← Chapters

မမျှော်လင့်ထားသော သတင်းကောင်း

Vol. 62 Ch. 998

မမျှော်လင့်ထားသော သတင်းကောင်း

Vol. 62 Ch. 998

ရွှေအလင်း မြေအောက်နန်းတော် ထဲမှ အကျပ်အတည်းကို လုံးဝ ဖြေရှင်းပြီးနောက်တွင် ရာဖယ်ရယ်က ထို’အသေးအမွှား’ကြောင့် ကြာကြာ မနေခဲ့ဘူး။ ချန်လွေ့၏ တောင်းဆိုချက် အရ ရာဖယ်ရယ်က သူ့ကို အနီးအနားရှိ မွန်တို အင်ပါယာ၏ နယ်စပ်မြို့တွင် ထားပြီး ထွက်သွားခဲ့ လေသည်။

သိဒ္ဓိလက်စွပ် တံဆိပ်၏ သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ရာ ရာဖယ်ရယ်တွင် သူ့၏ကိုယ်ပွားကို ခေါ်ယူရန် မည်သည့် ပစ္စည်းမှ မရှိတော့သည့် အတွက် ချန်လွေ့က ‘နာမည်ကောင်း’ ကို သိဒ္ဓိ ကျောင်းတော်ထံ အလကား မပေးချင် နေခဲ့ပေ။

သူ့၏ မိတ်ဆွေနှင့် ချစ်သူကို ဆုံးရှုံး ခဲ့ရကြောင်း တမင်တကာ ဟန်ဆောင် ရင်းနှင့် အကျိုးပြုမှုက ဂုဏ်ပြုထိုက် သည်ဖြစ်ကြောင်း ယူပြီး ရာဖယ်ရယ် ခဏ စဉ်းစားကာ နောက်ဆုံးတွင် သူ့ကို ဆုချလိုက်လေသည်။

အလင်းမိုးကြိုးတောက်ပ...

သိဒ္ဓိလက်စွပ် တံဆိပ်လိုပင် ၎င်းက တစ်ခါသုံး ပစ္စည်းတစ်ခု ဖြစ်သည်။ သို့သော် ၎င်းက ဆင့်ခေါ်ခြင်းမျိုး မဟုတ်ဘဲ ပေါက်ကွဲခြင်းမျိုးပင်။

ရာဖယ်ရယ် ပြောပြသည့် အဆင့် အတိုင်း အသက်သွင်းပြီး အထူး နတ်ဘုရား-ယောင် အရှိန်အဝါ အနည်းငယ် ထည့်လိုက်ပါက ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း စွမ်းအားတွေ ထွက်လာပေလိမ့်မည်။ အထူးသဖြင့် ‘အာသာ’က အနာဂတ်၌ အမှောင်ထုနဲ့ မကောင်းဆိုးဝါးများ၏ ခြိမ်းခြောက်မှု အစား သေခြင်းကို ရွေးချယ်မည့် အခါ၌ပင်...

ဒါက ငါ့ အသက်ကို ကယ်ဖို့နဲ့ တိုက်ခိုက်ရခက်တဲ့ ရန်သူတွေဆီကနေ လွတ်မြောက်နိုင်ဖို့ ပစ္စည်းကောင်း တစ်ခုပဲ။ [ကြယ်ဂိတ်] နဲ့ ပေါင်းစပ် လိုက်ရင် တိုက်ပွဲ အခြေအနေကို ပြောင်းပြန် လှန်နိုင်တယ်။

နောက်ပိုင်း သိဒ္ဓိအလင်းတောင်မှာ ဒီပစ္စည်းကောင်းကို သုံးလို့ရမလား။ အင်း...ငါ ရက်စက် လွန်းနေလား...

မြေဇစ်မြစ် အပိုင်းအစ၊ အဓိက ယဇ်ပလ္လင် ဖျက်ဆီးခြင်းနှင့် ယှဉ်လျှင် အလင်းမိုးကြိုးတောက်ပက အပိုဆု ဖြစ်လေသည်။ နောက်ထပ် အပိုဆု တစ်ခုမှာ ရာဖယ်ရယ် နဲ့ ဆိုစဘတ် တို့ရဲ့တိုက်ပွဲကို မြင်တွေ့ရချိန်တွင် ‘ကောင်းကင်စတေးပလ္လင်’ ကို စုစည်း ခဲ့သော ရှေးမှော်စာများကို [အထူးစိစစ်မှု]က လုံးဝ မှတ်တမ်း တင်ထားခြင်းပင်။ ၎င်းကို အားကိုးပြီး ရာဖယ်ရယ်နှင့် ယှဉ်ရန် မဖြစ်နိုင် သော်လည်း ထိုမှော်စာများ၏ လျှို့ဝှက် ဆန်းကြယ်မှုကို နားလည် နိုင်သရွေ့ သူနှင့် ဇိုလာတို့၏ ရှေးမှော်စာ နားလည်မှုက ပိုမြင့်သော အဆင့်ကို ရောက်ရှိသွားမည် ဖြစ်သည်။

