လိုလီလေး၏ ဒိုင်ယာရီ
Vol. 62 Ch. 1000
xxx ခုနှစ် xxx လ xxxနေ့...
ရာသီဥတုသာယာတယ်။ အစ်ကို ရှိနေလို့လား မသိဘူး။ လရောင်က ပိုပြီးနွေးထွေးနေသလို ခံစားရတယ်။
အစ်ကိုနဲ့ ကျွန်မ ရှီလန်တောင်ကို ခရီးထွက်ခဲ့ကြတယ်။ အခု ခံစား နေရတဲ့ ခံစားချက်ကို ဘယ်လို ပြောရမှန်း မသိဘူး။ လာလာရီယာရဲ့ “အိုဟိုဟိုဟိုဟို...”လိုမျိုး ရယ်တတ် အောင်လို့ သင်ထားရမယ်။
လာလာရီယာတို့ ပင်လယ်သေကို သွားတာ ဘယ်လိုနေလဲ မသိဘူး။ အလျန်နဲ့ အိဗ်ကတော့ ဦးလေး ဖွန်ဆက်နဲ့အတူ ယန္တရားပညာတွေ တံခါးပိတ် သင်နေကြတယ်။ သူတို့ကို မတွေ့ရတာတောင် ကြာပြီ။ အရမ်း လွမ်းတယ်။ ဒီတစ်ခါ အဲဒီ မိန်းမဆိုးက ပြန်ဖမ်းလာခဲ့လို့ ပင်လယ်သေကို မသွားခဲ့ရပေမဲ့ အစ်ကိုနဲ့ အတူ ရှီလန်တောင်ကို သွားရတာကတော့... အိုဟိုဟိုဟို....
အစ်ကိုက အရင်လို သူ့ရဲ့ စွမ်းအားတွေ ဖုံးကွယ် ထားစရာ မလိုတော့ဘူး။ သူ့ရဲ့ ‘ရွှေ့ပြောင်းခြင်း’ က တကယ် အံ့မခန်းပဲ။ နေရာလွတ် ကျုံ့သွား သလိုပဲ။ တစ်လှမ်းတည်းနဲ့ မီတာ ထောင်ပေါင်းများစွာ မဟုတ်ရင် ပိုဝေးတဲ့နေရာကို ဖြတ်ကျော်နိုင်တယ်။ လေထဲမှာ ‘တိုက်တင်းနစ်’ ကစားတာ ထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်။
ဒီတစ်ခါ ကျွန်မတို့ရဲ့ တာဝန်က အမှောင်လနယ်မြေရဲ့ အနောက်ဘက် ပထဝီဘုံကို သိမ်းပိုက် ထားတဲ့ မြေဒြပ်စင်ကောင်တွေကို အနိုင်ယူဖို့။
သွားကြစို့... ကောင်မလေး...
ဒီတိုက်ပွဲမှာ ဝိုင်ဗန် ဗိုလ်ခြေကို မစေလွှတ်ခဲ့ဘူး။ ဒါပေမယ့် အထူးချွန်ဆုံးနဲ့ ပြိုင်စံရှား ‘အဲလစ် တိုက်ခိုက်ရေး ဗိုလ်ခြေ’ ကို စေလွှတ်ခဲ့တယ်။ ဒီဗိုလ်ခြေမှာ အစွမ်း အထက်ဆုံး အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက်ပဲ ရှိတယ်။ အဲဒါကတော့ အဲလစ် နဲ့ သူ့အစ်ကိုပဲ။
ကျွန်မတို့ ပထဝီဘုံကို ရှင်းပစ်ပြီး ဒြပ်စင်ကောင်တွေကို ကျွန်မတို့ရဲ့ ခြေထောက်အောက် ရောက်အောင် လုပ်ရမယ်။
အမ်... နေပါဦး.. နောက်ဆုံးတစ်ခါ ပထဝီဘုံကို သွားတုန်းက ကျွန်မက အစ်ကို့ရဲ့ စေ့စပ်ထားတဲ့သူ လိုမျိုး ဟန်ဆောင်ခဲ့တယ်။ အဲဒီတုန်းက မြေဒြပ်စင်ဘုရင် မိုးရီက ကျွန်မကို တကယ်ပဲ အသိအမှတ် ပြုပြီးတော့ အလင်းအမှောင် ကျောက်တုံး လက်ဆောင် ပေးခဲ့တယ်။ နောက်ပိုင်း အဲဒီကျောက်တုံးကို အစ်မကို ပေးပြီး နတ်ဆိုး အရှင်သခင် အဆင့် ရောက်အောင် ကူညီခဲ့တယ်။
မိုးရီက အရမ်း ကြင်နာတဲ့ အတွက်ကြောင့် ကျွန်မက အစ်ကို ဘုရင်ကို သူ့ဇနီး အနေနဲ့ ပထဝီဘုံကို သိမ်းပိုက်ဖို့ အစီအစဉ်ကို စွန့်လွှတ်ဖို့ တိုက်တွန်းမယ်။ မိန်းမလှ အတွက် နိုင်ငံကို စွန့်လွှတ်တဲ့ ဒီဇာတ်လမ်းကို နောက်မျိုးဆက်တွေက ဝတ္ထု အဖြစ် ရေးသားကြလိမ့်မယ်။ မဟုတ်ဘူး၊ ဒါက သမိုင်းဝင်သွားလိမ့်မယ်...
