အခန်း (၂၄၀-၂၄၂)
Vol. 5 Ch. 240-242
Chapter 240
သူကဘယ်လိုလုပ် ဒီကလေးမလေးနဲ့နောက်လိုက်ရဲရတာလဲ...?
သူမအဖွား သူမကိုစစ်ဆေးတာကိုစောင့်နေတာထက် သူမအကုန်လုံးကို ဖွင့်ချပြောဆိုလိုက်မှာဖြစ်တယ်။
အဲ့လိုမှမဟုတ်ရင် လုယန်ကတစ်ရက်သူ့မကိုလာတောင်းရမ်းတဲ့အခါကျရင် သူ့အဖွားနှင့်အဖေ သတိလက်လွတ်ဖြစ်နေမှာဖြစ်တယ်။
သူမကသာ လုယန်ရဲ့ဆုံးဖြတ်ချက်ကိုပြောပြထားရင် သူမကသူတို့ကို သတင်းအချို့လည်းပေးနိုင်မယ်။
သူတို့တွေကအကြံတစ်ခုနဲ့လာပြီးတော့ အရာအားလုံးပြောင်းလဲသွားတယ်။
လုလျန့်ဝေက သူ့အဖေနဲ့သူ့အစ်ကိုရဲ့သူမကိုစေ့စေ့စပ်စပ်ကြည့်နေတဲ့မျက်လုံးတွေကိုတွေ့သွားသည်။
“အစ်ကိုကြီး ဧက္ကရာဇ်က အစ်ကို့နာမည်ကိုသုံးပြီးတော့ တော်ဝင်နားနေဆောင်ကိုလာဖို့ဖိတ်တော့ လမ်းတစ်ဝက်မှာတစ်စုံတစ်ယောက်နဲ့တွေ့ခဲ့တယ်”
အကယ်၍လုလျန့်ဝေကိုယ်တိုင်သာမပြောရင် သူယုံမှာမဟုတ်ဘူး။ ဧက္ကရာဇ်ကဒီလိုမျိုးအရာမလုပ်ဘူးဆိုတာ သူယုံကြည်တယ်။
လုဟယ့်ထျန်းရဲ့အမူအရာကလည်း ပျော်နေတဲ့ပုံမဟုတ်ဘူး။
သူဒေါသဖြစ်စေတာက ဧက္ကရာဇ်ကသူတို့ကိုအသိမပေးပဲ ဒီလိုဝေဝေနဲ့နှစ်ယောက်ထဲတွေ့တာကိုပဲ။ ဒီသတင်းသာပျံ့သွားရင် ဝေဝေရဲ့ဂုဏ်သတင်းကထိခိုက်နိုင်တယ်။
ဒါပေါ့..တခြားသူတွေကဧက္ကရာဇ်ကိုတော့ပြောကြမှာမဟုတ်ဘူး။ ဝေဝေကိုသာဝိုင်းအပြစ်ပြောပြီး ဧက္ကရာဇ်ကိုသွေးဆောင်ဖြားယောင်းနေတယ်လို့ပြောကြမှာ။
ဒါကိုတွေးနေပြီး လုဟယ့်ထျန်းကအမျက်ဒေါသနဲ့စိမ်းစိမ်းဝါးဝါးကြည့်နေသည်။
သူ့ရဲ့အမူအရာပြောင်းသွားတာတွေ့တော့ လုလျန့်ဝေကစိတ်သက်သာရာရအောင်ပြောသည်။
“အဖေ ဧက္ကရာဇ်ကကျွန်မကိုဘာမှမလုပ်ပါဘူး သူကမက်မွန်သီးတွေပေးဖို့ကျွန်မကိုဖိတ်လိုက်တာပါ”
လုဟယ့်ထျန်းရဲ့မျက်နှာထားကခက်ထန်နေတုန်းပဲ။ သူ့ရဲ့ဂုဏ်သတင်းကြောင့်သာမဟုတ်ရင် သူကနှစ်ခါမတွေးဘူး။ ဒီလူကိုဆွဲပြီးတော့ ကောင်းကောင်းရိုက်နှက်နေပြီ။
ဘယ်လိုဘဲဖြစ်ဖြစ်သူ့ရဲ့ဒေါသကိုသူ့အပေါ်ပုံချလိုက်လို့မရဘူး။
