ကြိုစီစဉ်ထားခြင်း
Vol. 62 Ch. 1008
မှော်ဂိမ်းနှင့် နဂါးဝါဝိုင်တို့က နတ်ဆိုးဘုံမှ ဆင်းသက်လာသည် ဟူသောသတင်းက လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ အတော်ကြာအောင် ‘မင်းသား အာသာ’သည် နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်ကြောင်း၊ ‘ထိုအရာ နှစ်ခုက နတ်ဆိုးများ၏ လျှို့ဝှက် အကြံအစည် ဖြစ်နိုင်ကြောင်း’ စသည့် ကောလာဟလများ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
မှော်ဂိမ်းများနှင့် နဂါးဝါဝိုင်ကို သပိတ်မှောက်ရန် ဆောင်ပုဒ်များပင် ပေါ်လာခဲ့သည်။ ရွှေရောင်နယ်မြေက မကြုံစဖူး ဖိအားများနှင့် ကြုံတွေ့ ခဲ့ရသည်။ ဂိမ်းကို ပူးတွဲထုတ်ပြန် ခဲ့သော သိဒ္ဓိကျောင်းတော်ကိုလည်း သေချာပေါက် မေးခွန်းထုတ်ခဲ့ကြ သော်လည်း ထိုမေးခွန်းအများစုမှာ သူတို့၏ စိတ်ထဲတွင်သာ ရှိသည်။ လူသိရှင်ကြား စွပ်စွဲဝံ့သူရှိပေ။ ထို့ကြောင့် ဝေဖန်မှု အဓိကမှာ ‘ကြားမှဒဏ်ရာခံရသူ’ ဖြစ်သော ရွှေရောင်နယ်မြေပေါ်တွင် ကျရောက်ခဲ့သည်။ ဂါဖီးလ်နှင့် လုခ် ကဲ့သို့သော လူများက ကံဆိုးမိုးမှောင်ကျခြင်းကို ပျော်ရွှင်စွာ ခံစားခဲ့ကြပြီး ‘အာသာ’ ကို လုံးဝ ဖျက်ဆီးပစ်ရန် နောက်ကွယ်မှနေ၍ ကောလာဟလများ ပိုမိုဖြန့်ခဲ့ကြသည်။
အံ့သြစရာ ကောင်းသည်မှာ အရေးပါသော အင်အားစုတစ်ခုက မကြာမီ ထိုနားလည်မှု လွဲမှားခြင်းကို ရှင်းလင်းရန် ထွက်ပေါ်လာခဲ့သည်။
နဂါးတောင်ကြားပင်။
လူအများစုက နဂါးဝါဝိုင်ကို ဆမ်မြူရယ်က ရှေးဟောင်းရတနာ တစ်ခုရှိ နဂါးဧကရာဇ် ပါဂရစ်ဇ်၏ မပြည့်စုံသော လျှို့ဝှက်ချက်အတိုင်း ချက်လုပ်ထားကြောင်းကိုသာ သိကြသော်လည်း မှော်ဂိမ်းသည် မူလက နဂါးများမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်းကို မသိခဲ့ကြပေ။
နဂါးများ၏အဆိုအရ မှော်ဂိမ်းနှင့် နဂါးဝါဝိုင် နှစ်ခုလုံးသည် အခြားသော ရှေးဟောင်းလောကတစ်ခု၏ ထုတ်ကုန်များ ဖြစ်သည်။ ထိုရှေးဟောင်းအဖွဲ့အစည်းတွင် အလွန်ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ ၎င်းသည် အဂ္ဂိရတ် အဖွဲ့အစည်းနှင့် နတ်ဆရာ အဖွဲ့အစည်းတို့ မတိုင်မီကပင် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် နဂါးဧကရာဇ် ပါဂရစ်ဇ်က စွန့်စားပြီး အဖွဲ့အစည်း တစ်ခုလုံးနီးပါး ပျက်စီးသွားသော ရှေးဟောင်းနေရာလွတ်သို့ ဝင်ရောက်ခဲ့သည်။ သို့သော် နဂါးဧကရာဇ်က တစ်ဦးတည်းသော စူးစမ်းရှာဖွေသူဟုတ်ဘဲ သူ့ရှေ့တွင် ထိုလောကသို့ ရောက်ရှိခဲ့သော နတ်ဆိုးဘုံမှ အစွမ်းထက်သူ တစ်ဦး ရှိခဲ့သည်။