(အထက် အကြောင်းအရာများက ‘အဲလစ်၏ဒိုင်ယာရီ’မှ ကောက်နုတ် ထားခြင်း ဖြစ်သည်...)
“အဲလစ်။ ဘာတွေရေးနေတာလဲ။”
“ဘာမှမဟုတ်ပါဘူး” အဲလစ်က စာအုပ်ငယ်နှင့် ဘောပင်ကို အလျင် အမြန် သိမ်းလိုက်ပြီး လေထဲှ စားစရာရနံ့ သင်းသင်းလေးကို ရှူရှိုက် လိုက်သည်။ “အစ်ကို၊ အစ်ကို့အသား ကျက်ပြီလား။”
“ငါ့အသား မဟုတ်ပါဘူး။” ချန်လွေ့ မျက်လုံးလှန် လိုက်သည်။ “ငါ လုပ်ထားတဲ့ ဝက်သားခုတ်ထစ်ကြော် အစပ်ပဲ။ လာ... မြည်းကြည့်။”
အဲလစ် တစ်ကိုက် ကိုက်လိုက်၏။ “ဝိုး! အရမ်း အရသာ ရှိတာပဲ။ ဒီအနံ့က တော်တော် ထူးခြားတယ်။ ဒီလိုမျိုး တစ်ခါမှ မစားဖူးဘူး။”
“ဒါက လူသားလောကရဲ့ ဆိုင်ယာနို ဘက်တီးရီးယားပြောင်းဆန်လို့ ခေါ်တဲ့ အရည်အသွေး အမြင့်စား ဟင်းခတ် အမွှေးအကြိုင်ပဲ။ နည်းနည်းစပ်တယ်။ ဖြည်းဖြည်းစား။”
“အား စပ်လိုက်တာ။ အရမ်း စပ်တယ်။” အဲလစ်က လက်နှင့် ပါးစပ်ကို ယပ်ခတ်ရင်း အော်နေ၏။ “အစ်ကို၊ အရမ်းပူတယ်...”
နှုတ်ခမ်းထော်နေသော လိုလီလေး ပုံစံကို ကြည့်ရင်း ချန်လွေ့ ခဏတာ စကားမပြောနိုင် ဖြစ်သွားသည်။ ဒါက အေးအောင် လုပ်ခိုင်းတာလား။ ဒါက နမ်းခိုင်းနေတာ အသိသာကြီးပဲ...
