← Chapters

အခန်း (၂၃၁-၂၃၃)

Vol. 5 Ch. 231-233

အခန်း (၂၃၁-၂၃၃)

Vol. 5 Ch. 231-233

Chapter 231

လုယန်က သူမရဲ့သိမ်မွေ့တဲ့အမူအရာလေးကိုကြည့်ကာ ပြုံးစိစိဖြစ်သွားပြီးတော့ ဘာမှမပြောဘဲသူရဲ့ဝတ်ရုံကိုပြန်ယူလိုက်သည်။

လုလျန့်ဝေက သစ်ပင်ကိုမှီပြီးမနည်းမတ်တပ်ရပ်နေရသည်။ သူမရဲ့ခြေထောက်ကို ပုရွက်ဆိတ်လေးတွေကိုက်နေသလိုမျိုး ထုံကျင်နေသည်။ သူမမျက်မှောက်ကြုံ့ပြီးတော့ သူမရဲ့ခြေထောက်ကိုပြန်နှိပ်နေသည်။ သူမကကျင်နေတဲ့ခြေထောက်တွေနဲ့ထရပ်ဖို့လုပ်တဲ့ချိန်မှာ လုယန်ရဲ့ရှည်လျားတဲ့လက်ချောင်းတွေက သူမဆီရောက်ရှိသွားပြီး သူမကိုထဖို့အတွက် ကူညီပေးလိုက်သည်။

“အရမ်းကျဉ်နေလား”

သူ့အသံရှတတနဲ့ သူတို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်နီးကပ်နေတယ်။ သူ့ကိုယ်ပေါ်ကရေမွှေးနံ့က လုလျန့်ဝေရဲ့နှာခေါင်းထဲကိုပျံနှံ့ဝင်ရောက်သွားသည်။

လုလျန့်ဝေ ရုတ်တရက်ပါးတွေနီရဲလာသည်။သူမကို သူရဲ့ယောကျာ်းပီသတဲ့ကိုယ်ရောင်ကိုယ်ဝါတွေနဲ့ ရုတ်တရက်လွှမ်းခြုံသွားသည်။

သူမကနည်းနည်းရှက်နေပေမယ့် သူ့ကိုတွန်းထုတ်တာကတော့ ကောင်းတဲ့အကြံမဟုတ်ဘူး။

“ဟုတ်ကဲ့”

လုယန်ကဘာမှမပြောဘဲ သူ့လက်ပေါ်ကဝတ်ရုံကို သူမရဲ့ပုခုံးပေါ်ခြုံပေးလိုက်ပြီးတော့ သူမကိုပွေ့ချီလိုက်သည်။

လုလျန့်ဝေက လေပေါ်ရောက်သွားတော့နည်းနည်းလန့်သွားပေမယ့် သူမမအော်ခဲ့ဘူး။

သူမကအထူးသဖြင့် ငြိမ်သက်ပြီးတော့အမိန့်နာခံနေခဲ့သည်။

လုယန်မျက်လုံးကို အောက်နည်းနည်းချပြီး သူမကိုကြည့်လိုက်သည်။ သူ့ရဲ့မဲနက်မှောင်နေတဲ့မျက်လုံးထဲမှာ ပျော်စရာအရိပ်ယောင်လေးဖြတ်သန်းသွားသည်။ သူ့ရဲ့ဘယ်ဘက်လက်ရဲ့နာကျင်မှုအနည်းငယ်ကိုတောင် လျစ်လျှူရှူနေနိုင်ပြီဖြစ်သည်။

သူကသူမကိုချီပြီးတော့ အရှေ့ဘက်ခြံဝန်းထဲသို့လမ်းလျှောက်သွားသည်။

သူတို့အရှေ့ခြံဝန်းနားသို့ရောက်ခါနီးမှာ လုလျန့်ဝေကနောက်ဆုံးတော့ပြောလိုက်သည်။

လုလျန့်ဝေကသူမရဲ့ခြေထောက်နောက်ဆုံးတော့ မြေပြင်ပေါ်ရောက်တဲ့အချိန်မှာ တိတ်တိတ်လေး စိတ်သက်သာမှုရသွားတယ်လို့ ခံစားလိုက်ရတယ်။သူမကလျင်လျင်မြန်မြန်ပြောလိုက်သည်။

