← Chapters

အဖေနဲ့သား၊ အမှန်တရား

Vol. 62 Ch. 1005

အဖေနဲ့သား၊ အမှန်တရား

Vol. 62 Ch. 1005

ဖိုက်သွန်က ချန်လွေ့ကို ရှင်းပစ်လိုခြင်းမရှိသည် မဟုတ်ဘဲ အကျိုးစီးပွားရှုထောင့်မှကြည့်လျှင် ဖန်တီးခြင်းဇစ်မြစ်ကို နားလည်သဘောပေါက်ရန်အတွက် သိဒ္ဓိအလင်းတောင်ထဲသို့ တဖန်ပြန်ဝင်ရောက်နိုင်ရန် ချန်လွေ့၏ စွမ်းအားကို အသုံးပြုရန် လိုအပ်နေသည်။ ထိုအရာက နှစ်ပေါင်းများစွာ တိတ်တဆိတ် ပုန်းအောင်းနေခဲ့ပြီးနောက် လူသားလောကသို့ သူရောက်ရှိလာခဲ့သည့် အရေးကြီးဆုံး ရည်ရွယ်ချက်ပင်။

ဖိုက်သွန်အပေါ် ချန်လွေ့၏ သတ်ဖြတ်ချင်စိတ်က ပိုမိုပြင်းထန်နေသည်။ အကြောင်းမှာ ဖိုက်သွန်က နတ်ဆိုးဘုံရှိ သူ၏ တန်ဖိုးအထားရဆုံး ဆွေမျိုးများနှင့် မိတ်ဆွေများ၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့သောကြောင့်ပင်။ ဖိုက်သွန်နှင့် သူ၏ ပူးပေါင်းဆောင်ရွက်မှုက အကျိုးအမြတ်အတွက် မဟုတ်ဘဲ အခြေအနေအရ အတင်းအကျပ် ပူးပေါင်းရခြင်း ဖြစ်သည်။ အလင်းမိုးကြိုးတောက်ပနှင့် သိဒ္ဓိခွက် တို့သည် ဖိုက်သွန်ကို အမှန်တကယ် ထိန်းချုပ်နိုင်ရန် မလုံလောက်သော်လည်း ၎င်းတို့က သူ့လက်ထဲရှိ ‘အပေးအယူ’ကို တိုးမြှင့်ပေးခဲ့ပြီး လက်ရှိစွမ်းအားနှင့် ယှဉ်ပြိုင်ရာတွင် အကောင်းဆုံး ရလဒ်ရရှိရန် ကူညီပေးခဲ့သည်။

ကျက်သရေမျှော်စင်နှင့်ပတ်သက်၍ ၎င်းက မမျှော်လင့်ဘဲ ရရှိလိုက်သော အကျိုးအမြတ်တစ်ခုဖြစ်ပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းရန်အတွက် ခြေလှမ်းတစ်လှမ်းလည်း ဖြစ်သည်။

ဖိုက်သွန်က ချန်လွေ့၏ လက်ကောက်ဝတ်ရှိ ကြယ်(၆)ပွင့် အမှတ်အသားပေါ်တွင် ဆက်လက်နေလိုကြောင်း ပြောဆိုခဲ့သော်လည်း ချန်လွေ့က လေ့ကျင့်ရေးနှင့် နေထိုင်မှုလိုအပ်ချက်များကြောင့် လက်ရှိတွင် အဆင်မပြေကြောင်းဆိုကာ ငြင်းပယ်ခဲ့သည်။ သိဒ္ဓိအလင်းတောင်သို့ သွားရန် အချိန်ရောက်မှသာ နေနိုင်ကြောင်း သူက ပြောသည်။ ချန်လွေ့က ‘ညီတူမျှတူစာချုပ်’ အကြောင်းကို စကားစတင်သော်လည်း ဖိုက်သွန်က စကားလမ်းကြောင်းကို ပြောင်းပစ်သည်။ ချန်လွေ့၏ နတ်ဘုရား-ယောင်စာချုပ်ကို ဖျက်သိမ်းနိုင်ခြင်းနှင့် ‘နတ်ဘုရား တိုင်းပြည်’ ၏ ထူးခြားသောစွမ်းအားကို ကိုယ်တိုင်တွေ့ကြုံပြီးနောက် ဖိုက်သွန်က စွမ်းရည်နှင့် ပရိယာယ်ပိုင်းတွင် အနည်းဆုံး ချန်လွေ့ကို အထက်စီးမှ မကြည့်တော့ပေ။ ထိုအစား သူက ချန်လွေ့ကို တန်းတူနီးပါး ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်သည်။