“ဒီမှာ မင်းအတွက် ရေခဲ ဖျော်ရည်။ အရမ်းမသောက်နဲ့။ ဗိုက်နာလိမ့်မယ်။”
အဲလစ်က ချန်လွေ့ဆီမှ ဖျော်ရည်ကို မကျေနပ်သော မျက်နှာဖြင့် ယူလိုက်သည်။ သူက တစ်ကျိုက်တည်း အကုန်သောက်ချ လိုက်ပြီး ကြက်ကြော်ကို ခါးခါးသီးသီး ကိုက်စားတော့သည်။ ထိုအရာက အရသာရှိသော အစားအစာမျိုး မဟုတ်ဘဲ သူ့၏ ဆွဲဆောင်မှုကို နားမလည်သောသူ တစ်ယောက် ကဲ့သို့ပင်။
ချန်လွေ့ ခေါင်းခါရင်း တိတ်တဆိတ် တွေးလိုက်သည်။ ပုံမှန်ရွှေ့ပြောင်းနှုန်း အတိုင်းဆိုရင် စွမ်းအင် အများကြီး ကုန်ပေမယ့် ရှီလန်တောင်ကို ရောက်ဖို့ နေ့ တစ်ဝက်လောက်ပဲ ကြာတယ်။ အဲဒါကြောင့် မိုးသစ်တောမည်းမှာ နေစရာမလိုဘူး။ မိုးသစ်တောမည်းမှာ ဆင်းပြီး စခန်းချဖို့ကို အဲလစ်က အပြင်းအထန် တောင်းဆိုလို့ အချိန် အကြာကြီး ကြာခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီတစ်ခါ အလျင်မလိုဘူး။ ဒါကြောင့် သူလိုချင်တာ ကိုပဲ လုပ်ပေး ခဲ့တယ်။ ဒါပေမယ့် မင်းသမီးလေးက တခြား ကြိုတင် အကြံအစည်တွေ ရှိနေတဲ့ပုံပဲ...
ချန်လွေ့က ခေါင်းပေါ်မှ အရောင် တဖြည်းဖြည်း ပြောင်းနေသော လနှစ်စင်းကို ကြည့်လိုက်သည်။ ထို့နောက် မျက်တောင် ခတ်နေသော လိုလီကို ကြည့်လိုက်၏။ ချန်လွေ့တွင် ဒီည၌ ငြိမ်းချမ်းမည် မဟုတ်ဟု ခံစားမိ နေလေသည်။
နောက်ဆုံး အမဲကင် စားပြီးနောက် ချန်လွေ့ ရည်ရွယ်ချက်ရှိရှိ ဟာသများ ပြောပြရာ အဲလစ်၏ စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေး လိုက်သည်။ သူက ရယ်စရာကောင်းသော အရာတွေကို ပြောသောအခါ လိုလီလေးက သူ၏ မျက်နှာတည်တည်ကို မထိန်းထားနိုင် တော့ဘဲ ရယ်မောလိုက်၏။
လန်းဆန်းလာသော အဲလစ်က သူ၏ လှပသော ဆံပင်များကို ဘီးနှင့် သေချာ ဖြီးလိုက်သည်။ ပြီးတော့ သွားတိုက်တံလေးနဲ့ မျက်နှာသုတ် ပဝါကို ယူပြီး တဲထဲကို မျက်နှာသစ်ရန် သွားခဲ့သည်။ ရုတ်တရက် သူက အံ့သြ တုန်လှုပ်စွာ အော်လိုက်၏။ ချက်ချင်း ဆိုသလို ချန်လွေ့က သူဘေးနားမှ တဲထဲကို ရောက်လာခဲ့သည်။
“ဘာဖြစ်တာလဲ...”
“ကြွက်...” အဲလစ်၏ မျက်နှာက ကြောက်ရွံ့မှု အပြည့်နှင့် သူ့ကို တင်းတင်း ဖက်ထားလိုက်လေ၏။ “ကြောက်တယ်...”
