← Chapters

အခန်း (၂၂၈-၂၃၀)

Vol. 5 Ch. 228-230

အခန်း (၂၂၈-၂၃၀)

Vol. 5 Ch. 228-230

Chapter-228

ဉာဏ်နီဉာဏ်နက်များသောလုယန်

အဲ့ဒါကြောင့် အရှင်ကလုပ်ကြံသတ်ဖြတ်သမားကိုလျှော့ပေး သူ့ကိုအသက်ရှင်ပေးထားပြီး သူ့ကိုသူဒုတိယမင်းသမီးလုအရှေ့မှာ ဒဏ်ရာရအောင်လုပ်လိုက်တာပဲ။သေချာစဉ်းစားလိုက်တော့ ကျောက်ချန်ကသူ့အရှင်ကိုလေးစားသွားသည်။

‘ဉာဏ်ရှိလိုက်တဲ့အကွက်ဘဲ အရှင်’

ဒုတိယမင်းသမီးလုက သူ့ကြောင့်အရှင်ကဒဏ်ရာရသွားရင် စိုးရိမ်ပူပန်နေမှာသေချာတယ်။ အဲ့တာကြောင့်အရှင်ကသူမနဲ့အသားချင်းထိခွင့်ကိုကောင်းကောင်းရရှိသွားသည်။

ပြီးတော့ ဒုတိယမင်းသမီးလုက ဆေးဝါးမှာလည်းအရည်အချင်းရှိတာကြောင့်ဖြစ်တယ်၊ကျောက်ချန်က သူ့အရှင်ကို လုံးဝကိုလေးစားနေသည်။

သူကသူ့ရဲ့အရှင်က တစ်ခါမှအမျိုးသမီးတွေကိုမချော့ဘူးတော့ ဒုတိယမင်းသမီးလုရဲ့နှလုံးသားကို ဘယ်လိုဖမ်းစားမရလဲဆိုတာမသိဘူးဆိုပြီး သူကထင်နေတာ။ အရှင်ရဲ့လုံးဝအဆင်ပြေနေတဲ့အစီစဉ်ကိုကြည့်ရရင် သူဘာမှစိတ်ပူစရာမလိုတော့ဘူးပဲ။

သူထင်လိုက်တာ ဒီနေ့အစီစဉ်က ဘယ်လိုမှအဆင်မပြေတော့ဘူးလို့။ မထင်မှတ်ထားတာက လုပ်ကြံသတ်ဖြတ်ရေးသမားတွေ ကျူးကျော်ဝင်ရောက်လာတာက သူ့အရှင်ကိုဒုတိယအခွင့်အရေးပေးလိုက်တာပဲ။

သူက ဒီချိုးဖောက်ဝင်လာတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေကိုတောင် ကျေးဇူးတင်ချင်နေသည်။

အရှေ့ခြံဝင်းထဲမသွားခင် လုပ်ကြံသတ်ဖြတ်ရေးသမားတွေရဲ့အလောင်းတွေကိုရှင်းဖို့ စိတ်အေးစွာအမိန့်ပေးနေသည်။

လုယန်ကထိုင်ခုံပေါ်မှာထိုင်ပြီး ဖုံးနေတဲ့ဒဏ်ရာမြင်ရအောင် ဘယ်ဘက်လက်အင်္ကျီကို အပေါ်ကိုဆွဲတင်လိုက်သည်။

သူ့အရှေ့ကဒဏ်ရာကအရမ်းမဆိုးပေမယ့် လုယန်ကဘုရင်ဆိုတော့ ဒါကတော်တော်အရေးကြီးတယ်။

သူမလွယ်ထားတဲ့ပိုက်ဆံအိတ်ထဲကပုလင်းတွေကိုထုတ်လိုက်တော့ လုယန်အံ့ဩသွားသည်။

ကြိုတင်မပြင်ဆင်ထားတဲ့နေရာမျိုးမှာ သူမကဆေးပုလင်းတွေကို အရည်အချင်းရှိစွာစီစဉ်ပြီးတော့ လုယန်ရဲ့အနာကိုကုသပေးသည်။

