။
ဒါ့အပြင် သူက ကြည့်ရတာ အရမ်းကို ရုပ်ဆိုးတယ်။ သူ့ရဲ့ရှည်လျားတဲ့ အစွယ်နှစ်ချောင်းက ကြောက်စရာကောင်းတဲ့ ပုံစံပေါက်နေတယ်။
ဤသို့ ကြီးမား၍ ရုပ်ဆိုးသော သွေးစုပ်လင်းနို့ကို လက်တစ်ဖက်ဖြင့် ကိုင်ကာ လူနာကို စစ်ဆေးသည့်အခါ ယုံကြည်စိတ်ချရသော အပြုံးဖြင့် ပြုံးပြနေသည်ကို စိတ်ကူးကြည့်လိုက်သည်။
ဂါးရက် ကိုယ်တိုင် ဤအရာကို စိတ်ကူးကြည့်မိသောအခါ သူသာ လူနာဖြစ်ပါက စစ်ဆေးသည့်စားပွဲပေါ်မှ အသည်းအသန် ခုန်ဆင်း၍ ထွက်ပြေးမည်ဟု ခံစားမိသည်။
ထို့ကြောင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ မလိုအပ်သည့် အစိတ်အပိုင်းများကို ဖယ်ရှားပြီး ပိုမိုသေးငယ်အောင် ပြုလုပ်ကြည့်ခြင်းပင်။
ဂါးရက်သည် နောက်ထပ်လင်းနို့တစ်ကောင်ကို ကောက်ယူလိုက်ပြီး ကတ်ကြေးနှင့် ခွဲစိတ်ဓားကို အသုံးပြု၍ လင်းနို့ကို အစိတ်အပိုင်းအမျိုးမျိုး ခွဲလိုက်ကာ နောက်ထပ်စမ်းသပ်မှုများကို ဆက်လက်ပြုလုပ်သည်။ စားပွဲပေါ်မှ စမ်းသပ်မှတ်တမ်းစာအုပ်ထဲတွင် အချက်အလက်အသစ်များ တစ်ကြောင်းပြီးတစ်ကြောင်း ပေါ်ထွက်လာသည်။
ဒုတိယအကြိမ် စမ်းသပ်မှုတွင် ဦးခေါင်းကိုသာ အသုံးပြုခဲ့ရာ အာထရာဆောင်း ကြိမ်နှုန်းမှာ အနည်းငယ် တိုးလာခဲ့သည်။ ၎င်းသည် ကောင်းသောသတင်းဖြစ်သည်။
တတိယအကြိမ် စမ်းသပ်မှုတွင် လည်ချောင်းကိုသာ အသုံးပြုခဲ့ရာ အာထရာဆောင်း ပုံရိပ်ပြန်အလာ မရှိခဲ့ပေ။ လင်းနို့များသည် လည်ချောင်းဖြင့် အသံမပြုလုပ်ခြင်းလော၊ သို့မဟုတ် ပုံရိပ်များကို ထုတ်ပေးရန် လင်းနို့၏ဦးနှောက်ကို အသုံးပြုရန် လိုအပ်ခြင်းလောဟု သူစဉ်းစားမိသည်။
စတုတ္ထအကြိမ် စမ်းသပ်မှုတွင် လင်းနို့၏ ဦးနှောက်ကိုသာ အသုံးပြုခဲ့သည်။ အံ့အားသင့်စရာကောင်းသည်မှာ အာထရာဆောင်း ကြိမ်နှုန်း မကျဆင်းခဲ့ဘဲ ပုံရိပ်ပြန်အလာလည်း အတူတူပင်ရှိနေခဲ့သည်။ အနည်းဆုံးတော့ ဤပဲ့တင်သံမှော်ပညာအတွက် အသံအင်္ဂါများကို မသုံးဘဲ အာထရာဆောင်း ထုတ်လွှတ်နိုင်သည်ကို အသိအမှတ်ပြုထားပုံရသည်။
ပဉ္စမအကြိမ် စမ်းသပ်မှုတွင် လင်းနို့ဦးနှောက်၏ အလျားလိုက်လှီးထားသော ဘယ်ဘက်ခြမ်းကို အသုံးပြုခဲ့ရာ အာထရာဆောင်း ပုံရိပ်ပြန်အလာ မရှိခဲ့ပေ။
ဆဋ္ဌမအကြိမ် စမ်းသပ်မှုတွင် လင်းနို့ဦးနှောက်၏ ညာဘက်ခြမ်းကို အသုံးပြုခဲ့ရာ ပဉ္စမအကြိမ်စမ်းသပ်မှုနှင့် အတူတူပင်ဖြစ်သည်။
