အခန်း (၁၆၆)
Vol. 12 Ch. 166
ဂါးရက် နော့ဒ်မတ်သည် ငန်းလှောင်အိမ်များကို ခက်ခက်ခဲခဲ ကြည့်နေသည်။ သူသည် အဖွဲ့ထဲတွင် အငယ်ဆုံးဖြစ်ပြီး နှစ်သစ်ကူးပြီးနောက်မှ အသက် ၁၅ နှစ် ပြည့်ခဲ့ခြင်းဖြစ်သည်။ သူ့အရပ်က ပုပြီး လက်တံတိုသော်လည်း သူ့ရှေ့က ငန်းများက မသေးငယ်ကြပေ။
နံရံတစ်ခုလုံးတွင် အပေါ်နှင့်အောက်တန်းများ စုစုပေါင်း လှောင်အိမ်ဆယ်ခုရှိပြီး တစ်ခုချင်းစီတွင် ငန်းနှစ်ကောင် သို့မဟုတ် သုံးကောင်စီ ရှိသည်။ အဖြူရောင်၊ မီးခိုးရောင်နှင့် အညိုရောင်တို့ ရှိပြီး အတောင်ပံများကို ခတ်ကာ ခေါင်းများကို မြှင့်၍ သူ့ကိုကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။
“ဘယ်တစ်ကောင်ကို ရွေးရမလဲ”
ဒီတစ်ကြိမ်တွင် ဒုတိယအဆင့်သို့ ရောက်ရှိသွားသော ကော်ရင်းက သူ့ကို ကောက်ကျစ်စွာ ပြုံးရင်း မေးလိုက်သည်။ ဂါးရက်သည် မကျေမနပ်ဖြစ်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“ငါတို့ အတူတူကြီးပြင်းလာကြတာ။ တစ်ယောက်ကိုတစ်ယောက် မသိကြဘူးလား။ ငါ မရွေးဘူး။ မင်းဘာလို့ ကိုယ်တိုင် မလုပ်တာလဲ”
“ငါတို့အားလုံးက မှော်ဆရာတွေ။ ဘယ်သူကများ ငန်းကို ကိုယ်တိုင်မွေးမြူခဲ့ဖူးတာရှိလဲ။ အိမ်မှာ ငန်းစားချင်တဲ့အခါ ဘယ်သူက ရွေးနေစရာလိုလို့လဲ။ ငန်းအသည်းစားချင်ရင် အပြင်ကိုသွားလိုက်ရုံပဲ။ ဒါမှမဟုတ် အိမ်က စဖိုမှူးကို အမိန့်ပေးလိုက်ရင် အဲဒီညမှာ ရလိမ့်မယ်”
“ဂါးရက် မြန်မြန်လုပ်”
အန်တိုနီက လက်ခုပ်တီးရင်း ဝင်ပြောသည်။ မီးဖိုချောင်မှူးချုပ်သည် အလုပ်ပြန်လုပ်နေပြီး စားသောက်ဆိုင်ပိုင်ရှင်က ပြုံးရယ်ပြီး ဝမ်းဗိုက်ပူနေသော်လည်း ဝင်ရောက်စွက်ဖက်သည့် လက္ခဏာမရှိပေ။ ဂါးရက်သည် သွားကြိတ်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“မင်းတို့ထဲမှာ ပြုပြင်ပြီးသားသားရေ ပါလာတဲ့သူ ရှိသလား”
“လုပ်ပါဦး ဂါးရက်ရယ်။ ငါတို့ ငန်းတစ်ကောင်ပဲ ဖမ်းမှာပါ။ ဒီအတွက် မှော်ဆရာချပ်ဝတ်တန်ဆာ လိုအပ်လို့လား”
လူငယ်မှော်ဆရာများက ရယ်မောလိုက်ကြသည်။ ပြုပြင်ပြီးသားသားရေသည် မှော်ဆရာချပ်ဝတ်တန်ဆာအတွက် ပစ္စည်းဖြစ်ပြီး သူတို့အားလုံး ရင်းနှီးကြသည်။
သို့သော် ငန်းတစ်ကောင်ဖမ်းဖို့ ထိုကဲ့သို့ ပြင်ဆင်မှုမျိုး လိုအပ်ပါသလား။
ဂါးရက်သည် သူ့မျက်နှာနီမြန်းသွားပြီး အလျှော့ပေးရတော့မည်ကို သိလိုက်သည်။ သူသည် သူ့ကိုယ်သူ မှော်ဒိုင်းကာရွတ်ဆိုသည်။ သူ့ရှေ့တွင် မမြင်ရသော ဒိုင်းကာဖြင့် ငန်းလှောင်အိမ်တစ်ခုဆီသို့ ချဉ်းကပ်သွားပြီး တံခါးကို ဖွင့်ကာ အနည်းငယ် ဆွဲဖွင့်လိုက်သည်။
“ဟော့ ဟော့ ဟော့”