သူမက အနာကိုအရင်ဆေးပေးသည် ပြီးတော့မှ အိမ်မှာလုပ်တဲ့ဆေးမှုန့်တွေဖြူးပေးပြီး ပတ်တီးစည်းလိုက်သည်။ အဲ့ဒါတွေလုပ်ပြီးတဲ့ချိန်မှာတော့ သူမကစားပွဲပေါ်ရှိပုလင်းထဲက ဆေးတစ်လုံးကိုထုတ်လိုက်ပြီး လုယန်ကိုပေးလိုက်သည်။

“အရှင်မင်းကြီး ဒီဆေးကရောင်ရမ်းတာတွေလျှော့ကျစေတယ် မြန်မြန်တစ်လုံးသောက်လိုက်ပါ”

မိန်းကလေးကရှင်းပြနေတုန်း လုယန်က ကြည့်နေလိုက်သည်။

“ဆေးကအဆိပ်မခတ်ထားပါဘူး အရှင်စိုးရိမ်ရင် ကျွန်မအရင်တစ်ကိုက်အရင်ကိုက်ပြပါ့မယ်”

ပြောပြီးပြီးချင်း သူမကသူ့ဆီကဆေးပြန်ယူဖို့လုပ်လိုက်ပါသည်။

လုယန်ကအခွင့်အရေးကိုအသုံးချပြီး သူမရဲ့လက်ချောင်းလေးတွေကိုဆွဲယူပြီးတော့ သူ့ရဲ့မျက်လုံးနက်နဲ့တိတ်တိတ်လေးသူမကိုစိုက်ကြည့်နေတယ်။

“ကိုယ်တော်ကနည်းနည်းသိချင်ရုံပါ မင်းရဲ့ဆေးကိုသံသယမဖြစ်ပါဘူး”

လုလျန့်ဝေက သူမရဲ့လက်ချောင်းလေးတွေကိုဆွဲကိုင်ခံလိုက်ရတော့ လွှတ်ဖို့လုပ်ပေမယ့်သူမ မရုန်းခင်မှာဘဲသူကပြန်လွှတ်ပေးလိုက်သည်။

လုလျန့်ဝေအသိပြန်ဝင်လာပြီးတော့ သူမရဲ့လက်ချောင်းထိပ်ပေါ်ကနွေးထွေးမှုကိုမေ့လိုက်ပြီး သူမမြန်မြန်စားပွဲဆီသွားကာ ခွက်ထဲကိုရေနွေးထည့်ပေးလိုက်သည်။

လုလျန့်ဝေက ခွက်ကိုစားပွဲပေါ်ပြန်တင်ပြီးတော့ သူ့ကိုသတိပေးလိုက်သည်။

“ဒဏ်ရာကတော်တော်နက်တယ် နောက်ရက်တွေအထိ ဒဏ်ရာကိုရေစိုတာကို ရှောင်ရပါမယ်အရှင်မင်းကြီး”

လုလျန့်ဝေကသူ့ကိုလှမ်းကြည့်လိုက်သည်။ သူမဘာသာသူမစဉ်းစားနေသည်။

‘နန်းတော်ထဲမှာတော်ဝင်သမားတော်တွေအများကြီးရှိတာဘဲသူတို့ထဲကတစ်ယောက်ယောက်ကတော့ဘယ်လိုလုပ်ရမလဲသိမှာဘဲ’။

ဘယ်လိုပဲ ဖြစ်ဖြစ်သူမေးမှတော့ သူမကစမ်းပြီးတော့ပြန်မေးလိုက်သည်။

“အရှင်မင်းကြီး ဒီတော်ဝင်နားနေဆောင်မှာနေဖို့စိတ်ကူးနေတာလား”

လုယန်ကအမှန်တကယ်ပြောဆိုနေခြင်းဖြစ်သည်။ သူကဒီတော်ဝင်နားနေဆောင်မှာနေဖို့ မစီစဉ်ထားတော့ဘယ်တော်ဝင်သမားတော်မှ သူမခေါ်လာခြင်းဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ပထမမေးခွန်းကသတိပေးခြင်းဖြစ်သည်။

“မင်းကကောလုမိသားစုနားနေဆောင်မှာနေဖို့ ဆုံးဖြတ်ထားတာလား”

သူဒဏ်ရာရတာသူမကြောင့်ဆိုတာတွေးမိပြီး သူမခဏလောက်တွေးပြီးတော့ ပြောလိုက်သည်။

“အရှင်မင်းကြီးဒီတော်ဝင်နားနေဆောင်မှာနေဦးမယ်ဆိုရင် ကျွန်မမနက်ဖြန်ကြရင် အဝတ်အစားလဲပေးဖို့လာခဲ့ပါ့မယ်”

