အခန်း (၂၃၇-၂၃၉)
Vol. 5 Ch. 237-239
Chapter 237
အားလုံးသာအဆင်ပြေဖြစ်သွားရင် နင်ကငါ့ရဲ့အနာဂတ်ဇနီးဖြစ်လာလိမ့်မယ်
မြို့စားဟောင်းကတော်ကသက်ပြင်းချလိုက်တယ်။
“နင်အဲ့လိုမပြောသင့်ဘူး ကျိုးလေးကငယ်ရွယ်သေးလို့နောက်နှစ်အနည်းငယ်လောက်ဆိုရင် အနိုင်မခံအရှုံးမပေးတတ်တဲ့စိတ်နဲ့ အရွယ်ရောက်လာတဲ့လူကြီးတစ်ယောက်ဖြစ်လာမှာ ဒီလိုလုပ်ဒီကိစ္စကိုမြို့စားချုပ်နဲ့ ငါတိုင်ပင်လိုက်ဦးမယ် အရေးကြီးတာကတော့ ဝေဝေသဘောတူမတူနဲ့ဆိုင်တယ်”
ကျီချင်ယွင်သေသေချာချာပြန်ပြောလိုက်တယ်။
“ဒါပေါ့”
တခြားတစ်ဖက်မှာတော့ လုလျန့်ဝေကကျီကျိုးကိုဦးဆောင်ပြီး အသက်ရှည်ခန်းမထဲကနေထွက်ပြီး ပန်းခြံဆီကိုသွားနေသည်။
သူတို့ပန်းခြံဆီရောက်တဲ့အခါမှာ လုလျန့်ဝေကယဉ်ကျေးစွာပြောလိုက်သည်။
“သခင်လေးကျီဒါကပန်းခြံပဲ လွတ်လွတ်လပ်လပ်လှည့်လှည်ကြည့်ရှုပါ ကျွန်မမနှောင့်ယှက်တော့ပါဘူး တစ်ခုခုလိုတာရှိရင်အစေခံတွေကိုအကြောင်းကြားလိုက်လို့ရပါတယ်”
ကျီကျိုးက ဘာမှပြန်မပြောဘဲကျွတ်ဆက်ဆက်နဲ့နောက်ကြောင်းပြန်ပြောတဲ့အမူအရာနဲ့ပြောတယ်။
လုလျန့်ဝေကမျက်မှောင်ကြုံ့ပြီးတော့ သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်။
“သခင်လေးကျီ သခင်လေးကဒီလိုမျိုးကျီမိသားစုမှာကြီးပြင်းလာတာလား ကျေးဇူးပြု၍ကျွန်မကိုဒုတိယသခင်မလေးလုလို့ခေါ်ပါ!”
ကျီကျိုးကသူမဒီလိုမျိုးမြန်မြန်ပြန်ပြောမယ်လို့မထင်ထားဘူး။ သူကသူမကိုခေါင်းကနေခြေဆုံးကြည့်ပြီးတော့ ခပ်ရေးရေးပြုံလိုက်သည်။
ဒါကသူလုလျန့်ဝေနဲ့ပထမအကြိမ်တွေ့ဆုံခြင်းမဟုတ်ဘူး။ ဒါပေမယ့်အရင်ကလုလျန့်ဝေကဒီလိုပုံစံမဟုတ်ပါဘူး။ သူမကရိုင်းစိုင်းပြီးတော့ဆွဲဆောင်မှုမရှိပေမယ့်လှတော့လှပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်သူမပုံစံကတော်တော်ပျင်းဖို့ကောင်းတယ်။ သူမကပြီးတော့ဗိုလ်ကျပြီးတော့မာနလည်းကြီးလွန်းတယ်။ခေါင်းမာပြီးဉာဏ်မရှိလို့လုချီကိုချိန်ရွယ်တာလေ အဲ့ဒါကြောင့်လည်းကျီကျိုးကသူမကိုသိပ်ပြီးတော့မကြည်တာဖြစ်တယ်။