ထိုအန္တရာယ်ရှိသော နေရာတွင် နှစ်ဖက်လုံးက ယာယီ မဟာမိတ် ဆက်ဆံရေးကို ဖွဲ့စည်းခဲ့ပြီး နောက်ဆုံးတွင် ရှေးလူများ ထားခဲ့သော ရတနာကို ရှာဖွေတွေ့ရှိ ခဲ့သည်။
မှော်ဂိမ်းနှင့် ရနံ့မွှေး ပြောင်းဆန်ဝိုင် တို့က ရှေးဟောင်း ရတနာများမှ ပြုပြင် မွမ်းမံထားခြင်း ဖြစ်သည်။ နတ်ဆိုးဘုံတွင် ရေပန်းစားနေသော ရနံ့မွှေး ပြောင်းဆန်ဝိုင်နှင့် မှော်ဂိမ်းတို့က နဂါးဧကရာဇ် ပါဂရစ်ဇ်နှင့် အရင်းအမြစ် တူသော်လည်း မတူညီသော အစိတ်အပိုင်းများဖြင့် ပြုလုပ် ထားသောကြောင့် ပစ္စည်းများမှာ သေချာပေါက် ကွဲပြားပေသည်။
ရနံ့မွှေး ပြောင်းဆန်ဝိုင်ကို ဥပမာ ပေးရမည်ဆိုလျှင် အပေါ်ယံတွင် လူသားလောကရှိ နဂါးဝါဝိုင်နှင့် ဆင်တူသော်လည်း အရသာ ခံသူများက မြည်းစမ်းကြည့်ပြီးနောက် အရသာမှာ အတော်လေး ကွဲပြားကြောင်း တွေ့ရှိခဲ့ကြသည်။ အရသာ ကွာခြားမှုအပြင် နတ်ဆိုးဘုံ၏ ဝိုင်မှာ ပိုပြင်းပြီး လူသားလောကမှ ဝိုင်က အရသာ ပိုကောင်းကာ သိပ်မပြင်းလှပေ။ ချက်လုပ်နည်း နှစ်ခုအကြားတွင် သိသိသာသာ ကွဲပြားမှု ရှိပေသည်။ အကြောင်းမှာ နဂါးဝါဝိုင်ကို နတ်ဆိုးဘုံတွင် ခဏတာ လေ့ကျင့်ခဲ့ဖူးသော ဆမ်မြူရယ်မှ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ၎င်းက လုံးဝ အဓိပ္ပာယ် ရှိပေသည်။
မှော်ဂိမ်းနှင့် ပတ်သက်၍ မတူညီမှုက ပို၍ပင် ထင်ရှားသည်။ လူသား၊ လူပုနှင့် နဂါးတို့၏ လူမျိုးများ သတ်မှတ်ချက်များက လူ့လောက၏ ပုံတူများ ဖြစ်သည်မှာ ထင်ရှားသည်။ နတ်ဆိုးဘုံနှင့် နှိုင်းယှဉ်ပါက ဂိမ်း၏ လက်နက်များ၊ ရန်သူများနှင့် ဂူသင်္ချိုင်းများလည်း အတော်လေး ကွဲပြားသည်။ ၎င်းသည် လုံးဝ ကူးယူရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် နတ်ဆိုးဘုံမှ တော်ဝင် လေ့ကျင့်သူ တစ်ဦးလည်း မကြာသေးမီက ပြန်ရောက်လာခဲ့သည်။ သူကလည်း နတ်ဆိုးဘုံ၏ မှော်ဂိမ်းမှာ ‘မှော်ရုပ်မြင်သံကြား’ ပစ္စည်း တစ်မျိုးကို အမှီပြုရပြီး လူသား လောကရှိ မှော်ဂိမ်းက သီးသန့် ဖြစ်ကြောင်း သက်သေပြခဲ့သည်။
ယခုတစ်ကြိမ်တွင် အမှန်တရားက အနိုင်ရခဲ့သည်။ နဂါးများ၏ လူသိ ရှင်ကြား ရှင်းလင်းချက်ပြီးနောက် သိဒ္ဓိကျောင်းတော်က အရေးကြီးသော ထုတ်ပြန်ချက် တစ်ခုကို ထုတ်ပြန် ခဲ့သည်။ ကြေညာချက်များကို ကျောင်းတော်ခွဲများ အားလုံးတွင် ကပ်ထားခဲ့သည်။
