← Chapters

စနေပြီ

Vol. 62 Ch. 1009

စနေပြီ

Vol. 62 Ch. 1009

တစ်ရက်ပြီးတစ်ရက် အချိန်များ ကုန်ဆုံးသွားခဲ့သည်။

မှော်ဖုန်းက ကမ္ဘာတစ်ဝန်းလုံးတွင် ရေပန်းစားလာခဲ့ပြီး မှော်သေနတ်ကိုလည်း အင်ပါယာများစွာရှိ အထူးဗိုလ်ခြေများတွင် စတင် အသုံးပြုလာခဲ့ကြသည်။ သို့သော် ထိုအရာများသည် မှော်ဂိမ်းနှင့် နဂါးဝါဝိုင်အပေါ် သက်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ မှော်ဂိမ်းခေါင်းစွပ်၏ အရောင်းအဝယ် ကျဆင်းမသွားဘဲ ပို၍သာ တိုးလာခဲ့ပြီး အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ရွှေရောင်နယ်မြေသည် စည်ပင် ဝပြောပြီး ဆူညံနေဆဲ ဖြစ်သော်လည်း မူလက အမှောင်ထဲတွင် ပုန်းကွယ်နေသော နယ်မြေအတွင်းမှ ပြဿနာအချို့ တဖြည်းဖြည်း ထင်ရှားလာခဲ့သည်။

မဟာလက်ဇ် စေလွှတ်ခဲ့သည့် မင်းသား အာသာကို ‘ကာကွယ်ရန်’ ရွှေရောင်နယ်မြေတွင် တပ်စွဲထားသော သံမဏိကြေးခွံဗိုလ်ခြေက ရွှေရောင်နယ်မြေမှ အသစ် ဖွဲ့စည်းထားသော ကျောက်စိမ်းဗိုလ်ခြေနှင့် ပဋိပက္ခဖြစ်ခဲ့သည်မှာ တစ်ကြိမ် နှစ်ကြိမ် မကတော့ပေ။

တစ်ဖွဲ့က အုပ်စိုးသူ စေလွှတ်သည့် ‘ဗဟိုစစ်တပ်’ ဖြစ်ပြီး နောက်တစ်ဖွဲ့က ‘ဒေသလက်နက်ကိုင်တပ်ဖွဲ့’ ဖြစ်သည်။ သူတို့က မတူညီသော အကျိုးစီးပွားများကို ကိုယ်စားပြု၏။ သံမဏိကြေးခွံဗိုလ်ခြေ၏ ရန်စမှုသည် နောက်ကွယ်မှ အင်အားစုများ၏ ခွင့်ပြုချက် သို့မဟုတ် အရိပ်အမြွက် ရရှိထားသကဲ့သို့ပင် တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။

တိုက်ခိုက်ရေးစွမ်းအားက ရွှေရောင်နယ်မြေ၏ အားအနည်းဆုံး အပိုင်း ဖြစ်သည်။ ဂါဖီးလ်က ရွှေရောင်နယ်မြေကို ‘လွှဲပြောင်း’သောအခါ စစ်အင်အား အားလုံးနီးပါး ယူသွားခဲ့သည်။ နောက်ပိုင်း ဖွဲ့စည်းခဲ့သော ကျောက်စိမ်းဗိုလ်ခြေ၏ အဓိက အဖွဲ့ဝင်များမှာ ဆမ်မြူရယ် ခန့်ထားသော လုံခြုံရေးအဖွဲ့ဝင်များ ဖြစ်သည်။ သူတို့က နေ့စဉ် လုံခြုံရေးနှင့် မြို့စောင့်တပ် အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ကြသည်။ ဆမ်မြူရယ် ကဲ့သို့သော ရွှေရောင်စစ်သည်တော် တပ်မှူးတစ်ဦး ရှိသော်လည်း ဖွဲ့စည်းထားသော အချိန် တိုတောင်းသောကြောင့် သံမဏိကြေးခွံဗိုလ်ခြေကဲ့သို့သော ပုံမှန် အထက်တန်းစား ဗိုလ်ခြေနှင့် တိုက်ခိုက်ရေးစွမ်းအားကို နှိုင်းယှဉ်၍ မရနိုင်ပေ။

