အခန်း (၂၄၃-၂၄၅)
Vol. 5 Ch. 243-245
Chapter 243
မြို့စားဟောင်းကတော်နှင့် လုယန်....
“မြို့စားကျီက အလုပ်လည်းကြိုးစားတယ် ပြီးတော့တရားစီရင်ရေးမှာများစွာပါဝင်လာခဲ့တာ သူ့ရဲ့သားကလက်ထပ်ဖို့အရွယ်ရောက်လာပြီဆိုတော့ ဓလေ့ရိုးရာဝန်ကြီးဌာနကို သူ့အတွက် မျိုးရိုးမြင့်အိမ်ကအမျိုးသမီးကိုရွေးချယ်ပြီးတော့ ကျီဇူနဲ့သူမကိုမင်္ဂလာဆောင်မယ့်ရက်ပါ သက်မှတ်ပေးလိုက်တော့”
လုယန်က သူ့ရဲ့အမိန့်ကိုအေးဆေးတည်ငြိမ်တဲ့အသံနဲ့ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
လန့်ပြီးတော့ ကျောက်ချန်အမိန့်နာခံစွာဦးညွှတ်လိုက်သည်။
“ကျွန်တော်ဒီအမိန့်ပြန်တမ်းကို ချက်ချင်းသွားပို့လိုက်ပါ့မယ်”
သူ့ဘာသာသူစဉ်းစားနေတယ်။
‘ဘယ်လောက်ပဲ မြို့စားဟောင်းကတော်နဲ့မြို့စားချုပ်အပြုအမူကခက်ခဲပစေ သူတို့တိုင်ပင်ပြီးတာနဲ့ချက်ချင်းရှီရိကပြန်ပြောလိမ့်မှာကိုတော့ သူတို့သတိမထားမိဘူးဖြစ်တယ်’။
‘ဒီနေ့နန်းတော်ပြန်ရောက်တာနဲ့ ရှီရိကိုဒုတိယမင်းသမီးလုကိုစောင့်ရှောက်ဖို့ မြို့စားချူပ်အိမ်တော်ကိုပို့လိုက်တာကံကောင်းသွားတာပဲ သူ့မနက်ဖြန်ထိစောင့်နေရင် တော်တော်နောက်ကျသွားမှာ’
‘အကယ်၍ဒုတိယမင်းသမီးလုသာ ကျီမိသားစုနဲ့စေ့စပ်လိုက်ရင် ဘယ်လောက်ပဲသူ့သခင်ကသူမကိုသဘောကျကျ သူကသတို့သမီးကိုပြန်ပေးဆွဲလောက်တဲ့ထိ မရူးသေးဘူး’
‘ဒါပေမယ့်လည်း အရှင်ကအဲ့လိုမလုပ်ဘူးဆိုတာသေချာလို့လား’?
ကျောက်ချန် ရုတ်တရက်မသေချာသလိုခံစားလိုက်ရတယ်။ ဒီအချိန်ကာလပိုင်းတစ်ခုမှာ အရှင်ကဒုတိယမင်းသမီးလုအတွက်လုပ်ပေးခဲ့တာအများကြီးကိုမြင်ခဲ့ပြီးပြီ။ သူ့အရှင်ကသေရမယ်ဆိုရင်တောင် လက်လျှော့မှာမဟုတ်ဘူးလို့ ဝိုးတိုးဝါးတားခံစားမိနေသည်။
ကျောက်ချန်ထွက်သွားတော့ လုယန်က ရှီရိကိုမှာလိုက်သည်။
လုယန်ကလှည့်ပြီးတော့ သူ့ရဲ့အိပ်ဆောင်ထဲကိုဝင်သွားသည်။
တော်တော်မိုးချုပ်နေပြီ။ ဓလေ့ရိုးရာဝန်ကြီးလည်းအိပ်နေပြီဖြစ်တယ်။
