အသူရာကို တိုက်ခိုက်ခြင်း
Vol. 62 Ch. 1001
ရှီလန်တောင် “စွန့်စားခန်း”က အတော်လေး ချောမွေ့ခဲ့သည်။ ချန်လွေ့က ဝါလန်ခံတပ်သို့ ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့ပြီး တယ်လီပို့ လမ်းကြောင်းမှတဆင့် ပထဝီဘုံသို့ ဝင်ရောက်သွားခဲ့သည်။
မြေဒြပ်စင်ကောင်များ၏ မိတ်ဆွေနှင့် ကယ်တင်ရှင်အပြင် မြေဒြပ်စင်ဘုရင် မိုးရီ၏ အကောင်းဆုံး မိတ်ဆွေလည်း ဖြစ်သည့်အလျောက် ချန်လွေ့က မြေဒြပ်စင်ကောင်များ၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းကို ခံရလေသည်။ ထိုနေရာတစ်သို့ တစ်ခါ ရောက်ခဲ့ဖူးသော အဲလစ်က လုံးဝ ကြောက်မနေပေ။ ထိုအစား သူက ရက်ရောပြီး အတွေ့အကြုံ ရှိနေပုံ ရသည်။ မိုးသစ်တောမည်း၌ ချန်လွေ့နှင့် တရင်းတနှီး အကြင်နာ ပေးခဲ့သည့်အချိန်မှစ၍ လိုလီလေးက သူ့ကိုယ်သူ တရားဝင် ဇနီးလောင်း အဖြစ် ယူဆလိုက်လေသည်။
ချန်လွေ့နှင့် မိုးရီတို့က ဖက်လိုက် ကြပြီး ယနေ့၏ “အဓိကစားပွဲ” ဖြစ်သည့် မြေဇစ်မြစ် အပိုင်းအစကို သိုလှောင်ဂိုဒေါင်မှ တစ်ခါတည်း ထုတ်လိုက်သည်။ မြေဒြပ်စင်ဘုရင်က ချက်ချင်းပင် ဝိညာဉ်နှင့် ချိတ်ဆက် ထားသော အသန့်စင်ဆုံး မြေဒြပ်စင် စွမ်းအားကို ခံစားလိုက်မိသည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အမူအရာတစ်ခု ပေါ်လာပြီးတော့ အံံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲ သွားခဲ့လေသည်။
အဝါနက် သလင်းကျောက်က မိုးရီ၏ လက်ထဲ၌ ထူးဆန်းသော မျက်နှာဖုံး တစ်ခုအဖြစ်သို့ ပြောင်းလဲ သွဦးခဲ့လေသည်။ မိုးရီက မျက်နှာဖုံး တပ်လိုက်ရာ သူတို့က တဖြည်းဖြည်း တစ်ခုတည်းအဖြစ် ပေါင်းစည်း သွားကြသည်။ မူလက ထောင့်ချိုး ဖြစ်နေသော “ကျောက်” မျက်နှာ သွင်ပြင်များက အမှန်တကယ်ပင် ထင်ထင်ရှားရှားနှင့် အသေးစိတ်သော တကယ့်မျက်နှာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အဝေးမှ ကြည့်လျှင် မိုးရီသည် ကျောက်ချပ်ကာ ဝတ်ထားသော လူသား တစ်ယောက်နှင့် တူနေ၏။
“မြေမျက်နှာ လို့ခေါ်တဲ့ မြေဇစ်မြစ် အပိုင်းအစ...က နောက်ဆုံးတော့ ငါ့ လက်ထဲကို ပြန်ရောက်လာပြီ။ ဘယ်လို ကျေးဇူးတင်စကား ပြောရမလဲတောင် မသိတော့ပါဘူး။ မိတ်ဆွေ။” မိုးရီ၏ အပြုံးက ယခင်ကထက် အများကြီး ပိုမိုထင်ရှားနေခဲ့၏။ မပြောင်းလဲသည့် တစ်ခုတည်းသော အရာမှာ စိတ်ရင်း ဖြစ်လေသည်။
“တကယ့် မိတ်ဆွေတွေကြားမှာ ဘာမှ ကျေးဇူးတင်စရာ မလိုပါဘူး။” ချန်လွေ့က အသာလေး ပြုံးလိုက်၏။ “မီးဒြပ်စင်ဘုရင် အော့ခ်မာတွန်က မြေဇစ်မြစ် အပိုင်းအစ ဘယ်မှာရှိလဲ ဆိုတာကို ပြောပြခဲ့တာက အတော် အံ့အားသင့်စရာပဲ။ သူက နဂိုက အပေးအယူ လုပ်ထားတာကို စွန့်ပယ် ခဲ့တယ်။ အော့ခ်မာတွန်ကို ခင်ဗျားရဲ့ ရန်သူတော် လေဒြပ်စင် ဘုရင် ဆက်သ်တိုင်းက အထူး ဆင့်ခေါ် ခဲ့တာလေ...”
