← Chapters

မတည်ငြိမ်သော အခြေအနေ

Vol. 62 Ch. 1007

မတည်ငြိမ်သော အခြေအနေ

Vol. 62 Ch. 1007

လက်ထပ်ရန် ငြင်းဆိုမှုနှင့် ပျောက်ဆုံးမှု ဆက်တိုက် ဖြစ်ပြီးနောက် ‘မင်းသားအာသာ’သည် မဟာဆရာသခင် ဖြစ်လာပြီးနောက် ထပ်မံ၍ လူသိများသော ‘ဩဇာရှိသူ’ တစ်ဦး ဖြစ်လာခဲ့သည်။

သိပ်မကြာခင်တွင် ထို ‘ဩဇာရှိသူ’ နှင့် ပတ်သက်သော နောက်ဆုံးရ သတင်းများ ထွက်ပေါ်လာခဲ့သည်။ အချိန်အတော်ကြာ ပျောက်ဆုံး နေခဲ့သော မင်းသား အာသာက နောက်ဆုံးတွင် ရွှေရောင်နယ်မြေ၌ ပြန်လည်ပေါ်လာခဲ့သည်။

ယခုတစ်ခေါက်တွင် ‘အာသာ’က သိဒ္ဓိကျောင်းတော်၏ အကူအညီဖြင့် လျှို့ဝှက်ဆန်းကြယ်သော အင်အားစု တစ်ခု၏ ပြန်ပေးဆွဲခြင်းမှ လွတ်မြောက်ကာ ရွှေရောင်နယ်မြေသို့ လိုက်ပါပို့ဆောင်ခဲ့သည်။ ထို့ကြောင့် နဂါးလင်းလက်အင်ပါယာမှ မဟာလက်ဇ်က သိဒ္ဓိကျောင်းတော်အား လူသိရှင်ကြား ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

‘အာသာ’၏ ပြောဆိုချက် အရ ထိုအတွေ့အကြုံမှည သူ့အတွက် မေ့မရနိုင်သော အိပ်မက်ဆိုးတစ်ခု ဖြစ်ပြီး သူ၏ အစောင့်အရှောက် များနှင့် သူချစ်ရသော အမျိုးသမီးများ အားလုံး ထိုအိပ်မက်ဆိုးထဲတွင် သေဆုံးခဲ့ကြသည်။

ဝမ်းနည်းကြောင်း ဖော်ပြရန် လာရောက်ကြသည့် အနီးနားရှိ အင်ပါယာကိုယ်စားလှယ်များအပြင် ကျက်သရေပြာအင်ပါယာကလည်း နဂါးလင်းလက်အင်ပါယာဆီသို့ သံအမတ် စေလွှတ်၍ မင်းသား ‘အာသာ’အား ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိရန် အချိန်အတော်ကြာ ယူခဲ့ရသော မင်းသား အာသာသည် ကျက်သရေပြာ အင်ပါယာတွင် လူသိရှင်ကြား လက်ထပ်ရန် ငြင်းဆိုခဲ့သော မင်းသမီး လန်ဘိစ်အား လူသိရှင်ကြား တောင်းပန်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ထို့ပြင် သူ၏ ကိုယ်ပိုင်အမည်ဖြင့် မှော်ဂိမ်း ခေါင်းစွပ်၏ ထုတ်လုပ်မှုလမ်းကြောင်း တဝက်ကို လန်ဘိစ်အား လျော်ကြေး အဖြစ် အခမဲ့ လှူဒါန်းခဲ့သည်။

မှော်ဂိမ်းခေါင်းစွပ်က သိဒ္ဓိကျောင်းတော်မှ ဖန်တီးထားသော အထူးစံထုတ်ကုန်တစ်ခု ဖြစ်သည်။ အကယ်၍ ၎င်းက အတုအယောင် ဖြစ်ပါက ဂိမ်းပုံရိပ်ယောင်နှင့် ချိတ်ဆက်၍ မရနိုင်ဘဲ ဂိမ်းကစားချိန် ဝယ်ယူရန် ငွေ့ဖြည့်၍ မရနိုင်ပေ။ ၎င်းကို တစ်ဦးတည်းမူပိုင် လုပ်ငန်း တစ်ခုဟု ဆိုနိုင်သည်။

