← Chapters

နှုတ်ဆက်ခြင်းနှင့် အပြန်

Vol. 62 Ch. 1003

နှုတ်ဆက်ခြင်းနှင့် အပြန်

Vol. 62 Ch. 1003

အမှောင်လ နေအိမ်၌ -

“ဖေဖေ။ ထပ်သွားဦးမလို့လား။” သော်သော်လေးက ချန်လွေ့ကို မျက်လုံးနီနီနှင့် ကြည့်လိုက်ပြီး သူ၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ မလွှတ်ပေးတော့ပေ။

ချန်လွေ့က သမီးလေး၏ နူးညံ့သော မျက်နှာကို ထပ်ကာထပ်ကာ နမ်းရှိူက် လိုက်ပြန်သည်။ “သမီးလေး သော်သော်။ ဖေဖေက အရေးကြီး ကိစ္စအချို့ကို အပြီးသတ်မလို့။ ပြီးရင် သမီးလေးနဲ့ ပြန်လာကစားမယ်။ ဟုတ်ပြီလား။”

“ဖေဖေက အဲဒီ လူဆိုးတွေကို သွားရိုက် တော့မှာလား။”

“အမ်... ဟုတ်တာပေါ့။”

“သော်သော်လည်း လိုက်မယ်။” တိုက်ခိုက်ရေး စွမ်းအားများ ပြသ သကဲ့သို့ပင် ဇာမဏီလေးက အဖေ ဖြစ်သူ၏ လည်ပင်းကို တင်းတင်း ဖက်လိုက်ပြီး အဲလစ်၏ လည်မျိုညှစ် အကွက်လိုမျိုးပင်။

ချန်လွေ့က သမိးဖြစ်သူ၏ စွမ်းအင်ကို ခံစားမိလိုက်ပြီး ခေါင်းမှ ချွေးများကို သုတ်လိုက်သည်။ “သော်သော်က ငယ်ငယ်လေးပဲ ရှိသေးတယ်လေး။ နောက်ကျရင် သော်သော်နဲ့အတူ ဖေဖေ တိုက်ခိုက် မှာပါ။”

“ဖေဖေ။ သော်သော်က တကယ် စွမ်းအားကြီးပါတယ်နော်။” သော်သော်က လက်သီးအသေးလေး မြှောက်လိုက်ရာ သူ၏ ခန္ဓာကိုယ်က အနီရောင် အလင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ခြံဝန်း တစ်ခုလုံး၏ အပူချိန်က ရုတ်တရက် တိုးမြင့်သွားခဲ့သည်။ အနီရောင်အလင်းက ခြံဝန်းထောင့်နားသို့ လျှပ်စီးသဖွယ် ပျံသန်းသွားခဲ့ပြီး သတ္တုမှ ထွင်းထားသော ဝက်ခေါင်းပုံစံ အရာတစ်ခုက ထိုအနီရောင်အလင်း ဖောက်ထွင်းခံရပြီး ပေါက်ကွဲထွက် သွားခဲ့လေသည်။

ချန်လွေ့က ၎င်းသည် အပိုင်းပိုင်း မဖြစ်သွားဘဲ အရည်ပျော်သွားကြောင်း သတိထားမိခဲ့သည်။

ဥပေါက်ပြီးနောက် သော်သော်၏ စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည်။ သူက လူသားခန္ဓာကိုယ်၌ မွေးဖွားလာပြီးနောက် သူ၏ စွမ်းအား နိမ့်ကျသွားခဲ့သည်။ သို့သော် စွမ်းအား တိုးလာနှုန်းက အတော်လေး မြန်ဆန်လှသည်။ ယခုတွင် သူ၏ တကယ့် အသက်က ၂နှစ်ပင် မပြည့်သေးဘဲ နတ်ဆိုးဧကရာဇ် အဆငင့်သို့ ရောက်နေပြီဖြစ်သည်။ မီးဒြပ်စင် ခန္ဓာအမျိုးအစားနှင့် အက်စ်မိုဒက်စ် တော်ဝင် မိသားစု၏ သွေးမျိုးဆက်စွမ်းအားတို့ကြောင့် သူက ဇာမဏီတစ်ကောင်၏ အလားအလာထက် မနိမ့်ကျပေ။

