← Chapters

အခန်း (၂၃၄-၂၃၆)

Vol. 5 Ch. 234-236

အခန်း (၂၃၄-၂၃၆)

Vol. 5 Ch. 234-236

Chapter 234

ဘာကိုမှဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိဘူး

အဲ့ဒါက ငါးအနည်းငယ်နဲ့ မက်မွန်သီးတွေထည့်ထားတဲ့ခြင်းဖြစ်တယ်။

လုယန်က နွေးထွေးစွာပြောလိုက်တယ်။

“ဒီဟာတွေကမင်းခူးလာတဲ့မက်မွန်သီးတွေ ငါးတွေကတော့ ကိုယ်တော်မြှားခဲ့တာတွေ တော်ဝင်နားနေဆောင်ကငါးတွေကအရသာကောင်းတယ ်မင်းသဘောကျမယ်လို့ယုံကြည်ပါတယ်”

လုလျန့်ဝေက သူ့ကိုရုတ်တရက်ဒူးထောက်ဂရဝါပြုလိုက်တယ်။

“ဒီလိုမျိုးပစ္စည်းတွေ ကျွန်မကိုအပ်နှင်းလို့ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး”

သူမအရမ်းတရိုတသေဖြစ်နေတာကိုကြည့်ပြီး လုယန်ရဲ့အမူအရာကနည်းနည်းအေးစက်သွားသည်

“ဒါလေးကအသေးဖွဲ့လောက်ပဲ”

သူအချိန်မဆွဲနေဘဲ ကျောက်ချန်လက်ဆောင်တွေကိုအောက်ချလိုက်ပြီးတာနဲ့ သူ့အခြံအရံတွေနဲ့အတူလုယန်ကထွက်သွားခဲ့တယ်။

သူကသူမကိုအိမ်အထိလည်းလိုက်ပို့တယ်။ ပြီးတော့ငါးနှင့်မက်မွန်သီးတွေကိုလည်း လက်ဆောင်အဖြစ်ပေးလိုက်တယ်။ တစ်ခုခုကတော့သိသိသာသာနဲ့အမြန်ဆုံး သူမရဲ့အဖေနဲ့အဖွားရဲ့နားထဲကို ဒီကိစ္စကရောက်သွားမှာပဲဖြစ်တယ်။

မြို့စားကတော်ဟောင်းကတော့ ဂိတ်ဝမှာဖြစ်တဲ့သတင်းစကားကိုရရှိပြီးနေပြီ။လုယန်အိမ်ကထွက်ခွာသွားတာနဲ့ အစေခံတွေကအကြောင်းအရာကိုတင်ပြပြီးပြီဖြစ်တယ်။

လုလျန့်ဝေဝင်လာတဲ့အခါမှာ မြို့စားကတော်ဟောင်းကထိုင်နေပြီးတော့ လက်ဖက်ရည်ကိုတစိမ့်စိမ့်ကြည့်ပြီးသောက်နေသည်။

ဒါကိုလုလျန့်ဝေတွေ့လိုက်တော့ စိတ်လှုပ်ရှားမှုစူးခနဲဖြစ်သွားသည်။

ဂိတ်မှာဖြစ်သွားတဲ့ကိစ္စကိုမြို့စားကတော်ဟောင်းစီကို သတင်းမတင်ပို့ရသေးဘူးဆိုတာကို သူမမယုံဘူး။

မြို့စားကတော်ကလုလျန့်ဝေရဲ့စိတ်မကောင်းတဲ့မျက်နှာလေးကိုတွေ့လိုက်ရတော့ သူမကိုသူမ မထိန်းချုပ်နေဘဲ အရင်ဆုံးစကားပြောလိုက်တယ်။

လုလျန့်ဝေကဒါကိုကြားလိုက်တဲ့အချိန်မှာ သူမရုတ်တရက်ခြေလှမ်းစိတ်စိတ်နဲ့သွားပြီးတော့ မြို့စားကတော်ဟောင်းခြေထောက်ဘေးမှာဒူးလေးထောက်လိုက်ပြီး သူမရဲ့လက်မောင်းလေးနဲ့မြို့စားကတော်ဟောင်းရဲ့ခြေထောက်ကိုညစ်ထားပြီး

“အဖွား....”

