← Chapters

အခန်း (၁၅၇)

Vol. 12 Ch. 157

အခန်း (၁၅၇)

Vol. 12 Ch. 157

တကယ်တော့ ဂါးရက် နော့ဒ်မတ်သည် ဘုန်းတော်ကြီး မက်သယူး၏ ခံစားချက်များကို လုံးဝနားလည်သည်။

ငါသာ တာဝန်ခံဆိုရင် ဒီတိရစ္ဆာန်တွေရဲ့ ကိုယ်အပူချိန်ကို တိုင်းတာချင်မှာ မဟုတ်ဘူး။ တစ်ကြိမ်တစ်ခါ တိုင်းတာရုံနဲ့ လုံလောက်တယ်လို့ ထင်မှာပဲ။

ဘာပဲဖြစ်ဖြစ် အရမ်းကို အလုပ်များတာကိုး။ ငှက်နှုတ်သီးပုံ အနက်ရောင်ဝတ်စုံကြီး၊ အနက်ရောင်ဦးထုပ်ကြီးနဲ့ လုံးဝိုင်းတဲ့ မျက်မှန်ကို ဝတ်ဆင်ထားပြီး တိုင်းတာမှုတိုင်းကို လက်အိတ်ချွတ်၊ လက်ဆေး၊ သာမိုမီတာကို ပိုးသတ်ရတာ...

ကံကောင်းစွာနဲ့ပဲ ဆောင်းရာသီဖြစ်နေလို့ပါ။ နွေရာသီသာဆိုရင် ဒီလိုဝတ်စုံနဲ့ အလုပ်ကြိုးစားနေရင် ငါတော့ တစ်နေရာတည်းမှာတင် အပူရှိန်လွန်ပြီး လဲကျသွားနိုင်တယ်။

ဂါးရက် ကူညီချင်သော်လည်း ပထမအနေဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းရည်က မလုံလောက်ပေ။

ဒုတိယအနေဖြင့် သာမိုမီတာက တစ်ခုသာ ရှိသည်။

ဂါးရက်က ဘေးကနေ စိတ်ပူပန်စွာ ကြည့်ရှုနေရုံသာမက အကြိမ်ကြိမ် သတိပေးနေရသည်။

“သတိထားနော် မကျိုးအောင် သတိထား”

“သတိထား။ ပြဒါးတွေ မဖိတ်စင်အောင်လို့ မဟုတ်ရင် တိရစ္ဆာန်တွေကို အဆိပ်သင့်စေနိုင်

တယ်”

“ငါသိပါတယ် ပိုးသတ်ရတာ မပြီးသေးဘူး... ဖြည်းဖြည်းချင်းလုပ်ရမှာ။ ဖန်ပြွန်ကို တိုက်ရိုက်အပူပေးရင် ပေါက်ကွဲသွားလိမ့်မယ်။ မင်း အရင်လက်သွားဆေးလိုက်...”

“တကယ်ပါပဲ လက်ကို အကြိမ်တိုင်း ဆေးနေရမှာလား”

အကြိမ် ၃၅ ကြိမ်မြောက် လက်ဆေးခိုင်းခံရပြီးနောက်မှာတော့ ဘုန်းတော်ကြီး မက်သယူးလည်း နောက်ဆုံးတော့ မခံနိုင်တော့ပေ။

“တစ်ခါတိုင်းပြီးတိုင်း တစ်ခါဆေးရမှာလား။ ငါ့လက်ကို ကြည့်ပါဦး အရေပြားတွေ အကုန်လုံးတွန့်ကုန်ပြီ။ နောက်တစ်ခါဆေးရင် အက်ကွဲသွားတော့မယ်”

ဂါးရက်က သူ့ကို ဝမ်းနည်းစွာကြည့်ပြီး အနီးနားရှိ သေတ္တာကို လက်ညှိုးထိုးပြလိုက်သည်။ ဘုန်းတော်ကြီး မက်သယူး၏ ဒေါသက ချက်ချင်းဆိုသလို အနည်းငယ် လျော့ကျသွားသည်။

သေတ္တာထဲတွင် ဂါးရက်က ကြိုတင်ပြင်ဆင်ထားသည့် ဝက်အူချောင်းအရေပြားလက်အိတ်များ စုစုပေါင်း ၁၂၃၄၅ ရံ အားလုံးက ရှုပ်ပွနေပြီး ထိုထဲသို့ ပစ်ထည့်ထားသည်။

