← Chapters

မိခင်လောင်း အသီနာ

Vol. 62 Ch. 999

မိခင်လောင်း အသီနာ

Vol. 62 Ch. 999

အသီနာ အမှန်တကယ် ကိုယ်ဝန် ရှိနေခြင်း ဖြစ်သည်။ ထိုအရာက အမှန်တကယ် မမျှော်လင့်ထားသော သတင်းကောင်းပင်။

ချန်လွေ့က ဝိညာဉ် ပြန်လည် မွေးဖွားလာခြင်းကြောင့် ထိုလောကမှ အမျိုးသမီးများကို ကလေး မရစေနိုင် ဟူ၍ ထင်ခဲ့ဖူးသည်။ သော်သော် မွေးဖွားလာခြင်းက အမှန်တကယ် ခြွင်းချက်တစ်ခု ဖြစ်၏။ အကြောင်းမှာ ဇာမဏီလေးက ကတ်သရင်းကို ပင်မ ခန္ဓာကိုယ်အဖြစ် ငှားယူပြီး လျှို့ဝှက် ပညာရပ် သုံးခဲ့ခြင်း ဖြစ်လေသည်။ ထိုအရာက ကိုယ်ဝန်ဆောင်ခြင်းနှင့် မတူပေ။ သို့သော် ၎င်းက ချန်လွေ့နှင့် မိန်းကလေးများ၏ နှလုံးသားထဲမှ သော်သော်၏ နေရာကို မထိခိုက်ခဲ့ပေ။

ယနေ့ အသီနာ ကိုယ်ဝန်ရခဲ့ခြင်းက ချန်လွေ့ စိုးရိမ်ခဲ့ရသော အနှောင်အဖွဲ့ တစ်ခု ကျိုးပျက် သွားခဲ့လေသည်။ တနည်းအားဖြင့် မျိုးဆက် ပြန့်ပွား နိုင်ခြင်းက သူ့လို ‘အပြင်လူ’ ကို ဤလောကက တကယ် အသိအမှတ် ပြုလိုက်ပြီဟုလည်း ဆိုလိုပေသည်။

အမှောင်လ တော်ဝင် နန်းတော်၌ -

“အသီနာ၊ အရင် နားလိုက်ဦး။ ကိုယ် ဒီစာရွက် စာတမ်းတွေကို ချက်ချင်း ပြီးအောင် လုပ်လိုက်မယ်။”

“ဓား လေ့ကျင့်စရာ မလိုတော့ဘူး။ ကတ်သရင်း ပြောတာ ကြားဖူးတယ်။ ခန္ဓာကိုယ်ကို အပြင်းအထန် မလှုပ်ရှားတာ အကောင်းဆုံးပဲတဲ့။ ဒါပေမယ့် တနေကုန် အိပ်နေလို့တော့ မရဘူး။ နောက်မှ နန်းတော်ပတ်ပြီး အတူတူ လမ်းလျှောက်ကြတာပေါ့။”

“ဒီည မှိုအသားလုံး ဟင်းချို၊ ဟင်းသီး ဟင်းရွက်စိမ်း၊ ခရမ်းသီးနဲ့ အဖြူရောင်ကျောက်ငါးတွေ စားမယ်...”

“မင်း ခရမ်းသီး မစားချင်တာ သိပါတယ်။ ဒါပေမယ့် မင်းက အခု အမေ ဖြစ်လာတော့မှာ။ ဒါက ကတ်သရင်း အထူး ပေးထားတဲ့ ကိုယ်ဝန်ဆောင် မိခင် အတွက် အာဟာရ ချက်နည်းပဲ။ မင်းနဲ့ ကိုယ်တို့ရဲ့ ကလေးအတွက် မင်း စားကို စားရမယ်...”

“...”

