← Chapters

ရာဖယ်ရယ် နှင့် ဆိုစဘတ်

Vol. 62 Ch. 997

ရာဖယ်ရယ် နှင့် ဆိုစဘတ်

Vol. 62 Ch. 997

ကျောက်စိမ်း သစ်တော ပင်လယ်၌ ရှိသော သဘာဝသစ်ပင် တိုက်ပွဲ၌ ချန်လွေ့က သူ့၏ ကြောက်စရာ အကောင်းဆုံး ရန်သူ ဖြစ်သော အမုန်းတရား အရှင်သခင် ချူအီလီယာနာနှင့် တွေ့ခဲ့ရသည်။

ထိုအရာက စိတ်ပုံရိပ် တစ်ခုသာ ဖြစ်နေခဲ့သော်လည်း စွမ်းအားက ချန်လွေ့ကို ချက်ချင်း သေသွားစေရန် လုံလောက်၏။ ချူအီလီယာနာက သူ့ကို အစကတည်းက ဖျက်ဆီး မပစ်ဘဲ ထိန်းချုပ်ရန် ဆန္ဒရှိ၍သာ မဟုတ်ရင် ချန်လွေ့က မည်သို့မှ အနိုင်ရနိုင်မည် မဟုတ်ပေ။

အခု ထိုတိုက်ပွဲကို ပြန်စဉ်းစား ကြည့်လျှင် ကံကောင်း၍ဟု ပြော၍ ရနိုင်ပေသည်။

ရှေ့တွင်ရှိသော အကြောက်တရား အရှင်သခင် ဆိုစဘတ်၏ စိတ်ပုံရိပ်က ချူအီလီယာနာထက် အများကြီး အားနည်းနေသည်။

အသူရောချောက်နက်၏ အုပ်စိုးသူ သုံးဦးထဲမှ ထိပ်ဆုံး ဖြစ်သော ချူအီလီယာနာက ဆိုစဘတ်ထက် သာလွန်သည်မှာ သေချာပေသည်။ သို့သော် ဆိုစဘတ်၏ စိတ်ပုံရိပ် ထိုမျှ အားနည်းရသည့် အကြောင်းရင်း အမှန်က သူ၏ အဓိက ယဇ်ပလ္လင် ပျက်စီးသွား၍ပင်။

သို့သော်လည်း အကြောက်တရား အရှင်သခင်၏ စိတ်ပုံရိပ်က ချန်လွေ့ကို အလွန်အမင်း အန္တရာယ် ရှိသည်ဟု ခံစားရစေသော စွမ်းအားမျိုး ပြသ နေဆဲပင်။ ချန်လွေ့က သူ့ကို တိုက်ခိုက်၍ မရနိုင်ကြောင်း သိသည်။ သို့သော်လည်း သူက [ကြယ်ဂိတ်] စွမ်းအားဖြင့် မထွက်ပြေးဘဲ ‘အသင့်တော်ဆုံး’ ဝှက်ဖဲတစ်ခုကို မတွန့်ဆုတ်ဘဲ အသက်သွင်းလိုက်၏။ သိဒ္ဓိလက်စွပ် တံဆိပ်ပင်။

သိဒ္ဓိ လက်စွပ် တံဆိပ်သည် ရွှေရောင်နယ်မြေတွင် ရာဖယ်ရယ်က ချန်လွေ့ကို ပေးခဲ့သော အကြီးမားဆုံး အသက်ကယ် မှော်ပစ္စည်း ဖြစ်ပြီး ထိုကောင်းကင်တမန်၏ စိတ်ပုံရိပ်ကို ခေါ်ယူနိုင်သည်။

ရာဖယ်ရယ်(ကိုယ်ပွား) ရောက်လာ သည်နှင့် သူ့၏ ပထမဆုံးအမြင်က ချန်လွေ့ ပေါ်တွင် ရှိနေခဲ့သည်။ “မင်းက တကယ်ကို အသက်ရှင် နေသေးတာပဲ။”

‘အာသာ’ ပျောက်ဆုံးသွားသော သတင်းကို ရာရယ်ရယ် ကြားပြီးသား ဖြစ်သည်။ သူက ဒေါသထွက်ပြီး စိတ်ဓာတ်ကျနေခဲ့၏။ ၎င်းက သူ နည်းလမ်း ပေါင်းစုံ အသုံးပြုပြီး လက်အောက်ခံ ဖြစ်အောင် ဆွဲဆောင် ထားသော ‘သိဒ္ဓိသားတော်’ ဖြစ်၏။ သို့သော် မမျှော်လင့် ထားဘဲ ကျက်သရေပြာအင်ပါယာ၌ မရဏနက် နောက်လိုက်များ၏ အလစ် တိုက်ခိုက်ခြင်း ခံခဲ့ရလေသည်။

