အခန်း (၂၁၉-၂၂၁)
Vol. 5 Ch. 219-221
Chapter 219
အဲ့ကသူမကိုသိက္ခာကျစေပြီးရွံ့ဖို့ကောင်းစေသည်
ဒီကလူတွေကသူတို့အရှေ့နန်းဆောင်ကိုဝင်ခွင့်ရတာနဲ့သူမနဲ့ဂုဏ်အချင်းချင်းအတူတူဘဲလို့ထင်နေကြတာလား
အဆိပ်ပြင်းတဲ့အကြည့်တွေသူမရဲ့မျက်လုံးမှာဖြစ်ပေါ်နေသည်
သူမကသူတို့နဲ့ဖက်ပြောဖို့အတွက်ဒီနေ့သူမမှာအချိန်မရှိဘူးဘယ်လိုဘဲဖြစ်ဖြစ်အနာဂတ်မှာတော့သူတို့ကိုချမ်းသာပေးမှာမဟုတ်ဘူးအချိန်စလာတာနဲ့သူတို့တွေကိုရက်တော်တော်ကြာကြာထသောင်းကျန်းဖို့ခွင့်ပြုထားလိုက်သည်
သူမရဲ့အဆောင်သို့သူမပြန်ရောက်သောအခါသူမရဲ့မျက်နှာကတော်တော်ပိုပျက်နေသည်စားပွဲပေါ်ကလက်ဖက်ရည်ခွက်ကိုလက်နဲ့ဆွဲချလိုက်သည်
အမှန်တကယ်တော့သူမဆီဟောင်ရှုပေးပို့လိုက်တဲ့သတင်းကြောင့်သူမကဒေါသထွက်ပြီးစိတ်ရှုပ်နေခြင်းဖြစ်သည်
“လုလျန့်ဝေက ပြိုင်ပွဲကျင်းပြီးသတို့သားရွေးချယ်နေတာလားသူမကိုသူမရှက်ဖို့ကောင်းသင့်ပြီမထင်ဘူးလားအဖွားနှင့်အဖေကလည်းယောင်ချာချာဖြစ်လာတာဖြစ်မယ်သူမကိုဒီလိုအဓိပ္ပာယ်မရှိတာကိုလုပ်ခွင့်ပြုတယ်ဆိုတာသူတို့ကငါ့ကိုလုံးဝအရှက်ရစေချင်နေကြတာလား”
သူမကလုလျန့်ဝေကိုစိတ်ပူတာထက်လုယွင်ရှန်ကလည်းမြို့စားမိသားစုဝင်ဖြစ်သောကြောင့်လုလျန့်ဝေခုလုပ်နေတာကိုသူမကိုသိက္ခာကျစေရုံသာမကရွံ့လည်းရွံ့စေသည်
အကယ်၍များလုလျန့်ဝေသတို့သားရွေးချယ်လို့ရပြီးသူတို့ကတစ်ယောက်ယောက်ဖြစ်ပါစို့အဲ့ဒီလူကလုယွင်ရွှမ်းရဲ့ခဲအိုဖြစ်သွားမှာမလားအဲ့တော့သူကနန်းတက်မင်းသားနဲ့အမျိုးတော်သွားပြီမလား
လုယွင်ရွှမ်း ကသူမရဲ့လက်ကိုင်ပုဝါကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်နေသည်လုလျန့်ဝေကအရွယ်ရောက်လာတာနဲ့တာဝန်ပိုမသိတတ်ဖြစ်လာတာဘဲသူမလိုအပ်တဲ့မွေးစားသမက်ခေါ်ဖို့ကိုစဉ်းစားနေတာဘဲလုလျန့်ဝေကအရှက်ဆိုတာဘာလဲမသိပေမယ့်လုယွင်ရွှမ်းကတော့သိသည်
လုယွင်ရွှမ်းတော်တော်ဒေါသထွက်နေသည်သာမန်လူတစ်ယောက်ကသူ့ရဲ့ခဲအိုဖြစ်လာမည့်အပြင်နန်းတက်မင်းသားနဲ့ပါအမျိုးတော်မည်ကိုတွေးမိပြီးဘယ်လိုမှမနေနိုင်ဖြစ်နေသည်