သို့သော် ကျောက်စိမ်းဗိုလ်ခြေ တွင် ခိုင်မာသော ထောက်ပံ့သူ တစ်ဦး ရှိသည်။ ၎င်းမှာ သိဒ္ဓိကျောင်းတော်မှ နတ်ဘုရားကျောင်း စစ်သည်‌တော်ပင်။

ယခုတစ်ခေါက်တွင် နတ်ဘုရားကျောင်း စစ်သည်‌တော်များက ရေဖျန်းဘုန်းတော်ကြီး ဂရာလင်နှင့်အတူ ရွှေရောင်နယ်မြေသို့ လိုက်ပါလာခဲ့သည်။ လူအများကြီး မရှိသော်လည်း ၎င်းတို့အားလုံးက လက်ရွေးစင်များ ဖြစ်ကြသည်။ အဖွဲ့၏ ခေါင်းဆောင်မှာ သိဒ္ဓိအလင်းတောင် ကောင်းကင်မိုးကြိုးခန်းမ ‘ကျက်သရေဆောင်ဓားသခင်’ ပါဆာလီ၏ တိုက်ရိုက်တပည့်ဖြစ်သော ဇာမင်ဒါဖြစ်ပြီး ‘လျှပ်စီးဓားသခင်’ ဟု လူသိများသည်။

ပါဆာလီသည် အထူးအဆင့်သို့ ရောက်ရှိခဲ့ပြီး တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ သူက လူ့လောက အလုပ်များကို စွန့်ပစ်ကာ ပိုမိုမြင့်မားသော စွမ်းအား အဆင့်ကို ဆက်လက် လိုက်စားရန် လေ့ကျင့်ရေးကိုသာ အာရုံစိုက်နေခဲ့သည်။ ကောင်းကင်မိုးကြိုးခန်းမကို ဇာမင်ဒါက လက်ရှိ စီမံခန့်ခွဲနေပြီး ဇာမင်ဒါကိုလည်း ကောင်းကင်မိုးကြိုးခန်းမ အရှင်သခင် အလောင်းအလျာအဖြစ် သတ်မှတ်ထားကာ ရေဖျန်းဘုန်းတော်ကြီးနှင့် တရားသူကြီးချုပ်တို့နှင့်အတူ ကျောင်းတော်၏ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည် ဖြစ်သည်။

ဇာမင်ဒါ၏ လက်ရှိအခြေအနေအရ သူက ဘုရားကျောင်းတွင် ‘အာသာ’၏ သရုပ်မှန်ကို သိထားပြီး ဖြစ်သဖြင့် ပေါ့ဆရဲမည် မဟုတ်ပေ။ အပေါ်ယံတွင် သူက မင်းသား ‘အာသာ’ကို ကာကွယ်ပြီး နယ်မြေအတွင်းရှိ ပြဿနာများကို ညှိနှိုင်းပေးရုံသာ ဖြစ်သည်။ အမှန်တကယ်၌ သူက အချိန်အများစုတွင် ကျောက်စိမ်းဗိုလ်ခြေကိုသာ မျက်နှာသာပေးခဲ့သည်။ သိဒ္ဓိကျောင်းတော်၏ အထူး အဆင့်အတန်းကြောင့် သံမဏိကြေးခွံဗိုလ်ခြေပင် ပေါ့ပေါ့တန်တန် ဆက်ဆံရဲမည် မဟုတ်ပေ။

သူက ရွှေရောင်နယ်မြေမှ ကျောက်စိမ်းဗိုလ်ခြေကို လေ့ကျင့်ပေးရန် အစွမ်းကုန် ကူညီရုံသာမက သံမဏိကြေးခွံဗိုလ်ခြေ၏ ရန်စမှုအပေါ် ကျောက်စိမ်းဗိုလ်ခြေဘက်မှနေ၍ အကြိမ်များစွာ ရပ်တည်ခဲ့သည်။

