အခန်း (၂၂၅-၂၂၇)
Vol. 5 Ch. 225-227
Chapter 225
မက်မွန်သီးခြံထဲကအန္တရာယ်
သူ့ရဲ့အံဩမှုတွေကိုအတင်းထိန်းချုပ်ပြီးတော့ကျောက်ချန်ကအစေခံကိုလှေကားကိုသစ်ပင်မှာထောင်ပြီးဝါးခြင်းတောင်းကိုမြေပြင်ပေါ်မှာချဖို့ပြောလိုက်သည်ပြီးတော့သူ့ရဲ့ခေါင်းကိုမော့ပြီးလုလျန့်ဝေကိုပြုံးပြလိုက်သည်
“ဒုတိယမင်းသမီးဒီမှာလိုအပ်တဲ့ပစ္စည်းတွေပါ”
လုလျန့်ဝေကသူရှိနေတာကိုအစောထဲကသတိထားမိသည်ဖြစ်တယ်
“ကျေးဇူးပါ ဘဏ္ဍာစိုးကျောက်”
သူမပြောပြီးပြီးချင်းဘဲသူမကမက်မွန်သီးကြီးတစ်လုံးကိုယူလိုက်ပြီးတော့ကိုင်းကနေလက်တစ်ဖက်ကိုကိုင်ပြီးနောက်တစ်ဖက်နဲ့အောက်ကိုဆင်းတယ်
“ဒါနင့်အတွက် ဘဏ္ဍာစိုးကျောက်”
သူမရဲ့အမူအရာကိုလေးစားမိပြီးကျောက်ချန်မြန်မြန်ရှေ့တိုးလိုက်သည်သူခြေထောက်ထောက်ပြီးတော့လက်နှစ်ဖက်နဲ့ယူလိုက်တယ်
“ဒုတိယမင်းသမီး အရှင်လည်းမက်မွန်သီးစားရတာကြိုက်နှစ်သက်တယ်”
သူဘာကိုဆိုလိုခြင်မှန်းလုလျန့်ဝေချက်ချင်းသဘောပေါက်သွားသည်သူကနောက်ထပ်နှစ်ခုကိုခူးပြီးတော့သူ့ကိုပေးလိုက်တယ်
“ဒုတိယမင်းသမီးလု ဒါလေးကမက်မွန်သီးတွေထည့်ထားဖို့ပါ”
လုလျန့်ဝေကသူ့စီကလှမ်းယူလိုက်ပြီးတော့သစ်ကိုင်းမှာချိတ်ထားလိုက်တယ်
ကျောက်ချန်ကခဏလောက်ရပ်နေသေးတယ်သူမကဘာမှထပ်မခိုင်းတော့သူ့ရှေ့ကမက်မွန်သီးတွေကိုအဝတ်အစားနဲ့ပတ်ပြီးအလျင်အမြန်ပြန်သွားသည်
“အရှင် အတွက်ဒုတိယမင်းသမီးကမက်မွန်သီးတွေယူလာခိုင်းလိုက်လို့ပါ”
“ဒါတွေကဒုတိယမင်းသမီးကိုယ်တိုင်ခူးထားတာတွေပါ”
လုယန်ကနန်းတော်ရဲ့အထိမ်းအမှတ်တွေကိုမှတ်နေစဉ်ကျောက်ချန်ရဲ့ပြောစကားကိုကြားပြီးမျက်ခုံးနည်းနည်းပင့်လိုက်သည်
ကျောက်ချန်ကအမူအရာကောင်းကောင်းနဲ့သတိထားပြီးပြောလိုက်သည်
“ဒုတိယမင်းသမီးကအရှင့်အတွက်အကြီးဆုံးမက်မွန်သီးကိုခူးပေးလိုက်တာကျွန်တော်ရေဆေးပြီးပြီအရှင်မြည်းကြည့်မလား”
လုယန်ပန်းကန်ပေါ်ကမက်မွန်သီးကိုကြည့်ပြီးခေါင်းငြိမ့်လိုက်တယ်
တိတ်တိတ်လေးစိတ်သက်သာရာရကြောင်းသက်ပြင်းလေးချပြီးကျောက်ချန်ကဝါးတူနဲ့ကိုင်ပြီးတစ်စိတ်ကိုလုယန်ကိုပေးလိုက်သည်
အရှင်စားသောက်နေတာကိုကြည့်ပြီးကျောက်ချန်ထပ်ပြောတယ်
“အရှင်သွားပြီးတော့မကြည့်ကြည့်ဘူးလားဒုတိယမင်းသမီးလုတစ်ယောက်ထဲတစ်ခုခုအန္တရာယ်ရှိတာများဖြစ်လာရင်...”