ဟောင်ရှုခဏရပ်လိုက်သည်နန်းတက်မင်းသမီးကအကြောင်းပြချက်မရှိဘဲဒေါသမထွက်ဘူးဆိုတာသိသည်
သူမရဲ့သခင်မလေးကနန်းတက်မင်းသမီးတစ်ချိန်ကျရင်ဧကရီဖြစ်လာမှာတစ်နိုင်ငံလုံးရဲ့အားကျလေးစားရတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာမှာဖြစ်သည်
နန်းတက်မင်းသမီးကဒုတိယမင်းသမီးလုကိုသာစိတ်မရှုပ်နေရင်သူတို့နှစ်ယောက်လုံးကမြို့စားမိသားစုကဖြစ်သည်အဲ့တာတွေထက်သူမရဲ့ယောကျာ်းကနန်းတက်မင်းသားနဲ့အမျိုးတော်မှာဖြစ်သည်အဲ့အမျိုးသားကလေးစားရတဲ့မိသားစုကဆိုရင်ဘာမှမဖြစ်သေးဘူးအဲ့တာကတောသားမိသားစုထဲကကြုံရာကြပန်းဆိုရင်တော့အဲ့အကြောင်းကိုစဉ်းစားလိုက်တိုင်းစိတ်ရှုပ်ဖို့ကောင်းတယ်
“နန်းတက်မင်းသမီးတကယ်တော့စိတ်ပူစရာမလိုပါဘူးသူတို့ကသတို့သားကိုရွေးချယ်ဖို့ပြိုင်ပွဲကျင်းပတယ်ဆိုရင်အရည်ချင်းပြည့်တဲ့မည်သူမဆိုဝင်ရောက်နိုင်မှာဘဲဘာလို့ကျွန်တော်တို့လူကိုအစီစဉ်ထဲသွားရောက်ယှဉ်ပြိုင်ခိုင်းရင်ကေ””
လုယွင်ရွှမ်းစဉ်းစားမိသွားတယ်ဒါလည်းမှန်တာဘဲဘာလို့သူမမစဉ်းစားမိတာလဲ
သူမကဟောင်ရှုရဲ့လက်ကိုကိုင်ပြီးတော့ချီးကျူးလိုက်သည်
“ဒီကောင်မလေးတစ်ရက်ထက်တစ်ရက်ပိုဉာဏ်ကောင်းလာတာဘဲဒီလိုမျိုးအရာတွေကိုတောင်တွေးခေါ်နိုင်နေပြီဘဲ”
“နန်းတက်မင်းသမီးရဲ့ဝန်ထုပ်ဝန်ပိုးကိုကူသယ်ပေးရမှာကျွန်တော်မျိုးမရဲ့တာဝန်ဘဲဖြစ်ပါတယ်”
လုယွန်ရွှမ်းကစိတ်ကျေနပ်ပြီးဟောင်ရှုရဲ့လက်လေးကိုပွတ်ပေးနေပြီးတော့
လုယွင်ရွှမ်းကဟောင်ရှုရဲ့လက်ကိုပွတ်ပြီးတော့အရိပ်အမြွက်ရယ်ပြလိုက်သည်သူမကချက်ချင်းဘဲမှတ်သားထားတော့သည်
“နင်ခုဏကငါ့ကိုပေးလိုက်တဲ့အကြံကလုလျန့်ဝေကိုသတ်ပစ်တာထက်သူ့ကိုငါ့ရဲ့ထိန်းချုပ်မှုအောက်မှာပိုထားတာကောင်းတယ်ပြီးတော့မြို့စားမိသားစုကလည်းအရေးပါတဲ့နေရာမှာပါဝင်တယ်အကယ်၍အဖေကသာသူ့ကိုသတို့သားရွေးချယ်ဖို့မွေးစားသမက်လုပ်ဖို့သဘောတူတယ်ဆိုရင်လုမိသားစုရဲ့ပိုင်ဆိုင်မှုတစ်ဝက်လောက်သူမကိုပေးအပ်မှာသေချာတယ်ငါတို့လူထဲကတစ်ယောက်ယောက်သာသူမရဲ့သတို့သားဖြစ်သွားရင်အနာဂတ်မှာငါတို့အတွက်အကျိုးအမြတ်ရနိုင်တယ်”