“ကိုယ်တော်လည်းနန်းတော်ကိုပြန်တော့မှာ မင်းကိုလိုက်ပို့ပေးပါရစေ”

လုလျန့်ဝေရဲ့မျက်နှာအမူအရာပြောင်းသွားပြီးတော့ သူ့ရဲ့လက်ကိုအမြန်ကိုင်လိုက်သည်။

“ကျွန်မဒီအကြောင်းကိုတောင်မေ့တော့မလို့ အရှင်အဆင်ပြေရဲ့လား”

သူကသူမကိုတောင်ရဲ့နောက်ဘက်ကနေချီပြီးသယ်လာခဲ့တာ့ဖြစ်တယ်။

“ကိုယ်တော်အဆင်ပြေတယ် မင်းကိုယ်ကတော်တော်ပေါ့တာဘဲ”

လုလျန့်ဝေနည်းနည်းစိတ်ပူနေသည်။ သူမက သူ့ရဲ့ဘယ်ဘက်လက်မောင်းဒဏ်ရာရနေတာကို လုံးဝမေ့သွားတာဘဲဖြစ်သည်။

“ကိုယ်တော်တကယ်အဆင်ပြေတယ် မင်းမယုံရင်မင်းကိုယ်တိုင်လာစစ်ဆေးကြည့်ပေးလို့ရတယ်”

လုလျန့်ဝေက သူရဲ့ဒဏ်ရာကိုသေချာဂရုစိုက်ကြည့်ပေးပြီးတော့ ဒဏ်ရာကသွေးမထွက်ဘူးဆိုတော့မှ စိတ်သက်သာရာရသွားသည်။

“အရှင်မင်းကြီးကျေးဇူးပြုပြီးနောက်ကျရင်အဲ့လိုမလုပ်ပါနဲ့”

လုယန်ရဲ့မျက်လုံးနက်တွေထဲမှာ ကြည်နူးမှုလေးဖြတ်သွားသည်။

“အရှင်ကဧက္ကရာဇ်လေ ပြီးတော့ကျွန်မကြောင့်ဒဏ်ရာရသွားတာ ကျွန်မစိတ်ပူတာက သဘာဝကျတာဘဲလေ”

“မင်းအခုကိုယ်တော့်ကိုစိတ်ပူတာရပ်လို့ရပြီ ကိုယ်တော်ကလုံးဝအကောင်းအတိုင်းဘဲ”

လုယန်က သူမနဲ့အတူတူတော်ဝင်နားနေဆောင်အပေါ်ထိ လမ်းလျှောက်ပြီးလိုက်ပို့လိုက်သည်။

လုလျန့်ဝေကမငြင်းလိုက်ဘူး။ သူမနေရာငြင်းလို့ရတဲ့နေရာလည်းမဟုတ်ဘူး။သူတို့ဝင်ပေါက်သို့ရောက်တဲ့အခါမှာ ကျူးယွီကစောင့်နေတာကိုတွေ့လိုက်သည်။

ကျူးယွီကလုလျန့်ဝေကိုမြင်တော့ တော်တော်စိုးရိမ်နေပြီး သူမနားကိုအလျင်အမြန်ချဉ်းကပ်ပြီးတော့

ကျူးယွီသူမပြောတာကြားပြီးစိတ်သက်သာရာရသွားသည်။ သူမလုယန်ကိုတွေ့သောအခါ ချက်ချင်းဒူးထောက်နှုတ်ဆက်လိုက်သည်။

“အရှင်ရဲ့အစေခံမျိုးမဧက္ကရာဇ်ကိုနှုတ်ခွန်းဆက်သပါတယ်”

လုယန်ကတည်တည်ကြည်ကြည်ပြောလိုက်သည်။ သူကကျောက်ချန်းမြင်းယူလာတာကို စောင့်နေပြီးတော့ မြင်းရောက်လာတဲ့အခါမှာ သူ့အလိုလို လုလျန့်ဝေကိုသူ့လက်နဲ့မြင်းပေါ်တက်ဖို့ ကူညီပေးလိုက်သည်။

