← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 5 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 5 Ch. 249-250

Chapter 249: ဝေဝေ့ကို ကိုယ်တော်နဲ့အတူ ခေါ်ဆောင်လာခဲ့ပြီ။

April 30, 2024 by Duan Fei Lin (段飞林)

“သခင်မလေးက အခန်းထဲမှာရှိနေပါတယ်…”

ကျူယွိသည် ချက်ချင်းပင်ပြန်ဖြေလိုက်သည်။ သူမသည် အခြေအနေတစ်ခုကို သဘောပေါက်ဖို့အတွက် နှေးကွေးတတ်တာတောင်မှ မြို့စားဟောင်းသခင်မကြီး အခုစိတ်ပျော်ရွှင်နေတာမဟုတ်မှန်း ချက်ချင်းခံစားမိလိုက်သည်။သူမအလောတကြီးနဲ့ပင် ပြောလိုက်သည်။

“သခင်မလေးထွက်လာဖို့ ကျွန်မသွားခေါ်လိုက်ပါမယ်”

သူမ ပြောပြီးသည်နှင့် ဆေးဝါးအခန်းငယ်လေးအတွင်းသို့ ပြေးဝင်သွားခဲ့သည်။

တစ်ခဏလေးအတွင်းမှာပင် သူမတုန်လှုပ်ခြောက်ခြားနေသော အမူအရာဖြင့် စာရွက်တစ်ရွက်ကို လက်မှာကိုင်ပြီး ပြန်ထွက်လာသည်။

“အိုး မကောင်းတော့ဘူး၊ မြို့စားဟောင်းသခင်မကြီး၊ သခင်မလေးက ထွက်ပြေးသွားပါပြီ…”

မြို့စားဟောင်းသခင်မကြီးရဲ့ မျက်နှာအမူအရာဟာ ပြောင်းလဲသွားသည်။ သူမရဲ့ ဒေါသတွေကို မြိုသိပ်လိုက်ပြီး မေးလိုက်သည်။

ကျူယွိဟာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ရှေ့ထွက်လာပြီး သူမလက်ထဲတွင် ကိုင်ထားသောစာရွက်ကို မြို့စားဟောင်းသခင်မကြီးထံ ပေးလိုက်သည်။

မြို့စားဟောင်းသခင်မကြီးဟာ စာကို ဖတ်ပြီးပြီးချင်းမှာပင် သူမရဲ့စိတ်ခံစားချက်ကို မထိန်းထားနိုင်တော့ဘဲ ဒေါသတွေ အရမ်းထွက်လာတော့သည်။ သူမအံကြိတ်ပြီးပြောလိုက်သည်။

သူဝေဝေ့ကို တိတ်တဆိတ်ခေါ်ဆောင်သွားခဲ့ပြီ။ ဒါကအရမ်းကို လွန်သွားပြီ လွန်လွန်းသွားပြီ။

လုံယန်က နန်းတော်အတွင်းတွင် ရှိနေခဲ့သည့်တိုင်အောင် မြို့စားဟောင်းသခင်မကြီး ရောက်မလာခင်အချိန်လေးအတွင်းမှာပင် တော်ဝင်မြို့စားအိမ်တော်ကို ရောက်ဖို့က သူ့အတွက် အချိန်ခဏလေးပင် ကြာခဲ့သည်။ အဲ့ဒါတင်မကသေးဘဲ သူကဝေဝေ့ကိုပါ သူနဲ့အတူခေါ်ဆောင်သွားသည်။

သူက ဒီကိစ္စတွေကို လွယ်ကူစွာနှင့်ပင် လုပ်နိုင်ခဲ့သည်။ ဒါ့ကြောင့် ဒီလိုမျိုး ဝေဝေ့ရဲ့ အပျိုစင်အခန်းထဲကို ခိုးဝင်ခြင်းက ပထမဆုံးအကြိမ်မဟုတ်ဘူးဆိုတာ သိသာလွန်းသည်။