ထိုနေ့တွင် ဇာမင်ဒါက အခန်းပိတ် လေ့ကျင့်ရေးလုပ်ပြီး ထွက်လာသည်နှင့် ကျောင်းတော် စစ်သည်‌တော်ထံမှ အစီရင်ခံစာတစ်ခု ရရှိခဲ့သည်။ သံမဏိကြေးခွံဗိုလ်ခြေနှင့် ကျောက်စိမ်းဗိုလ်ခြေတို့က မြို့ထဲရှိ အကြီးဆုံးအရက်ဆိုင်ဖြစ်သော လန်းဆန်းပန်း အရက်ဆိုင်တွင် ပြင်းထန်သော ပဋိပက္ခတစ်ခု ဖြစ်ခဲ့၏။ ပဋိပက္ခ၌ လူတစ်ယောက်မက သေဆုံးသွားခဲ့လေသည်။

ဇာမင်ဒါ တိတ်တဆိတ် မျက်မှောင် ကြုတ်လိုက်သည်။ သံမဏိကြေးခွံဗိုလ်ခြေနှင့် ကျောက်စိမ်းဗိုလ်ခြေတို့အကြား ပဋိပက္ခ အကြောင်းရင်းကို သူ ကောင်းကောင်း သိသည်။ ပုံမှန်အားဖြင့် တပ်ဖွဲ့နှစ်ခုအကြား ပဋိပက္ခ အများအပြား ရှိသော်လည်း အလွန်ဆုံး ဒဏ်ရာအပြင်းအထန် ရရှိခြင်းသာ ရှိခဲ့သည်။ ဒီတစ်ခေါက် လူတစ်ယောက် တကယ် သေသွားခဲ့တယ်။ ဒါက ကောင်းကောင်း အဆုံးမသတ်မှာ စိုးရတယ်။

ဇာမင်ဒါက အကြီးဆုံးအရက်ဆိုင် ဖြစ်သော လန်းဆန်းပန်း အရက်ဆိုင်သို့ ရောက်သောအခါ အရက်ဆိုင်က ဖရိုဖရဲ ဖြစ်နေပြီး အပျက်အစီးများ ဖြစ်နေခဲ့သည်။ မြေပြင်ပေါ်တွင်တော့ ထိတ်လန့်စရာကောင်းသော သွေးအိုင်များ ရှိနေခဲ့သည်။

အနီးအနားမှ လူများကလည်း အုတ်အော်‌သောင်းတင်း ဖြစ်နေကြသည်။ ဇာမင်ဒါက မေးမြန်းကြည့်ရာ လန်းဆန်းပန်း အရက်ဆိုင်တွင် အရက်မူးနေသော သံမဏိကြေးခွံဗိုလ်ခြေမှ စစ်သည်များက ပြဿနာရှာခဲ့ကြောင်း သိခဲ့ရသည်။ ကျောက်စိမ်းဗိုလ်ခြေ လုံခြုံရေးအဖွဲ့ ရောက်လာသောအခါ သံမဏိကြေးခွံဗိုလ်ခြေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် မထားရုံသာမက တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအဖွဲ့ ခေါင်းဆောင်ကိုပါ ဒဏ်ရာရစေခဲ့သည်။

သတင်းကြားသည်နှင့် နှစ်ဖက်လုံးမှ အဆင့်မြင့် တိုက်ခိုက်ရေး အင်အားများ ရောက်လာခဲ့ကြပြီး အပြင်းအထန် တိုက်ခိုက်ကြသည်။ ယခင်က စုဆောင်းထားသော မကျေနပ်မှုများကြောင့် အမှန်တကယ် တိုက်ခိုက်ခဲ့ကြသည်။ သံမဏိကြေးခွံဗိုလ်ခြေက ရက်စက်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကျောက်စိမ်းဗိုလ်ခြေမှ စစ်သည်တစ်ယောက်ကို သတ်ခဲ့ကာ တိုက်ပွဲကို ကြည့်ရှုနေတဲ့ အပြစ်မဲ့သူ နှစ်ယောက်ကို ဒဏ်ရာရစေခဲ့သည်။ သူတို့ကြားမှ မကျေနပ်မှုများက အချိန်အတော်ကြာ စုဆောင်းထားခဲ့ခြင်းဖြစ်ပြီး ထိုတစ်ကြိမ်တွင်တော့ ပဋိပက္ခက ရုတ်တရက် ပိုဆိုးသွားတော့သည်။ မကြာမီ လန်းဆန်းပန်း အရက်ဆိုင်က လန်းဆန်းသွေး အရက်ဆိုင် ဖြစ်သွားခဲ့လေသည်။