ရှေးမှော်စာများကို နတ်ဘုရား ဘာသာစကားဟု ခေါ်၏။ ယခင်က နတ်ဘုရားယောင် တိုက်ပွဲများတွင် ရှေးမှော်စာ အစအနတချို့ ရှိခဲ့သည်။ ထိုအရာက ‘အရှိန်အဝါ’၏ လျှို့ဝှက် ဆန်းကြယ်မှုကို ဖွင့်လှစ်ရန် သော့ချက် ဖြစ်နိုင်သည်။ ၎င်းကို လျစ်လျူရှု၍ မရနိုင်ပေ။ တကယ်တမ်း ချန်လွေ့နှင့် ဇိုလာတို့ လေ့ကျင့်နေရင်း ရှေးမှော်စာ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်ရန် ပြုလုပ်နေခဲ့ ကြသည်။ သူတို့က ပါ့ဂ်လီအိုနှင့် တခြားသူများကိုလည်း ရှေးမှော်စာများ သင်ပေးခဲ့သော်လည်း ထိုမှော်စာ အမျိုးအစားက အလွန်ပင် ခက်ခဲပြီး နက်နဲလှ၏။ နဂါးထွင်းစာ၌ အတော်လေး ကျွမ်းကျင်လှသော အဆိပ်နဂါးသည်ပင် ကျွမ်းကျင်ရန် ခက်ခဲနေခဲ့သည်။

အလင်း မိုးကြိုး တောက်ပနှင့် ပတ်သက်၍ ချန်လွေ့က အနည်းငယ် ဆက်၍ အလုပ်လုပ်ချင်နေသေးသည်။ ရာဖယ်ရယ်က ထို ‘အထူးဗံုး’ နှင့် ပတ်သက်၍ ကန့်သတ်ချက် အချို့ ထားထားလေသည်။ ထိုအရာမှာ သူက အလင်း မိုးကြိုး တောက်ပ၏ ပေါက်ကွဲမှုကို အချိန်မရွေး ရပ်တန့် နိုင်ခြင်းပင်။ ထိုအရာက ချန်လွေ့သည် ရာဖယ်ရယ် အရှေ့တွင် ထိုပစ္စည်းကို အသုံးပြု၍ မရနိုင်ကြောင်းကို ဆိုလို နေခြင်းပင်။ ချန်လွေ့ လုပ်ရမည်က ရာဖယ်ရယ်၏ ထိန်းချုပ်မှုကို တားဆီး ရန်ပင်။ ထိုအရာက လွယ်ကူသော အလုပ် မဟုတ်ပေ။ သို့‌သော်လည်း သူက ဆာရီရယ်၏ မိစ္ဆာမျက်ဆံကိုပင် ပေါင်းစည်းခဲ့သည် မဟုတ်ပါလား။ ဒီဗုံးလေးက မပြောပလောက်ပေ။

ထိုတင်မကသေးပေ။ ချန်လွေ့က ဗုံးကို ပြုပြင်ကာ စွမ်းအားကို ထပ်ပြီး မြှင့်တင်ချင်နေသေးသည်။

၃ နာရီကြာပြီးနောက် -

မုန်တိုင်းကျွန်းဝယ် -

ကြယ်အပ်နှင်း စင်မြင့်၏ ပေါင်းစည်း ထားသော အခြေအနေက တကယ်ကို အံ့မခန်းပင်။ ဇိုလာ၊ ပါ့ဂ်လီအိုနှင့် ဒိုဒို တို့ကို ခေါ်ထုတ်ပြီးနောက် သူတို့၏ ဒဏ်ရာများနှင့် စွမ်းအားများက အပြည့်အဝ ပြန်ကောင်းလာခဲ့သည်။ အဆိုးဆုံး အခြေအနေ ရှိခဲ့သော ပါ့ဂ်လီအိုပင် ခြွင်းချက် မဟုတ်ပေ။ ပေးဆပ်ရသည်ကတော့ သက်ဆိုင်ရာ အရေအတွက်ရှိသော ယုံကြည်များ သလင်းကျောက်များပင်။ ထိုကဲ့သို့ ‘များပြားလှသောပမာဏ’က ချန်လွေ့ အတွက်တော့ အနည်းအကျဉ်းပင်။

ချန်လွေ့က မြေအောက်နန်းတော် ထဲမှ တိုက်ပွဲ အဆုံးသတ်အကြောင်း အတိုချုံး ပြောပြသည်ကို နားထောင် ပြီးနောက် အဆိပ်နဂါးက အံံ့အား သင့်စွာပင် သူ့နှာခေါင်းသူ လက်ညှိုး ထိုးလိုက်သည်။ “မင်း ပြောတာက ငါ သေသွားပြီလား...”