မြို့စားကတော်ကလုလျန့်ဝေရဲ့စိတ်ဒုက္ခရောက်နေတဲ့မျက်နှာလေးကိုမြင်သွားပြီးတော့ သူမရင်ထဲကဒေါသတွေကဆုံးဖြတ်ရန်လျှော့ကျသွားသည်။

သူမကလုလျန့်ဝေရဲ့ဆံပင်လေးတွေကိုလက်နဲ့ဖွပေးနေပြီးတော့ ကြင်နာတဲ့အသံလေးနဲ့မေးလိုက်တယ်။

“ဘာဖြစ်တာလဲငါတို့ရဲ့ဝေဝေကိုဒေါသထွက်အောင်ဘယ်သူလုပ်တာလဲ”

လုလျန့်ဝေချက်ချင်းစိတ်ထိခိုက်သလိုခံစားလိုက်ရသည်။

“အဖွားကျွန်မနန်းတော်ကိုမသွားချင်ဘူး..”

ပြီးခဲ့တုန်းကလုယန်ကဖွင့်ပြောတာကိုသူမကငြင်းခဲ့တယ်။ ဒါပေမယ့်လုယန်ကလက်မခံခဲ့ဘူး။ ပြီးတော့သူကဧက္ကရာဇ်သူမဘယ်လောက်ဘဲစိတ်မပါမပါ သူ့ကိုတော့ငြင်းပယ်လို့ရမှာမဟုတ်ဘူး။

အကယ်၍သူမကသူ့ကိုဒေါသထွက်အောင်လုပ်မိလိုက်ရင်ဖြစ်လာတဲ့အကျိုးဆက်ကိုသူမခံစားနိုင်မှာမဟုတ်ဘူး။

အဲ့တာကြောင့်လည်းသူမတော်တော်ဒေါသထွက်နေတာဖြစ်တယ်။

သူမကလုယန်ကိုလည်းဒေါသထွက်ပြီး သူမကိုသူမပိုဒေါသဖြစ်နေတယ်။

မြို့စားကတော်နဲ့တွေ့တဲ့အခါမှာတော့ သူမမထိန်းဘဲနဲ့သူမအမှန်တကယ်နစ်နာနေတယ်လို့ ခံစားနေရတယ်။

ဒီဟာကမြို့စားကတော်ဟောင်းကို ခဏလောက်ရပ်တန့်သွားစေတယ်။ သူမကလျှစ်လျှူရှုမနေပဲနဲ့ ရုတ်တရက်လုလျန့်ဝေကိုဆွဲထူလိုက်သည်။

“အရူးမလေး နင်ဘယ်လိုမျိုးဘယ်လိုပုံစံမျိုးနဲ့ဧက္ကရာဇ်ရဲ့စိတ်ဝင်စားမှုကိုရသွားတာလဲ”

လုလျန့်ဝေငိုချင်နေတယ်။ ဒါပေမယ့်မျက်ရည်မထွက်လာဘူး။

ဧက္ကရာဇ်ကိုဆေးကုပေးတာကရော အကြောင်းပြချက်တစ်ခုဖြစ်ယူဆလို့ရလား။

မြို့စားကတော်ခေါင်းထဲမှာရှိတဲ့ဘီးလည်းတော်တော်မြန်မြန်လည်နေပြီ။သဘာဝတိုင်းဆို သူမရဲ့မြေးမလေးကိုနန်းတော်ထဲကိုမဝင်စေချင်ဘူး။

ဒါကဧက္ကရာဇ်ကမကောင်းတဲ့လူလို့ပြောချင်တာမဟုတ်ဘူး။ ပြောရရင်သူကအားကိုးလို့ရတဲ့လူနှင့်အုပ်ချုပ်ရေးပိုင်နိုင်တဲ့သူဖြစ်တယ်။ မဟုတ်ရင် ဒီရှန်အင်ပါယာကြီးက ဒီလိုတိုးတက်လာမှာမဟုတ်ဘူးလေ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းဘယ်သူမှနယ်စပ်စည်းကိုလာမနှောင့်ယှက်ရဲကြဘူး။