တပ်နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသော ဆမ်မြူရယ်နှင့် ထရီနစ်တို့က သတင်းကြားခဲ့သော်လည်း သူတို့က အခြေအနေကို ငြိမ်သက်အောင် မလုပ်ဘဲ အလွန် ပြင်းထန်သော စကားလုံးများနှင့် စကားစစ်ထိုး နေခဲ့ကြသည်။ သို့သော် သူတို့က ထိုနေရာတွင် မတိုက်ခိုက်ခဲ့ကြဘဲ ကိုယ်ပိုင်လူများကိုခေါ်ကာ မြို့အပြင် တောင်ဘက်ကို ထွက်သွားခဲ့ကြသည်။

ဇာမင်ဒါ အံ့အားသင့်သွား၏။ တောင်ဘက်ဆင်ခြေဖုံးက တိုက်ပွဲ အတွက် အသင့်တော်ဆုံး ဖြစ်သော လွင်ပြင်တစ်ခုပင်။ ဒီနေ့ ပဋိပက္ခက အရင်ကထက် ပိုပြီးပြင်းထန်တဲ့ပံုပဲ။ အဖွဲ့နှစ်ဖွဲ့ထဲက တစ်ဖက်တည်းပဲ ကျန်တဲ့အထိ အကြီးစားတိုက်ပွဲတွေ ဖြစ်မှာ စိုးမိတယ်။

အချိန်ကို ကြည့်လိုက်ရာ နှစ်ဖက်လုံးက မြို့အပြင် ထွက်သွားသည်မှာ သိပ်မကြာသေးပေ။ ဇာမင်ဒါက ချက်ချင်းပင် နတ်ဘုရားကျောင်း စစ်သည်‌တော်ကို အရှင်အာသာထံ အကြောင်းကြားရန် အမိန့်ပေးခဲ့ပြီး သူက တောင်ဘက် ဆင်ခြေဖုံးဆီကို အမြန် ပျံသန်းသွားခဲ့သည်။

ဇာမင်ဒါက အလွန် လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။ ခဏအကြာ သူက တောင်ဘက် ဆင်ခြေဖုံးရှိ လွင်ပြင်ပေါ်တွင် ရင်ဆိုင်နေကြသော အဖွဲ့နှစ်ဖွဲ့ကို တွေ့သွားသည်။ တစ်ဖက်စီမှာ လူပေါင်း ၅၀၀ခန့် ရှိကြသည်။ ခေါင်းဆောင်များက ဆမ်မြူရယ်နှင့် ထရီနစ်တို့ပင်။ သူတို့က တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြလေပြီ။

“တော်ကြတော့!” ဇာမင်ဒါက လျှပ်တစ်ပြက် ပေါ်လာပြီး နှစ်ဖက်လုံး၏ အလယ်သို့ ရောက်ရှိ သွားခဲ့သည်။

အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အညိုရောင်ဆံပင်တိုတိုနှင့် ထရီနစ်က ဇာမင်ဒါကို မြင်သောအခါ ခနဲ့လိုက်၏။ “ဆမ်မြူရယ်။ မင်း ကံကောင်း သွားတယ်။ မင်းရဲ့ အစောင့်အရှောက် ရောက်လာပြီ”။