မြင့်မြတ်တဲ့ရှန်တိုင်းပြည်ကြီးက ပြည်သူပြည်သားတွေကစိတ်ဓာတ်ပွင့်လင်းပြီးတော့ စည်းမျဉ်းတွေအများကြီးမရှိဘူး။ လက်မထပ်ရသေးတဲ့ယောက်ကျာ်းနဲ့မိန်းမ နှစ်ယောက်ထဲတွေ့တာကတော့ သာမန်ကိစ္စဘဲဖြစ်တယ်။
ဘယ်လိုဘဲဖြစ်ဖြစ် သူ့ရဲ့မြေးမလေးပါဝင်ပက်သက်လာရင်တော့ သူမကဒီအခြေအနေတစ်ခုလုံးကို လက်မခံနိုင်ဘူး။
ဒီတင်းမာမှုကိုလေထုထဲမှာခံစားမိလိုက်ရပြီး လုလျန့်ဝေသက်ပြင်းချလိုက်သည်။
အကယ်၍သူမအဖွားနှင့်အဖေသာ ဧက္ကရာဇ်သူ့ရဲ့အိမ်ခန်းထဲညသန်းခေါင်ခိုးဝင်တာများသိရင် ထပြီးတော့တောင်ပုန်ကုန်ရင်ပုန်ကန်လိမ့်မယ်။
သူမခဏလောက်စဉ်းစားပြီးတဲ့အခါမှာတော့ သူတို့ကိုပြောပြဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
“အဖွား အဖေ အစ်ကိုကြီး ဧက္ကရာဇ်ကပြောတယ် သတို့သားရွေးချယ်ပွဲပြီးသွားတဲ့အခါကျရင် သူကိုယ်တိုင်မင်္ဂလာဆောင်ဖို့ လာတောင်းရမ်းမယ်လို့ပြောတယ်”
သူမဒီစကားတွေပြောပြီးပြီးချင်းမှာပဲ သုံးယောက်လုံးတောင့်သွားသည်။
မြို့စားဟောင်းကတော်က အရင်ဆုံးတုန့်ပြန်လိုက်သည်။
နန်းတော်ထဲဝင်မှာထက်စာရင် ရွေးချယ်ထားတဲ့ခင်ပွန်းလောင်းကိုဘဲယူလိုက်မယ်။ သူမကလွတ်လပ်ရတာပိုသဘောကျတယ်။
နန်းတော်ထဲဝင်ရောက်တာနဲ့သူမကလွတ်လပ်တော့မှာမဟုတ်ဘူး။ အဲ့ဒါတွေထက်ဧက္ကရာဇ်ကို အမျိုးသမီးတွေအများကြီးနှင့်အတူ မပြုစုချင်ဘူး။
သူမရဲ့မြေးမလေးရဲ့မှုန်နေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့ မြို့စားဟောင်းကတော်က သူမလည်းနန်းတော်ထဲမသွားချင်ဘူးဆိုတာ ချက်ချင်းသိလိုက်သည်။
ဘယ်လိုဘဲဖြစ်ဖြစ် ဧက္ကရာဇ်ကရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းပြောပြီးပြီ။ သူတို့ဘယ်လိုကန့်ကွက်နိုင်မှာလဲ။
မြို့စားဟောင်းကတော်ခဏလောက် သောကရောက်နေတဲ့မျက်လုံးဖြစ်သွားသည်။
လုဟယ့်ထျန်းလည်း သူ့ရဲ့အနေအထားကိုပြန်လည်ပြင်ဆင်ပြီးတော့ သူရဲ့မျက်လုံးထဲကအမှောင်ထုကလည်း အပြင်ကိုထွက်ကျလုနီးဖြစ်နေသည်။
ဧက္ကရာဇ်ကအရမ်းအသက်ကြီးနေပြီ။ ဘယ်လိုလုပ်ဒီလိုမိန်းမပျိုငယ်ငယ်လေးနောက်ကို အရှက်မရှိစွာလိုက်ရဲရတာလဲ!