အသီနာက စကားများနေသော ထိုလူကို အပြုံးနှင့် ကြည့်နေခဲ့သည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ ကျန်းမာရေး မကောင်းကြောင်းကို ခံစားမိ သော်လည်း ဂရုမစိုက်ခဲ့ပေ။ ကတ်သရင်းက သော်သော်ကို အမှောင်လနယ်မြေဆီ ပို့သောအခါ အသီနာ အန်နေသည်ကို သတိထား မိခဲ့သည်။ ဧကရီ အရှင်မက အမြဲပင် အာရုံစိုက်တတ်သူ ဖြစ်ပြီး အရင်က အတွေ့အကြုံလည်း ရှိရာ ချက်ချင်း တစ်ခုခုကို သဘောပေါက်သွား၏။ ထပ်ခါတလဲလဲ စစ်ဆေးပြီး နောက်ဆုံးတွင် အသီနာ၌ ကိုယ်ဝန် ရှိနေကြောင်း အတည်ပြုနိုင်ခဲ့သည်။

အသီနာ အံ့အားသင့်ပြီး ဝမ်းသာ သွားခဲ့သည်။ မူလက သူသည် အမှောင်လ နယ်မြေကို ဂရုစိုက် ရသည့် အတွက် ချန်လွေ့၊ ဇိုလာနှင့် အစ်ဇဘယ်လာတို့လို ခရီးသွားခြင်း၊ စွန့်စားခြင်းများ မလုပ်နိုင်သောကြောင့် အနည်းငယ် ဝမ်းနည်းခဲ့ရသည်။ ယခု အမေ ဖြစ်တော့မည် ဟူသော သတင်းကောင်းက ထိုခံစားမှုများကို လွင့်ပျယ်သွားစေခဲ့သည်။

လူသား ‘ချန်လွေ့’က အမှောင်လ နယ်မြေမှာ တမင်တကာ ပြသခဲ့သော အခြေအနေကို ထည့်သွင်းစဉ်းစားပြီး ထိုသတင်းကို မဖြန့်ခဲ့ပေ။ အနီးစပ်ဆုံး မိတ်ဆွေများနှင့် ဆွေမျိုးများသာ သိရှိ ခဲ့ကြသည်။ သေချာသည်မှာ ရှီရာနှင့် ကောင်မလေးများက အသီနာအတွက် အလွန် ပျော်ရွှင်ခဲ့ကြပြီး တချိန်တည်း မှာပင် မနာလို ဖြစ်ကြသည်။ ခီရာက အဲဒီလို ‘အင်တာဗျူး” လုပ်နေခဲ့တာ ဒါကြောင့်ကိုး။

အသီနာ၏ ဖခင် ကြယ်ကြွေတမန် အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် ဂျော့ချ်က ပို၍ပင် ပျော်ရွှင်နေခဲ့သည်။ အသီနာနှင့် အကောင်းဆုံး ဆက်ဆံရေး ရှိသော အမေနဂါးနီ ဂလိုရီယာက သူ့သမီးကို ဂရုစိုက်ရန် မှော်ဆရာခံတပ်မှ အမှောင်လကို ရောက်ရှိလာခဲ့သည်။

အလုပ်များနေသော သားမက်ကို ကြည့်ရင်း အမေ နဂါးနီက ပို၍ ကျေနပ်လာခဲ့သည်။ ဒီလူက စွမ်းအား ထူးချွန်တဲ့အပြင်ကို အသီနာနဲ့လည်း နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတယ်။ သူ့ဇနီးကို ဂရုစိုက်တတ်၊ နားလည် တတ်တယ်။ ‘ချို့ယွင်းချက်’ တစ်ခုခု ရှိရင် မိန်းမ တစ်ယောက်ထက် ပိုရှိတာပဲ။ ဒါပေမယ့် ဒီအခြေအနေက နတ်ဆိုးဘုံမှာ ပုံမှန်ပဲ။ ချန်လွေ့မှာ မိန်း မနည်းတယ်လို့ သတ်မှတ်လို့တောင် ရတယ်။ ငါ့ယောက်ျား ဂျော့ချ်မှာ ဇနီးနဲ့ ကိုယ်လုပ်တော်ပေါင်း နှစ်ဆ နီးပါး ရှိတယ်။ ဂျော့ချ်က အဆင့်တူ တော်ဝင် မိသားစုတွေထဲမှာတောင် အတော် ချုပ်ထိန်း တတ်တဲ့သူပဲ။ သာမန် တော်ဝင် မိသားစုတွေ အတွက်တော့ မိန်းမနဲ့ ကိုယ်လုပ်တော် ရာနဲ့ချီက ပုံမှန်လိုပဲ။