ဇာမင်ဒါ မျက်မှောင်ကြုတ်လိုက်၏။ “မင်းတို့ နှစ်ယောက်လုံးက ဗိုလ်ခြေ ခေါင်းဆောင်တွေပဲ။ ဘာပဲဖြစ်ဖြစ် ဒီလို ပြုမူလို့ မရဘူး။ စိတ်ကို အေးအေးထားကြ။”

“ဆာ-ဇာမင်ဒါ။ ဒါက အသေးအဖွဲ ပဋိပက္ခတစ်ခုဆိုရင် ကျုပ် ဆာ့ကို မျက်နှာထောက်မှာပါ။” ထရီနစ်က သရော်ပြုံး ပြုံးလိုက်သည်။ “ဒါပေမယ့် ဒီနေ့ ကျုပ်ရဲ့ ညီအစ်ကို ၅ ယောက်ကို ကျောက်စိမ်းဗိုလ်ခြေက သတ်ခဲ့တယ်။ ဒါက ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ မဟုတ်တော့ဘူး။ ဒါက သံမဏိကြေးခွံဗိုလ်ခြေ တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။ စိတ်ကို အေးအေးမထားနိုင်လို့ ကျုပ်ကို ခွင့်လွှတ်ပါ။ ဆာ-ဇာမင်ဒါက စစ်သည်တော် တစ်ယောက်အနေနဲ့ ဆာ-ပါဆာလီရဲ့ ဆက်ခံသူတစ်ယောက် အနေနဲ့ ကျော်ကြားတာပဲ။ ဒီအရှက်တရားကို ဓားနဲ့ သွေးနဲ့ပဲ ဆေးကြောနိုင်မယ် ဆိုတာကို ခင်ဗျား သိမှာပါ။ ခင်ဗျားက နတ်ဘုရားကျောင်း စစ်သည်‌တော် တစ်ယောက်အနေနဲ့ ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်မယ်ဆိုရင် သံမဏိကြေးခွံဗိုလ်ခြေက ရှုံးမယ် ဆိုတာ သိတာတောင် သေတဲ့အထိ တိုက်ခိုက်မှာပါ။”

ထိုစကားလုံးများက သရော်မှုများ ရေးရေးလေး ပြည့်နှက်နေခဲ့သည်။ ဇာမင်ဒါက သူ၏ဆရာ ပါဆာလီ၏ တရားမျှတမှုနဲ့ စည်းကမ်းတင်းကြပ်မှုကို အမြဲပင် နမူရာ ယူခဲ့သူ ဖြစ်သည်။ ထရီနစ်က စစ်သည်တော်အကြောင်း ထည့်ပြောလိုက်ရာ သူ တွန့်ဆုတ် သွားခဲ့သည်။

ဇာမင်ဒါ၏ တွန့်ဆုတ်နေသော အမူအရာကို မြင်သောအခါ ထရီနစ်က ချက်ချင်းပဲ ဆမ်မြူရယ်ကို လှမ်းခေါ်လိုက်သည်။ “ဆမ်မြူရယ်၊ မင်းက ယောက်ျားတစ်ယောက်ဆိုရင် ဂုဏ်သိက္ခာရှိရှိ ရပ်တည်ပြီး တိုက်ခိုက်လိုက်။ မင်းက အင်ပါယာရဲ့ စစ်သည်တစ်ယောက်ပဲ။ တခြားသူတွေရဲ့ နောက်မှာပဲ ငကြောက်တစ်ယောက်လို ပုန်းနေရဲတာလား။”