ကျူးယွီမျက်နှာမှာနည်းနည်းအံဩသွားတာကိုတွေ့ပြီးတော့ လုလျန့်ဝေနည်းနည်းရှက်သွားသည်။

မြင်းပေါ်တက်တာလေးတော့ သူမဘာသာသူမလုပ်နိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် လုယန်ကဧက္ကရာဇ် သူ့ကိုလူအများကြားမှာငြင်းပယ်လိုက်ရင် သူ့ရဲ့သိက္ခာကိုစော်ကားသလိုဖြစ်သွားမည်ပင်။

အဲ့ဒါကြောင့်ဘဲ သူမကအသာတကြည်နေလိုက်ခြင်းဖြစ်တယ်။

သူမကမြင်းဇက်ကြိုးကိုတင်းတင်းကိုင်ပြီး ထွက်သွားချင်နေပြီ။ လုယန်ကမထွက်သွားသေးတော့ သူမမလှုပ်ရှားရဲဘူးဖြစ်နေတယ်။

လုယန်က သူမရဲ့မြင်းပေါ်မှာထိုင်နေတဲ့မျက်နှာထားကိုမြင်ပြီးတော့ သူမဘာကိုအနှောင့်အယှက်ဖြစ်နေလဲဆိုတာသိပြီး သက်ပြင်းခပ်ပါးပါးလေးချကာ

“လုလျန့်ဝေ မင်းသွားချင်ရင်သွားလို့ရပြီ”

Chapter 232

April 19, 2024 by Nay Chi Lynn

Chapter 232

တစ်ယောက်ထဲအထီးကျန်နေတာအရမ်းကြာပြီ

လုယန်ရဲ့စကားတွေက ကောင်မလေးရဲ့အော်သံတွေကြားမှာကျန်ရစ်နေခဲ့တယ်။

“ဟီးရ!”

သူမက မြင်းနဲ့အဝေးကိုအမြန်စီးနှင်းသွားပြီ။

ကျူးယွီက အဝေးကြီးကိုရောက်သွားတဲ့သူသခင်မလေးကို ကြောင်တောင်တောင်ကြည့်နေတယ်။ သူမကဧက္ကရာဇ်မျက်နှာကိုမကြည့်ရဲဘူးဖြစ်နေတယ်။

သူမတော်တော်နေမထိထိုင်မသာလို့ခံစားနေရတယ်။

‘ဘာလို့ငါ့သခင်မလေးက အရမ်းမဂရုမစိုက်ဘဲလုပ်ရတာလဲ ဒါကဧက္ကရာဇ်လေ’

သူမရဲ့သခင်မလေးအဝေးရောက်သွားတာကိုတွေ့ပြီးတော့ အံ့ကြိတ်ကာ သူမရဲ့နောက်ကိုလိုက်ဖို့ပြင်ဆင်သည်။ သူမမြင်းနဲ့ပြေးလိုက်မလို့လုပ်တဲ့ချိန်မှ ာမြင်းတစ်စီးကသူမကိုအရှိန်နဲ့ကျော်တက်သွားသည်။

ကျောက်ချန်က အစေခံမလေးကိုလှမ်းကြည့်လိုက်သည်။

“နင့်ရဲ့သခင်မလေးကိုစိတ်မပူပါနဲ့ဧက္ကရာဇ်အနားမှာရှိနေရင်ဘာမှဖြစ်မှာမဟုတ်ဘူး”

ကျောက်ချန်နှင့် ချူယွီကရှေ့ဆင့်နောက်ဆင့်မြင်းတွေပေါ်မှာရှိနေကြတာဖြစ်တယ်။

ချူယွီကတော့ အရှင်နောက်ကိုမြင်းနှင့်အလျင်အမြန်လိုက်သွားချိန် ကျောက်ချန်ကတော့ကျူးယွီနောက်ကိုပုံမှန်လိုက်သွားသည်။ သူကပြုံးပြီးတော့မေးလိုက်တယ်။

ကျူးယွီကကြောင်တောင်တောင်လေးခေါင်းငြိမ့်လိုက်သည်။ ရုတ်တရက်ကြီးဘဏ္ဍစိုးကျောက်က ဘာလို့သူ့ကိုရင်းရင်းနှီးနှီးဆက်ဆံနေလည်းသူမ မသိဘူးဖြစ်နေသည်။