သို့သော်လည်း ...၁နှစ်ကျော်ကြာ ရှိနေသေးသော ကလေးတစ်ယောက် အတွက် ထို“ဂိမ်း”က ကလေး အနီးအနားမှ လူများအတွက် အန္တရာယ် များလွန်းလှသည်။

စျေးဝယ်ထွက်ချိန်တွင် သော်သော်က ဝက်ခေါင်းနဲ့ သက်ဆိုင်သော သို့မဟုတ် အနည်းငယ် ဆင်တူသော အရာ တစ်ခုထက်မကကို ဖျက်ဆီးခဲ့သည်။ အမှောင်လ ပြည်သူများ အကြား ရေပန်းစားခဲ့သော ဝက်ခေါင်းနှပ်ကဲ့သို့ သက်ဆိုင်ရာ လုပ်ငန်းများလည်း ‌ပျောက်ကွယ်သွားကြလေသည်။

အနီရောင်အလင်းက ပစ်မှတ်ကို ဖျက်ဆီးသွားပြီးနောက် ၎င်းက အလျင်အမြန်ပင် သော်သော် အသွင် ပြန်ပြောင်းသွားပြီး လေထဲ၌ ဂုဏ်ယူစွာ ပျံဝဲနေလိုက်သည်။ “ဒီမှာကြည့်။ ဒေါသအိုး သော်သော်။ ဒါက ဖေဖေ သင်ထားပေးတဲ့ အဆုံးသတ် တိုက်ကွက်ပဲ။”

ချန်လွေ့၏နဖူးပေါ်တွင် ချွေးများ ပိုထွက်လာသည်။ သူက ဇာမဏီလေးကို “ဒေါသအိုးငှက်များ” သင်ပေးခဲ့သော မွေးစားအဖေဆိုး ဖြစ်လေသည်။ ယခုတွင် မွေးစား သမီးက သူ၏ သမီးအရင်း ဖြစ်လာပြိး အပြစ်က သူ့အပေါ်တွင်သာ ရှိနေ၏။

ခီရာက အလျင်အမြန် ရှေ့သို့ တက်လာပြီး ပြဿနာ ရှာချင်သော သော်သော်ကို ဖက်လိုက်ပြီး ချန်လွေ့ကို မကျေမနပ် ကြည့်လိုက်၏။ “ဒါတွေ အားလုံးက ရှင့်အပြစ်တွေပဲ။ ရှင် သော်သော်ကို သင်ပေးခဲ့တာတွေ ကြည့်လိုက်ဦး။”

ချန်လွေ့ ရယ်လိုက်ပြီး သမီး ဖြစ်သူကို ချော့လိုက်သည်။ “သော်သော်။ မဆိုးရဘူးနော်။ ဒေါ်လေးတွေ ပြောတာ နားထောင်။ လူဆိုးတွေကို ဖေဖေ ရှင်းပြီးရင် သော်သော်နဲ့ အမြဲတမ်း အတူတူ လာနေမှာပါ။”

ဇာမဏီလေး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ခေါင်းမော့ကာ တွေးလိုက်သည်။ “မေမေနဲ့ ဒေါ်လေးတွေနဲ့လည်း အတူတူ နေရမယ်...”

ထိုစကားကြောင့် မိန်းကလေးများ ပြုံးလိုက်ကြသည်။ ခီရာက သော်သော်ကို ဖက်နမ်းလိုက်၏။ “သော်သော်ကို ဒေါ်လေး ချစ်ခဲ့တာ အလကား မဖြစ်ခဲ့ဘူးပဲ။”

အဲလစ်က သူ၏ နှာခေါင်းကို လက်ညှိုး ထိုးပြလိုက်ရာ‌ သော်သော် သတိထားမိသွားပြီး ထပ်ပြောလိုက်၏။ “ပြီးတော့ အစ်မ အဲလစ်နဲ့ရော..”

လိုလီမင်းသမီးလေးက ပန်းတစ်ပွင့် ကဲ့သို့ပင် ပြုံးလိုက်သည်။ ချက်ချင်းပင် သူက သော်သော်၏ အမှားကို အမှန် ပြင်ပေးလိုက်။ “ဒေါ်လေးပါဆို...”