ဆမ်မြူရယ်က အေးစက်စက်နှင့် မတ်တပ်ရပ်လိုက်သည်။ “မင်းက သေချင်နေမှတော့ တခြားသူတွေကို အပြစ်မတင်နဲ့။ ဆာ-ဇာမင်ဒါ။ ကျေးဇူးပြုပြီး ဒိုင်လူကြီး လုပ်ပေးပါ။ ကျုပ် ဒီနေ့ ဒီအရှက်မရှိတဲ့ လူယုတ်မာနဲ့ စာရင်းရှင်းတော့မယ်။ ထရီနစ်။ မင်းက ငါ့ကို ကြောက်တတ်တယ်လို့ ဆက်တိုက် ပြောနေတယ်။ ငါ ထောင်ထဲမှာ အကျဉ်းချခံရတုန်း မင်းက ငါ့ရဲ့ လက်တွေ ခြေတွေကို ချိုးခဲ့တယ်။ ပြီးတော့ မင်းက ငါ့ရဲ့ လက်နက်တွေနဲ့ ငါ့ကို မတရားစွပ်စွဲဖို့ ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်။ မင်းက တကယ် ငကြောက်ပဲ။ အခု ငါ ဒီမှာ ရှိနေပြီ။ မင်း ငါနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား သူသေကိုယ်သေ တိုက်ခိုက်ရဲလား။”

သူသေကိုယ်သေ တိုက်ခိုက်မည့် အကြောင်း ကြားသောအခါ ဇာမင်ဒါ သာမက အဖွဲ့နှစ်ခုမှ စစ်သည်များပင် အံ့သြသွားကြသည်။

ထရီနစ် မျက်မှောင်ကြုတ်လိုက်ပြီး ထူးဆန်းသော အပြုံးမျိုး ပြုံးလိုက်၏။ “မင်းက ပြင်ပအင်အား အကူအညီနဲ့ သူတော်စင် အဆင့်ကို အရင် ရောက်သွားတာ။ မင်းမှာ သူတော်စင် အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်ရေး စွမ်းအား တကယ် ရှိတယ်လို့ ထင်နေတာလား။ ငါက မင်းထက် သူတော်စင်အဆင့်ကို နည်းနည်း နောက်ကျပြီး ရောက်ခဲ့ပေမယ့် ဒါက ငါ့ရဲ့ ကိုယ်ပိုင်အစွမ်းပဲ။ မင်းကိုယ်တိုင် သေချင်နေမှတော့ ငါ ဘယ်လို ငြင်းရမှာလဲ။ ဆာ-ဇာမင်ဒါ။ ခင်ဗျားက တကယ့် စစ်သည်တော် တစ်ယောက်ပါ။ တရား အမျှတဆုံး စီရင်ချက်ကို ချပေးမယ်လို့ ကျုပ် ယုံကြည်ပါတယ်။ ကျုပ် အခု ဆမ်မြူရယ်ရဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ တောင်းဆိုတာကို တရားဝင် လက်ခံလိုက်ပါပြီ။”

နှစ်ဖက်စလုံးက သေသည်အထိ တရားမျှတစွာ တိုက်ခိုက်ရန် ပြတ်ပြတ်သားသား တောင်းဆို နေတာကြောင့် ဇာမင်ဒါက ဟန့်တားရန် အဆင်မပြေတော့ပေ။ ထို့ကြောင့် ထရီနစ်နှင့် ဆမ်မြူရယ်က နှစ်ဖက်စလုံးမှ စစ်သားများ၏ သက်သေအဖြစ် ပွင့်လင်းသော နေရာတစ်ခုကို ရောက်ရှိလာခဲ့ကြသည်။

စည်းကမ်းက အလွန် ရိုးရှင်း၏။ နေရာနှင့် နည်းလမ်းကို ကန့်သတ်မှု မရှိ။ သူသေကိုယ်သေ တိုက်ခိုက်ရုံသာ။

ဆမ်မြူရယ်က ဓားရှည် ‘မိုးပျံပျက်သုဉ်း’ကို ဖြည်းဖြည်းချင်း ထုတ်လိုက်သည်။ သူ့၏ ဒေါသတကြီး အကြည့်က ငြိမ်သက်သွားပြီး ဓားရှည်က ၎င်း၏အစွန်းကို ထုတ်ဖော်ရန် အသင့်ဖြစ်နေ သကဲ့သို့ပင် ထက်မြက်သော ချီစွမ်းအင်တစ်ခုက ရေးရေးလေး ထွက်ပေါ်လာခဲ့သည်။

