← Chapters

အခန်း (၂၄၆-၂၄၈)

Vol. 5 Ch. 246-248

အခန်း (၂၄၆-၂၄၈)

Vol. 5 Ch. 246-248

Chapter 246: ဝေဝေက ကိုယ်တော့်ဇနီး ဖြစ်ပြီးနေပြီ။

April 29, 2024

ဧကရာဇ်မင်းက သူမိန့်ကြားထားတာကို ပြန်ရုတ်သိမ်းလိုက်ရင်ကောင်းမည်။ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ဂုဏ်သိက္ခာကို သူမစွန့်လွှတ်လိုက်ရင်တောင်မှ ဧကရာဇ်မင်းက စိတ်ပြောင်းမှာမဟုတ်ဘူး။

ဧကရာဇ်မင်းက တစ်ကယ်ပဲ အိမ်ရှေ့မင်းသားကို စိတ်မဝင်စားတော့ဘူးလားဆိုတာကို သူမမေးချင်နေသည်။နောက်ပြီးတော့ ဝေဝေက လုံချီကို တော်တော်လေးသဘောကျခဲ့ပြီး သူမအသက်ကို စွန့်လွှတ်ပြီးတော့တောင် ကိုယ်လုပ်တော်လုပ်ဖို့ ဆန္ဒရှိခဲ့သည်။

ဘုရင်မင်းမြတ်က ဒီကိစ္စကို လုံးဝဂရုမစိုက်တာ ဖြစ်နိုင်ပါ့မလား။

ဒါပေမယ့် မြို့စားဟောင်းသခင်မကြီးက ဒီကိစ္စကို အကျယ်ချဲ့ပြီး မပြောခဲ့ဘူး။

အကြောင်းအရင်းကတော့ ဧကရာဇ်မင်းက စိတ်ပြောင်းတော့မှာ မဟုတ်ကြောင်းသေချာနေခဲ့လို့ပဲဖြစ်သည်။ အကယ်၍ သူမသာ အကျယ်တဝင့်ပြောလိုက်ရင် နောင်တစ်ချိန်မှာ ဝေဝေ့အတွက် အခက်အခဲရှိလာနိုင်သည်။

ဘုရင်မင်းမြတ်က ဝေဝေ့ကို ဘာကြောင့်သဘောကျသွားရတာလဲဆိုတာကိုတော့ သူမအဖြေရှာမရခဲ့ပေ။

ဟုတ်တယ် သူမရဲ့ မြေးမလေးက ရုပ်ရည်ချောမောပြီး စိတ်ထားကောင်းပေမယ့် ဘုရင်မင်းမြတ်အတွက် ငယ်လွန်းနေတယ် မဟုတ်ဘူးလား။

သူမရဲ့ငယ်ရွယ်မှုကြောင့် ဘုရင်မင်းမြတ်က ကြိုက်နှစ်သက်ခဲ့တာ ဖြစ်နိုင်ပါ့မလား။

မြို့စားဟောင်းသခင်မကြီးကတော့ ဒါကို နားမလည်နိုင်တော့ပေ။

အမှန်ဘဲ သူ့ရဲ့ဘုရင်မင်းမြတ်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံရှိပုံမျိုးနဲ့ဆိုရင် ဒီလိုမျိုးငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ကျဆုံးမှာမဟုတ်ပေ။ ဒါပေမယ့် သူဝေဝေ့ကို မျက်စိ‌ကျနေခဲ့သည်။

မြို့စားဟောင်းသခင်မကြီးက သက်ပြင်းချလိုက်သည်။ သူမယုံကြည်တာကတော့ နန်းတွင်းကို ရောက်လာတဲ့ ဘယ်အမျိုးသမီးမဆို ပျော်ရွှင်မှုကိုရဖို့ အခွင့်အရေးမရှိနိုင်ဘူး။ သူမသတိရလိုက်တာတစ်ခုက ဘုရင်မင်းမြတ်က ဝေဝေ့အပေါ်စိတ်ပျက်သွားခဲ့ရင် လုံချီပေါ်ထားခဲ့တဲ့ ဝေဝေရဲ့ခံစားချက်ကို ပြန်သတိရမိပြီး သူမကို ဒီလိုကောင်းကောင်းဆက်ဆံတော့မှာမဟုတ်ဘူးဆိုတာကိုပင်။

မြို့စားဟောင်းသခင်မကြီးက ဒါကို စဥ်းစားမိလိုက်ချိန်မှာတော့ သူမရဲ့မျက်နှာပေါ်မှာ ပိုပြီးစိုးရိမ်မှုတွေ ပေါ်လာတော့သည်။

“မြို့စားဟောင်းသခင်မကြီး ဝေဝေနန်းတွင်းမှာ လက်ထပ်ထိမ်းမြားမယ့် ကိစ္စနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ သူမကို ထိခိုက်လာနိုင်မယ့် အရာတွေကို ဘာတစ်ခုမှအဖြစ်ခံမှာမဟုတ်ဘူး”