ဘာပဲဖြစ်ဖြစ်ဒါကတိုင်းပြည်အုပ်ချုပ်တဲ့နေရာကကြည့်ခြင်းဖြစ်တယ်။

မိန်းမတစ်ယောက်အမြင်နှင့်ကြည့်ရင်တော့ ဘယ်လိုဘဲဖြစ်ဖြစ်ဧက္ကရာဇ်က လင်ယောကျာ်းအနေနဲ့တော့မကောင်းဘူး။ အရှင်မင်းကြီးက ဝေဝေထက်လည်း အသက်ကြီးနေလို့လည်းဖြစ်တယ်။ အရှင်မင်းကြီးသာစွမ်းရင် သူ့ကလေးတွေတောင် ဝေဝေအရွယ်လောက်ဖြစ်နေပြီ။

အရှင်မင်းကြီးရဲ့အသက်နဲ့ဆိုရင် ဝေဝေရဲ့အဖေဖြစ်ဖို့တောင်လုံလောက်တယ်။

ပြီးတော့သူကနန်းတက်မင်းသားရဲ့ဦးရီးတော်ဖြစ်တယ်။

အကယ်၍ဝေဝေသာလက်ထပ်ပြီးနန်းတော်ထဲကိုဝင်သွားရင် နန်းတက်မင်းသားတင် အဒေါ်လို့ခေါ်ရုံသာမက လုယွင်ရွှမ်းကလည်းသူမကို’အဒေါ်’လို့ခေါ်ရမှာဖြစ်တယ်။

မိသားစုဆက်ဆံရေးက ပိုပြီးတော့ရှုပ်ထွေးလာမှာဖြစ်တယ်။

မြို့စားကတော်ဟောင်းကဒါတွေစဉ်းစားမိပြီး ခေါင်းနည်းနည်းကိုက်သွားသည်။

အခုထိဧက္ကရာဇ်ကသူ့ရဲ့ရည်ရွယ်ကို ဖွင့်ဟမပြောရသေးတော့ သူမကကြိုတင်လက်ဦးမှုတော့ရယူနိုင်သေးတယ်။

သူမရဲ့ဒုက္ခရောက်နေတဲ့မြေးမလေးမျက်နာကိုကြည့်ပြီး မြို့စားကတော်ကတစ်ခုခုပြောဖို့လုပ်နေတဲ့ချိန် အဒေါ်လင်းက အပြင်ကနေအလျင်အမြန်ဝင်လာသည်။

“မြို့စားကတော်ဟောင်း မြို့စားကျီကတွေ့ဖို့တောင်းဆိုနေပါတယ်”

မြို့စားကတော်ဟောင်းလန့်သွားတယ်။ ဘာလို့ ကျီချင်ယွင်ကငါ့ကိုတွေ့ချင်ရတာလဲ?

Chapter 235

April 20, 2024 by Nay Chi Lynn

Chapter 235

သူ့ရဲ့ရည်ရွယ်ချက်သက်သေပြရန်မလိုဘူး

မြို့စားကတော်ဟောင်းက ဝေဝေပြဿနာတွေနဲ့တင်အလုပ်ရှုပ်နေပြီ။ ကျီချင်ယွင်ကကောဘာပြဿနာတွေရှိလို့လဲ?

ဘယ်လိုဘဲဖြစ်ဖြစ်ကျီချင်ယွင်ကသူမအလွယ်တကူမောင်းထုတ်လို့ရတဲ့သူမဟုတ်ဘူး။ အဲ့တာတွေထက် သူနဲ့လုဟယ့်ထျန်းရဲ့ဆက်ဆံရေးကြောင့်သူ့ရဲ့တောင်းဆိုမှုကို ယဉ်ကျေးမှုအရငြင်းပယ်လို့မရဘူး။ သူမခေါင်းလေးငြိမ့်ပြီးတော့

“သူ့ကိုဝင်လာခိုင်းလိုက်”

အန်တီလန်လှည့်ထွက်သွားသည်။

မြို့စားကတော်ဟောင်းက လုလျန့်ဝေကိုကြည့်ပြီးတော့တိတ်တိတ်လေးပြောလိုက်သည်။

“ငါ့အခန်းလေးထဲဝင်ပြီးတော့ခဏနားဝင်နားလိုက်ဦး သူ့ကိုပြန်လွတ်ပြီးသွားပြီရင်ပြန်ဆွေးနွေးကြမယ်”