မြို့စားဟောင်းသခင်မကြီးက အရမ်းကိုပင် ဒေါသထွက်သွားခဲ့သည်။

ကျူယွိက မြို့စားဟောင်းသခင်မကြီးရဲ့ စကားကို ကြားလိုက်ရပြီးတဲ့နောက်မှာတော့ သူမမျက်နှာဟာ ကြောက်စိတ်ကြောင့် ဖြူလျော့လာခဲ့သည်။ အမျိုးသမီးကြီးတစ်ယောက်က အရမ်းဒေါသထွက်နေရင် ဧကရာဇ်နာမည်ကိုတောင် မှားပြီး တိုက်ရိုက်ခေါ်နိုင်တယ်တဲ့လား။

ကျူယွိက မြို့စားဟောင်းသခင်မကြီးလက်ထဲတွင် ကိုင်ထားသော စာရွက်ကို စိုက်ကြည့်နေမိသည်။ သို့ပေမယ့် အကြောင်းအရာအလုံးစုံကို ခြုံကြည့်လျှင်လည်း ဒါဟာ သူ့အရှင်သခင် အမှားပဲမဟုတ်လား။ သတိတစ်ချက်တောင်မပေးဘဲ ဘယ်လိုလုပ် သခင်မလေးကို ခေါ်သွားနိုင်ရတာလဲ။

မဟုတ်သေးဘူး။ ခနလေးနေအုံး သူ့အရှင်သခင်က ဘယ်တုန်းက ဒီကိုရောက်လာခဲ့တာလဲ။ ကျူယွိ ဘာကြောင့်သတိမထားမိခဲ့ရတာလဲ။

မြို့စားဟောင်းသခင်မကြီးက စာကို ပြန်ဖတ်ပြီးတဲ့နောက်မှာတော့ ချက်ချင်းပင် ခေါင်းကိုက်လာသည်။

မြို့စားဟောင်းသခင်မကြီးက သူမဒေါသတွေကို လက်ထဲကစာရွက်အား ချေမွလုံးချေလိုက်ပြီး ပုံချလိုက်သည်။မြေပြင်ပေါ်ကိုအားနဲ့ ပစ်ချဖို့ရွယ်လိုက်ပေမယ့် သူမတစ်စုံတစ်ခုကို သတိရမိသွားသည်။ သူမ ချက်ချင်းပင် စာရွက်ကို ပြန်ဖွင့်လိုက်ကာ ငြင်ငြင်သာသာပင်ပြန်ဖြန့်လိုက်သည်။

မြို့စားဟောင်းသခင်မကြီးက သူမနဖူးကို ပွတ်သပ်လိုက်သည်။ ဒါက အတော့်ကိုပင် စိတ်တိုဖို့ကောင်းသည်။

ဘာလို့သူ့သခင်သည် အကြောင်းပြချက်မရှိဘဲနှင့် ရုတ်တရက်ကြီး ကျိရွှီကို လက်ထပ်ပေးဖို့ စီစဥ်ခဲ့တာလဲ။

လုဟယ်ထျန်းရောက်လာခဲ့သောအချိန်တွင် အခမ်းအနားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူသည် ပြန်ထွက်နေတုန်းပင်ရှိနေခဲ့ပြီး သူနဲ့အဆောင်အပြင်ဘက်မှတောင် တိုက်မိလိုက်သေးသည်။

အခုတော့ လုဟယ်ထျန်း ဘာမှပြောစရာမလိုတော့ပေ။

ဘာပြောဖို့ လိုအုံးမှာလဲ။

သူ့ရဲ့အရှင်သခင်သည် ကျိရွှီအတွက် လက်ထပ်ဖို့ စီစဥ်ခဲ့ပြီးပြီ။ အကယ်၍ လုဟယ်ထျန်းသာ လက်ထပ်ခွင့်အား ဆက်လက်တောင်းဆိုနေမည်ဆိုလျှင် ဝေဝေ့အတွက် အရမ်းနေရခက်စေတာမျိုးဖြစ်ပေမည်။