မှော်ဂိမ်းကို သိဒ္ဓိကျောင်းတော်က နဂါးတောင်ကြားဆီမှ တမင်တကာ မိတ်ဆက်ပေးခဲ့သည်။ ထိုဂိမ်းသည် မူလက နဂါးများ သူတို့၏ ကိုယ်ပိုင် လေ့ကျင့်ရေးအတွက် အသုံးပြုခဲ့သော လျှို့ဝှက်ရတနာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ သိဒ္ဓိကျောင်းတော်က ထိုပုံရိပ်ယောင်သည် တစ်ဦးတစ်ယောက်၏ ခွန်အားကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိခဲ့သဖြင့် နဂါးများနှင့် သဘောတူညီမှု ရယူခဲ့သည်။ ၎င်းကို လောက တစ်ဝန်းလုံးသို့ ကြော်ငြာခြင်းသည် လောကတစ်ခုလုံးသို့ ကြင်နာမှုကို ပျံ့နှံ့စေရန်နှင့် လူမျိုးများအားလုံး၏ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန် ဖြစ်သည်။ ထိုစဉ်က ထိုကဲ့သို့ ‘ရတနာ’ ကို တန်ဖိုးထားသော နဂါးများက အပေးအယူပြုလုပ်ရန် ငြင်းဆိုခဲ့ကြ သော်လည်း ကျောင်းတော်က ၎င်းအတွက် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့သည်။ ယခုအခါ ကျောင်းတော်တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ဟူ၍ပင် သံသယရှိသူများ ရှိနေကြပြီး ထိုအရာက ကျေးဇူးကန်းခြင်းပင် ဖြစ်သည်။
မှော်ဂိမ်း သို့မဟုတ် ရနံ့မွှေး ပြောင်းဆန်ဝိုင်ကို မည်သူမဆို မေးခွန်းထုတ်၍ ကောလာဟလများ ဖြန့်ဝေရဲပါက ကျောင်းတော်၏ အာဏာကို မေးခွန်းထုတ်ခြင်းဖြစ်ပြီး ဘုရားကျောင်းက ပြတ်ပြတ်သားသား အပြစ်ပေးမည် ဖြစ်သည်။
သိဒ္ဓိကျောင်းတော်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဖြစ်စဉ်တစ်ခုလုံးနှင့် ပတ်သက်၍ သံသယမရှိတော့ဘဲ လူအများက မှော်ဂိမ်းကို ပို၍ပင် စိတ်ဝင်စား လာခဲ့ကြသည်။
အမှန်တကယ်၌ ကျောင်းတော်က ထို‘ဖုံးကွယ်မှု’ကို သုံးရန် ရည်ရွယ်ခဲ့ခြင်း မဟုတ်ပေ။ နဂါးများနှင့် ညှိနှိုင်းစဉ်က သိဒ္ဓိကျောင်းတော်က မှော်ဂိမ်း၏ ‘ရင်းမြစ်’မှာ ရှေးဟောင်း အဖွဲ့အစည်း တစ်ခုမှဖြစ်ကြောင်း သိနှင့်ပြီးသား ဖြစ်သည်။ ကျောင်းတော်က နဂါးတောင်ကြားကို စေလွှတ်ခဲ့သော ညှိနှိုင်းသူများက အသိပညာ ကြွယ်ဝသူများ ဖြစ်ကြသည်။ သူတို့က အဓိကကုန်းမြေ အပြင်ဘက်တွင် အခြားလောကများနှင့် အဖွဲ့အစည်းများ မရေမတွက်နိုင်အောင် ရှိနေကြောင်း သိကြသည်။ နဂါးဧကရာဇ် ကိုယ်တိုင် တွေ့ကြုံခဲ့ခြင်း ဖြစ်ရာ သေချာပေါက် ပြဿနာမရှိနိုင်လောက်ပေ။
လောက တစ်ဝန်းလုံး၏ အာရုံကို ဆွဲဆောင်ခဲ့သော ထိုအခွင့်အရေးကို အသုံးချပြီး နဂါးတောင်ကြားက နဂါးများသည် ရှေးဟောင်းရတနာမှ ဆင်းသက်လာတဲ့ နောက်ထပ် ပစ္စည်းတစ်ခု ဖြစ်သည့် မှော်ဖုန်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။