ဟောင်ရှုရဲ့မျက်လုံးတွေတောက်ပသွားသည်လုမိသားစုရဲ့အနာဂတ်မှာရရှိမယ့်အကျိုးတွေကိုနန်းတက်မင်းသမီးဘဲအကျိုးခံစားခွင့်ရှိမှာမလား
“သခင်မရဲ့အကြံဉာဏ်ကအမျှော်အမြင်အရမ်းရှိပါတယ်”
လုယွင်ရွှမ်းကပြုံးနေပြီးတော့သူမရဲ့စိတ်ခံစားချက်တွေလည်းသိသိသာသာကောင်းလာပြီး
“အဲ့တာကနင်ငါ့ကိုသတိပေးလိုက်လို့ဘဲအခုသတို့သားရွေးချယ်ပွဲအတွက်လိုအပ်မယ့်သတင်းအချက်အလက်တွေသွားစုံစမ်းပေး”
“ကျွန်မလိုတဲ့အချက်တွေအကုန်စုံစမ်းပြီးသွားပြီပြိုင်မယ့်သူကနောက်ကြောင်းရှင်းလင်းပြီးအကျင့်စရိုက်ကောင်းသူမည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်”
လုယွင်ရွှမ်းကဟောင်ရှုပြောတာကြားပြီးချက်ချင်း
“အဲ့တာကအရမ်းမလွယ်ဘူးလားရေမွှေးဆောင်ကိုသွားပြီးတော့သင့်တော်မယ့်လူအနည်းစုကိုရွေးလာခဲ့”
Chapter 220
April 14, 2024 by Nay Chi Lynn
Chapter 220
လျှိူ့ဝှက်ဖျားနာမှုကနေရုန်းကန်နေရခြင်း
လုယွင်ရွှမ်းကသူမရဲ့လက်ချောင်းတွေနဲ့လက်ကိုင်ပုဝါကိုပွတ်နေသည်
“တစ်ခုခုတော့လွှဲနေပြီအဖွားနှင့်အဖေကဒီလိုပုံစံနဲ့တော့လုလျန့်ဝေရဲ့သတို့သားလောင်းကိုရွေးချယ်မှာမဟုတ်ဘူးနောက်ကွယ်မှာဝှက်ထားတဲ့အကွယ်တစ်ခုတော့ရှိမယ်ထင်တယ်နင်ကောအဲ့လိုမတွေးမိဘူးလာ””
ဟောင်ရှုကလန့်တဲ့အကြည့်တွေနဲ့လုယွင်ရွှမ်းကိုကြည့်လိုက်သည်
“ဘယ်လိုကွယ်ဝှက်ထားတဲ့အကွက်မျိုးဖြစ်မလဲ”
အိမ်တော်ထိန်းချန်လာတင်ပြထားတဲ့သတင်းကိုလုယွင်ရွှမ်းပြန်လည်စဉ်းစားနေသည်
အဲ့တုန်းကလည်းဘာမှသေချာတဲ့အကြောင်းပြချက်မရှိဘဲလုလျန့်ဝေကလူတစ်ယောက်ကိုကုသဖို့ဆိုပြီးဆေးတွေအများကြီးဝယ်သွားတယ်လုယွင်ရွှမ်းကအဲ့ထဲကသူမကိုသံသယဝင်နေတာဖြစ်တယ်
ခုတော့သူ့အဖွားနှင့်အဖေကလုလျန့်ဝေအတက်သူတို့သားရွေးချယ်ဖို့အတွက်ပြိုင်ပွဲကျင်းပတဲ့ဆိုတော့သူမတစ်ချိန်လုံးသံသယဝင်နေသလိုမျိုးများဖြစ်နေမလား
ကြည့်ရတာလုထင်ချန်းကပြောပြလို့မရတဲ့ရောဂါတစ်ခုကနေရုန်းကန်ရေတာနဲ့တူတယ်လုမိသားစုမျိုးစက်ဆက်လက်ရေးအတွက်အဖွားနှင့်အဖေကရွေးချယ်စရာမရှိဘဲသူတို့ရဲ့ဂုဏ်သိက္ခာအတွက်လုလျန့်ဝေအတွက်သတို့သားရှာပေးတာဖြစ်လောက်တယ်