ဘယ်လိုဘဲဖြစ်ဖြစ်လုလျန့်ဝေကသူ့ဘေးနားမှာရပ်နေပေမယ်လည်း တမျိုးမျိုးကမတူတော့ဘူးလို့ခံစားမိနေတယ်။
လုလျန့်ဝေကစိတ်မဝင်စားတဲ့အတွက် ကျီဇူအရှေ့တိုးလာတာကိုတွေ့လိုက်တော့ သူမနည်းနည်းအနောက်ကိုဆုတ်လိုက်တယ်။
သူမအတွက်တော့ကျီကျိုးကချမ်းသာတဲ့လူငယ်တစ်ယောက်သာသာပဲ သူ့ကိုသူမဘာမှပြောစရာကိုမရှိဘူး။
ကျီကျိုးကသူမအရှေ့ကိုရပ်ပြီးတော့လမ်းကိုပိတ်လိုက်တယ်။
“လုလျန့်ဝေကိစ္စတွေသာအဆင်ပြေပြေဖြစ်သွားရင် နင်ကငါ့အနာဂတ်ဇနီးလောင်းဖြစ်လာမှာ ဘာလို့နင်ကထွက်သွားဖို့ကြီးဘဲတွေးနေတာလဲငါ့အကြောင်းပိုမသိချင်တော့ဘူးလား”
သူမနည်းနည်းတော့စိတ်ရှုပ်သွားတယ်။
“’နင်အပြင်မှာငါ့ရဲ့ကောလဟာလတွေကိုမကြားမိဘူးလား”
ကျီကျိုး ခေါင်းငြိမ့်လိုက်တယ်.သူကအမှန်ပြောနေတဲ့ပုံပဲ။
“ငါကြားပြီးပါပြီ ဟုတ်ပါတယ်ဒုတိယမင်းသမီးလုကမာနကြီးတယ် တစ်စွတ်ထိုးဆန်တယ်သူမကနန်းတက်မင်းသားရဲ့သေဆိုသေရှင်ဆိုရှင်အသက်ရှင်နေတာပြီးတော့သူ့အတွက်ဆိုသူမကိုသူမ ကိုယ်လုပ်တော်အဖြစ်..”
သူခဏလောက်ရပ်သွားပြီးသူမကိုကြည့်ပြီးမေးလိုက်တယ်
သူမကတကယ်လည်းဒီကိစ္စကိုဒေါသလည်းမထွက်သလိုရှက်လည်းမရှက်ဘူး။သူမရဲ့အမူအရာကတည်ငြိမ်အေးချမ်းနေတယ်။
သူမကတကယ်စိတ်မဆိုးတာလားရှက်လည်းမရှက်ဘူးလားဒီလိုရှက်စရာကောင်းတဲ့အရာကိုလုပ်ပြီးတော့လေ။
လုလျန့်ဝေကြည့်ရတာအရမ်းတော့အနှောင့်အယှက်ဖြစ်ပုံမရဘူး။
“ဟုတ်တယ်သူတို့ဘာပြောပြောမှန်တယ် ဒါကဒီကိစ္စရဲ့အချက်ပဲ သခင်လေးကျီအကုန်လုံးကိုသိနေတယ်ဆိုရင် ကျွန်မကိုဘာလို့လာမေးနေတာလဲ?”
ကျီကျိုးသူမကိုစိတ်ဝင်တစားနဲ့ကြည့်နေတယ်။ သူမကဒေါသလည်းမထွက်သလို စိတ်ဆိုးတဲ့အမူအရာလည်းတစ်ခုမှမလုပ်ဘူး.
သူကသူ့ရဲ့မေးစေ့ကိုပွတ်ပြီးတော့ခေါင်းကိုမော့လိုက်တယ်.
“ဘာလို့ငါကမမေးဘဲနေရမှာလဲ ငါတို့နှစ်ယောက်ကတော်တော်ကိုတူတယ်”
ဘာလို့ဆိုတော့သူ့ရဲ့ဂုဏ်သတင်းကလည်းမင်းသားမဟုတ်လို့ဘဲ
လုလျန့်ဝေအနောက်ဆုတ်ပြီးတော့စိတ်ထဲမှတွေးလိုက်မိသည်မှာ သူဘယ်လိုတောင်အရှက်မရှိလိုက်တာလဲ?သူပြောတဲ့တော်တော်တူတယ်ဆိုတာကဘာကိုဆိုလိုချင်တာလဲ?