ဒီအချိန်မတော်ကြီးမှာ ဝန်ကြီးရဲ့ဂိတ်တံခါးပေါက်ကို အကျယ်ကြီးလာခေါက်တာကြားလိုက်သည်။
ဝန်ကြီးကြားလိုက်ရတဲ့သူက ဘဏ္ဍစိုးကျောက်ဖြစ်နေသည်။ သူ့ရဲ့ကိုယ်လုပ်တော်ကုတင်ပေါ်ကနေ မြန်မြန်ထလိုက်သည်။ သူ့ကိုမစောင့်ခိုင်းရဲဘူးလေ။
ဝန်ကြီးက ညဘက်အချိန်မတော်ကြီးလာရောက်လည်ပတ်ရတဲ့ကိစ္စကို အလျင်မြန်လုပ်နေချိန်မှာဘဲ ကျောက်ချန်ကသူ့လက်ထဲကို အမိန့်ပြန်တမ်းကမ်းပေးလိုက်သည်။
“မနက်ဖြန်မနက်ပဲ လူရွေးပြီးတော့ မြို့စားကျီအိမ်ကိုသွားလိုက် ပြီးတော့အမိန့်ပြန်တမ်းကို ကြေညာလိုက်”
ဝန်ကြီးကအမိန့်စာတမ်းကိုမဖြည်ရသေးဘူး။ သူဖတ်ကြည့်လိုက်တဲ့အခါမှာတော့ကြောင်သွားတယ်။ ကျောက်ချန်ရဲ့စကားတွေကြားပြီးနောက် သူမနေနိုင်ဘဲမေးလိုက်တယ်။
“ရွေးချယ်ထားတဲ့သူကို မင်းကြီးအရင်ကြည့်ဖို့မလိုဘူးလား”
“အရှင်မင်းကြီးက တရားစီရင်ရေးကိစ္စတွေနဲ့အလုပ်ရှုပ်နေတာ သူ့အဲ့ဒီအတွက်အချိန်ဘယ်လိုလုပ်ရှိမှာလဲ”
ကျောက်ချန်အသံကိုနိမ့်ပြီးတော့ စူးပြီးပြောလိုက်တယ်။ ပြီးတော့သူထပ်ပြောလိုက်တယ်။
“အရှင်မင်းကြီးကမင်းရဲ့စွမ်းရည်ကို အပြည့်အဝယုံကြည်ထားတာဝန်ကြီးလိရွေးချယ်တဲ့သူက ကြည့်ကောင်းပြီး စရိုက်ကကောင်းနေရင်ရပြီ”
“အဲ့တာဆို မင်းခုတစ်ယောက်ယောက်ကိုရွေးသင့်နေပြီ ဝန်ကြီးလိ မင်းမြို့စားကျီအိမ်ရာကို အမိန့်ပြန်တမ်းစာကြေညာဖို့သွားကိုသွားရမယ်”
ဝန်ကြီးလိက သူ့ကိုရုတ်တရက်စိတ်ချဖို့ပြောလိုက်သည်။
ဧက္ကရာဇ်ကမြို့စားကျီရဲ့သားကို ဘာလို့အမြန်ဆုံးလက်ထပ်ပေးချင်လည်း သူမသိပေမယ့် သူကအမိန့်ပြန်တမ်းကိုလိုက်နာဖို့ပဲလိုတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ညသန်းခေါင်မှာလုပ်ရမှာဆိုတော့ငြီးငွေ့ဖို့ကောင်းတယ်။ ကြည့်ရတာ သူဒီညတော့ထပ်အိပ်ရတော့မယ်မထင်ဘူး။
လုဟယ့်ထျန်းတရားစီရင်ရေးကပြန်လာပြီးတဲ့နောက် မြို့စားဟောင်းကတော်က နန်းတော်ကိုလှည်းနှင့်ထွက်သွားသည်။
အဲ့ဒီအချိန်မှာပဲ လုဟယ့်ထျန်းလည်းမြို့စားကျီအိမ်ရာကိုထွက်သွားတယ်။