မကြာခင်မှာ အန်တီလန်ကကျီချင်ယွင်နဲ့ရောက်လာတယ်။

အရပ်ရှည်ရှည်ပိန်ပိန်နဲ့ယောကျာ်းတစ်ယောက်က သူတို့နောက်လိုက်လာတယ်။

သူကအသက်၁၆ ၁၇လောက်ရှိပြီးတော့ ကြော့ရှင်းသောရုပ်ရည်ရှိတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်သူ့ရဲ့အမူအရာတွေမှာမူမမှန်တာက သူ့မျက်လုံးတွေထဲမှာတခြားသူတွေကို ရွှတ်နောက်နောက်လိုက်ကြည့်နေတာဘဲ။

ကျီယွင်ရှန်ကသူ့ ရဲ့သား ကျီကျိုးကိုအတူတူခေါ်လာပြီးတော့ မြို့စားကတော်ဟောင်းကိုနှုတ်ခွန်းဆက်သည်။

“မြို့စားကတော်ဟောင်းဒါကကျွန်တော့်ရဲ့သားကျီကျိုးပါ ကျီကျိုး မြန်မြန်မြို့စားကတော်ဟောင်းကိုနှုတ်ဆက်လိုက်”

“ကျီကျိုး မြို့စားကတော်ဟောင်းကိုအရိုအသေပေးပါတယ်”

ကျီကျိုးအရှေ့တိုးသွားတယ်။ ဒါပေမယ့်သူ့ရဲ့အမူအကျင့်ကဂရုစိုက်တာနဲ့ မတူဘူးဖြစ်နေတယ်။

ကျီချင်ယွင်ကဒါကိုမြင်တော့ဒေါသထွက်သွားတယ် ဒါပေမယ့်ဒီနေရာက သူ့ရဲ့ဒေါသကိုချပြလို့ရတဲ့နေရာမဟုတ်ဘူး. အဲ့ဒီတော့သူ့ရဲ့ဒေါသကိုထိန်းချုပ်လိုက်တယ်။

မြို့စားကတော်က ကျီချင်ယွင်ပြောတာကိုကြားပြီးမျက်မှောင်ကြုံ့သွားတယ်။

သူ့ရဲ့သားကိုရုတ်တရက်ခေါ်လာတာက အရမ်းသိသာလွန်းတယ်။

ကျီချင်ယွင်ပြောတာကတော်တော်ထူးဆန်းမှန်း လုလျန့်ဝေခံစားမိတယ်။ ဒါပေမယ့်အရမ်းမတွေးမိဘူး သူမကသူ့ကိုနှုတ်ဆက်လိုက်တယ်။

ကျီချင်ယွင်ကသူမကိုတွေ့တဲ့အခါ သူကတော်တော်အံဩသွားပြီး သူကသူ့သားကိုပြောလိုက်တယ်။

“ဒါကမင်းရဲ့ညီမလေးဝေဝေ လာနှုတ်ဆက်လိုက် ပိုသိကျွမ်းသွားအောင်”

ကျီကျိုးနှင့်လုလျန့်ဝေတွေ့တာပထမဦးဆုံးတော့မဟုတ်ဘူး။ မတိုင်ခင်ကနန်းတော်စားပွဲမှာ ရံဖန်ရံခါတွေ့ဖူးတယ်။ အဲ့ချိန်တုန်းကလုလျန့်ဝေက နန်းတက်မင်းသားကို အရူးအမူးစွဲလမ်းနေသောအချိန်ဖြစ်တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့ကသူ့အဖေခေါ်လာလို့ပါလာရခြင်းဖြစ်တယ်။ သူ့ရဲ့စိတ်ဆန္ဒမပါပေမယ့်လည်း သူ့အဖေကိုအရှက်ရအောင်လုပ်တာကတော့ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။