“အစ်မပဲ...” သော်သော်က သူ၏ အရပ်နှင့် “ဒေါ်လေး”ကို တိုင်းပြီး ပြောလိုက်သည်။

“ဒေါ်လေးဆို...” အဲလစ်ကလည်း မရမက ဆက်ပြောသည်။ သူ့ကို သူ့အစ်ကို၏သမီးက အစ်မဟု ခေါ်ခွင့် လုံးဝ မပြုနိုင်ပေ။

ထိုအရာက ပုံမှန် ရန်ပွဲကဲ့သို့ ဖြစ်နေခဲ့သည်။ ပုံမှန်အားဖြင့် လိုလီကြီး နှင့် လိုလီလေးတို့က အချိန်အကြာကြီး ရန်ဖြစ်ကြမည် ဖြစ်သည်။ သို့သော် ယနေ့က အချိန် မရှိပေ။ ထို့ကြောင့် ရှီရာက ပြောသည်။ “အဲလစ်...”

“အင်း...” အဲလစ်က ထူးထူးခြားခြား နာခံနေ၏။ သူက အမျိုးသမီးတစ်ယောက်နှင့်ပင် အတော်လေး တူနေသည်။ ယခုတွင် လိုလီလေးက အတော်လေး ယုံကြည်ချက် ရှိနေခဲ့သည်။ ငါက အစ်ကိုနဲ့ နှုတ်ခမ်းချင်း နမ်းပြီးသွားပြီ။

ရှီရာက ညီမဖြစ်သူ၏ အသေးစိတ် အပြောင်းအလဲများကို သတိမထားမိ ခဲ့ပေ။ သူက ချန်လွေ့ဆီ လမ်းလျှောက် လာခဲ့သည်။ “ဂရုစိုက်ဦး...”

လွန်ခဲ့သော နှစ်များအတွင်း ကြယ်ကြွေတမန်အင်ပါယာမှ ဧကရီ ရှီရာ၏ အရှိန်အဝါက တဖြည်းဖြည်း အားကောင်းလာခဲ့ပြီး သူ၏ အာဏာက မဟာလက်ဇ် ကဲသို့ အကြွင်းမဲ့ ဖြစ်လုနီးပါး ဖြစ်လာခဲ့သည်။ သူ၏ လက်ထဲရှိ အင်အားများက စစ်တပ်သာ မဟုတ်ပေ။ စီးပွားရေးနှင့် မီဒီယာလည်း ပါဝင်သည်။ သူက ကြင်နာမှုနှင့် အဟန့်အတားကို နှစ်ခုလုံး အသုံးချပြီး လက်အောက်ခံကို အညံ့ခံစေကာ လူအများ၏ ရည်မှန်းချက် ဖြစ်လာခဲ့သည်။

သို့သော်လည်း ကြင်ရာတော် မင်းသားကို ရင်ဆိုင်ရသောအခါတွင် လက်အောက်ခံများ အရှေ့တွင် ကျက်သရေရှိပြီး ခန့်ညားသော ထိုရေခဲတုံး ဧကရီက ပုံမှန်နှင့် လုံးဝ ကွဲပြားနေ၏။ အထူးသဖြင့် အသီနာ၏ ကိုယ်ဝန် အပြိုင်အဆိုင်နှင့် ယခင်က ထိန်းချုပ်ထားခဲ့သော အရာများကို လွှတ်ချလိုက်ပြီဖြစ်ရာ ဇာတ်လိုက် မင်းသားအတွက် အကျိုးအမြတ် တစ်ခုပင် ဖြစ်လေသည်။ ချော့မော့ခြင်းနှင့် လှည့်စားခြင်းနှင့် အတူ သူက ဧကရီအရှင်မ၏ ထိန်းချုပ် ထားခဲ့သော နောက်ဆုံး နေရာကို သိမ်းပိုက် နိုင်ခဲ့သည်။ ရလာဒ် အနေဖြင့် တင်ပါးတွင် ဒဏ်ရာ အပြင်းအထန် ရထားသော ဧကရီ အရှင်မက နောက်တစ်နေ့တွင် ကုတင်ပေါ်လှဲကာ တရားဝင် စာရွက် စာတမ်းများကို ကြည့်ရလေသည်။