သတ္တမအကြိမ် စမ်းသပ်မှုတွင်မူ အလျားလိုက်လှီးထားသော ဦးနှောက်၏ အပေါ်ဘက်ခြမ်းကို အသုံးပြုခဲ့ရာ အနည်းငယ်မျှ အာထရာဆောင်း ပုံရိပ်ပြန်အလာ ရှိခဲ့သော်လည်း အလွန်မှုန်ဝါးနေသည်။
အဋ္ဌမအကြိမ် စမ်းသပ်မှုတွင် ဦးနှောက်၏ အောက်ဘက်ခြမ်းကို အသုံးပြုခဲ့ရာ ရလဒ်များမှာ သတ္တမအကြိမ်စမ်းသပ်မှုနှင့် အတူတူပင် ဖြစ်သည်။
နဝမအကြိမ် စမ်းသပ်မှု... အမ်၊ နဝမအကြိမ်စမ်းသပ်မှု မရှိတော့ပေ။ လင်းနို့များ ကုန်သွားပြီဖြစ်သည်။
နေးဗစ်မြို့၏ လမ်းမပေါ်တွင်...
“ဘားနတ် လင်းနို့တွေ ထပ်ဝယ်ဖို့ လမ်းပေါ် ထွက်ကြရအောင်။ ပြီးတော့ ကောင်းကောင်းမွန်မွန် စားကြရအောင်”
ဂါးရက်နှင့် လူရိုင်းကြီးတို့သည် နေးဗစ်မြို့၏ လမ်းမများပေါ်တွင် တစ်ယောက်နောက်တစ်ယောက် လျှောက်လာကြသည်။ ကောင်းကင်တွင် တိမ်ထူများ ဖုံးလွှမ်းနေပြီး မိုးရွာသံများ ဆူညံနေသည့်အတွက် ညနေခင်းသည် ညကဲ့သို့ပင် မှောင်မိုက်နေသည်။ လမ်းဘေးဆိုင်များတွင် မီးများထွန်းထားပြီးဖြစ်ရာ နွေးထွေးသော အဝါရောင်၊ တောက်ပသော အဖြူရောင်နှင့် ရောင်စုံမီးရောင်များသည် ပြတင်းပေါက်များမှ ယိုဖိတ်ကျလာပြီး လမ်းမတစ်ခုလုံးကို တက်ကြွနေစေသည်။
ဘာနတ်က လင်းနို့ခြင်းတောင်းတစ်လုံးကို ကိုင်ကာ ဂါးရက်နောက်မှ လိုက်လာသည်။ သူသည် ကြီးမားသော ထီးတစ်ချောင်းကို သာမန်အတိုင်း ကိုင်ထားသည်။ ထီး၏ဘောင်သည် လူတစ်ယောက်၏ အရပ်ခန့်ရှိသော်လည်း ဆိုင်များ၏ လမ်းလျှောက်ခုံအကာအရံလောက် ကြီးသောကြောင့် သူသည် အားစိုက်ထုတ်ရန်မလိုဘဲ ကိုင်နိုင်ခဲ့သည်။ ထို့ပြင် ဂါးရက် လုံခြုံစေရန် ထီးကို အရှေ့ဘက်သို့ စောင်းထားပေးသည်။ ဂါးရက်ကတော့ အလုပ်မရှုပ်ရ၍ ပျော်ရွှင်နေပြီး သူ့လက်နှစ်ဖက်ကို အိတ်ထဲထည့်ကာ ဟိုဟိုဒီဒီ ကြည့်ရင်း လမ်းလျှောက်နေသည်။
ဤပုံစံသည် အာရုံစိုက်မှုကို သဘာဝအတိုင်း ဆွဲဆောင်နိုင်ခဲ့သည်။ လမ်းတစ်ဝက်ပင် မရောက်သေးမီ တစ်ဖက်မှလူတစ်ဦးက “ဂါးရက် ဂါးရက်လား” ဟု လှမ်းအော်လိုက်သည်။
“အန်တိုနီ”
ဂါးရက် ပြုံးလိုက်ပြီး သူ့လက်ကိုမြှောက်ကာ တစ်ဖက်သို့ လှမ်းပြလိုက်သည်။ လူရိုင်းကြီးက ထီးကို လုံလောက်အောင် မြှင့်ကိုင်ထားသဖြင့် ဂါးရက်၏လက်သည် ထီးကို မထိဘဲ တည့်တည့် ဆန့်နိုင်ခဲ့သည်။