ဧက္ကရာဇ်ရဲ့ပြောဆိုပုံတွေလူကြီးလူကောင်းပီသမှုကနေကြည့်ရရင် သူကအဲ့လိုမျိုး တဏှာစိတ်ရှိမယ့်လူလို့မထင်ထားဘူး။
ဝေဝေကဧက္ကရာဇ်ရဲ့သမီးအရွယ်အလောက်ပဲရှိတယ်။ အဲ့ဒါကိုတောင်သူက သူမအပေါ်ခံစားချက်ရှိနေတာဖြစ်တယ်။
လုဟယ့်ထျန်းရဲ့အမူအရာက စက္ကန့်အတွင်းမှာကြောက်ဖို့ကောင်းလာပြီးတော့ သူချက်ချင်းမတ်တပ်ရပ်လိုက်သည်။
“ငါလက်မခံနိုင်ဘူး ဒီကိစ္စကိုဧက္ကရာဇ်ကိုအခုသွားပြောမယ်”
မြို့စားဟောင်းကတော်ကလက်မောင်းကိုရိုက်ပြီးတော့ မျက်နှာထားတင်းတင်းနှင့်ပြောလိုက်သည်။
“အမေဧက္ကရာဇ်ကအသက်အရမ်းကြီးနေပြီ ဘယ်လိုလုပ်...”
“တိတ်စမ်း”
မြို့စားဟောင်းကတော်အမူအရာတင်းမာနေသည်။
လုဟယ့်ထျန်းမျက်နှာတစ်ခု လုံးသုန်မှုန်နေသည်။
Chapter 241
April 23, 2024 by Nay Chi Lynn
Chapter 241
ပုန်ကန်ဖို့ရည်ရွယ်ချက်ရှိခဲ့ရင်တောင်.......
မြို့စားဟောင်းကတော်ကသက်ပြင်းချလိုက်သည်။ သူကသူ့သားအကြောင်းကောင်းကောင်းသိတယ်။
လုမိသားစုရဲ့စစ်သူကြီးဖြစ်တဲ့အားလျော်စွာ သူကမရေမတွက်နိုင်လောက်တဲ့စစ်ပွဲတွေကို ရဲရင့်စွာအောင်မြင်လာခဲ့သူဖြစ်တယ်။ သူကရက်စက်ရမ်းကြုတ်တဲ့ အင်အားကိုပဲအားကိုးတတ်တဲ့ လူပုံစံမျိုးတော့မဟုတ်ဘူး။
ဘယ်လိုဘဲဖြစ်ဖြစ် ကိစ္စတွေကသူ့သမီးဝေဝေကိုပါဝင်ပက်သက်လာရင်တော့ သူ့ရဲ့ပုံစံကိုတော်တော်ထိန်းထားရတယ်။
လူတိုင်းက လုဟယ့်ထျန်းကိုသူ့ရဲ့ဉာဏ်ပညာကြွယ်ဝမှုတွေ နည်းစနစ်ကျတွေးတတ်ပုံတွေကြောင့် ချီးကျူးကြတယ်။ ဒါပေမယ့်ဘယ်သူမှမသိတာကသူက သူ့သမီးနဲ့သူ့အမေလက်ထဲက ပူတင်းလေးဆိုတာကိုပဲ၊ သူတို့ထဲကတစ်ယောက်ယောက်ကိုထိခိုက်ပက်သက်လာရင်တော့ သူ့ရဲ့စဉ်းစားဆုံးဖြတ်နိုင်စွမ်းတွေက လွှင့်ပျံသွားမှာဖြစ်တယ်။