နှစ်ယောက်လုံးလှုပ်ရှားစရာရှိတာကို လှုပ်ရှားနေကြပြီဖြစ်တယ်။
လုယန်ကတော်ဝင်လေ့လာရေးအဆောင်မှာ တရားရေးရာတွေကိုင်တွယ်နေစဉ် ကျောက်ချန်ကမြို့စားဟောင်းကတော်ကတွေ့ချင်တယ်လို့ သတင်းလာပို့သည်။
လုယန်ခဏလောက်ရပ်တန့်သွားသည်။ သူကမြို့စားဟောင်းကတော်လာရောက်တဲ့ ရည်ရွယ်ချက်ကိုသိထားပေမယ့်လည်း သူပြောလိုက်သည်။
သိပ်မကြာခင်မှာပဲ တော်ဝင်လေ့လာရေးအဆောင်ထဲကို ကျောက်ချန်ဦးဆောင်ပြီး မြို့စားဟောင်းကတော် ဝင်လာသည်။
တော်ဝင်စားပွဲဝိုင်းရဲ့အနောက်ကဧက္ကရာဇ်ကိုကြည့်ပြီးတော့ မြို့စားဟောင်းကတော်က ခြေလှမ်းအရှေ့ကိုတိုးပြီးတော့ နှုတ်ဆက်လိုက်သည်။
သူမပြောပြီးပြီးခြင်း ဓလေ့အတိုင်းအရိုသေပေးဖို့လုပ်တဲ့အချိန်မှာ လုယန်ကစားပွဲကနေထထွက်လာပြီး သူမရဲ့လက်ကိုချက်ချင်းကိုင်လိုက်သည်။
လုယန်ကသူ့လက်ကိုအနောက်သို့ဆုတ်လိုက်ပြီးတော့ ဖြည်းညင်းစွာပြောသည်။
လုယန်သူ့ရဲ့ခုံမှာထိုင်ပြီးချိန်မှာ မြို့စားဟောင်းကတော်ကသူ့ရဲ့ခုံအနီးနားကခုံမှာထိုင်လိုက်သည်။
ကျောက်ချန်က သူမကိုလက်ဖက်ရည်ကိုကျွမ်းကျင်စွာဧည့်ခံသည်။
မြို့စားဟောင်းကတော်ကယဉ်ကျေးစွာပြောလိုက်သည်။ ခွက်ထဲမှာတစ်ငုံလောက်သောက်ပြီးတော့ လုယန်ကိုကြည့်လိုက်သည်။
“အမှန်အတိုင်းပြောရရင် ကျွန်မဒီနေ့နန်းတော်ကိုလာတာ တောင်းဆိုစရာတစ်ခုရှိလို့ပါ”
လုယန်ကလက်ချောင်းနဲ့လက်ဖက်ရည်ခွက်ပေါ်မှာပုံဆွဲနေပြီးတော့ ပေါ့ပျက်ပျက်ပြောလိုက်သည်။
မြို့စားဟောင်းကတော်သာ ဝေဝေကိစ္စကြောင့်သာမဟုတ်ရင် ဒီစကားလုံးတွေနဲ့ လွှမ်းမိုးခံရမှာဖြစ်တယ်။
သူမက ဧက္ကရာဇ်အရွယ်ရောက်လာတာကိုကြည့်ခဲ့ရတာဖြစ်တယ်။ အသက်ဆယ့်သုံးနှစ်မှာပဲ ထီးနန်းကိုဆက်ခံပြီးတော့ ကြွယ်ဝတဲ့ဟာသဉာဏ်နှင့်ပရိယာယ်တို့ကြောင့် ကြီးမြတ်တဲ့ရှန်တိုင်းပြည်ကြီးက မကြုံစဖူးကြုံရတဲ့ချမ်းသာခြင်းတွေရရှိနေတာဖြစ်တယ်။
Chapter 244
April 24, 2024 by Nay Chi Lynn
Chapter 244
ကျွန်တော်ဒုတိယမင်းသမီးလုကိုကျွန်တော်ဓကရီအဖြစ်လက်ထပ်ချင်တယ်....