“သခင်လေးကျီကလည်း နောက်အမျိုးသမီးတစ်ယောက်ကိုကြံရွယ်ထားတာက အပျော်လင်ဖြစ်ဖူးလို့လား”
ကျီကျိုးနင်သွားတယ်တစ်ခုခုမပြောခင်သွားကိုကြိတ်ပြီးတော့
“ကျွန်တော်ကအဲ့လိုစိတ်မဝင်စားပါဘူး ကျေးဇူးတင်ပါတယ်”
“သခင်လေးကမလုပ်ဖူးဘူးဆိုရင် ကျွန်မတို့ကတော်တော်တူတာဘဲလို့ဘာလို့ပြောရဲရတာလဲ”
“ကျွန်တော်ကအချက်အလက်ကိုဆိုချင်တာပါ ပြောချင်တာကဒုတိယမင်းသမီးလုလိုဘဲ ကျွန်တော်ရဲ့ဂုဏ်သတင်းကလည်းမကောင်းဘူး ကျွန်တော်ကသခင်မလေးလိုဘဲလို့ ပြောချင်တာမဟုတ်ဘူး”
ကျီကျိုးမျက်မှောင်ကြုံ့ပြီးတော့ သူ့ကြည့်ရတာစိတ်မချမ်းမသာဖြစ်နေသည်။
Chapter 238
April 22, 2024 by Nay Chi Lynn
Chapter 238
ကောင်မလေးတွေပိုပြီးအချစ်ခံရဖို့လိုနေပြီ....
လုလျန့်ဝေခေါင်းငြိမ့်ပြလိုက်တယ်။ သူ့ကိုအဓိပ္ပာယ်ပြည့်တဲ့အကြည့်တွေနဲ့ကြည့်လိုက်ပြီး
“အဲ့ဒါကဘာလို့လဲဆိုတော့နင်မြင်းတို့ကြက်ပွဲတို့ကိုလောင်းလို့လား ပြည့်တန်ဆာအိမ်တွေသွားပြီးတော့ အလေးနက်မထားတဲ့အရသာကိုသဘောကျနေလို့လား”
ကျီကျိုးမျက်နှာကအနည်းငယ်ပန်းရောင်သန်းသွားတယ်။
“ငါကပြည့်တန်ဆာအိမ်တွေလည်းမသွားသလို အလေးနက်မထားတဲ့အရသာကိုလည်း သဘောမကျဘူး ကျေးဇူးပါ”
အဲ့တာကလုလျန့်ဝေကသူ့ကိုသုံးသပ်ရုံဘဲရှိသေးတယ်။ သူ့အရှေ့ကကောင်လေးက ငယ်လည်းငယ်သလိုကြည့်လို့လည်းကောင်းတယ်။ သူ့ရဲ့စကားပြောတဲ့ပုံစံကိုသာဖယ်ထားလိုက်ရင် သူကအမှန်တကယ်တော့ကြည့်လို့ကောင်းတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ချမ်းသာတဲ့မိသားစုကမွေးဖွားလာတဲ့ဆိုတဲ့အတိုင်း သူ့မှာကြက်လောင်းတာနဲ့ မြင်းလောင်းတာဆိုတဲ့မကောင်းတဲ့အကျင့်တော့ရှိတယ်။
“ငါ့အတွက်ခင်ပွန်းလောင်းရွေးချယ်တဲ့အစီစဉ်ကိုနင်ကြားပြီးပြီမလာ””
သူမရုတ်တရက်မေးလိုက်သည်။
ကျီကျိုးခေါင်းမငြိမ့်ခင် အနည်းငယ်ရပ်တန့်သွားတယ်။
“ကြားပြီးပြီ”
အဲ့ဒီသတင်းကြောင့်ဘဲသူ့အဖေကသူ့ကို ဒီကိုအလျင်အမြန်ဆွဲခေါ်လာတာဘဲဖြစ်တယ်။