မိုးရီက ခဏလောက် ထိတ်လန့် သွားခဲ့သည်။ တစ်ခုခုကို စဉ်းစား နေရင်း သူ၏မျက်နှာပေါ်၌ အံံ့သြသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။ “တကယ့် အကြောင်းရင်းကို သိချင်တယ်။”
“တကယ်တော့ ကျုပ်လည်း သိချင် နေတာပါ။” ချန်လွေ့ ပုခုံးတွန့်လိုက်၏။ “အလင်းဘုရင် သုံးပါးက ဇိုလာနဲ့ တွေ့ပြီးတော့ ဒီလိုမျိုး ဇဝေဇဝါ ဖြစ်စေတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာ။”
“ဇိုလာ လား...”
မိုးရီက အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး စဉ်းစားနေသော အမူအရာ ပြသလိုက်သည်။ သူ၏ ကျောက်မျက်နှာကို အသားကျ နေခဲ့သော ချန်လွေ့က ထိုအမူအရာကို အနည်းငယ် အသားမကျ ဖြစ်နေ၏။ ထိုအချိန်တွင် သူက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ဇိုလာ အဆင့်တက် သွားခြင်းနှင့် မုန်တိုင်း ကျွန်းမှ သူနှင့် အလင်းဘုရင်သံုးပါးတို့ ပတ်သက်မှုကို အကျဉ်းချုံး ပြောပြ ခဲ့လေသည်။
ဇိုလာက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ထိုမျှ မြန်မြန် ရောက်ရှိ သွားကြောင်းကို မိုးရီ အံံ့အားသင့် သွားခဲ့သည်။ သို့သော် သူက အခြား အရာတစ်ခုကြောင့် ပို၍ အံ့အားသင့် သွားခဲ့သည်။ “ဇိုလာက ဒြပ်စင် နတ်ဘုရားမ သရဖူကို ရခဲ့တာလား။ အခု ငါ နားလည်သွားပြီ...”
“ဘာကို နားလည်တာလဲ။” ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်၏။ အလင်း ဘုရင်သုံးပါးက မည်သည့်အတွက် ဇိုလာကို ထူးထူးခြားခြား ဆက်ဆံပြီး နောက်ထပ် ဒြပ်စင်စစ်ပွဲ၌ ကျရှံုးမည့် အန္တရာယ်ကိုပင် စွန့်စားကာ ဒြပ်စင် ဇစ်မြစ် အပိုင်းအစ ၆ခု စုဆောင်းရန် ရန်သူကို မြေဇစ်မြစ် အပိုင်းအစ သတင်း အလကား ပေးခဲ့ကြောင်းကို ချန်လွေ့ လုံးဝ နားမလည်ခဲ့ပေ။
“တောင်းပန်ပါတယ်။ ငါ မင်းကို အကန့်အသတ် တချို့ကြောင့် ပြောလို့ မရဘူး။” မိုးရီက အပြစ် ရှိသလို ပြောလိုက်၏။