အရေးအကြီးဆုံးသော အရာမှာ သိဒ္ဓိ ကျောင်းတော်၏ အနာဂတ်ကို သက်ရောက်စေနိုင်သော ဆူးသရဖူက ‘အာသာ’ လက်ထဲမှာ ရှိနေခြင်းပင်။ ဆူးသရဖူက မရဏနက်နောက်လိုက် လက်ထဲ ရောက်သွားမည် ဆိုလျှင် အကျိုးဆက်များ ဆိုးရွားပေလိမ့်မည်။

ယခုတော့ ရာဖယ်ရယ် ပေးခဲ့သော နောက်ဆုံး အသက်ကယ် ဝှက်ဖဲ ကို ‘အာသာ’က အသက်သွင်းပြီး သူ့၏ ကိုယ်ပွားကို အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့ သောကြောင့် နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်ခဲ့သည်။ သို့ရာတွင် ကောင်းကင်တမန်က တစ်စက္ကန့်မျှသာ စိတ်သက်သာရာရပြီး နောက်ကွယ်မှ အရာအားလုံးကို ထိုးဖောက်မြင်နေ ရသလို ကြောက်မက်ဖွယ်ကောင်းပြီး ရင်းနှီးသော အကြည့်ကို ချက်ချင်း သတိပြုမိလိုက်၏။

ရာဖယ်ရယ်၏ မျက်လုံး ရုတ်တရက် ကျဉ်းမြောင်း သွားခဲ့သည်။ သူက ခေါင်းကို မလှည့်ဘဲ ကမ္ဘာမကြေ ရန်သူ၏ နာမည်ကို အော်ခေါ် လိုက်၏။ “ဆိုစဘတ်!”

သူက ထိုသို့ ပြောလိုက်သည်နှင့် သူ့နောက်မှ အားကောင်းလှသော ဖျက်ဆီးရေးစွမ်းအားများက အလင်း စီးကြောင်းတစ်ခု သဖွယ် တိုက်ခိုက် လာခဲ့သည်။ ရာဖယ်ရယ်က အချိန်မီ မရှောင်နိုင်ဘဲ ခန္ဓာကိုယ် ရုတ်တရက် နှစ်ပိုင်း ဖြစ်သွားလေသည်။

ရာဖယ်ရယ် မကာကွယ်နိုင်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ရန်သူက ဆိုစဘတ်ဖြစ်ကြောင်း သဘောပေါက် ပြီးနောက် သူ့၏ ပထမဆုံး တုံ့ပြန်မှုက လှည့်ပြီး တိုက်ခိုက်ခြင်း ဒါမှမဟုတ် ကာကွယ်ခြင်း မဟုတ်ဘဲ ချန်လွေ့၏ ပတ်လည်တွင် အကာအကွယ် အလင်းများကို အရင် ချပေးခဲ့ခြင်းပင်။

ထိုအလင်းက ပိုးအိမ်ကဲ့သို့ ဖြစ်ပြီး ချန်လွေ့ကို ဝန်းရံကာ လေထဲတွင် ပျံဝဲနေခဲ့သည်။ ရာဖယ်ရယ်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းလိုက်သော ဖျက်ဆီးခြင်းစွမ်းအားက ထိုအလင်း ပိုးအိမ်ကို ထိသွားသောအခါတွင် ချောမွေ့သောအရာ တစ်ခုကို ထိသွားသလိုမျိုး ပြန့်ကျဲ သွားခဲ့၏။ ချန်လွေ့၏ ခန္ဓာကိုယ် သည်လည်း ထိုအရှိန်ကြောင့် အဝေးသို့ ပျံသွားခဲ့ သော်လည်း အလင်းပိုးအိမ်ကတော့ ပျက်စီးခြင်းမရှိဘဲ ကျန်ရှိနေခဲ့သည်။

ထိုသို့ ကိုယ့်ကိုယ်ကို စတေးပြီး ကယ်တင်ခဲ့သော သူက မိတ်ဆွေ တစ်ယောက်ဆိုလျှင် ချန်လွေ့က သူ့၏ စွမ်းအား အကုန်ဖြင့် ဆိုစဘတ်ကို သွားတိုက်ခိုက်မည် ဖြစ်၏။ သို့သော် သူ့ရှေ့မှ ရာဖယ်ရယ်က ကိုယ်ပွား တစ်ခုသာ ဖြစ်ပြီး ကာကွယ်မှုက သိဒ္ဓိကျောင်းတော် အတွက် သူ့၏ တန်ဖိုးကြောင့်သာ အသုံးပြုခဲ့ကြောင်း ထင်ရှားသည်။ ပိုအရေးကြီးသည်က ထက်ခြမ်း ပြတ်သွားသော သူ၏ မျက်နှာပေါ်တွင် သရော်သော အပြုံး တစ်ခု ရှိနေခဲ့ခြင်းပင်။ ဒီတိုက်ခိုက်မှုက ရာဖယ်ရယ်ကို တကယ်မထိခိုက်ခဲ့ပေ။

ခန္ဓာကိုယ် နှစ်ခုက ခဏတာ ပြောင်းလဲသွားခဲ့ပြီး တူညီသော ရာဖယ်ရယ် နှစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားကာ ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။ ထပ်နေသောအသံ ထွက်ပေါ်လာ၏။ “မင်းရဲ့စွမ်းအားက... အားနည်းနေမယ်လို့ မထင်ထားခဲ့ဘူး။ ဆိုစဘတ်...”