ကျီကျိုးကအရှေ့ကိုစိတ်ဝင်စားမှုမရှိတဲ့မျက်နှာနဲ့တိုးသွားပြီးတော့ ခေါင်းငြိမ့်ပြီး

လုလျန့်ဝေကဒါကိုစိတ်ထဲမထားဘူး. ဒါပေမယ့်ကျီချင်ယွင်ကတော့သူ့သားနားကိုဆွဲပြီးတော့ ကောင်းကောင်းရိုက်လိုက်ချင်တယ်။ ဒါပေမယ့်သူ့ဒေါသတွေကိုထိန်းချုပ်ထားတယ်။

ကျီချင်ယွင်ကလုလျန့်ဝေကိုကြည့်လိုက်တဲ့အခါမှာချိုသာနေပြီး

ပြောပြီးပြီချင်းပဲ ကျီကျိုးဘက်ကနေလှည့်ပြီးတော့ မြို့စားကတော်ဟောင်းကိုလှည့်ကြည့်လိုက်တယ်။

“အဖွားဧည်သည့်တွေလည်းရှိတော့ကျွန်မကိုခွင့်ပြုပါဦး”

လုလျန့်ဝေထွက်သွားတော့မယ့်အချိန်မှာ ကျီချင်ယွင်ကကြားဖြတ်ဝင်ပြောလိုက်တယ်။

“ဝေဝေ ငါနင့်အဖွားနဲ့မတွေ့ရတာလည်းကြာနေပြီ ပြောစရာစကားတွေလည်း အများကြီးရှိတယ် နင့်အစ်ကိုကျီကျိုးကပန်းခြံကိုကြည့်ချင်နေတာ အဆင်ပြေရင်သူ့ကိုလိုက်ပြပေးလို့ရမလား”

လုလျန့်ဝေတန်းပြီးတော့မငြင်းဘူး။ မြို့စားကတော်ဟောင်းကိုကြည့်လိုက်တယ်။ ဘာမှပြန်မပြောတာနဲ့ သူမလည်းမတတ်နိုင်တော့ဘဲလက်ခံလိုက်ရတယ်။

“ဝေဝေကအရမ်းစကားနားထောင်ပြီးနားလည်တာပဲ သူကလှပတာတင်မဟုတ်ဘူး သူရဲ့ပင်ကိုယ်စရိုက်လေးကလည်းအပြစ်တင်စရာမရှိဘူး ငါ့ရဲ့ကျိုးလေးသာ ဝေဝေရဲ့တစ်ဝက်လောက်သာသိတတ်ရင်”

လုလျန့်ဝေက ကျီကျိုးကိုသက်ရှည်ခန်းမထဲကထွက်ဖို့ ဦးဆောင်ခေါ်သွားပြီး သူတို့နှစ်ယောက်တူတူထွက်သွားတယ်။

သူတို့ထွက်သွားတာနဲ့တစ်ပြိုင်နက် ကျီချင်ယွင်ကရုတ်တရက်လာလည်ရတဲ့အကြောင်းအရင်းကို ရှင်းပြတယ်။

“မြို့စားကတော်ဟောင်း ကျွန်တော်ဘာမှမဖုံးကွယ်ထားချင်ဘူး အမှန်တိုင်းပြောရရင် ဒီနေ့လာတာကကျွန်တော့သားကြောင့်ဘဲ”

“မြို့စားကတော်နဲ့အစ်ကိုလုနဲ့သုခဘုံလမ်းထဲမှာ သတို့သားရွေးဖို့ ယှဉ်ပြိုင်ပွဲကျင်းပနေတယ်ဆိုတာ ငါကြားတယ်”

မြို့စားကတော်ဟောင်းကခေါင်းငြိမ့်ပြလိုက်ပေမယ့်ဘာမှမပြောဘူး။

ကျီချင်ယွင်ကသူမဘာမှပြန်မပြောတာကိုတွေ့လိုက်တော့ နည်းနည်းစိတ်ဖိစီးမှုခံစားသွားရသည်။

မြို့စားကတော်ကတော်တော်အသက်ရွယ်ကြီးမားသော်လည်း သူ့မှာခြိမ်းခြောက်မှုကောင်းတဲ့အရှိန်အဝါပိုင်ဆိုင်ထားတာတွေက တိုက်ပွဲထဲမှာနှစ်ပေါင်များစွာကုန်ဆုံးခဲ့ပေမယ့် နည်းနည်းလေးမှလျှော့ကျသွားခြင်းမရှိဘူး။