ယခုအခါ အာသာက ထုတ်လုပ်မှု လမ်းကြောင်း တဝက်ကို အခမဲ့ ပေးအပ်လိုက်ခြင်းက မင်းသမီး လန်ဘိစ်အား ငွေကြေးအများအပြား တိုက်ရိုက်ပေးလိုက်ခြင်းနှင့် တူညီ၏။ ထို‘လွှဲပြောင်းမှု’ ကို သိဒ္ဓိကျောင်းတော် မှ အတည်ပြုခဲ့သည်။

‘ခံစားချက်’များကို လျစ်လျူရှုပြီး ‘အကျိုးအမြတ်’ ကိုသာ ပြောမည် ဆိုပါက ၎င်းသည် အကြီးမားဆုံး နစ်နာသူဖြစ်သော မင်းသမီး လန်ဘိစ် အတွက် ကောင်းမွန်သော လျော်ကြေး တစ်ခု ဖြစ်သည်။ အာသာထံမှ ရှင်းပြချက်ကို တောင်းဆိုနေသော ကျက်သရေပြာအင်ပါယာ အတွက်မူ သင့်လျော်သော ရှင်းပြချက် တစ်ခု ရရှိခြင်း ဖြစ်သည်။

အမှန်တကယ်၌ ထိုအရာက လျော်ကြေးနှင့် ရှင်းပြချက် မဟုတ်ဘဲ ‘လက်မထပ်ရသေးသောစုံတွဲ’အတွက် အပေးအယူ တစ်ခု ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်ထားကြမည် မဟုတ်ပေ။

‘လျော်ကြေး’ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် မူလက ‘မင်းသားအာသာ ၏သုံးပွင့်ဆိုင်’ အချစ်ဇာတ်လမ်းက ပို၍ ပို၍ လူကြိုက် များလာပြီး ဗားရှင်းမျိုးစုံသို့ ပြောင်းလဲသွား၏။ အကြီးဆုံး အကျိုးအမြတ် ရရှိသူမှာ သေချာပေါက် လန်ဘိစ် ဖြစ်ပြီး သူသည် တသက်လုံး လက်မထပ် တော့ဟု ကတိပြုပြီးနောက် လူထု၏ စာနာမှုကို ရရှိရုံသာမက အင်အားစု များစွာသို့ သူ၏ ရပ်တည်ချက်ကို ဖော်ပြနိုင်ခဲ့ပြီး ထောက်ခံမှု ပိုမို ရရှိခဲ့သည်။ အကြီးဆုံး ‘နစ်နာသူ’ မှာ ကျက်သရေပြာ အင်ပါယာ၏ ဒုတိယ မင်းသား ဗစ်တာ ဖြစ်သည်။ လန်ဘိစ် သည် ထိုလက်ထပ်ရန် ငြင်းဆိုမှု ပြဇာတ်တွင် အရေးပါသော ပြောင်းပြန် လှန်မှုကို ရရှိခဲ့ပြီး ထိုငွေကြေးဖြင့် ပို၍ပင် အစွမ်းထက်လာခဲ့သည်။