အမှန်တကယ်တော့ဒုတိယမင်းသမီးကဘယ်လိုမှအန္တရာယ်ကြုံရမှာမဟုတ်ဘူးသူမထွက်လာခင်ထဲကသူမကိုတိတ်တဆိတ်စောင့်ကြည့်ဖို့သူ့လူတွေကိုအမိန့်ပေးထားပြီးပြီဖြစ်သည်
‘ဒါပေမယ့်မင်းကြီးဘက်ကသာမစရင်ဒီနေ့စီစဉ်ထားတွေကအလဟဿဖြစ်ကုန်မှာမလား’
မင်းကြီးသူမရဲ့အသက်နဲ့ပက်သက်ပြီးစိတ်ပူနေတယ်လို့သူခံစားမိလိုက်သည်
သက်ပြင်းချပြီးသူခေါင်းကိုခါပြီးမက်မွန်သီးတစ်စိတ်ကိုယူပြီးဝါးစားနေသည်
မက်မွန်သီးခြံထဲမှာတော့လုလျန့်ဝေကမက်မွန်သီးအမြောက်အမြားကိုခူးယူပြီးပြီဖြစ်သည်
သူမခြင်းသေးထဲကဟာတွေကိုခြင်းအကြီးထဲပြောင်းထဲဖို့ကုန်းနေစင်မှာဘဲလက်နက်နှစ်ခုချတဲ့ ဒင်း ဆိုတဲ့အသံကိုရုတ်တရက်ကြားလိုက်သည်
သူမလှည့်ကြည့်လိုက်တဲ့အခါမှာတော့အမဲရောင်မျက်နှာဖုံးဝတ်ထားတဲ့လူအနည်းငယ်ခြံထဲမှာရုတ်တရက်ပေါ်လာတာကိုတွေ့လိုက်သည်
သူတို့ရဲ့ဓါးတွေကိုလွှဲနေပြီးတော့နားနေဆောင်ရဲ့အဆောင်တွေနဲ့တိုက်ခိုက်နေကြပြီဖြစ်တယ်
လုလျန့်ဝေမျက်မှောင်ကြုံ့သွားတယ်လုယန်လည်းဒီမှာမရှိပါဘူး ဒိအမဲရောင်ဝတ်စုံဝတ်ထားတဲ့သူတွေကသူ့စီကိုများလာတာလား
သူမခြင်းတောင်းကိုမြေပြင်ပေါ်သို့ချလိုက်ပြီးစဉ်းစားနေသည်
အစောင့်တွေရှုံးပြီးလဲကျသွားတဲ့အခါမှသူမခြေလှမ်းနောက်နည်းနည်းဆုတ်ပီးသူမသယ်ယူနေကြဆေးဘောလုံးကိုကိုင်ထားလိုက်သည်
မျက်နှာဖုံးနဲ့လုပ်ကြံသူတွေကအချင်းချင်းမျက်စပြစ်ပြပြီးသူမစီဓားတွေနဲ့ပြေးဝင်လာကြသည်
နှောင့်နှေးခြင်းမရှိဘဲလုလျန့်ဝေကကိုင်ဆောင်ထားတဲ့ဆေးဘောလုံးကိုမြေပြင်ပေါ်အားနဲ့ပစ်ချလိုက်ပြီးခဏအကြာမှာတော့အငွေ့ထူထူတွေပျံ့နှံ့သွားပြီးမြင်ကွင်းကိုပိတ်ဆို့သွားသည်
သူ့စီလာတဲ့ဒီလူတွေရဲ့နောက်ကွယ်ကဘယ်သူလဲဆိုဝိုးတိုးဝါးတားခန့်မှန်းမိသည်
Chapter 226
April 16, 2024 by Nay Chi Lynn
Chapter 226
သူ့ရဲ့ရင်ဘတ်နဲ့သူမရဲ့မျက်နှာကိုအတင်းကပ်ထားတယ်