“ဇာတ်လမ်း အတွက်ပါ... ဟီးဟီး..” ချန်လွေ့ ပခုံးတွန့်ပြ လိုက်သည်။ “ခင်ဗျားရဲ့အပိုင်းက ပြီးသွားသင့်ပြီ။ မဟုတ်ရင် ဒီဇာတ်ညွှန်းက ဇာတ်လိုက် မင်းသားရဲ့ အချိန်ကို ခင်ဗျား ခိုးယူတာ များသွားလိမ့်မယ်။”

ပါ့ဂ်လီအိုက ထိုသို့ ထူးဆန်းသော ‘စကားလုံး’များကို ကြားနေကျပင်။ သူက ဇိုလာကို တစ်ချက်ကြည့်ပြီး ခပ်အေးအေး လှောင်ပြောင်လိုက်၏။ “ပြဿနာက သူရဲကောင်းမလေး ‘သေ’ သွားတာပဲ။ မုဆိုးက သားကောင် ဖြစ်တဲ့အထိ စောင့်ကြတာပေါ့။”

“ဘာပြောလိုက်တယ်...” ဇိုလာက အဆိပ်နဂါး၏ ရန်စမှုကို တုံ့ပြန်ခြင်း မရှိဘဲ သေသေချာချာ မကြားလိုက် ရသလို ပြန်မေးလိုက်၏။

ထိုစကားက ဆရာသခင် အဆိပ် နဂါးကို အနည်းငယ် ကြောက်လန့် သွားစေသည်။ ဟုတ်ပါပြီ။ မင်းတို့ နှစ်ယောက်က တစ်ဖွဲ့တည်းပဲ။ ငါ မင်းတို့နဲ့ မတိုက်ခိုက်တော့ဘူး။

“ဟာ့..ဟာ့.. ငါ့အပိုင်း ပြီးပြီဆိုတော့ ဘတ်တီလေးရဲ့ အမြင်အောက်ကနေ ထွက်ပြီး အလှလေးတွေ ဘယ်မှာ ရှိလဲဆိုတာ လှည့်ပတ် ကြည့်ဦးမယ်။ လွတ်လပ်တဲ့လေ အရသာက တကယ် မယုံနိုင်စရာပဲ...” အဆိပ်နဂါးက မြေပြင်ပေါ်မှာ ထိုင်ပြီး အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ သူက ဇနီး ဖြစ်သူ စောင့်ကြည့် ခံနေရသော တစ်စုံတစ်ယောက်ကို သရုပ်ပြနေခြင်း ဖြစ်သည်မှာ အသေအချာပင်။

“ဒါဆိုလည်း... အခု မယုံနိုင်စရာ ကောင်းတဲ့ လွတ်လပ်တဲ့လေတွေကို နည်းနည်း ရှူလိုက်ပါဦး..” ချန်လွေ့က စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။ “ဘာလို့လဲ ဆိုတော့ ခင်ဗျားရဲ့ ဘက်တီလေးက သိပ်မကြာခင် ရောက်လာတော့မှာ မို့လို့လဲ။”

“ဘာပြောတယ်။” ပါ့ဂ်လီအိုက ဖင်မီးလောင် သွားသလို ဖြစ်သွားပြီး ထခုန်လိုက်၏။

“ကျုပ်က ရွှေရောင် နယ်မြေနဲ့ ဆက်သွယ်ဖို့ အဆက်အသွယ် အဆောင်ကို သုံးပြီးပြီ။ မစ်-ဘတ်တီ မုန်တိုင်းကျွန်းကို လာနေလောက်ပြီ။ ရောက်တာနဲ့ နတ်ဆိုးဘုံကို အတူတူ ပြန်ကြမယ်။ မြေဇစ်မြစ်အပိုင်းအစကို မိုးရီဆီ ပေးရဦးမယ်။”

“နတ်ဆိုးဘုံကို ပြန်သွားမှာလား။ ကောင်းတာပဲ။” ကောက်ကျစ်သော အဆိပ်နဂါးက မျက်လုံးလှိမ့်လိုက်၏။ “မင်း မစ်-ရင်းနီကို ရွှေရောင်နယ်မြေမှာ တစ်ယောက်တည်း ထားခဲ့လို့ မရဘူး။ မင်းရဲ့ သစ္စာရှိတဲ့ စစ်သည်တော်လည်း ရှိသေးတယ်။ ဘက်တီလေးကို အဲဒီမှာ ကာကွယ်ခိုင်းတာ ပိုကောင်းမယ်။”