“တောင်းပန်စရာ မလိုပါဘူး။ ကျုပ် နားလည်ပါတယ်။” ထိုအဖြေကို ချန်လွေ့ မျှော်လင့်ထားပြီးသားပင်။ သူနှင့် မိုးရီတို့ ပတ်သက်မှုက အလင်း ဘုရင်သုံပါးနှင့် မတူပေ။ ယခုတွင် မိုးရီက သူ့ကို မပြောပြနိုင်ရခြင်းမှာ “အကန့်အသတ်”က အတော်လေး ကြီးမား၍ ဖြစ်ပေလိမ့်မည်။
“တကယ်တော့ ကျုပ်က ဇိုလာကို မမျှော်လင့်ထားတဲ့ အန္တရာယ် တစ်ခုခု မတွေ့စေချင်ရုံပါ။”
“အနာဂတ်မှာ သူက စိတ်ကူး နိုင်တာထက်ကို ပိုပြိး အစွမ်းထက် လာလိမ့်မယ်။ ဒါပေမဲ့ တချိန်တည်း မှာပဲ တာဝန်တွေကလည်း ပိုပြီးတော့ လေးလံလာလိမ့်မယ်။” မိုးရီ၏ စကားများက အလင်းဘုရင်သံုးပါးနှင့် အတူတူပင် ဖြစ်သည်။
“ဘာပဲဖြစ်ဖြစ် ကျုပ် သူနဲ့အတူ ရင်ဆိုင်မှာပါ။” ချန်လွေ့၏ အသံက မကျယ်သော်လည်း လုံးဝ ခိုင်မာနေ၏။
ဘေးဖက်မှ အဲလစ်၏ မျက်လုံး ဝိုင်းဝိုင်းက လက်ခနဲ ဖြစ်သွားသည်။ ထိုသူက ထူးခြားသော ဆွဲဆောင်မှု တစ်ခု ထုတ်လွှတ်နေသည်ကို သူ ခံစားမိလိုက်ပြိး ထိုအရာက ရုပ်ရည်နှင့် မဆိုင်ဘဲ အရှိန်အဟုန်နှင့် အကျင့် စရိုက်တို့ကြောင့်သာ ဖြစ်လေ၏။
(ရုတ်တရက် ငါ ဆရာမ ဇိုလာကို မနာလို ဖြစ်မိတယ်။ အသီနာနဲ့ အစ်မ ကိုလည်း မနာလိုဘူး...)
(ငါ သူနဲ့ အကြင်နာ ပေးခဲ့ရတာပဲ။ အင်း...အနည်းဆုံးတော့ ငါက သူ့ရဲ့ တဝက်ကို ရသွားပြီ...)
“ဖြစ်နိုင်ရင် မီးဇစ်မြစ် အပိုင်းအစကို ရှာဖွေဖို့ အကောင်းဆုံး ကြိုးစား ပေးပါ။ ဒါက ဒြပ်စင်ကောင်တွေ အားလုံး အတွက် မျှော်လင့်ချက် ဖြစ်လိမ့်မယ်။”
ဒြပ်စင်အပိုင်းအစ ၆ခုကို မည်သည့် အရာ ဖြစ်သွားခဲ့ကြောင်း ချန်လွေ့က သိချင်နေသော်လည်း သူက ထပ်ပြီး မမေးဘဲ ခေါင်းကိုသာ ညိတ်လိုက်၏။ “စိတ်မပူပါနဲ့။ ဒါက ကျုပ် မီးဒြပ်စင် ဘုရင်ကို ပေးထားတဲ့ ကတိပါပဲ။ ဒါနဲ့.. ကျုပ်ကို မီးဒြပ်စင် အရင်းအမြစ် စွမ်းအား နည်းနည်း ပေးလို့ ရမလား။ ကျုပ်က ပစ္စည်းတစ်ခုကို စွမ်းအား တိုးအောင် ပြုပြင်ချင်လို့။ ကျုပ်က အလင်းဒြပ်စင်၊ မီးဒြပ်စင်နဲ့ လေဒြပ်စင် အရင်းအမြစ်စွမ်းအားတွေကို ရရှိထား ပြီးပြီ...”