နဂိုစာရေးဆရာရဲ့အမူအကျင့်ကလက်မခံနိုင်စရာတော်တော်မရှိပေမယ့်လည်းသူမရဲ့အသက်ကိုအရယူချင်တာဘယ်သူမှမရှိဘူး
အဲ့တာသူမကချန်ကျူပင်းက လင်ချင်းယွမ်ကိုသတ်မယ့်အခန်းမှာဝင်ပါလိုက်လို့ဖြစ်တယ်လင်ချင်းယွမ်ကခုသေပြီချန်ကျူပင်းကလုလျန့်ဝေကိုလွှတ်ပေးမှာမဟုတ်တော့ဘူး
ဆေးဘောလုံးကလုပ်ကြံသတ်ဖြတ်သူတွေကိုနှောင့်နှေးစေပြီးသူမကိုအချိန်ခဏရအောင်လုပ်ပေးသည်
သူလုံးဝမထင်ထားတာကချန်ကျူပင်းကသတ္တိအရမ်းရှိပြီးသူမကိုတော်ဝင်နားနေဆောင်မှာခိုးဝင်ပြီးလုပ်ကြံမယ်လို့မထင်ထားတာဖြစ်တယ်
သူမကဆေးဘောလုံးကိုအဆင့်မြှင့်တင်ပြီးပြီဖြစ်သည်သူမကအဲ့ထဲကိုယမ်းမှုန့်နဲ့ငြုတ်သီးမှုန့်သာမကခန္ဓာကိုယ်မေ့မြောနိုင်တာဖြစ်ပေါ်စေတဲ့အမှုန့်ပါထည့်ထားခြင်းဖြစ်သည်
သူတို့အငွေ့တွေကိုသတိမထားမိဘဲရှုမိလိုက်ရင်သူတို့ရဲ့ခန္ဓာကိုယ်ကအားနည်းလာပြီးတော့သူတို့အမြင်တွေမှုန်ဝါးလာပြီးသူမနောက်ကိုတော့ချက်ချင်းမလိုက်နိုင်ဖြစ်လိမ့်မည်
ဘယ်လိုဘဲဖြစ်ဖြစ်လုံခြုံတဲ့ဖက်ကကြည့်ရင်သူမကမတုန်လှုပ်နေဘဲသစ်သီးခြံရဲ့ထွက်ပေါက်ဆီကိုအတတ်နိုင်ဆုံးပြေးသွားခဲ့သည်
လုယန်ကမက်မွန်းသီးခြံအဝကိုရောက်တဲ့အချိန်မှာရင်းနှီးတဲ့အသံတစ်ခုကိုကြားလိုက်ရသည်
သူ့ရဲ့မျက်နှာအမူအရာပြောင်းလဲသွားသည်သူရုတ်တရက်သူ့ရဲ့ကိုယ်ဖော့ပညာကိုသုံးပြီးတော့အသံကြားရာစီကိုအလျင်အမြန်သွားသည်
လုလျန့်ဝေကလုယန်ပကိုမက်မွန်သီးခြံရဲ့အဝေးကနေတွေ့လိုက်သည်စိတ်သက်သာရာရတဲ့အမူအရာလေးသူမစီမှာရုတ်တရက်တွေ့လိုက်ရပြီးသူမအလိုလျောက်အရှိန်လျော့လိုက်သည်
လုယန်ကသူမဆီပြေးလာပြီးသူမရဲ့လက်မောင်းလေးကိုလှမ်းကိုင်လိုက်ပြီးစိုးရိမ်တကြီးမေးလိုက်သည်
သူမတွေကဒီစကားတွေကအကုန်ပြောပြီးပြီခြင်းလုပ်ကြံသတ်ဖြတ်သူတွေကသူမကိုလိုက်လို့မှီသွားသည်
ဘယ်လိုဘဲဖြစ်ဖြစ်ဒီလူတွေကသေချာလေ့ကျင့်ထားတဲ့လုပ်ကြံသတ်ဖြတ်သမားတွေဘဲဒီအပြင်သူတို့ကလေဟာပြင်လိုနေရာမှာဆိုတေ့ာအငွေ့တွေလည်းလျင်မြန်စွာပျယ်ကုန်သည်