သိဒ္ဓိအလင်းတောင် တိုက်ပွဲအတွေ့အကြုံကြောင့် ချန်လွေ့နှင့် ဖိုက်သွန်တို့က တစ်ဦးကိုတစ်ဦး ပိုမိုသတိထားလာကြသည်။ အမှန်တကယ်တွင် နှစ်ဦးစလုံး၏ စွမ်းအားအစစ်အမှန်က အပေါ်ယံ၌ မြင်တွေ့ရသည်ထက် ပိုများနိုင်သည်။ လက်ရှိတွင် နောက်ဆုံးအနိုင်ရသူက မည်သူဖြစ်မည်ကို မည်သူမျှ မသိနိုင်သေးပေ။

ဖိုက်သွန်သည် အုပ်စိုးသူ စံအိမ်တွင် နေထိုင်ခဲ့သည်။ ထို့နောက် ချန်လွေ့က ဇိုလာနှင့် အစ်ဇဘယ်လာတို့အား ဖိုက်သွန်၏ မူလဇစ်မြစ်ကို ရှင်းပြခဲ့သည်။ ဇိုလာပင် အံ့အားသင့်သွားသည်။ သူက လာရောက်လည်ပတ်ပြီး မှော်ပညာကို ကောင်းစွာနားလည်သည့် ထို’ဧည့်သည်’က အမှောင်လ နယ်မြေ၏ ငွေသေတ္တာထဲမှ အစွမ်းထက်သော နတ်ဘုရား-ယောင် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ထိုကြောက်မက်ဖွယ်ကောင်းသော ရန်သူက ယခုအခါ ပုန်းအောင်းနေခြင်းကို ရပ်တန့်ပြီး ဘုံအကျိုးအမြတ်ရှိသော ‘ယာယီမဟာမိတ်’ အဖြစ် ပြောင်းလဲသွားခဲ့သည်။ မည်သို့ပင်ဆိုစေ၊ သိဒ္ဓိအလင်းတောင်သို့ မသွားခင်အထိ ဖိုက်သွန်၏ အန္တရာယ်က ယာယီအားဖြင့် ကြီးကြီးမားမား မရှိသေးပေ။

ညနေခင်းဝယ်-

နဂါးလင်းလက်အင်ပါယာ တော်ဝင်နန်းတော်၌ -

ဧကရာဇ် မဟာလက်ဇ်က ပလ္လင်ပေါ်တွင် တွေးတောနေသည်။ အာသာ ရုတ်တရက် ပျောက်ဆုံးသွားခြင်းက ကျက်သရေပြာအင်ပါယာနှင့် ဆက်ဆံရေးကို ရှုပ်ထွေးစေခဲ့ပြီး အကျိုးကျေးဇူးအများဆုံး ရရှိရန်အတွက် ဂရုတစိုက်စီစဉ်ရမည် ဖြစ်သည်။

အမှန်တကယ်၌ သွေးမျိုးဆက် အာရုံခံရှိသော ဖခင်တစ်ဦးအနေဖြင့် အာသာ ပျောက်ဆုံးသွားနိုင်သော်လည်း မသေသေးကြောင်း မည်သူ့ထက်မဆို ပိုသိနေသည်။

ထိုအချိန်တွင် နန်းတော်အစောင့်တပ်၏ ခေါင်းဆောင် ယူဆယ်က လာရောက် သတင်းပို့သည်။

“အရှင်မင်းကြီး၊ မင်းသမီး ဖရီယာက အရေးကြီးတဲ့ ကိစ္စတစ်ခု သတင်းပို့စရာ ရှိပါတယ်”

မဟာလက်ဇ်က တွေးလိုက်သည်။ “သူကို ဝင်ခွင့်ပြုလိုက်။”

“အမိန့်အတိုင်းပါ။”

ခဏအကြာ မင်းသမီး ဖရီယာက မဟာလက်ဇ် ရှေ့သို့ ရောက်လာသည်။

မဟာလက်ဇ်သည် ထိုသမီးကို အလွန်ချစ်မြတ်နိုးသည်။ အကြောင်းမှာ ဖရီယာသည် အပြောအဆိုနူးညံ့ပြီး ယဉ်ကျေးရုံ သာမက ကွယ်လွန်သွားပြီဖြစ်သော မိဖုရားကြီး အီခရီနာမှ မွေးဖွားခဲ့သောကြောင့် ဖြစ်သည်။ မဟာလက်ဇ်၏ ဘဝတွင် အမျိုးသမီးများ အများအပြား ရှိခဲ့ပြီး ကိုယ်လုပ်တော်ပေါင်း ရာနှင့်ချီ ရှိသော်လည်း သူ အမှန်တကယ်ချစ်ခဲ့သည့် အမျိုးသမီးမှာ အီခရီနာ တစ်ဦးတည်းသာ ဖြစ်သည်။ အီခရီနာက ရောဂါဖြင့် ကွယ်လွန်ပြီးနောက်တွင် သူသည် အခြားမိဖုရားတစ်ပါးကို ထပ်မံရွေးချယ်ခြင်း မရှိသေးပေ။