သူ့ကို လှမ်းခေါ်သော တစ်ဖက်ကလူများမှာလည်း ရင်းနှီးသောမျက်နှာများ ဖြစ်သည်။ သင်တန်းတွင် ဆရာက အတန်းထဲမဝင်ရန် ဆူပူခဲ့သော သူ့နှင့်အတူ နောက်ကျခဲ့သည့် ရွှေရောင်ဆံပင်ရှိသော လူငယ်ဖြစ်သည့် ပထမအဆင့် မှော်ဆရာပင်။
ဤအတောအတွင်း ဂါးရက်သည် သူတို့နှင့်အတူ စာကြည့်တိုက်တွင် မကြာခဏ အတူတူ စာဖတ်လေ့လာခဲ့ပြီး အတော်အတန် ရင်းနှီးနေပြီဖြစ်သည်။ လမ်းပေါ်တွင် ဤသို့တွေ့ဆုံပြီး တစ်ယောက်ကိုတစ်ယောက် နာမည်ခေါ်ရာတွင် အခက်အခဲမရှိခြင်းနှင့် သူတို့သည် အတန်းဖော်များပင် ဖြစ်ကြောင်း မမှတ်မိကြခြင်းတို့က အချိန်မည်မျှကြာမြင့်ပြီဖြစ်ကြောင်း ပြသနေသည်။
အရင်တစ်ခေါက်ကဲ့သို့ပင် အန်တိုနီနောက်တွင် လူငယ်များနှင့် မိန်းကလေးများစွာ လိုက်ပါလာသော်လည်း အရေအတွက်မှာ ငါး သို့မဟုတ် ခြောက်ယောက်အထိ လျော့ကျသွားသည်။ ဂါးရက်၏ တုံ့ပြန်မှုကို မြင်သောအခါ အန်တိုနီသည် ဘယ်ဘက်ညာဘက် ရှောင်တိမ်းကာ လမ်းပိတ်ဆို့နေသည့် ယာဉ်များကို ဖြတ်၍ ပြေးလာပြီး ပြောလိုက်သည်။
“မင်းကို တွေ့ရခဲတယ် ဂါးရက်။ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ”
“ဈေးဝယ်ပြီး ညစာစားဖို့ပါ”
ဂါးရက်သည် နှီးခြင်းတောင်းကို ကိုင်ထားသော လူရိုင်းကြီးကို လက်ညှိုးထိုးပြသည်။ အန်တိုနီသည် ခေါင်းညိတ်ပြီး လမ်းမမှ မလှမ်းမကမ်းရှိ တောက်ပသော အလင်းရောင်ရှိသည့် သုံးထပ်အဆောက်အအုံကို လက်ညှိုးထိုးပြသည်။
“ငါတို့နဲ့ ပူးပေါင်းမလား။ ကော်ဝင်းလည်း ဒီနေ့ အဆင့်တက်သွားလို့ ငါတို့ အောင်ပွဲခံကြမယ်”
ဂါးရက်သည် အနည်းငယ် တွန့်ဆုတ်သွားသည်။ သူကိုယ်တိုင်အတွက် ပြဿနာမရှိသော်လည်း ဘားနတ်... ဘားနတ်သည် ဒီလူများ၏ ဝေစုကို တစ်ယောက်တည်း စားနိုင်ပြီး နှစ်ဆပင် စားနိုင်ဖွယ်ရှိသည်။ အန်တိုနီသည် ဂါးရက်၏ အကြည့်ကို လိုက်ကြည့်ပြီး မျက်နှာတောက်ပသွားသည်။
“မင်းရဲ့ နောက်လိုက်လား။ မင်းနဲ့အတူ ဒီလိုသန်မာတဲ့ စစ်သည်တော်တစ်ဦး ပါလာတာ မင်း တကယ်ကို အထင်ကြီးစရာပဲ။ ငါ့အဖေက ငါ့အတွက် အဆင့် ၅ အထက် နောက်လိုက်တစ်
ယောက်ကို ရှာမပေးနိုင်ဘူး”