လူသတ်သမားတွေကကိုမာဆေးနဲ့မထိဆင်ရင်တောင်သူတို့ရဲ့မျက်လုံးတွေကငြုတ်သီးမှုန့်တွေ့ကြောင့်စပ်နေသည်
နောက်ဆုံးမှာသူတို့ကလုလျန့်ဝေကိုဖမ်းမိပြီးဘေးမှာလူတစ်ယောက်ကပေါ်လာသည်
လုလျန့်ဝေနောက်ကိုတောက်လျှောက်လိုက်လာပြီးအခွင့်အရေးရရင်သူမကိုသတ်ဖို့သူတို့အဖွဲ့ကလိုက်လာကြသည်
သူတို့စစ်ဆင်ရေးလွယ်ကူတယ်ထင်ပြီးသူတို့ကလုလျန့်ဝေလှတာကိုတွေ့ပြီးညစ်ညမ်းတဲ့အတွေးတွေဝင်လာသည်အဲ့တာကြောင့်သူတို့ကလျင်လျင်မြန်မြန်မလှုပ်ရှားတာဖြစ်သည်
ဘာဘဲဖြစ်ဖြစ် သူတို့ကလုလျန့်ဝေကတော်ဝင်နားနေဆောင်ကိုသွားမယ်ဆိုတာမထင်ထားတာဖြစ်သည်
အဲ့ချိန်မှာသူတို့ရဲ့ညစ်ပတ်တဲ့အတွေးတွေကိုဖယ်ပြီးအစောင့်တွေမသိအောင်ခိုးဝင်လာတာဖြစ်သည်
သူတို့ကလုလျန့်ဝေကိုသတ်ပြီးတာနဲ့ချက်ချင်းထွက်သွားဖို့စီစဉ်ထားတာဖြစ်တယ်ဒါပေမယ့်သူတို့ရဲ့အစီစဉ်တွေကဒီလိုအကြောင်းရင်းတွေကြောင့်အနှောင့်ယှက်ဖြစ်သွားတယ်သူတို့ကလုလျန့်ဝေကဒီလိုလျိူ့ဝှက်လက်နက်သယ်လာမယ်လို့မထင်ထားလို့ဖြစ်တယ်အဲ့တာကသူတို့ကိုသတိလက်လွတ်ဖြစ်စေပြီးသူတို့ကိုနှောင့်နှေးစေသည်
လုလျန့်ဝေကိုယောကျာ်းတစ်ယောက်ကကာကွယ်နေတာတွေ့တော့လူသတ်သမားတွေကမျက်စပစ်အချက်ပြပြီးသူတို့ရဲ့လက်နက်တွေကိုမြှောက်ပြီးတော့အရှေ့ကိုချီတက်သည်
လုပ်ကြံသတ်ဖြတ်ရေးသမားတွေကရေမွှေးဆောင်ကပျိုးထောင်ထားတော့သူတို့တွေကသေရမှာမကြောက်ဘူးဖြစ်တယ်
သူတို့သာဒီနေ့စစ်ဆင်ရေးမအောင်မြင်ရင်သူတို့ပြန်ဖို့မလိုတော့ဘူး
လုလျန့်ဝေကလုယန်ဖက်တာခံထားရသည်သူမရဲ့မျက်နှာကသူရဲ့ရင်ဘတ်နဲ့အတင်းဖိကပ်ထားသည်သူမကဓားတွေလေထဲမှာခုတ်ယမ်းနေတာတွေ့ပြီးခဏနေတော့အော်သံတွေကြားရသည်
သူမရဲ့ပုံစံကိုပြန်မပြင်ဆင်ခင်မှာသူကသူမရဲ့လက်ကိုဆွဲပြီးတော့သူ့ရဲ့အသံကတည်ငြိမ်ပြီးဘာမှမဖြစ်ခဲ့သလိုနဲ့
လုလျန့်ဝေကနောက်ကိုလှည့်မကြည့်ဘဲသူ့အနောက်ကိုအမိန့်နာခံစွာလိုက်သွားသည်