ချန်လွေ့ကို ဆွံ့အသွားစေသည်မှာ ရှီရာ၏ လက်ထဲတွင်လည်း မှတ်စု စာအုပ်တစ်အုပ် ရှိနေခြင်းပင်။ ထိုအရာက လူသားလောကသို့ မသွားခင် အသီနာနှင့် ချန်လွေ့တို့ အတူတူ အိပ်သော အကြိမ် အရေအတွက်၊ ပုံစံနှင့် အခြားသော အသေးစိတ်များကို အတိအကျ မှတ်ထားလေသည်။ ထိုအရာက ကဝေမလေးထံမှ ဆိုသည်မှာ အသေအချာပင်။

ဧကရီအရှင်မ၏ အပြင်းအထန် တောင်းဆိုမှုကြောင့် သူက စာအုပ် ထဲမှ အတိုင်း အကြိမ်အရေအတွက် မည်မျှမှန်းမသိအောင် လုပ်ခဲ့ရသည်။ အစေခံမလေးနှင့် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့် အတွက်‌ကြောင့် ၎င်းတို့က ရင်းနှီး နေခဲ့သည်။ ဖတ်ဖတ်ဖတ်၏ ပျော်စရာက စိတ်နှင့်ကိုယ်ကို လျှော့ချထားပြီး ပေါင်းစည်းရာတွင် အာရုံစိုက်ထားခြင်း ဖြစ်သည်။ ကန့်သတ်ချက်များ၊ စည်းမျဉ်းများ ရှိနေလျှင် ပျင်းရိစရာ ဖြစ်သွားပေမည်။ သို့သော်လည်း လှုပ်ရှားမှုက ပြင်းထန် သောအခါတွင် တစ်ခေါက်ပြီး တစ်ခေါက် ပြီးမြောက်သွားခဲ့သော ဧကရီအရှင်မက သတိမရှိသော အခြေအနေသို့ ရောက်သွားတတ်သည်။ ထို့ကြောင့် အကြိမ်အရေအတွက်ကို လှည့်စားရန် လွယ်ကူခဲ့လေသည်။

ထို “ကိုယ်ဝန်ရရန် လျို့ဝှက်ချက်” စာအုပ်က မောင်းမဆောင်ထဲတွင် ရေပန်းစား လာမည်ကို မြင်နိုင်ပေသည်။ ထိုအရာက ကောင်းချီးလား၊ ကျိန်စာလား ဆိုသည်ကို မည်သူမှ မသိနိုင်ကြပေ။

“နားလည်ပါပြီ။ အရှင်မ။” ဧကရီ အရှင်မ၏ အေးစက်ပြီး လှပသော မျက်နှာကို ကြည့်နေရင်း ချန်လွေ့က အေးစက်မှု နောက်ကွယ်မှ နူးညံ့သော အချစ်စိတ်ကို တွေးလိုက်မိသည်။ ချန်လွေ့က မျက်လုံးမှိတ်ပြပြီး ရှီရာ၏ တင်ပါးကို တမင်ကြည့်လိုက်သည်။ ဧကရီ အရှင်မက ရုတ်တရက် အေးစက်စက် မနေနိုင်တော့ဘဲ မျက်နှာနီရဲကာ သူ့ကို စိုက်ကြည့် လိုက်လေသည်။

ချန်လွေ့ ရယ်လိုက်ပြီး ရှေ့တက်ကာ ရှီရာကို ဖက်လိုက်သည်။ ထို့နောက် အသီနာနှင့် ခီရာတို့ကို တစ်ယောက်စီ ‌ပွေ့ဖက်လိုက်၏။ သူက ဒေလီယာကို ကြည့်လိုက်သည်နှင့် ဆရာသခင် ရိုမန်က ဒေလီယာအရှေ့တွင် ချက်ချင်း ကာဆီးလိုက်လေသည်။

ချန်လွေ့က ရှေ့တက်လာပြီး ရိုမန်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏။ ထို “တင်းကျပ်ခြင်း”က ကြောက်စရာ ဖိအားအောက်တွင် အရိုးများ ကျိုးစေ နိုင်သည်အထိ ဖြစ်သည်။

ဆရာသခင် ရိုမန်က ပွေ့ဖက်နေရင်း မချိမဆံ့ ဝေဒနာ ခံစားနေရသည်။ ဒေလီယာ ပြုံးလိုက်ပြီး ရှေ့ဆက်ကာ ရိုမန်ကို ဖက်ထားသော ချန်လွေ့အား ဖက်လိုက်သည်။ “အသီနာကို ဂရုစိုက်ပေးဖို့ စောစော ပြန်လာပါ။ ခေါင်းဆောင်။”