ပြောနေရင်းနဲ့ လုယန်ရဲ့နှုတ်ခမ်းကမသိမသာလေး တွန့်ကွေးသွားသည်။

Chapter 229

April 18, 2024 by Nay Chi Lynn

Chapter 229

သူမက အဲ့ဒါကိုပြောပြီးဖြစ်နေပြီ။

အဲ့ဒါက သူမကိုဒုက္ခဖြစ်စေတာပေါ့။

လုလျန့်ဝေ ခေါင်းခါပြီးတော့ သူမတွေးနေတာနဲ့မတူအောင်ပြောလိုက်သည်။

“မဖြစ်ပါဘူး ကျွန်မမှာလုပ်စရာလည်းမရှိပါဘူး”

ဘယ်လိုပဲဖြစ်ဖြစ် လုယန်အတွေးတစ်ခုစဉ်းစားမိပြီး သူမရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

“ခုနကလူသတ်သမားတွေကမင်းဆီကိုဦးတည်လာတာ မင်းပြန်ရင်စောင့်ရှောက်ဖို့ လူထည့်ပေးလိုက်မယ် မနက်ဖြန်ပြန်လာစရာမလိုဘူး”

လုလျန့်ဝေ သူစိတ်ပူနေတာကိုနားလည်သည်။ သူမကလည်းမလာချင်ဘူးဆိုတော့ သူဒီလိုပြောတာကြားတော့သူမဝမ်းသာသွားသည်။

“ကောင်းပါပြီ”

လုယန်နည်းနည်းတော့ စိတ်ပျက်သွားသည်။

သူကလုလျန့်ဝေဒုက္ခရောက်မှာကိုလည်းမလိုလား၊ သူမ မလာဘူးဆိုပြန်တော့လည်း သူနည်းနည်းသဘောမကျတော့ဖြစ်မိသည်။

လုလျန့်ဝေကသူ့စိတ်ထဲမှာနေလို့မကောင်းတော့ဘူးဆိုတာခံစားမိပြီး အကြောင်းပြချက်ပေးပြီး ထွက်သွားဖို့လုပ်တဲ့ချိန် ကျောက်ချန်က မက်မွန်သီးပန်းကန်နဲ့ရောက်ချလာသည်။

“ဒုတိယမင်းသမီး ကျွန်တော်မျိုးမက်မွန်သီးတွေကိုရေဆေးလာပါတယ် မြည်းကြည့်ချင်လားဗျ”

လုလျန့်ဝေဘာမှမဖြေခင်မှာဘဲ လုယန်ကပြောလိုက်သည်။

လုလျန့်ဝေကရွေးချယ်စရာမရှိပဲ ထိုင်လိုက်ရသည်။ သူမက ကျောက်ချန်ဆီက ငွေရောင်ခရင်းကိုယူပြီးတော့ မက်မွန်သီးတွေကို ကောင်းကောင်းစားလိုက်သည်။

သူမ မက်မွန်သီးတွေစားရတာ သဘောကျတယ်။ ပြီးတော့ တော်ဝင်နားနေဆောင်မှာသီးတဲ့အသီးတွေက အရည်ရွမ်းတော်တော်ချိုတယ်။ ဘယ်လောက်ပဲ သူမအဲ့ဒါတွေကိုကြိုက်ကြိုက် တစ်ယောက်ယောက်ကစိုက်ကြည့်နေတော့ စားရင်းနဲ့မြိုချဖို့ခက်ခဲနေတယ်။

ပြီးတော့အဲ့ဒီလူကလည်း တခြားမဟုတ် ဧက္ကရာဇ်ဖြစ်နေတယ်လေ။

လုယန်ကစာအုပ်ကိုင်ထားပေမယ့်လည်း သူ့ရဲ့အကြည့်တွေက စာရွက်တွေမှာမဟုတ်ပဲ သူမဆီရောက်နေတာဖြစ်တယ်။

သူမဘယ်လောက် သတိရှိရှိကြည့်နေလဲဆိုတာသထိထားမိပြီးတော့ သူ့ရဲ့အကြည့်တွေကို နည်းနည်းမှုန်ဝါးလိုက်တယ်။