Chapter 236

April 20, 2024 by Nay Chi Lynn

Chapter 236

ထိမ်းမြှားဖို့ခွင့်တောင်းခြင်း

မြို့စားဟောင်းကတော်က တပါးသူနဲ့ဆက်ဆံရာမှာ စေတနာအလွန်ကောင်းမွန်ပေမယ့် သူမစကားမပြောတဲ့အချိန်ဆို တိုက်ပွဲပေါင်းများစွာနဲ့ကျယ်ပြန့်စွာသတ်ဖြတ်မှုများစွာမှာ ပျော်ဝင်နေတဲ့ကြောက်ဖို့ကောင်းတဲ့ကိုယ်ရောင်ကိုယ်ဝါကိုတွေ့နိုင်တယ်။ အဲ့ဒါကအရမ်းခြိမ်းခြောက်နိုင်စွမ်းရှိပြီး သူမကိုကြောက်လန့်ပြီး ရိုသေစေသောစွမ်းရည်မျိုးနှစ်ခုလုံးပေးနိုင်တယ်။

ကျီချင်ယွင်ကဒီအထိရောက်လာပြီးပြီ။ သူ့ကိုယ်သူတော့နောက်ဆုတ်ဖို့ခွင့်ပြုမှာမဟုတ်ဘူး။ သူဖိအားပေးခံရလည်းသူ့ရဲ့ရည်ရွယ်ချက်ကိုမြို့စားဟောင်းကတော်ဆီဖွင့်ဟပြောဆိုမှာဖြစ်တယ်။

မြို့စားဟောင်းကတော်က သူပြောတာတွေကိုဆုံးအောင်နားထောင်ပြီးတဲ့အခါမှာတော့ မျက်ခွံကိုပင့်လိုက်ပြီးတော့

“ကျီ မိသားစုကငါ့တို့ဝေဝေကိုချွေးမအဖြစ်လိုချင်လို့လား”

သူမကသူ့ရဲ့ရည်ရွယ်ချက်ကိုခန့်မှန်းပြီးတာတောင်မှ မြို့စားဟောင်းကတော်က ကျီချင်ယွင်နှုတ်မှဖွင့်ဟတောင်းဆိုတာကိုကြားပြီး အံ့ဩနေဆဲဖြစ်တယ်။

မိသားစုနှစ်ခုလုံးက တော်တော်လေးရင်းနှီးကြတယ်ထင်ရပေမယ့် ကျီချင်ယွင်ကအဲ့လိုအစီအစဉ်မျိုးတစ်ခါမှမပြောခဲ့ဘူး။ ဒီလိုမျိုးအပြစ်ရှိတဲ့အခြေအနေမှာ မိသားစုနှစ်ခုကလက်ထပ်ပွဲကိုအသုံးချပြီးစည်းလုံးဖို့ဆိုတာ ဒီတစ်ချက်က သူမတော်တော်နားလည်ရခက်သောအချက်တစ်ချက်ဖြစ်တယ်။

ကျီချင်ယွင်ကခေါင်းငြိမ့်ပြလိုက်တယ်။ သူကအကုန်လုံးကိုဖွင့်ပြောပြီးပြီ ဘာမှအထင်လွဲစရာလုပ်ဖို့မလိုဘူး။

“ဟုတ်ပါတယ်ကျွန်တော်ဒီနေ့လာရောက်တာကလည်းဒီကိစ္စကြောင့်ပါပဲ မြို့စားဟောင်းကတော် ကျွန်တော်သတိထားမိပါတယ် မြို့စားဟောင်းကတော်နဲ့မြို့စားချုပ် တို့ကဝေဝေကိုအရမ်းချစ်လို့ လက်ထပ်ပြီးမလွှတ်ပေးနိုင်လို့ သတို့သားရွေးချယ်ဖို့ပြိုင်ပွဲကျင်းပတယ်ဆိုတာ ကျွန်တော်သတိထားမိပါတယ်”