ဒါပေမဲ့ ဒီသားမက်ရဲ့ အခြား ဇနီး တွေကလည်း သာမန် မဟုတ်ဘူး။ အင်ပါယာနှစ်ခုရဲ့ ဧကရီတွေ ချည်းပဲ။ နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်စေဖို့ လုံလောက်တယ်။ ‘ကြင်ရာတော် မင်းသား’က ထူးခြားတယ်။ ဧကရီ အရှင်မနဲ့အတူ ယောက်ျားကို မျှဝေ နိုင်တာက ဝေးလ်စ် မိသားစုအတွက် ဂုဏ်ယူစရာတစ်ခုပဲ။

“တကယ်တော့ ကျွန်မ ဒီလောက်ထိ နုနယ်တာ မဟုတ်ပါဘူး။ ပုံမှန် အတိုင်းပဲ လုပ်ပါ။ သိပ်ပြီး ဆူဆူညံညံ လုပ်စရာ မလိုပါဘူး။” အသီနာ ရယ်လိုက်သည်။ “ကတ်သရင်းက ပြောတယ်။ ကလေးမွေးဖို့ အနည်းဆုံး ၂နှစ် ကြာမယ်တဲ့။ အပြင်ကနေ ကြည့်ရင်တော့ ဘာမှ မူမမှန်တာ မတွေ့ရသေးဘူး။ ပြီးတော့ ကလေးရဲ့ အခြေအနေက တည်ငြိမ်နေပြီဆိုတာ ကျွန်မ ခံစားရတယ်။ နောက်ဆုံးလ အနည်းငယ်ပဲ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်တာ။”

လူသား လောကမှ သက်ရှိ ဖြစ်စေ၊ နတ်ဆိုးဘုံမှ သက်ရှိ ဖြစ်စေ၊ အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက် အတွက် သာမန် လူများထက် ကလေးမွေးရန် အများကြီး ပိုမို၍ ခက်ခဲသည်။ အထူးသဖြင့် ဇနီးမောင်နှံ နှစ်ဦးစလုံးတွင် အင်အားကြီးသော အစွမ်းများ ရှိနေသည့် အချိန်၌ပင်။ အသီနာကလည်း အဆင့်မြင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ချန်လွေ့၏ စွမ်းအား အကြောင်းကိုမူ

ပြောစရာပင် မလိုတော့ပေ။ ဒါကြောင့် အတော်လေး ခက်ခဲလှသည်။

ကိုယ်ဝန်ဆောင်ကာလက ကာလတို ဖြစ်နိုင်သလို ကာလရှည်လည်း ဖြစ်နိုင် ပေသည်။ တိုတောင်းသော ကာလက ချန်လွေ့ ယခင်ဘဝ၌ သိခဲ့သော ‘၁၀လ ကိုယ်ဝန်ဆောင်ခြင်း’နှင့် ဆင်တူသည်။ ကတ်သရင်းက ဇာမဏီလေးကို ထိုကာလနှင့် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သို့သော် မစ်-သော်သော်က အထူး ဖြစ်ရပ် ဖြစ်လေသည်။ သော်သော်က မသေမျိုး ဝိညာဉ် သွေးမျိုးဆက် ပြန်ဝင်စားခြင်းမျိုး ဖြစ်သည်။ သူက ကတ်သရင်း၏ သွေးနှင့် စွမ်းအားကို အသုံးချပြီး ရင့်ကျက်တဲ့ သန္ဓေသားကို ပြုလုပ်ပြီးနောက် ချောမွေ့စွာ မွေးဖွား ခဲ့ခြင်း ဖြစ်သည်။ ထိုမွေးဖွားခြင်းက မိခင်၏ ခန္ဓာကိုယ်မှ စွမ်းအင်ကို မဆင်ခြင် စုပ်ယူခဲ့ခြင်း မဟုတ်ဘူး။ ကတ်သရင်းလည်း အကျိုးကျေးဇူး များစွာ ရရှိခဲ့သည်။ အဆင့်ပိုမြင့်သော ရန်သူကို တိုက်ခိုက်ရန် စွမ်းအား ကုန်ခမ်းစေသော လျို့ဝှက် ပညာရပ်က သော်သော်၏ အထူး စွမ်းအား ဖြစ်သည့် [မီးဇာမဏီ တမ်းတခြင်း] နှင့် အခြားအရာများမှ ဆင်းသက်လာခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်ကာလ ရှည်သော မျိုးနွယ်က သုံးလေးနှစ် သို့မဟုတ် ထိုထက် ပိုကြာနိုင်သည်။ သီဝရီအရ စွမ်းအား ပိုမို ကြီးမားလေလေ၊ ကလေး၏ အလားအလာ ပိုမို၍ ကြီးမားလေဖြစ်ပြီး ကိုယ်ဝန်ဆောင် ကာလ ပိုမို ကြာရှည်လေ ဖြစ်သည်။ အထင်ရှားဆုံးမှာ နဂါးများ ဖြစ်သည်။ ကိုယ်ဝန်ဆောင်ခြင်းက ၁၀ နှစ်ကျော် သို့မဟုတ် ဆယ်စုနှစ်များစွာ ကြာလေ့ ရှိသော်လည်း မွေးဖွားစဉ် ကလေးက အလွန် အစွမ်းထက်လှသည်။