အထင်အမြင်သေးတဲ့အကြည့်တွေသူမရဲ့မျက်လုံးထဲမှာဖြတ်ခနဲဖြစ်သွားသည်
ဘယ်လိုဘဲဖြစ်ဖြစ်လုလျန့်ဝေလိုငတုံးမျိုးနဲ့တော့အဖွားနှင့်အဖေရဲ့အစီစဉ်တွေကတော့ကျရှုံးနေမှာဘဲ
ဘယ်လိုဘဲဖြစ်ဖြစ်လုယွင်ရွှမ်းကသူ့ရဲ့လူတွေကိုတွေကိုလုလျန့်ဝေရဲ့သတို့သားဖြစ်ဖို့တိုက်ခိုက်ဖို့အတွက်စေလွှတ်ရန်ပိုပြီးတော့သေချာသွားသည်
သူစင်ပေါ်ကနေခုန်ထွက်ဖို့လုပ်နေတဲ့ချိန်ဝမ်းသာတဲ့အသံနဲ့လှမ်းအော်လိုက်သည်
ချူရီကအသံကြားပြီးတော့သူ့ရဲ့ဓားကိုကိုင်ပြီးပုံမှန်အတိုင်းလှည့်လိုက်သည်အမူအရာအေးအေးဆေးဆေးနှင့်ဘဏ္ဍာစိုးဝမ်ရဲ့အကြည့်နှင့်တွေ့ဆုံလိုက်သည်
“သူရဲကောင်း ကျေးဇူးပြု၍လျင်လျင်မြန်မြန်ထွက်မသွားပါနဲ့အုံး”
ဘဏ္ဍာစိုးဝမ်ကချူရီကိုခေါင်းစခြေအဆုံးသေချာကြည့်သည်သူကြည့်လေလေသူသဘောကျကျေနပ်လေလေဖြစ်သည်သူ့အရှေ့ကလူကတော်တော်လည်းကြည့်ကောင်းသည်ပိုပြီးတော့အရေးကြီးတာကကိုယ်ခံပညာလည်းကျွမ်းကျင်ပြီးသူတစ်ယောက်ထဲနှင့်ပြိုင်ပွဲဝင်တွေအများကြီးကိုအနိုင်ယူလာတာဖြစ်သည်သူ့ရဲ့နောက်ခံကိုခဏဘေးဖယ်ထားလိုက်အုံးဒီလိုမျိုးတိုက်ခိုက်ရည်ကရှားပါးတဲ့အရည်အချင်းဖြစ်သည်
ဘဏ္ဍာစိုးဝမ်ကမြို့စားကတော်နှင့်မြို့စားတို့ချူရီကိုတွေ့ပြီးရင်သဘောကျမှာသေချာတယ်လို့ခံစားနေရသည်
ကံမကောင်းစွာနဲ့ဘဲသူကဒီနေ့ပြိုင်ပွဲတွေရဲ့အနိုင်ရရှိသူဖြစ်သည်သူမနက်ဖြန်မှာပြိုင်ပွဲဝင်တွေရဲ့စိန်ခေါ်မှုကိုသူလက်ခံဖို့လိုတယ်သူကံကောင်းပြီးနိုင်သွားတာတောင်နောက်ထပ်သုံးရက်ကကျန်ရှိသေးတယ်သူ့ကိုအနိုင်ရရှိသူအဖြစ်ပြောဖို့ကတော့အရမ်းစောလွန်းနေသည်
ဘဏ္ဍာစိုးဝမ်အလိုရဆိုရင်ဒီပွဲတွေကိုချက်ချင်းရပ်လိုက်မှာဖြစ်တယ်သူ့အရှေ့ကလူကလုံးဝစိတ်တိုင်းကျနေသည်သူ့နောက်မှလာတဲ့သူတွေကသူ့လောက်ကြည့်မကောင်းသလိုသူ့လောက်လည်းသာမှာမဟုတ်တာသေချာသည်
သူကသူ့သခင်ကြောင့်ဒီကိုရောက်နေတာဘာလို့မြို့စားကတော်နှင့်မြို့စားကိုလိုက်တွေ့ရမှာလဲ