စိတ်မကောင်း ဖြစ်နေသော နောက်ထပ် ဒုတိယမင်းသားတစ်ဦးမှာ နဂါးလင်းလက်အင်ပါယာမှ ဂါဖီးလ်ပင်။ မူလက ငှက်ကျား အသိုက်ကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားပြီး ကြွယ်ဝသော ရွှေရောင်နယ်မြေကို သူ့ရဲ့ပြဿနာ အဖြစ် အမြဲ သတ်မှတ်ထားခဲ့သည်။ မမျှော်လင့်ဘဲ အာသာသည် ၇နှစ်အကြာ ပျောက်ဆုံးပြီးနောက် ပြန်ပေါ်လာခဲ့ပြီး ဝင်ငွေအရင်းအမြစ်ကြီးကို ချက်ချင်း ပြန်လည်သိမ်းယူခဲ့သည်။ သူက သူ့လက်အောက်ခံ ဆမ်မြူရယ်ကို လှုံ့ဆော်ခဲ့ပြီး သူ့ကို (သူကိုယ်တိုင် ယူဆထား) ကြီးလေးသော ထိခိုက်မှု ဖြစ်စေခဲ့သည်။ ၎င်းသည် သူ၏ အရေးအကြီးဆုံး လုပ်ဆောင်ချက် များထဲမှ တစ်ခုကို ယခုအချိန်အထိ အပြည့်အဝ ပြန်လည် မကောင်းမွန် စေသေးပေ။ ထိုအရာက လုံးဝကို ရွံရှာဖွယ် ကောင်းသော မုန်းတီးမှု တစ်ခုပင်။

ဂါဖီးလ် ဘာမှ မလုပ်ခဲ့သည်တော့ မဟုတ်ပေ။ သို့သော် ထိုလှည့်ကွက်များက ယခုအခါ ရယ်စရာတစ်ခု ဖြစ်နေလေပြီ။ သူက ရွှေရောင်နယ်မြေကို ‘အာသာ’၏ လက်ထဲတွင် လျင်မြန်စွာ ကြီးထွား လာသည်ကိုသာ ကြည့်နေရသည်။

ရွှေရောင်နယ်မြေက ပို၍ ပို၍ ဖြစ်ထွန်းစည်ပင်လေလေ၊ ဂါဖီးလ်က ပို၍ ပို၍ ရှက်လေလေ ဖြစ်သည်။ ‘အာသာ’က ကျက်သရေပြာ အင်ပါယာတွင် လက်ထပ်ရန် ငြင်းဆိုပြီး ပျောက်ဆုံးသွားကာ သေမှန်းမရှိ၊ ရှင်မှန်းမသိ မသေချာ မရေရာ ဖြစ်နေသည်ကို ကြားသောအခါ ဂါဖီးလ်သည် အလွန် ဝမ်းမြောက်သွားခဲ့သည်။ သူက ရွှေရောင်နယ်မြေကို ‘သူ့ကိုယ်စား’ စီမံခန့်ခွဲခွင့်ပြုရန် မဟာလက်ဇ်အား ချက်ချင်း တောင်းဆိုခဲ့သည်။

ဂါဖီးလ် သာမက လုခ်လည်း တက်ကြွစွာ ပါဝင်ခဲ့သည်။ ထိုနှစ်ဦးက လျှို့ဝှက်စွာ အကြိမ်များစွာ တိုက်ခိုက် ခဲ့ကြသော်လည်း မဟာလက်ဇ်မှ အားလုံး ပယ်ချခဲ့သည်။

နောက်ဆုံး တောင်းဆိုမှုတွင် မဟာလက်ဇ်၏ လေသံ အနည်းငယ် ပျော့ပြောင်းလာခဲ့သည်။ အကြောင်းမှာ နယ်မြေတစ်ခုက အချိန်အကြာကြီး အုပ်ချုပ်သူရှိဘဲ မဖြစ်၍ပင်။ အထူးသဖြင့် ရွှေရောင်နယ်မြေ ကဲ့သို့သော ကြီးမားသည့် နယ်မြေအတွက် ဖြစ်သည်။ ဂါဖီးလ်သည် ပို၍ ကြိုးစားပြီး လုခ်ထက် ရွှေရောင်နယ်မြေကို တစ်လှမ်းစော၍ သိမ်းပိုက်တော့မည် ဖြစ်သော်လည်း ထိုအချိန်တွင် ‘အာသာ’က ထပ်မံ ပေါ်လာခဲ့သည်။ ထို့ပြင် သူက ရွှေရောင်နယ်မြေ၏ အကျိုးအမြတ် အချို့ကို ကျက်သရေပြာအင်ပါယာမှ ထိုအမျိုးသမီးအား အမှန်တကယ် ပေးလိုက်သည်။ ရွှေရောင်နယ်မြေကို ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ် ထားသော ဂါဖီးလ်အတွက် ၎င်းသည် သူ၏ အသားကို လှီးဖြတ်လိုက် သကဲ့သို့ ဖြစ်နေသည်။