သူကပြောင်မြောက်တဲ့အုပ်ချုပ်တဲ့သူဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဧက္ကရာဇ်ရဲ့ အခုနူးညံ့မှုက ခဏဘဲဆိုတာသူမသိတယ်။
လုယန်က ဘယ်တုန်းကမှနူးညံ့တဲ့သူမဟုတ်ဘူး။ သူကမိုးကြိုးလိုပဲရက်စက်တယ်။
သူမသာဧက္ကရာဇ်ရဲ့နူးညံ့မှုကြောင့်ကန်းသွားရင် သူမဝေဝေအတွက် တိုက်ခိုက်နိုင်တော့မှာမဟုတ်ဘူး။
“အရှင်မင်းကြီး ကျွန်မကိုမြောက်ပြောနေပြန်ပြီ”
လုယန်က အဖက်မလုပ်တဲ့မျက်နှာထားနဲ့
“မယ်မင်းရဲ့ဘဝတစ်လျှောက်လုံး ကြီးမြတ်တဲ့ရှန်တိုင်းပြည်အတွက် ပြောင်မြောက်အောင်လုပ်ခဲ့တာဖြစ်တယ် တိုင်းပြည်အတွက်ကောတရားစီရင်ရေးမှာပါ ပါဝင်ခဲ့တယ် ကိုယ်တော်ကမယ်မင်းကိုအရမ်းလေးစားတယ် နိမ့်ချနေဖို့မလိုပါဘူး”
သူကအနောက်ကြောင်းပြန်ပြောတော့ မြို့စားဟောင်းကတော်နည်းနည်းခံစားမိသွားသည်။
အဲ့ဒီမှတ်ဉာဏ်တွေကိုဖြတ်သန်းပြီးတော့ သူမငယ်ရွယ်စဉ်ကမြင်းစီးပြီးတော့ ရန်သူ့စစ်သူကြီးခေါင်းတွေကို လိုက်ရိတ်သိမ်းခဲ့တာတွေကို ပြန်မြင်စေတယ်။
အဲ့ဒီနေ့ရက်တွေတုန်းက သူမကသူရဲကောင်းဆန်ပြီး အားအင်တွေပြည့်ဝနေခဲ့တာ ဒါပေမယ့်အဲ့ဒါတွေအားလုံးက အတိတ်တွေလေ....။
“ကျွန်မရဲ့ပြောင်မြောက်မှုတွေကိုဖော်ပြဖို့ မထိုက်တန်ပါဘူး အခုကျွန်မအသက်က၇၀ကျော်နေပြီ ကျွန်မတကယ်အသက်ကြီးနေပြီ”
လုယန်ကသူမပြောတာကိုမနှောင့်ယှက်ဘဲ ငြိမ်သက်စွာနားထောင်နေသည်။
“အမှန်တကယ်တော့ကျွန်မမှာနောင်တရစရာမရှိပါဘူး ကျွန်မစိတ်ပူတာ ကျွန်မရဲ့မြေးမလေးဝေဝေကိုပါပဲ အရှင်လည်းကြားမိမှာပေါ့ ကျွန်မမြေးမလေးဝေဝေက အတိတ်မှာ ရူးကြောင်ကြောင်တွေလုပ်ပြီးတော့ လူအများရယ်ရဲ့ရယ်စရာဖြစ်ခဲ့ပါတယ်အရှင်မင်းကြီး”
သူမှတ်မိတာဆိုလို့ သူမကလုချီနဲ့ တစ်ခါတွဲဖူးတယ်ဆိုတာပဲ။ သူ့မျက်လုံးထဲမှာအလင်းတစ်ခုလင်းသွားတယ်။
သူမကသူ့ကိုထပ်ခါထပ်ခါငြင်းနေတာ လုချီကိုသူမမမေ့သေးလို့လား?