မှော်ဖုန်းရဲ့ လုပ်ဆောင်ချက်က အဝေးမှနေ၍ အချိန်နှင့် တပြေးညီ ဆက်သွယ်ပြောဆိုနိုင်သော အဆက်အသွယ် အဆောင်တစ်ခုနှင့် ဆင်တူသည်။ သို့သော် အဆက်အသွယ် အဆောင်ကဲ့သို့ ပုံရိပ်များ မပြသနိုင်ပေ။ ၎င်း၏ ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်က အလွန်အားကောင်း၏။ အချိန်ကြာကြာ စကားပြောနိုင်ရုံ သာမက စာတိုပေးပို့ခြင်းပါ လုပ်ဆောင်နိုင်သည်။ အရေးကြီးဆုံး အချက်မှာ အဆက်အသွယ် အဆောင်က တစ်ကြိမ်သုံး ပစ္စည်းဖြစ်ပြီး ဈေးလည်း မသက်သာပေ။ မှော်ဖုန်းကမူ အားသွင်းထားသရွေ့ သီဝရီအရ အကန့်အသတ်မရှိ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်ပေသည်။ ဈေးနှုန်းအရ ဆိုလျှင် သာမန်မှော်ဖုန်းတစ်လုံး၏ ဈေးနှုန်းက အဆက်အသွယ် အဆောင်တစ်ခု၏ တဝက်ခန့်သာ ရှိပြီး လုံးဝ အကျိုးအမြတ် ရှိသည်ဟု ပြောနိုင်ပေသည်။
မှော်ဖုန်းကို ပုံသေဗားရှင်းနဲ့ မိုဘိုင်းဗားရှင်း ဟူ၍ ခွဲခြားထား၏။ ပုံသေဗားရှင်းက ပုံသေဆက်သွယ်ရေး မျှော်စင်တစ်ခုနဲ့ တူညီပြီး ပုံသေအခန်း ဒါမှမဟုတ် နေရာလွတ်အတွက် သင့်တော်သည်။ မိုဘိုင်းဗားရှင်းက သယ်ဆောင်သွား၍ ရနိုင်ပေသည်။ မိုဘိုင်းဗားရှင်း မှော်ဖုန်းက အလွန် သေးငယ်ပြီး လက်တစ်ဖက်တည်းဖြင့် ကိုင်နိုင်တာကြောင့် ‘မှော်မိုဘိုင်း’ ဟူ၍လည်း နာမည်တစ်ခု ရှိပေသည်။
နတ်ဆိုးဘုံမှ ပြန်လာသော လေ့ကျင့်သူများပင် “မှော်ဖုန်း” အကြောင်းကို တစ်ခါမှ မကြားဖူး ကြပေ။ ထိုအရာက နဂါးများ ပြောသလို ရှေးဟောင်းရတနာများကို အခြေခံပြီး တီထွင်ထားသော နောက်ဆုံးပေါ် လျှို့ဝှက်ရတနာ တစ်ခု ဖြစ်ပေသည်။
ထို‘လျှို့ဝှက်ရတနာ’ အသစ် ပေါ်ထွက်လာခြင်းက လူတိုင်း၏ စိတ်ဝင်စားမှုကို ပြင်းပြင်းထန်ထန် နှိုးဆွပေးခဲ့သည်။ နဂါးများက သိဒ္ဓိကျောင်းတော်နှင့် ပူးပေါင်းပြီး မှော်ဖုန်းကို လောကသို့ ကြော်ငြာမည်ဟု ထပ်မံ ကြေညာခဲ့သည်။ နဂါးများက နည်းပညာကို ပေးမည် ဖြစ်ပြီး သိဒ္ဓိကျောင်းတော်က ထုတ်လုပ်ရေးနှင့် ကြော်ငြာရေးကို တာဝန်ယူပေမည်။