မိုးရီက အံ့အားသင့် သွားခဲ့သည်။ “ဒြပ်စင် ၆ခု ‘စကြဝဠာပျက်သုဉ်းခြင်း’ များလား။”
“ဟုတ်တယ်။ ဒီတည်ဆောက်ပုံကို လေဒြပ်စင်ဘုရင် ဆီကနေ ရထားတာ။” ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “ခင်ဗျား စိတ်မဆိုးဘူး မဟုတ်လား။ သူက ခင်ဗျားရဲ့ ရန်သူလေ။”
“မဖြစ်မနေကတော့ ဒြပ်စင်တွေ အကြားမှ တကယ် ရန်လိုမှုတွေ မရှိဘူး။ နောက်တော့ မင်း နားလည် လာမှာပါ။ အခု မင်းက “စကြဝဠာ ပျက်သုဉ်းခြင်း” တည်ဆောက်ပုံကို ရထားတယ်ဆိုတော့ အဲဒီအတွက် အန္တရာယ်တွေကို မင်း သိမှာပါ။ ငါ ထပ်မပြောတော့ဘူး။ ဒီမှာ ခဏတော့ နေဦး။ ငါ ဟီဂယ်နဲ့ လန်ဘို့စ်ကို အမြန်ဆုံး အကြောင်းကြားပြီးတော့ သူတို့ကို ပထဝီဘုံဆီ လာခိုင်း လိုက်မယ်။ ပထမဆုံး အနေနဲ့က ဒြပ်စင်နတ်ဘုရားမ သရဖူ ပေါ်လာတဲ့ သတင်းကို ပြောဖို့နဲ့ နောက်တစ်ခုက မင်းကို ဒြပ်စင်အရင်းအမြစ်စွမ်းအား ၆ခုလုံးရအောင် ကူညီပေးဖို့ပဲ။”
ဘေးဖက်မှ အဲလစ်၏ မျက်လုံး ဝိုင်းဝိုင်းက တောက်ပ သွားခဲ့သည်။ ဒီမှာ ခဏလောက် နေဦးမယ်ဆိုတော့ အစ်ကိုနဲ့ အတူတူ နှစ်ယောက်တည်း နေရဦးမှာပေါ့။ ပြီးတော့ အဲဒီ အကြင်နာ “ကစားနည်း” က...
ထိုသို့ တွေးနေရင်း လိုလီလေး၏ မျက်နှာက ပန်းသီးနီနီလို ဖြစ်သွား တော့သည်။
ထိုစဉ် အခြား နေသာသော လောကထဲ၌ -
အပြင်ဘက်မှ တောက်ပနေသော နေရောင်ကဲသို့ မဟုတ်ဘဲ တောင်ကြား တစ်ခုရှိ ထိုစင်မြင့်ကြီးကို အမှောင်နှင့် သွေးရောင် အငွေ့အသက်များက လွှမ်းမိုးထားသည်။
စင်မြင့်၏ အဝေး တစ်နေရာတွင် ဝတ်ရုံနှင့် မျက်နှာဖုံး ဝတ်ထားသည့် လျို့ဝှက်ဆန်းကြယ်သော လူတစ်ခစု ရှိနေသည်။ အလယ်တွင် အနီရောင် ဝတ်ရုံ ဝတ်ထားသော လူနှစ်ယောက် ရှိနေပြီး မျက်နှာပေါ်မှ မျက်နှာဖုံးက ကြက်သွေးရင့်ရောင် ဖြစ်ကြသည်။ သူတို့က ခေါင်းဆောင် ဖြစ်သည်မှာ အသေအချာပင်။ အဓိက နေရာတွင် ရွှေနက်ရောင် မျက်နှာဖုံး၊ သွေးနီရောင် မျက်နှာဖုံးနှင့် အနီဖျော့ ဝတ်ရုံများနှင့် သက်ဆိုင်ရာ ရွှေရောင်နှင့် အနီရောင် ဝတ်ရုံများ ဝတ်ထားသူများလည်း ရှိနေကြသည်။ ကျန်သောသူများက အနက်ရောင် ဝတ်ရုံနှင့် ရွှေရောင် မျက်နှာဖုံးများကိုသာ ဝတ်ထားကြ၏။
အားလုံးက စင်မြင့်ပေါ်မှ ရွှေရောင် အဖျော့ မျက်နှာဖုံးနှင့် ဝတ်ရံုများ ဝတ်ထားသော ပုံရိပ် နှစ်ခုကို စိုက်ကြည့်နေကြသည်။ သူတို့က အပြင်းအထန် တိုက်ခိုက် နေကြ၏။ အဟုန်က အံ့သြဖွယ် ဖြစ်သော်လည်း စင်မြင့်က အနည်းငယ်သာ တုန်ခါပြီး စွမ်းအား လျှံထွက်ခြင်းလည်း မရှိပေ။ အသေအချာပင် ကျစ်လစ်သော အစီအရင်တစ်ခု ခင်းကျင်းထား၏။