ဘဏ္ဍာစိုးဝမ်လည်းကိုယ်ခံပညာရှင်ဘဲသူကဒါကိုမြင်သွားတော့အလွန်အံ့ဩအားရနေသည်
သူကဒီလိုအရည်ချင်းရှိတဲ့သူကိုပထမနေ့မှာတွေ့ရမယ်လို့မမျှော်လင့်ထားဘူးဖြစ်တယ်
ပြိုင်ပွဲဝင်တဲ့သူထွက်သွားတာကတော့ကံမကောင်းစွာဘဲဘာဘဲဲဖြစ်ဖြစ်အဲ့လိုမှမဟုတ်လျှင်ဘဏ္ဍာစိုးဝမ်ကသူ့ကိုမြို့စားကတော်နှင့်မြို့စားစီအကဲခတ်ဖို့ခေါ်သွားမှာဖြစ်တယ်
Chapter 221
အကြာကြီးထိန်းချုပ်ထားသည်
ဘယ်လိုဘဲဲဖြစ်ဖြစ်သူရဲကောင်းကမနက်ဖြန်ပြန်လာမယ်ပြောတယ်အဲ့တော့အဆင်ပြေတယ်
ပထမနေ့မျိုးမှာတင်ဒီလိုမျိုးကိုတွေ့တယ်ဆိုတော့နောက်ရက်တွေကပိုစိတ်လှုပ်ရှားဖို့ကောင်းနေပြီ
ဒီလိုမျိုးအတွေးနဲ့ဘဏ္ဍာစိုးဝမ်ကပျော်ရွှင်နေသည်ဒုတိယမင်းသမီးလေးအတွက်အကောင်းဆုံးသတို့သားကိုရွေးချယ်နိုင်မယ်ဆိုတာသူသေချာခံစားမိနေတယ်
ချူရီနန်းတော်ကိုပြန်ရောက်ပြီးဘုရင့်နန်းဆောင်ထဲသို့ချက်ချင်းသွားသည်
လုယန်ကသူ့ကိုစောင့်နေသည်
ချူရီကရောက်ရောက်ချင်းဘဲသတင်းပို့ပါသည်
“အရှင် ဒီနေ့ဒုတိယမင်းသမီးလုကိုလက်ထပ်ချင်တဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်ဒီနေ့တဏှာစိတ်များတဲ့သူတွေနဲ့လူလိမ်လူညစ်တော်တော်များများကိုအနိုင်ယူခဲ့ပါတယ်”
ကျောက်ချန်ချောင်းဖြည်းဖြည်းဆိုးလိုက်သည်ဒီကောင်ကဒုတိယမင်းသမီးလေးကိုလက်ထပ်ချင်တာကနှာဘူးနှင့်လူလိမ်လူညစ်တွေလို့ထည့်ပြောရတာလဲသူတို့ရဲ့သခင်ကိုဘယ်သူကဒုတိယမင်းသမီးလုကိုလက်ထပ်ချင်တယ်ပြောပြီးဘာဖြစ်ချင်တာလဲ
ချူရီသတိမထားမိဘဲဆက်လက်ပြောသည်
“ပြိုင်ပွဲတွေကမနက်ဖြန်လည်းရှိနေအုံးမှာပါဒီနေ့လိုမျိုးပြိုင်ပွဲဝင်တွေအမြောက်အမြားရှိနိုင်ပါတယ်သတင်းပြန့်နှံ့သွားတာနဲ့မနက်ဖြန်လူပိုများမလားတောင်စိုးရိမ်ရပါတယ်ကျွန်တော်မကိုင်တွယ်နိုင်မှာစိုးရိမ်မိပါတယ်မနက်ဖြန်ဘာလို့ချူယွီကိုစေမလွတ်စေတာလဲဒါမှဟုတ်ဘဏ္ဍာစိုးကျောက်ကိုဘဲဖြစ်ဖြစ်စေလွှတ်ပါလား”
ကျောက်ချန်
“…”
ချူရီရူးသွားပြီနဲ့တူတယ်ကျောက်ချန်လိုမိန်းမစိုးကိုသတို့သားရွေးချယ်ပွဲမှာသွားဖို့သူမေးရတာလဲသူဒီအကြံဉာဏ်တစ်ခုထဲထွက်လာလို့ဖြစ်မယ်