သူ့အပေါ်ထားရှိသော ချစ်ခင်မှုက သားသမီးများအပေါ်တွင်ပါ ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့် လက်ဇ်က အီခရီနာမှ ကျန်ရစ်ခဲ့သော အာသာနှင့် ဖရီယာတို့ကိုလည်း အလွန် ချစ်မြတ်နိုးသည်။ သို့သော် အာသာက ၇နှစ်ကြာ ပျောက်ဆုံးသွားခဲ့ပြီး ယခုပြန်ပေါ်လာချိန် ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ကျက်သရေပြာအင်ပါယာတွင် လူအများရှေ့ လက်ထပ်ရန် ငြင်းဆိုခဲ့ခြင်းက သူ့ရှေ့တွင် အမြဲတည်ငြိမ်ပြီး ပါးနပ်သော သားဖြစ်သူ ပြုလုပ်ခဲ့သည်ဟု စဉ်းစားရန် ခက်ခဲသည်။ ထို့အပြင် ထိုလူသိများသော မင်္ဂလာပွဲငြင်းဆိုမှု နောက်ပိုင်းတွင် အာသာ ထပ်မံ ပျောက်ဆုံးသွားခြင်းက လက်ဇ်ကို ပိုမိုစိတ်အနှောင့်အယှက် ဖြစ်စေ၏။

“ခမည်းတော်...”

မင်းသမီး ဖရီယာ၏ အသံကြောင့် မဟာလက်ဇ်၏ အတွေးများ ရပ်တန့်သွား၏။ သူ့ရှေ့တွင် ရပ်နေသော ချစ်စဖွယ်သမီးတော်ကို ကြည့်ရင်း လက်ဇ်က အီခရီနာ၏ ပုံရိပ်ကို အမှတ်မထင် မြင်လိုက်ရပြီး သူ့အကြည့်များ ပိုမိုနူးညံ့လာသည်။

“ဖရီယာ၊ ဘာကိစ္စ ရှိလို့လဲ။”

“ခမည်းတော်၊ သမီးတော် ...”

စကားပြောရန် ချီတုံချတုံ ဖြစ်နေသော သူ့ကို မြင်သောအခါ လက်ဇ် ပြုံးလိုက်သည်။ “ပရိုယိုကို စိတ်ပူနေတာလား။ သူက အခု ကျက်သရေပြာအင်ပါယာမှာ အာသာ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့ သံတမန်အဖြစ် နေနေတာ။ သူ့ကို အင်ပါယာဆီ ပြန်ခေါ်စေချင်တာလား”

“မဟုတ်ပါဘူး...” ဖရီယာက လက်ထပ်ရန် သဘောတူထားသော ပရိုယိုကို မချစ်သော်လည်း သူက လက်တွဲဖော် ဖြစ်နေသောကြောင့် သူ၏ မျက်နှာ ရုတ်တရက် နီရဲလာပြီး ခေါင်းကို အပြင်းအထန်ခါလိုက်သည်။ သူသည် ပတ်ဝန်းကျင်ရှိ နန်းတွင်း အစောင့်များကို ကြည့်လိုက်သည်။ “ခမည်းတော်၊ ဒီကိစ္စကို နှစ်ယောက်တည်း ပြောချင်ပါတယ်၊ ရမလား။”

လက်ဇ်က ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ နန်းတွင်း အစောင့်များ အားလုံး နောက်သို့ ဆုတ်သွားကြသည်။

“ကောင်းပြီ ဖရီယာ။ အခု ပြောလို့ရပြီ။”

ဖရီယာက ချီတုံချတုံနှင့် ပြောသည်။ “တကယ်တော့ တတိယ အစ်ကိုတော်... အကြောင်းပါ။”

“အာသာလား။” လက်ဇ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး ဖရီယာဘေးတွင် တဖြည်းဖြည်း ပေါ်လာသော ပုဂ္ဂိုလ်တစ်ဦးကို ကြည့်လိုက်သည်။ မူလက မေးခွန်းထုတ်သော လေသံကလည်း အံ့အားသင့်သွားသည့် အသံအဖြစ် ပြောင်းလဲသွားသည်။ “အာသာ...”