ချန်လွေ့ ဆွံ့အသွားခဲ့သည်။ မင်းက ကြွက်ကို ကြောက်တယ် ဟုတ်လား။ နောက်ဆုံး တစ်ခေါက် မင်းသမီး လက်လီစတိုးမှာ မင်းသမီးလေး တစ်ယောက်က ကြွက်အမြီးကို လှောင်အိမ်ထဲ သူရဲကောင်းဆန်ဆန် ပစ်ထည့်ခဲ့ပြီး ‘မင်းသမီးရဲ့ အထူး အိမ်မွေးတိရစ္ဆာန်’ လို့ ခေါ်ခဲ့တယ်။ ပြီးတော့ အဲဒါကို သလင်းကျောက်နက် ဒင်္ဂါး ၅ပြားနဲ့ တကယ် ဈေးကြီးကြီး ရောင်းခဲ့တာ။
ချန်လွေ့က အဲလစ်၏ လှည့်ကွက်ကို မဖော်ထုတ်ဘဲ သူကို မှော်တဲအထိ ဖက်ခေါ်သွားခဲ့သည်။ “စိတ်ချလက်ချ အိပ်လို့ရပါပြီ။ ဒီတဲက လုံခြုံတယ်။ ပြီးတော့ သက်တောင့်သက်သာလည်း ရှိတယ်။”
“အစ်ကို... အစောကြီး အိပ်တော့ မလို့လား။” လိုလီလေးရဲ့ မျက်လုံးက လင်းလက်သွားခဲ့သည်။
“အင်း။ မနက်ဖြန် မနက်စောစော ခရီးဆက်ရဦးမယ်လေ။” ချန်လွေ့က အနည်းငယ် ပြုံးလိုက်၏။ “မင်းဒီမှာ နားနေ။ ကြွက်တွေ ရောက်လာ ပြီးတော့ မင်း မလန့်သွားအောင် ငါ အပြင်မှာ စောင့်နေပေးမယ်။”
ကြွက်လား။ အဲလစ်က ခဏ စကား မပြောနိုင် ဖြစ်သွားခဲ့သည်။ သူက စတင်ခဲ့သည် မဟုတ်ပါလား။ ထို့နောက် လိုလီလေး တစ်ခုခုကို သတိရသွားပုံ ရသည်။ သူက ချန်လွေ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူ့၏ နှုတ်ခမ်းကို ကြည့်လိုက်၊ ထို့နောက် သူ၏မျက်လုံးများကို ကြည့်လိုက်နဲ့ အကြိမ်အနည်းငယ် ပြန်လုပ်နေရာ ချန်လွေ့၏ နှလုံးသား တုန်လှုပ် သွားခဲ့သည်။ ချန်လွေ့ အလျင်အမြန် ပြောလိုက်သည်။“ကောင်းကောင်း နားပါ။ ငါ အရင် ထွက်တော့မယ်။”
“ခဏလေး..” အဲလစ်က မျက်လုံး လှန်လိုက်သည်။ “အခု ကျွန်မ အိပ်လို့မရဘူး အစ်ကို။ ပုံပြင်လေး အရင် ပြောပြပေးပါလား။”
“အင်း...”
ချန်လွေ့ ထိုင်ပြီး စကားပြောရန် ပြင်လိုက်စဉ် အဲလစ်က သူ့ပေါင်ပေါ် ခေါင်းတင်လိုက်၏။ “ဒီလိုမျိုး ပုံပြင် ပြောပြလို့ ရမလား?”
“အမ်... ရပါတယ်။”
“ရက်ပန်ဇယ် ဇာတ်လမ်းအကြောင်း ပြောပြမယ်...”
သူ စကားစပြောပြီး ခဏအကြာ လိုလီလေးက လှုပ်ရှားရင်း သူ၏ပေါင် ပေါ်တွင် ထိုင်လိုက်သည်။ “ဒီလိုမျိုး အနေအထားက ပိုပြီးတော့ သက်တောင့်သက်သာရှိတယ်။”
“...”
“အစ်ကို။ ကျွန်မဆံပင်ကို ထိလို့ ရမလား?”
“...”
“အစ်ကို၊ ကျွန်မရဲ့ လည်ပင်း လှရဲ့လား။”
“...”