ကိုယ်ဝန်ဆောင်မိခင် ခန္ဓာကိုယ်က ကိုယ်ဝန်ဆောင်ခြင်းကို အတိကျဆုံး ခံစားရတတ်၏။ ပထမဆုံး အနေဖြင့် အသီနာတွင် မိခင် ဖြစ်ဖူးသော အတွေ့အကြုံ မရှိပေ။ ဒုတိယ အချက်မှာ သူ့၏ စွမ်းအားက မကြာသေးခင် နှစ်များအတွင်း အလွန် မြန်မြန် တိုးတက် လာခဲ့တာကြောင့် လွတ်လွတ် လပ်လပ် အသုံးမပြုနိုင် သေးပေ။ ထို့ကြောင့် ကိုယ်ဝန်ဆောင် ကာလကို သိနိုင်ရန် နည်းလမ်း မရှိပေ။

သို့သော် ကတ်သရင်း၏ ကနဦး ခန့်မှန်းချက်အရ မွေးဖွားမယ့်ရက်က သော်သော် ကိုယ်ဝန်ဆောင်စဉ်ထက် အများကြီး ပိုကြာပေ လိမ့်မည်။ အနည်းဆုံး ၂နှစ် ဖြစ်၏။

“ဂရုစိုက်ဦးနော်။ ကောင်းပြီ မင်းတို့ လူငယ် စုံတွဲကို မနှောင့်ယှက် တော့ပါဘူး...” ဂလိုရီယာက စိုးရိမ်တကြီး ထပ်ပြောလိုက်၏။ “မမေ့နဲ့။ သန္ဓေသားရဲ့ အခြေအနေ တည်ငြိမ်သွားပြီဆိုပေမယ့် ကလေးကို မထိခိုက်စေဖို့ တရင်းတနှီး လှုပ်ရှားမှု အများကြီး မလုပ်နဲ့ဦး။”

နောက်ဆုံး စကားကြောင့် သူတို့ နှစ်ဦးစလုံး ချက်ချင်း မျက်နှာ နီရဲ သွားခဲ့ကြ၏။ မျက်နှာပြောင်တိုက် တတ်သော ချန်လွေ့ပင် အပါအဝင် ဖြစ်သည်။ အမေ နဂါးနီက အမြဲပင် ရဲတင်းပြီး လေကြောမရှည်တတ်ပေ။ သူက ကျယ်လောင်စွာ ရယ်မောရင်း အခန်းထဲမှ ထွက်သွားလိုက်သည်။

ချန်လွေ့နှင့် အသီနာတို့ အချင်းချင်း ခဏကြာ စိုက်ကြည့် နေခဲ့ကြပြီး နောက်ဆုံး အချင်းချင်း ပြုံးပြလိုက် ကြသည်။ ချန်လွေ့က သူဘေးကို ရောက်လာပြီး ဒူးထောက်ကာ နားကို ဗိုက်နားကပ်ပြီး နားထောင်လိုက်၏။