သွေးမြူခိုးထဲမှ မျက်လုံးစိမ်းက မျက်နှာ သွင်ပြင်နဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းလိုက်ပြီး အနားသတ်များက မှိန်ဖျော့သော အနီရောင် အလင်းနဲ့ တောက်ပနေ၏။ ၃မီတာခန့် မြင့်သော ခန္ဓာကိုယ် တစ်ခုပင်။ အနီရောင် ပါးစပ်က အသံထွက် လာသောအခါ မြေအောက် နန်းတော် တစ်ခုလုံးက ရုတ်တရက် လုံးဝ ပြောင်းလဲသွားပြီး အနီရောင်ပင်လယ်အဖြစ် ပြောင်းလဲ သွားသည်ကို ခံစားလိုက်ရ၏။

ပင်လယ်က ပူနွေးသော သွေးများ ပြည့်နေပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော အနံ့အသက်ဆိုးများ ထွက်နေသည်။ ထို “အကာအကွယ် အလွှာ” ထဲမှာပင် ချန်လွေ့က ကြောက်မက်ဖွယ် အပူရှိန်နှင့် ပြင်းထန်သော ‘အကြောက်တရား’ ပါဝင်သည့် ပျက်စီးခြင်း အငွေ့ အသက်ကို ခံစားနေရဆဲပင်။

ထိုအရာကက စိတ်ပုံရိပ် တစ်ခုသာ ဖြစ်သော်လည်း ချန်လွေ့က တစ်ချက် ကြည့်လိုက်သည်နှင့် သိလိုက်၏။ ထိုအရာက သာမန် စိတ်ဝိညာဉ် တိုင်းပြည် မဟုတ်ဘဲ တကယ့် နတ်ဘုရား-ယောင် တိုင်းပြည်ပင်။ ဆိုစဘတ်တွင် အမှန်တကယ် ထိုသို့ သွေးပင်လယ် ရှိနေလေသည်။

ဧရာမသွေးပင်လယ်က မိုးထိုးသော လှိုင်းလုံးများ ဖြစ်လာပြီး သွေးနီရောင် လက်သည်းများအဖြစ် ပြောင်းလဲကာ ရာဖယ်ရယ် နှစ်ယောက်ကို လွှမ်းမိုး ဝိုင်းရံ လိုက်သည်။ လက်သည်းများ ဖြတ်သန်းသွားသော နေရာတိုင်းတွင် နေရာလွတ်များ၌ အက်ကွဲကြောင်း များစွာ ပေါ်လာခဲ့သည်။ စွမ်းအားက သိသာထင်ရှားပေ၏။

ရာဖယ်ရယ်ရဲ့ ခန္ဓာကိုယ် နှစ်ခုက မျက်စိတစ်မှိတ် အတွင်း အပိုင်းအစ များစွာအဖြစ် ကြေမွသွားသော်လည်း ထိုတိုက်ခိုက်မှုနည်းလမ်းက တကယ် ထိရောက်သော ပျက်စီးမှုကို မဖြစ် စေနိုင်သေးဘဲ ကွဲကြေသွားသော အစိတ်အပိုင်းများက ရာဖယ်ရယ်များ ထပ်ဖြစ်လာခဲ့သည်။

“ကောင်းကင်စတေးပလ္လင်!” ထပ်နေသော အသံရာပေါင်းများစွာက တချိန်တည်း ထွက်ပေါ်လာပြီး ရာဖယ်ရယ် အများအပြား နေကဲ့သို့ တောက်ပနေသည်။ သူတို့က အလင်း စီးကြောင်းများအဖြစ် ပြောင်းလဲပြီး လေထဲမှာ ကြက်ခြေခတ်များ ဖြစ်သွား စေ၏။ ထိုအလင်းစီးကြောင်းများက သွေးပင်လယ်ထဲကို မစီးဆင်းပေ။ ထိုကဲ့သို့ လမ်းကြောင်းက ချန်လွေ့၏ မျက်လုံးထဲတွင် အနန္တ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ပြည့်နှက်သော ရှေးမှော်စာများပင်။

မြန်နှုန်းမြင့် သွားနေသော အလင်း စီးကြောင်းက အလွှာလိုက် ပေါင်းပြီး ရှုပ်ထွေး နက်နဲသော ရှေးမှော်စာများ ဖြစ်ပေါ်လာကာ ခမ်းနားထည်ဝါသည့် ပလ္လင်တစ်ခုကို ပြသခဲ့ပြီး လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားများ ထုတ်လွှတ်နေသည်။ သွေးပင်လယ်၏ လှိုင်းများက ထိုသို့ ထိတွေ့မရသော အင်အားအောက်မှာ တဖြည်းဖြည်း ငြိမ်သက်သွားပြီး သွေးလက်သည်းကို ထပ်မံထုတ်နိုင်ခြင်း မရှိတော့ပေ။

“မသိနားမလည်ခြင်းကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သူတို့သည် နိုးထခြင်း မရှိလျှင် သေဆုံးသော တိရစ္ဆာန်များနှင့်တူ၏...”