ဘုရင်မင်းမြတ်ကို တသတ်မတ်တည်း သာမာန်လူအဖြစ်သတ်မှတ်လို့မရနိုင်ဘူး။ ဘုရင်မင်းမြတ်ဘေးနားမှာ နေရတာက ကျားတစ်ကောင်ကိုဘေးနားမှာ အဖော်ပြုပေးနေရတာနဲ့ ဆင်တူသည်။ အချိန်ခနလေးအတွင်းမှာ ကောင်းကောင်းဆက်ဆံလိမ့်မည်။ နောက်ပြီးကျရင်တော့ အသက်ရှင်ဖို့ အာမခံချက်ဆိုတာ မသေချာပေ။

သူမရဲ့ဝေဝေက ပိုပြီးကောင်းမွန်တဲ့ခင်ပွန်းနဲ့ ထိုက်တန်တဲ့မိန်းကလေးကောင်းတစ်ဦးဖြစ်ပေမယ့်လည်း အခု သူမက မင်းမျိုးမင်းနွယ်လက်ဆက်ဖို့ အကြောင်းဖန်လာသည်။

မြို့စားဟောင်းသခင်မကြီးက သူမရဲ့မျက်လုံးကို မှိတ်ချလိုက်ပြီးနောက် သူမရဲ့လက်ထဲမှာ ကိုင်ထားတဲ့ အဝတ်ထုတ်ကို ဖြည်ချလိုက်သည်။

အဝတ်ထုတ်ထဲကနေ ရွှေရောင်တဖျပ်ဖျပ်နဲ့ တောက်ပတဲ့အရာတစ်ခုထွက်လာသည်။

လုံယန် မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းမှေးသွားသည်။ သူမ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာ သူသိပြီးသားပင်။ သူက အသံတိုးတိုးနဲ့ ပြောလိုက်သည်။

“မြို့စားဟောင်းသခင်မကြီ တစ်ခုကို သတိမထားမိလိုက်မှာ ငါကိုယ်‌ေတာ်စိုးရိမ်မိတယ်။”

မြို့စားဟောင်းသခင်မကြီးက မရပ်တန့်ခဲ့ပေ။ သူမက အဝတ်ထုတ်ကို အမြန်ထုတ်ပြီး ဘုရင်မင်းမြတ်ရဲ့ စကားကို လျစ်လျူရှုလိုက်ပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တွေက ကွယ်လွန်သွားခဲ့တဲ့ ဧကရာဇ်မင်းရဲ့ အသက်ကို ကျွန်မကယ်တင်ခဲ့ဖူးပါတယ်။ ဆုလာဒ်အနေနဲ့ ဘုရင်မင်းမြတ်က ဒီရွှေဓားကို ကျွန်မအတွက် ပေးအပ်ခဲ့ပါတယ်…”

မြို့စားဟောင်းသခင်မကြီးက ပြောလက်စရပ်တန့်သွားပြီး ဧကရာဇ်မင်းကို မယုံနိုင်စွာပဲ စိုက်ကြည့်လိုက်မိသည်။

သူမရဲ့ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင်များလည်း ပေါ်ပေါက်လာခဲ့သည်။

သူဘယ်လိုတောင် လုပ်ရက်ပါလိမ့်။ သူ့ရဲ့ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် မြင့်မြတ်မှုကိုမှ သတိမပြုဘဲ ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့အရာကို ပြုလုပ်ခဲ့တာလား။

မြို့စားဟောင်းသခင်မကြီးက ထိုစကားများကို ပြောထွက်လုနီးပါးဖြစ်ခဲ့ပေမယ့် သူမကိုယ်ကိုသူမ ဖိအားပေးပြီး ရပ်တန့်လိုက်ရသည်။

ဒါပေမယ့်လည်း သူမမျက်နှာပေါ်က ဒေါသရိပ်တွေကို မဖုံးကွယ်နိုင်ခဲ့ဘူး။

သူမရှေ့ကလူက ဧကရာဇ်ဖြစ်နေမှန်း သူမ ဂရုမစိုက်နိုင်တော့သလို တော်ဝင်မိသားစုကို ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာကိုပါ သူမ ဂရုမစိုက်နိုင်တော့ဘူး။

ဒါပေမယ့်လည်း သူမမျက်နှာပေါ်က မထိမဲ့မြင်အပြုံးကို ထိန်းထားလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် အမြန်ထိန်းထားလိုက်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီး၊ မင်းကဟာသတွေပြောရတာကို သဘောကျတာပဲ။ မင်းက လေးစားစရာကောင်းပြီး မြင့်မြတ်တဲ့လူပါ။ ဒီလို မယဉ်ကျေးတဲ့ အမူအကျင့်ကို အရှင်မင်းကြီးကဘယ်လိုလုပ် ကျူးလွန်နိုင်မှာလဲ”