သို့သော် ဂါဖီးလ် မည်မျှပင် နာကျင်သည်ဖြစ်စေ၊ ‘အာသာ’ ၏ ပေါ်လာခြင်းက သူ၏ ယခင်က ကြိုးစားအားထုတ်မှုများ အချည်းနှီးဖြစ်သွားကြောင်း ဖော်ပြနေသည်။ ဂါဖီးလ်က မုန်းတီးနေသော်လည်း အကူအညီ မဲ့နေ၏။

‘အာသာ’သည် မင်းသားတစ်ပါး ဖြစ်ရုံသာမက ကမ္ဘာကျော် ယန္တရား မဟာဆရာသခင်လည်းဖြစ်ပြီး ကျောင်းတော်နှင့်လည်း အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိသည်။ သူ၏ တောက်ပမှုက ဂါဖီးလ်နှင့် လုခ်ကို ကျော်လွန်နေ၏။ လက်ထပ်ရန် ငြင်းဆိုမှု ရှိသော်လည်း သူသည် ရာဇပလ္လင်ကို ဆက်ခံရန် ရေပန်း အစားဆုံး ဖြစ်သည်။ ၎င်းသည် ဂါဖီးလ် ယခုလက်ရှိ လှုပ်ခါနိုင်သော အရာ မဟုတ်ပေ။

မကြာမီ ဂါဖီးလ်အတွက် သတင်းကောင်းတစ်ခု ရောက်လာခဲ့သည်။ မဟာလက်ဇ်က ‘အာသာ’သည် သူ့ခွင့်ပြုချက် မရဘဲ မှော်ခေါင်းစွပ်၏ ထုတ်လုပ်မှု လမ်းကြောင်း တဝက်ကို မင်းသမီး လန်ဘိစ်အား ‘လျှို့ဝှက်စွာ’ ပေးအပ် လိုက်ခြင်းကို အလွန် မကျေမနပ် ဖြစ်နေသည်။ ရွှေရောင်နယ်မြေသည် ‘အာသာ ၏နယ်မြေ ဖြစ်သော်လည်း ၎င်းသည် နဂါးလင်းလက်အင်ပါယာ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ရွှေရောင်နယ်မြေ၏ အကျိုးစီးပွားက နဂါးလင်းလက်အင်ပါယာ၏ အကျိုးစီးပွားနှင့် တူညီသည်။ ‘အာသာ’၏ အပြုအမူက ကိုယ်ရေးကိုယ်တာ အချက်များကြောင့် အင်ပါယာ၏ အကျိုးစီးပွားကို အခြားအင်ပါယာသို့ ‘ရောင်းချခြင်း’ နှင့် တူညီပြီး ၎င်းသည် အလွန် အလေးအနက် ထားရမည့် ကိစ္စဖြစ်သည်။

အစဉ်အလာအရ မှော်ဂိမ်းနှင့် နဂါးဝါဝိုင် နှစ်မျိုးစလုံးက ‘အာသာ’ ၏ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့ကို ‘အာသာ’ ကိုယ်တိုင် ကြော်ငြာပြီး ဖန်တီးခဲ့လေသည်။ အဓိကအချက်မှာ ထိုအကျိုးအမြတ်က အလွန် အံ့သြဖွယ်ကောင်းလှ၍ လူအများက လိုချင်တပ်မက်နေသောကြောင့်ပင်။