“အစောကြီး ရှိပါသေးတယ်။ ကျွန်မ ဗိုက်ကလည်း အခုထိ ပြားနေတုန်းပဲ။ အပြင်ကနေ ကြည့်ရင် ဘာမှ မပြောင်းလဲသေးဘူး။” အသီနာက ချန်လွေ့၏ ဆံပင်များကို လက်ချောင်း လေးများဖြင့် ဖွဖွလေး ပွတ်သပ်ရင်း ပြောလိုက်သည်။

ချန်လွေ့က မျက်လုံး မှိတ်လိုက်ပြီး စိတ်ကို စုစည်းလိုက်သည်။ ထို့နောက် ပြီးတော့ သက်ရှိ လှုပ်ရှားမှုလေး တစ်ခုကို ဖြည်းဖြည်းချင်း ခံစားမိ လိုက်၏။ ချက်ချင်း ဆိုသလို နှလုံးသားထဲ၌ သွေးသားဆက်နွယ်မှု ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ခံစားချက်သက်သက် မဟုတ်ဘဲ ထိမိတဲ့ စိတ်ခံစားချက် တစ်ခုလည်း ဖြစ်ပေသည်။

အသီနာက ထိုသို့ အမူအရာမျိုးကို မမြင်နိုင်သော်လည်း နှလုံးသားထဲမှ စိတ်ခံစားမှုကို ခံစားနိုင်လေသည်။ သူ ချန်လွေ့၏ ကျောကို ပွတ်သပ်ရင်း သူ၊ ကလေးနှင့် ချန်လွေ့တို့ တသားတည်း ပေါင်းစည်း သွားသလို ခံစားလိုက်ရ လေသည်။ သူ၏ စိတ်နှလုံးက ချက်ချင်း ဆိုသလို ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

“ယောက်ျားလေး လိုချင်လား။ မိန်းကလေး လိုချင်လား။”

“နှစ်မျိုးစလုံး ကောင်းပါတယ်။ ယောက်ျားလေးဆိုရင် ကိုယ့်လိုမျိုး ဉာဏ်ကောင်းမယ်။ မိန်းကလေး ဆိုရင် မင်းလိုမျိုး လှမယ်လေ။”

“ပါ့ဂ်လီအိုရဲ့ စကား အတိုင်း ပြောရရင် ရှင်က ကောက်ကျစ်တယ်၊ ကျွန်မကတော့... ကျွန်မက ဇိုလာ၊ ကတ်သရင်းနဲ့ တခြားသူတွေလောက် မလှပါဘူး။”

“မဟုတ်ပါဘူး၊ မင်းက အလှဆုံးပါ။” ချန်လွေ့က အသီနာလက်ကို ကိုင်ပြီး သူ့မျက်နှာပေါ် တင်လိုက်သည်။ “အမြဲတမ်း ဒီလိုပဲ။ မင်းကို ပထမဆုံး မြင်တွေ့ခဲ့ရတဲ့အချိန်ကတည်းက အဲဒီ သူရဲကောင်းဆန်တဲ့၊ ရက်ရောတဲ့၊ လှပတဲ့ အမျိုးသမီး ဓားသမားက ကိုယ့်နှလုံးသားထဲမှာ စွဲထင်နေခဲ့တာ။ မင်းက ထူးခြားတယ်။”

“အပြောကတော့ ချိုတယ်နော်...” အသီနာက နှလုံးသားထဲ ချိုမြိန် သွားသလို ခံစားလိုက်ရလေသည်။ “ဒါကြောင့် အဲလစ်တောင် ရှင့်ကို ကြွေသွားတာကိုး...”

“မတရားခံရတာပါ!” ချန်လွေ့က သူ့ရဲ့ အပြစ် ကင်းစင်မှုကို ရှင်းပြရန် အလျင်အမြန် ခုန်ထ လိုက်သည်။ “ကိုယ်က အဲလစ်နဲ့ ဘာမှ မပတ်သက် ပါဘူ။ ကိုယ် ပြန်လာတာနဲ့ သူက ဘာအကြောင်းမှမရှိဘဲ ကိုယ့်ကို ဖက်ပြီး အများကြီး ငိုတယ်။ နောက်တော့ သော်သော်လည်း ငိုပြီး မင်း ကလေး ရတော့မယ်၊ သူ့ကို မလိုချင် တော့ဘူးလို့ ပြောတယ်။ ကိုယ် အတော်လေး ချော့ခဲ့ရတာ။”