ကျိချင်းယွမ်သည် လုဟယ်ထျန်းအား တွေ့လိုက်ရစဥ်ကတည်းက စာကိုဖွင့်ကြည့်စရာပင်မလိုတော့ဘဲ လုဟယ်ထျန်းလာရင်းအကြောင်းကို သိလိုက်သည်။

ကျိချင်းယွမ်က နောင်တတွေနဲ့အတူ သက်ပြင်းချလိုက်သည်။

ဝေဝေက မိန်းမကောင်းလေး တစ်ယောက်ဖြစ်သည်။ သူတို့ကျိရွှီကတော့ ကံမကောင်းခဲ့ပေ။

ကျိရွှီက ဘေးကပ်ရပ်လိုက်ပြီးနောက် စိတ်မကောင်းနေပုံပေါ်သည်။

သူသည် လုလျန့်ဝေနှင့်လက်ထပ်ဖို့တင်မဟုတ်ဘဲ သူမအပေါ်တွင် ခံစားချက်တွေရှိနေလို့ပဲဖြစ်သည်။ ဘာမှဖြစ်မလာခင်မှာပင် သူ့ အခွင့်အရေးဆုံးရှုံးလိုက်ရလိမ့်မည်လို့ ဘယ်သူကများ ထင်ထားမိခဲ့မှာလဲ။

သူတစ်ခါမှပင် မမြင်ဖူးသော ကုမိသားစုမှ သခင်မလေးနှင့် လက်ထပ်ရမည်ဆိုတာကို တွေးလိုက်မိပြီးနောက်မှာတော့ သူပိုပြီးစိတ်ပျက်သွားမိသည်။

အပြင်လူတစ်ယောက်ရဲ့ ရှုထောင့်မှကြည့်မည်ဆိုလျှင်တော့ သူ့အရှင်သခင်ကိုယ်တိုင်ပင် သူ့အတွက် လက်ထပ်ပွဲစီစဥ်ပေးခြင်းသည် ဧကရာဇ်ရဲ့ မျက်နှာသာပေးခြင်းကိုခံရသည်ဟုသာ မြင်ပါလိမ့်မည်။ သို့ပေမယ့် ဒီကိစ္စတွင် အမှန်တစ်ကယ် ပါဝင်ပတ်သက်နေသော သူများသာလျှင် မည်သို့ခံစားရသည်ဆိုတာကို သေချာနားလည်နိုင်လိမ့်မည်။ တစ်ကြိမ်တစ်ခါမှပင် မဆုံဖူးသော မိန်းကလေးတစ်ယောက်နှင့် ရုတ်တရက်ကြီး အတူနေရတော့မည်ဆိုတာက အရမ်းကိုပင် စိတ်ပျက်ဖို့ကောင်းလှသည်။

ကိစ္စတွေအားလုံး ဒီလိုဖြစ်လာပြီးပြီးဖြစ်သောကြောင့် လုဟယ်ထျန်းတွင် ဘာမှပြောစရာမရှိတော့ပေ။ သူလက်တွေကို ဆုပ်ကိုင်ထားလိုက်ပြီး ကျိချင်းယွမ်နှင့် သူ့သားအား ဂုဏ်ပြုစကားပြောလိုက်သည်။

“ဧကရာဇ်မင်းကိုယ်တိုင်က လက်ထပ်ပွဲကို စီစဥ်ပေးထားတဲ့အတွက်ကြောင့် မင်းတို့မိသားစုအတွက်ကောင်းချီးပါပဲ။ ကျိရွှီကတော့ တစ်ကယ်ကို ကံကောင်းတယ်။”

ကျိချင်းယွမ် စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်လိုက်ပြီး ဝမ်းမြောက်နေပုံပေါ်အောင် ကြိုးစားပြောလိုက်သည်။