(T/L ငန်းအသံကဘယ်လိုထွက်လဲ ကျမလဲသိတော့ဘူး ဒါလေးတော့သည်းခံပေးကြပါ🥹)
ချက်ချင်းပင် ငန်းကြီးတစ်ကောင်က ခေါင်းကို ထိုးထုတ်လာသည်။ နှင်းပွင့်ကဲ့သို့ အဖြူရောင် လည်ပင်းရှည်ကို ဆန့်ထုတ်လိုက် ပြန်ရုပ်သိမ်းလိုက်နှင့် လိမ္မော်ရောင်နှုတ်သီးဖြင့် “ဟော့” ဟူသောအသံနှင့်အတူ ဂါးရက်၏လက်ကို ကိုက်လိုက်သည်။
လက်ကို ဒိုင်းကာတစ်ခုကဲ့သို့ ကာကွယ်ပေးတဲ့ မှော်ပညာဟာ သူ့၏ ရှေ့တည့်တည့်ကိုသာ ကာကွယ်ပေးပြီး ဘေးဘက်တွေကိုတော့ ကာကွယ်မပေးနိုင်ဘူး။ ငန်းက အရမ်းမြန်တော့ ဂါးရက် အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။
"ဟွတ်"
ဂါးရက် မျက်ရည်များဝဲလာသည်ဟု ခံစားလိုက်ရသည်။ ငန်း၏နှုတ်သီးဖြင့် တစ်ချက်ထိုးပြီး လှည့်လိုက်သောအခါ သူ၏လက်တွင် ပွန်းရာတစ်ခု ကျန်ခဲ့သည်။ အဖြူရောင်ငန်းက ဆက်လက်၍ ခြိမ်းခြောက်သည့်အနေဖြင့် အတောင်ပံများကို ခတ်ရင်း အော်နေသည်။ သူအော်နေချိန်တွင် လှောင်အိမ်ထဲမှ ငန်းဒါဇင်ပေါင်းများစွာလည်း အားပေးသည့်အနေဖြင့် လိုက်အော်ကြရာ အမွှေးများပျံကာ နားကွဲမတတ် ဆူညံသွားသည်။ နောက်ဘက်နံရံရှိ ကြက်များနှင့် ဘဲများပင် လိုက်အော်ဟစ်ကြသည်။
ဂါးရက်သည် သူ၏လက်ကို အချိန်မီ မရုပ်သိမ်းနိုင်ခဲ့ပေ။ လူရိုင်းကြီးသာ ရှေ့သို့တိုးပြီး ငန်း၏လည်ပင်းကို ခေါင်းနားမှ မဆွဲထားပါက သူ ထပ်မံအကိုက်ခံရနိုင်သည်။ ဂါးရက်သည် နောက်ကွယ်မှနေ၍ ပြုံးရင်း သူမှလွဲ၍ ကျန်သည့်သူများအားလုံးကို ဖယ်ထုတ်သင့်သည်ဟု တွေးလိုက်သည်။
"ဟူး... ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်"
ဂါးရက်က ငန်း၏နှုတ်သီးမှ လွတ်မြောက်သွားပြီးနောက် သူ့ကိုလည်းကောင်း လူရိုင်းကြီးကိုလည်းကောင်း အကြိမ်ကြိမ် ကျေးဇူးတင်လိုက်သည်။ လူငယ်မှော်ဆရာများသည် မနာလိုသည့်အကြည့်ဖြင့် လူရိုင်းကြီး၏ သန်မာသောလက်မောင်းများကို ကြည့်ကာ ဂါးရက်ကို တောင်းဆိုကြသည်။
"သူ့ကို ငါ့အတွက် ရွေးခိုင်းလို့ရမလား"
"ငါ ကိုယ်တိုင်လုပ်မယ်"
ဂါးရက်က ပြုံးပြီး ရှေ့သို့ တိုးလိုက်သည်။ မိုင်လ်စ်က သူ၏မျက်လုံးများကို ပြူးလိုက်သည်။ "မင်း"
သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်က ဟနေသည်။ သူ၏နှာခေါင်းပေါက်များပင် မသိစိတ်ကနေ ပွင့်လာသည်။ သူသည် ငန်းလှောင်အိမ်ကို ကြည့်ကာ ထို့နောက် ဂါးရက်ကို ကြည့်ပြီး ထို့နောက် သူ၏မျက်နှာကို မော့ကြည့်ပြီးမှ သူ၏လက်ဖဝါးနှင့် ဖိနပ်ကို ငုံ့ကြည့်သည်။ ဂါးရက်က သူ ဘာတွေးနေသည်ကို သိရန် "အတွေးဖတ်မှော်ပညာ" သုံးစရာပင် မလိုပေ။
"သူ့ကို ကျေးလက်ကနေလာပြီး ငန်းဖမ်းတာ ကျွမ်းကျင်တယ်လို့ တွေးနေတာ ဖြစ်နိုင်တယ်..."