လုယန်ကဖြစ်နိုင်တာတွေတွေးရင်းနဲ့ သူ့ရဲ့နှလုံးသားထဲမှာမကျေမချမ်းတွေဖြစ်လာတယ်။
“အရှင်မင်းကြီးကိုအမှန်အတိုင်းပြောရရင် သူမရဲ့ဂုဏ်သတင်းကအတိတ်မှာလုပ်ခဲ့တာတွေကြောင့် တော်တော်ဆိုးရွားနေပြီ သူမကိုကောင်းကောင်းလက်ထပ်ပေးဖို့ပိုပိုခက်ခဲလာတယ် အဲ့ဒါကြောင့်လည်း ကျွန်မတို့သတို့သားရွေးချယ်ဖို့ပြိုင်ပွဲကျင်းပခဲ့တာ သူမကိုချမ်းသာကြွယ်ဝတဲ့မိသားစုနဲ့ လက်ထပ်ပေးဖို့လည်း မမျှော်လင့်ထားပါဘူး ကျွန်မတို့ကသူမကို ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းဖြစ်ဖို့ပဲ မျှော်လင့်တာပါ အဲ့တာကနည်းနည်းပဲ သာမန်ပဲဆိုရင်တောင်”
“အရမ်းပြောနေပါပြီ သခင်မ ဒုတိယမင်းသမီးလုကအံ့ဩဖို့ကောင်းတဲ့လူပါ”
လုယန်ကမြို့စားဟောင်းကတော်ကို မျက်လုံးနက်နက်နဲ့ကြည့်ပြီးတော့ ရုတ်တရက်ပြောလိုက်သည်။
မြို့စားဟောင်းကတော်က သိမ့်သိမ့်တုန်ပြီးတော့ သူမရဲ့အကြည့်တွေကိုအောက်ချလိုက်သည်။ သူမကသူဆိုလိုခြင်းကိုနားမလည်ချင်ဟန်ဆောင်သည်။ သူမရဲ့ဒီနေ့လာရောက်တဲ့ ရည်ရွယ်ချက်ကိုပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် သူမပါးစပ်မဖွင့်ခင်မှာပဲ လုယန်ကထပ်ပြောလိုက်သည်။
“မယ်မင်းသာသဘောတူရင် ကိုယ်တော် ဒုတိယမင်းသမီးလုကို ဧကရီအဖြစ်လက်ထပ်ချင်တယ်”
လုလျန့်ဝေက သူမကိုဧက္ကရာဇ်က သူ့ရဲ့ဧကရီအဖြစ်လက်ထပ်ယူမယ်ပြောတုန်းက သူမအံ့ဩသွားတယ်။ ဒါပေမယ့်နည်းနည်းသံသယဝင်နေတုန်းပဲ။ ဘယ်လိုဘဲဖြစ်ဖြစ်သူမကိုယ်တိုင် ဧက္ကရာဇ်ဆီကတိုက်ရိုက်ကြားရတော့ သူမပိုလန့်ပြီးတော့မသက်သာဖြစ်စေတယ်။
ဧက္ကရာဇ်ကသူမပြောတာကိုတောင် ဆုံးအောင်နားမထောင်ပဲ သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းပြောတာကို မထင်မှတ်ထားတာဖြစ်တယ်။
မြို့စားဟောင်းကတော်က ထိတ်လန့်တုန်လှုပ်သွားသည်။ သူမကအလျင်အမြန်ပဲ သူမရဲ့စိတ်ခံစားချက်တွေကိုစုပြီးတော့ ကြမ်းပြင်မှာဒူးထောက်လိုက်တယ်။
“အရှင်မင်းကြီးဝေဝေကငယ်ပါသေးတယ် အဲ့ဒါတွေထက်အဲ့ကလေးမလေးက ဂရုမစိုက်ရူးကြောင်ကြောင်နိုင်ပါတယ် ဘာလို့ဆိုကျွန်မနဲ့မြို့စားချုပ်တို့က သူမကိုအရမ်းအလိုလိုက်ထားခဲ့လို့ပါ သူမကစည်းမျဉ်းတွေကိုလည်းမလေးစားဘူး ဧကရီဆိုတာကတိုင်းပြည်ရဲ့မိခင်ပါ ဝေဝေမှာအဲ့ဒီနေရာအတွက် ပင်ကိုယ်စွမ်းရည်လည်းလုံးဝမရှိဘူး အမိန့်ကိုပြန်ရုတ်သိမ်းပေးဖို့တောင်းပန်ပါတယ် အရှင်မင်းကြီး”