“အစ်ကိုလု မင်းက အရမ်းကြင်နာတတ်တာပဲ။”

Chapter 250: သူကသူမရဲ့ရိုးသားမှုကိုပင် အပေးအယူလုပ်ခဲ့သည်။

April 30, 2024 by Duan Fei Lin (段飞林)

ဥယျာဥ်ရဲ့ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်ပြီး သီးသန့်ဆန်သည်။ အစေခံလည်း အနည်းငယ်မျှသာရှိပြီး အများဆုံးအနေဖြင့် နှစ်ယောက်သုံးယောက်သာရှိသည်။

လုလျန့်ဝေက အခုချိန်ထိလုံယန်ရဲ့ ဆုပ်ကိုင်ခြင်းခံထားရသော သူမလက်ကိုကြည့်ပြီး ငြင်သာစွာပင် ရုန်းလိုက်သည်။

“အရှင်မင်းကြီး”

လုံယန်က သူမလက်ကို လွှတ်မပေးခဲ့ပေ။ အဲ့ဒီ့အစား သူမလက်ကို ဆက်လက်ဆုပ်ကိုင်ထားပြီး ဥယျာဥ်လေးထဲတွင်ရှိသည့် တဲအိမ်လေးဆီသို့ ဦးတည်ပြီး လျှောက်သွားသည်။

အစေခံတစ်ယောက်က လက်ဖက်ရည်နှင့် ကိတ်မုန့်လေးတွေကို ချက်ချင်းယူလာပေးသောအခါတွင် သူတို့လည်း ထိုင်ခုံတွင်နေရာယူကာ ထိုင်လိုက်ကြသည်။

ကိတ်မုန့်များဟာ လှပပြီး အရသာရှိပုံရပေမယ့် လုလျန့်ဝေက အခုချိန်တွင် ခံတွင်းမတွေ့ပေ။ သူမက သူမအရှေ့တွင် ရှိနေသောသူကို မျက်လုံးပင့်၍ ကြည့်လိုက်သည်။

သူမဟာ လုံယန်အပြုအမူတွေကို ကြည့်ခြင်းအားဖြင့် သူမအဖွား အကြံအစည်မအောင်မြင်ခဲ့ဘဲ စိတ်ဓာတ်ကျစွာဖြင့် ပြန်လာခဲ့ရမည်ကို သူမခန့်မှန်းနိုင်သည်။

သို့ပေမယ့် သူမအဖွားကလက်ကောက်ဝတ်ထဲ၌ အထူးပြင်ဆင်သွားခဲ့သောအရာ ရှိပေသည်။ ဥပမာအားဖြင့် သူမရဲ့ ရွှေဓားမြောင်ကို ယူသွားချင်းပင်။ ထိုရွှေဓားမြောင်က နှောင်းပိုင်းဧကရာဇ်မင်းကိုယ်တိုင် သူမကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လုံယန်ကတောင် လျစ်လျှူမရှုဝံ့ပေ။ အဲ့ဒါတောင် ဘာကြောင့် သူမအဖွားက လုံယန်စကားကို နာခံခဲ့ပြီး ပြန်လာခဲ့ရတာလဲ။

သူမအဖွားကို ထူးဆန်းတဲ့အရာတွေများ သူပြောခဲ့တာလား။

လုံယန်က လုလျန့်ဝေကို ဖုံးကွယ်မနေဘဲ ပြောလိုက်သည်။

“အခုမင်းက ကိုယ့်ရဲ့မိန်းကလေးပါလို့ ကိုယ်မင်းအဖွားကို ပြောခဲ့တယ်။”

“ကိုယ်တို့ဘာမှပတ်သက်မှုမရှိခဲ့ဘူးဆိုတာ မင်းဘာကိုဆိုလိုတာလဲ။”