လုံယန်ရဲ့ အကြည့်တွေက သူမလက်ထဲမှာရှိနေတဲ့ ရွှေဓားပေါ်ကိုရောက်သွားပြီး သူဝေဝေ့အပေါ်မှာ အနည်းငယ် အပြစ်ရှိသလို ခံစားသွားလိုက်ရပြီးနောက် တည်ငြိမ်စွာနဲ့ပဲ ပြောလိုက်သည်။

“မြို့စားဟောင်းသခင်မကြီးက ကိုယ်တော့်ကို ဆုံးမခွင့်ရှိပါတယ်။ ဒီကိစ္စက စည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ခြင်းခဲ့တဲ့ ကိုယ်တော့်ရဲ့အမှားပါ။ ဒါကြောင့် ကိုယ်တော်တာဝန်ယူပြီး ဝေဝေကို နန်းတော်ထဲကိုခေါ်ပြီး အမြန်လက်ထပ်ချင်တယ်”

မြို့စားဟောင်းသခင်မကြီးက သူမရဲ့လည်ချောင်းထဲမှာ သွေးချောင်းစီးနေသလို ခံစားလိုက်ရသည်။ သူမ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်ရင်း တံတွေးကို ခဲယဥ်းစွာနဲ့ပင် မျိုချလိုက်ရသည်။

ဒါက မဖြစ်နိုင်ဘူး။ အရှင်မင်းကြီးက အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာကို ပြောဆိုနေတာပါ။ ဝေဝေက အသက်အရွယ်အရ ငယ်ရွယ်ပေမယ့် ဒီလိုမျိုးစည်းမဲ့ကမ်းမဲ့ လုပ်ရပ်မျိုးကို လုပ်မယ့်သူမဟုတ်ဘူး။

သူမ လုံချီနဲ့ ချစ်ကြိုက်ခဲ့တုန်းကတောင် ဒီလိုမျိုး စည်းကျော်ခဲ့တာ မဟုတ်ဘူး။ ဘုရင်မင်းမြတ်ဖြစ်နေရင် သူမအတွက် ပိုလို့တောင်မဖြစ်နိုင်သေးဘူး…။

Chapter 247: လုံယန်ရဲ့ ချောမောသော မျက်နှာပေါ်မှာ တိမ်မည်းတစ်ခုပေါ်ပေါက်လာခဲ့ခြင်း။

April 29, 2024 by Duan Fei Lin (段飞林)

သို့သော်လည်း ထိုသူကဘုရင်မင်းမြတ်ပင်ဖြစ်သည်။ မည်သူက သူ့ကို ငြင်းဆန်ရဲမှာလဲ။

ဝေဝေကရော သူ့ကို ငြင်းဆန်ဖို့ သတ္တိရှိမှာတဲ့လား။

သူမရဲ့မြေးမလေးက တစ်ချိန်ချိန်မှာ ဒီလိုမျိုး ဖိအားပေးပြီး ခိုင်းစေခံရလိမ့်မယ်လို့ သူမတစ်ခါမှ မတွေးခဲ့ဖူးပေ။ သူမမြေးမလေးက ဘယ်လောက်တောင်အကူအညီကင်းမဲ့ပြီး သနားဖို့ကောင်းနေခဲ့မလဲဆိုတာကို တွေးမိပြီး သူမပုန်ကန်ဖို့အထိပင် အတွေးဝင်လာခဲ့သည်။

သူမရဲ့ ဘုရင်မင်းမြတ်က အသက်အရွယ်ရပြီးနေပါလျက်နဲ့ ဘယ်လိုစိတ်နဲ့များ ဝေဝေ့အပေါ် ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်ခဲ့တာပါလိမ်ံ့။

ငါ့ရဲ့သနားစရာကောင်းလှတဲ့ ဝေ့ဝေ့လေး….

မြို့စားဟောင်းသခင်မကြီးရဲ့ မျက်လုံးတွေက နီရဲလာခဲ့ပြီး ဝေဝေ့အတွက် နာကျင်မှုများ ခံစားနေရရှာတော့သည်။

သူမက ရွှေဓားကို ဆွဲထုတ်လိုက်ပေမဲ့လည်း အရှင်မင်းမြတ်အား ထိုးစိုက်လိုက်မိမှာကို စိုးရိမ်သောကြောင့် ထိုဓားကို သူမရဲ့လက်ထဲမှာတင် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့ရသည်။

ဧကရာဇ်မင်းမြတ်က စည်းကျော်ခဲ့သည်၊ ဤကိစ္စက အရမ်းကို လွန်လွန်းသည်။

“အရှင်မင်းမြတ်၊ ဝေဝေက ကလေးပဲရှိပါသေးတယ်။ အရှင်ဘယ်လိုများ….”