လုယန်ကသူမကိုငုံ့ပြီးကြည့်လိုက်တယ်သူမကသူဖက်ထားတာကိုမရုန်းတာကိုတွေ့တော့သူမျက်နှာကြည်နူးတဲ့အရိပ်ယောင်လေးဖြတ်သွားသည်
သူတို့နှစ်ယောက်သစ်သီးခြံထဲကထွက်လာသည်အဲ့ချိန်မှာလေထဲကိုတစ်ခုခုဖောက်ပျံသန်းလာသံကိုကြားလိုက်သည်လုလျန့်ဝေကလူတစ်ယောက်လုံးလုံးထွေးထွေးငြီးနေသံကိုကြားလိုက်သည်ခဏနေတော့လုယန်ရဲ့ပုခုံးပေါ်ကိုတစ်ခုခုဖောက်ဝင်သွားသည်
သွေးတွေဖောက်ထွက်လာပြီးအော်သံကိုကြားလိုက်သည်တိတ်ဆိတ်နေတဲ့ခြံထဲမှာဆူညံသွားသည်
လုလျန့်ဝေကစဉ်းစားဖို့အချိန်မရှိဘဲသူမကပထမဆုံးလုယန်ရဲ့လက်မောင်းကိုကိုင်ပြီးတော့သူမကိုင်ထားတဲ့လက်မောင်းကအနီရောင်သွေးတွေထွက်လာတာကိုမြင်တော့သူမမျက်မှောင်ကြုံ့သွားပြီးတော့စိုးရိမ်စွာပြောလိုက်သည်
“အရှင်ဒဏ်ရာရနေပြီ”
Chapter 227
April 17, 2024 by Nay Chi Lynn
Chapter 227
လုယန်ရဲ့ထိခိုက်နာကျင်မှုမာယာ
လုယန်ကအောက်ကိုငုံ့ကြည့်ရုံမျှကြည့်ပြီးသူရဲ့လက်ကိုနောက်ကိုထိုးထည့်လိုက်သည်
“စိတ်မပူပါနဲ့ငါဂရုမစိုက်လိုက်လို့ပါ”
လုလျန့်ဝေရဲ့မျက်နှာသေးသေးလေးကစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နေပြီးလျင်လျင်မြန်မြန်ပြောလိုက်သည်
“အရှင်ရဲ့အပြစ်မဟုတ်ပါဘူးဒီလူသတ်သမားအသက်ရှင်နေအုံးမယ်လို့ဘယ်သူမှထင်ထားတာမဟုတ်ပါဘူး”
ဒါကဟိုတစ်ခါတောင်ကုန်းပေါ်သွားတုန်းကလိုဘဲသူ့အနောက်ကချုံပုတ်ထဲမှာဝံပုလွေပုန်းနေတာကိုသတိမထားမိတာနဲ့အတူတူဘဲဖြစ်တယ်
သူမကြောင့်လုယန်ကထပ်ပြီးအနာတရဖြစ်သွားတာကိုသိပြီးလုလျန့်ဝေအလွန်ဝမ်းနည်းစွာခံစားလိုက်ရတယ်
ခုလည်းသူရဲ့လက်မောင်းထဲမှာသူမကိုကိုင်ထားတာဖြစ်တယ်သူသာသူမကိုကာကွယ်ဖို့အာရုံမစိုက်နေရင်သူအနာတရဖြစ်မှာမဟုတ်ဘူး
သူမကြောင့်သူအနာတရခဏခဏဖြစ်နေတာကိုသတိထားမိပြီးလုလျန့်ဝေရင်ဘတ်ထဲမှာလေးလံစွာခံစားနေရသည်