အားလုံးက သူ့အတွက် အသုံးပြုဖို့ တိရစ္ဆာန်တစ်ကောင်ကို တိုင်းတာပြီး တစ်ရံပစ်က။ နောက်တစ်ကောင်ကို တိုင်းပြီး နောက်တစ်ရံကို ပစ်သည်။

ဂါးရက်၏ ပြင်ဆင်မှုက အလွန်အမင်း သေသေချာချာရှိသည်ဟု ဆိုနိုင်သည်။ ဤပမာဏကို ကြည့်ရသည်မှာ သူ ရှာတွေ့နိုင်သည့် ဝက်အူချောင်းအရေပြားတိုင်းကို ရှာဖွေစုဆောင်းထားသည်နှင့် တူသည်။

“ပြန်သုံးလို့ မရဘူးလား”

“မရဘူး။ တိရစ္ဆာန်တွေကြား ကူးစက်မှုအကြောင်း စမ်းသပ်ချင်တာ မဟုတ်ရင် စမ်းသပ်မှုရလဒ်တွေက တိကျမှာ မဟုတ်ဘူး”

ဂါးရက်သည် ဘုန်းတော်ကြီး မက်သယူးကို သနားညှာတာမှုကင်းမဲ့စွာ ငြင်းပယ်လိုက်သည်။ လက်အိတ်လဲတာနဲ့ လက်ဆေးတာက ဘာမှမဟုတ်ပါဘူး။ နောက်ဆုံးတော့ သူတို့ရဲ့ အရေးပေါ်ခွဲစိတ်ကုသမှုမှာ လူနာတစ်ယောက်စီအတွက် လက်ကို တစ်ခါဆေးရမယ်။ နောက်လူနာအတွက် နောက်တစ်ခါ ပြန်ဆေးရတာကိုး...

လက်ဆေးတာကို မလုပ်ချင်လို့ အရက်ဂျယ်နဲ့ ပွတ်တိုက်တာတောင်...

အဲဒါလည်း သိပ်မကောင်းလှဘူး။ လူနာများတဲ့ အချိန်တွေဆိုရင် သူနာပြုတစ်ယောက်ရဲ့ နုနယ်တဲ့ လက်တွေဟာ တစ်ရက်အတွင်း ခြောက်သွေ့လာပြီး နှစ်ရက်အတွင်း အက်ကွဲလာမယ်။ သုံးရက်အတွင်းမှာတော့ ပြတ်ရှဒဏ်ရာတွေ ဖြစ်လာတော့တာပဲ...

သူတို့ရော အခုလို ပြောကြမယ်ထင်တယ်….

“ဘုန်းတော်ကြီး မက်သယူး နည်းနည်းလေး သည်းခံပေးပါဦး။ ငါတို့ပြီးရင် လက်လိမ်းဆေး သွားဝယ်ပေးမယ်”

ဂါးရက်သည် သူ့၏အကြီးမားဆုံး ဆွဲဆောင်မှုကို ထုတ်ဖော်ပြသပြီး စိတ်ရင်းမှန်ဖြင့် တောင်းပန်လိုက်သည်။

“ငါတို့လုပ်နေတဲ့အရာက ဆေးဘက်ဆိုင်ရာစမ်းသပ်မှုနဲ့ သက်ဆိုင်ပြီး အဆုံးစွန်ရည်ရွယ်ချက်က လူတွေကို ကယ်တင်ဖို့ပဲ။ ငါတို့က စမ်းသပ်မှုစည်းမျဉ်းတွေကို ပိုပြီးလိုက်နာလေ ရလဒ်တွေက ပိုတိကျလေ။ လူတွေကို ကူညီနိုင်ဖို့ ပိုများလေပဲ။ ဒါကြောင့် ဘုန်းတော်ကြီး မက်သယူး ကျေးဇူးပြုပြီး နည်းနည်းလေး သည်းခံပေးပါဦး။ မင်းရဲ့နာမည်ကို ပထမဆုံး စာရေးသူအဖြစ် ထည့်ပေးမယ်လို့ ငါ အာမခံပါတယ်...”