လုယန်ကသူ့ထိုင်ခုံမှာထိုင်နေပြီးတော့ကြမ်းပြင်မှာဒူးထောက်နေတဲ့မြို့စားဟောင်းကတော်ကို ခံစားချက်မဲ့တဲ့မျက်နှာနဲ့ကြည့်နေသည်။
ဒီတစ်ခါမှာတော့သူက သူမကိုထဖို့မကူတော့သလို ထဖို့လည်းမပြောတော့ဘူး အဲ့ဒါထက်
“သခင်မ ဝေဝေက အသက်ဆယ့်ငါးနှစ်ပေမယ့်လည်း သူမအရွယ်ရောက်နေပြီ ပြီးတော့ ငယ်တယ်လို့လည်းသတ်မှတ်လို့မရတော့ဘူး အဲ့ဒါတွေထက်သူ့မှာကောင်းတဲ့ပင်ကိုယ်စရိုက်ရှိတယ် သူမက ကိုယ်တော့်ကိုတစ်ခါတစ်လေဂရုမစိုက်ပေမယ့် အဲ့ဒါကသူမရဲ့ငယ်ရွယ်မှုကြောင့်ပဲလေ သူမစည်းမျဉ်းတွေမလေးစားမှာကိုစိတ်ပူနေရင် ကိုယ်တော်ကသူမနဲ့ပက်သက်သမျှကိုသည်းခံနိုင်တယ်”
Chapter 245
April 24, 2024 by Nay Chi Lynn
Chapter 245
ဧက္ကရာဇ်ရဲ့ဒေါသက မိုင်ရာချီပတ်လည်အတွင်းမှာ လူတွေရဲ့အသက်ကိုချနင်း ဖြုန်းတီးနိုင်တယ်....
မြို့စားဟောင်းကတော် နှလုံးသားကစကားလုံးတွေကြောင့် ချမ်းစိမ့်သွားသည်။
ဧက္ကရာဇ်က ဝေဝေကိုဧကရီအဖြစ်ရဖို့စိတ်ပြင်းပြနေတာလား?
လုယန်ဒီကိစ္စကို အဲ့လောက်စိတ်အားထက်သန်မယ်လို့ မြို့စားဟောင်းကတော် တစ်ခါမှတွေးမထားဖူးဘူး။
ခဏလောက်တော့ သူမစိုးရိမ်ထိတ်လန့်သွားတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူမကလည်းဘဝမှာအတွေ့အကြုံများစွာရှိတဲ့သူဖြစ်တယ်။ သူမစိတ်ကိုအေးအောင်ထားပြီး တိုးတိုးလေးပြောလိုက်သည်။
“အရှင်မင်းကြီးသတိမထားမိဘူးထင်တယ် ဝေဝေကအခုကျီမိသားစုရဲ့ဆက်ခံသူနဲ့စေ့စပ်တော့မှာပါ အရှင်မင်းကြီးရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကို ကျွန်မတို့ကစိတ်ပျက်စေမိမှာကြောက်တယ်”
လုယန်ရဲ့အပြုအမူကစိတ်အေးနေသလိုပင်
“အဲ့လိုလား ကိုယ်တော့်အထင်တော့ စိတ်ပျက်စေမှာက သခင်မပဲဖြစ်မယ်ထင်တယ် မြို့စားကျီမိသားစုက တရားရေးရာမှာနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်လာတာဖြစ်တယ် သူတို့မှာဂုဏ်ထူးဆုလာဘ်တွေမရှိပေမယ့် သူတို့ကတာဝန်ထမ်းဆောင်နေတာဖြစ်တယ်ငါကဓလေ့ရိုးရာဝန်ကြီးကို သူတို့အတွက်မင်္ဂလာဆောင်ပေးဖို့ညွှန်ကြားလိုက်တယ် အဲ့လိုဆိုဘယ်လိုလုပ်မြို့စားချုပ်မိသားစုနဲ့ ခမည်းခမက်တော်နိုင်တော့မှာလဲ နန်းတော်မလာခင်က မြို့စားဟောင်းကတော်ဒီကိစ္စကိုမကြားမိဘူးလား?”