ထို့ကြောင့် မဟာလက်ဇ်က ‘အာသာ’ကို ရယ်ရိုဒီရှာသို့ ခေါ်ယူပြီး ဆူပူကာ ထိုဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းရန် အမိန့်ပေးခဲ့သော်လည်း ‘အာသာ’က ငြင်းပယ်ခဲ့သည်။ ထုတ်လုပ်မှု လမ်းကြောင်း လွှဲပြောင်းမှုကို လူသိရှင်ကြား ကြေညာခဲ့ပြီး သိဒ္ဓိကျောင်းတော် မှလည်း အတည်ပြုထားပြီးသား ဖြစ်သည်။ သူ၏စကားကို ပြန်လည် ရုပ်သိမ်းပါက ဂုဏ်သိက္ခာ ကျဆင်းသွားမည် ဖြစ်သည်။ ‘အာသာ’သည် လန်ဘိစ် အတွက် အပြစ်ရှိကြောင်း ခံစားမိသောကြောင့် သူ့ကို ပြန်ပေးဆပ်ခြင်း ဖြစ်သည်။

ထိုအတင်းအကျပ် တောင်းဆိုမှု၏ အကျိုးဆက်က မဟာဘုရင် လက်ဇ် နှင့် မင်းသား ‘အာသာ’ တို့အကြား ဆက်ဆံရေးကို တင်းမာလာပြီးနောက် မဟာလက်ဇ်သည် တတိယ မင်းသားအား ကျက်သရေပြာ အင်ပါယာမှာကဲ့သို့ ပြန်ပေးဆွဲမှု ထပ်မံ မဖြစ်ပွားစေရန် တတိယမင်းသား၏ လုံခြုံရေးကို ကာကွယ်ရန် ဟူသော အကြောင်းရင်းဖြင့် သံမဏိကြေးခွံ ဗိုလ်ခြေကို ရွှေရောင်နယ်မြေသို့ စေလွှတ်ခဲ့သည်။

‘အာသာ’သည် ရွှေရောင်နယ်မြေကို ပြန်လည် ထိန်းချုပ်ခဲ့သည်။ ၎င်းသည် စီးပွားရေးကို လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက် စေခဲ့သော်လည်း အချိန်တို အတွင်း၌ အိမ်တော်ရှိ စစ်ရေး အင်အားမှာ အမြဲတမ်း အားနည်း နေခဲ့၏။ ဆမ်မြူရယ် ဦးဆောင်သော တစ်ခုတည်းသော လက်နက်ကိုင် တပ်ဖွဲ့က လက်မတင်လေး ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။ ၎င်းသည် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်နှင့် အင်အားစုငယ်များကို တားဆီးနိုင်သေးသည်။ အုပ်စုလိုက် တိုက်ခိုက်ရေးတွင်မူ ပုံမှန်စစ်တပ်၏ ပြိုင်ဘက် မဟုတ်သည်မှာ အသေအချာပင်။ ယခုတစ်ခေါက် ရွှေရောင်နယ်မြေတွင် တပ်စွဲထားသော သံမဏိကြေးခွံဗိုလ်ခြေ၏ ခေါင်းဆောင်မှာ ဒုတိယတပ်မှူး ထရီနစ်ဖြစ်ပြီး သူက ဒုတိယမင်းသား ဂါဖီးလ်၏ ယုံကြည်ရသူ တစ်ဦးလည်း ဖြစ်သည်။ လက်ဇ်၏ ရည်ရွယ်ချက်များက အတော်ပင် ထင်ရှားနေသည်။

မဟာလက်ဇ်၏ နောက်ဆက်တွဲ ထုတ်ပြန်ချက်များတွင် ရွှေရောင်နယ်မြေအပေါ် ပိတ်ဆို့အရေးယူမှုများ ပါဝင်နေသည်။ အထူး မြင့်မားသော အခွန်များ ကောက်ခံခြင်း၊ ကုန်သည်များ၏ ကုန်သွယ်ရေးကို ကန့်သတ်ခြင်း စသည်တို့ ဖြစ်သည်။