မူလက ဧကရာဇ် မဟာလက်ဇ်သည် သားသမီးများအတွက် သွေးမျိုးဆက် အာရုံခံနိုင်စွမ်း ရှိသည်။ သို့သော် အထူးဖုံးကွယ်နိုင်သော စွမ်းရည် တစ်ခုကြောင့်လား၊ သို့မဟုတ် ဖရီယာ ရှိနေ၍ အမြင်မှားသွားခြင်း ကြောင့်လား ဆိုသည်ကို သူသိပေ။ ယခု ပျောက်ဆုံးနေသော သားဖြစ်သူက ကြိုတင်သတိပေးချက် မရှိဘဲ ရုတ်တရက် ပေါ်လာခဲ့သည်။

“အရှင်မင်းကြီး” ချန်လွေ့က လက်ဇ်ကို အရိုအသေပြုလိုက်သည်။

“တောင်းပန်ပါတယ် ခမည်းတော်၊ သမီးတော်...” ဖရီယာ ခေါင်းငုံ့ လိုက်၏။

“ဒါ ဖရီယာရဲ့ အမှားမဟုတ်ပါဘူး။” ချန်လွေ့က သူ့ညီမကို ပြုံးပြီး ကြည့်လိုက်သည်။ “ဒီကိစ္စကို လောလောဆယ် လျှို့ဝှက်ထားဖို့ သူ့ကို ပြောခဲ့တာပါ။”

လက်ဇ်က သွေးမျိုးဆက် စွမ်းအားကို သေသေချာချာ ခံစားမိပြီး ခေါင်းကို အနည်းငယ် ညိတ်လိုက်သည်။ “ဖရီယာ၊ သမီး အရင်သွားပြီးတော့ ယူဆယ် ကို သတိထားစောင့်ကြည့်ဖို့ ပြောလိုက်။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ ငါ့ဆီကို ချဉ်းကပ်ခွင့်မပြုဘူး။”

ဖရီယာက ချန်လွေ့ကို အားပေးသည့် အကြည့်တစ်ချက် ကြည့်ပြီးနောက် အရိုအသေပြုကာ ထွက်ခွာသွားသည်။

ဖရီယာ ထွက်သွားပြီးနောက် လက်ဇ်က မေးလိုက်သည်။ “အာသာ၊ ဘာတွေဖြစ်ခဲ့တာလဲ။ မင်း ဒီရက်ပိုင်း ဘယ်မှာနေခဲ့တာလဲ။”

“ဘယ်နေရာလဲဆိုတာကိုတော့ မသိပါဘူး။ ဒါပေမယ့် အဲဒါက ငရဲလိုနေရာ တစ်ခုဆိုတာပဲ ကျုပ်သိတယ်။ ကံကောင်းလို့သာ အသက်နဲ့ ဝိညာဉ် မပျက်စီးခဲ့တာ။ ကျုပ်အသက်ကို ကယ်ဖို့အတွက် ကြီးလေးတဲ့ တန်ဖိုးတစ်ခု ပေးဆပ် ခဲ့ရတယ်။ အစောင့်အရှောက် သုံးဦးလုံး ကျဆုံးခဲ့ရတယ်။”

“မင်းရဲ့ အစောင့်အရှောက် သုံးဦးရဲ့ စွမ်းအားနဲ့တောင်... သူတို့အားလုံး သေသွားတယ်၊ ဟုတ်လား” လက်ဇ် အလွန် အံ့အားသင့်သွားသည်။ မူလက သူ့အထင်တွင် ပျင်းရိသော ပုံစံနှင့် ဝိုင်ပုလင်းကို ကိုင်ထားသည့် အဆင့်မြင့် အစွမ်းထက်ပုဂ္ဂိုလ်က အသန်မာဆုံး အစောင့်အရှောက် ဖြစ်မည်ဟု ထင်ခဲ့သည်။ ထူးခြားသော ကြက်သွန်နီပင်လျှင် သာမန် သူတော်စင်အဆင့် စွမ်းအားရှင်များကို တုန်လှုပ်စေနိုင်သောစွမ်းအား ရှိသည်။ အမျိုးသမီး၃ဦးကမူ အများကြီး နိမ့်ကျပေသည်။

သို့သော် ပရိုယိုဆီမှ သတင်း ရရှိပြီးနောက် အမှန်တကယ် အသန်မာဆုံး အစောင့်အရှောက်မှာ မျက်နှာလွှားနှင့် လျို့ဝှက် ဆန်းကြယ်သော အမျိုးသမီး ဇိုလာ ဖြစ်ကြောင်းနှင့် သူက ‘အာသာ’ ၏ မိန်းမဖြစ်ကြောင်းလည်း သိလိုက်ရသည်။

အာသာမှာ တကယ်ပဲ ဒီလောက် အစွမ်းထက်တဲ့ မိန်းမတစ်ယောက် ရှိနေတယ်။

မယုံနိုင်စရာ အကောင်းဆုံးမှာ ထိုမျှ စွမ်းအားကြီးသော အစောင့်အရှောက် သုံးဦးစလုံး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ‘အာသာ’ ကြုံတွေ့ခဲ့ရသော အခြေအနေက မည်မျှ အန္တရာယ်ရှိကြောင်း တွေ့မြင်နိုင်၏။