“ဟုတ်ပါတယ် ဘဏ္ဍာစိုးကျောက်ကျွန်မနာမည်က ကျူးယွီပါ”

“စိတ်မလှုပ်ရှားပါနဲ့ ငါကနင့်ကိုနည်းနည်းလောက်မေးစရာလေးတွေရှိလို့ပါ”

“နင့်ရဲ့သခင်မလေးကဘာတွေအမြဲတမ်းလိုလိုစားရတာကြိုက်လဲ ပုံမှန်ဘယ်လိုအဝတ်အစားတွေကိုကောကြိုက်လဲ သူမကြိုက်တဲ့ကျောက်မျက်ရတနာအမျိုးအစားတွေကောရှိလား သူမ ပုံမှန်ဆိုဘာတွေလုပ်ရတာ ကြိုက်နှစ်သက်လဲ”

ကျူးယွီနောက်နည်းနည်းဆုတ်လိုက်သည်။ သူမမှာဖြေစရာမေးခွန်းတွေအများကြီးဘဲ သူမမေးခွန်းတွေကိုသေသေချာချာဖြေလိုက်သည်။

“သခင်မလေးအစားအသောက်တော့မရွေးဘူး အရသာကောင်းရင်သခင်မလေးက စားရတာကြိုက်နှစ်သက်တယ်”

“အဝတ်အစားအနေနဲ့တော့ အရင်ကတောက်တောက်ပြောင်ပြောင်တွေကြိုက်တယ်။ ခုတော့ သူမကအဲ့လိုမျိုးတွေသိပ်မကြိုက်တော့ဘူး။ အခုသခင်မလေးပျော့ပျော့ပြောင်းပြောင်းအထည်မျိုးနဲ့ အရောင်ရိုးရိုးရှင်းရှင်းလေးတွေကိုကြိုက်နှစ်သက်တယ်။ ကျောက်မျက်ရတနာထဲမှာဆိုရင် ကျောက်စိမ်းဆံထိုးလေးကိုကြိုက်တယ်။ သခင်မလေးကဆံထိုးလေးကိုဝတ်ဆင်လေ့မရှိပေမယ့် သခင်မလေးရဲ့ဆေးဖော်စပ်ခန်းသေးသေးလေးထဲမှာ ဆေးပင်တွေနဲ့ဆော့လေ့ရှိတယ်”

သူမဖြေဖြေချင်းမှာဘဲသူမရဲ့သခင်မလေးကအရင်နဲ့မတူဘဲလုံးဝပြောင်းလဲသွားတာကို ကျူးယွီသတိထားမိသွားသည်။ လူတစ်ယောက်အစားဝင်ထားသလိုဖြစ်နေသည်။

ကျောက်ချန်ကကျူးယွီဘာတွေစဉ်းစားလဲဆိုတာစိတ်မဝင်စားဘဲ သူမပြောပြထားတဲ့လုလျန့်ဝေအကြောင်း အကုန်ကိုလိုက်ချရေးထားသည်။

သူပြန်ရောက်တာနဲ့ဒီအကြောင်းတွေကိုသူ့အရှင်ဆီပြောမှာဖြစ်တယ်။

အရှင်က လုံးဝဒုတိယမင်းသမီးလုဆီမှာနစ်မြောနေပြီး အရှင်သာသူမဘာကြိုက်တတ်လဲဆိုတာသိသွားရင် သူမရဲ့ဆန္ဒတွေကိုလိုက်လျောနိုင်ပြီး သူမရဲ့နှလုံးသားကိုရရှိဖို့ပိုပြန်ပြီးတော့ ပိုလွယ်ကူသွားမည်ဖြစ်သည်။

ကျောက်ချန်အရမ်းဉာဏ်ကောင်းသလိုခံစားလိုက်ရသည်!