လုံယန်က သူမအပြုအမူကြောင့် စိတ်ရှုပ်သွားသည်။ အစတုန်းကပင် လုံယန်က သူမအတွက် အနည်းငယ်အပြစ်ရှိစိတ် ရှိခဲ့သေးသည်။ သို့ပေမယ့် သူမဒေါသထွက်နေပုံကို မြင်ပြီးတဲ့နောက်တွင်တော့ သူမျက်လုံးနက်တွေထဲတွင် လှောင်ပြုံးပြုံးလိုက်မိသည်။ သူရဲ့သွယ်လျသောလက်ချောင်းထိပ်ဖြင့် လက်ဖက်ရည်ခွက်ကို ပွတ်သပ်လိုက်သည်။

လုလျန့်ဝေက အကျိုးအမြတ်ရတာမျိုးမရှိခဲ့ပေမယ့် သူမစိတ်အနှောက်အယှက်ဖြစ်နေမိတုန်းပေ။

လုံယန်က ဒီအကြောင်းအရာကို ပြောလိုက်ပြီးတဲ့နောက် သူမအဖွားက ဘယ်လိုထင်သွားတာလဲ။

သူမအဖွားပြန်ရောက်လာခဲ့လျှင် သူမအိမ်တော်အပြင်ဘက်ကို ထွက်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာကို လုံယန်ပြောပြခဲ့တာ အံ့အားသင့်ဖွယ်မရှိတော့ပေ။

သူမအဖွားက သူပြောခဲ့တဲ့ အကြောင်းကို ကြားလိုက်ပြီးနောက် စိတ်မဆိုးခဲ့ဘူးဆိုလျှင်တောင် ထူးဆန်းနေအုံးမည်။

လုလျန့်ဝေက သူ့ကို စိုက်ကြည့်လိုက်သည်။ သူမစိတ်ဆိုးနေပေမယ့် ပြန်တုံ့ပြန်လိုက်သည်။

“အရှင်မင်းကြီးရဲ့ နှိမ့်ကျလှသောကျေးကျွန်က အဘယ်ကြောင့် စိတ်ဆိုးဝံ့ပါမလဲ။”

လုံယန်ကသူမကို ပြုံးရွှင်စွာနှင့်ပင် စိုက်ကြည့်လိုက်သည်။ သူမက “နှိမ့်ကျလှသောကျေးကျွန်” ဆိုတာကို သုံးနှုန်းသွားပြီးတာတောင် စိတ်မဆိုးဝံ့ဘူးဟု ပြောခဲ့သည်။

လုလျန့်ဝေက နောင်တရမိသွားသည်။ သူမသာ ဒီကိစ္စတွေကို အလွယ်တကူ ပြီးသွားခဲ့မှာ မဟုတ်ဘူးဆိုတာကို သိထားခဲ့လျှင် သူမအဖွားကို နန်းတော်ထဲသို့ မသွားအောင် တားခဲ့မည်။

အခုတော့ အလွန်ကို နောက်ကျသွားခဲ့ပြီ။ လုံယန်ကလည်းစိတ်ပြောင်းဖို့ မဖြစ်နိုင်တော့သည့်အပြင် သူမရိုးသားမှုကိုပင် အပေးအယူလုပ်ခဲ့သည်။ ဒါကအောင်နိုင်ခြင်းကို မခံစားရသော အောင်ပွဲတစ်ခုသာ ဖြစ်သည်။

သူက သူမကို စိတ်ဆိုးခွင့်ပေးလျှင်တောင် သူမဘာလုပ်လို့ရနိုင်မှာလဲ။ သူမ တစ်ကယ်ပဲ သူ့ကို ကိုက်နိုင်မှာလား။

ပန်းကန်ပြားထဲမှ ကိတ်မုန့်ကို ယူလိုက်ပြီး သူမခက်ခဲစွာပင် ကိုက်လိုက်သည်။ သူမနှုတ်ခမ်းထောင့်နားတွင် ကိတ်မုန့်အပိုင်းအစများ ပေကပ်သွားသည်ကို သူမသတိမထားလိုက်မိပေ။