မှော်ဖုန်း၏ ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ နဂါးများက သူတို့ အမြဲ ပူးပေါင်းဆောင်ရွက်နေသော ‘လုပ်ဖော်ကိုင်ဖက်ငယ်’ ဖြစ်သည့် မဟာလက်ဇ်ကို ပေးအပ်ခဲ့သည်။ ထိုအရာက နဂါးလင်းလက်အင်ပါယာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စေခဲ့သည်။ သို့သော် ကျက်သရေပြာ အင်ပါယာ၏ မဟာမိတ်ဖြစ်သော နတ်သူငယ် မျိုးနွယ်စုကလည်း နောက်ကျ မကျန်ခဲ့ပေ။ သူတို့က နတ်သူငယ် မျိုးနွယ်စု၏ မဟာဆရာသခင် ဖီနိုအီယာနှင့် ကွယ်လွန်သွားခဲ့သော လူပုမျိုးနွယ်စုမှ မဟာဆရာသခင် ရစ်ခ်တို့ ပူးပေါင်းတီထွင်ထားသည့် မှော်လက်နက်ဖြစ်သော မှော်သေနတ်ကို ထုတ်ဖော်ခဲ့သည်။
နတ်ဆိုးဘုံတွင်လည်း အလားတူ သေနတ်များ မကြာသေးခင် နှစ်များအတွင်း ထွက်ရှိခဲ့ကြောင်း ကောလာဟလများ ရှိနေသော်လည်း ယခင်က မှော်ဂိမ်းနဲ့ ရနံ့မွှေး ပြောင်းဆန်ဝိုင် ကိစ္စအပြီးတွင်တော့ မည်သူမှ မယုံကြတော့ပေ။
မဟာဆရာသခင် ဖီနိုအီယာနှင့် မဟာဆရာသခင် ရစ်ခ်တို့က လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက ရေရှည် ပူးပေါင်း သုတေသနများ လုပ်ဆောင်ခဲ့ကြပြီး အတော်လေး အောင်မြင်မှုများ ရရှိခဲ့ပါတယ်။ သို့သော် တောင်နေလူပုနှင့် နတ်သူငယ် မျိုးနွယ်စုတို့ကြား မကောင်းသော ဆက်ဆံရေးကြောင့် သုတေသန ရလဒ်တစ်ခု၏ ပုံကြမ်းကိုလည်း နှစ်ပိုင်းခွဲခဲ့ရသည်။ ထိုအပိုင်းများကို ကျောက်နက်တောင်နှင့် ကျောက်စိမ်း သစ်တောပင်လယ်တွင် သိမ်းဆည်း ထားခဲ့သည်။ ထိုအရာကို အဂ္ဂရတ် လောကတွင် အတွေ့အကြုံရှိသူများ သိကြပေသည်။ နတ်သူငယ်များနှင့် လူပုများအကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာပြီး ပုံကြမ်းများ ပြန်ပေါင်းစည်းပြီးနောက် မဟာဆရာသခင် နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုကို နောက်ဆုံးတွင် အောင်မြင်စွာ ထုတ်ဖော်နိုင်ခဲ့၏။
ကျက်သရေပြာ အင်ပါယာနှင့် နဂါးလင်းလင် အင်ပါယာတို့ အကြား မှော်ဖုန်း၊ မှော်သေနတ်၊ နဂါးဝါဝိုင်နဲ့ မှော်ဂိမ်းတို့၌ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို နက်ရှိုင်းစေရန် သဘောတူညီချက် တစ်ခုကို မကြာမီ ရရှိခဲ့သည်။ သက်ဆိုင်ရာ မှော်တိုက်ခိုက်ရေး ဗိုလ်ခြေကိုလည်း ဖွဲ့စည်းခဲ့ကြ၏။ တချိန်တည်းမှာပင် လူသား လောက၏ စီးပွားရေးနဲ့ စစ်ရေးတိုးတက်မှုများက အထွတ်အထိပ်ကာလ တစ်ခုကို ရောက်ရှိလာခဲ့လေသည်။
နတ်ဆိုးများနှင့် ပူးပေါင်းကြံစည်သည် ဟူသော ယခင်က ကောလာဟလများကို မေ့ပျောက်သွားကြပြီ ဖြစ်သည်။ ဂါဖီးလ်နှင့် နောက်ကွယ်မှ ကောလာဟလများ ဖြန့်ဝေခဲ့တဲ့သူများက ဖော်ထုတ်ခံရပြီးနောက် လူပြက်များ ဖြစ်သွားခဲ့ကြသည်။