သူကသူ့ရဲ့အရှင်ရဲ့အချစ်ခရီးဖြောင့်ဖြူးနေရန်မျှော်လင့်နေသည်။

အရှင်ကတစ်ယောက်ထဲအထီးကျန်နေတာအရမ်းကြာနေပြီ သူခံစားချက်ရှိတဲ့တစ်ယောက်ကိုတွေ့လိုက်ရတာက တကယ်အံ့ဩဝမ်းသာကြည်နူးဖို့ကောင်းသည်။

လုလျန့်ဝေကသူမတို့ရောက်တော့မယ် ထပ်ပြီးလိုက်ပို့စရာမလိုဘူးလို့တွေးနေပေမယ့် အဆုံးမှာတော့ဘာမှမပြောလိုက်ဘူး။

သိပ်မကြာဘဲကျောက်ချန်နဲ့တခြားသူတွေလည်း လိုက်မှီလာသည်။

လုလျန့်ဝေရဲ့ဘေးနားမှာဧက္ကရာဇ်ကိုတွေ့လိုက်တော့ ကျူးယွီအနားကိုမကပ်ရဲဘူးဖြစ်နေသည်။

လုလျန့်ဝေတစ်ချက်ဘဲကြည့်လိုက်တယ်။ ချုရီကစိန်ခေါ်သူတွေအားလုံးကို အလှဲတိုက်ခိုက်ထားတာဖြစ်တယ်။

သူမတစ်ခုခုကိုသတိရသွားပြီး မနေနိုင်ဘဲလောင်ရန်ဘက်ကိုလှည့်ကြည့်လိုက်သည်။

ချူရီရဲ့တိုက်ခိုက်မှုစွမ်းရည်နဲ့ဆိုရင် သူကအနိုင်ရရှိသူဖြစ်မှာသေချာတယ်။ အဲ့ဒီအချိန်ကျရင်ချူရီကိုလုယန်က သူ့ကိုလုမိသားစုထဲဝင်ဖို့ခွင့်ပြုမှာမဟုတ်ဘူး ခွင့်ပြုမှာလားခွင့်ပြုရင်လည်းသူမငြင်းစရာမရှိဘူး။

Chapter 233

April 19, 2024 by Nay Chi Lynn

Chapter 233

သည်းခံခြင်း၊ထိန်းချုပ်ခြင်း

လုယန်ကသူမရဲ့အကြည့်ကိုသတိထားမိပြီး သူမနောက်ကိုသူ့မြင်းနဲ့လိုက်သွားသည်။

“အရမ်းမတွေးနေနဲ့ကိုယ်တော့်မှာအစီအစဉ်တွေရှိတယ်”

လုလျန့်ဝေကအကြည့်လွှဲပြီးတော့ သူမဘာသာသူမ သူ့ရဲ့အစီစဉ်တွေကို ဂရုမစိုက်ကြောင်းပြောနေသည်။

သူမကချူရီရသွားရင်လည်းကောင်းတယ်လို့တွေးထားတယ်။ သူသာလုမိသားစုထဲကိုဝင်ဖို့ဆန္ဒရှိမယ်ဆိုရင် သူမငြင်းဆန်မှာမဟုတ်ဘူး။ သူမကလုမိသားစုရဲ့မွေးစားသမက်ဖြစ်မယ့်သတို့သားရွေးချယ်ရမှာဖြစ်သည်။

သူ့ရဲ့အကျင့်စရိုက်ကသာကောင်းမယ်ဆိုရင် အဲ့ဒါဆိုလုံလောက်ပြီ။

ဒါကသူမဖြစ်ချင်တဲ့အပိုင်းပေါ့။

ချူရီဒီပွဲမှာပေါ်လာရခြင်းက လုယန်ရဲ့အမိန့်ကြောင့်သာဖြစ်သည်။

သူမဘာမှမပြောတာတောင် သူမကလက်မခံဘူးဆိုတာ ကိုလုယန်ကရိပ်မိသည်။

သူတို့မြို့ထဲရောက်သွားတဲ့အခါမှာတော့ သူမကမျက်နှာကိုဇာပဝါလေးနဲ့ကာလိုက်သည်။ ထိုသို့ကာထားလိုက်တဲ့အတွက် သူမရဲ့နက်မှောင်ပြီးလှပတဲ့မျက်လုံးလေးကိုဘဲ တွေ့ရမည်ဖြစ်သည်။

သူမကမြင်းဇက်ကြိုးကိုကိုင်ပြီးတော့စီးနေပြီး ကြည့်ရတာနည်းနည်းစိတ်အနှောင့်အယှက်ဖြစ်စေသည်။