အမှန်တကယ်တော့ သူကလုလျန့်ဝေကိုသဘောအရမ်းမကျဘူး။ ပြီးတော့သူ့အဖေရဲ့ ဆုံးဖြတ်ချက်ကိုလည်းသဘောမတူဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် သူဒီနေ့လုလျန့်ဝေကိုတွေ့လိုက်ရတော့ သူမကသူထင်ထားသလို ပျင်းဖို့မကောင်းဘူးဆိုတာသိလိုက်ရတယ်။
အကယ်၍သူမကိုသာလက်ထပ်လိုက်ရင် သူ့ရဲ့အနာဂတ်က ပျင်းစရာမကောင်းလောက်ဘူးဆိုတာ သေချာတယ်။
“ငါ့အဖွားနဲ့ငါ့အဖေကငါ့အတွက်ခင်ပွန်းကိုရွေးချယ်ပေးချင်နေတယ် နင်စိတ်ဝင်စားတယ်ဆိုရင် သုခဘုံလမ်းကိုသွားပြီးတော့ ဘဏ္ဍာစိုးဝမ်ဆီမှာစာရင်းသွားပေးနိုင်တယ်”
သူမကိုအံဩသွားစေတာက ကျီကျိုးကဒေါသမထွက်တဲ့အပြင် ကစားသလိုလေသံနဲ့ပြန်ဖြေလိုက်သည်။
“ငါ့အဖေသာသဘောတူရင် ငါကလုမိသားစုရဲ့မွေးစားသမက်ပျော်ပျော်ကြီးလုပ်ရဲတယ်”
မျိုးရိုးမြင့်တဲ့အိမ်ကသားတစ်ယောက်အနေနဲ့ သူဘယ်လောက်အရည်ချင်းမပြည့်မီမီ အမြဲတမ်းမာနကြီးနေရမှာလေ သူ့ကိုတစ်စုံတစ်ယောက်ကဒီလိုပြောနေတာကို သူကဘယ်လိုများ ဒီတိုင်းရပ်ကြည့်နေနိုင်တာလဲ?
သူမကဒီလိုတိုက်ခိုက်ပြီးပြောလိုက်တာက သူ့ကိုဆွပေးပြီးတော့ သူ့ကိုနောက်ဆုတ်စေချင်သောကြောင့်ဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ကျီဇူကဒေါသမထွက်တဲ့အပြင် တစ်မျိုးမျိုးနဲ့ပိုပြီးတော့စိတ်ပါလာတဲ့ပုံဖြစ်လာတယ်။ သူ့ရဲ့အပြုအမူကသူမကိုစိတ်ရှုပ်ထွေးစေတယ်။
“ကောင်းပြီလေ နင်သာနင့်အဖေကို ငါ့ခင်ပွန်းအဖြစ်ခွင့်ပြုမယ်လို့ပြောနိုင်ရင်တော့ ငါ့ဘက်ကငြင်းစရာမရှိဘူး”
“ကောင်းပြီခဏနေရင်အဖေနဲ့သွားတိုင်ပင်လိုက်မယ် အကယ်၍သူခွင့်ပြုတယ်ဆိုရင် ငါသုခဘုံလမ်းကိုမနက်ဖြန်ချက်ချင်းသွားလိုက်မယ်”
သူစကားပြောတာရပ်သွားတော့ ကျီကျိုးကအားရဝမ်းသာပြုံးပြနေတယ်။
“ဒုတိယသခင်မလေးလု နင့်ရဲ့ပန်းခြံကတော်တော်လှတာဘဲ အပန်းမကြီးဘူးဆိုရင်လိုက်ပြပါလား”
အဲ့ဒီပြုံးပြနေတဲ့မျက်နှာကိုတော့ သူမကိုယ်တိုင်မငြင်းနိုင်ဘူး။ ပြီးတော့ဒီလူကအာရုံလည်းမနောက်ဘူး။ သူမရဲ့ဧည့်ဝတ်ကျေမှုညံ့ဖျင်းမှာကိုပြန်ပြောမှာကိုကာကွယ်ချင်တာနဲ့ အင်တင်တင်နှင့် သဘောတူလိုက်ရသည်။
“ကောင်းပြီလေ”
….