ဘုန်းတော်ကြီး မက်သယူးက ရယ်မောလိုက်သည်။

“ငါက ဘုန်းတော်ကြီးတစ်ယောက်ပဲ။ မှော်ကောင်စီရဲ့ စာတမ်းတစ်ခုမှာ ပထမဆုံး စာရေးသူဖြစ်တာက ဘာအကျိုးရှိမှာလဲ”

စာရေးသူနာမည်ကို ဘယ်လိုပဲ စာရင်းပြုပြု စာတမ်းကိုတော့ ရေးရမည်ဖြစ်သည်။ ဂါးရက်

ကံကောင်းခဲ့သည်။ ဤရောဂါအသစ်၏ ပိုးပေါက်ဖွားချိန်သည် သိပ်မကြာလှဘဲ ငါးရက်ခြောက်ရက်ခန့်အကြာတွင် တိရစ္ဆာန်များ တစ်ကောင်ပြီးတစ်ကောင် စတင်ဖျားနာလာခဲ့သည်။ ဂါးရက်သည် တိုင်းတာရင်း မှတ်တမ်းတင်ခဲ့ပြီး တစ်လခွဲကြာပြီးနောက် သစ်သားအကြီးအကဲထံမှ သတင်းရောက်လာသည်။

ထို့ကြောင့် ဂါးရက်၏ စာတမ်းကို လစဉ်ကျင်းပသော စာမေးပွဲဖြစ်သည့် ကျောင်းသားများ၏ သုတေသနရလဒ်များကို အကဲဖြတ်သည့်အချိန်တွင် သူ့အတန်းဖော်များ၏ အိမ်စာများနှင့်အတူ အိမ်စာများ စုဆောင်းနေသော မှော်ဆရာ၏ စားပွဲပေါ်သို့ ပို့လိုက်သည်။

မှော်ဆရာ ဟာဗေးသည် သူ့ရှေ့ရှိ ကျောင်းသားအိမ်စာပုံကြီးကို ကြည့်ကာ မျက်နှာစိမ်းသွားသည်။

ကောင်းကင်ဘုံက ကူညီကြပါဦး။

ပထမအဆင့် မှော်ဆရာတစ်ယောက်က ဘယ်လိုအလုပ်မျိုးကို ထုတ်လုပ်နိုင်မှာလဲ။

စာတမ်းပုံစံပင်လျှင် တစ်ဝက်တောင် မမှန်ကန်သလို အကျဉ်းချုပ်က အဓိပ္ပာယ်မရှိပေ။ အဓိကစကားလုံးများကတော့ တစ်ဝက်လောက်သာ ကိုက်ညီရင်တောင် ကောင်းတယ်လို့ သတ်မှတ်ရတယ်။

ဆရာက အိမ်စာတွေကို ပြင်ပေးဖို့ အရမ်းပျင်းနေတာ။ ငါလည်း ဒီအရာနဲ့ အချိန်ဖြုန်းချင်စိတ်မရှိဘူး။

ဒါ့အပြင် ဒီလမှာ ဆောင်းပါးအရေအတွက်က ပုံမှန်ထက် ပိုများနေတယ်...

ကျောင်းသား ခုနစ်ဆယ်၊ ရှစ်ဆယ်လောက်က စာတမ်းနှစ်ဆယ်ကျော် တင်ကြတယ်။ သင်တန်းက အချင်းချင်း ပူးပေါင်းရေးသားခွင့် ပေးထားတာဆိုတော့ အနည်းဆုံး ကျောင်းသားတစ်ဝက်ကျော်က ဒီအပေါ်မှာ ခုန်ဆင်းလာတာပေါ့ ဟုတ်တယ်မလား။

ဒါကြောင့် ငါ့မှာ လင်းနို့တစ်ကောင်တောင် ဝယ်လို့မရခဲ့ဘူး...

ငါ့ရဲ့ သုတေသနက တစ်ဝက်တောင် မပြီးသေးဘူး!

မှော်ဆရာ ဟာဗေးသည် ပထမစာတမ်းကို စိတ်ပျက်အားငယ်စွာဖြင့် ဖွင့်လိုက်သည်။

“လင်းနို့ပျံသန်းပုံကို အတုယူ၍ Feather Fall Spell ကို တိုးတက်အောင်ပြုလုပ်ခြင်း”

ကောင်းသားပဲ။

(T/L Feather fall spell ဆိုတာကလေ Dungeons & Dragons လို Tabletop Role-Playing Games (TRPG) တွေနဲ့ Fantasy ဂိမ်းတွေထဲမှာ မကြာခဏဆိုသလို တွေ့ရတတ်တယ်။ ဒီ Spell ရဲ့ အဓိကလုပ်ဆောင်ချက်က အမြင့်ကနေ ပြုတ်ကျတဲ့အခါ ဒဏ်ရာမရအောင် လေထဲမှာ ဖြည်းဖြည်းချင်း လွင့်မျောဆင်းသက်နိုင်အောင် ကူညီပေးတာပါ။ ဖတ်ရလွယ်အာင် engလိုပဲထည့်လိုက်မယ်နော်)

မှော်ပညာကို တိုးတက်အောင်လုပ်တာဖြင့် စတင်သည်။ သူသည် လင်းနို့တောင်ပံကို ပေါ့ပေါ့ပါးပါး ထိလိုက်ပြီး စာတမ်းထဲက ဖော်ပြချက်အတိုင်း စမ်းသပ်ကြည့်သည်...