ပုံပြင်တစ်ခုလုံး အလျင်အမြန် ပြီးဆုံးသွား၏။ ပုံပြင်နားထောင်ပြီး အိပ်သွားသင့်သော လိုလီလေးက ထိုင်လိုက်ပြီး မျက်နှာ ရှုံ့မဲ့နေကာ ချန်လွေ့ကို ဒေါသတကြီး စိုက်ကြည့် နေလေသည်။
“အဲလစ်...” ချန်လွေ့က သူ့လက်ကို အပြစ်ကင်းစွာ ဖြန့်ပြလိုက်၏။ ငါ မင်းကို စိတ်ဆိုးအောင် မလုပ်ခဲ့ဘူး မဟုတ်လား။
“အလိမ်အညာတွေ...” အဲလစ်က စာအုပ် တစ်အုပ်ကို ကြမ်းပြင်ပေါ် ပစ်ချပြီး ငိုလိုက်သည်။ “လိမ်တယ်။ နင်က လူလိမ်ပဲ။ နင်တို့အားလုံးက အလိမ်အညာတွေ။”
ချန်လွေ့က စာအုပ်ကို ကောက်ယူ လိုက်ရာ ခေါင်းစဉ်က ‘အမျိုးသမီးများ အနမ်းရရန် လမ်းညွှန်’ ဖြစ်နေ၏။ သူက ပထမ စာမျက်နှာ လှန်လိုက်ရာ ပထမဆုံး ဆောင်းပါးတွင် ရေးထား သည်က-
အနမ်းပေးရန် အရိပ်အမြွက် (၁) - ပူလောင်ပြီး စိုက်ကြည့်သော မျက်လုံး လိုအပ်သည်။ သူ၏ နှုတ်ခမ်းကို ကြည့်ပြီး သူ၏ မျက်လုံးများဆီသို့ အကြည့် ပြန်ပို့ကာ ထိုသို့ စိုက်ကြည့်။ ယောက်ျားဖြစ်ပါက လုံးဝ ထိန်းထား နိုင်မည်မဟုတ်။
အနမ်းပေးရန် အရိပ်အမြွက် (၂) - သူ့ကို သင့်ဆံပင် ပွတ်သပ်စေပါ။ ထိုသို့မလုပ်မီ သင့်ဆံပင်ကို ဂရုတစိုက် ပြုပြင်ပြီး သူ နှစ်သက်သော ရနံ့ ဖြစ်စေရန် လိုအပ်သည်။ ခေါင်းက အမျိုးသမီးများ ယောက်ျားတစ်ဦးမှ ထိတွေ့ခံရခြင်းကို နှစ်သက်သော နေရာဖြစ်သည်။ သူ့ကို သင့်ဆံပင်ကို ပွတ်သပ်ခွင့်ပြုခြင်းက တက်ကြွပြီး ညှို့ငင်သော လက္ခဏာဖြစ်၏။ သူ ပန်းမသေနေဘူး ဆိုရင်ပေါ့။
အနမ်းပေးရန် အရိပ်အမြွက် (၃) - သူ့ပေါင်ပေါ်တွင် ထိုင်ပြီး သင်၏ ဖြူဖွေးသော လည်ပင်းကို ကြည့်ခွင့် ပြုပါ။ လေ့လာမှုများအရ အမျိုးသား တစ်ဦး၏ အမျိုးသမီး ခန္ဓာကိုယ်တွင် အနှစ်သက်ဆုံး အစိတ်အပိုင်းများ ထဲမှတစ်ခုမှာ လည်ပင်း ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်း ဆိုင်ရာ ပြဿနာရှိသော အမျိုးသား မဟုတ်လျှင် သင့်အပေါ် တောင့်တမှု ခံစားချက် ဖြစ်ပေါ်စေလိမ့်မည်။
အနမ်းပေးရန် အရိပ်အမြွက် (၄)...