“မင်းဘာလို့အရမ်းစိုးရိမ်နေတာလဲ၊ အမေလည်း ဝေဝေကိုလက်ထပ်ပြီးနန်းတော်ထဲသွားစေချင်တယ် ထင်လို့လား ဒါပေမယ့်တချို့ကိစ္စတွေက ဒေါသဘယ်လောက်ထွက်ထွက်ထုတ်မပြောသင့်ဘူး မင်းကိုယ်မင်းထိန်းစမ်း”
မြို့စားဟောင်းကတော်က လေသံမာမာနဲ့ပြောလိုက်တယ်။
လုဟယ့်ထျန်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်နေသည်။ သူ့လက်အနောက်ကသွေးကြောတွေလည်း ထိုးထွက်နေသည်။
အဲ့ဒါဘာလို့လဲဆိုတော့ သူကဝေဝေနဲ့ဧက္ကရာဇ်ကြားမှာဖြစ်ပျက်ခဲ့တာကို ကောင်းကောင်းကြီးမြင်ခဲ့ရလို့ဖြစ်သည်။
အဲ့ဒါတွေထက် သူကအရင်ထဲကရိပ်တော့ရိပ်မိနေတယ်။ ဒါပေမယ့်မထင်ထားတာက သူ့ရဲ့ခန့်မှန်းချက်တွေတကယ်ဖြစ်လာပြီးတော့ ဧက္ကရာဇ်ကခုလိုလျင်လျင်မြန်မြန်လုပ်မယ် မထင်ထားဘူး။
ပြီးတော့သူက ဧက္ကရာဇ်ပေါ်သစ္စာခံထားတာဖြစ်တယ်။ သူကဧက္ကရာဇ်မကောင်းကြောင်းကို သူမပြောနိုင်ဘူး။
ဘာပဲဖြစ်ဖြစ် ဧက္ကရာဇ်ကသူ့ညီမလေးကိုလက်ထပ်ချင်တာနဲ့ပက်သက်ပြီး ခံစားချက်တွေ နည်းနည်းရောထွေးနေသည်။
ဟိုရက်ကကျင်းပသွားတဲ့နန်းတော်စားသောက်ပွဲမှာထဲက ဧက္ကရာဇ်ရဲ့ ဝေဝေအပေါ်ပြောဆိုတဲ့ အပြုအမူတွေကိုကြည့်ပြီး ဧက္ကရာဇ်ကသူမကိုလိုချင်နေမှာစိတ်ပူနေကြသည်။ အဲ့တာကြောင့်လည်းဝေဝေအတွက်ခင်ပွန်းလောင်းရွေးချယ်ပွဲကိုအမြန်ဆုံးကျင်းပရခြင်းဖြစ်တယ်။
ဒါကိုလုပ်ခြင်းဖြင့် ဧက္ကရာဇ်ကသူမကိုရအောင်ကြိုးစားနေတဲ့ အားထုတ်မှုလည်း ရပ်စဲသွားမယ်ဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ်သူတို့က ဧက္ကရာဇ်ရဲ့ဝေဝေပေါ်ထားတဲ့ခံစားချက်ကို လျှော့တွက်မိလိုက်တာဖြစ်တယ်။
လုမိသားစုက ဝေဝေတွက်ခင်ပွန်းလောင်းရွေးချယ်နေတာကိုသိတာတောင် ဧက္ကရာဇ်ကဝင်ပါလာပြီ။ ပြောရရင်သူလိုချင်တာကို စိတ်ဆုံးဖြတ်ပြီးပြီဖြစ်သည်။
ဝေဝေကလွဲပြီးတော့ကျန်တဲ့သုံးယောက်လုံးမျက်မှောင်ကြုံ့ပြီးတော့ စိုးရိမ်စွာစဉ်းစားနေကြသည်.