“ဘုရားသခင်က လောကကို သနား ကြင်နာသော်လည်း လိမ်ညာသော သူများကိုမူ သနားကြင်နာခြင်းမရှိ...”

“အပြစ်သားများကို ရှင်းပစ်ရမယ်...”

ရာဖယ်ရယ်၏ ကျယ်လောင်သော ရွတ်ဆိုသံကြားတွင် သွေးပင်လယ်က ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ခမ်းခြောက် သွားသလိုပင် ၎င်းးက အမြင့် တစ်လက်မချင်းစီ ကျဆင်း သွားခဲ့သည်။

ရုတ်တရက်ဆိုသလို နိမ့်ကျသွား ခဲ့သော သွေးပင်လယ်က အရူးအမူး ဆူပွက်လာပြန်သည်။ ၎င်းက ဧရာမ မျက်နှာကြီးတစ်ခု ဖြစ်လာပြီး လေထဲမှ ပလ္လင်ကို ဟိန်းလိုက်၏။

ထိုဟိန်းသံက ကြောက်မက်ဖွယ် ကောင်းသော အင်အား တစ်ခုကို သယ်ဆောင်လာပြီး ချန်လွေ့ဘေးမှ အကာအကွယ် အလင်းပိုးအိမ်က အက်ကွဲကြောင်း အများအပြား ပေါ်လာသော်လည်း ကံကောင်းစွာပင် မကွဲကြေသွားပေ။ အပြင်းထန်ဆုံး ထိမှန်ခဲ့သည်မှာ အပေါ်မှ ‘ကောင်းကင် စတေးပလ္လင်’ပင်။ ပလ္လင်ကို ဖွဲ့စည်း ထားတဲ့ အလင်း စီးကြောင်းများက ရုတ်တရက် ကွဲကြေပြီး ရှုပ်ထွေး သွားကာ လုံးဝ ပြိုလဲကျလု နီးပါး ဖြစ်သွားခဲ့လေသည်။

“မင်းရဲ့ စွမ်းအားက နည်းနည်းလေး ပိုသာရင် ငါ့ရဲ့ ကိုယ်ပွားကို အစ ကတည်းက လုံးဝ ဖျက်ဆီးပြီးသွားပြီ။ ဒါပေမယ့် ကံဆိုးချင်တော့...” ပြန့်ကျဲ နေသော အလင်းစီးကြောင်းများထဲမှ ထပ်နေသော အသံရာပေါင်းများစွာ ထွက်ပေါ်လာသည်။ ‘ကံဆိုးချင်တော့’ ဟူသော စကားလုံး ထွက်လာသော အချိန်တွင် ထပ်နေသော ခံစားမှုများ ပျောက်ကွယ်သွားခဲ့လေပြီ။ အလင်း စီးကြောင်းများက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ပင်။

အလင်းစီးကြောင်းက ကောင်းကင် စတေး ပလ္လင်အဖြစ်သို့ ပြန်လည် ပေါင်းစည်းသွားပြီး ပလ္လင်ပေါ်တွင် အတောင်ပံ ၁၂ခု ရှိသည့် ဧရာမ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုပုံရိပ် ပေါ်လာသည်နှင့် သွေးပင်လယ်နှင့် ဧရာမခေါင်းက ချက်ချင်းဆိုသလို တန့်သွားခဲ့ကြသည်။

ချန်လွေ့က သေသေချာချာ မြင်နိုင် လေသည်။ ထိုအရာက ပြိုင်ဘက်၏ စွမ်းအား၊ တိုင်းပြည်နှင့် အရှိန်အဝါကို ချုပ်နှောင်နိုင်သော အထူး အရှိန်အဝါ ဖြစ်လေသည်။

“ဒီလောကကို အုပ်ချုပ်သူတွေက ကောင်းကင်တမန်တော် သုံးပါးပဲ။ ဖျက်ဆီးဖို့ ဆိုရင်တောင် ငါတို့ပဲ ဖျက်ဆီးမှာ။ အသူရာ ချောက်နက် မဟုတ်ဘူး” ရာဖယ်ရယ်က အသူရာ ချောက်နက် ဘာသာ စကားဖြင့် ပြောခဲ့ခြင်းမှာ တန်ဖိုးရှိနေသေးသော ‘သိဒ္ဓိသားတော်’ ရှိနေခြင်းကြောင့် စိုးရိမ်၍ ဖြစ်နိုင်၏။ သို့သော်လည်း ထောင့်နားမှ ထို ‘ပုရွက်ဆိတ်’က ထိုစကား အဓိပ္ပာယ်ကို အလွယ်တကူ နားလည်နိုင်မည်ဟု လုံးဝ ထင်ထား ခဲ့မည် မဟုတ်ပေ။