“သော်သော်က အတော် ဆိုးတာပဲ။ သူက အမြဲတမ်း ကျွန်မတို့ရဲ့ ကလေး ဖြစ်နေဦးမှာပါ။ ပြီးတော့ နောက်ပိုင်း သူက အစ်မကြီးဖြစ်လာမှာ။ အဲလစ် ကတော့...” အသီနာက ရုတ်တရက် သက်ပြင်းချလိုက်၏။ “အမှန်အတိုင်းပြော။ ရှင် မင်းသမီးလေးကို ဘယ်လောက် ကြာကြာ စောင့်ခိုင်းထားမှာလဲ။ ရှင်တို့မှာ သဘောတူညီချက် လုပ်ထားတာ ရှိတယ်မလား။”

“အဲဒီသဘောတူညီချက်... သူ အဲဒီတုန်းက ငယ်ငယ်လေးပဲ ရှိသေး တယ်လေ။” ချန်လွေ့ ပခုံးတွန့် လိုက်၏။ “အဲဒါက အချိန်ဆွဲတဲ့ နည်းလမ်းတစ်ခုပါပဲ။ နောက်ပိုင်း သူ တကယ်ချစ်တဲ့သူကို ရှာတွေ့မယ်လို့ ထင်တယ်။”

“ဒါဆို အခု သူ တကယ်ချစ်တာ ဘယ်သူလို့ ရှင်ထင်လဲ။” အသီနာ ခေါင်းခါလိုက်သည်။ “အဲလစ်က ကျွန်မ ကိုယ်ဝန်ရှိတာကို သိတော့ ပျော်ခဲ့ပေမယ့် ဝမ်းလည်း ဝမ်းနည်း ခဲ့တယ်။ သူက ကျွန်မထက် အရင် ရှင့်ကို သိခဲ့တာ။ အဲဒီကတည်းက သူ ရှင့်ကို တိတ်တိတ်လေး သဘောကျ နေခဲ့တာ။ အခု ကျွန်မမှာ ရှင့်ရဲ့ ကလေး ရှိနေပြီ။ သူကတော့ တစ်ယောက်တည်း ဖြစ်နေတုန်းပဲ။ ကျွန်မတို့ ချစ်ခဲ့တဲ့ နှစ်တွေက သူ ရှင့်ကို စောင့်နေခဲ့တဲ့ နှစ်တွေနဲ့ အတူတူပဲ။”

အသီနာ၏ နောက်ဆုံးစကားက ချန်လွေ့၏ နှလုံးသားကို ထိသွား၏။ သူက သစ်သား မဟုတ်ပေ။ အဲလစ် တွေးနေသည့်အရာကို သူ သိသည်။ သူ၏ မျက်နှာနှင့် စရိုက်များက အရင်ကနှင့် အတူတူပင် ဖြစ်နေ သော်လည်း ထိုနှစ်မှ လိုလီလေးသည် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။

“ရှီရာ သိရင် ကိုယ့်ကို သတ်မှာ။”

“တော်ဝင်မင်းသမီး... အရှင်မကို ငတုံးလို့ ထင်တာလား။” အသီနာက ချန်လွေ့၏ မျက်လုံးကို ကြည့်လိုက်၏။ “လွန်ခဲ့တဲ့ နှစ်တွေထဲမှာ တော်ဝင် မင်းသမီ... အရှင်မ ရှီရာကို တော်ဝင်မျိုးနွယ် ဘယ်နှစ်ယောက် လက်ထပ်ခွင့် တောင်းခဲ့လဲ သိလား။ ဒါပေမယ့် အားလုံးကို အရှင်မက ပယ်ချခဲ့တယ်။ အစ်မ တစ်ယောက် အနေနဲ့ သူက အဲလစ် ဘယ်သူ့ကို စောင့်နေတယ်ဆိုတာ ကောင်းကောင်း သိတယ်။ တကယ်လို့... အဲလစ် ဆိုရင်၊ ကျွန်မနဲ့ ရှီရာရော ခီရာ၊ ဇိုလာနဲ့ တခြားသူတွေပါ လက်ခံနိုင်တယ်။”

ချန်လွေ့က ခပ်မဲ့မဲ့ ပြုံးလိုက်၏။ “ဒါဆိုလည်း အခြေအနေရ ကြည့်လုပ် တာပေါ့။”