“စိတ်မပူပါနဲ့။ ဇိုလာက ဘက်တီလို ဟန်ဆောင်ပြီး ရွှေရောင်နယ်မြေကို သွားပြီးတော့ ရင်းနီကို ကာကွယ်ပေး လိမ့်မယ်။ ဇိုလာက အခု နတ်ဘုရား တစ်ပိုင်း အဆင့်ပဲ။ ဂွယ်ရီုအက်စ်ရဲ့ လျှို့ဝှက် ပံ့ပိုးမှုနဲ့ဆိုရင် ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ရင်းနီနဲ့ ဆမ်မြူရယ်ကို ‌ဘေးကင်းကင်းနဲ့ ခေါ်ထုတ် သွားနိုင်လိမ့်မယ်။”

အဆိပ်နဂါး ခဏ ကြောင်သွားပြီး နောက်ဆုံး ဒေါသတကြီး အော်ဟစ် လိုက်တော့သည်။ “မင်းကို ငါ သတ်ပစ်မယ်..”

ဘေးဖက်မှ ချွဲကျိကောင်က အပြင်း အထန် တိုက်ခိုက်နေသော လူ နှစ်ယောက်ကို လျစ်လျူရှု ထားသည်။ ကြက်သွန်နီကောင်က လက် (၁၁)ဖက် ထုတ်ပြီး တစ်ဖက်စီ ရွှေရောင်ကတ် တစ်ကတ်စီ ကိုင်ထားကာ စိတ် လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ “နတ် - ဆိုး - ဘုံ - ဆီ - ပြန်- ပြီ...”

ပါ့ဂ်လီအို၏ ရုန်းကန်မှုက အဆုံးသတ်ကို မပြောင်းလဲ နိုင်ခဲ့ပေ။ လွတ်လပ်သောလေ ရက်အနည်းငယ် ရှူပြီးနောက် မစ်-ဘက်တီသည် မုန်တိုင်းကျွန်းသို့ အလျင်အမြန် ရောက်ရှိ လာခဲ့ပြီး ဇိုလာက ရွှေရောင် နယ်မြေသို့ သွားခဲ့သည်။ ချန်လွေ့က ကြယ်အပ်နှင်းစင်မြင့်ကို အသုံးပြုပြီး အဆိပ်နဂါးလင်မယားနှင့် ချွဲကျိကောင် တို့ကို [ကြယ်ဂိတ်] မှတစ်ဆင့် အမှောင်လ နယ်မြေရှိ ကြယ်အမှတ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

အလင်းတံခါး ပျောက်ကွယ်သွား၏။ ရင်းနှီးသော ခြံဝင်းကို ကြည့်ရင်း ချန်လွေ့၏ နှလုံးသားတွင် နွေးထွေးမှု တစ်ခု ခံစားလိုက်ရသည်။

ယနေ့တွင် ခြံဝန်းထဲ တိတ်ဆိတ် နေသည်။ ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့ မရှိလျှင်ပင် မစ်-နဂါးနက်၊ ရင်ပြား လိုလီနှင့် ကျောင်းသားတူလေး ကဲ့သို့

ဘေးအန္တရာယ်များက ခြံတစ်ခုလုံးကို ဆူညံစေဖို့ လုံလောက် ပေသည်။ မာယာရှင် မင်းသမီးက ဒဏ်ရာပေါ် ဆားဖြူးရာ၌ ပိုကျွမ်းသည်။ နာဂါ ကောင်မလေးကမူ သေသေချာချာ နားထောင် ပေးတတ်ပြီး ပူးပေါင်း ပါဝင်သူ ဖြစ်ရာ လူတိုင်းက သူ့ကို သဘောကျကြသည်။ ထို ‘ဆူညံမှု’ ၏ အခြေအနေက အချစ်ဆုံး သမီးလေး ဇာမဏီငှက်လေး မရှိသောအခါ၌ပင်။ သော်သော်သာ ရှိနေလျှင် ‘ဆူညံ’ခြင်း မဟုတ်ဘဲ ‘ဇောက်ထိုး မိုးမျှော်’ ဖြစ်သွားပေလိမ့်မည်။

တစ်အိမ်လုံး တိတ်ဆိတ် နေပြီး မည်သူမှ ရှိမနေပုံ ရသည်။ ချန်လွေ့ က အဆိပ်နဂါးနှင့် တခြားသူများကို လွှတ်ပေးတော့မည့် အချိန် အပြင်မှ ခြေသံများကို ကြားလိုက်ရသည်။