လူအများအပြားက လက္ခဏာများ မြင်တွေ့လာခဲ့ကြသည်။ ၇နှစ်ကြာ ကွဲကွာပြီးနောက် သားအဖ၊ ပို၍ တိကျစွာ ဆိုရသော် အုပ်စိုးသူနှင့် မင်းသားတို့၏ ပြန်လည်ပေါင်းစည်းမှု ‘ပျားရည်ဆမ်းကာလ’ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ နှစ်ဦးကြား ဆက်ဆံရေးက နူးညံ့ပြီး အထိမခံသော အခြေအနေ ရောက်ရှိ လာတော့မည် ဖြစ်သည်။

အုပ်စိုးသူမိသားစုတွင် အဖေနှင့်သား အာဏာအတွက် တိုက်ခိုက်ခြင်းနှင့် ညီအစ်ကိုများ အချင်းချင်း သတ်ဖြတ်ခြင်းက မဆန်းပေ။ မဟာလက်ဇ်၏ ဘုန်းတန်ခိုးနှင့် အင်ပါယာ၏ အကြွင်းမဲ့ အုပ်ချုပ်မှုက လူသိများပြီး မင်းသား ‘အာသာ’ ပြသခဲ့သော စွမ်းရည်မှာ အလွန်တောက်ပနေသဖြင့် သူ၏ဖခင်ကိုပင် ဖုံးလွှမ်းသွားခဲ့သည်။ ထို့ကြောင့် မဟာလက်ဇ် သတိထားနေခြင်းမှာ သဘာဝကျသည်။

ဂါဖီးလ်က အခွင့်ကောင်းယူပြီး မှော်ဂိမ်းနှင့် နဂါးဝါဝိုင်တို့သည် တလောကလုံးတွင် လူကြိုက်များ နေသောကြောင့် နဂါးလင်းလက် အင်ပါယာ၏ အရေးအကြီးဆုံး သယံဇာတများ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အလားတူ ‘ထုတ်လုပ်မှု လမ်းကြောင်း လက်ဆောင်ပေးခြင်း’ ကိစ္စများ ထပ်မံ မဖြစ်ပွားစေရန် အတွက် ‘အာသာ’က မှော်ဂိမ်းနှင့် နဂါးဝါဝိုင်ကို အင်ပါယာသို့ လွှဲပြောင်း ပေးသင့်ကြောင်း အကြံပြုခဲ့သည်။

ထိုအကြံပြုချက်က မဟာလက်ဇ်ကို စိတ်ဝင်စားသွားစေခဲ့သည်။ သူက ‘အာသာ’ကို အကြိမ်များစွာ ဆင့်ခေါ်ရာတွင် ထိုရည်ရွယ်ချက်ကို ပေါ်ပေါ်တင်တင် သို့မဟုတ် အရိပ်အမြွက် ဖော်ပြခဲ့သည်။ သို့သော် ထိုငွေအရင်းအမြစ် နှစ်ခုလုံးကို ‘အာသာ’ ဖန်တီးထားသည်ဟု ဆိုနိုင်သောကြောင့် အခြားသူတစ်ဦး ဖြစ်လျှင်ပင် လွယ်ကူစွာ လွှဲပြောင်းပေးမည် မဟုတ်ပေ။ ထို့ပြင် သူ့နောက်ကွယ်တွင် အကြီးမားဆုံး ထောက်ခံသူတစ်ဦးဖြစ်သည့် သိဒ္ဓိ ကျောင်းတော် ရှိနေခြင်းကိုလည်း ထည့်သွင်း စဉ်းစားရပေမည်။

ထိုအရာက ဘုရင်၏ ဘုရားပေး အခွင့်အရေးဟု ခေါ်ဆိုသောအရာ ဖြစ်သည်။ ဘုရင်သည် သူ၏ အုပ်ချုပ်မှုကို ခိုင်မာစေရန်နှင့် သူ၏ အာဏာကို အားကောင်းစေရန် ဘုရားသခင်၏ နာမတော်ကို လိုအပ်သည်။ သို့သော် ရေသည် လှေကို သယ်ဆောင်နိုင်သလို မှောက်လည်း မှောက်စေနိုင်သည်။ ဘုရင်၏ အာဏာကို ကျော်လွန်သော နတ်ဘုရားအာဏာက ဘုရင်များကို အမြဲပင် စိုးရိမ်စိတ် ဖြစ်စေခဲ့သည်။ အမှန်တကယ်၌ ဘာသာရေးခေါင်းဆောင် အုပ်ချုပ်မှုများတွင် အမြဲတစေ ဖြေရှင်းမရနိုင်သော ဒွိဟအခြေအနေ တစ်ခု ရှိနေလေသည်။