သူမပုံစံက လုထင်ချန်းနှင့်လုဟယ့်ထျန်းတို့ရှေ့မှာဆို ဘယ်လိုပုံစံလဲဆိုတာသူမြင်ပြီးပြီ။ ဒီလိုမျိုးတော့မဟုတ်တာ အသေအချာပင်။

သူမက သူ့မအဖေနဲ့အစ်ကိုရှေ့မှာဆို ပုံမှန်လေးနဲ့ချစ်ဖို့ကောင်းတယ်။ ဒါပေမယ့် သူနဲ့အတူတူရှိတိုင်း သူမကသတိရှိပြီးတော့ ဣန္ဒြေကြီးတဲ့ပုံဖြစ်နေတယ်။ ပြောရရင် သူမကတောင်ကုန်းပေါ်မှာတုန်းက ဒီထက်ပိုပြီး သက်တောင့်သက်သာရှိတဲ့ပုံပေါ်တယ်။

သူ့ရဲ့ခံစားချက်တွေသူမကိုဝန်ခံလိုက်တဲ့အချိန်ကစပြီး သူမကသူနဲ့ဆိုရင် နည်းနည်းသတိထားနေသလို ဖြစ်လာတယ်။

လုယန်ကနည်းနည်းဒေါသထွက်ပြီးတော့ မထင်မှတ်ပဲ အမိန့်ပေးတဲ့အသံထွက်ပေါ်လာသည်။

လုလျန့်ဝေကပြန်ပြောလိုက်ပေမယ့် သူ့ရဲ့အမူအရာကတော့ပြောင်းလဲမသွားဘူး။

လုယန်က ကျောက်ချန်ကိုလှမ်းကြည့်လိုက်သည်။ ကျောက်ချန်က ရုတ်တရက် အခန်းထဲကထွက်သွားသည်။ ဘယ်သူမှအခန်းထဲမှာမရှိတဲ့အခါကျမှ လုယန်မတ်တပ်ရပ်လိုက်သည်။

လုလျန့်ဝေမက်မွန်းသီးစားနေရင်း အရိပ်တစ်ခုက သူမကိုအုပ်မိုးသွားသည်။ သူမ မတုန့်ပြန်ခင်မှာ သူ့ကိုယ်ကိုကိုင်းလိုက်တာကိုတွေ့လိုက်ရပြီး သူမခရင်းနဲ့ထိုးထားတဲ့မက်မွန်သီးတစ်ဝက်ကို သူ့ပါးစပ်နဲ့ကိုက်လိုက်သည်။

သူမကသူ့ကို စိတ်ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ကြည့်တယ်။ ပြီးတော့ သူမရဲ့မျက်နှာလေးကရဲလာသည်။

သူမဘယ်လောက်ဘဲတည်ငြိမ်အောင်ကြိုးစားကြိုးစား ဒီအခြေအနေမှာရှက်နေတာကိုထိန်းလို့မရဘူး။သူမကကိုက်ပြီးသားကိုသူကဘယ်လို...

သူမကဘာမှမရှိတော့တဲ့ငွေခရင်းကို မျက်မှောက်ကြုံ့ပြီးစိုက်ကြည့်နေသည်။

သူမရဲ့အရင်နဲ့မတူတော့တဲ့မျက်နှာအမူအရာကြောင့် လုယန်စိတ်ကျေနပ်သွားသည်။

သူမဆက်မစားဘဲထိုင်နေတာကိုတွေ့တော့ လုယန်ကငွေခရင်းနဲ့မက်မွန်သီးစိတ်တစ်ခုကိုထိုးပြီးတော့ ကမ်းပေးလိုက်သည်။

“ဒီအချိန်မှာ ဒီမက်မွန်သီးတွေကတော်တော်အရသာရှိတယ် မင်းအလုပ်တွေအရမ်းကြိုးစားထားတာ အဲ့တော့နည်းနည်းပိုစားလိုက်ပါအုံး”

သူမကလှမ်းမယူတာကိုတွေ့တော့ သူမရဲ့နှုတ်ခမ်းလေးဆီကိုသူကိုယ်တိုင်ခွံ့ဖို့လုပ်သည်။

လုလျန့်ဝေရုတ်တရက်အသိပြန်ဝင်လာပြီးတော့ အလျင်အမြန်ယူလိုက်သည်။

“အရှင်မင်းကြီးကျေးဇူးပါ ကျွန်မဘာသာကျွန်မစားနိုင်ပါတယ်”

လုယန်မျက်မှောင်ကြုံ့သွားသည်။

သူကရက်စက်ကြမ်းတမ်းတဲ့သားရဲမျိုးမို့လို့လား ဘာလို့သူ့ကိုသူမကအရမ်းကြောက်နေရတာလဲ?