“ခါစီ။ သူတို့နှစ်ယောက်ကို မင်း ဘယ်လိုထင်လဲ။” ကြက်သွေးရင့်ရောင် မျက်နှာဖုံးနှင့်အမျိုးသားက ဘေးကို မေးလိုက်သည်။ သူ၏ အပြုအမူက သာမန်သာ ဖြစ်သော်လည်း သူ၏ ပတ်ပတ်လည်မှ လူများမှ လွဲ၍ အခြားသူများက မကြားနိုင်ပေ။
“ရော့ထ်...” ခါစီက အနီရောင် ဝတ်ရုံနှင့် အနီရောင် မျက်နှာဖုံးကို ဝတ်ထားသူ တစ်ဦး ဖြစ်သည်။ “ဟိုးအရင်ကတည်းက ငါ ပြောခဲ့ပြီး ပြီလေ။ ငါက မိုးကြိုးနဂါးကို သဘောကျတယ်။ သူ့စွမ်းအားက ဖျက်ဆီးခြင်း သံတမန်တွေ ထဲမှာ နံပါတ်တစ်နဲ့ အထိုက်တန်ဆုံးပဲ။”
“ဒီတစ်ခေါက်တော့ မင်း မှားမယ် ထင်တယ်။” ရော့ထ် ခေါင်းခါလိုက်၏။ “ငါက အသူရာကို အတော်လေး အကောင်းမြင်နေတယ်။ သူက ဖျက်ဆီးခြင်း သံတမန် ထိပ်ဆုံးမှာ ရှိတဲ့ မိုးကြိုးနဂါး နေရာကို အစားထိုး လိမ့်မယ်။ ပြီးတော့ အမြင့်ဆုံး အဓိက ယဇ်ပလ္လင် အစောင့် အရှောက် အရည်အချင်းကို ရလိမ့်မယ်။”
“အသူရာက မရိုးရှင်ဘူး ဆိုတာကို ငါ ဝန်ခံပါတယ်။ သူက အရှေ့ခရိုင်ကို သိဒ္ဓိကျောင်းတော် မဝိုင်းခင် အချိန် အထိ အထူးအဆင့် စွမ်းအားတွေကို ဖုံးကွယ်ထားခဲ့တာ။ သူက သိဒ္ဓိ ကျောင်းတော်ရဲ့ တောင်ပံ၂ခုနဲ့ တမန်တော်ကို သတ်ပစ်ပြိးတော့ ဂိုဏ်းအုပ် အချုပ် ဆိုရန်လီကို ကယ်တင်ခဲ့တယ်။ သူ့ရဲ့ ဇစ်မြစ်ကို မသိရပေမဲ့ သိဒ္ဓိကျောင်းတော် အပေါ် သူ့ရဲ့ အမုန်းတရားကတော့ သံသယ ဖြစ်စရာ မရှိဘူး။ သူ့မှာ မယုံနိုင်စရာ ကောင်းတဲ့ ပျက်စီးခြင်း ခန္ဓာကိုယ် ရှိတယ်။ သူ့ကို ဖျက်ဆီးခြင်း သံတမန် အဆင့် တိုးမြှင့်ပေးတာ ကြောင်းကျိုး ဆီလျော်ပါတယ်။ ဒါပေမဲ့ သူက မိုးကြိုးနဂါးကို အနိုင်ယူနိုင်မယ်လို့ ပြောတာက ချဲ့ကားရာ ရောက်တယ်။ မိုးကြိုးနဂါးက တိုက်ခိုက်ရေး အတွေ့အကြုံတွေ ရင့်ကျက်တဲ့ ဝါရင့် တိုင်းပြည်အဆင့် ပုဂ္ဂိုလ်တစ်ယောက်။ သူက နတ်ဘုရားတစ်ပိုင်း အဆင့်ကို ရောက်ဖို့အတွက် ခြေတစ်လှမ်းပဲ လိုတော့တာ။ အသူရာက အဖွဲ့ဝင်တွေ အထဲမှာ အတော်ဆုံးဖြစ်ပေမဲ့ သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး။”
ရော့ထ်က ခဏစဉ်းစားပြီး ဘေးကို ပြောလိုက်သည်။ “ခရူချ်ဝါ့ထ်။ တိုက်ပွဲ အခြေအနေကို အာရုံစိုက်ထား။ ဒါက သူသေကိုယ်သ တိုက်ပွဲလို့ ပြောထား ပေမဲ့ သူတို့က ကျောင်းတော်ရဲ့ လက်ရွေးစင်တွေ။ သူတို့ကို ထိခိုက်မှု မဖြစ်စေနဲ့။”