နောက်ဆုံးတွင် သူတို့သည် စားသောက်ဆိုင်ထဲသို့ အတူတူ ဝင်ရောက်သွားသည်။ အန်တိုနီက ဈေးကြီးသော စားသောက်ဆိုင်တစ်ခုကို ရွေးချယ်ခဲ့သည်။ အပြင်ဘက်တွင် သန့်ရှင်းသော အဖြူရောင်ရှိပြီး အပေါ်ဆုံးရှိ ရောမစတိုင်တိုင်တစ်ခုစီတွင် ဂရုတစိုက် ထွင်းထုထားသော ပန်းပုများဖြင့် အလှဆင်ထားသည်။
နွယ်ပင်များ တက်နေခြင်း၊ ဝိုင်းစက်သော စပျစ်သီးများနှင့် ခေါင်းငိုက်စိုက်ကျနေသော ဂျုံနှံများ။ စကျင်ကျောက်ကြမ်းပြင်သည် ရောင်ပြန်ဟပ်နေပြီး ကျောက်သားကို တကယ်တမ်း ဖြတ်တောက်ထားသကဲ့သို့ ပုံစံများကို ဆက်စပ်နေသည်။
သူတို့ ဝင်ရောက်သွားသည်နှင့် မျက်နှာကျက်မှ ဖယောင်းတိုင်များမှမဟုတ်ဘဲ အဆက်မပြတ်အလင်းရောင်ပေးသော မှော်စာလုံးပေါင်းများမှ ငွေရောင်တုတ်များမှ အလင်းရောင်ဖြာထွက်နေသော ဖန်ခရစ္စတယ်မီးပန်းများ ဆွဲထားသည်ကို တွေ့ရသည်။ စားပွဲခင်းများတွင် အမျိုးမျိုးသော ပန်းထိုးပုံစံများရှိပြီး၊ ငွေရောင်အနားသတ်ရှိသော ကြွေပန်းကန်ဖြူများ၊ ဖန်ခွက်ကြည်များ၊ ဆားပုလင်းနှင့် ငရုတ်ကောင်းပုလင်းတို့ တစ်ခုစီသည် တောက်ပနေသည်။
အန်တိုနီသည် ရှေ့မှဦးဆောင်ရင်း သူ ဖိတ်ခေါ်လာသော ဧည့်သည်ကို စူးစမ်းစွာ ကြည့်နေသည်။ အာကိန်းတွင် စာတမ်းများ ထုတ်ဝေနိုင်သော ပထမအဆင့် မှော်ဆရာတစ်ဦးက သေချာပေါက် ဆွဲဆောင်ထိုက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် သူသည် ထိုသူ၏ တန်ဖိုးကို စမ်းသပ်လိုသေးသည်။
အင်း ဒီလူက ကျေးလက်ဒေသလေးတစ်ခုကနေ လာတယ်လို့ ငါကြားခဲ့ရတယ်...
သို့သော်လည်း ကျန်သူ၏ တုံ့ပြန်မှုက အနည်းငယ် မျှော်လင့်မထားခဲ့ပေ။ လူရိုင်းကြီးသည် သူတို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေပြီး ငွေရောင်ပန်းကန်တစ်ခုကို ကောက်ယူကာ စိတ်ဝင်စားစွာ လှန်လှောကြည့်နေသည်။ တကယ့်အစစ် ဟုတ်မဟုတ် စမ်းသပ်ရန်ပင် ဆွဲယူကြည့်ချင်နေသည်။ ဂါးရက်ကတော့ ရိုးရိုးရှင်းရှင်း ကြည့်ရုံသာ ကြည့်ပြီး အံ့အားသင့်မှုမရှိပေ။
ဤအရာများသည် သာမန်ကိစ္စများဖြစ်သည့်အလားပင်။
ဒါဆို ဂါးရက်ရဲ့နောက်မှာ ကြီးကျယ်တဲ့ မှော်ဆရာတစ်ဦး ရှိနေတာလား။
အန်တိုနီသည် စဉ်းစားတွေးတောရင်း ပိုပြီး စိတ်အားထက်သန်လာသည်။ စားပွဲထိုးက မီနူးယူလာသောအခါ သူသည် ဂါးရက်အား ကိုယ်တိုင်ပေးပြီး ဖွင့်ပြကာ နွေးထွေးစွာ အကြံပြုသည်။
“ဒီဆိုင်ရဲ့ အထူးဟင်းက foie gras ပါ...”