လုယန်ရဲ့သစ်ကြားစေ့ပုံမျက်လုံးက မသိမသာမှေးသွားသည်။ သူကမြင်းကိုရုတ်တရက်သူမနားကိုရောက်အောင်စီးသွားသည်

သူ့ရဲ့သန့်ရှင်းလက်ဆက်တဲ့ကိုယ်သင်းနံ့လေးက လုလျန့်ဝေနှာခေါင်းထဲမှာပြည့်နှက်သွားသည်။ သူမတို့တစ်ဖြည်းဖြည်းချင်းနီးကပ်လာတာကိုသတိထားမိပြီး သူမမျက်တောင်လေးတွေခတ်နေမိသည်။ ဒီလမ်းကရှုပ်ပြီးတော့လူတွေနဲ့ပြည့်နေတာကို သူက သူမအနားကဘာလို့အရမ်းကပ်နေတာလဲ?

သူကသူမရဲ့နာမည်ကိုငြင်ငြင်သာသာလေးခေါ်လိုက်သည်။

လုလျန့်ဝေကစိတ်အခန့်မသင့်ဖြစ်သွားသည်။

သူ့ရဲ့အသံကထင်မှတ်မထားဘဲနားထောင်လို့အလွန်ကောင်းနေသည်။ အသံကရှတတနဲ့ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် သူကသူမရဲ့နာမည်ကိုခေါ်လိုက်တဲ့အခါမှာ အရမ်းခြိမ်းခြောက်နေသလိုမဟုတ်ဘဲ သာမန်ထက်နူးညံ့ပြီးနွေးထွေးနေသည်။

ဘယ်လိုဘဲဖြစ်ဖြစ် သူကသူမရဲ့နာမည်ကိုခေါ်လိုက်တိုင်းမှာ ထိန်းချုပ်မှုနှင့်အတူသည်းခံမှုပါနေတာကို သူမကနူးညံ့စွာခံစားမိနေသည်။သူမကသူ့ကိုမူးယစ်ရီဝေစွာကြည့်နေမိသည်။

လုယန်ကသူမရဲ့လက်သေးသေးလေးတွေကိုကိုင်နှင့်နေပြီးဖြစ်သည်။ သူ့ရဲ့အင်္ကျီလက်ဝအကြီးကြီးက ထိုမြင်ကွင်းကို လုံလုံလောက်လောက်ကာပေးထားသည်။

လုယန်ရဲ့နက်မှောင်ပြီးဂုဏ်သိက္ခာရှိတဲ့မျက်လုံးတွေကနူးညံ့နေပြီးနူး ညင်သာတဲ့အပြုံးရိပ်လေးက သူ့ရဲ့မျက်လုံးထဲမှာခဏလေးဖြတ်သွားသည်။ သူက လုလျန့်ဝေတိတ်တိတ်လေးကြည့်လိုက်တိုင်း အထင်လွဲမှားစရာအမူအရာတွေပေးလေ့ရှိသည်။

“ငါးရက်ပြီးသွားတာနဲ့ ကိုယ်တိုင်မြို့စားဟောင်းကတော်နဲ့မင်းအဖေအိမ်တော်ကိုလာလည်မယ်”

လုလျန့်ဝေကသတိမထားမိဘဲ သူမရဲ့လက်ချောင်းတွေကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့် သူမရဲ့လက်သည်းတွေက သူ့ရဲ့လက်ဖဝါးကိုထိုးမိနေသည်။ ဘယ်လိုဘဲဖြစ်ဖြစ်သူက သူမရဲ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

သူမရဲ့နှလုံးသားလေးတုန်လှုပ်သွားပြီး အားနည်းစိတ်လျော့ပြီးသူမခေါင်းငြိမ့်လိုက်သည်။

လုယန်က သူမရဲ့အမူအရာကိုဖတ်ဖို့ကြိုးစားနေသည်။သူမကအရမ်းတည်ငြိမ်နေတယ်။ ငြင်းဆန်မှုမရှိသလိုမနှစ်သက်ခြင်းလည်းမရှိဘူးလို့ခံစားနေရတယ်။

လုယန်ကဖြည်းဖြည်းချင်းနောက်ဆုတ်လိုက်သည်။

“ငါပြောချင်တာကိုနားလည်လား”

All Chapters