မြို့စားဟောင်းကတော်က ဘာဖြစ်နေလဲဆိုတာကိုရုတ်တရက်နားလည်သွားသည်။
ကိစ္စတွေကအရမ်းတိုက်ဆိုင်လွန်းတယ် အမှန်တကယ်တိုင်ဆိုင်မှုတော့မဟုတ်ဘူး..
“ဒီအဖွားကြီးအရိုးတွေထဲကတောင်းဆိုပါတယ်အရှင်မင်းကြီး ကျွန်မတို့ဝေဝေကိုမွေးစားမြေးအဖြစ် မွေးစားပေးပါ”
လုယန်မျက်မှောင်ကြုံ့သွားတယ်။ မပျော်ရွှင်တဲ့အမူအရာသူ့မျက်နှာမှာပေါ်လာသည်။
“မြို့စားဟောင်းကတော်က ကိုယ်တော်နဲ့ဝေဝေကမသင့်တော်ဘူးလို့ခံစားမိတာလား”
သူရဲ့အတွေးတွေကိုဖွင့်ဟပြောလိုက်သည်။ မြို့စားဟောင်းကတော်က အဲ့ဒီစကားတွေကိုပြောဖို့တောင်းဆိုဖို့မလုပ်ခင် သူ့ကိုလူကောင်းမဟုတ်ဘူးလို့ မထင်ဘူးလို့သွယ်ဝိုက်ပြောသည်။
သူနှင့်ဝေဝေနဲ့အသက်ကွာခြားတာကိုတွေးမိပြီး စားပွဲကိုလက်နှင့်ကုတ်ခြစ်နေသည်။
သူကဝေဝေထက် အသက်အများကြီးကြီးတာကလည်းမှန်တယ်...
မြို့စားဟောင်းကတော်ရဲ့နှလုံးသားက ဧက္ကရာဇ်ရဲ့မပျော်ရွင်တဲ့အသံကြောင့်တုန်လှုပ်သွားသည်။
ဧက္ကရာဇ်အမိန့်မပေးမခြင်း သူမရဲ့ခေါင်းကိုမမော့ရဲဘူး။
“အရှင်မင်းကြီးက တော်ဝင်တဲ့မျိုးရိုးမြင့်မားတဲ့လူပါ ဝေဝေကသာအရှင်မင်းကြီးနဲ့မလိုက်ဖက်တာပါ”
မြို့စားဟောင်းကတော်က ဧက္ကရာဇ်ရဲ့တုန်လှုပ်ဖို့ကောင်းတဲ့အာဏာကြောင့် သူမရဲ့ပါးစပ်က ကြောက်ကြောက်လန့်နဲ့ပိတ်ပင်တားမြစ်ခံလိုက်ရသည်။
လုယန်ရဲ့အမူအရာက သက်တောင့်သက်သာဖြစ်တယ်။ သူကအမှန်တကယ် မြို့စားဟောင်းကတော်ကို လေးစားတာဖြစ်တယ်။ ဒါပေမယ့်သူ့ကိုစိတ်မချမ်းသာဖြစ်စေတာက သူမရဲ့ဂုဏ်တွေကိုစွန့်လွှတ်ပြီး သူနဲ့ဝေဝေမင်္ဂလာဆောင်ဖို့ကို တားမြစ်နေခြင်းကြောင့်ဖြစ်တယ်။
အဲ့ဒါတွေအပြင် သူမကဝေဝေရဲ့အဖွားလည်းဖြစ်တယ်။
မြို့စားဟောင်းကတော်က သူ့ကိုအရမ်းပြောဆိုလိုတာမျိုးလည်းမဟုတ်ဘူး။ သူမရဲ့အပြုအမူတွေက ဝေဝေအတွက်ကြောင့်သာဒီလိုဖြစ်နေတာ။ သူကသူမလုပ်ခဲ့တာကိုမကြိုက်ရင်မကြိုက်မယ် ဒါပေမယ့်ခွင့်လွှတ်ပေးလို့ရတယ်။