ထိုသို့ပြောပြီးနောက် ရာဖယ်ရယ်၏ လက်ထဲမှ ငွေရောင် လှံရှည်က ခဏတာ ရပ်တန့်သွားပြီး အောက်မှ သွေးပင်လယ်ဖြင့် စုစည်းထားသော ဧရာမခေါင်း အနည်းငယ် တုန်ခါကာ ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ တချိန်တည်းမှာပဲ သွေးပင်လယ် တိုင်းပြည် တစ်ခုလုံး ပေါက်ကွဲသွား၏။ ချန်လွေ့က စိတ်တုန်ခါသွားပြီး သူ့ရဲ့ မြင်ကွင်းက မှုန်ဝါးသွားခဲ့ကာ မူလ မှောင်မိုက်သော မြေအောက်နန်းတော် မြင်ကွင်းကို ပြန်ရောက်လာခဲ့ကြောင်း ခံစားလိုက်ရလေသည်။

ကွဲကြေသွားသော အကာအကွယ် အလင်းအမြှေးပါးက တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ချန်လွေ့က မောဟိုက်နေရင်း ကြောက်လန့်သေ ပုံစံမျိုး ပြသနေခဲ့သည်။ ခဏအကြာ သူက နောက်ဆုံး ငြိမ်သက်သွားပြီး ဦးညွှတ်လိုက်၏။ “ဆာ-ရာဖယ်ရယ်! ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်။”

ရာဖယ်ရယ်၏ မျက်လုံးများက မြေအောက် နန်းတော် မြင်ကွင်းကို ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ချန်လွေ့ကို ကြည့်ကာ သြဇာအာဏာ အနည်းငယ် ထုတ်ဖော်လိုက်၏။ “မင်း ကြုံတွေ့ခဲ့တာတွေ ငါ့ကို ပြောပြ။ ဘာတစ်ခုမှ မချန်ထားနဲ့။”

ချန်လွေ့က [သရုပ်ခွဲမျက်လုံး] တွင် ထူးဆန်းမှု များကို ခံစားမိပြီးသား ဖြစ်သည်။ ထိုရာဖယ်ရယ်၏ အချက်အလက်များ အားလုံးက အမှန်တကယ် မဆုံးဖြတ်နိုင် ဖြစ်နေ၏။

ပြောရလျှင် ယခု သူ့ရှေ့တွင် ရပ်နေသူက သိဒ္ဓိလက်စွပ်တံဆိပ်က ဆင့်ခေါ်သော ကိုယ်ပွား မဟုတ်ဘဲ တကယ့် ရာဖယ်ရယ် ဖြစ်နေခြင်းပင်။

ချန်လွေ့က စေတန်နှင့် ဆာရီရယ် တိုက်ခိုက်သည်ကို မြင်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်စလုံးက စိတ်ပုံရိပ် ကိုယ်ပွားကို တကယ့် ခန္ဓာကိုယ် အဖြစ် တစ်ဆင့်ချင်းစီ ပြောင်းလဲရန် လျှို့ဝှက်ပညာရပ်ကို သုံးခဲ့ကြသည်။ ရာဖယ်ရယ်လည်း ဒီလျှို့ဝှက်ပညာကို သုံးခဲ့သည်မှာ သေချာသည်။ ရန်သူက အလွန် အရေးပါလွန်းသည့် အတွက် သူက မပေါ့ဆရဲခြင်းကြောင့် ဖြစ်ပုံ ရသည်။ ပျက်စီးခြင်း၏ အုပ်စိုးသူ သုံးယောက် အတွက်မူ နိမိတ်ပုံရိပ်ကို အမှန်တကယ် ခန္ဓာကိုယ် ဖြစ်လာရန် မလုပ်နိုင်ရခြင်းမှာ အကန့်အသတ် တစ်ခုခုကြောင့် ဖြစ်ပေမည်။

သူ့စိတ်ထဲတွင် အမြန်စဉ်းစားနေ သော်လည်း အပေါ်ယံ၌ တွန့်ဆုတန် မနေခဲ့ပေ။ သူက အချိန်အတော်ကြာ ပြင်ဆင်ထားသော ‘ကိုယ်တွေ့’ ကို ပြောပြခဲ့၏။ ကျက်သရေပြာ အင်ပါယာ စေ့စပ်ပွဲအခမ်းအနားတွင် ‘အာသာ’ က မင်းသမီး လန်ဘိစ် အတွက် အပြစ်ရှိကြောင်း ခံစားရ၍ ကိုယ့်ဆန္ဒ အလျောက် ထောင်ထဲ၌ အကျဉ်းကျ ခံခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ခုက ထောင်ထဲကို ဝင်လာပြီး သူ့ကို မေ့သွားအောင် ရိုက်နှက်ကာ ပြန်ပေးဆွဲ သွားခဲ့သည်။ ထို့နောက် ဘာဖြစ်သွားမှန်း သူသိတော့ပေ။ သို့သော် အလှည့်အပြောင်း အမျိုးမျိုး ပြီးနောက်တွင် ထိုကဲ့သို့ ကြောက်စရာ ကောင်းသော နေရာသို့ အခေါ်ခံလာ ခဲ့ရကြောင်းကိုသာ သိခဲ့ရလေသည်။