“အမှန်တိုင်းပြောရရင် ဒီကိစ္စကိုကျွန်တော်စိတ်ရောက်နေတာက ပြီးခဲ့တဲ့နန်းတော်စားပွဲထဲကပါဘဲ ကျွန်တော်ဒီကိစ္စကိုမပြောရဲဖြစ်နေတာကလည်း ကျွန်တော့ရဲ့လူရှုပ်ကလေးသားတော်ကြောင့်ပါ”

“ဘယ်လိုဘဲဖြစ်ဖြစ် အဲ့ဒီကတည်းကကျွန်တော်တွေးတောနေတာပါ အကယ်၍ဝေဝေလိုချွေးမလေးကိုသာ ကျွန်တော်လွှဲသွားရင် အနာဂတ်မှာကျိန်းသေကျွန်တော်နောင်တရနေမှာဖြစ်တယ် အဲ့တာကြောင့်သတ္တိမွေးပြီးလာခဲ့ရတာပါ မြို့စားဟောင်းကတော်က ဒီလက်ထပ်ပွဲကိုသဘောတူမယ်လို့ကျွန်တော်မမျှော်လင့်ရဲပါဘူး ဒါပေမယ့်ကျွန်တော်ကမြို့စားဟောင်းကတော်စဉ်းစားလို့ရအောင်ဒီနေ့လာရခြင်းဖြစ်ပါတယ်မြို့စားဟောင်းကတော်ရဲ့သဘောတူညီချက်မရခဲ့ရင်လည်း ကျွန်တော်တို့ဒီကိစ္စကိုဒီတိုင်းဘဲထားလိုက်ပါ့မယ်”

မြို့စားဟောင်းကတော်က ကျီချင်ယွင်ဆီကစစ်မှန်သောစကားလုံးတွေကိုကြားပြီးတော့ အမှန်တကယ်လန့်သွားတယ်။

အဲ့ဒီလိုဆိုပေမယ့်လည်းကြီးမြတ်တဲ့မြို့စားချုပ်မိသားစုကိုကြောက်ပြီးအဲ့ဒီရှက်ဖို့ကောင်းတဲ့ကိစ္စကို ဘယ်သူပွင့်ပွင့်လင်းလင်းမပြောရဲကြဘူး။ ဒါပေမယ့်လည်းအဲ့ကိစ္စတွေကိုတိတ်တဆိတ်ပြောနေတာကို ကြားရတာမကောင်းဘူး။

ကျီချင်ယွင်ကအဲ့ဒါကိုစိတ်ထဲမထားဘူးလား။ ကျီမိသားစုကကောအဲ့ဒါကိုစိတ်ထဲမထားဘူးလား။

မြို့စားဟောင်းကတော်ကဒါကို တော်တော်သသံယဝင်နေတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ကျီချင်ယွင်ပြောနေတာအမှန်တွေလိုဘဲဘာမှဟန်ဆောင်ပြောဆိုထားတာမပါဘူး။ သူ့ရည်ရွယ်ချက်ကအစစ်အမှန်ဘဲ ဒါကသူမကိုခေါင်းတော်တော်ရှုပ်စေတယ်။

ကျီချင်ယွင်ရဲ့အမှုအရာကိုတွေးနေတာကိုလည်း မြို့စားဟောင်းကတော်ကိုလည်းအပြစ်တင်လို့မရဘူး။ လုလျန့်ဝေကနာမည်ဆိုးထွက်ပြီးကတည်းက ပျော်စရာမကောင်းတာတွေကအများကြီးဘဲ။ သူမအကြောင်းကိုတိတ်တဆိတ်ကြောက်ဖို့ကောင်းအောင်ပြောကြတယ်။ သူမရဲ့ဂုဏ်ပုဒ်ကတော်တော်လေးအနှောင့်အယှက်ဖြစ်စေတယ်။

ကျီချင်ယွင်ကဘာလို့လုလျန့်ဝေကိုချွေးမအဖြစ်လိုချင်နေတာလဲ။

စဉ်းစားတွေးခေါ်နေတာတွေက မြို့စားဟောင်းကတော်ရဲ့ထက်မြက်တဲ့မျက်လုံးမှာတွေ့မြင်နိုင်တယ်။