ရိုမန်တို့ စုံတွဲနှင့် ချန်လွေ့ အကြား ထူးခြားသော ရင်းနှီးမှုတစ်ခု ရှိသည်။ သူတို့သုံးယောက်က သေရေး ရှင်ရေး အခြေအနေကို ကြုံတွေ့ဖူးကြသည်။ ရိုမန်က တစ်ခါတရံ “ဆာ-ဦးလေး” ဟူ၍ ဟာသလုပ် ခေါ်သော်လည်း များသောအားဖြင့် “ခေါင်းဆောင်” ဟူ၍သာ ခေါ်လေသည်။

“အင်း...” ချန်လွေ့ ပြန်ဖြေလိုက်ပြီး မစ်-မြနဂါးနှင့် အဲလစ်ကို ခေါင်းညိတ် ပြလိုက်သည်။ ပါ့ဂ်လီအိုက ထိုရက်များအတွင်း မိုးကြိုး ကောက်ရိုက်တုတ်ကို ထပ်မံ၍ နားလည်နိုင်ရန်အတွက် တံခါးပိတ် လေ့ကျင့်နေခဲ့သည့်အတွက် သူ ရောက်မလာခဲ့ပေ။

ကြယ်အလင်း အနည်းငယ် ရှိနေသော အပြာရောင် ဖျော့ဖျော့ အလင်းတံခါးတစ်ခုက မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။ ချန်လွေ့က သွားရန် ပြင်လိုက်စဉ် အဲလစ်က နောက်မှ ရုတ်တရက် ခုန်ထလာပြီး ရှေ့သို့ ပတ်ကာ ချန်လွေ့ကို နှုတ်ခမ်းချင်း နမ်းလိုက်၏။ “အစ်ကို။ မြန်မြန် ပြန်လာနော်။ ကျွန်မတို့ရဲ့ အနမ်း သ‌ဘာတူညီချက်ကို မမေ့နဲ့။”

ချက်ချင်းပင် ချန်လွေ့က နောက်မှ မရေမတွက်နိုင်သော ဓားထက်ထက် ကဲ့သို့ အကြည့်များကို ခံစားလိုက်ရပြီး အထက်ဆုံးမှာ ဧကရီအရှင်မ အစ်မတော်မှပင် ဖြစ်လေသည်။ သူက ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက် ရသည်။ နောက်ဆုံး၌ “မသေမချာ” ခံစားချက်ကို သူ နားလည်သွားခဲ့၏။

အဲလစ်က တစ်ကွက် အောင်မြင် ပြီးနောက် သူက ချက်ချင်းပင် စိတ်တိုနေသော ပုံစံကို ဖယ်ရှား လိုက်သည်။ ထိုအချိန် မစ်-သော်သော် မတော်တဆ ရောက်လာ၏။ “သော်သော်လည်း ဖေ့ဖေ့ကို နမ်းချင်တယ်။”

ချန်လွေ့က သွေးတစ်လုပ် အန်မိလု မတတ် ဖြစ်သွားပြီး [ကြယ်ဂိတ်] ထဲသို့ အမြန် ထွက်ပြေးသွားသည်။

သူ့နောက်တွင် ဆာ-ချွဲကျိကောင်မှ အသံကျယ်ကြီး ထွက်လာခဲ့သည်။ “ဆရာသခင်..အနမ်း..တကယ် ခန့်ညား...”

[ ကြယ်ဂိတ် ] ၏ အခြားတဖက်၌ မင်းသား အာသာ ပျောက်ဆုံး သွားခြင်းက ပြင်းထန်နေခဲ့သည်။

“အာသာ”က လူအများအရှေ့တွင် လက်ထပ်ပွဲကို ငြင်းပယ်ခဲ့ပြီး ၇နှစ်ကြာ စောင့်ဆိုင်း နေခဲ့သော မင်းသမီး လန်ဘိစ်ကို တသက်လုံး လက်မထပ် တော့ရန် သစ္စာဆို စေခဲ့သည်။ အင်ပါယာ အကျိုးအမြတ်အရ ကြည့်လျှင် ထွက်ပြေးခြင်း ဖြစ်စေ၊ လက်ထပ်ရန် ငြင်းပယ်ခြင်းဖြစ်စေ၊ မင်းသမီးက တသက်လုံး လက်မထပ်သည် ဖြစ်စေ၊ အားလုံးက အသေးအဖွဲများသာ ဖြစ်ကြသည်။ အရေးအကြီးဆုံးမှာ ကျက်သရေပြာ အင်ပါယာ၏ ဂုဏ်သတင်းပင်။