ချူယွီကတော့အရေးမပါသလိုအကြည့်နဲ့ချူရီကိုကြည့်လိုက်ပြီးဘာမှမပြောဘဲနေသည်
ကျောက်ချန်သူ့သခင်ရဲ့မျက်နှာကိုအမြန်ခိုးကြည့်လိုက်သည်သူ့သခင်ရဲ့စိတ်ထဲမှာခုဘာတွေဖြစ်ပျက်နေလဲဆိုတာသူခန့်မှန်းရနည်းနည်းခက်နေသည်
လုယန်ကသတို့သားရွေးချယ်ဖို့ပွဲအတွက်ချူရီကိုစေလွှတ်မယ်လို့ဘယ်သူမထင်ထားတာဖြစ်သည်
အကယ်၍သူ့သခင်သာတကယ်ဒုတိယမင်းသမီးလုကိုကြိုက်လို့ရှိရင်သူချက်ချင်းအမိန့်တော်ထုတ်ပြန်လိုက်လို့ရတာဘဲသူဘာလို့ဒီလောက်အပင်ပန်းခံနေတာလဲ
အဲ့တာတွေထက်ဒီပြိုင်ပွဲတွေရဲ့အဓိကရည်ရွယ်ချက်ကမွေးစားသမက်ရွေးဖို့ဘဲအရှင်ကတကယ်ဒုတိယမင်းသမီးလုကိုလက်ထပ်ပြီးလုမိသားစုထဲဝင်ဖို့စဉ်းစားနေတာလား
ကျောက်ချန်ကမပြောခင်တုံ့ဆိုင်းနေပြီးတော့
“အရှင်ဘာလို့တစ်ခါထဲအမိန့်မထုတ်....”
လုယန်ကလက်နောက်ပစ်ပြီးဘာမှမပြောဘဲမတ်တပ်ရပ်လိုက်သည်အေးဆက်ပြီးတင်းမာတဲ့မျက်နှာအနေထားနဲ့ပြူတင်းပေါက်ဘေးမှာရပ်နေသည်
တော်ဝင်အမိန့်ပြန်စာတမ်းကဒီပြဿနာကိုဖြေရှင်းလို့ရတာကိုဘာလို့အရှင်ကအပင်ပန်းခံချင်နေရတာလဲ
သူကလုလျန့်ဝေကိုယူဖို့ဆုံးဖြတ်ထားရင်တောင်သူမကိုအရမ်းတွန်းအားမပေးချင်ဘူး
ပြီးတော့မြို့စားကတော်ကလည်းလွယ်လွယ်နဲ့ထည့်လိုက်မှာမဟုတ်ဘူး
လုမိသားစုကသာမန်မိသားစုတော့မဟုတ်ဘူးသူတို့ကိုအတင်းဖိအားပေးရင်ကိစ္စတွေကပိုဆိုးရွားသွားနိုင်သည်
ကျောက်ချန်တိတ်တိတ်လေးသက်ပြင်းချနေသည်
အရှင်ဒီလိုအခက်ခဲတွေထဲတိုးဝင်မယ့်နေရောက်လာမယ်လို့သူမထင်ထားခဲ့ဘူးဖြစ်သည်
သူကအရှင်စီမှာတာဝန်ထမ်းဆောင်ခဲ့တာနှစ်ပေါင်းကြာနေပေမယ့်သူ့အရှင်ဒီလိုမျိုးမိန်းကလေးတစ်ယောက်ကိုသူ့ကိုယ်ဆန္ဒနဲ့လိုချင်တာမျိုးကိုတစ်ခါမှမမြင်ဖူးဘူးဖြစ်သည်
သူ့ရဲ့အရှင်ကအပြင်ပိုင်းမှာတော့သာမန်လိုပေမယ့်သူ့ရဲ့လူယုံတစ်ယောက်အနေနဲ့တော့ကျောက်ချန်ကသူ့အရှင်ကတစ်ခုခုမတူဘူးဖြစ်နေတယ်ဆိုတာသတိထားမိသည်
သူ့အရှင်ရဲ့ဂရုစိုက်မှုကိုရခြင်းသည်ဘဝပေါင်းများစွာမှာကောင်းတာတွေဘဲပြုလုပ်ခဲ့တဲ့ကံနှင့်သက်ဆိုင်တယ်လို့ကျောက်ချန်သိလိုက်သည်