ရင်းနှီးသော ပုံရိပ်တစ်ခု တံခါးဝမှ ဝင်လာ၏။ သူက အရပ်ပုပု ဖြစ်ပြီး အဖြူရောင် ဂါဝန်ရှည် ဝတ်ထားပြီး ရွှေရောင်ဆံပင်ရှည် အတွန့်များ ရှိနေသည်။ သူသည် ၁၃ နှစ်ခန့်အရွယ် နူးညံ့ သိမ်မွေ့သော ပုံစံရှိပြီး သူ၏ ခရမ်းရောင်မျက်လုံးက ဉာဏ်ရည် ထက်မြက်ပြီး လှပနေသည်။

ထိုပုံရိပ်က ချန်လွေ့ကို နတ်ဆိုးဘုံ၌ ပထမဆုံး ပြန်လည် မွေးဖွားလာ ခဲ့သည့် အခြေအနေကို သတိရစေ ခဲ့သည်။ သူ ပထမဆုံး တွေ့ခဲ့သော အမျိုးသမီး... အဲ... ပိုတိကျအောင် ပြောရလျှင် ပထမဆုံး မိန်းကလေး၊ ကောင်မလေး ဖြစ်၏။

၇ နှစ် ကျော်ပြီ ဖြစ်သော်လည်း ထိုမိန်းကလေးက အရင်လို လိုလီလေး ဖြစ်နေဆဲပင်။ လုံးဝနီးပါး မပြောင်းလဲ သလောက်ပင်။ ထိုအရာက လိုလီလေး အတွက် စိတ်အထိခိုက်ရဆုံးလည်း ဖြစ်ပေသည်။

“အဲလစ်...”

ရင်းနှီးသော အပြုံးကို ကြည့်ရင်း အဲလစ် ခဏ ကြောင်သွားသော်လည်း ခဏအကြာတွင် သူ သတိဝင်လာပြီး ပြေးဝင်သွားလိုက်သည်။ “အစ်ကို.... ပြန်လာပြီပဲ!”

ချန်လွေ့ မရှောင်တိမ်းခဲ့ပေ။ ယခင် အတွေ့အကြုံအရ ရှောင်လိုက်လျှင် သူ့နောက်တွင် ကျားခုန်တာမျိုး ရှိလာ တော့မည် မဟုတ်ပေ။ အဲလစ်၏ လည်ပင်းညှစ်ခြင်း၊ လည်ပင်းပတ်ခြင်း၊ ဆံပင်ဆွဲခြင်းနှင့် တက်ထိုင်ခြင်း အစ ရှိသည့် ‘သေစေနိုင်သောတိုက်ခိုက်မှု’ ဆက်တက် ဖြစ်လာပေလိမ့်မည်။

သော်သော်မှ လွဲ၍ မည်သူမျှ အဲလစ်နှင့် မယှဉ်နိုင်ပေ။

အလွန် ချောမွေ့စွာပင် ကိုအာလာ တစ်ကောင်က သူ၏ ကိုယ်ပေါ်ကို တွဲခိုလိုက်၏။

ကောင်မလေး၏ကိုယ်မှ နွေးထွေးမှု နှင့် နှလုံးသားထဲမှ ဝမ်းမြောက်မှုကို ခံစားမိသည့်အခါ ချန်လွေ့ ပြုံးလိုက်ပြီး အဲလစ်၏ လှိုင်းတွန့် ဆံရှည်များကို ဖွာလိုက်လေသည်။

“အစ်ကို။ အစ်ကိုက အဆိုးဆုံးပဲ!” ကောင်မလေးက သူ့ကိုယ်ပေါ်တွင် ဖက်တွယ်ပြီး လှုပ်ရမ်း နေခဲ့သည်။ ချန်လွေ့၏ စွမ်းအားသာ မရှိရင် သူ့၏ လည်ပင်းရိုးက ကျီးပေါင်း ဖြစ်သွားမှာ စိုးရပေမည်။

“ဒါနဲ့ အိုလီဖီးရက်စ်၊ လာလာရီယာ နဲ့ တခြားသူတွေ ဘယ်ကိုရောက် သွားလဲ။”

“အယ်ဒီလိုင်းနဲ့ ဟယ်လင်တို့က လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက သူတို့ မျိုးနွယ်စုနဲ့ ဆွေမျိုးတွေဆီ သွားဖို့ ပင်လယ်သေကို ပြန်သွားချင်နေ ကြတယ်။ လာလာရီယာက ပင်လယ်သေက ရတနာမြေပုံတစ်ခု ရခဲ့တာနဲ့ တိုက်တိုက် ဆိုင်ဆိုင်ပဲ အိုလီဖီးရက်စ်က ရတနာရှာဖို့ အတူတူ သွားမယ်လို့ အကြံပေး ခဲ့တယ်။ အဲဒါနဲ့ သူတို့က ပင်လယ်သေကို သွားခဲ့ကြတယ်။ ပြီးတော့ အစ်ကို့ရဲ့ လက်အောက်ခံ ဗက်ဇယ်နာလည်း လိုက်သွားခဲ့တယ်။”

ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ သူက ဗက်ဇယ်နာကို လိုရမည်ရ လာလာရီယာနှင့် အတူတူ လိုက်ရန် မှာထားခဲ့သည်။ ပင်လယ်သေက အန္တရာယ်များသော်လည်း ဟယ်လင်နှင့် အယ်ဒီလိုင်းတို့ ကိုယ်တိုင်က ပင်လယ် သတ္တဝါ မျိုးနွယ်စုများ ဖြစ်ကြသည်။ ထို့အပြင် နတ်ဘုရား တစ်ပိုင်း အဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးဖြစ်သော လာလာရီယာနှင့် ဗက်ဇယ်နာလည်း ရှိသေးသည်။ ထို့ကြောင့် ထိုခရီးတွင် ပြဿနာ ကြီးကြီးမားမား ရှိနိုင်မည် မဟုတ်ပေ။

“အဲလစ်။ မင်း ဘာလို့ သူတို့နဲ့ အတူ လိုက်မသွားတာလဲ။”

ထိုသို့ပြောလိုက်ရာ လိုလီလေး၏ မျက်နှာပေါ်တွင် မပျော်ရွှင်မှုများ ပေါ်လာခဲ့သည်။ “အစ်မက ကျွန်မကို မသွားခိုင်းဘူး။ အဲဒါနဲ့ ကျွန်မက သူတို့နဲ့ တိတ်တိတ် သွားချင်ခဲ့တာ။ ဒါပေမယ့် ကျွန်မကို အဲဒီမိန်းမဆိုး မန်လေ့စ် က ဖမ်းမိသွားတယ်။”

မန်လေ့စ်က အစွမ်းအထက်ဆုံး ကြက်သွေးရင့်ရောင် မီးအိမ်ဝိညာဉ် ဖြစ်သည်။ သူအပေါ် အဲလစ်၏ အခေါ်အဝေါမှာ ‘အဝတ်မပါတဲ့ မိန်းမဆိုး’ ဟူ၍ပင်။ အကြောင်းမှာ ချန်လွေ့က ကြက်သွေးရင့်ရောင် မီးအိမ်ဝိညာဉ်ကို အသက်ပြန်သွင်းစဉ် အဲလစ် ပထမဆုံး တွေ့ခဲ့ရခြင်းကြောင့် ဖြစ်လေသည်။ ပြန်လည် ရှင်သန် လာသော ကြက်သွေးရင့်ရောင် မီးအိမ် ဝိညာဉ်က အဝတ်မပါပေ။ လိုလီလေး အာရုံ အစိုက်ခဲ့ဆုံးမှာ နောက်ထပ် ရင်သားကြီးကြီးနှင့် မိန်းမ ပေါ်လာပြီ ဟူ၍ပင်။

မန်လေ့စ်သည် ရှီရာနှင့် သူ ညီမတော်တို့၏ ဘေးကင်းရေးကို တာဝန်ယူရသော မီးအိမ် ဝိညာဉ် ခေါင်းဆောင် ဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးသော လိုလီလေးကို ဖမ်းခြင်းက တာဝန် ထမ်းဆောင်ခြင်း ဖြစ်လေသည်။ ချန်လွေ့က ၎င်းကို ဆက်မပြော တော့ပေ။ သူက စိတ်ဆိုးနေသော အဲလစ် ကို ကြည့်ပြီး ပြုံးလိုက်သည်။ “နောက်မှ အချိန်ရရင် မင်းကို ပင်လယ်သေဆီ ခေါ်သွားမယ်။ ဒါနဲ့ ခီရာနဲ့ တခြားသူတွေကို ဘာလို့ မတွေ့ရတာလဲ။ အသီနာက အခု နန်းတော်ထဲမှာလား။”

“သူတို့အကြောင်းပဲ တွေးနေ...” အဲလစ်က ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ၏ မျက်လုံးဝိုင်းဝိုင်း ရုတ်တရက် နီရဲလာခဲ့သည်။ “အသီနာ၊ အသီနာ...”