လုံယန်က စင်စစ်တွင် ဝေဝေ့အပေါ် မည်သည့်အရာမှ ကျူးလွန်ခြင်းမရှိခဲ့သော်လည်း ကြေကွဲစို့နင့်နေတဲ့ မြို့စားဟောင်းသခင်မကြီးကို တွေ့လိုက်ရချိန်မှာတော့ သူ့မှာ ပြင်းပြင်းထန်ထန်ကိုပဲ အပြစ်မကင်းစိတ်တွေ စတင်ဝင်ရောက်လာတော့သည်။

ထိုရွှေဓားမှာ မြို့စားဟောင်းသခင်မကြီးကို သူ့အဖေကိုယ်တိုင် ပေးအပ်ခဲ့တာဖြစ်ပြီး သူကိုယ်တိုင်တောင် အလေးထားခဲ့ရတာဖြစ်သည်။

အကယ်၍ မြို့စားဟောင်းသခင်မကြီးသည် ဝေဝေနဲ့လက်မထပ်ရန် သူ့အားကတိတောင်းပြီး ထိုရွှေဓားနှင့် အလဲအလှယ်လုပ်ခဲ့မည် ဆိုလျှင်ပင် သူသည် ရွေးချယ်စရာမရှိ ထိုကမ်းလှမ်းချက်ကို လက်ခံခဲ့မည်ဖြစ်သည်။ သူထိုကတိအားပေးပြီး ရွှေဓားကို ပြန်ယူခဲ့မှာပင်။

မြို့စားဟောင်းသခင်မကြီးမှ သူ့အား ဝေဝေနဲ့လက်ထပ်ခြင်းကို တားဆီးဖို့ရန်အတွက်နှင့် ရွှေဓားကို အသုံးပြုလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

တော်ဝင်မိသားစုသည် အင်ပါယာနန်းတော်အတွင်း ခိုင်မာတဲ့အုတ်မြစ်ပေါ်၌ တည်ရှိနေခဲ့သော်လည်း ရွှေဓားကိုသာ ကိုင်ဆောင်ထားနိုင်ခဲ့ပါက သူတို့ရဲ့ ဂုဏ်သတင်းအား ပို၍မြင့်မားလာစေနိုင်မည် ဖြစ်သည်။

ရွှေဓားကို ဘုရင်မင်းမြတ်သည် နှောင်းပိုင်းဧကရာဇ်လက်ထက်မှာ ပေးအပ်ခဲ့ပြီး ထိုဓါးသည် နှောင်းဧကရာဇ်ရဲ့ အကန့်အသတ်မဲ့ဘုန်းအသရေကို ကိုယ်စားပြုခြင်းလည်းဖြစ်သည်။

ထိုသို့ဆိုလျှင်တောင်မှ မြို့စားဟောင်းသခင်မကြီးသည် ဤနေရာကိုယူလာရန် ရွေးချယ်ခဲ့သေးသည်။

မြို့စားဟောင်းသခင်မကြီးသည် သူမရဲ့ဘဝသက်တမ်းတစ်ဝက်အား စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် သန်မာရဲရင့်ပြီး နောက်မဆုတ်တတ်သော အမျိုးသမီးတစ်ယောက်လည်းဖြစ်သည်။ တခြားအမျိုးသမီးများနှင့် မတူဘဲ အမျိုးသားများနှင့် ရင်ဆိုင်ရသည့်အခါ သူမကိုယ်သူမထိန်းကျောင်းနိုင်ပြီး လေးစားထိုက်တဲ့ အမျိုးတစ်ဦးပင်။

သို့သော်လည်း သူမသည် ဝေဝေ့အား အတော်လေး ချစ်မြတ်နိုးပြီး တန်ဖိုးထားလွန်းလှသည်။

လုံယန်သည် မြို့စားဟောင်းသခင်မကြီးအား ရွှေဓားကို အသုံးချခဲ့သည့်အတွက်ကြောင့် စိတ်ပျက်ဒေါသဖြစ်ရမည့်အစား သူမအပေါ် ပို၍ပင် လေးစားလာခဲ့မိသည်။

“ဒေါသမထွက်ပါနဲ့၊ မြို့စားဟောင်းသခင်မကြီး။ ကိုယ်တော်က ဒီကိစ္စကို ကျူးလွန်ခဲ့တာပါ။ ဝေဝေနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ်တော်ကပဲ သူမကို အတင်းအကြပ် ခိုင်းစေခဲ့တဲ့သူပါ”

မြို့စားဟောင်းသခင်မကြီးရဲ့ မျက်နှာမှာ စိမ်းကားစိတ်ပျက်မှုကို ဖော်ပြနေပြီး သူမရဲ့ခံတွင်းထဲမှာ သွေးအရသာကိုတောင် ခံစားနေရပြီဖြစ်သည်။