လုလျန့်ဝေကခေါင်းလေးငုံ့ပြီးမက်မွန်သီးကိုစားနေသည်။ ဒီအသီးတွေကိုအမြဲတမ်းကြိုက်ပေမယ့် အခုအရသာမရှိသလိုဖြစ်နေသည်။ လုယန်ကသူမရဲ့ဘေးမှာထိုင်နေတော့ သူမပိုပြီးတော့ သက်တောင့်သက်သာမရှိသလိုခံစားရသည်။

ခဏစဉ်းစားပြီးတော့ မက်မွန်သီးကိုအောက်ချကာ သူ့ဘက်ကိုလှည့်ပြီး

လုယန်ကသူမရဲ့မျက်ခုံးလေးတွေကြားမှာ သုန်မှုန်နေတဲ့အကြည့်လေးကိုမြင်ပြီးတော့ ဒေါသထွက်မယ့်အစား ဒီမြင်ကွင်းလေးကိုသဘောကျနေသည်။

သူ့ရဲ့မျက်လုံးထဲမှာ ဝမ်းသာတဲ့အကြည့်လေးတွေဖြတ်သွားပြီးတော့

အဲ့ဒါကမေးခွန်းပဲ ဒါပေမယ့်ပြောပြောချင်းမှာပဲ သူမကိုဖြေခွင့်မပေးပဲ သူမရဲ့လက်ကိုဆွဲပြီးတော့ထထွက်လိုက်သည်။ သူမကိုငြင်းဖို့အခွင့်အရေးမပေးတော့ဘူး။

Chapter 230

April 18, 2024 by Nay Chi Lynn

Chapter 230

ကောင်မလေးတစ်ယောက်လက်ကို သူဖြစ်နေလို့ဒီလိုမျိုးကိုင်ဖို့ခွင့်ပြုထားတာလား?

လုလျန့်ဝေ သူဘာတွေတွေးနေလဲဆိုတာမသိတော့ဘူး။သူကဘာလို့ရုတ်တရက်ငါးမျှားသွားချင်ရတာလဲ။

သူမကသူ့ရဲ့ဖိတ်ခေါ်မှုကိုငြင်းလို့ရလား။

“အရှင်မင်းကြီးလက်ကဒဏ်ရာက အဆင်ပြေရဲ့လား”

သူမကသူ့ကိုသတိပေးလိုက်တယ်။ အဲ့ဒီနာနေတဲ့လက်နဲ့ဘယ်လိုငါးမျှားမလဲ?

လုယန်ကပတ်တီးစည်းထားတဲ့ဘယ်ဘက်လက်ကိုကြည့်လိုက်သည်။ သူ့ရဲ့ညာဘက်လက်နဲ့သူမလက်ကိုကိုင်ထားပြီးမြှောက်ပြလိုက်သည်။

“ဒီလက်ကအဆင်ပြေတယ် ဟုတ်တယ်မလား”

လုလျန့်ဝေ “...”

သူမရဲ့လက်ကိုင်ထားရတာကြည့်ပြီးတော့ သူမရဲ့လက်ချောင်းတွေတောင့်သွားသည်။

သူကသူမရဲ့လက်ကိုကိုင်ရတာပိုပြီးတော့လွယ်လာသလိုဘဲ

ကောင်မလေးတစ်ယောက်ရဲ့လက်ကို အဲ့လိုအလွယ်တကူကိုင်လိုက်တာသူကဧက္ကရာဇ်မို့လို့လား?