"ငါ့မှာ အလုပ်ဖြစ်နိုင်တဲ့ မှော်ပညာတစ်ခုရှိတယ်။ ငါ စမ်းကြည့်မယ်"
ဂါးရက်က ငန်းလှောင်အိမ်ရှေ့သို့ လျှောက်သွားကာ ကိုင်းပြီး ငုံ့ကြည့်လိုက်သည်။ သူလှည့်ပြီး ဘာနတ်ကို ညွှန်ပြလိုက်သည်။
"အဲဒီခြင်းတောင်းကို ယူလာခဲ့"
"မင်း ငန်းကို ဖမ်း"
မှော်ပညာနှင့် ပတ်သက်သည့်ကိစ္စဖြစ်သည့်အတွက် ဒုတိယအဆင့်မှော်ဆရာနှစ်ယောက်နှင့် ပထမအဆင့်မှော်ဆရာများစွာသည် အတန်းလိုက်ရပ်ပြီး အာရုံစိုက်ကာ အသက်အောင့်နေကြသည်။ ဂါးရက်ကို အနှောင့်အယှက်ပေးမိမည်ကို ကြောက်နေကြသည်။ မှောင်ရိပ်ရိပ် အခန်းငယ်လေးထဲတွင် ကြမ်းပြင်ပေါ်၌ ငန်းနှင့်ဘဲချေးများ ပျံ့ကျဲနေသော်လည်း ဤလူများက ဂရုမစိုက်ကြပေ။
ခြေဖျားထောက်၍ လည်ပင်းဆန့်ကာ "Curved Necks Toward the Sky" သီချင်းဆိုသကဲ့သို့ ပုံစံမျိုးဖြင့် ဂါးရက်၏ မှော်ပညာကို စောင့်ကြည့်နေကြသည်။
ဂါးရက်၏ လှုပ်ရှားမှုများသည် မှော်ဆရာ မိုင်လ်စ်ထက် ပိုမို လွတ်လပ်ပေါ့ပါးနေသည်။ လူရိုင်းကြီး၏ ထူထဲသော ဒိုင်းကာနှင့်အတူ လက်တစ်ဖက်က အဖြူရောင်ငန်း၏ လည်ပင်းကို ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က အတောင်ပံကို ကိုင်ကာ ငန်း၏ ရင်ဘတ်ကို ဂါးရက်ရှေ့သို့ ဖြန့်ပြထားသည်။ ဂါးရက်သည် တိုက်ခိုက်ခံရမှာကို စိုးရိမ်စရာမလိုရုံသာမက မှော်ပညာရွတ်ဆိုမည့် အနေအထား အဆင်မပြေပါက သူ့နောက်လိုက်ကို မြှင့်တင်ရန် သို့မဟုတ် နိမ့်ချရန် ညွှန်ကြားနိုင်သည်။
“အရမ်းကို အဆင်ပြေတာပဲ”
“နောက်လိုက်တစ်ယောက်ရှိတာ တကယ်ကို ကောင်းတာပဲ”
“ဒီလူက အနည်းဆုံးတော့ အဆင့် ၅ အထက် ရှိမယ်မဟုတ်လား။ မင်း ဒါကို တတ်နိုင်လို့လား”
“အင်း...”