“ဘုရင်မင်းမြတ်က ဧကရာဇ်မင်းတစ်ပါးဖြစ်ပြီး၊ ဘယ်လိုလုပ်အမှားလုပ်မိနိုင်မှာလဲ။ တစ်စုံတစ်ယောက်မှာ အပြစ်ရှိခဲ့တယ်ဆိုရင်တောင် အဲ့သူက ဝေဝေပဲဖြစ်ပါလိမ့်မယ်။ တော်ဝင်မြို့စားဟောင်းသခင်ကြီးနဲ့ ကျွန်မဟာ သူမကို ကောင်းကောင်းသင်ကြားပေးဖို့ ပျက်ကွက်ခဲ့တာဖြစ်ပြီး အဲ့ဒါကပဲ သူမကို ဒီလိုဆိုးရွားပြီး အရှက်မရှိတဲ့အရာတစ်ခုကို လုပ်စေခဲ့တာပါ”

လုံယန်ရဲ့ ချောမောတဲ့ မျက်နှာထက်မှာ တိမ်မည်းတစ်ခု ပေါ်လာခဲ့သည်။ သူ့ပတ်ဝန်းကျင်က ခြိမ်းခြောက်မှုတွေနှင့် ပြည့်နှက်သွားခဲ့သလိုပင်။

မြို့စားဟောင်းသခင်မကြီးက ဝေဝေ့ကို ပြစ်တင်ရှုတ်ချနေပုံရပေမယ့်လည်း အမှန်တစ်ကယ်မှာတော့ သူမက ဝေဝေ့ကို အရှက်မရှိသူဟု စွပ်စွဲပြောဆိုနေတာပင် ဖြစ်သည်။

တစ်ချိန်တည်း သူမက ဝေဝေရဲ့ဖြူစင်မှုတွေကို အမြတ်ထုတ်သွားတဲ့အတွက် သူ့ကိုပြစ်တင်ရှုတ်ချနေတာလည်းဖြစ်သည်။

မှန်သည်။ သူသည် စက်ဆုပ်ရွံရှာဖို့ကောင်းသည့် သူတစ်ယောက်ပင်။ သူဝေဝေ့ကို နှစ်ကြိမ်သာ နမ်းခဲ့ဖူးသော်လည်း သူမကို လက်ထပ်ဖို့ရန်အတွက် ဆူပူကြိမ်းမောင်းတာကိုခံယူရုံကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပေ။

ထိုအတွေးကြောင့် သူ့မျက်လုံးထဲက အမှောင်ရိပ်တွေ ကွယ်ပျောက်သွားတော့သည်။

“မြို့စားဟောင်းသခင်မကြီး၊ ဝေဝေကို စိတ်မဆိုးပါနဲ့၊ မင်းစိတ်ဆိုးရင် ကိုယ်တော့်ကိုသာ ဆူပူကြိမ်းမောင်းလိုက်ပါ။”

မြို့စားဟောင်းသခင်မကြီးက ထိုစကားကိုကြားလိုက်ရတဲ့အခါတွင် သူမ၏ခံစားချက်များကို ပြန်ထိန်းထားနိုင်ခဲ့သည်။ သူမက ထိတ်လန့်တုန်လှုပ်သောအမူအရာနှင့် ပြောလိုက်သည်။

“အရှင်မင်းကြီး၊ အရှင်ဘာတွေပြောနေတာပါလဲ။ ကျွန်တော်မျိုးမက အရှင့်ကို ဘယ်လို သတ္တိမျိုးနဲ့ ကြိမ်းမောင်းရဲပါ့မလဲ”

လုံယန်က အေးစက်စွာနဲ့ပဲ ပြောလိုက်သည်။ သူမက သူ့ကို မဆူပူဝံ့ပါဟု အခိုင်အမာပြောဆိုနေပေမယ့် သူ့ကို အရှက်မရှိသူဟုလည်း ဖော်ညွှန်းခဲ့သည်လေ။ ဒါကို သူနားမလည်နိုင်ဘူးလို့များ သူမထင်မှတ်နေသလား။

ဒါပေမယ့်လည်း သူအဲ့ဒါကို လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့လိုက်သည်။

ထိုမိန်းကလေးအတွက် မြို့စားဟောင်းသခင်မကြီးဆီကနေ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ကြိမ်းမောင်းခံရတာက ဘာမဟုတ်တဲ့အရာလေးတစ်ခုပင်။

“အရှင်မင်းကြီး၊ တခြားဘာမှ မရှိတော့ရင် ကျွန် တော်မျိုးမသွားလိုက်အုံးမယ်”

“ကျောက်ချင်၊ မြို့စားဟောင်းသခင်မကြီးကို နန်းတော်အပြင်ဘက်ကို လိုက်ပို့ပေးလိုက်ပါအုံး။”