“ဟမ့်! အပြစ်မရှိသလို ဟန်ဆောင် မနေနဲ့။ ကံကောင်း တယ်လို့မှတ်။ ကျွန်မတို့ရဲ့ ကလေးသာ မရှိခဲ့ရင် ကျွန်မ ဒီလောက် ရက်ရောမှာ မဟုတ်ဘူး...” အသီနာက သူ့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ “ဒါနဲ့ ကျွန်မရဲ့ အတွင်းရေးမှူးက အခုထိ မလာသေးဘူး။ ညပိုင်း တုန်းက ‘အလုပ်ကြိုးစား’လို့ အိပ်ယာကနေ မထနိုင်သေးတာလား။”

ချန်လွေ့က ပြုံးဖြီးဖြီး လုပ်လိုက်၏။ အမှန်ပင် ထိုအတိုင်း ဖြစ်ခဲ့သည်။ အသီနာ ကိုယ်ဝန်ရခြင်းက ကဝေမကို မနာလိုဖြစ်စေခဲ့ပြီး ထိုရက်ပိုင်းအတွင်း သူ့ကို အများကြီး တွယ်ကပ် နေခဲ့၏။ သူက အသီနာနှင့် နောက်ဆုံး အတူ နေခဲ့စဉ်က ပုံစံအတိုင်း တိတိကျကျ လိုက်လုပ်ခဲ့လေသည်။ ထိုသံသရာက ထပ်ခါတလဲလဲ ဖြစ်နေခဲ့ပြီး နောက်ဆုံး သူကိုယ်တိုင် ပင်ပန်းသွား ခဲ့သည်။ ထိုအရာက ရယ်စရာကောင်းလှ၏။

“ရှင့်ရဲ့ စေ့စပ်ထားတဲ့ မင်းသမီးကို လူသား လောက ကနေ ဘယ်တော့ ပြန်ခေါ်လာမှာလဲ။”

“ဘာလို့ ချဉ်ပြုံးပြုံးအနံ့ ရနေ တာလဲ။” ချန်လွေ့ ရယ်လိုက်သည်။ “ကလေးရှိတော့ ပိုရက်ရောတာလား။”

အသီနာက နှုတ်ခမ်းကို ကိုက်ပြီး သူ့ခါးကို လိမ်တော့မည့် အချိန် သူက အသီနာကို ပွေ့ဖက်ပြီး လူသား လောကတွင် ဖြစ်ပျက်ခဲ့သည်များ၊ အထူးသဖြင့် ကျက်သရေပြာ အင်ပါယာနှင့် လန်ဘိစ်ကြားမှ အပေးအယူ အကြောင်းများကို ပြောပြလိုက်သည်။

ချန်လွေ့က စေ့စပ်ပွဲကို လူအများ ရှေ့မှာ ငြင်းပယ်ခဲ့ကြောင်း ကြားသည့် အခါတွင် အသီနာက ၎င်းသည် အပေးအယူ တစ်ခုသာ ဖြစ်ကြောင်း သိသော်လည်း သူ့ကို ပျော်ရွှင်စွာ ပွေ့ဖက်လိုက်၏။ တချိန်တည်းမှာပဲ သဘာဝ သစ်ပင်နှင့် ရွှေအလင်း မြေအောက်နန်းတော်တွင် ဖြစ်ခဲ့သည့် စိတ်လှုပ်ရှားဖွယ် တိုက်ပွဲက သူကို စိုးရိမ်ပူပန်စေခဲ့သည်။

“ဒီတစ်ခါ ကိုယ် ပြန်လာတာက ရှီလန်တောင်ကို သွားပြီး မြေဇစ်မြစ် အပိုင်းအစကို မွန်ရိုးဆီ လွှဲပြောင်း ပေးဖို့ပဲ။ ပြီးတော့ လူသားလောကဆီ ပြန်ပြီးတော့ အလုပ် နည်းနည်း လုပ်ရမယ်။ အဲဒါတွေထဲမှာ သိဒ္ဓိ အလင်းတောင်ကိုသွားပြီး ဖန်တီးခြင်း ဇစ်မြစ်ကို နားလည်ဖို့နဲ့ ရိုင်ဇန်ရဲ့ သမီးကို ပြန်ခေါ်လာဖို့လည်း ပါတယ်။ နောက်ဆုံးကျရင် ဇိုလာနဲ့ ရင်းနီကို ပြန်ခေါ်လာမယ်။ ပြီးတော့ ကိုယ် ပြောပြဖူးတဲ့ ဆမ်မြူရယ် မိသားစုကိုပါ ခေါ်လာခဲ့မယ်။”