ထရီနစ်က သရော်ပြုံးပြုံးလိုက်ပြီး ခန္ဓာကိုယ်ကို ရုတ်တရက် အနက်ရောင်နဲ့ အနီရောင် မြူခိုးများ ရစ်ပတ်လိုက်ပြီး အကာအကွယ် ပစ္စည်းများအဖြစ် အလျင်အမြန် ပေါင်းစည်းသွားခဲ့သည်။ ညာလက်က အနက်ရောင် ဓားပြားတစ်လက်ကို ကိုင်ထားပြီး ဘယ်လက်ကတော့ အနီဖျော့ ဒိုင်းတစ်ခု ကိုင်ထား၏။ ထိုအရာက အနီနှင့် အနက် ခန္ဓာကိုယ်တဝက် ချပ်ကာတစ်ခု ဖြစ်ပုံရသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ထူထဲပြီး အန္တရာယ်ရှိသော အလင်းတစ်ခု ထုတ်လွှတ်နေ၏။

“ပြာဝတ်စုံ!” ဇာမင်ဒါက အသံကုန် အော်ပြောလိုက်သည်။ ထိုအရာက နာမည်ကျော် ဒဏ္ဍာရီလာအဆင့် အဆင်တန်ဆာတစ်စုံ ဖြစ်သည်။ ၎င်းကို ပြာဓား (ဓား)၊ ပြာခုခံမှု (ဒိုင်း) နှင့် ပြာအကာအကွယ် (ချပ်ကာ) တို့ဖြင့် ဖွဲ့စည်းထားလေသည်။ ၎င်း၌ အားကောင်းတဲ့ ထိုးစစ်နှင့် ခံစစ် စွမ်းရည်များ ရှိသည်။ အထူးသဖြင့် ပစ္စည်း သုံးခုလုံးကို လူတစ်ဦးတည်း ဝတ်ဆင်ထားတဲ့အခါ ထိုသူက ‘အမြန်နှုန်းတိုးခြင်း နှင့် ‘ဧရာမ အားအင်များ’ကို ရရှိမည် ဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားက ထိတ်လန့်စရာ ကောင်းလှသည်။

သို့သော် ဆမ်မြူရယ်ကတော့ ထိုတစ်ခေါက်တွင် သူ၏ ကိုယ်ပေါ်တွင် သာမန်သားရေ ချပ်ကာတစ်စုံသာ ရှိနေခဲ့ပြီး သိသိသာသာ ကွာခြား နေခဲ့သည်။

ထရီနစ်က ယခင်က ရန်စမှုများ အပါအဝင် ကြိုတင် ပြင်ဆင် ထားခဲ့သည်မှာ အသေအချာပင်။ ထို့ကြောင့် သူသေကိုယ်သေ တိုက်ခိုက်မည် ဟူသော စကားကို ကြားတဲ့အခါ သူက ထိုကဲ့သို့ ထူးဆန်းသော အပြုံးမျိုး ပြုံးခဲ့ခြင်း ဖြစ်သည်။ ထိုအရာက မတရားဟု ထင်ရသော်လည်း အဆင်တန်ဆာ ကိစ္စက စည်းမျဉ်း ခွင့်ပြုနိုင်သော အတိုင်းအတာအတွင်း ရှိနေရာ ဇာမင်ဒါက တိုက်ပွဲကို ရပ်ဆိုင်းရန် အဆင်မပြေပေ။

ထရီနစ်၏ အပြုံးက တင်းမာ လာခဲ့သည်။ အမှန်တကယ်၌ ဆမ်မြူရယ် အဆိုပြုသော သူသေ ကိုယ်သေ တိုက်ခိုက်ခြင်းက သူ ဖြစ်ချင်နေခဲ့သည့်အတိုင်းပင် ဖြစ်၏။ အကြောင်းမှာ မင်းသား ဂါဖီးလ်က သူ့ကို အချိန်အတော်ကြာကတည်းက ဆမ်မြူရယ်ကို သတ်ပစ်ရန် တာဝန် ပေးထားခဲ့၍ပင်။