“ဟုတ်ပါတယ်။ သူတို့အားလုံး သေဆုံးခဲ့ရပေမယ့် အလကားတော့ သေဆုံးခဲ့ရတာမဟုတ်ပါဘူး။” ချန်လွေ့၏ မျက်နှာတွင် မည်သည့်စိတ်ခံစားချက်မှ မပေါ်ဘဲ သူ့အကြည့်က ရေခဲကဲ့သို့ အေးစက်နေသည်။ လက်ဇ်ပင်လျှင် အေးစက်မှုကို ခံစားလိုက်ရ၏။

လက်ဇ်က အကြောင်းအရာကို တိတ်တဆိတ်ပြောင်းလိုက်သည်။ “မင်း ဘာလို့ မင်္ဂလာပွဲကို ငြင်းလိုက်တာလဲ။”

“ကျုပ် မဟာဆရာသခင် ချီချူနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်တုန်းက အရှင်မင်းကြီး ကျုပ်ကို စကားပြောဖို့ ခဏနေခိုင်းခဲ့တာ မှတ်မိသေးတယ်။” ချန်လွေ့၏ အေးစက်သော မျက်လုံး တဖြည်းဖြည်း နူးညံ့လာခဲ့သည်။ “မသွားခင်မှာ အရှင်မင်းကြီး ကျုပ်ကို မေးခွန်းတစ်ခု မေးခဲ့တယ်။”

“ငါ မေးခဲ့တဲ့ မေးခွန်းက ‘မင်းဘာလိုချင်လဲ’ ဆိုတာပဲ။” လက်ဇ်က မှတ်ဉာဏ်ကောင်းရာ ချက်ချင်းပင် သတိရလိုက်သည်။ သူက ခနဲ့တဲ့တဲ့နှင့် အေးစက်စက် ရယ်လိုက်သည်။ “လူအများရှေ့မှာ မင်္ဂလာပွဲကို ငြင်းပယ်တာ၊ အင်ပါယာနှစ်ခုကြား ပဋိပက္ခဖြစ်စေတာ... ဒါက မင်း လိုချင်တာလား။”

“မဟုတ်ပါဘူး။ ဒါက ကျုပ် လိုချင်တာ မဟုတ်ဘူး... ဒါက အရှင်မင်းကြီး လိုချင်တာ ဖြစ်နိုင်တယ်။” ချန်လွေ့ ခေါင်းခါလိုက်ပြီး အံ့အားသင့်စရာ ကောင်းသော စကားတစ်ခွန်းကို ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ..” လက်ဇ်က လက်ရန်းကို အားပြင်းပြင်းနှင့် ရိုက်လိုက်သည်။ အထူးသတ္တုက အသံ ထွက်ပေါ်လာပြီး သူက ဒေါသတကြီးနှင့် ပြောလိုက်သည်။ “မင်း ဘာကို ဆိုလိုတာလဲ။”

“အရှင်မင်းကြီး မှတ်မိသေးလား။ ကျုပ် အရှင်မင်းကြီးကို တစ်ချိန်က ပြောခဲ့ဖူးတယ်။ ‘ကျုပ် ပြန်ပေါ်လာတာ မူလဟန်ချက်ကို ပျက်ပြားစေမယ်၊ ပြီးတော့ တခြားအရာတွေပါ ဖြစ်လာ နိုင်ပါတယ်၊ ဒါပေမယ့် အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုကို မလှုပ်ခါစေရဘူးလို့ ကတိပေးတယ်။ ပိုပြီးတော့တောင် အားကောင်းလာအောင် လုပ်ပေးမယ်’ လို့ ပြောခဲ့တာလေ။”

“မင်း အဲဒီလို ပြောခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် မင်း အခု လုပ်နေတာ ဟန်ချက် ပျက်ပြားအောင် လုပ်နေတာပဲ။ ခင်ပွန်းသေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦး၊ ‘အချစ်ဟောင်း’ ဆိုတာအတွက်နဲ့ မင်းကို ၇နှစ်ကြာ စောင့်ခဲ့တဲ့ စေ့စပ်ထားသူကို စွန့်ပစ်ပြီး ကျက်သရေပြာအင်ပါယာရဲ့ ဘုရင် ခလွန်တာကို ပါးရိုက်ခဲ့တာလား။”