ချန်လွေ့ ချွေးများ ရွှဲသွားပြီး အဲလစ်၏ အရင်က ထူးဆန်းသော လုပ်ရပ်များနှင့် ပြင်ဆင်မှုများကို နောက်ဆုံး နားလည်သွားခဲ့သည်။ အချိန်အတော်လေး ကြာပြီးနောက် သူက ‘ယောက်ျား မဟုတ်ဘူး’၊ ‘အရည်အချင်း မရှိဘူး’၊ ‘ရုပ်ပိုင်း ဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ ယောက်ျား’ စသည်ဖြင့် တံဆိပ်ကပ် ခံလိုက်ရသည်။
မအောင်မြင်ရင် သူက ယောက်ျား မဟုတ်ဘူးတဲ့။ ဒီစာအုပ် ရေးတဲ့သူရဲ့ မကျေနပ်ချက်က တော်တော်လေးကို ပြင်းထန်နေတာပဲ။
“အစ်ကိုက အသီနာ၊ အစ်မ၊ ခီရာ၊ ဆရာမ ဇိုလာ၊ မြေခွေးမ၊ ဧကရီ ကတ်သရင်း...ကို သဘောကျတာ သိပါတယ်။ အစ်ကို လူအများကြီးကို ကြိုက်မှန်း သိတယ်။ အယ်ဒီလိုင်း ကိုတောင် ကြိုက်တယ်။ ဒါပေမယ့် ကျွန်မကိုတော့ မကြိုက်ဘူး!” အဲလစ်၏ မျက်လုံးများ နီရဲနေ၏။ “အစ်ကိုနဲ့ ကျွန်မရဲ့ သဘော တူညီချက်က အချိန်ဆွဲ နေတာပဲ။ ဒါပေမယ့် ကျွန်မက အစ်ကို့ကို အသီနာထက် အရင် ကြိုက်ခဲ့တာ။ အစ်ကို သိရဲ့လား...”
“အဲလစ်။ ငါပြောတာ နားထောင် ပါဦး...” ချန်လွေ့ သက်ပြင်းချ လိုက်သည်။ သူက အဲလစ်နားတွင် သွားထိုင်လိုက်သည်။ “အချစ်ရဲ့ အရေးအကြီးဆုံး အချက်က နှစ်ဦး နှစ်ဖက် သဘောတူညီမှုပဲ။ မင်းက ငါ့ကို သဘောကျရင် ငါက မင်းကို သေချာပေါက် သဘောကျရမယ်လို့ မဟုတ်ဘူး။”
အဲလစ်က သူ့ကို ခဏ ငေးကြည့် နေပြီး သူ့အပေါ်ကို ထပ်မခုန်အုပ် တော့ပေ။ သူက ခေါင်းငုံ့နေရင်း အချိန်အကြာကြီး တိတ်ဆိတ်နေပြီး တီးတိုး ပြောလိုက်သည်။ “ကျွန်မ နားလည်ပါပြီ။”
သူ့၏ အမြင်တွင် အဲလစ်က အမြဲ တက်ကြွနေပြီး တစ်ခါတစ်ရံ စနောက် ခြင်းများ ရှိသော်လည်း ထိုမျှ စိတ်ဓာတ်ကျပြီး အားအင် ကုန်ခမ်း နေခြင်းမျိုး တစ်ခါမှ မရှိခဲ့ပေ။
“မင်း နားမလည် သေးပါဘူး။” ချန်လွေ့ ခေါင်းခါ လိုက်သည်။ “ငါ အဲလစ်ကို သဘောကျပါတယ်။”
“ဘာ!” လိုလီလေး ခေါင်းမော့ လိုက်ရာ ခရမ်းရောင် မျက်လုံးဝိုင်းဝိုင်း ပြူးကျယ်လာပြီး ချက်ချင်း ဆိုသလို အားအင်ပြည့်သွား သကဲ့သို့ပင်။
ချန်လွေ့က သူ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ကောက်ကွေးနေသော ရွှေရောင်ဆံပင် များက သစ်သီးရနံ့များ သင်းနေပြီး ကောင်မလေး တစ်ယောက်သဖွယ် လတ်ဆတ်နေ၏။ သူက အသီနာ ပြောခဲ့သော စကားကို ရုတ်တရက် သတိရလိုက်၏။ ‘ကျွန်မတို့ ချစ်ခဲ့တဲ့ နှစ်တွေက အဲလစ် ရှင့်ကို စောင့်ခဲ့တဲ့ နှစ်တွေနဲ့ ညီမျှတယ်။’ သူ၏ နှလုံးသားက ရုတ်တရက် ပျော့ပျောင်း သွားခဲ့သည်။ “ငါ အဲလစ်ကို အမြဲ သဘောကျခဲ့တာ။”
“တကယ်လား..” အဲလစ်က သူ့၏ ပွတ်သပ်ပေးမှုအောက် ကြောင်လေး တစ်ကောင်လို မျက်လုံးများ မှိတ်ပြီး သက်တောင့်သက်သာ ခံစားနေ၏။
“တကယ်ပေါ့။” ချန်လွေ့ ပြုံးလိုက်၏။ “ရေကန်ပြာမှာ ကျောက်စိမ်း နဂါးသစ်သီး ခူးတုန်းက ကောက်ကျစ်တဲ့ ကောင်မလေး တစ်ယောက် နောက်ကနေ တုတ်နဲ့ ရိုက်ပြီး မေ့လဲသွားအောင် လုပ်ခဲ့တာ၊ ပြီးတော့... သူက ငါ့ရဲ့ ပထမဆုံး အနမ်းကို ယူသွားခဲ့တာကို အခုထိ ကောင်းကောင်း မှတ်မိနေသေးတယ်။”
အဲလစ်၏ မျက်နှာ နီရဲသွား၏။ သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲက တစ်ခု ပေါ်သွားလိမ့်မည်ဟု မထင် ထားခဲ့ပေ။ သူက ထစ်ထစ် အအနှင့် ပြောလိုက်သည်။ “အစ်ကို....ရှင်... ရှင်.. တကယ်ပဲ...”