လုယန်က နန်းတော်သို့ပြန်လည်ရောက်ရှိသွားပြီ။
“လုပ်ကြံသတ်ဖြတ်ရေးသမားတွေဘယ်ကလာတယ်ဆိုတာ ရှာကြစမ်း”
သူကလေ့လာရေးအခန်းထဲဝင်လာတာနဲ့ အမိန့်ပေးလိုက်သည်။
သူ့နောက်ကလိုက်လာတဲ့ချူယွီကလည်း ရုတ်တရက်ခေါင်းငြိမ့်ပြလိုက်တယ်။
“ဟုတ်ကဲ့”
ချူယွီကခေါင်းမော့ပြီးတစ်ချက်ကြည့်လိုက်သည်။
လုယန်ကသူ့အမူအရာကိုကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
“မရှိပါဘူး”
သူက သူ့ရဲ့အရှင်ကဒုတိယမင်းသမီးလုကို အရမ်းသတိထားမိနေတာကိုအံ့ဩသွားတာဖြစ်တယ်။
“ကျွန်တော်အခုပဲ ဆောင်ရွက်လိုက်ပါ့မယ်”
ချူယွီထွက်သွားပြီးတဲ့နောက် ကျောက်ချန်ကအရှေ့သို့တိုးလာခဲ့တယ်။
“ဘာသတင်းအချက်အလက်လဲ”
ကျောက်ချန်က သူ့ကိုလုလျန့်ဝေဘာတွေလုပ်တက်လည်းဆိုတာကိုပြောပြလိုက်တယ်။ ပြီးတော့အမှာလေးတစ်ခုနဲ့အဆုံးသတ်လိုက်တယ်။
“အရှင်မိန်းမပျိုငယ်လေးတွေဆီကအချစ်ခံရဖို့ကလွယ်ပါတယ် သူမကြိုက်တတ်တာလေးတွေ လက်ဆောင်ပေးရင် သူမပျော်မှာအသေအချာပဲ”
သူမရဲ့အေးစက်ကြည်လင်တဲ့အကြည့်တွေကိုပြန်တွေးမိပြီး အဲ့ဒီအကြံကိုငြင်းပယ်လိုက်သည်။
လုလျန့်ဝေကငယ်တော့ငယ်ရွယ်တယ်။ ဒါပေမယ့်သာမာန်မိန်းမငယ်လေးတစ်ယောက်တော့ မဟုတ်ဘူး။ သူမကိုရဖို့သာလွယ်နေရင် သူကခုလို့အခက်ခဲတွေကျော်ဖြတ်နေရမှာမဟုတ်ဘူးလေ။
ဘယ်လိုပဲဖြစ်ဖြစ် ကျောက်ချန်ပြောတာမှန်တယ် မိန်းမပျိုလေးဆီကပိုပြီးတော့အချစ်ခံရဖို့လိုတယ်။
ဒါပေမယ့်သူဘယ်လိုလုပ်ရမလဲမသိဘူး?
Chapter 239
April 22, 2024 by Nay Chi Lynn
Chapter 239
ကြောက်ချွေးတွေပြန်လာသည်....
ကျောက်ချန်က သူ့အရှင်ကသူ့ကိုကြည့်လိုက်တဲ့အခါမှာ အံ့ဩပြီးတောင့်တင်းကာ ကြောက်ချွေးတွေပြန်လာသည်။
သူပြောမိတာတစ်ခုခုမှားသွားလို့လား?