လူငယ်မှော်ဆရာများသည် တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ်ပြောဆိုနေကြပြီး ဂါးရက်ကို စောင့်ကြည့်နေကြသည်။ ဂါးရက်သည် သူ့လက်တစ်ဖက်ကို နှီးခြင်းတောင်းထဲ ထည့်ထားပြီး ကျန်တစ်ဖက်ကို အဖြူရောင်ငန်း၏ ရင်ဘတ်ရှိ ပဲဆီအိုင်ထဲသို့ နက်နက်ရှိုင်းရှိုင်းနှစ်ကာ လှုပ်ရှားနေသည်။ မျက်လုံးတစ်ဝက်မှေးထားပြီး တရားထိုင်ခြင်းအပေါ် လုံးဝအာရုံစိုက်နေသည်။ ခဏအကြာတွင် သူ လက်ညှိုးကို ရုပ်သိမ်းလိုက်သည်။
“နောက်တစ်ကောင် ပြောင်းလိုက်”
“နောက်တစ်ကောင် ပြောင်းလိုက်”
“နောက်တစ်ကောင် ပြောင်းလိုက်”
“အင်း... ဒီကောင်ကတော့ တော်တော်ဝနေပြီ။ ဘားနတ် ငါ့အတွက် မှတ်ထားပေး။ ငါ နောက်မှ ထပ်ကြည့်ကြည့်မယ်”
“နောက်ထပ်တစ်ကောင် ပြောင်းပေးဦး...”
ဂါးရက် ကြည့်လေလေ သူ ပိုမြန်လေလေဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုနှင့်အတူ ဒီလုပ်ငန်းစဉ်ကို သူ ပျော်ရွှင်စွာ ခံစားနေသည်။ မှော်ပညာစမ်းသပ်မှုများအတွက် ကုသမှုမှော်ပညာများပေးထားသော ယုန်များနှင့် မတူဘဲ ကျန်းမာနေသော ယုန်များနှင့် မတူဘဲ ဤငန်းများသည် တမင်တကာ ဝအောင်ကျွေးထားသောကြောင့် တစ်ကောင်စီတွင် အသည်းအကြီးကြီးများ ရှိနေသည်။
ပထမနှင့် ဒုတိယကောင်များတွင် ကျွမ်းကျင်မှုမရှိသေးသောကြောင့် ငန်းအသည်း၏တည်နေရာကို ရှာဖွေရန် အချိန်ကြာမြင့်ခဲ့ပြီး မှော်အာထရာဆောင်းအောက်တွင် အဆီများသော အသည်းပုံစံသည် မည်သို့ဖြစ်ကြောင်း မရင်းနှီးသေးပေ။ တတိယကောင်မှစ၍ ငန်းအသည်းသည် ပုံမှန်မဟုတ်ဘဲ ကြီးနေခြင်းရှိမရှိကို သူ အလွယ်တကူ ခွဲခြားနိုင်ခဲ့သည်။
အင်း ဒီငန်းအသည်းက အရမ်းသေးတယ်။ သေချာပေါက် မဝဘူး။
“ဒီတစ်ကောင်ကတော့ အသည်းပုံသဏ္ဍာန်က ပုံမှန်မဟုတ်ဘဲ အနည်းငယ် ပဲ့တင်သံအားနည်းနေတယ်။ အသည်းအဆီဖု ဖြစ်နေတယ်၊ မညီမညာ ဝနေတာဆိုတော့ အရသာ ရှိမှာ မဟုတ်ဘူး”
“ဒီတစ်ကောင်ကတော့... အော် အသည်းရဲ့တစ်ရှူးတွေ တစ်ခုလုံးမှာ ပဲ့တင်သံတွေ ပြန့်ကျဲပြီး အားကောင်းနေတယ်။ အစွန်ဘက်က ပဲ့တင်သံတွေကလည်း ထင်ရှားစွာအားပျော့နေတယ်။ ဒါက အသည်းအဆီဖုံးရောဂါပဲ”
သူ မြင်ဖူးသမျှထဲမှာတော့ ဒီကောင်က အဝဆုံးပဲ။ သူ့ရဲ့သွေးကြောတွေ လိမ်နေလား ဖိနှိပ်ခံထားရလားဆိုတာကို ကြည့်ရအောင်...