အလင်းနတ်ဘုရားကျောင်းနှင့် အဓိက အင်ပါယာများအကြား ဆက်ဆံရေးမှာလည်း အလားတူပင် ဖြစ်သည်။ သိဒ္ဓိအင်ပါယာ နှစ်ခုက အဆိုးဆုံး ဖြစ်သည်။ မဟာလက်ဇ် နှင့် မဟာခလွန်တာ နှစ်ဦးလုံးသည် သိဒ္ဓိကျောင်းတော်ကို သူတို့၏ စိတ်ထဲတွင် အကြီးဆုံး ခြိမ်းခြောက်မှု အဖြစ် သတ်မှတ်ထားပြီး ၎င်းတို့ကို ထိန်းချုပ်ရန် ကြိုးစားနေကြသည်။ အလားတူပင် သိဒ္ဓိကျောင်းတော် ကလည်း နာခံတတ်သော ဘုရင် တစ်ပါးကို ထောက်ခံလိုပြီး ဘာသာ တရား၏ အလင်းရောင်နှင့် ဘုရားကျောင်း၏ ထိန်းချုပ်မှုကို အင်ပါယာ၏ ထောင့်နေရာတိုင်းသို့ အလွယ်တကူ ဖြန့်ကျက်စေလိုသည်။

အသေအချာပင် ‘အာသာ’ ဒုက္ခ ရောက်နေသောအခါ သူ့နှင့် နီးကပ်စွာ ဆက်စပ်နေသော သိဒ္ဓိကျောင်းတော်မှ ရေဖျန်းဘုန်းတော်ကြီး ဂရာလင်ကို ရွှေရောင်နယ်မြေသို့ သွားရောက် လည်ပတ်ရန် ချက်ချင်း စေလွှတ်ခဲ့ပြီး စီးပွားရေးအရ ရွှေရောင်နယ်မြေနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာရန် ပြောဆိုခဲ့သည်။

နတ်ဘုရားကျောင်း စစ်သည်တော် များသည်လည်း ဂရာလင်နှင့်အတူ လာရောက် လည်ပတ်ခဲ့သည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ‘အာသာ’၏ ဖိတ်ခေါ်မှုကို လက်ခံကာ နယ်မြေရှိ စစ်သည်များကို လေ့ကျင့်ပေးရန်၊ တိုက်ခိုက်ရေးစွမ်းရည်နှင့် လုံခြုံရေး စွမ်းရည်ကို မြှင့်တင်ရန် ဖြစ်ပြီး ကျက်သရေပြာအင်ပါယာတွင် ဖြစ်ခဲ့သော ပြန်ပေးဆွဲမှုမျိုး ထပ်မံ မဖြစ်ပွားစေရန် ဖြစ်သည်။ ထိုအကြောင်းပြချက်က သံမဏိကြေးခွံဗိုလ်ခြေကို ရွှေရောင်နယ်မြေထဲသို့ မဟာလက်ဇ် စေလွှတ်ခဲ့ခြင်းနှင့် အံ့သြဖွယ် ကောင်းလောက်အောင် ‘တိုက်ဆိုင်’ နေသည်။

ကျောင်းတော်၏ ထုတ်ပြန်ချက်က နဂါးလင်းလက်အင်ပါယာကို တုန်လှုပ် စေခဲ့သည်။ ထိုကဲ့သို့ ရှင်းလင်း ပြတ်သားသော အပြုအမူဖြင့် ဘုရားကျောင်းက ‘အာသာ’ကို အုပ်စိုးသူ အလောင်းအလျာ တစ်ဦး ဖြစ်လာစေရန် ထောက်ခံလိုကြောင်း ရည်ရွယ်နေပုံရသည်။