အနီရောင်မျက်နှာဖုံးဝတ်ထားသော လျှို့ဝှက် ဆန်းကြယ် ခေါင်းဆောင် တစ်ဦး ရှိခဲ့သည်။ ‘အာသာ’ က ဆူသရဖူကို ရရှိထားသူ ဖြစ်ကြောင်း အတည်ပြုပြီးနောက် အာသာကို မကောင်းဆိုးဝါး နတ်ဘုရားထံ စ‌တေးရန်အတွက် အထူး ယဇ်ပူဇော် ပွဲတစ်ခုကို စတင်ကျင်းပခဲ့သည်။

အရေးကြီးဆုံးအချိန်၌ ‘အာသာ’ ချန်ထားသော အထူးလျှို့ဝှက်ချက်ကို ရှာဖွေနေခဲ့သည့် အစောင့်အရှောက် နှစ်ဦး နောက်ဆုံး ရောက်လာခဲ့၏။ နှစ်ဦးစလုံးက ယဇ်ပလ္လင် တစ်ခုလုံးကို ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစား ခဲ့ကြပေမယ့် နောက်ဆုံးတွင် သူတို့က ရှုံးနိမ့်ပြီး အသက်ကို ပေးဆပ်ကာ လျှို့ဝှက်ဆန်းကြယ် ခေါင်းဆောင်က ခေါ်ယူလိုက်သော မကောင်းဆိုးဝါး နတ်ဘုရားကြောင့် သေဆုံးသွားခဲ့၏။

ထိုအချိန် အနည်းငယ် ပြန်လှုပ်ရှား နိုင်လာသော ‘အာသာ’ က ရာဖယ်ရယ် ပေးထားသည့် သိဒ္ဓိ လက်စွပ်တံဆိပ်ကို မနည်းထုတ်ယူပြီး ရာဖယ်ရယ်ကို ဆင့်ခေါ်ကာ နောက်ဆုံး မကောင်းဆိုးဝါး နတ်ဘုရားကို အနိုင် ယူနိုင်ခဲ့လေသည်။

အမှန်တကယ်၌ ထိုဇာတ်လမ်းတွင် စေ့စပ်စွာ စစ်ဆေးရန် လိုအပ်သော အသေးစိတ် အချက်အလက်များ ရှိနေသေးသည်။ ဥပမာ အစောင့် အရှောက်များက ‘အာသာ’ ထိုနေရာ မရောက်ခင် မည်သည့်အတွက်ကြောင့် မပေါ်လာရသနည်း။ သိဒ္ဓိလက်စွပ် တံဆိပ်ကို ရန်သူက မည်သည်ကြောင့် မယူသွား ရသနည်း စသဖြင့်ပင်။ သို့သော် ရာဖယ်ရယ်၏ အမြင်တွင် ‘အာသာ’က သူ့ရှေ့၌ လိမ်စရာ အကြောင်းမရှိပေ။ အရေးကြီးဆုံးမှာ အကြောက်တရား အရှင်သခင်၏ အဓိက ယဇ်ပလ္လင် ပျက်စီးသွားခြင်းမှာ ငြင်းမရသော အမှန်တရားပင်။ အဓိက ယဇ်ပလ္လင် မပျက်စီးလျှင် ရာဖယ်ရယ် ကိုယ်တိုင် ဆင်းသက်လာခဲ့လျှင်ပင် ဆိုစဘတ်ကို ထိုမျှ လွယ်လွယ် အနိုင်ယူနိုင်မည် မဟုတ်ပေ။

“သိပ်ကောင်းတယ်!” ရာဖယ်ရယ် ခေါင်းညိတ် လိုက်သည်။ အသူရာ ချောက်နက်၏ အုပ်စိုးရှင် သုံးယောက် အဓိက ယဇ်ပလ္လင်များက မရိုးရှင်းပေ။ ၎င်းက ကုန်းမြေ တစ်ခုလုံးရဲ့ ဖျက်ဆီးခြင်း ယုံကြည်မှုကို စုပ်ယူ နိုင်သည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ် ဘာသာရေးဂိုဏ်း၏ အရေးအကြီးဆုံး စွမ်းအားများထဲမှ တစ်ခု ဖြစ်ပြီး ထူးခြား၏။ အသူရာ ချောက်နက် အုပ်စိုးရှင်တိုင်းတွင် အဓိက ယဇ်ပလ္လင် တစ်ခုသာ ရှိသည်။ တစ်ခါ ဖျက်ဆီး ခံရလျှင် ပြန်တည်ဆောက်ရန် အတွက် အချိန်နဲ့ အားထုတ်မှု အများကြီး လိုအပ်ပေလိမ့်မည်။