“နားလည်ပါပြီ။” သူ၏ ဘေးနားမှ ရွှေနက်ရောင် မျက်နှာဖုံးနှင့် အနီရောင် ဝတ်ရုံကို ဝတ်ထားသော ဖျက်ဆီးခြင်း သံတမန်ချုပ်က ပြောလိုက်သည်။
“အခုတလော ကျောင်းတော်က အထိအခိုက်တွေ အများကြီး ကြုံတွေ့ နေရတယ်။ ဝန်ထမ်းတွေ ဖြစ်ဖြစ်၊ စခန်းပဲ ဖြစ်ဖြစ်။” ခါစီ၏ အသံက အလွန် လေးနက်နေ၏။ “အထူးသဖြင့် အကြောက်တရား အဓိက ယဇ်ပလ္လင်။ အကြောက်တရား အရှင်သခင်ရဲ့ စွမ်းအားက ကြီးကြီးမားမား လျော့ကျ သွားခဲ့တယ်။ ဒါက လုံးဝနီးပါး ပြန်ပြင်လို့ မရတဲ့ ဆုံးရှုံးမှုကြီးပဲ။”
ရော့ထ်က ခေါင်းညိတ်ပြီး ပြော၏။ “နဂါးတွေ လုပ်ခဲ့တဲ့ မှော်ဂိမ်းကို မင်း ဘယ်လိုထင်လဲ။ ခါစီ...”
“အဲဒါက အတော်လေး မယုံနိုင်စရာ ကောင်းတဲ့ အရာတစ်ခုပဲ။ နေရာ တိုင်းမှာ မှန်ကန်ပြီးတော့ အဆင့်မြင့် အချက်အလက်တွေ ရှိတယ်။ ဒါပေမဲ့ လေ့ကျင့်ဖို့ ပစ္စည်းကောင်း တစ်ခုပဲ။ ကံဆိုးချင်တော့ ငါတို့အဆင့်တွေက အဲဒီကနေ ဘာအကျိုးအမြတ်မှ မရနိုင်ဘူး။ ဘေးနားကနေ ကြည့်နေ ရသလိုပဲ ဖြစ်မှာ။ ပြီးတော့ ငါတို့က ဂူသင်္ချိုင်းထဲကို ဝင်လို့မရဘူး။”
“ဂူသင်္ချိုင်းထဲကို ဝင်ခဲ့တဲ့ ဂိုဏ်းသား အချို့ကနေ ငါ ကြားထားတာ ရှိတယ်။ အဲဒါက ငါ့ကို ထူးဆန်းတဲ့ ခံစားချက် တစ်ခု ပေးနေတယ်။ ဒါပေမဲ့ အဲဒါက စိတ်ထင်တာပဲ ဖြစ်မှာပါ...ကောင်ပြီ။ ဒီပျင်းစရာ ကိစ္စကို ဆက်မပြော ရအောင်။ နှစ်တွေ အကြာကြီးနဲ့ ခက်ခက်ခဲခဲ တည်ဆောက်မှုတွေနဲ့ စီမံကိန်းရဲ့ အောင်မြင်မှုတွေက တစ်ခါတည်းနှင့် ဖျက်ဆီးခံလိုက်ရလို့ မဖြစ်ဘူး။”
“ဟုတ်တယ်။ အကြီးမားဆုံး ဝှက်ဖဲ တစ်ခု ရှိပေမဲ့ ငါတို့တွေ ပေါ့ဆနေလို့ မရဘူး။ မဟုတ်ရင် မဟာစိတ်ဆန္ဒ နောက်ဆုံး ရောက်လာရင်တောင် အများကြီး အားနည်းနေမှာ။” ခါစီက လက်ချောင်းတစ်ချောင်း ဆန့်ထုတ် လိုက်သည်။ “အဲဒါကြောင့်မို့လို့ အမုန်းတရား အဓိက ယဇ်ပလ္လင်မှာ နောက်ထပ် ဘာအမှားမှ ခွင့်မပြုဘူး။”
စကားပြောနေစဉ်အတွင်း တိုက်ပွဲ အခြေအနေက ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ မိုးကြိုးနဂါး၏ အပြင်း အထန် တိုက်ခိုက်မှုက အသူရာကို နောက်ဆုတ်စေခဲ့သည်။ သူက အသံ အကျယ်ကြီး အော်လိုက်ရာ ငွေရောင် လျှပ်စီးများက ခန္ဓာကိုယ်တလျှောက် လက်ခနဲဖြစ်သွားပြီး သူ့လက်များက လက်သည်းများ ထွက်လာကာ လေထဲမှ အသူရာကို ဖိနှိပ်လိုက်၏။ “[လျှပ်စီးအကျဉ်းထောင်]”