သို့သော်လည်း နောက်ဆက်တွဲ မင်းသား အာသာ “သေဆုံးခြင်း နှင့် ပျောက်ဆုံးသွားခြင်း”က မတူပေ။ သူက မင်းသမီး လန်ဘိစ်၏ ကြင်ရာတော်လောင်း ဖြစ်ရုံသာမက နဂါးလင်းလက် အင်ပါယာ၏ တတိယ မင်းသားလည်း ဖြစ်သည်။ သို့သော် သူက ရွှေရောင်နယ်မြေ အရှင်ဖြစ်ပြီး ထိပ်တန်း လူသား ယန္တရား မဟာ ဆရာသခင်လည်း ဖြစ်ပေသည်။ ထိုအရာက နိုင်ငံရေး လက်ထပ်မှုသာ မဟုတ်တော့ပေ။ အာသာ ပျောက်ဆုံးသည်ဖြစ်စေ၊ သေဆုံးသည် ဖြစ်စေ၊ အကျိုးဆက်များက ယခင် လက်ထပ်ပွဲ ငြင်းပယ်ခဲ့သည်ထက် အများကြီး ပိုဆိုးပေသည်။။

ထို့ကြောင့် နဂါးလင်းလက် အင်ပါယာနှင့် ကျက်သရေပြာ အင်ပါယာတို့အကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။ ကောလာဟလများ ပြန့်နေပြီး အနီးအနားရှိ အင်ပါယာများက စိုးရိမ်နေကြလျက် ရှိသည်။ သို့သော်လည်း နှစ်ဖက်စလုံးမှ အထက်တန်း အရာရှိများက ထိုကိစ္စက အရေးကြီးကြောင်း သိကြသည်။ သို့သော် ရန်လိုရမည့် အဆင့်အထိ မဟုတ်ပေ။ လက်ရှိတွင် အကြီးမားဆုံးသော စကားလုံးမှာ “စစ်ပွဲ” မဟုတ်ဘဲ “နိုင်ငံရေး”သာ ဖြစ်သည်။ အကျိုးအမြတ်အတွက် လိုအပ်သော အပေးအယူများ လုံလောက်သည်နှင့် အင်ပါယာနှစ်ခု အကြားမှ ဆက်ဆံရေးက ထိုအရာကြောင့် ပြိုလဲသွားမည် မဟုတ်ပေ။

ထိုအဖြစ်အပျက်တွင် ဒေါသ အထွက်ဆုံးက ကျက်သရေပြာ အင်ပါယာမှ ဗစ်တာပင် ဖြစ်သည်။ အစပိုင်းက သူက ညီမတော် ဘန်ဘိစ် လက်ထပ်ပြီးနောက်တွင် သူ ထိန်းချုပ်ထားသော အင်အားများ မရှိတော့ဘဲ မိမိ၏ ထီးနန်း ဆက်ခံမှုကို ခြိမ်းခြောက်နိုင်သူရှိတော့ပြီဟု ထင်ထားခဲ့သည်။ ထိုကဲ့သို့ အလှည့်အပြောင်းမျိုး ဖြစ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ ဖြစ်အံ့ဆဲဆဲ လက်ထပ်ပွဲကို ယောက်ဖ ဖြစ်သူ အာသာကိုယ်တိုင်က အမှန်ပင် ငြင်းပယ်ခဲ့သည်။