“အပိုပစ္စည်းများ ထည့်သွင်းထားသော်လည်း မှော်စွမ်းအင်သုံးစွဲမှု မလျော့နည်းသလို ဆင်းသက်နှုန်းလည်း မတိုးသလို မလျော့ပါ”

သူသည် စာတမ်းအဆုံးတွင် မှတ်စုတစ်ခုကို အလျင်အမြန် ရေးထည့်လိုက်သည်။

“ဤကျောင်းသားကို မှော်သုတေသနတွင် အခြေခံခိုင်မာအောင် သို့မဟုတ် အခြားသုတေသနနယ်ပယ်ကို ရွေးချယ်ရန် အကြံပြုသည်”

၎င်းကို ဘေးဖယ်ထားလိုက်ပြီး ဒုတိယစာတမ်းကို ဖွင့်လိုက်သည်။

“ပဲ့တင်သံကိုအခြေခံသည့်မှော်ပညာအဖြစ် မတူညီသော လင်းနို့သုံးမျိုး၏ နှိုင်းယှဉ်လေ့လာမှု”

ဒီတစ်ခုကတော့ သိပ်အလှမ်းမဝေးပေမဲ့ ကောက်ချက်က...

မှော်ဆရာ ဟာဗေးသည် နောက်ဆုံးမတိုင်မီ စာမျက်နှာကို လှန်လိုက်ပြီး တစ်ချက်ကြည့်လိုက်

သည်။

“အနှစ်ချုပ်အားဖြင့် လင်းနို့မျိုးစိတ်များ ကွဲပြားခြင်းသည် ၎င်းတို့၏ ပဲ့တင်သံကိုအခြေခံသည့်မှော်ပညာအဖြစ် ထိရောက်မှုကို မထိခိုက်ပါ...”

ဒါဆို မင်း ဒီလောက်အလုပ်ရှုပ်နေတာက အရေးမပါတဲ့အရာကို သုတေသနလုပ်နေတာလား။

မှော်ဆရာ ဟာဗေးသည် နှာချေလိုက်ပြီး အနီရောင်ဘောပင်ကို ပေါ့ပေါ့တန်တန် ကောက်ယူကာ ထိုကောက်ချက်ကို အမှန်ခြစ်လိုက်ပြီး မည်သည့်မှတ်ချက်မှ ရေးဖို့ စိတ်မပါတော့ပေ။

တတိယစာတမ်း၊ စတုတ္ထစာတမ်း...

တစ်ထိုင်တည်းနှင့် စာတမ်း ၁၃ ခု၊ ၁၄ ခုခန့် ဖတ်ပြီးနောက် မှော်ဆရာ ဟာဗေး၏ မျက်လုံးများ မှုန်ဝါးလာပြီး “လင်းနို့” ဆိုသည့် စကားလုံးကိုပင် မမှတ်မိတော့သလို ခံစားရသည်။ သူသည် နောက်ထပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ပစ်ချပြီး နောက်စာတမ်းကို ဆွဲယူလိုက်သည်။

“လင်းနို့များနှင့် နီးကပ်စွာ ထိတွေ့မှုကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးအပေါ် သုတေသနပြုခြင်း”

ဘာ... ဘာလဲ။

ရောဂါကို သုတေသနလုပ်တာလား။

ရောဂါကုသခြင်းက ကုသရေးမှော်ဆရာများ၏ အလုပ်ဖြစ်သည်။

ဒါဆို ဘာလို့ မှော်ကောင်စီရဲ့ သင်တန်းကျောင်းကို လာတာလဲ။ ဒါမှမဟုတ် ဒီနှစ်ကျောင်းသားတွေထဲမှာ နက်ခရိုမန်ဆာပါလို့လား။ ရှိတယ်လို့တော့ မမှတ်မိပါဘူး။

မှော်ဆရာ ဟာဗေးသည် ထိုစာတမ်းကို ပစ်ချဖို့ စိတ်လိုလက်ရဖြစ်နေသည်။ သို့သော် လှမ်းကြည့်လိုက်သောအခါ အောက်ဘက်ရှိ အကျဉ်းချုပ်ကို သူ မြင်လိုက်ရသည်။