“ဝေဝေ ဧက္ကရာဇ်ကဘာပြောခဲ့လဲ နင့်ကိုသူ့ရဲ့ကိုယ်လုပ်တော်တွေထဲကတစ်ယောက်အဖြစ်အနေနဲ့ လက်ထပ်ချင်တယ်လို့ပြောတာလား”
လုထင်ချန်းညင်ညင်သာသာစိတ်လျှော့ပြီး မေးလိုက်သည်။
“သူပြောတာတော့ ကျွန်မကိုသူ့ရဲ့ဧကရီအဖြစ်လက်ထပ်ချင်တာလို့ပြောတယ်”
ဘုရားသာသိမယ်။ သူအဲ့ဒီဧကရီဆိုတဲ့ဂုဏ်ပုဒ်ကိုစိတ်မဝင်စားဘူးဆိုတာကို။
ဘယ်လိုပဲဖြစ်ဖြစ် လုယန်ကသူမကိုကြင်ယာတော်နှင့်ဧကရီတစ်ခုခုရွေးဖို့ပြောထားသည်။
သူမနန်းတော်ထဲသာဝင်ရမယ်ဆိုရင် ကြင်ယာတော်ဖြစ်မယ်ဆိုတဲ့တုံးအတဲ့ရွေးချယ်မှုကိုတော့ ရွေးချယ်မှာမဟုတ်ဘူး။
ကြင်ရာတော်တွေကစွဲမက်ဖွယ်ကောင်းပေမယ့် အဆုံးကျရင်ကိုယ်လုပ်တော်အဖြစ်နှင့် အဆုံးသတ်သွားရတာဖြစ်တယ်။
မြို့စားချုပ်ဂုဏ်ပုဒ်နဲ့ဆို ဝေဝေကဧကရီဖြစ်ဖို့ထိုက်တန်သည်။
“မနက်ဖြန်ငါနန်းတော်ထဲသွားပြီး ဧက္ကရာဇ်နဲ့တွေ့ဖို့သွားတောင်းဆိုမယ်”
“အဖွားက ဧက္ကရာဇ်ရဲ့အမိန့်ကိုနောက်ဆုတ်ပေးဖို့သွားတောင်းဆိုမလို့လာ”"
“ဧက္ကရာဇ်က သူ့ရဲ့ရည်ရွယ်ချက်ကိုရှင်းအောင်မလုပ်ရသေးဘူး သူ့ရဲ့ရည်ရွယ်ချက်ကို ငါနဲ့မင်းအဖေကိုမပြောရသေးဘူး အဲ့ဒီတော့ငါ့တို့ကမသိချင်ယောင်ဆောင်ပြီးတော့ ဝေဝေကိုသူ့မြေးမလေးဖြစ်ခေါ်ယူဖို့ သွားတောင်းဆိုမယ်”
သူမဒီစကားပြောလိုက်တဲ့အချိန်မှာ အားလုံးကထိတ်လန့်သွားတယ်။
ဧက္ကရာဇ်ကသူ့သမီးကိုလက်ထပ်ချင်တာကို သူတို့ကမြေးအဖြစ်ခေါ်ယူဖို့သွားတောင်းဆိုမှာဖြစ်တယ်။
အခုလိုအကြံပေးချက်က ဧက္ကရာဇ်ကိုဒေါသထွက်စေမှာဖြစ်တယ်။
မြို့စားဟောင်းက အကျိုးဆက်ကိုနားလည်တယ် ဒါပေမယ့်လည်း~~
လုမိသားစုကတရားစီရင်ရေးရုံးနဲ့ဧက္ကရာဇ်ပေါ်ကိုမျိုးဆက်လိုက်သစ္စာရှိခဲ့တာဖြစ်တယ်။ အဲ့တာကနောက်ဆုံးမှာ သူ့သမီးကိုစတေးရရင်တောင်လား...?