“အဲဒီတုန်းက ငါ့ရဲ့ ဖုံးကွယ်ထားတဲ့ စွမ်းအားကို မင်း မြင်သွားရင် ငါ့ကို သတ်မယ်လို့ ထင်ခဲ့တာ။” ချန်လွေ့ ပခုံးတွန့်ပြ လိုက်သည်။ “မင်းက ငါ့ရဲ့ အနမ်းကို ခိုးချင်ရုံသက်သက်ပဲဆိုတာ ဘယ်သူ သိမှာလဲ။”
“အဲဒါ...” အဲလစ်၏ မျက်နှာက သွေးတွေ စီးကျတော့မလို နီရဲနေ၏။ “တကယ်တော့ အဲဒါက ကျွန်မရဲ့ ပထမဆုံး အနမ်းလည်း ဟုတ်တယ်။”
“သိပါတယ်။ မင်း ပြောခဲ့သလိုပဲ။ မင်းက ငါ့ကို အချိန်အကြာကြီး သဘောကျ နေခဲ့တာ။” ချန်လွေ့က အဲလစ်၏ ချောမွေ့သော မျက်နှာကို ညင်သာစွာ ညှစ်လိုက်၏။ “ဒါပေမယ့် သဘောကျတာနဲ့ ချစ်တာမှာ မတူတာ ရှိတယ်။ အားလုံးကို သူ့အလိုလို ဖြစ်ပါစေ။ ဟုတ်ပြီလား။ ငါတို့ရဲ့ သဘောတူညီမှုက အခုအထိ အသက် ဝင်နေတုန်းပဲ။”
“ကောင်းပြီလေ...” အဲလစ်က ပျော်ရွှင်စွာဖြင့် မျက်နှာ နီရဲသွား၏။ ထို့နောက် သူ ရုတ်တရက် ခေါင်းခါပြီး ပြောလိုက်သည်။ “မဟုတ်ဘူး! ရှင်က အချိန်ဆွဲနေတုန်းပဲ! ရှင် ကျွန်မကို နမ်းမှရမယ်!”