နန်းတော်ထဲကကိုယ်လုပ်တော်တွေဆိုအရှင်ရဲ့အာရုံစိုက်မှုရအောင်တစ်နေ့တစ်နေ့စိတ်လှုပ်ရှားစွာစောင့်မျှော်နေရတယ်ဒါပေမယ့်လုယန်ကသူတို့ကိုပေါ်လုံးဝခံစားချက်မရှိဘူးဖြစ်တယ်အဲ့ထက်သူ့ရဲ့နှလုံးသားထဲမှာခုဒုတိယမင်းသမီးလုကတင်းမာစွာရှိနေပြီဖြစ်သည်
ချူယွီနောက်ဆုံးပြောတာကိုကြားတုန်းကကျောက်ချန်ကအရှင်ကချူယွီပေါ်ခံစားချက်ပေါ်ရှိနေတယ်ထင်တာသူကတော်တော်ထိတ်လန့်ဖို့ကောင်းခဲ့တာဘဲ
ချူရီကိုလုမိသားစုရဲ့ပြိုင်ပွဲအတွက်စေလွှတ်လိုက်တော့မှဘဲသူ့အရှင်တကယ်သဘောကျတဲ့လူကဒုတိယမင်းသမီးလုဆိုတာသဘောပေါက်သွားခြင်းဖြစ်သည်
သူ့ရဲ့အရှင်ကဆန္ဒတွေအကြာကြီးထိန်းချုပ်ထားတာကြောင့်ခံစားချက်သစ်တွေပေါ်ထွက်လာတယ်လို့အထင်မှားနေခြင်းဖြစ်သည်
သူကတစ်ချိန်လုံးအကြီးကြီးမှားနေခဲ့တာဘဲ
အဲ့ဒီလူကဒုတိယမင်းသမီးလုဖြစ်နေတာကေတာ့ကံဘဲ!
အခြေအနေတွေကိုကြည့်ရရင်ကိစ္စတွေကပိုပြီးတော့ဆူးငြောင့်ခလုတ်တော်တော်များနိုင်သည်
အခြေအနေကိုတော်ဝင်အမိန့်ပြန်တမ်းထုတ်လိုက်ပြီးဖြေရှင်းလို့ရပေမယ့်အရှင့်ကိုအထင်လွှဲမှုတွေဖြစ်စေနိုင်သည်
သခင်မလေးလုရဲ့အသက်ကလည်းကျောက်ချန်ကိုစဉ်းစားစရာဖြစ်စေသည်
သူမကသာမန်ကဆိုပေမယ့်လေးစားစရာကောင်းတဲ့မိသားစုကဒီပြဿနာကရိုးရိုးပြဿနာတော့မဟုတ်ဘူး
ကံမကောင်းချင်တော့ဒုတိယမင်းသမီးလုက လုအိမ်တော်ရဲ့အဓိကဇနီးကမွေးဖွားထားတဲ့သမီးတော်ဖြစ်တယ်အဲ့တာတွေထက်မြို့စားကတော်နဲ့မြို့စားကြီးကလည်းသူမကိုတုန်နေအောင်ချစ်ကြသည်အဲ့တာကပြဿနာဖြစ်လာနိုင်တယ်
မြို့စားကတော်ဆိုတာအတိကျဘယ်သူလဲ
အရင်ဧက္ကရာဇ်အသက်ရှိစဉ်ကမြို့စားကတော်ကဧက္ကရာ်ကိုတစ်ကြိမ်အသက်ကယ်ခဲ့ဖူးတယ်ပြီးတော့သူမကဆုံးသွားပြီဖြစ်တဲ့ရိုသေကိုင်းရှိုင်းရတဲ့မြို့စားကြီးရဲ့ခြေရာအတိုင်းစစ်ဖက်ဆိုင်ရာစွန့်စားခန်းတွေနဲ့ကျော်ကြားမှုကိုရရှိထားသူဖြစ်တယ်တော်ဝင်အစည်းအဝေးမှာလည်းသူ့ရဲ့ဂုဏ်သတင်းကိုလျစ်လျှူရှုထားလို့မရဘူးဖြစ်တယ်ပြီးတော့သူကအရင်ဧက္ကရာဇ်ချီးမြှောက်ထားတဲ့ရွှေအောင်ရောင်ဓားကိုလည်းပိုင်ဆိုင်ထားသူဖြစ်တယ်