အသူရာ၏ ခန္ဓာကိုယ်က ချက်ချင်း မရေမတွက်နိုင်သော လျှပ်စီးများဖြင့် လိမ်ယှက် သွားပြီး လေးထောင့်ပုံစံ လှောင်အိမ်ထဲ ရောက်သွားခဲ့သည်။ လှောင်အိမ်က ချက်ချင်းပင် ကြောက်မက်ဖွယ်ရာ အလင်းရောင် တစ်ခုဖြင့် ပေါက်ကွဲ ထွက်သွားပြီး အတွင်းမှ အသူရာကို လုံးဝ အုပ်မိုး လိုက်တော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်သော ဖျက်ဆီးခြင်း သံတမန်ချုပ် ခရူချ်ဝါ့ထ်က လက်ချောင်းများကို အနည်းငယ် လှုပ်လိုက်သည်။ သူက လှုပ်ရှားရန် ပြင်လိုက်စဉ် တစ်ခုခုကို သတိထားမိသွားပြီး ရပ်လိုက်ပြန်၏။
လှောင်အိမ်က အသူရာကို လွှမ်းမိုး သွားပြီးနောက် လုံးဝ ပွင့်ထွက်ကာ အတွင်းမှ လူနှင့်အတူ ဗလာနတ္ထိ ဖြစ်သွားခဲ့သည်။ သို့သော “ဗလာနတ္ထိ” က တွင်းနက်တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့သည်။ တွင်းနက်က ဝတ်ရုံနက် ဝတ်ထားသော လူသားပုံရိပ်တစ်ခု အဖြစ်သို့ စုစည်းသွားပြီး မိုးကြိုး နဂါး၏ အမူအရာကို အတုခိုးကာ လက်သည်းနှစ်ဖက်ဖြင့် ဖိလိုက်၏။
ထိုအမူအရာက မိုးကြိုးနဂါးကို အံ့အားသင့် သွားစေသည်။ သူ့ကို ပို၍ပင် မယုံကြည်နိုင် ဖြစ်စေသည်မှာ သူ့ဘေးနားတွင် မရေမတွက်နိုင်သော လျှပ်စီးများ လိမ်ယှက်သွားပြီးနောက် ချက်ချင်းပင် လေးထောင့် လှောင်အိမ် တစ်ခု ဖြစ်သွားခြင်းပင်။ ထိုအရာက သူ့ကိုယ်ပိုင် အဆုံးသတ် တိုက်ကွက် ဖြစ်လေသည်။
လျှပ်စီးများဖြင့် ဝိုင်းရံခံထားရသော မိုးကြိုးနဂါး သိမ့်သိမ့်တုန်သွား၏။ ထိုအရာက ထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်း ကပ်ဘေး ခံစားချက်က သူ့ကို ပြောနေခဲ့သည်။ သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို အလုံးတစ်ခုအဖြစ်သို့ ကျုံ့လိုက်ပြီး လက်များက ထူးဆန်းသော ချိပ်ပိတ် တစ်ခုပုံစံ ဖွဲ့စည်းလိုက်သည်။ မရေ မတွက်နိုင်သော ကြေးမုံကဲ့သို့ အလင်းရောင်များက သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ပေါ်လာခဲ့သည်။