လက်ဇ်၏ မဖုံးကွယ်ထားသော ဒေါသကို ရင်ဆိုင်ရင်း ချန်လွေ့က ပြုံးပြီး ခေါင်းခါလိုက်သည်။ “လန်ဘိစ်က ကျုပ်ကို ၇နှစ် စောင့်ခဲ့တာ မဟုတ်ပါဘူး။ ကျုပ်ကို အရှင်မင်းကြီးက ၇နှစ် ‘စောင့်ခိုင်းခဲ့တာ’ပါ။ ဒီ၇နှစ်အတွင်းမှာ သူက အတွေ့အကြုံ မရှိသေးတဲ့ ကောင်မလေးတစ်ယောက်ကနေ အငြင်းပွားဖွယ်ရာ တိုက်ပွဲတွေ ကြားထဲမှာ တစ်ဆင့်ပြီးတစ်ဆင့် တက်လာပြီး ပလ္လင်အတွက် အားကောင်းတဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်လာခဲ့တယ်။ ကျုပ်ရဲ့အထင်အရ... အရှင်မင်းကြီးရဲ့ နောက်ကွယ်က တိုက်တွန်းမှုက အထူးသဖြင့် သူရဲ့ အစောပိုင်းအဆင့်တွေမှာ သိသာတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့မှာပါ။ ကျက်သရေပြာအင်ပါယာက အင်အားကြီးပေမယ့် အင်အား တောင့်တင်းတဲ့ ရဲတိုက်ကို အတွင်းကနေပဲ သိမ်းပိုက်ရတတ်တယ်။ ဒီရှုထောင့်ကဆိုရင် အရှင်မင်းကြီးက ကြိုတင်စဉ်းစားထားတဲ့ အစီအစဉ် တစ်ခုကို လုပ်ခဲ့တာပဲ။”

လက်ဇ်၏ ဒေါသ တဖြည်းဖြည်း ငြိမ်သက်သွားပြီး ချန်လွေ့ကို စကားမပြောဘဲ စိုက်ကြည့်နေသည်။ သူ၏ လက်ညှိုးက လက်ရန်းပေါ်တွင် ဆက်လက် ခေါက်နေသည်။ ၎င်းက ပုံမှန်အားဖြင့် အခြေအနေနှစ်ခု၌သာ ဖြစ်တတ်သော အလေ့အကျင့်တစ်ခု ဖြစ်သည်။ ပထမက စိတ်မငြိမ်မသက် ဖြစ်နေခြင်းဖြစ်ပြီး၊ ဒုတိယက သတ်ဖြတ်လိုစိတ်ပင်။

“ဒါပေမယ့် ဒီနှစ်တွေမှာ လန်ဘိစ် ပြသခဲ့တဲ့ စွမ်းရည်နဲ့ သတ္တိတွေက ‘ရည်မှန်းချက်’လို့ ခေါ်တဲ့ အရာ တစ်ခုလည်း ပါဝင်နေပြီးတော့ ဒါက အရှင်မင်းကြီး မျှော်လင့်ထားတာထက် ကျော်လွန်သွားခဲ့ပြီးတော့ ထိန်းချုပ်ရ ပိုခက်လာတယ်။ သူက ကျက်သရေပြာအင်ပါယာကို အမှန်တကယ် ဆက်ခံနိုင်ရင် အဲဒီရဲတိုက်ကို အနိုင်ယူဖို့ ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်။ အဲဒါကို ဖော်ပြဖို့အတွက် မရင်းနှီးတဲ့ စကားစုတစ်ခုကို သုံးရရင်တော့ ‘တခြားသူအတွက် မင်္ဂလာဝတ်စုံ လုပ်ပေးတာ’ လိုမျိုးပဲ။ ဒါကြောင့် ကျုပ် ပြန်လာပြီးတဲ့နောက်မှာ အရှင်မင်းကြီးက ကျက်သရေပြာ အင်ပါယာနဲ့ လက်ထပ်ဖို့ ကိစ္စကို ချက်ချင်း ပြန်လည် စတင်ခဲ့တယ်။ ဒီလို ဆုံးဖြတ်ချက် တစ်ခုတည်းနဲ့တင် ကျက်သရေပြာအင်ပါယာရဲ့ နိုင်ငံရေး အခြေအနေကို ပြန်ပြောင်း ပစ်လိုက်တယ်။ မင်္ဂလာပွဲ မအောင်မြင်ရင်တောင် အရာအချို့ကို ပိုထိန်းချုပ်နိုင်မယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အချို့အရာတွေကို ကြိုမမြင်နိုင်ဘူး။ အခု လန်ဘိစ်က ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တက်လာခဲ့ပါပြီ။ အရှင်မင်းကြီး အတွက် နည်းလမ်းဟောင်းတွေကို ထပ်ခါတလဲလဲ လုပ်ဖို့ ခက်ခဲလိမ့်မယ်။”

“ဆက်ပြော။” လက်ဇ်၏ မျက်လုံး အနည်းငယ် အရောင်တောက်လာပြီး သူ၏ လက်ချောင်းများက ပုံမှန် စည်းချက်အတိုင်း ခေါက်နေသည်။