လိုလီလေး တွေးလေ၊ ဝမ်းနည်းလေ ဖြစ်သည်။ မျက်ရည်များ ပါးပြင်ပေါ် စီးကျလာပြီး ချန်လွေ့ကို အံံ့အားသင့် သွားစေခဲ့သည်။ “အဲလစ်၊ အသီနာ ဘာဖြစ်လို့လဲ။”

“မင်းသမီးလေး၊ ဘာလို့ဒီ လောက် မြန်မြန် လမ်းလျှောက် နေတာလဲ...” ကဝေမလေး၏ အသံက တံခါးဝှ ထွက်ပေါ်လာခဲ့သည်။ ကဝေမလေးက အဲလစ်၏ငိုသံကို ကြားရသောအခါ အလျင်အမြန် ဝင်လာခဲ့ပြီး ချန်လွေ့ကို တွေ့လိုက်ရ၏။

ချန်လွေ့ကလည်း ခီရာနှင့်... သူ့လက်ထဲမှ သော်သော်လေးကို တွေ့လိုက်ရ၏။

“ဖေဖေ!” ဇာမဏီလေးက ခြံဝင်းကို နီးလာချိန် ဖေဖေ၏ အငွေ့အသက်ကို ခံစားမိသည်နှင့် ခီရာ ပွေ့ဖက်နေရာမှ ချက်ချင်း ရုန်းထွက်ပြီး ချန်လွေ့ဆီကို ပျံသန်းသွားခဲ့သည်။ ခဏအကြာတွင် သူ့လည်ပင်း၌ နောက်ထပ် လိုလီလေး တစ်ယောက် လာချိတ်ပြီး မျက်နှာတွင် တံတွေးများ ပြည့်သွားတော့သည်။

ချန်လွေ့က သမီးကို နမ်းလိုက် သော်လည်း သော်သော်က သူ၏ မုတ်ဆိတ်ကို မကြိုက်၍ ဆံပင်များကို မကျေမနပ် ဆွဲလိုက်လေသည်။

ကဝေမလေး ရောက်လာပြီး ပြုံးပြ လိုက်သည်။ “ရှင် ပြန်လာပြီပဲ။”

“အင်း..” ချန်လွေ့က ရှေ့ကို ကိုင်းလိုက်ပြီး သူ့ပေါ်တွင် လိုလီလေး နှစ်ယောက် ဖက်တွယ် ထားရင်းနှင့် ကဝေမလေး၏ မျက်နှာကို နမ်းရှိုက် လိုက်သည်။ “ခီရာ၊ အသီနာ ဘာဖြစ် လို့လဲ။”

အသီနာ၏ နာမည်ကို ကြားရာ ကဝေမလေး၏ မျက်လုံးထဲတွင် မကျေနပ်မှု အနည်းငယ် ရှိနေ၏။

“ဟုတ်ပါပြီ။ မင်းသမီးလေး။ အရင် ဆင်းလာပါဦး။ သော်သော်၊ သမီးနဲ့ အစ်မအဲလစ် ခဏ ကစားနေနော်။ အဖေ အဒေါ် ခီရာနဲ့ ဘေးမှာ ခဏ စကားပြောလိုက်ဦးမယ်။”

လိုလီကြီးနှင့်လိုလီလေး နှစ်ယောက် တချိန်တည်း မကျေနပ်မှုများ ပြသ လိုက်ကြသည်။ ချန်လွေ့က အသီနာ တစ်ခုခု ဖြစ်နေကြောင်း သိလိုက်ရ သောအခါ အဲလစ်နှင့် သော်သော် တို့ကို အမြန်ချော့ပြီး ဘေးနားမှ ခီရာနောက်သို့ လိုက်သွားခဲ့သည်။

“ရှင်နဲ့ အသီနာ...”

ချန်လွေ့က ကဝေမလေး တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေ၍ အနည်းငယ် စိုးရိမ်လာသည်။ “ခီရာ၊ ပြောစရာရှိရင် ပြောလေ!”

နောက်ဆုံး၌ ခီရာ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ “ရှင် ဇိုလာနဲ့ တခြားသူတွေကို လူသားလောကဆီ ခေါ်မသွားခင် ညတုန်းက ရှင်နဲ့ အသီနာ... ‘အဲဒါ’ လုပ်ခဲ့ကြလား။”

ချန်လွေ့ အံ့အားသင့် သွားသည်။ “ဘာလို့ ဒါကို မေးတာလဲ။”

“အမြန်ဖြေ!”