စွပ်စွဲချက်များမှ ကင်းရှင်းသွားသော ရွှေရောင်နယ်မြေက ၎င်း၏ နေ့စဉ် စည်ပင်ဝပြောမှုနဲ့ တိတ်ဆိတ်မှုကို ပြန်လည်ရရှိခဲ့သောလည်း လူအများအပြားက နယ်မြေအပေါ်မှ ပိုမိုထူထဲလာသော အမှောင်ထုကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။ ‘အာသာ’နှင့် မဟာလက်ဇ်တို့ကြားမှ အက်ကြောင်းက ထိုကိစ္စ ဖြေရှင်း ပြီးသည့်တောင် ပြန်ပြီး ပြင်ဆင်နိုင်မည် မဟုတ်ပေ။ သိဒ္ဓိကျောင်းတော် ပါဝင်လာသည်နှင့်အမျှ အက်ကြောင်းက ပိုကျယ်လာပေလိမ့်မည်။
ရွှေရောင်နယ်မြေအရှင် စံအိမ်၏ အတွင်းဘက် ခြံဝင်းထဲ၌-
ခြံဝင်းထဲတွင် သင်းပျံ့သော ရနံ့တစ်ခု လွင့်ပျံနေပြီး လူများကို စိတ်အေးချမ်းနေစေသည်။
ချန်လွေ့က ခွက်ထဲမှ ပယင်းရောင် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေ၏။ သူ့ဘေးတွင် မစ်-ရင်းနီက ပြုံးရင်း ထိုင်နေသည်။
“ကျွန်မ ခန့်မှန်းကြည့်မယ်။ နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်တယ် ဆိုတဲ့ သတင်းကို... ရှင် လွှင့်လိုက်တာ မဟုတ်လား။”
“ကြယ်ကြွေတမန် အင်ပါယာရဲ့ ထိပ်တန်း ထောက်လှမ်းရေး ခေါင်းဆောင်ရင်းနီ ဆိုတဲ့ အတိုင်းပါပဲ။ မင်း မှန်းတာ မှန်တယ်။” ချန်လွေ့က ပခုံးတွန့်ပြီး ခွက်ကို မြှောက်လိုက်ရာ အစ်ဇဘယ်လာက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ဖြည့်ပေးလိုက်၏။ “နောက်မှ သူများ ဖော်တာထက် ကိုယ့်ဘာသာ ဖော်ထုတ်တာက ပိုကောင်းတယ်”။
“ဒါဆို ရနံ့မွှေး ပြောင်းဆန်ဝိုင် နှစ်မျိုးရဲ့ ချက်လုပ်နည်း မတူအောင် ရှင် အစကတည်းက ပြင်ဆင်ထားခဲ့ တာပေါ့။”
“ဟုတ်တယ်။ ဒါကို ကြိုစီစဉ်တာလို့ ခေါ်တယ်။” နတ်ဆိုးဘုံနဲ့ လူသား လောကက သတင်းအချက်အလက် ဖလှယ်နိုင်ဖို့ ဖြစ်နိုင်တယ်။ ဥပမာ ဆမ်မြူရယ်နဲ့ မင်း သိခဲ့ဖူးတဲ့ နီရိုတို့လို။ လူသားလောကမှာလည်း နတ်ဆိုး လေ့ကျင့်သူတွေ ရှိတယ်... ဒါကြောင့် ကိုယ် ဒါကို ကြိုပြီး စဉ်းစားထားတာ။ သိဒ္ဓိကျောင်းတော်က နဂါးဧကရာဇ် ပါဂရစ်ဇ်နဲ့ တွေ့တဲ့အခါ ပါဂရစ်ဇ်နဲ့ ကိုယ်တို့ သဘောတူထားတဲ့ ရှင်းပြချက် တစ်ခုကို လုပ်ခဲ့တယ်။ ဒါက ကိုယ်တို့ ထွက်သွားတဲ့နောက်မှာ အကြောင်းတစ်ခုခုကြောင့် မှော်ဂိမ်းကို အတင်းအကျပ် ရပ်ဆိုင်းလိုက်မှာကို ကာကွယ်ဖို့ပဲ။”
“ဒါဆို... ကျွန်မတို့ ဘယ်တော့ ထွက်ကြမလဲ။”
“အိမ်ကို လွမ်းနေပြီလား။”
“အနှစ် ၁၀၀ ကျော် မြို့တော်မှာ နေခဲ့ပေမယ့် ကျွန်မရဲ့ စိတ်ထဲမှာ ‘အိမ်’ ဆိုပြီး တစ်ခါမှ သဘောမထားခဲ့ဘူး။” အစ်ဇဘယ်လာ၏ မျက်လုံးများက မှုန်မှိုင်းနေခဲ့သည်။ “ဒါပေမယ့် အခုတော့...”