မကြာသေးမီက လင်းနို့ဖမ်းသည့် စွန့်စားသူများအကြားတွင် ရောဂါလက္ခဏာ ဆင်တူသည့် လူနာအချို့ ပေါ်ပေါက်လာခဲ့သည်။ ကျွန်ုပ်တို့သည် လင်းနို့များနှင့် ထိတွေ့သူများကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီး တချိန်တည်းတွင် တိရစ္ဆာန်စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ လင်းနို့များတွင် လူနှင့်တိရစ္ဆာန်နှစ်မျိုးလုံးတွင် ရောဂါဖြစ်စေနိုင်သော မသိသေးသည့် အဆိပ်အတောက်များ ပါဝင်နိုင်သည်ကို အတည်ပြုခဲ့သည်။ ဤရောဂါ၏ လက္ခဏာများတွင် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ အန်ခြင်းနှင့် လည်ချောင်းနာခြင်းတို့ ပါဝင်ပြီးနောက်တွင် ခေါင်းမူးခြင်း၊ ငိုက်မြည်းခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ ပါဝင်သည်...

မှော်ဆရာ ဟာဗေးပင် တုန်လှုပ်သွားသည်။ လွန်ခဲ့သော ရက်အနည်းငယ်က သူ့တွင် အပူချိန်အနည်းငယ်တက်ပြီး လည်ချောင်းနာခြင်း အနည်းငယ်ရှိခဲ့သည်ကို ရုတ်တရက် သတိရမိသည်။ ထိုအချိန်က သူသည် အအေးမိရုံမျှသာဟု ထင်ခဲ့သည်...

ဤအရာက လင်းနို့သုတေသနနှင့် ဆက်စပ်နေပါက မှော်ဆရာ မည်မျှ ထိခိုက်ခဲ့ပြီလဲ။

နောက်ပြီး မှော်ဆရာ မည်မျှက ဆိုးရွားသော အကျိုးဆက်များကို ခံစားရနိုင်လဲ။

သူသည် သေချာစွာ ဆက်လက်ဖတ်ရှုသည်။ ဤစာတမ်းပါ သုတေသနနည်းလမ်းများစွာက သူ့အတွက် မရင်းနှီးပေ။ တိရစ္ဆာန်စမ်းသပ်မှုများအတွက် အသေးစိတ်ဖော်ပြချက်များ အများအပြားလည်း ပါဝင်သည်။ သို့သော် မှော်ဆရာ ဟာဗေး အနည်းဆုံးတော့ ပြောနိုင်သည်။

ဤစာတမ်းကို ရေးသားသူသည် ဤစမ်းသပ်မှုကို ဒီဇိုင်းဆွဲရာတွင် များစွာစဉ်းစားထားပြီး ဖြစ်နိုင်ချေရှိသော အနှောင့်အယှက်အားလုံးကို ဖယ်ရှားကာ တတ်နိုင်သမျှ အသေးစိတ်နှင့် တိကျအောင် ပြုလုပ်ထားသည်။

“အနှစ်ချုပ်အားဖြင့် ကျွန်ုပ်တို့သည် ကနဦး ကောက်ချက်တစ်ခုကို ရရှိနိုင်သည်။ တံတွေး၊ မစင်၊ နှာခေါင်းပေါက်မှ ရှူသွင်းမိခြင်း သို့မဟုတ် လင်းနို့များကို နီးကပ်စွာ ထိတွေ့စဉ် စားသောက်မှုလုပ်ငန်းစဉ်အတွင်း ရောဂါပိုးဝင်ရောက်ခြင်းတို့သည် ရောဂါဖြစ်စေနိုင်သော အန္တရာယ်ဖြစ်နိုင်သည်။

ထို့ကြောင့် လင်းနို့များကို သုတေသနပြုသည့်အခါ မျက်နှာဖုံးများ ဝတ်ဆင်ရန် အကြံပြုအပ်ပြီး စမ်းသပ်မှုပြီးနောက်တွင် လက်နှင့်မျက်နှာကို သေချာစွာ ဆေးကြောပါ... လင်းနို့ထွက်ပစ္စည်းများကို အစားအသောက်များနှင့် ထိတွေ့ခွင့်မပေးပါနှင့်...”

မှော်ဆရာ ဟာဗေးသည် ပိုမိုဖတ်ရှုလေ သူ့အမူအရာ ပိုမိုလေးနက်လာလေဖြစ်သည်။ နောက်ဆုံးတွင် ဂါးရက်၏ စာတမ်းကို ကိုင်ဆောင်ပြီး ဆရာ၏ တံခါးကို ခေါက်လိုက်သည်။

All Chapters