ချန်လွေ့က ပြောလိုက်သည်။ “လူတွေရဲ့ ဆန္ဒတွေဟာ အဆုံး မရှိဘူး။ အထူးသဖြင့် အာဏာနဲ့ ထိန်းချုပ်လိုစိတ်တွေပဲ။ အရှင်မင်းကြီးရဲ့ ရည်မှန်းချက်က အမြဲတမ်း ကြီးမားနေခဲ့တယ်။ နဂါးလင်းလက်အင်ပါယာက သိဒ္ဓိအင်ပါယာ နှစ်ခုထဲက တစ်ခု ဖြစ်ပေမယ့် အရှင်မင်းကြီးကို ကျေနပ်အောင် မလုပ်နိုင်ဘူး။ ဒါတွေက ကျုပ်ရဲ့ ထင်မြင်ချက် သက်သက်ပါ။ စော်ကားမိရင် ခွင့်လွှတ် ပေးပါ။ အရှင်မင်းကြီး။”

“မင်းရဲ့ပံုစံကို ကြည့်ရတာ ‘စော်ကားတာ’ ဖြစ်ဖြစ် ‘ခွင့်လွှတ်တာ’ ဖြစ်ဖြစ် ဂရုစိုက်တဲ့ပုံ မပေါ်ဘူး။” လက်ဇ်က ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။ “ဒါတွေ အားလုံးက မင်းရဲ့ ထင်မြင်ချက်တွေလား။”

“အခု အရှင်မင်းကြီးရဲ့ အကြည့်က အကျပ်အတည်း တစ်ခုခု ဖြစ်နေတယ် ဆိုတာကို ပြောနေတယ်။ တကယ်တော့ ဒီလို ဆန့်ကျင်ဘက် အခြေအနေက အမြဲတမ်းရှိနေတာပါ။ ပထမဆုံးအနေနဲ့ ဖခင် တစ်ဦးအနေနဲ့ အရှင်မင်းကြီးက ကိုယ့်ရဲ့ သားသမီးတွေ အကောင်းဆုံး ဖြစ်စေဖို့နဲ့ ကိုယ့်ကိုတောင် ကျော်လွန်ဖို့ မျှော်လင့်နေမှာပါ။” ချန်လွေ့က လက်ဇ်၏ ပြင်းထန်သော အကြည့်ကို ဂရုမစိုက်ပေ။ “ဒါပေမယ့် အုပ်စိုးသူတစ်ဦးအနေနဲ့... သားသမီးတွေက အင်ပါယာကို ဆက်ခံဖို့ အကောင်းဆုံးစွမ်းရည်တွေ ရှိဖို့ မကြာခဏ မျှော်လင့်တတ်ပေမယ့် သူတို့က ကိုယ့်နေရာကို ခြိမ်းခြောက် နိုင်လောက်အောင် တော်မှာကိုလည်း စိုးရိမ်နေသေးတယ်။ ကျုပ်ပြောတာ မှန်တယ်မလား။ ‘ခမည်းတော်’”

လက်ဇ်က မျက်မှောင်ကြုတ် လိုက်သည်။ “အဲဒီ အချိန်ကတည်းက ၇နှစ်အတွင်း မင်း ငါ့ကို ‘ခမည်းတော်’ လို့ ပထမဆုံးအကြိမ် ခေါ်တာပဲ။ မင်းရဲ့ လေသံက မခနဲ့တာမျိုး မဟုတ်ရင် ငါပိုပျော်မိမှာ။”