“ရင်းနီ...” ချန်လွေ့က သူ၏လက်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။ “စိတ်မပူပါနဲ့။ ကိုယ်တို့ မကြာခင် ပြန်ကြမှာပါ။ အခုတော့ ကိုယ်က အသင့်တော်ဆုံး အချိန်ကို စောင့်နေတာ။ အရေးကြီးတဲ့ ကိစ္စနှစ်ခု ပြီးသွားတာနဲ့ ကိုယ်တို့ အတူတူ အိမ်ပြန်ကြမယ်။”
“တကယ်လား။ ရှင့်ရဲ့ ကြီးမားတဲ့ ကိစ္စကို နှောင့်နှေးအောင် ကျွန်မ မလုပ်ရဲပါဘူး။” အစ်ဇဘယ်လာ၏ စိတ်ခံစားချက်က ရုတ်တရက် တောက်ပသွားပြီး သူ မျက်လုံး မှိတ်လိုက်သည်။ သူ၏ အသံကလည်း ရုတ်တရက် မြင့်သွားခဲ့သည်။။ “ဇိုလာ၊ ပြီးပြီလား။ သူ့ရဲ့ မျှော်စင်ကို အမြန် ဖြိုလိုက်တော့။”
“နောက်ဆုံးတစ်မိနစ်ပဲ!” တစ်ဖက်တွင် ထိုင်နေသော မစ်-နတ်မိမယ်နဂါးက စားပွဲပေါ်မှ နေရာလွတ်ကို အာရုံစိုက်နေသည်။ သူကြိုက်သော အအေးခံထားသည် ‘အခါးရည်’ တစ်ခွက်ကို ရွှေ့ရန်ပင် အချိန်မရှိခဲ့ပေ။ စားပွဲပေါ်မှ နေရာလွတ်ထဲတွင် ကျုံ့ထားတဲ့ အဆောက်အအုံများ ရှိနေပြီး မစ်-နတ်မိမယ်နဂါး ထိန်းချုပ်ထားသော စစ်သည်များနှင့် ဝိုင်းရံ တိုက်ခိုက်ရေး စက်များက အဆောက်အအုံတွေရဲ့ အပြင်ဘက်မှ အကာအကွယ် မျှော်စင်များကို တိုက်ခိုက် နေကြသည်။
မှော်ဖဲချပ်ဂိမ်း ဖြစ်သော ကြမ္မာ တိုက်ပွဲကို ကစားနေကြခြင်းပင်။
မစ်-ရင်းနီနှင့် မစ်-ဇိုလာတို့ ‘ပူးပေါင်း’ ပြီး ချန်လွေ့ကို တိုက်ခိုက်နေခြင်း ဖြစ်ပုံရသည်။
“ဒါက တတိယမြောက် ‘နောက်ဆုံး တစ်မိနစ်’ ပဲ။” မစ်-ရင်းနီက ပြောစရာ မဲ့သွားပြီး နတ်မိမယ်နဂါးကို မျက်လုံး လှိမ့်လိုက်သော်လည်း ‘တိုက်ပွဲ’ကို အာရုံစိုက်နေသော မစ်-နတ်မိမယ် နဂါးက လုံးဝ မမြင်ခဲ့ပေ။
ချန်လွေ့ ပြုံးလိုက်သည်။။ “ဇိုလာ၊ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ မင်းရဲ့ အသိုက်ကို ငါ တွေ့လိုက်သလိုပဲ။”
“ရင်းနီ!” ဇိုလာက ချက်ချင်းပင် အဆုံးစွန်ဆုံး ဆင့်ခေါ်ခြင်း ပညာရပ်ကို အသက်သွင်းလိုက်၏။ “ငါတို့ သူ့ကို အနိုင်ယူနိုင်ရင် အသီနာရဲ့ ကိုယ်ဝန် ‘လျှို့ဝှက်ချက်’ကို သိရမယ်!”