သူသည် အခန်းထဲမှာရှိနေတဲ့ ထိုနှစ်ယောက်ရဲ့ စကားဝိုင်းအစအဆုံးကို ကြားခဲ့ရသည်။

အရာအားလုံးမှာ သူ့အတွက်တော့ ထူးဆန်းသလိုမျိုး ခံစားခဲ့ရသည်။

သူ့သခင်က ဒီလိုလူမျိုးမဟုတ်ပေမယ့်လည်း ဒုတိယလုသခင်မ‌ေလးကြောင့် အရှက်ကင်းမဲ့ဖို့ ဆန္ဒရှိနေခဲ့သည်။

ထို့ကြောင့် သူက မြို့စားဟောင်းသခင်မကြီးကို ကူညီဖို့အတွက် သူ့ရဲ့သခင်ကို သစ္စာဖောက်လိုက်ကာ သူမထံ တိတ်တဆိတ်နှင့် ဖော်ရွေစွာ ချည်းကပ်လိုက်တော့သည်။

“မြို့စားဟောင်းသခင်မကြီး၊ တွေ့ခွင့်ပြုပါ။”

Chapter 248: မြို့စားဟောင်းသခင်မကြီး စိတ်ဓာတ်ကျခြင်းများစွာဖြင့် ပြန်လာခဲ့ရခြင်း။

April 29, 2024 by Duan Fei Lin (段飞林)

လုံယန်သည် မြို့စားဟောင်းသခင်မကြီး အဝေးသို့ လျှောက်သွားတာကို လှမ်းကြည့်ရင်း အတွေးတွေနက်သထက် နက်လာခဲ့သည်။ သူအခေါက်ခေါက်အခါခါ ပြန်စဉ်းစားပြီးနောက် ချူးချီကို လှမ်းခေါ်လိုက်သည်။

မြို့စားဟောင်းသခင်မကြီးသည် အိမ်ကို စိတ်ဓာတ်ကျခြင်းများစွာနှင့် ပြန်သွားခဲ့သည်။ သူမသည် ဝေဝေ့အား အရိပ်တကြည့်ကြည့်ဖြင့် အမြဲကြည့်နေခဲ့ခြင်းပေ။ သို့ပေမယ့် သူ့ဆီကနေ ထိုကဲ့သို့သော စကားတွေကိုကြားခဲ့ရပြီး သူမအိမ်ပြန်သွားတဲ့နောက်မှာတော့ သူ့အားယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ သူမသည် ဝေ့ဝေ့အား အပြစ်ပေးတော့မှာ ကျိန်းသေသည်။

သူသည်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်ပြီးနောက် ချူးချီကို ညွှန်ကြားလိုက်သည်။

“ဒုတိယလုသခင်မလေးကို နန်းတော်ကို ခေါ်လာခဲ့လိုက်။ ဘယ်သူမှ သတိမထားမိစေနဲ့။”

ချူးချီက အနည်းငယ်အံ့သြသွားသော်လည်း အမိန့်ကို သူနာခံလိုက်သည်။

“ ကျွန်တော် အခုပဲ လုပ်ဆောင်လိုက်ပါမယ်။”

လုံယန်က သူထွက်သွားတာကို ကြည့်နေရင်း ထိုသူက လူတွေကို သူ့ပုခုံးပေါ်ထမ်းပြီး ခေါ်ဆောင်လာလေ့ရှိတာကို သတိရမိသွားသည်။ အဲ့ဒါကို သတိရလိုက်မိတဲ့နောက်မှာတော့ လုံယန်က အမြန်စိတ်ပြောင်းသွားသည်။

ကျူယွိသည် ခြံဝန်းထဲ၌ အပင်များအား ရေလောင်းနေစဥ် ရုတ်တရက် သူမရဲ့နားထဲတွင် လေပြင်းဖြတ်တိုက်သွားသည်ကို ခံစားလိုက်ရသည်။ သူမချက်ချင်းလှည့်ကြည့်လိုက်သော်လည်း ဘာမှမတွေ့ပါခဲ့ပေ။

လုလျန့်ဝေကတော့ သူမရဲ့ဆေးဝါးအခန်းငယ်လေးထဲမှာပဲ ဆေးဝါးပစ္စည်းတွေကို နေရာချစီစဥ်နေလေသည်။

သူမခြေသံကိုကြားလိုက်တဲ့အခါ ကျူယွိလို့ပဲ ထင်မှတ်လိုက်ပြီး ခေါင်းမော့မကြည့်ဘဲ ပြောလိုက်သည်

“ကျူယွိ၊ ငါရေဆာနေလို့ ရေတစ်ခွက်လောက်ယူခဲ့ပေးလို့ရမလား။”