သူစိတ်လှုပ်ရှားနေတဲ့အချိန်မှာပဲ လုယန်ကရုတ်တရက်ပြောလိုက်သည်။
“ဒီနေ့ကစပြီးတော့ ဒုတိယမင်းသမီးလုကြိုက်တဲ့လက်ဆောင်တစ်ခုစီ နေ့တိုင်းပို့ပေးလိုက်”
ဒါကိုကြားလိုက်တော့ ကျောက်ချန်တိတ်တိတ်လေးသက်ပြင်းချပြီး အလျင်အမြန်ပြန်ဖြေလိုက်ပါသည်။
“ဟုတ်ကဲ့ပါအရှင်”
လုံးဝတော့မယုံကြည်သေးတာမို့ လုယန်ထပ်ပြောလိုက်တယ်။
“ဒါပေမယ့်နေ့တိုင်းမင်းပို့မယ့်လက်ဆောင်ပစ္စည်းတွေကို ငါ့ကိုအရင်ပေးစစ်”
ကျောက်ချန်ချက်ချင်းသဘောတူလိုက်သည်။
မြို့စားချုပ်အိမ်ရာ၌။
ကျီချင်ယွင်နှင့်သူ့သားပြန်သွားတဲ့အခါမှာတော့ လုလျန့်ဝေကသူကိုယ်တိုင်မက်မွန်သီးတွေကို သက်ရှည်ခန်းမဆီယူမသွားခင် အစေခံတွေကိုဆေးခိုင်းလိုက်သည်။
သူမအသက်ရှည်ခန်းမထဲခြေလှမ်းလိုက်တာနဲ့ သူ့အဖေနဲ့အပြင်ကပြန်လာတဲ့သူ့ရဲ့အစ်ကိုတို့နဲ့ တည့်တည့်တိုးသွားသည်။
“အဖေနဲ့ အကိုကြီး”
လုဟယ့်ထျန်းကသူမဆီလမ်းလျှောက်သွားပြီး လက်ထဲမှာကိုင်ထားတဲ့ မက်မွန်သီးတွေကိုတွေ့တော့ အံ့ဩသွားသည်။
“နင်ဒီနေ့အားလပ်ဆောင်ကိုသွားထားတာလား”
လုလျန့်ဝေခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ပါတယ်”
လုထင်ချန်းကပန်းကန်ထဲက မက်မွန်သီးတစ်စိတ်ကိုယူလိုက်ပြီးတော့ သူကအဲ့ဒါကို စပ်စုစွာကြည့်နေသည်။
လုဟယ့်ထျန်းကသူ့ရဲ့အမူအရာကိုသိပ်မကြိုက်ပဲ နှာခေါင်းမှုတ်လိုက်သည်။
“မက်မွန်သီးမကြိုက်ဘူးဆိုရင် အဖေအတွက်ထဲကကျွန်တော်ကူပြီးစားပေးမယ်”
“မင်းစားတာအပြင်ဘာလုပ်တတ်လဲ”
လုထင်ချန်းကနောက်တစ်ကိုက်ကိုက်ပြီးတော့ အေးဆေးပြန်ပြောလိုက်သည်။
“ကျွန်တော်ကအဖေ့သားလေ ကျွန်တော်ဘာလုပ်နိုင်တယ်ဆိုတာ အဖေသိသင့်တာမဟုတ်ဘူးလား”
ဒေါသထွက်နေပြီး လုဟယ့်ထျန်းသူ့ကိုထပ်အော်ဖို့လုပ်နေတဲ့အချိန်မှာ လုလျန့်ဝေက သူ့ရဲ့လက်ကိုဆွဲလိုက်တယ်။
လုဟယ့်ထျန်းကသူ့အမေအကြောင်းတွေးမိပြီး စိတ်ကိုလျှော့လိုက်တယ်။ သူ့ရဲ့နူးညံ့သိမ့်မွေ့တဲ့သူ့သမီးလေးက လက်ကမောင်းကိုတွဲဖက်ထားတာကိုကြည့်ပြီး သူ့ဘာသာသူပြောနေမိတယ်။
သူပြောပြီးပြီးချင်းမှာပဲ မကျေနပ်တဲ့အကြည့်နဲ့လုတင်ချန်ကိုကြည့်လိုက်ပြီး လုလျန့်ဝေလက်ထဲမှမက်မွန်သီးပန်းကန်ကိုယူပြီး သူမရဲ့လက်ကိုကိုင်ပြီးအထဲဝင်သွားသည်။