လုယန်က သူမကအမိန့်နာခံနေပေမယ့် သူမရဲ့အကြည့်တွေက ပြောင်းပြန်ဆိုတာကိုသတိထားမိသည်။

သူ့ရဲ့နှုတ်ခမ်းမှာအပြုံးလေးပေါ်သွားသည်။ ဒီကောင်မလေးက ရင့်ကျတ်ပြီးတော့ပညာရှိပေမယ့်လည်းတစ်နေ့တာကုန်ဆုံးတဲ့ချိန်မှာတော့သူမက ကလေးလေးတစ်ယောက်ပဲ။

ပြီးတော့သူမကသူမ မိသားစုအလိုလိုက်ထားတဲ့ရတနာလေး ဒါ့အပြင် တစ်ခါမှလည်း အနိုင်ကျင့်မခံရဖူးဘူး။ သူမကအခုမပျော်ရင်မပျော်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့်သူက သူမကိုဒီတိုင်းတော့မလွှတ်ပေးလိုက်ချင်ဘူး။

ဧက္ကရာဇ်စကားပြောနေတာကိုကြားသွားပြီးတော့ ကျောက်ချန်က ငါးမြှားကိရိယာတွေပြင်ဆင်ဖို့ အမိန့်ပေးသည်။

သူတို့တောင်အနောက်က ရေအိုင်ဆီရောက်သောအခါ လုယန်ကသူမရဲ့လက်ကိုလွှတ်လိုက်သည်။

ကျောက်ချန်က လုလျန့်ဝေထိုင်ဖို့ထိုင်ခုံအသေးလေးပြင်ဆင်ပေးသည်။ လုလျန့်ဝေကထိုင်ခုံကိုကြည့်ပြီးတော့ နှစ်ခါမစဉ်းစားဘဲထိုင်ချလိုက်သည်။လုယန်ကငါးမျှားတံကိုပြင်ဆင်ပြီးပြီ။ သူကအနောက်လှည့်ပြီးသူမကိုကြည့်လိုက်ကာ

လုလျန့်ဝေကငါးမျှားရတာမကြိုက်ဘူး။ ငါးမျှားဖို့ကစိတ်ရှည်ဖို့အရမ်းလိုတယ်။ အဲ့ဒီအစားသူမကတောင်ကုန်းပေါ်တက်ပြီး ဆေးမြစ်တွေတူးဖော်လိုက်မယ်။ ဒီမှာဒီတိုင်းထိုင်နေမယ့်အစားပေါ့။

လုယန်ကသူမကိုမတိုက်တွန်းပါ။ သူရေထဲကိုငါးမြှားချိတ်ပစ်ချပြီးတော့ မလှုပ်ဘဲထိုင်နေသည်။

လုလျန့်ဝေထိုင်တာခဏကြာတော့ သူမပျင်းလာပြီး မတတ်နိုင်ဘဲသမ်းလိုက်မိတယ်။ကျောက်ချန်းကသူမကိုသစ်သီးခြောက်နှင့်အချိုမုန့်တွေပေးရမယ်ဆိုတာ သတိထားမိသွားသည်။

လုလျန့်ဝေနည်းနည်းပင်ပန်းသလိုခံစားလာရသည်။ သူမကအိပ်ငိုက်သွားမှာကိုစိတ်ပူပြီးတော့ သစ်သီးစေ့လေးတွေကိုပန်းကန်ထဲမှ လက်တစ်ဆုပ်ယူလိုက်ပြီးတော့ သက်တောင့်သက်သာစားနေသည်။

လုယန်ကသူမကိုမကြည့်တာကိုတွေ့တော့ သူမကတော်တော်သက်တောင့်သက်သာမြန်မြန် ကွာစေ့တွေကိုစားနေသည်။ သူမကအခွံ့တွေကိုမြက်ပေါ်အရှက်မရှိပစ်ချလိုက်သည်။ အခွံတွေကကမ္ဘာမြေအတွက် မြေဩဇာဖြစ်သွားလိမ့်မယ်။

သူမကသရေစာကိုနှစ်သက်စွာစားနေတော့ လုယန်လှည့်ကြည့်တာကို သတိမထားမိဘူးဖြစ်သွားသည်။ သူမလုပ်နေတဲ့ပုံလေးကိုမြင်သွားတော့ သူနည်းနည်းပြုံးသွားသည်။ကွာစေ့ကိုအဲ့လောက်အလျင်အမြန်စားနိုင်တဲ့သူကို သူတစ်ခါမှမတွေ့ဖူးဘူး။