ရုတ်တရက်အတွေးတစ်ခုဝင်လာပြီး သူအလျင်အမြန်ပြောလိုက်သည်။
“ဒီနေ့ကျီချင်ယွင်က ငါတို့ဆီကိုလက်ထပ်ဖို့လာပြောတာမလား တခြားနည်းလမ်းမရှိတော့ရင် ငါတို့ကျီကျိုးနဲ့ဝေဝေကိုမြန်မြန်လက်ထပ်ပေးလိုက်ရင်ကော ဘယ်လိုလဲ”
လုထင်ချန်းမျက်နှာသုန်မှုန်သွားတယ်။ ကျီကျိုးကမသင့်တော်ပေမယ့် အခြေအနေအရဆိုရင်တော့ နန်းတော်ထဲမဝင်ရောက်နိုင်အောင် သူနဲ့ဝေဝေနဲ့ကိုလက်ထပ်ပေးမှရမယ်။
Chapter 242
April 23, 2024 by Nay Chi Lynn
Chapter 242
သူ့ကိုဘေးအန္တရာယ်ဖြစ်မှတ်ယူသည်>
ခဏလောက်တော့ သူတို့အားလုံးတစ်ယောက်တစ်မျိုးနှင့် စိတ်တိုနေကြသည်။
သူမရဲ့အဖွား၊ အဖေနဲ့အစ်ကိုတို့ သူမအရေးနဲ့ပက်သက်ပြီးစိုးရိမ်နေတာကိုမြင်ရပြီး သူမအပြစ်ရှိသလိုခံစားနေရသည်။
“အဖွားအဖေအစ်ကိုကြီး...”
သူမပြောချင်နေတယ်။
‘စိတ်ထဲမထားနဲ့တော့သမီးနန်းတော်ထဲဘဲဝင်လိုက်မယ်’သူမကြောင့်သူမရဲ့မိသားစုကိုအန္တရာယ်မဖြစ်စေချင်ဘူး။
ဘယ်လိုဘဲဖြစ်ဖြစ် သူမပြောလို့မပြီးခင်မှာပဲ လုဟယ့်ထျန်းကဝင်ပြောသည်။
“မနက်ဖြန်အမေကနန်းတော်ကိုသွားပြီး ဧက္ကရာဇ်နဲ့တွေ့လိမ့်မယ် အဲ့ဒီအချိန်မှာ ငါကကျီမိသားစုဆီသွားပြီးတော့ မင်္ဂလာကိစ္စကိုကျီချင်ယွင်နဲ့သွားတိုင်ပင်လိုက်မယ် ဧက္ကရာဇ်က ဝေဝေကိုမြေးအဖြစ်မွေးစားဖို့ငြင်းပြီး အမေ့ကိုတစ်ခါထဲမင်္ဂစကားပြောလိုက်မှာ စိုးရိမ်တယ် အဲ့ဒါကြောင့် ငါကကျီအိမ်ရာကိုသွားပြီးမင်္ဂလာကိစ္စပြောထားမယ် ဧက္ကရာဇ်ကမြေးအဖြစ်မွေးစားဖို့သဘောမတူရင်တောင် သူကသတို့သမီးကို ပြန်ပေးဆွဲတဲ့လုပ်ရပ်မျိုးတော့ လုပ်မှာမဟုတ်ဘူး”
“ဒါပေါ့ ကျီမိသားစုနဲ့မင်္ဂလာကိစ္စက ခဏသုံးထားတာဖြစ်တယ် ငါတို့ပထမဆုံးသဘောတူထားလို့ရတယ် ဧက္ကရာဇ်ကသာဝေဝေဆီစိတ်မရောက်တော့ဘူးဆိုရင် ဝေဝေကလည်းကျီကျိုးကိုတကယ်သဘောမကျရင် ငါတို့မင်္ဂလာပွဲကိုဖျက်သိမ်းလို့ရတယ်”