လုလျန့်ဝေကအနောက်လှည့်ပြီးတော့ ကိုယ့်ကိုယ်ကိုဟုတ်လှပြီဆိုတဲ့မျက်နှာထားမျိုး လုထင်ချန်းကိုလုပ်ပြလိုက်သည်။
လုထင်ချန်းတစ်ယောက်လက်ထဲက မက်မွန်သီးကတော်တော်အရသာမရှိတော့ဘူးလို့ခံစားနေရသည်။
သူတို့သုံးယောက်ရောက်လာတာကိုတွေ့တော့ မြို့စားဟောင်းကတော်က ဒီနေ့ကျီချင်ယွင်လာလည်တဲ့ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်သည်။
လုထင်ချန်းကမျက်မှောင်ကြုံ့ပြီး ပထမဦးဆုံးသဘောမတူဘူးပြောသည်။
“ကျီကျိုးကလူကောင်းမဟုတ်ဘူး သူကသူ့ရဲ့အမှိုက်လိုအပေါင်းသင်းတွေနဲ့ နေရာတိုင်းမှာပြဿနာလုပ်နေတာ သူကဝေဝေနဲ့လုံးဝမတန်ဘူး”
လုဟယ့်ထျန်းလည်းသဘောမကျဘူး။
“အဲ့ဒါတော့ငါလက်ခံတယ် သူကမသင့်တော်ဘူး”
လုလျန့်ဝေဘာမှမပြောဘူး။ ဒါပေမယ့်နည်းနည်းအံ့ဩသွားတယ်။ ကျီချင်ယွင်ကသူမကိုဘာသဘောကျတာလဲ။
မြို့စားဟောင်းကတော် သက်ပြင်းချလိုက်သည်။
“ငါလည်းကျိုးလေးက ဝေဝေကိုပျော်အောင်လုပ်ပေးနိုင်မယ်မထင်ဘူး ဒါပေမယ့် နန်းတော်ထဲဝင်သွားတာထက် ကျီမိသားစုဆီသွားတာကပိုကောင်းတယ်လို့ငါခံစားမိနေတယ်”
လုဟယ့်ထျန်းလန့်သွားသည်။
“အမေ ဆိုလိုချင်တာက...”
မြို့စားဟောင်းကတော်ကသူ့က်ုကြည့်ပြီးတော့ ချက်ချင်းပြောလိုက်သည်။
လုထင်ချန်းချက်ချင်းဆိုသလို သူ့လက်ထဲကမက်မွန်သီးကသူ့လက်ကိုလောင်ကျွမ်းနေသလိုမျိုး ခံစားမိသွားသည်။
သူကဧက္ကရာဇ်နဲ့နေ့တိုင်းတွေ့နေရတာဖြစ်တယ်။ ဧက္ကရာဇ်ဆီကလက်ဆောင်မရဘူးဆိုတာကထိတ်လန့်ဖွယ်ကောင်းတယ်။ ဒါပေမယ့်အခုဧက္ကရာဇ်ကခုမက်မွန်းသီးနဲ့သူတို့ကိုဆုချလိုက်တယ်။
“ဒီနေ့ဧက္ကရာဇ်က ဝေဝေကိုတော်ဝင်နားနေဆောင်ဆီခေါ်သွားတယ်”
မြို့စားဟောင်းကတော်ဆက်ပြောသည်။
အဲ့ဒီအချိန်မှာဘဲလုဟယ့်ထျန်းကော လုထင်ချန်းကော ခဏအနောက်ဆုတ်သွားပြီး လုလျန့်ဝေကိုဝိုင်းကြည့်နေကြသည်။
အစကတော့လုလျန့်ဝေက ဒီကိစ္စကိုအဖွားကိုမပြောချင်ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်လုယန်ကသူမကို ဒီလိုမျိုးအိမ်ပြန်လိုက်ပို့တော့ သူမ,မပြောရင်တောင်သူ့အဖွားကသံသယဝင်နေတာဖြစ်တယ်။