ထိုစဉ် လန်ဘိစ်က အခွင့်အရေးကို အသုံးချပြီး တသက်လုံး လက်ထပ်တော့မည် မဟုတ်ဟု သစ္စာ ဆိုခဲ့ပြီး အချို့ စောင့်ကြည့်နေကြသော အင်အားစုများ၏ အကြံများကို ကွယ်ပျောက် သွားစေခဲ့သည်။ ကြားအနေအဖွဲ့ အများအပြားကလည်း လန်ဘိစ် အနားသို့ ကပ်လာကြသည်။ ဗစ်တာကို ပို၍ အံကြိတ်စေသည်မှာ ကျက်သရေပြာ အင်ပါယာသို့ အာသာ ရောက်ရှိလာခဲ့ပြီးနောက် သူက အနိုင်ရရှိရန် အခွင့်အရေး ရရှိပြီဟု ထင်ထားခဲ့ပြီး မျှောနေခဲ့ခြင်းပင်။ သူက သတိလက်လွတ် ဖြစ်နေစဉ် လန်ဘိစ်က အခွင့်အရေးကို အသုံးချပြီး အခြေအနေကို ပြောင်းပြန်လှန်ခဲ့လေသည်။

အာသာနှင့် လန်ဘိစ်တို့က အချင်းချင်း ပေါင်းကြံပြီး ထိုကဲ့သို့ ပြုလုပ်လိမ့်မည်ဟု ဗစ်တာ တစ်ကြိမ်မက သံသယ ဝင်ခဲ့ဖူး သော်လည်း ထိုအရာက အာသာအတွက် လုံးတ အကျိုးအမြတ် ရှိနိုင်မည် မဟုတ်ပေ။ ထို့ပြင် လက်ရှိ “ပျောက်ဆုံးသွားခြင်း” က အသက်အန္တရာယ် စိုးရိမ်ရရာ ၎င်းကို ကောက်ချက်ချရန် မဖြစ်နိုင်ပေ။

နဂါးလင်းလက်အင်ပါယာရှိ အတွင်းရေး တုန်လှုပ်များကလည်း အံ့အားသင့်စရာ ကောင်းလှသည်။ အာသာကို မြင့်မြင့် မှန်းထားကြသော မိသားစုများနှင့် အင်အားစုများက လှုပ်ရှားများကို ထိန်းချုပ်လိုက်ကြ၏။ အပျော်ရွှင်ဆုံးမှာ “အာသာ”၏ မူလ ပြိုင်ဘက်ပင် ဖြစ်လေသည်။

လက်ရှိတွင် ရွှေရောင်နယ်မြေက နဂါးဝါဝိုင်နှင့် မှော်ဂိမ်း ခေါင်းစွပ် ဟူသော မှော်လက်နက် နှစ်ခုကို ဆုပ်ကိုင်ထားပြီး အစ်ဇဘယ်လာနှင့် အခြားသူများ၏ အစီအမံများကြောင့် အလျင်အမြန် တိုးတက်နေဆဲ ဖြစ်သည်။ ရွှေရောင်နယ်မြေက အကျိုးအမြတ် အများဆုံး နယ်မြေ ဖြစ်လာမည်မှာ အသေအချာပင်။ ဒုတိယမင်းသား ဂါဖီးလ်က “အုပ်စိုးသူ” လိုအပ်နေသော ရွှေရောင်နယ်မြေကို ယာယီ အုပ်ချုပ်ပေးရန် မဟာလက်ဇ်ကို အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း အကြိမ်တိုင်း ငြင်းပယ်ခဲ့ခဲ့ရသည်။

ယန္တရားပညာရှင် အသိုက်အဝန်း ကလည်း မဟာဆရာသခင် ပျောက်ဆုံး သွားခြင်းအတွက် အတော်လေး စိုးရိမ်မှုများကို ပြသကြသည်။ အာသာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မဟာဆရာသခင် ချီချူက အာသာ ရှိနေသော နေရာကို သတင်းပေးနိုင်သူ သို့မဟုတ် အာသာကို ရှာနိုင်သူအား အစွမ်းထက် အဆောင်ပစ္စည်း-ယောင် တစ်ခုအပါအဝင် ဆုလာဒ် အများအပြား ပေးအပ်မည် ဖြစ်ကြောင်း အတိအလင်း ကြေညာခဲ့လေသည်။ ထိုသတင်းက ကြေးစား အများအပြားကို လှုံ့ဆော်လိုက်လေသည်။ “အာသာကို ရှာဖွေခြင်း” တာဝန်က တလောကလုံး နာမည်ကျော်သွားခဲ့သော်လည်း ကံဆိုးစွာပင် အားလုံးက အချည်းနှီး ဖြစ်ခဲ့ရသည်။