လုဟယ့်ထျန်းက ဒီအချိန်မှာတော့စိတ်အေးလက်အေးနဲ့ အမိန့်ပေးတဲ့အပြုအမူနှင့်ပြောကြားနေသည်။
မြို့စားဟောင်းကတော်ကလည်း သူ့စကားတွေကိုအပြည့်ဝယုံကြည်တယ်။
“မင်းအစီစဉ်ကပိုပြီးတော့ကောင်းတယ် ငါလည်းမနက်ဖြန်နန်းတော်ထဲသွားပြီး ဧက္ကရာဇ်နဲ့တွေ့ဖို့ခံစားချက်ကမကောင်းဘူး ဧက္ကရာဇ်ကအတင်းတောင်းရမ်းတဲ့ကိစ္စကို ပြောမှာစိုးရိမ်နေတာ အကယ်၍ မင်းသာကျီချင်ယွင်နဲ့မင်္ဂလာကိစ္စပြောပြီးပြီဆိုရင် ဧက္ကရာဇ်ဘယ်လောက်စိတ်ဆိုးစိတ်ဆိုး သူကသတို့သမီးကိုတော့ခိုးမှာမဟုတ်ဘူး ဒါကကောင်းတဲ့အကြံပဲ လုပ်လိုက်ကြစို့”
သူကဧက္ကရာဇ်ဆီမှာအမှုထမ်းနေပေမယ့် သူကဝေဝေကိုလက်ထပ်ချင်ရင်တော့ သူ့ဘက်မှာမနေနိုင်ဘူး။
ရုတ်တရက်ဖြစ်ပျက်နေတာကိုကြည့်ပြီးတော့ လုလျန့်ဝေပြောဖို့စကားပျောက်နေသည်။
‘အဖွားနဲ့အဖေကဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ အဲ့အတိုင်းပဲလုပ်ကြတာပေါ့”
ဒါပေမယ့်လည်း ဒါကအသုံးမဝင်လောက်ဘူးလို့ သူမခံစားနေရတယ်။ သူမကအင်တင်တင်နဲ့ပဲ အမိန့်နာခံပြီးနန်းတော်ထဲကိုဝင်ရမှာဖြစ်တယ်။
ကိစ္စတွေကသာအဆင်မပြေဘူးဆိုရင် ဒီဟာကနောက်တစ်ဆင့်လို့သူမဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် လုမိသားစုကကျီမိသားစုကိုပေါ်တင်အသုံးချမှာကိုကော သူတို့ကအသာတကြည်လက်ခံမှာလား?
သူမကနန်းတော်ထဲလည်းမဝင်ချင်သလို လက်ထပ်ပြီးတော့ကျီမိသားစုထဲလည်းမသွားချင်ဘူး သူမမင်္ဂလာပွဲဖျက်ရင်ကော ကျီမိသားစုကသဘောတူပါ့မလား?
ဘယ်လိုပဲဖြစ်ဖြစ် သူ့အဖေရဲ့စိတ်ပိုင်းဖြတ်ထားတဲ့အကြည့်တွေကိုမြင်ပြီး သူမရဲ့သံသယတွေကို ဖိနှိပ်ထားလိုက်သည်။
သူမကလက်မထပ်ချင်ဘူး။ သူမကလုမိသားစုထဲမှာပဲ တစ်သက်လုံးနေသွားချင်တာဖြစ်တယ်။
သူမမိသားရဲ့နွေးထွေးမှုက လိုချင်မှုကိုပြင်းထန်စေသည်။
နန်းတော်ထဲမှာတော်တော်မိုးချုပ်နေပေမယ့် ဘုရင့်နန်းဆောင်ထဲမှာတော့ မီးတွေလင်းနေတုန်းဖြစ်တယ်?