ကျီချင်ယွင်ကလည်း တုံးတဲ့သူမဟုတ်ဘူး။ အမှန်တိုင်းပြောရရင်မြို့စားဟောင်းကတော်ရဲ့ ပြန်လည်တွေးတောနေတာကိုနားလည်တယ်။ သူ့ရဲ့စစ်မှန်တဲ့အသံနှင့်သူကမ်းလှမ်းလိုက်တယ်။

“မြို့စားဟောင်းကတော်ကျေးဇူးပြု၍ ဒါကိုခဏလေးနဲ့မခန့်မှန်းလိုက်ပါနဲ့ ဝေဝေကတကယ်ကောင်းတဲ့ကောင်မလေးလို့ကျွန်တော်တကယ်တွေးတာပါ ကျွန်တော့်ရဲ့သားလေးကသူမနဲ့ယှဉ်လို့မရပါဘူး သူဘယ်သူလဲဆိုတာမြို့စားဟောင်းကတော်လည်းသိပါတယ် အဲ့ကောင်လေးကစိတ်ကြီးဝင်ပြီးတော့နာခံမှုမရှိဘူး ဝေဝေလိုမျိုးမရင့်ကျက်မတည်ငြိမ်ဘူး ကျွန်တော်တို့သာလက်ထပ်ပြီးအမျိုးတွေသာဖြစ်လာရင် ဒါကကျွန်တော့သားလေးဆုလာဘ်လိုဖြစ်လာမှာပါ”

မြို့စားဟောင်းကတော်ကသူ့ရဲ့စကားတွေမှာတိတ်ဆိတ်သွားတယ်။

မိသားစုနှစ်ခုလုံးကအတိတ်မှာကိစ္စတွေအများကြီးကိုရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ အဲ့ပုံစံတိုင်းအဲ့ဒီကလေးကျီကျိုးအရွယ်ရောက်လာတာကို သူမကြည့်လာခဲ့ဖြစ်တယ်။ သူကရုပ်ရည်ကြည့်ကောင်းပေမယ့် ငယ်ငယ်လေးထဲကခေါင်းမာပြီးကန့်လန့်တိုက်တယ်။ အရွယ်ရောက်လာတော့ပိုပြီးတော့စိတ်ကြီးဝင်ပြီးခေါင်းမာလာပြီး စည်းကမ်းတွေနဲ့မထိန်းသိမ်းနိုင်ဘူးဖြစ်နေတယ်။

မြို့စားဟောင်းကတော်က ကျီချင်ယွင်ရဲ့စကားကိုဘယ်တော့မှယုံခဲ့တာမဟုတ်ဘူး။ အများကြီးဖြစ်ပျက်ခဲ့ကတည်းက လုလျန့်ဝေကအမှန်အတိုင်းအများကြီးပြောင်းလဲသွားခဲ့တယ်။ အနည်းဆုံးတော့သူမက အရင်ထက်ပိုသဘောကျဖို့ကောင်းလာတယ်။ သူမရဲ့အကျင့်စရိုက်ကလည်းပိုတည်ငြိမ်လာသည်။

“ဒီကလေးမလေးက မိသားစုကအရမ်းအလိုလိုက်တာခံထားရတာ မင်းပြောသလိုသူမကစံတင်ရလောက်တဲ့သူတော့မဟုတ်ဘူး”

“မြို့စားဟောင်းကတော်အရမ်းနှိမ့်ချလွန်းနေပါပြီ ဝေဝေလေးကမြို့စားဟောင်းကတော်သွန်သင်ဆုံးမမှုမှာကြီးပျင်းလာတော့ သူမအရည်အချင်းရှိတယ် ကျွန်တော်တို့သားကသာခေါင်းအရမ်းမာလို့ဝေဝေနဲ့မသင့်တော်မှာကိုစိုးရိမ်နေတာပါ ဘယ်လိုဘဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီနေ့တောင်းဆိုမှုကို မြို့စားဟောင်းကတော်အသိအမှတ်ပြုပေးမယ်လို့မျှော်လင့်ပါတယ် ကျွန်တော်ကဝေဝေကိုတကယ်ကောင်းတဲ့ကောင်မလေးလို့အသိအမှတ်ပြုလို့ ကျွန်တော်ဒီနေ့လာရောက်ပြီးခွင့်တောင်းရခြင်းဖြစ်ပါတယ်”

All Chapters