အရင်ကသူ့ကိုကုသပေးပြီးတော့ကောင်တီမင်းသမီးနေရာကိုတောင်းခံဖို့စဉ်းစားခဲ့ဖူးတယ်
သူမကသူ့ကိုတကယ်ကုသပေးခဲ့ပေမယ့်သူကလည်းဒီလုပ်ဆောင်ချက်အတွက်သူမရဲ့အသက်ကိုအကြိမ်အတွက်မနည်းကယ်တင်ပြီးပြန်လည်ပေးဆပ်ထားတာဖြစ်တယ်
သူမရဲ့နှုတ်ခမ်းကိုစိပြီးတော့သူ့ရဲ့လက်ကိုဆွဲသွားပြီးတော့စိတ်ပိုင်းဖြတ်ပြီးပြောလိုက်တယ်
“မြန်မြန်ပြန်ရအောင်အရှင့်ရဲ့ဒဏ်ရာကချက်ချင်းကုသမှုခံယူဖို့လိုတယ်”
ပြောပြီးပြီးချင်းဘဲသူ့ကိုဆွဲပြီးတော့သူမရဲ့သင့်လျော်တဲ့အမူအရာတွေကိုဂရုမစိုက်နေဘဲသစ်သီးခြံထဲကထွက်သွားသည်
သူမကသူ့ကိုစိတ်ပူနေပြီးတော့အလျင်အမြန်လမ်းလျှောက်နေသည်
လုယန်ကကြည်ကြည်သာသာသူမဆွဲသွားတာကိုခံပြီးတော့ကြည်နူးတဲ့အမူအရာသူမျက်နှာမှာပေါ်နေသည်
သူတို့ထွက်သွားတဲ့အချိန်မှာဘဲလူနှစ်ယောက်မြေပြင်ပေါ်ကိုတစ်ယောက်ပြီးတစ်ယောက်ဆင်းလာသည်
လူနှစ်ယောက်လမ်းလျှောက်လာတာကိုကျောက်ချန်ရဲ့မျက်လုံးထဲမှာစိတ်ရှုပ်ထွေးစေတဲ့တစ်ပိုင်းတစ်စကိုဖြတ်ခနဲမြင်လိုက်သည်
သူမျက်လုံးနဲ့သာမမြင်လိုက်ဘူးဆိုရင်သူ့အရှင်နေရာမှာတခြားလူအစားထိုးလာတယ်လို့ထင်မှာ
ဒီနူးညံ့သိမ်မွေ့တဲ့သူကသူ့အရှင်ဆိုတာသူတော်တော်လေးသတိထားကြည့်ယူလိုက်ရတယ်
ကျောက်ချန်ကသူ့ရဲ့အရှင်ကိုစိတ်ထဲကနေဝေဖန်နေစဉ်ချူယွီကသေနေတဲ့လုပ်ကြံသတ်ဖြတ်ရေးသမားတွေဆီသွားသည်
သူတို့ရဲ့လည်ပင်းတွေမှာဓါးရာတစ်ချက်ထဲနဲ့အပိုလိုမရှိပေမယ့်နောက်ဆုံးလုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ထဲသာလျှင်ဒဏ်ရာပိုရှိနေသည်
သူရဲ့ပထမဆုံးဒဏ်ရာကဝမ်းဗိုက်မှာကြည့်ရတာအခြေအနေဆိုးပေမယ့်သေစေနိုင်လောက်တဲ့ဒဏ်ရာတော့မဟုတ်ဘူး နောက်ထပ်ဒဏ်ရာကသူ့ရဲ့လည်ပင်းပေါ်မှာဓားနဲ့သူ့လှည်းပြီးကိုလှီးပြီးတစ်ခါထဲသတ်ထားတယ်
ချူယွီရဲ့အကြည့်တွေကနောက်ဆုံးအလောင်းကိုခဏတစ်ဝဲလှည်လှည်ကြည့်နေသည်
ဒါကိုတွေ့တော့ကျောက်ချန်ကနည်းနည်းတိုးပြီးကြည့်လိုက်သည်