ဒီလို လောင်းကြေးမျိုး ရှိနေပဲ။ ဒါကြောင့်ကိုး...
အစ်ဇဘယ်လာက ဆွဲဆောင်မှု ရှိသော အပြုံးဖြင့် ရပ်လိုက်သည်။ သူ၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က အမျိုးသားရဲ့ အာရုံကို ဖမ်းစားရန် အတွက် မြင်ကွင်းကို လုံးဝ ပိတ်ဆို့ရန် မလိုခဲ့ပေ။
“မင်းသား။ ဒီညရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တွေအကြောင်း ကြိုပြီး ပြောကြမလား။” မဒမ်-ဒေါ်လေး၏ မျက်လုံးများက အနည်းငယ် ပိုပြီး ညှို့ဓာတ် ပြင်းလာပြီး သူက တစ်စုံတစ်ယောက်၏ ပေါင်ပေါ် ခွပြီး ထိုင်လိုက်လေသည်။
“ဟေး၊ ဒီလို ညစ်တာမျိုးက သိသာနေလွန်းတယ်...”
ထိုအချိန် အခြားနေရာတစ်ခု၌-
အုတ်ဂူများ ရှိနေသော တောင်ကုန်းကြီး တစ်ခု။ တောင်ကုန်း အောက်ခြေရှိ သင်္ကေတများနှင့် အဝေးမှ တပ်စွဲထားသည့် အစောင့်တပ်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် မိသားစုကြီးတစ်ခု၏ သင်္ချိုင်း သို့မဟုတ် ပို၍တိကျစွာ ဆိုရသော် မီအက်စ် အင်ပါယာ၏ နန်းတော်သင်္ချိုင်း ဖြစ်ပေသည်။
မီအက်စ် အင်ပါယာသည် ကျွန်း အင်ပါယာတစ်ခု ဖြစ်သည်။ ၎င်းက အရွယ်အစားအားဖြင့် ယန်ရှောင် အင်ပါယာ၊ နိုအာ အင်ပါယာ နှင့် ကြယ်အလင်း အင်ပါယာတို့နီးပါး တူညီသည်။ သို့သော် ၎င်း၏ ဝေးလံသောနေရာ၊ နည်းပါးသော သယံဇာတများနှင့် စီးပွားရေး နိမ့်ကျမှုများကြောင့် တုရင် အင်ပါယာနှင့် မျှော်စင်ဖြူ အင်ပါယာ ကဲ့သို့သော အင်ပါယာငယ်များထက် များစွာ နိမ့်ကျနေခဲ့သည်။
ကျယ်ဝန်းသည့် မြေနေရာမှလွဲ၍ တော်ဝင် မိသားစုဟောင်းများ၏ ရုပ်ကြွင်းများကို မြှုပ်နှံထားသည့် ထိုနန်းတော်သင်္ချိုင်း၏ အဆောက်အအုံများက အင်ပါယာကြီးများ၏ အဆောက်အအုံများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။
သို့သော်လည်း ထိုအရာများက အပေါ်ယံသာ ဖြစ်သည်။
နန်းတော်သင်္ချိုင်း၏ အပေါယံမှ မြေအောက်သို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်ပါက အပေါ်ယံထက် များစွာ ကြီးကျယ် ခမ်းနားသော အခြေအနကို မြင်တွေ့နိုင်မည် ဖြစ်သည်။
မြေပြင်ပေါ်ရှိ ဂူဗိမာန် ကဲ့သို့ပင် အလွန်ကြီးမားသော မြေအောက် လောကတစ်ခု ဖြစ်သည်။ ထိုအရာက အလောင်းများဖြင့် ဖုံးလွှမ်းနေသော လောကတစ်ခု၊ သင်္ချိုင်းတစ်ခု ဖြစ်၏။
အစစ်အမှန် ငရဲဘုံတစ်ခုပင်။