လှောင်အိမ်ထဲမှ လျှပ်စီးက “ကြေးမုံ” ကို ထိသွားပြီး “ကြေးမုံ”က အက်ကွဲ သွားခဲ့သည်။ သို့သော် တချိန်တည်း မှာပင် လျှပ်စီးအများအပြား တန်ပြန် သွားခဲ့သည်။ တောက်ပနေသော မိုးကြိုး အလင်းရောင်က နောက်ဆုံး၌ ငြိမ်းသွားတော့သည်။ မိုးကြိုးနဂါးက ကွင်းထဲတွင် ရပ်နေဆဲ ဖြစ်သော်လည်း မည်းတူးနေခဲ့သည်။ သူ၏ စွမ်းအား ကြီးကြီးမားမား အားနည်းသွား၏။ သူ ခံလိုက်ရသည်က သူ၏ အကြီးမားဆုံး အဆုံးသတ် တိုက်ကွက် ဖြစ်သည်။ ထို့ပြင် သူက ကိုယ့်ကိုယ်ကိုယ် အမြန် ကာကွယ်ရန်အတွက် စွမ်းအားများ ပို၍ မထုတ်နိုင်ခဲ့ပေ။
မိုးကြိုးနဂါးက တမုဟုတ်ချင်းပင် ခေါင်းမော့ကြည့်လိုက်ရာ အသူရာ၏ ပုံရိပ်က ပျက်စီးခြင်း အငွေ့အသက် ထုတ်လွှတ်နေရင်း မျက်လုံးနီနီနှင့် လေထဲသို့ ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
“[ကြယ်ပေါက်ကွဲခြင်း]”
ထိုတောက်ပသော မရဏ ကြယ် အလင်းရောင်က မိုးကြိုးနဂါး မျက်လုံး ထဲရှိ ကူကယ်ရာမဲ့သေ အမူအရာ ရောင်ပြန်ဟပ် နေခဲ့သည်။ သူ၏ စွမ်းအား အပြည့်အဝ အချိန်မှာပင် ထိုတိုက်ကွက်ကို မခုခံနိုင်ခဲ့ပေ။ ယခု ဒဏ်ရာများ ရရှိနေပြီး အားကုန် နေသည့် အချိန်၌မူ ပြောစရာပင် မလိုပေ။
ပြိုင်စံရှား တောက်ပနေသော ကြယ် အလင်းရောင်က လက်ဖဝါး တစ်ခု ထဲတွင် ချက်ချင်းပင် ငြိမ်းသွားခဲ့၏။ ရွှေနက်ရောင် မျက်နှာဖုံးနှင့် အနီရောင် ဝတ်ရုံ ဝတ်ထားသော ပုံရိပ်တစ်ခုက ကွင်းထဲ ရောက်လာသည်။ ထိုသူက ဖျက်ဆီးခြင်း သံတမန်ချုပ် ခရူချ်ဝါ့ထ်။
ဂိုဏ်းချုပ် ရော့ထ်၏အသံ ထွက်ပေါ် လာခဲ့သည်။ “အသူရာ။ မိုးကြိုးနဂါး။ ဒီတိုက်ပွဲက တကယ် စိတ်လှုပ်ရှား စရာ ကောင်းခဲ့တယ်။ မင်းတို့ အားလုံး ကျောင်းတော်ရဲ့ လက်ရွေးစင်တွေပဲ။ ဘယ်သူပဲ ဒဏ်ရာရရ၊ ကျောင်းတော် အတွက် အရှုံးချည်းပဲ။ ဒီတိုက်ပွဲက နိုင်နိုင်ရှုံးရှုံး၊ ကျောင်းတော်က အစွမ်း အထက်ဆုံး ဖျက်ဆီးခြင်း သံတမန် နှစ်ယောက်ကို ရသွားခဲ့ပြီ။ ခါစီနဲ့ ငါက တညီတညွတ်တည်း ဆုံးဖြတ်ပြီးပြီ။ မင်းတို့ နှစ်ယောက်က တစ်ချိန်တည်း အမြင့်ဆုံး အစောင့်အရှောက်နဲ့ သက်ဆိုင်ရာ ဆုလာဒ်တွေ ရလိမ့်မယ်။ အရေးအကြီးဆုံး ဖြစ်တဲ့ အဓိက ယဇ်ပလ္လင်ကို ကာကွယ်ဖို့ မင်းတို့ အလုပ် အတူတူ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
“ဟုတ်ကဲ့ပါ...” အသူရာနှင့် မိုးကြိုး နဂါးတို့က တပြိုင်နက်တည်း ဦးညွှတ် လိုက်ကြသည်။ အသူရာက “အဓိက ယဇ်ပလ္လင်”ဟူသော စကားလုံးများကို ကြားလိုက်ရာ အနီရောင် မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင် တစ်ခု လက်ခနဲ ဖြစ်သွားပြီး မျက်နှာဖုံး အောက်တွင် အပြုံးတစ်ခု ပေါ်လာ တော့သည်။