ယခု ‘အကြောက်တရား’ အဓိက ယဇ်ပလ္လင် ပျက်စီးသွားပြီ ဖြစ်ရာ လျှို့ဝှက်ဆန်းကြယ် ဘာသာရေးဂိုဏ်း သုံးခွချွန်ကို တစ်ဖက် ချိုးလိုက်ခြင်းနှင့် တူနေသည်။ သိဒ္ဓိ ကျောင်းတော် အတွက် ထိုအရာက ကျက်သရေ ရှိသော အောင်ပွဲ တစ်ခုပင်။ ‘အာသာ’ ၏ အစောင့်အရှောက်များ ကျရှုံး သွားခြင်းက မပြောပလောက်ပေ။

“အာသာ။ ဒီတစ်ခေါက် မင်း ကောင်းကောင်း လုပ်ခဲ့တယ်။ ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ။”

ချန်လွေ့က မြေပေါ် ကျန်နေသော အဆိပ်နဂါး သွေးစက်များကို ကြည့်ပြီး မျက်လုံးထဲ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ “ဆာ-ရာဖယ်ရယ်။ ပြန်လည် ရှင်သန်ခြင်း အတွက် လျှို့ဝှက် ပညာရပ် တစ်ခုခုများ ရှိမလား။”

“ပြန်လည် ရှင်သန်ခြင်း ဆေးရည် ဆိုရင်တောင် ကန့်သတ်ချက်တွေက အတော်လေး များတယ်။ ဒီလိုမျိုး လုံးဝ ဖျက်ဆီးခံရတာဆိုရင် ပြောစရာ မလိုတော့ဘူး။” ရာဖယ်ရယ်၏ အာရုံ ခံစားမှုက အတော်လေး ထက်မြက် လှသည်။ သူက ထိုလတ်ဆတ်သော သွေးစက်များက နဂါးများမှ ကျန်ခဲ့ သည်ကို ချက်ချင်း သိလိုက်ရသော အခါ သူ့စိတ်ထဲ အနည်းငယ်မျှပင် သံသယ မရှိတော့ပေ။ “သူတို့ လုံးဝ မချေမှုန်းခံရခင် သိဒ္ဓိခွက်ကို သုံးပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ချုပ်နှောင် ထားလို့ရတယ်။ ပြီးတော့ နှင်းဒဲလက် ပန်းလိုမျိုး သန့်စင်ပြီး တောက်ပတဲ့ အရာတစ်ခုနဲ့ စတေးလို့ ရတယ်။ ဒါမှ ဝိညာဉ်ကို ပြန်ရရှိဖို့ မျှော်လင့်နိုင် လိမ့်မယ်။ အဲဒီနောက် ခန္ဓာကိုယ် တစ်ခု ရှာပြီး လျှို့ဝှက်ပညာရပ်နဲ့ အသက်ပြန်ရှင်အောင် ကြိုးစားကြည့်။”

နှင်းဒဲလက်ပန်း စတေးတာလား။ ချန်လွေ့ စိတ်ဝင်စားသွား၏။ သူက စိတ်ပျက်အားငယ်ဟန် ပြသခဲ့သည်။ “ကျုပ်က သိဒ္ဓိခွက်ကို မကြာခင်ကမှ ရထားတာ။ ဒါပေမယ့် သူ့ရဲ့ ကနဦး ခွင့်ပြုချက်ပဲ ရသေးတယ်။ ကျုပ် အသက် မသွင်းနိုင်သေးဘူး။”

“မင်းကို သိဒ္ဓိခွက်က အသိအမှတ် ပြုလိုက်ပြီလား။ မင်းရဲ့ ပါရမီက မင်းရဲ့ခန္ဓာကိုယ်လိုပဲ ကောင်းမွန်တာ အသေအချာပဲ!” ရာဖယ်ရယ်၏ မျက်လုံးများ အနည်းငယ် လင်းလက် သွားပြီး ခေါင်းခါ လိုက်သည်။ “ကံမကောင်းစွာနဲ့ အခု ဝိညာဉ်တွေ လုံးဝ ပျောက်ကွယ်သွားပြီ ဆိုတော့ ပြောစရာ မလိုတော့ဘူး။ သိဒ္ဓိခွက် ထဲမှာ ထားရင်တောင် နှင်းဒဲလက်ပန်း ကလည်း မဖြစ်နိုင်ဘူး။ အတိုချုပ် ပြောရရင်တော့ မစဉ်းစားနဲ့တော့။ မင်းမှာ အစောင့်အရှောက် မရှိရင် ကျောင်းတော် ကနေ တမန်တော် တစ်ပါးကို မင်းကို ကာကွယ်ပေးဖို့ ပို့ပေးလို့ရတယ်။”