အတည်ငြိမ်ဆုံး အဖွဲ့မှာ အစိုးရိမ်ဆုံး ဖြစ်နေကြသော သိဒ္ဓိကျောင်းတော်မှ အထက်တန်း အရာရှိများပင်။ အကြောင်းမှာ သူတို့က ရာဖယ်ရယ်ထံမှ သတင်း ရရှိသွားခဲ့သောကြောင့်ပင်။ မင်းသား အာသာက မသေခဲ့ဘဲ အကျိုးပြုမှု ကြီးကြီးမားမား ပြလုပ်ခဲ့သည်။ သူ၏ အစောင့်အရှောက်များက မရဏနက် နောက်လိုက်များ၏ အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးခဲ့ကြသည်။

ဖရိုဖရဲ ဖြစ်နေစဉ်အတွင်း ပျောက်ဆုံးနေသော လူတစ်ယောက်က အစေခံ တစ်ယောက်အဖြစ် ဟန်ဆောင်ထားပြီး ရွှေရောင်နယ်မြေရှိ အုပ်စိုးသူစံအိမ်သို့ လမ်းလျှောက်ကာ အစ်ဇဘယ်လာနှင့် ဇိုလာတို့ကို အံ့အားသင့်စေရန် ရည်ရွယ်နေကြောင်း မည်သူမှ မသိခဲ့ကြပေ။

အသေအချာပင် သူက ဇိုလာနှင့် အစ်ဇဘယ်လာတို့သည် အုပ်စိုးသူ စံအိမ် ခန်းမ အပြင်ဘက်တွင် စကားပြော နေသည်ကို ကြားလိုက်ရသည်။ သို့သော် အနည်းငယ် ရင်းနှီးနေသော မိန်းမ တစ်ယောက်၏ အသံလည်း ရှိနေသည်။ ဗာရိုနီကာလည်း မဟုတ်သလို ဖရီယာလည်း မဟုတ်ပေ။ ခဏ စဉ်းစားပြီးနောက် သူက အဖြေမရှာနိုင်ခဲ့ပေ။

ချန်လွေ့က ခန်းမထဲသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး အစ်ဇဘယ်လာနှင့် ဇိုလာတို့ ဘေးမှ ထူးဆန်းသော မိန်းမတစ်ယောက်ကို မငြ်လိုက်ရသည်။

ထိုအမျိုးသမီးက နက်ပြာရောင် ဆံပင်အရှည်ရှိပြီး အသားဖြူကာ သာမန် ရုပ်ရည် ရှိသည်။ သို့သော် ချန်လွေ့တွင် ထူးဆန်းသော ခံစားချက် တစ်ခု ရှိနေပြီး သူမြင်နေရသော အမျိုးသမီးက ပုံရိပ်တစ်ခု ကဲ့သို့ပင်၊ အထူးသဖြင့်...

စူပါစနစ်မှ ပြထားသော မျိုးနွယ်မှာ “ဝိညာဉ်တည်ရှိမှု” ဖြစ်ပြီး စွမ်းအား အကဲဖြတ်မှုက “မဆုံးဖြတ်နိုင်” ဖြစ်နေ၏။

“မဆုံးဖြတ်နိုင်”တဲ့ စွမ်းအားရှိတဲ့ ဝိညာဉ်တည်ရှိမှု။

ရုတ်တရက် ချန်လွေ့ မျက်မှောင် ကြုတ်သွားသည်။ ဒီလို အခြေအနေနဲ့ ကိုက်ညီပြီးတော့ ငါရင်းနှီးတဲ့ သူက တစ်ယောက်ပဲ ရှိတယ်။

အတော်လေးကို ကြောက်စရာ ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။

လျို့ဝှက်ကြံစည်တာပဲဖြစ်ဖြစ်၊ စွမ်းအားပဲဖြစ်ဖြစ်၊ သူက မိုက်ကယ်၊ ရာဖယ်ရယ်နဲ့ စေတန်ကို ယှဉ်နိုင်တယ်။

ထိုမိန်းမက သိဒ္ဓိအလင်းတောင်ထိပ် တွင် ချေမှုန်းခံလိုက်ရပြီဟု ချန်လွေ့ ထင်ထားခဲ့သည်။ သို့သော် သူက မသေသေးဘဲ ဤနေရာသို့ပင် ရောက်လာမည်ဟု မထင်ထားခဲ့ပေ။

All Chapters