“ကိုယ်တော် ဝေဝေနဲ့လက်ထပ်ဖို့ဆုံးဖြတ်ပြီးပြီ ဘယ်သူမှကိုယ်တော့်ကိုရပ်တန့်လို့မရဘူး အကယ်၍မြို့စားဟောင်းကတော်နဲ့မြို့စားချုပ်က ကိုယ်တော့်ရဲစစ်မှန်မှုက မလုံလောက်သေးဘူးလို့ထင်ရင် ကိုယ်တိုင်ပြိုင်ပွဲကိုလာပြီးတော့တစ်ခါထဲရပ်တန့်ခိုင်းလိုက်မယ် ပြီးရင်ဝေဝေကိုလက်ထပ်ဖို့ နှစ်ယောက်လုံးဆီက တောင်းဆိုမယ်”
မြို့စားဟောင်းကတော်နှုတ်ခမ်းကဒါကို ကြားပြီးနည်းနည်းလှုပ်ခတ်သွားတယ်။
သူမပြောခဲ့တာတွေ လုပ်ခဲ့တာတွေက ဧက္ကရာဇ်ကိုမပျော်ရွှင်ဖြစ်စေတယ်။ အကယ်၍သူမသာ တစ်ဇွတ်ထိုးမျက်နှာပြောင်တိုက်နေမယ်ဆိုရင် ဧက္ကရာဇ်ကသူမကိုထပ်ပြီး ဒီတိုင်းထားတော့မှာမဟုတ်ဘူး။
သူ့ရဲ့ခေါင်းမာမှုက သူဘယ်လောက်ဝေဝေကိုလိုချင်နေတယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသပြီးပြီဖြစ်တယ်။
မြို့စားဟောင်းကတော် တိတ်တိတ်လေးသက်ပြင်းချလိုက်တယ်။ သူမကအဖြေမရှိပဲ ဒုက္ခရောက်နေပြီဖြစ်တယ်။
သူမသူ့ကိုငြင်းလည်းမငြင်းသလို သဘောတူတယ်လို့လည်းမပြောဘူး။ ဒီတိုင်းဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံနိုင်တဲ့ပုံဖြင့်ရပ်နေသည်။
တရားစီရင်ရေးကအရာရှိတစ်ယောက်အနေနဲ့ ဧက္ကရာဇ်ရဲ့ဆန္ဒကိုမဆန့်ကျင်နိုင်ဘူး။ သူမမှာဆုလာဘ်ဂုဏ်ပုဒ်တွေ အရင်တုန်းကများစွာရထားခဲ့ရင်တောင်မှ အခြေအနေကအတူတူပဲဖြစ်တယ်။
ဧက္ကရာဇ်ရဲ့ဒေါသက မိုင်ရာချီပတ်လည်အတွင်းမှာ လူတွေရဲ့အသက်ကိုချနင်းဖြုန်းတီးနိုင်တယ်။
သူမ အနောက်ဘက်ကမြို့စားချုပ်မိသားစုအာဏာကိုအသုံးပြုပြီးတောင်မှ ဧက္ကရာဇ်ကို သူမမဆန့်ကျင်နိုင်ဘူး။
သူမ လုပ်ရဲရင်တောင် အဲ့ဒါကဘာမှအကူညီရမှာမဟုတ်ဘူး။
အရှင်မင်းကြီးက ဒီလိုအသေးအမွှား မြို့စားချုပ်အိပ်တော်နဲ့ဆန့်ကျင့်ဖို့ မျက်တောင်နှစ်ချက်တောင်ခတ်စရာမလိုဘူး။
ဘယ်လိုဘဲဖြစ်ဖြစ် ဝေဝေရဲ့အနာဂတ်ပျော်ရွှင်မှုကြောင့် သူမဒီကိစ္စကိုဒီတိုင်းလက်မလျှော့ပေးနိုင်ဘူး။
သူမကလည်းဝေဝေကိုမင်္ဂလာဆောင်ပြီးနန်းတော်ထဲဝင်စေဖို့ လုံးဝဆန္ဒမရှိဘူး။ အဲ့လိုမှမဟုတ်ရင် သူမဒီနေ့နန်းတော်ထဲလာပြီးတော့ မင်းကြီးကိုဒေါသထွက်အောင်လုပ်ပြီး စွန့်စားဖို့မလိုဘူး။