မကြာခင်မှာပဲ သူမ နှုတ်ခမ်းနားကို ရေတစ်ခွက်တေ့ပေးလာခဲ့သည်။

လုလျန့်ဝေက ပြုံးကာ ခွက်ရဲ့အနားလေးသို့ တိုး၍ ရေတစ်ငုံသောက်ပြီး ပြောလိုက်သည်။

သူမက ခေါင်းပြန်ငုံ့လိုက်ပြီး သူမလုပ်လိုက်စတွေကို ပြန်ဆက်လုပ်ဖို့ပြင်နေဆဲမှာတင် ရေခွက်ကိုကိုင်ထားတဲ့လက်အား ရုတ်တရက်သတိထားမိလိုက်ပြီး သူမရဲ့လက်များ ရပ်တန့်သွားတော့သည်။

လက်က ရှည်သွယ်ပြီး အချိုးကျကျဖွဲ့စည်းထားသည်။ ထိုလက်မှာ ကြည့်ကောင်းသည့်လက်ဖြစ်သော်လည်း လက်ဖျားလေးတွေမှာတော့ ပါးပါးလွှာနဲ့အသားမာလေးတွေ ရှိနေခဲ့သည်။ ထိုလက်မှာ အမျိုးသမီးတစ်ဦး၏ လက်မဟုတ်ကြောင်း သိသာလှသည်။

သူမ တစ်ဖြည်းဖြည်းလှည့်ကြည့်လိုက်တဲ့အခါတွင် ဘယ်သူလဲဆိုတာ မြင်သွားပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ရှင်ဘာလုပ်နေတာလဲ။ ဘာလို့ အဲ့လောက်ထိ အရေးတကြီးဖြစ်နေရတာလဲ။”

အခန်းတွင်းသို့ ဝင်လာခဲ့သူက သူမအစေခံမဟုတ်ခဲ့ဘူးဆိုတာကို သူမနားမလည်နိုင်တော့။

သို့သော် ထိုသူ့အတွက် သူမအခန်းထဲကို ခိုးဝင်ဖို့ဆိုသည်မှာ မည်မျှလွယ်ကူကြောင်း သတိရမိတဲ့အခါမှာတော့ လုလျန့်ဝေ မအံ့သြမိတော့ပေ။

ထိုသို့ဆိုပေမဲ့လည်း သူမအနည်းငယ်တော့ အံ့အားသင့်မိနေတုန်းပင်ဖြစ်သည်။

ဘာလို့များ သူ့ရဲ့သခင်က ဒီဟာနဲ့ပတ်သက်ပြီး အေးဆေးနေနိုင်ရတာလဲ။

လုံယန်ရဲ့ မျက်လုံးတွေက ပြုံးယောင်သန်းနေခဲ့ပြီး ပြောလိုက်သည်

ထို့နောက် သူသည် သူမ၏လက်အား သဘာဝကျကျဆွဲကိုင်ပြီး စာရွက်တစ်ရွက်ကို စားပွဲပေါ်ပစ်တင်လိုက်သည်။

လုလျန့်ဝေသည် သူမစိတ်နဲ့ကိုယ်ကို အမြန်ကပ်လိုက်ပြီးနောက် ထိုသူ့ရဲ့လက်ကို ကြမ်းတမ်းစွာ ခါထုတ်ကာ ပြောလိုက်သည်။

လုံယန်က ပြန်လှည့်လာပြီးနောက် သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ် တဲ့ မျက်လုံးနက်များအတွင်းက နူးညံ့သိမ်မွေ့မှုနဲ့ သူမကို ကြည့်လိုက်သည် ။

လုံယန်က သူမတိတ်ဆိတ်ငြိမ်သက်သွားသည်ကို တွေ့လိုက်ရသောအခါ သူက သူမကို ကြောက်လန့်သွားအောင် လုပ်မိလိုက်ပြီဆိုတာကို သိသွားသည်။သူ့ရဲ့ကို မြှောက်လိုက်ပြီး သူမခေါင်းကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။

“အကယ်၍ မင်းကိုယ်နဲ့မလိုက်ဘူးဆိုရင်၊ မင်းအဖွားပြန်လာတဲ့အခါကျ မင်းဘယ်ကိုမှ သွားလို့ရတော့မှာ မဟုတ်ဘူးနော်။”

လုလျန့်ဝေ မျက်တောင်များကို အကြိမ်အနည်းငယ်မျှ ခတ်လိုက်ပြီးနောက် ဘာတွေဖြစ်နေလဲဆိုသည်အား ရုတ်တရက်နားလည်သွားခဲ့သည်။

ယနေ့ သူမရဲ့အဖွားသည် နန်းတော်သို့ သွား‌ခဲ့သည်။ ယခုအချိန်၌ လုံယန်က သူမရှေ့တွင် ထူးခြားသည်အမူအရာနှင့် ရပ်နေလေသည်။ ဤအချက်အား ကြည့်ခြင်းအားဖြင့် သူမ၏အဖွားသည် ထိုသူ့အား ဒေါသထွက်ခဲ့မည့်အကြောင်းကို ခန့်မှန်းဖို့ရန် မခက်ခဲတော့ပေ။