ထိုသို့ ပြောပြီးနောက် ချန်လွေ့က အသီနာ၏ မျက်နှာကို နမ်းလိုက်၏။ “ကိုယ်က အခု လောကနှစ်ခုကြားမှာ လွတ်လွတ်လပ်လပ် သွားလို့ရပြီ။ နောက်တစ်ခါ မင်း အလုပ်အားရင် လူသားလောကကို အပန်းဖြေခရီး ခေါ်သွားပေးမယ်။”

“အင်း” အသီနာက အင်ပါယာသုံးခု မဟာမိတ်နှင့် တစ်ဖနီ အကြောင်း သိသည့်အတွက် ခေါင်းညိတ်လိုက်၏။ “ဒီတစ်ခါ ရှီလန်တောင်ကို...”

“အတူ သွားမလား။ အရင်လိုလေ...”

အသီနာက ‘လူသား မိုင်းတွင်း အရာရှိ’ နှင့် သူ လက်ချင်းတွဲပြီး ရှီလန်‌တောင်သို့ သွားခဲ့သော မြင်ကွင်းကို ပြန်အမှတ်ရလိုက်ပြီး နွေးထွေးသွားခဲ့သည်။ သို့သော် သူက ခေါင်းခါသည်။ “ကျွန်မ အတော်လေး အလုပ် များနေတယ်။ အဲလစ်ကို ခေါ်သွားလိုက်။”

“ဘာဖြစ်လို့ အဲလစ်ကို ထပ်ပြီး ထိုးထည့်နေတာလဲ။”

“အဲလစ်ကို မထိုးထည့်ရင် ရှင် သွေးရောင် အင်ပါယာရဲ့ ဧကရီကို လက်ထပ်တဲ့အထိ စောင့်ရမှာလား။ အင်ပါယာသုံးခုရဲ့ ဆာ-ကြင်ရာတော် မင်းသား...”

“ဘာလို့ မင်း မနာလို ဖြစ်နေရ ပြန်တာလဲ။ ဉာဏ်ပညာ ရှိပြီးတော့ ရက်ရောတဲ့ မာဒမ်-ဗိုလ်ချုပ်၊ မာဒမ်-သခင်မ၊ မာဒမ်-ဇနီး ဘယ်ရောက် သွားပြီလဲ။” ချန်လွေ့က ပုံကြီးချဲ့ကာ အော်ပြောလိုက်၏။ “မဟုတ်သေးဘူး! တစ်ယောက်ယောက်က ငါ့အသီနာ အယောင်ဆောင်နေလား ဆိုတာကို စစ်ဆေးရမယ်။”

ထိုသို့ပြောပြီး ထိုသူက အသီနာ၏ အဝတ်အစားများကို ‘စစ်ဆေး’ ရန် စတင် ချွတ်တော့သည်။ အမျိုးသမီး ဗိုလ်ချုပ်က ကိုယ်ဝန်ဆောင်ချိန်တွင် အလွန် ခံစားလွယ်လှသည်။ သူ၏ အဖြစ်သဘော ခုခံမှုက အသုံးမဝင်ဘဲ သူ၏ ကိုယ်ပိုင်နေရာကို မကြာခဏ တိုက်ခိုက်ခံရပြီးနောက် နောက်ဆုံး သူ ခုခံမှုကို လက်လျှော့လိုက်တော့သည်။ ညည်းသံနဲ့ အသက်ရှူသံများ အကြား သူ၏ အကြည့်က တဖြည်းဖြည်း ယစ်မူးသွားခဲ့၏။ အချိန်အကြာကြီး စုဆောင်းထားခဲ့သော ရမ္မက်များ ပြည့်လျှံလာပြီး ရမ္မက်နွံထဲသို့ လုံးဝ နစ်မွန်းသွား တော့တော့သည်။

All Chapters