“အခုတော့ မလိုသေးပါဘူး... ကျုပ် အစောင့်အရှောက်တင် မကဘူး။ ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ မိန်းမ ကိုပါ ဆုံးရှုံးခဲ့ရတာ။ ဒီဖြစ်ရပ်က ကျုပ်ကို အများကြီး နားလည်စေ ခဲ့တယ်။ ဘယ်ရာထူးမှ တကယ့် စွမ်းအားနဲ့ မယှဉ်နိုင်ဘူး။” ချန်လွေ့က ဝမ်းနည်းစွာ သက်ပြင်း ချလိုက်ပြီး အကြည့်က တဖြည်းဖြည်း ခိုင်မာလာ ခဲ့သည်။ “ကျုပ်ရဲ့ တခြားအထူးအဆင့် အစောင့်အရှောက်တွေက လမ်းပေါ်မှာ ရောက်နေပြီ။ သူ့ကို အမြန်ဆုံးတွေ့ဖို့ လျှို့ဝှက် အမှတ်အသား တစ်ခု ချန်ထားခဲ့မယ်။ ပြန်ပေးဆွဲခံထားရတဲ့ မင်းသား အာသာ အတွက်ကတော့ ဒီလို အပြင်ထွက် တာထက် အမှောင်ထဲမှာ ပုန်းနေတာက ပိုပြီး လုံခြုံတယ်။ ကျုပ် ခဏလောက် ပျောက်သွားဖို့လိုတယ်။ အသေးအဖွဲ ကိစ္စတွေ ပြီးသွားရင် မလိုအပ်တဲ့ အရာတွေကို စွန့်ပစ်ပြီးတော့ သိဒ္ဓိ အလင်းတောင်ကို မယိမ်းယိုင်တဲ့ စိတ်ဓာတ်နဲ့ဆုံးဖြတ်ချက်နဲ့ ဝင်ရောက် လာပါ့မယ်။ အဲဒီအချိန်မ ဆာ့ဆီက နေလည်း ပိုပြီးတော့ လမ်းညွှန်မှုတွေ တောင်းခံဦးမှာပါ။”

“မင်း ဒါကို နားလည်သွားတယ် ဆိုတော့ ဒီတစ်ခေါက်က အကျိုးရှိ တာပေါ့။ မင်းရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေကို ခေါ်သွားတဲ့ ရန်သူကို ကိုယ်တိုင် သတ်နိုင်မှ တကယ့် လက်စားချေတာလို့ သတ်မှတ်လို့ ရနိုင်လိမ့်မယ်။” ရာဖယ်ရယ်က ခေါင်းညိတ်လိုက်သည်။ “မင်းမှာ အဲဒီလို နေ့တစ်နေ့ ရောက်လာ လိမ့်မယ်။ မင်း ရှေးဟောင်း အမွေအနှစ်ကို လုံးဝ စုပ်ယူပြီးတဲ့အခါ ငါ မင်းကို တကယ့်တာဝန် ပေးမယ်။ မင်းက လုံလောက်တဲ့ ကြိုးစားမှုနဲ့ အရည်အချင်းကို ပြသနိုင်မယ်ဆိုရင် မင်းကို မြင့်မြတ်တဲ့ ကျေးဇူးတော် ဆင်းသက်လာဖို့ တောင်းဆိုပြီးတော့ ထာဝရအသက် ရှိတဲ့ တမန်တော် တစ်ပါးအဖြစ် မင်းကို ပြောင်းပေးလို့ ရနိုင်တယ်။”

“ထာဝရအသက်လား။ ကျေးဇူးတင် ပါတယ်။ ဆာ!” ချန်လွေ့၏ မျက်လုံး လင်းလက်သွားပြီး မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာ ပေါ်လာခဲ့ သော်လည်း စိတ်ထဲ၌ တွင်တော့ ‘မင်းဖင်ကြီးကို ထာဝရ’ ဟူသော စကား ပေါ်ထွက်လာခဲ့လေသည်။

“ကောင်းပြီ။ မင်းကို ဒီကနေ အရင် ခေါ်ထုတ်သွားမယ်။” ရာဖယ်ရယ်က လက်ကို ဝှေ့ယမ်း လိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားများ ရှိနေသော အလင်းရောင် ကွင်းတစ်ခုက မြေအောက်နန်းတော် အလယ်ဗဟိုကို ရောက်ရှိလာခဲ့ပြီး အလျင်အမြန်ပင် ပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့သည်။ နောက်စက္ကန့်ပိုင်း၌ ချန်လွေ့က နေရာလွတ် ပြောင်းလဲ သွားကြောင်းကို ခံစားလိုက်ရပြီး သူက လေထဲသို့ ရောက်သွားခဲ့သည်။

“ဝုန်း...” အဝေးမှ ပြင်းထန်သော တုန်ခါမှုတစ်ခု ဖြစ်လာပြီး နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသော ငလျင် တစ်ခု ဖြစ်ပွားခဲ့ပုံရသည်။ ကျောက်နီ တောင်နယ်မြေ၏ ပင်မတောင်တန်း နေရာအများအပြား ပြိုကျသွားခဲ့၏။

လိုဏ်ဂူနေလူပုများ တူးဖော်ခဲ့သော မြေအောက် လောကရှိ ရွှေအလင်း မြေအောက်နန်းတော်က နောက်ဆုံး၌ သမိုင်းကြောင်း ဖြစ်သွားတော့သည်။

All Chapters