အခွံ့လေးတွေကိုကိုက်နေတဲ့ သူမရဲ့ရဲနေတဲ့နှုတ်ခမ်းလေးကထွက်နေသည်။ သူမကြည့်ရတာအဲ့တာကိုသတိထားမိမယ်မထင်ဘူး။ အဲ့လိုကြည့်ရတာ သူမကတော်တော်လေး ချစ်ဖို့ကောင်းတယ်။

နေကဒီနေ့အရမ်းမပူပဲ နွေးထွေးတဲ့နေရာခြည်လေးတွေကသူမကိုအိပ်ငိုက်စေတယ်။

လုလျန့်ဝေမျက်လုံးတွေကိုပွတ်နေသည်။ သူမတော်တော်အိပ်ချင်နေပြီ။ သူမခေါင်းကိုမော့ကြည့်လိုက်တော့ သူမရှေ့မှယောကျာ်းတစ်ယောက်ကထိုင်နေတာကိုမြင်ပြီး တုံဆိုင်းသွားသည်။ သူမခဏအိပ်ပျော်သွားတာကိုသူမိသွားမလား?!

သူမလက်ထဲကကွာစေ့တွေကိုအောက်ချပြီးသစ်ပင်ကိုမှီလိုက်သည်။ သူမသက်တောင့်သက်သာပုံစံကိုရပြီးတော့ သူမမျက်လုံးတွေခဏမှေးလိုက်သည်။

ဘယ်လိုဖြစ်ဖြစ်သူမမျက်လုံးတွေမှိတ်လိုက်တာနဲ့ သူမအိပ်ပျော်သွားသည်။လေပြေလေးတွေကအရမ်းနူးညံ့ပြီး နေရောင်ခြည်ကနွေးထွေးနေသည်။ သူမအိပ်ငိုက်လာပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

လုယန်ကသတိထားမိပြီးတော့ နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာ သူမသစ်ပင်ကိုမှီပြီးအိပ်နေတာကိုတွေ့လိုက်သည်။

ကျောက်ချန်က သူမတ်တပ်ရပ်တာကိုတွေ့လိုက်တော့ အားလုံးကိုအလိုက်သိစွာ အနောက်ဆုတ်ခိုင်းလိုက်သည်။

လုယန်ကလုလျန့်ဝေနားတိုးသွားပြီးတော့ သူ့ရဲ့အပေါ်ဝတ်ရုံနဲ့သူမကိုခြုံပေးလိုက်သည်။သူကခဏလောက်ရပ်နေပြီးတော့ ငါးပြန်မမြှားခင်သူမကိုခဏလောက်ကြည့်နေလိုက်သည်။

လုယန်ကခေါင်းလေးကိုပွတ်ပေးနေတော့ လုလျန့်ဝေကအိပ်မပျော်တော့ပဲနိုးလာတယ်။သူမရဲ့အိပ်ချင်နေတဲ့မျက်လုံးလေးတွေကပွင့်လာတယ်။ သူမကဘယ်နေရာရောက်လဲဆိုတာသတိမထားမိခင်ထိ သူ့ကိုစိုက်ကြည့်နေတယ်။

လုယန်ကသူမရဲ့စိတ်ရှုပ်ထွေးနေတဲ့ပုံလေးကိုကြည့်ကာ ပြုံးပြပြီးတော့

“ဒီလိုမျိုးအိပ်နေရင် မင်းသက်တောင့်သက်သာမရှိဘဲဖြစ်လိမ့်မယ်”

လုလျန့်ဝေခေါင်းငြိမ့်ပြလိုက်တယ်။ ဘာလို့ဆို သူမသက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားနေရပြီဖြစ်လို့ပါ။ သူမရဲ့ကျောက သစ်ပင်နဲ့မှီထားတော့တောင့်ပြီး သူမရဲ့ခြေထောက်တွေကထုံနေပြီဖြစ်တယ်။

သူမမတ်တပ်ရပ်မယ့်အချိန်မှာ သူမအပေါ်ကသူ့ရဲ့ဝတ်ရုံကိုတွေ့လိုက်ရတဲ့အခါ

သူ့ကိုပြန်မပေးခင် သူမတုံ့ဆိုင်းနေသည်။

“အရှင်မင်းကြီး အရှင်ရဲ့အင်္ကျီအတွက်ကျေးဇူးတင်ပါတယ်”

All Chapters