“အင်း... ဟုတ်တယ်လေ။” ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ အဲဒီနေ့က အသီနာရဲ့ အလှည့် မဟုတ်ဘူးလား။

“ရှင် မှတ်မိသေးလား... ရှင်တို့ နှစ်ယောက် ဘယ်လိုပုံစံတွေ သုံးခဲ့လဲ။” ကဝေမလေးက နှုတ်ခမ်းကို ကိုက်ပြီး အမှန်တကယ်ပင် မှတ်ထားရန် မှတ်စု စာအုပ်လေး တစ်အုပ် ထုတ်ထား လိုက်သည်။

“အာ...” ချန်လွေ့က ထူးဆန်းသော အမူအရာ ပြသလိုက်သည်။ ဒါက ဘယ်လို မေးခွန်းမျိုးလဲ။

နောက်ပိုင်း မေးခွန်းများက ပို၍ ဆိုးဝါးလာသည်။ အခြား ‘လမ်း’ ကို သုံးခဲ့လား၊ ‘ဖတ်ဖတ်ဖတ်’ ဘယ် နှစ်ကြိမ်လဲ၊ စုစုပေါင်းက မလား၊ စံုလား အစရှိသော ရှက်စရာ မေးခွန်းများ ဖြစ်လေသည်။

သိချင်စိတ်နှင့် လေးနက်နေသော သတင်းထောက် ကဝေမလေးကို ရင်ဆိုင်ရသောအခါ ချန်လွေ့ လုံးဝ ဆွံ့အသွားခဲ့သည်။ ခီရာ၏ ပုံစံအရ အသီနာ မည်သည့် အန္တရာယ်မှ မရှိလောက်ပုံ ရလေသည်။

“ချန်လွေ့... အမ်..” ကဝေမ‌လေးက ရှက်သွေး ဖြာနေသော မျက်နှာဖြင့် သူ့နားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒီည ရှင်နဲ့သူ လုပ်ခဲ့တဲ့ အဆင့်တွေ အတိုင်း လိုက်လုပ် ရအောင်နော်။ မဟုတ်ဘူး။ ညတိုင်းလုပ်မယ်။ နော်။”

ထိုသို့ ပြောပြီးနောက် ကဝေမက လျှာကို ထုတ်ပြီး ချန်လွေ့နားကို လျှာနှင့် လျက်လိုက်၏။ ထိုကဲ့သို့ ဖြားယောင်းသွေးဆောင်မှု စွမ်းရည်က ချန်လွေ့ကို တုန်လှုပ်စေရုံသာမက ထိုကဝေမလေးကို ထိုနေရာမှာပင် အပြစ်ပေးချင်စိတ် ဖြစ်လာစေခဲ့သည်။ ဟေ့၊ တောင်းဆိုတာက ရပါတယ်။ ဒါပေမဲ့ အဲလစ်နဲ့ သော်သော်ကို အတုယူ မမှားအောင် လုပ်ရမယ်လေ။ သူတို့ ဒီမှာ ရှိနေသေးတယ်...

“အရင်ပြောဦး။ အသီနာ ဘာဖြစ် သွားတာလဲ။” ချန်လွေ့၏ အသံက နည်းနည်းငယ် ကျယ်နေပြီး အဝေးမှ အဲလစ်က ကြားလိုက်ရ၏။ တော်ဝင် မင်းသမီးလေး အငို ရပ်သွားပြီး နားစွင့် နေခဲ့သည်။ ခီရာနှင့် ချန်လွေ့တို့ တရင်းတနှီး နေနေစဉ် သူ၏ နှလုံးသား အနည်းငယ် ချဉ်လာခဲ့သည်။ ‘အသီနာ’ ဆိုသော စကားကို ကြားသောအခါ မျက်ရည်ပင် ကျလာခဲ့သည်။

အဲလစ် ငိုနေသည်ကို မြင်သောအခါ ဇာမဏီလေး သော်သော်လည်း ပျော်စရာထဲ ဝင်ပါပြီး ငိုတော့သည်။

“အစ်ကိုက ကျွန်မကို မလိုချင်တော့ ဘူး!” (ငိုနေ...)

“ဖေဖေက သော်သော်ကို မလိုချင် တော့ဘူး!” (ပေါင်းငိုနေ...)

“အသီနာက အမေဖြစ်တော့မယ်။ ငါကတော့ တစ်ယောက်တည်းပဲ...” (အော်ငိုနေ...)

“ဒေါ်လေးအသီနာမှာ ကလေး တစ်ယောက် ရှိနေပြီ။ ဖေဖေက သော်သော်ကို မလိုချင် တော့ဘူး။” (ပူးပေါင်းပြီး အော်ငိုနေ...)

“...”

ချန်လွေ့က ငိုရင်း ပွေ့ဖက်နေသော လိုလီလေး နှစ်ယောက်ကို စိုက်ကြည့် လိုက်ပြီး မကျေမနပ်နှင့် မနာလိုမှုများ ပြည့်နေသော ကဝေမ‌လေးကို ကြည့် လိုက်သည်။ နောက်ဆုံး၌ အသီနာ ဘာဖြစ်သွားကြောင်းကို သူ နားလည် သွားခဲ့လေသည်။

တကယ့်ကို မမျှော်လင့်ထားတဲ့... သတင်းကောင်းပဲ။

All Chapters