လက်တစ်စုံက ရှေ့တိုးလာခဲ့ပြီး သူမ နှုတ်ခမ်းထောင့်ကို ငြင်သာစွာပင် သုတ်ပေးလာသည်။

လုလျန့်ဝေက စားလက်စများ ရပ်တန့်သွားသည်။ သူမဆန့်ကျင်ဘက်တွင်ရှိနေသောသူကို မျက်တောင်ခတ်ပြီး စိုက်ကြည့်လိုက်သည်။

သူက သူမနှင့်အတူရှိနေချိန်တိုင်းတွင် သူမက သူ့ကို ပျော်ရွှင်အောင် လုပ်နိုင်စွမ်းရှိသည်ဟု ခံစားမိသည်။

သူမ ပါးစပ်ထဲတွင် ကိတ်မုန့်အပြည့်ရှိနေပြီး သူမ ဝါးပြီး မျိုချဖို့ပင် မေ့နေခဲ့သည်။ ကိတ်မုန့်တွေကြောင့် သူမပါးဟာဖောင်းကားလျက်ရှိပြီး သူမကသူ့ကို ကြောင်အစွာပင် ငေးကြည့်နေမိသည်။

လုလျန့်ဝေက သူမနှုတ်ခမ်းထောင့်ကို သုတ်ပေးလိုက်၍ သူ၏လက်ချောင်းတွင်ပေနေသော ကိတ်မုန့်အပိုင်းအစလေးတွေကို တွေ့လိုက်သောအခါ အနည်းငယ်ရှက်သွားမိသည်။

လုံယန်က ဂရုတစိုက်နှင့်ပင် သူမအရှေ့တွင် လက်ဖက်ရည်ခွက်ကို ထားလိုက်သည်။

ကိတ်မုန့်တွေကုန်သွားသည်နှင့် လုလျန့်ဝေက သူမရဲ့လက်ဖက်ရည်ခွက်ကို ယူပြီးသောက်ဖို့ လုပ်နေစဥ်မှာပင် လုံယန်က တည်ငြိမ်စွာပင် မေးလာသည်။

“မြို့စားဟောင်းသခင်မကြီးက နန်းတော်ထဲကို ဘာကြောင့်လာလဲဆိုတာကို မင်းသိလား။”

လုလျန့်ဝေက ခဏလောက်ရပ်တန့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။

လုံယန် မျက်လုံးများသည် စုံစမ်းစစ်ဆေးချင်စိတ်နှင့် ပြည့်နေသည်။

“မင်းအိမ်ရှေ့မင်းသားကို မေ့လို့မရတဲ့အတွက်ကြောင့် နန်းတော်ထဲမှာ လက်ထပ်ထိမ်းမြားဖို့ ဆန္ဒမရှိတာလား။”

လုလျန့်ဝေ သူမလက်ဖက်ရည်ကြောင့် သီးသွားရသည်။

ချောင်းဆိုးလိုက်သောကြောင့် သူမမျက်နှာလည်း ရဲတက်သွားသည်။

လုံယန် မတ်တပ်ရပ်လိုက်ပြီးနောက် သူရဲ့ကြီးမားသော လက်ဖြင့် သူမနောက်ကျောဘက်ကို ငြင်သာစွာ ပုတ်ပေးလိုက်သည်။

“ဖြည်းဖြည်းသောက်။”

ချောင်းဆိုးခြင်းကို ရပ်တန့်နိုင်ဖို့ သူမအချိန်အတော်ကြာ ယူခဲ့ရသည်။သူမရင်ထဲတွင်တော့ သူမဖြည်းဖြည်းချင်းသောက်နေခဲ့သည်။

‘အဲ့ဒါသူပြောလိုက်တာကြောင့် ဖြစ်ခဲ့ရတာမလား။’

All Chapters