“ကောင်းပြီ သွေးကြောပုံစံက ပုံမှန်ပါပဲ။ ပုံရိပ်ကြည်လင်မှုပဲ နည်းနည်းကျသွားတာ။ ဒါဟာ အသည်းအကျိတ်မဟုတ်ဘူး။ အသည်းအဆီဖုံးရောဂါပဲ”
ဂါးရက်သည် အလွန်ပျော်ရွှင်စွာ လေ့လာစစ်ဆေးနေသည်။ အဆီများသော ငန်းကို ရွေးချယ်ရန် အခွင့်အရေးကို အသုံးချပြီး အဆင့်အမျိုးမျိုးရှိသည့် အသည်းအဆီဖုံးရောဂါများကို တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်ခဲ့သည်။ ဘယ်လောက် ကံကောင်းလိုက်သလဲ။ ဘယ်လောက် ကျေနပ်စရာကောင်းလိုက်သလဲ။ ဒီအခွင့်အရေးကို သူ အမိအရ မယူခဲ့ဘူးဆိုရင် အသည်းအဆီဖုံးရောဂါတွေ အများကြီးကို စုဆောင်းနိုင်ဖို့ လူနာဘယ်လောက်များများကို စစ်ဆေးရမယ်ဆိုတာကို သူ သိမှာ မဟုတ်ဘူး။
ဂါးရက်သည် ပျော်ရွှင်လွန်း၍ စိတ်လှုပ်ရှားနေသည်။ အန်တိုနီသည် သူ့ဘေးတွင် ရပ်နေရင်း သူ၏ စစ်မှန်သောပျော်ရွှင်မှုကို မြင်သောအခါ သူတို့အတွက် ဒီနေ့ ဧည့်ခံကျွေးမွေးနေသော ကော်ရင်းကို တိုးတိုးတိတ်တိတ် တိုက်လိုက်သည်။
“ဟေ့ သူဘာလို့ ဒီလောက်ပျော်နေတာလဲ”
“မသိဘူး... သူ ငန်းအသည်းစားရတာ ကြိုက်လို့လား။ ဝတဲ့ ငန်းတစ်ကောင်ကို ရှာတွေ့လို့ ပျော်နေတာလား?”
“အဲဒီလို မဟုတ်ပုံရဘူး... ခုနက ငန်းအသည်းရောက်လာတုန်းက သူ့မှာ ထူးထူးခြားခြား စိတ်ဝင်စားမှု မတွေ့ရဘူး...”
“ဖြစ်နိုင်တာက အဲဒီငန်းအသည်းက မလုံလောက်လို့ ဖြစ်မှာပေါ့”
“ဒါဆို အဓိပ္ပာယ်ရှိတယ်။ နောက်မှ ငန်းအသည်းရောက်လာရင် သူ့ရှေ့ကို အရင်ပို့ပေးလိုက်”
ဒုတိယအဆင့် မှော်ဆရာနှစ်ဦးသည် တိုးတိုးတိတ်တိတ် တီးတိုးပြောနေကြသည်။ ဂါးရက်သည် အဖြူရောင်ငန်းများအားလုံးကို စေ့စေ့စပ်စပ် စစ်ဆေးပြီး ပိုဝသော ကောင်များကို ပြန်လည်အကဲဖြတ်ခဲ့သည်။ သူသည် အသည်းထုထည် အကြီးဆုံးဖြစ်သည့်၊ B-mode အာထရာဆောင်း အောက်တွင် ပဲ့တင်သံ အနိမ့်ဆုံးပြသနေသည့် ပြန့်ကျဲသောအသည်းအဆီဖုံးရောဂါရှိသော နှစ်ကောင်ကို ရွေးထုတ်လိုက်သည်။
“ဒီနှစ်ကောင်ကိုပဲ အဝဆုံးငန်းအသည်းပဲ”
မိနစ်နှစ်ဆယ်ကြာပြီးနောက် ဂါးရက်သည် သူ့ရှေ့ရှိ ဒယ်အိုးထဲမှ အရင်ထက် နှစ်ဆ ပို၍ ဆီများနေသော ကြက်ဆီဖတ်ကြော်များကို ကြည့်ကာ သူ့ဘဝအပေါ် သံသယဝင်သွားမိသည်...