ဒီလုပ်ကြံသတ်ဖြတ်ရေးသမားကတခြားလူတွေထက်ဒဏ်ရာတွေပိုများနေတာကိုတွေ့လိုက်ရတော့သူမနေနိုင်တော့ဘဲစိတ်ရှုပ်ပြီးတစ်တွတ်တွတ်ပြောသည်
“ဘယ်တုန်းကအရှင့်ရဲ့ဓားစွမ်းရည်ကကျသွားတာလဲအရှင်ကဘာလို့သူ့လိုအဆင့်နဲ့လူကိုသတ်ဖို့ုနှစ်ခါတိုက်ခိုက်ဖို့လိုတာလဲ”
ချူယွီကသူ့ရဲ့အရှင်ရဲ့ကိုယ်ခံပညာအရည်အချင်းကိုရှင်းလင်းဆုံးနားလည်သည်
အရင်တုန်းကသူ့ရဲ့ခန္ဓာကိုယ်မှာအဆိပ်ရှိနေခဲ့တယ်အဆိပ်တွေအမြန်ပြန့်မသွားအောင်သူတိုက်ခိုက်တဲ့အချိန်တိုင်းအမြဲအားကိုလျှော့သုံးလေ့ရှိသည်
ဘာဘဲဖြစ်ဖြစ်ခုအရှင့်ရဲ့ကိုယ်ထဲမှာအဆိပ်တွေကင်းစင်သွားပြီးတော့ဘာမှသူတုံ့ဆိုင်းစရာမလိုတော့ဘူးလေသူ့ရဲ့အခြေခံပုံစံနဲ့တင်ဒီလိုအားလူးသေးသေးလေးတွေကိုနှုတ်ပြစ်ရတာလေတိုက်နေသလောက်ဘဲရှိတယ်သူတို့ရှေ့မှာရှိတဲ့အလောင်းမှာမလိုအပ်တဲ့ဒဏ်ရာတွေရှိနေတာဘဲဒါအရှင့်ရဲ့ပုံစုံတော့မဟုတ်ဘူး
အရှင်ကလည်ပင်းကိုတစ်ချက်ထဲခုတ်ပြီးတော့မလိုအပ်တဲ့လှုပ်ရှားမှုတွေပိုမလုပ်ဘူး
ချူယွီခဏလောက်တွေးပြီးတော့သေသေချာချာပြောလိုက်သည်
သူရဲ့စကားတွေကချက်ချင်းထွက်လာတာဆိုတော့ကျောက်ချန်တုံ့ပြန်ချိန်မရလိုက်ဘူး
‘အရှင်ကသူတစ်ပါးနာကျင်တာကိုသာယာတဲ့လူမျိုးလား’
သူကမေးခွန်းတွေထပ်မေးမလို့လုပ်နေချိန်ကောင်စုတ်လေးချူယွီကတော့ထွက်သွားပြီ
ကျောက်ချန်ကခဏလောက်ရပ်နေပြီးတော့လုပ်ကြံသတ်ဖြတ်ရေးသမားကိုကြည့်နေပြီးတွေးတောနေသည်ချက်ချင်းဆိုသလိုချူယွီဆိုလိုချင်တာကိုသဘောပေါက်သွားသည်
သူတစ်ခစ်ခစ်ရယ်နေသည်သူ့အရှင်ကဒီလိုမျိုးကိုယ့်ကိုကိုထိခိုက်နာကျင်အောင်လုပ်ပြီးလှည့်စားမယ်ဆိုတာမတွေးထားလို့ဖြစ်သည်
အရှင်ရဲ့ကိုယ်ခံပညာအရည်ချင်းနဲ့ဆိုဒီလုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုရှင်းပစ်ရတာအရမ်းလွယ်ကူတယ်ပြီးတော့အရှင်ရဲ့ပုံစံတိုင်းသာဆိုအသက်ရှင်ကျန်သူတစ်ယောက်မှရှိမှာမဟုတ်ဘူး