“ကောင်းပါပြီ။” ချန်လွေ့ ခေါင်းငုံ့ပြီး သူ၏ နဖူးကို ညင်သာစွာ နမ်းလိုက်၏။
အဲလစ်က အနမ်းကို အပြုံးနှင့် လက်ခံလိုက်သည်။ ထို့နောက် သူက တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းခါပြီး နှုတ်ခမ်းကို လက်ညှိုးထိုးပြလိုက်၏။
ချန်လွေ့ ခဏတာ တွေဝေနေစဉ် လိုလီလေးက ခေါင်းမော့ လိုက်ပြီး ပန်းရောင်သန်းနေသော နှုတ်ခမ်းက ချန်လွေ့ဆီကို ကပ်လာပြီး သူ၏ နှုတ်ခမ်းပေါ် ထိကပ်လာသည်။
သူတို့နှုတ်ခမ်းများ ထိတွေ့သော အခိုက်အတန့်တွင် တည်ငြိမ်နေဟန် ဆောင်သည့် ခန္ဓာကိုယ် အသေးလေး အနည်းငယ် တုန်ယင်သွားတာကို သူ သေသေချာချာ ခံစားမိလိုက်သည်။ အဲလစ်၏ အသက်ရှူသံ ကလည်း နီးကပ်လာတာနဲ့အမျှ မြန်ဆန်လာ၏။
တူညီသော နုပျိုမှု၊ တူညီသော နွေးထွေးမှု၊ တူညီသော ရနံ့။ တစ်ခုတည်းသော ကွာခြားချက်က ယခုတစ်ခါ တုတ်မပါတော့ခြင်းပင်။
ချန်လွေ့က သူ၏ နှုတ်ခမ်းထဲကို လျှာသေးသေးလေး ဝင်လာသည်ကို ခံစားမိလိုက်သည်။ သူက ပန်းရောင် နှုတ်ခမ်းကို ညင်သာစွာ စုပ်လိုက်ပြီး လျှာဖျားက လျှာသေးသေးလေးကို ညင်သာစွာ ထိတွေ့သွားခဲ့သည်။
ကောင်မလေးက ဓာတ်လိုက် သွားသလို တုန်သွား၏။ ခဏအကြာ သူက ဆရာမပါဘဲ လှည့်ကွက်ကို တတ်သွားသည်။ သူက ရုတ်တရက် တုံ့ပြန်လာ၏။ ဝိညာဉ်များ ပေါင်းစည်း သလိုမျိုးပင် ထိုသို့ အံ့သြဖွယ် ကောင်းသော အရသာက အစ ကတည်းက တစ်စုံတစ်ယောက်ကို ‘မေ့လဲအောင်ရိုက်ခြင်း’နှင့် မည်သို့မှ နှိုင်းယှဉ်၍ မရပေ။
နှုတ်ခမ်းနှစ်စုံက အချိန် အတော် ကြာပြီးမှသာ ခွဲခွာသွားခဲ့သည်။
“ဒါက နမ်းတာလား။ ဒါက အစ်ကို အသီနာနဲ့ ပုံမှန် လုပ်နေကျလား။ ဒီလို ဖြစ်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး...” အဲလစ်က သူရဲ့ ပန်းသီးလို နီရဲနေသော မျက်နှာကို ကိုင်ထားပြီး ချန်လွေ့ကို ရှက်ရွံ့စွာနဲ့ စိတ်လှုပ်ရှားစွာ ကြည့်နေ လိုက်သည်။ “နောက်တစ်ခါ ထပ်လုပ် ရအောင်...”
ချန်လွေ့က ခေါင်းကို အလျင်အမြန် ခါလိုက်သည်။ “မင်းပြောသလို လုပ်မယ်။ ဒီနေ့တော့ ဒီလောက်ပဲ။ ကောင်းကောင်းအိပ်ပါ။ ငါ အပြင်မှာ စောင့်ပေးမယ်။”
“ဒါဆို... နောက်တစ်ခါ ထပ်လုပ်ကြ ဦးမလား။”
“ဘာပြောတယ်...”
“ဒါပဲ။ ကောင်းသောညပါ အစ်ကို။”
“အင်း ကောင်းသော ညပါ... ငါ အရင် သွားတော့မယ်။” ချန်လွေ့ က အလျင်အမြန် ထွက်သွားလိုက်သည်။ သူ့၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု သဘာဝအတိုင်း တုံ့ပြန်နေသည်ကို ကြည့်ရင်း သူ့ကိုယ်သူ ခွေးကောင်ဟု ဆဲဆိုလိုက်သည်။ သူက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး သူ့စွမ်းအားကို ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ရာ နောက်ဆုံး ငြိမ်သက်သွားခဲ့သည်။
တဲထဲမှ အဲလစ်က စောင်ပေါ်တွင် ပျော်ရွှင်စွာ လူးလှိမ့်နေပြီး သူ၏ စာအုပ်ငယ်လေးနှင့် မှော်မီးအိမ်ကို ထုတ်ကာ ဒိုင်ယာရီကို စတင် ရေးသား လိုက်တော့သည်။
ဒီနေ့ နေ့ကြီးရက်ကြီးပဲ။ အစ်ကိုနဲ့ ကျွန်မ နမ်းခဲ့ကြတယ်...