လုံယန်က သူမအဖွားအား ဘာတွေပြောခဲ့လဲဆိုသည်ကိုတော့ သူမ မသိနိုင်ပေ။ သို့ပေမယ့် လုံယန်က ဒီအထိလာပြီး သူမအားလာရှာပုံကို ကြည့်ရသလောက် သူမအဖွား အစီအစဥ်မအောင်မြင်ခဲ့တာပင်ဖြစ်မည်။

ဒါပေမယ့်လည်း အဖွားပြန်လာရင် သူမက ဘာလို့အပြင်ထွက်ခွင့် မရတော့မှာလဲ။ သူမအဖွားက သူမကို အိမ်မှာ အကျဥ်းချထားမှာမို့လို့လား။

သူမက လှပနက်မှောင်ပြီး သိချင်စိတ်ပြင်းပြနေတဲ့ သူမရဲ့မျက်ဝန်းများနှင့် ထိုသူ့ကိုကြည့်ပြီး‌ မေးလိုက်သည်။

ထိုနေရာတွင် ရပ်နေသည့် မိန်းကလေးသည် အလွန်နူးညံ့ပျော့ပျောင်းမည့်ပုံပင်။ သူမ၏ အသားအရေလေးက နှင်းလို ဖြူစင်ကြည်လင်နေပြီး သူမ၏ နှုတ်ခမ်းပါးလေးက အနီရင့်ရောင်လေးလို တောက်ပနေလျက်ရှိသည်။ သူမ၏နှာတံလေးမှာ ဖြောင့်ဆင်းနေပြီး သူမရဲ့ မျက်ဝန်းလေးများမှာလည်း တောက်ပနေခဲ့ပြန်သည်။ သူမသည် မျက်ဝန်းလေးများ ဝိုင်းစက်နေပြီး အလွန်ချစ်ဖို့ကောင်းတဲ့ အသွင်ကိုဆောင်နေလေသည်။

ဤမြင်ကွင်းက လုံယန်ရဲ့ နှလုံးသားအား လှုပ်ခတ်သွားစေခဲ့သည်။ သူက သူမရဲ့ ယခုသွင်ပြင်လေးကို အလွန်ပင် နှစ်သက်မိသွားလေသည်။ ရုတ်တရက်ဆန်စွာပဲ သူက သူမရဲ့ ပုခုံးစွန်းလေးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏နဖူးပြင်အား အနမ်းပေးရန် ကပ်သွားလိုက်တော့သည်။

“မင်းသိချင်လား။ ကိုယ်နဲ့လိုက်ခဲ့ရင် ပြောပြပေးမယ်လေ။”

ထို့နောက်သူမအား စကားတစ်ခွန်းမှ ထပ်ပြောရန်အခွင့်အရေးမပေးတော့ဘဲ သူမ၏လက်ကို ဆွဲကိုင်၍ ခေါ်လာခဲ့လိုက်တော့သည်။

လုလျန့်ဝေကတော့ သူမနဖူးပြင်ပေါ်ရှိ စိုစွတ်မှုကို သုတ်ပစ်ရန်အတွက် သူမရဲ့လက်ကောက်ဝတ်အား တည်ငြိမ်စွာပင် မြှောက်လိုက်သည်။

ထိုသူက သူမ၏လက်အား ဆွဲကိုင်ရုံတင်မကပဲ သူမကိုပါ နမ်းခဲ့သည်။

မြို့စားဟောင်းသခင်မကြီးသည် အိမ်တော်ကို ပြန်ရောက်ရောက်ချင်း သခင်မလေးအဆောင်ကို တိုက်ရိုက်ဦးတည်သွားသည်။

မြို့စားဟောင်းသခင်မကြီး ဥယျာဥ်အတွင်းထဲကို ဝင်လာသည့်အချိန်၌ ကျူယွိသည် ဥယျာဥ်ထဲက အပင်များအား ရေလောင်းနေဆဲပင်ဖြစ်သည်။ သူမသည် အလျင်အမြန်ပင် လက်ထဲက ပစ္စည်းတွေကို ချထားလိုက်ပြီး သူမရဲ့လက်တွေကို သုတ်လိုက်ကာ မြို့စားဟောင်းသခင်မကြီးအား ကြိုဆိုဖို့အတွက် အပြေးအလွှား သွားလိုက်သည်။

မြို့စားဟောင်းသခင်မကြီးသည် သူမလမ်းအားပိတ်နေသည့် ကျူယွိကို အဝေးသို့တွန်းထုတ်လိုက်ပြီး‌ မေးလိုက်သည်။

“မင်းရဲ့ သခင်မလေး ဘယ်မှာလဲ။”

All Chapters