Foie gras ဟုတ်လား။
ဂါးရက်သည် တည်ငြိမ်စွာ နေလိုက်သည်။
၎င်းသည် အဆီများပြီး စေးထန်းနေကာ ကိုက်လိုက်သောအခါ ဆီများသာ ထွက်လာခြင်းမှလွဲ၍ ထူးခြားသည့် အရည်အသွေးမရှိပေ။ သူသည် ၎င်းကို အထူးတလည် မကြိုက်နှစ်သက်ပေ... အနောက်တိုင်းဟင်းလျာများတွင် နွားလျှာနှင့် codfish က သူ့အကြိုက်ပင်။
သို့သော်လည်း အကြံပြုလာသဖြင့် တစ်ပွဲမှာလိုက်သည်။
မကြာမီ ဟင်းလျာများ ရောက်လာသည်။ ဆီများသော foie gras သည် မီးကင်ထားသော ပေါင်မုန့်ပေါ်တွင် တင်ထားပြီး သံပရာသီးတစ်စိတ်ဖြင့် အပေါ်မှ အုပ်ထားသည်။ ဂါးရက်သည် ခပ်ပေါ့ပေါ့ပါးပါး တစ်ပိုင်းကို လှီးဖြတ်၍ ဘာမှမပြောဘဲ မြည်းစမ်းကြည့်သည်။ သူ့ဘေးရှိ မှော်ဆရာနှစ်ဦးက မကျေနပ်ကြပေ။
“ဆရာ ဒီ foie gras က အဆီ မလုံလောက်ဘူး”
ဆိုင်ပိုင်ရှင်သည် အမြန်ရောက်လာသည်။ ဦးထုပ်အဖြူရှည်ကြီးဆောင်းထားသော မီးဖိုချောင်မှူးပင် ပြုံးရယ်နေသော မျက်နှာဖြင့် ထွက်လာသည်။
“ဂုဏ်သရေရှိ ဧည့်သည်တော်တို့ ဒီငန်းကို ကျွန်တော် ကိုယ်တိုင်ရွေးထားတာဖြစ်ပြီး ဒီအသုတ်ထဲမှာ အဆီအထူဆုံးပါ။ မကျေနပ်ရင် ကိုယ်တိုင်ရွေးလို့ရပါတယ် နောက်တစ်ပွဲ ထပ်
လုပ်ပေးပါ့မယ်။ အကယ်၍ ငန်းက ပိုဝနေရင်တောင် ဒီအပွဲထက် တစ်ပြားမှ ပိုမယူပါဘူး”
“သဘောတူပြီ”
အစကတည်းက ညည်းညူခဲ့သော မှော်ဆရာက ချက်ချင်းထရပ်လိုက်သည်။ အန်တိုနီက သူ့ကို တစ်ချက်ကြည့်ပြီး တွန့်ဆုတ်သွားသော်လည်း ထရပ်လိုက်သည်။ စားပွဲရှိ မှော်ဆရာများ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး ဘားနတ်ကတော့ ဝါးနေဆဲဖြစ်ရာ ဂါးရက်က သူ့လက်ထဲမှ သိုးပေါင်ကို ဆွဲယူလိုက်မှသာ ရပ်တန့်သွားသည်။
အဖွဲ့သည် ဆိုင်ပိုင်ရှင်နောက်သို့ လိုက်၍ အောက်ထပ်သို့ ဆင်းပြီး အနောက်ဘက်ခြံဝန်းရှိ ငန်းလှောင်အိမ်သို့ ရောက်သည်။ အစက “ကျွန်တော် ကိုယ်တိုင် ရွေးမယ်” ဟု ပြောဆိုခဲ့သော မှော်ဆရာက အတွင်းသို့ တစ်ချက်ကြည့်လိုက်ရာ ချက်ချင်း ငြိမ်သက်သွားသည်။
ငန်းတစ်ကောင်စီသည် အမွေးများဖားလျားဖြင့် “ငါးငါး”အော်နေကြပြီး အရွယ်အစားအားလုံး နီးပါး တူညီနေကြသည်။
(T/L ငန်းအော်သံတော့မကြားဖူးဘူး ငါးငါးလို့အော်တာနဲ့ဆင်တယ်ထင်တာပဲ။ အဲ့ဒါကြောင့် ငန်းအော်သံကို ငါးငါးပဲရေးလိုက်တယ်”
ဘယ်ကောင်က ပိုဝနေတာလဲ။
အားလုံးက တစ်ပုံစံတည်း ဝနေပုံရသည်။