ဂါဖီးလ်သည် တချိန်တည်းတွင် မနာလိုဖြစ်ပြီး စိုးရိမ်နေသော်လည်း ဝမ်းသာမှု အနည်းငယ်လည်း ရှိနေ၏။ အကြောင်းမှာ သူ့ခမည်းတော်၏ စရိုက်ကို သူ ကောင်းကောင်း သိသောကြောင့်ပင်။ ‘အာသာ’သည် ဘုရားကျောင်းနှင့် နီးကပ်လေလေ၊ သူက မဟာလက်ဇ်နှင့် ပို၍ ဝေးကွာ လေလေပင် ဖြစ်သည်။

မင်းသား ‘အာသာ’ နှင့် မဟာဘုရင် လက်ဇ်တို့ တင်းမာနေသော အခြေအနေတွင် မမျှော်လင့်သော သတင်းနောက်တစ်ခု လျင်မြန်စွာ ပျံ့နှံ့လာခဲ့သည်။ ရွှေရောင်နယ်မြေမှ ထုတ်လုပ်သော နဂါးဝါဝိုင်နှင့် မှော်ဂိမ်းတို့က လူသားလောက၏ ရန်သူများဖြစ်သော နတ်ဆိုးဘုံမှ ဆင်းသက်လာခဲ့ခြင်းပင်။

ထိုသတင်းကို နတ်ဆိုးဘုံတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် လူ့လောကသို့ ပြန်ရောက်လာသော လေ့ကျင့်သူ တစ်ဦးမှ ထုတ်ဖော် ခဲ့သည်ဟု ဆိုသည်။

နတ်ဆိုးဘုံတွင်လည်း အလားတူ မှော်ဂိမ်းတစ်ခု ရှိပြီး ၎င်း၏ လူကြိုက်များမှုမှာ လူသားလောကထက် များစွာ သာလွန်ကြောင်း ပြောခဲ့သည်။

နဂါးဝါဝိုင်ကို နတ်ဆိုးဘုံတွင် ရနံ့မွှေး ပြောင်းဆန်ဝိုင်ဟု ခေါ်ဆိုပြီး ၎င်းသည် မှော်ဂိမ်း ကဲ့သို့ပင် လွန်ခဲ့သော နှစ်အနည်းငယ်က နတ်ဆိုးဘုံတွင် ပေါ်လာခဲ့သည်။

ထိုပြောဆိုချက်က အခြေအမြစ် မရှိသည်တော့ မဟုတ်ပေ။ အကြောင်းမှာ ထိုလေ့ကျင့်သူက နတ်ဆိုးဘုံမှ ထုတ်လုပ်သော ရနံ့မွှေး ပြောင်းဆန်ဝိုင် တစ်ပုလင်းနှင့် မှော်ဂိမ်းခေါင်းစွပ်တစ်ခုကို ယူဆောင် လာခဲ့သောကြောင့်ပင်။ လူသား လောကနှင့် ကွဲပြားသော်လည်း နေရာများစွာတွင် ဆင်တူနေခဲ့သည်။

ထိုသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တလောကတစ်ခုလုံး တုန်လှုပ်သွား၏။ မဟာလက်ဇ်နှင့် မင်းသား‘အာသာ’တို့ကြား ခမည်းတော်နှင့်သားတော် တိုက်ပွဲကို ငြီးငွေ့နေခဲ့သော မျက်လုံးများစွာက ရွှေရောင်နယ်မြေသို့ ထပ်မံ အာရုံစိုက် လာခဲ့ကြသည်။ အကြောင်းမှာ ရွှေရောင်နယ်မြေက ထို ပစ္စည်း “အသစ်” နှစ်ခု ထုတ်လုပ်ခဲ့သော နေရာဖြစ်ခြင်းကြောင့်ပင်။

All Chapters