“အရှင်မင်းကြီးက ဒီအခေါ်အဝေါ်ကို တကယ်ပဲ ဂရုစိုက်တာလား။ အရှင်မင်းကြီးက အမြဲတမ်း ထိန်းချုပ်လိုစိတ် ပြင်းပြတဲ့ အုပ်စိုးသူ တစ်ဦး ဖြစ်နေခဲ့တယ်။ နဂါးလင်းလက် အင်ပါယာကို လုံးဝလွှမ်းမိုးထားတာ ကြည့်ရင် သိသာပါတယ်။ အရာ အားလုံးမှာ နှစ်ဖက်ရှိတယ် ဆိုတာ ရှိပါတယ်။ ထိန်းချုပ်လိုစိတ်ကြောင့်ပဲ အရှင်မင်းကြီးက အရာရှိတွေနဲ့ သားတော်တွေကိုတောင် အရှင်မင်းကြီး မသိစိတ်က သတ်မှတ်ထားတဲ့ လမ်းကြောင်းနဲ့ နယ်ပယ်ထဲမှာပဲ ရှိစေချင်တာ။ ဒီနယ်ပယ်ကို ကျော်လွန်သွားပြီ ဆိုတာနဲ့ အရှင်မင်းကြီးက ‘ခြိမ်းခြောက်မှု’ ဒါမှမဟုတ် ‘အမှား’ လို့ထင်ပြီး ‘ပြင်ဖို့’ ကြိုးစားတယ်။ မင်းသား တစ်ယောက်အနေနဲ့ ကျုပ်က ‘ခမည်းတော်’ မျှော်မှန်း ထားတာထက် အများကြီး ပိုတော်နေတယ်။ အချို့ နယ်နိမိတ်ကိုတောင် ကျော်လွန်သွားခဲ့ပြီ။ ကျုပ်က လန်ဘိစ် လိုမျိုး ‘အစွမ်းထက်တဲ့အကူအညီ’ တစ်ယောက်နဲ့ တကယ် လက်ထပ်လိုက်မယ် ဆိုရင်၊ ထိန်းချုပ်မှုကနေ လွတ်သွားတာနဲ့ ‘ခမည်းတော်’ စိတ်အေးဖို့ ပိုခက်ခဲလာမှာပါ။ အရှင်မင်းကြီးက ကျုပ်ကို ထူးချွန်စေချင်ပေမယ့် အရမ်းကြီး ထူးချွန်စေချင်တာ မဟုတ်ဘူး။ အရှင်မင်းကြီးက မင်္ဂလာပွဲကနေတဆင့် လန်ဘိစ်က နဂါးလင်းလက်အင်ပါယာကို ခြိမ်းခြောက်နိုင်မယ့် အနာဂတ် အန္တရာယ်ကို သတ်ပစ်ချင်တယ်။ ဒါပေမယ့် ကျုပ်နဲ့ လန်ဘိစ် ပေါင်းစည်း လိုက်တာက အရှင်မင်းကြီးရဲ့ ရာဇပလ္လင်ကို လှုပ်ခါသွားမှာကိုလည်း စိုးရိမ်နေသေးတယ်။ အုပ်စိုးသူတစ်ဦး အနေနဲ့ ဒီလိုဒွိဟ ဖြစ်နေတာကို နားလည်နိုင်ပေမယ့် အရှင်မင်းကြီး မပင်ပန်းဘူးလား။ အရာအားလုံးက အရှင်မင်းကြီးရဲ့ ထိန်းချူပ်မှု ဘောင်အတိုင်း တကယ်ဖြစ်လာတယ် ဆိုရင် ‘ပုံသွင်းခံရတဲ့’ လူတစ်ယောက်က ဒီအင်ပါယာကို အမှန်တကယ် ဆက်ခံနိုင်မယ်လို့ အရှင်မင်းကြီး ထင်လား။”

“မင်း ဒီအထိ ‘မှန်းဆ’ နိုင်တာက ထင်ထားတာထက် တကယ်ကို ပိုကောင်းတယ်။” လက်ဇ်က ပင့်သက် ရှိုက်လိုက်သည်။ “မင်းသာ ငါ့ဆီကနေ အာဏာကို တကယ် ဆက်ခံနိုင်ခဲ့ရင် အောင်မြင်မှုတွေ အများကြီး ပိုရှိတဲ့ အုပ်စိုးသူတစ်ဦး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနေ့အထိ စောင့်နိုင်ဖို့က အဓိကပဲ။ တော်တဲ့မင်းသားတွေ အများကြီး ရှိနိုင်ပေမယ့် နောက်ဆုံး အုပ်စိုးသူကတော့ တစ်ဦးတည်းပဲ ရှိနိုင်မယ်။ မင်းက လုခ်နဲ့ ဂါဖီးလ်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ ဉာဏ်ပိုကောင်းတယ်။ မင်းကို စိတ်မရှည်တဲ့ လူမိုက် တစ်ယောက်လို့ ငါ မထင်ပါဘူး။ ငါ စမ်းသပ်လေလေ၊ မင်းကို ပိုပြီး မမြင်နိုင်လေလေပဲ။ ငါ နားမလည်ဘူး။ မင်း ဘာလို့ ဒီလို ပွင့်ပွင့်လင်းလင်း ပြောချင်တာလဲ။ လုခ်လိုမျိုး ဘာလို့ မထိန်းချုပ် နိုင်ရတာလဲ။”

“နားလည်သင့်တာကို နောက်ဆုံး နားလည်လာမှာပါ။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။ ထို့နောက် သူက လက်ဇ် နားမလည်နိုင်သော စကားပုံ တစ်ခုကို ပြောလိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာ ပြသလိုက်သည်။ “ဒါဆို အရှင်မင်းကြီးပြောတဲ့ စမ်းသပ်မှုက... ကျောက်နက်တောင်က ချုံခိုတိုက်ခိုက်မှုကို ပြောတာလား။”

ထိုစကားများ ထွက်လာသည်နှင့် လက်ဇ်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ လက်ရန်းပေါ် ခေါက်နေသော သူရ၏ လက်ညှိုးကလည်း ရုတ်တရက် ရပ်တန့် သွား၏။

All Chapters