ထို‘ပြာဝတ်စုံ’ကို ဂါဖီးလ်က သူ့ဆီ ပေးခဲ့ခြင်း ဖြစ်သည်။ မျှော်စင်ဒိုင်းနှင့် ချပ်ကာက အခြားထိခိုက်မှုများကို ထိရောက်စွာ လျှော့ချနိုင်သည်။ ထိုအရာက ဆမ်မြူရယ်၏ ‘မိုးပျံပျက်သုဉ်း’မှ ထွက်ပေါ်လာသော အဆုံးသတ်တိုက်ကွက် ဖြစ်သည့် [အရုဏ်ဦးကွယ်ပျောက်]ကို ကာကွယ်ရန် ဖြစ်သည်။ ပြာဓားတွင် အထူးအဆိပ်သက်ရောက်မှု ရှိသည်။ အရေပြားကို ဖြတ်မိသည်နှင့် ၎င်းက အကြောသေသွားခြင်းနှင့် အရှိန် နှေးကွေးခြင်းစသည့် အားလျှော့ သက်ရောက်မှုများကို ထုတ်ပေးနိုင်၏။ ထို့အပြင် ထရီနစ်က တောင်ဘက် ဆင်ခြေဖုံး သွားရာလမ်းတွင် ‘အစစ်အမှန်ဆေးရည်မည်း’ တစ်စုံကို သောက်ခဲ့သေးသည်။ ယခုတွင် ၎င်း၏ အကျိုးသက်ရောက်မှု ကာလအတွင်း ရှိနေသောကြောင့် သူ့၏ တိုက်ခိုက်ရေး စွမ်းအားက အဆုံးအထိ မြှင့်တင် ခံထားရခြင်းနှင့် ညီမျှပေသည်။ ဒီတိုက်ပွဲမှာ ဆမ်မြူရယ်ကို ငါ သတ်ပစ်ရမယ်။

ဆမ်မြူရယ်လည်း ‘ပြာဝတ်စုံ’ကို သိသော်လည်း သူ့မျက်နှာက မယိမ်းမယိုင် ဖြစ်နေဆဲပင်။ သူက ရင်ဘတ်ရှေ့မှာ ‘မိုးပျံပျက်သုဉ်း’ကို ထားထားလိုက်သည်။

ဇာမင်ဒါက တိုက်ပွဲကို စတင်ရန် ကြေညာလိုက်စဉ် စစ်သည်များက ဘာကိုမှ မမြင်ရတော့ပေ။ ဆမ်မြူရယ် ပျောက်ကွယ်သွားပြီး ထရီနစ်ရှေ့တွင် ပုံရိပ်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသကဲ့သို့ပင် ဝါးတားတား ဖြစ်နေခဲ့သည်။ ထိုအရာများက အရိပ်များသာမက အပြာရောင် ဓားသွားများ၏ အရိပ်များလည်း ပါဝင်နေသည်။

ထရီနစ်၏ ဒိုင်းကြီးက ဆက်တိုက် လှုပ်ရှားနေပြီး တောက်ပနေသော မီးပွားများလည်း လင်းလက်နေ၏။ နှစ်ဖက်စလုံးက သူမသာ ကိုယ်မသာ အခြေအနေသို့ ရောက်နေကြသည်။

အားနည်းတဲ့ စစ်သည်များက သေသေချာချာ မမြင်ရသော်လည်း ဒိုင်လူကြီးဖြစ်သော ဇာမင်ဒါကတော့ သေသေချာချာ မြင်နေရသည်။ သူ၏ မျက်နှာက အနည်းငယ် လှုပ်ရှား သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်ဖက်စလုံးက ဆယ်ကြိမ်ကျော် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သော်လည်း ထရီနစ်က လုံးဝ ကာကွယ်နေရပြီး တစ်ကြိမ်မှ ပြန်လည် မတိုက်ခိုက်နိုင်သေးပေ။ ထိုအရာက မဟာဗျူဟာတစ်ခု မဟုတ်။ ဆမ်မြူရယ်က ‘ပြာဝတ်စုံ’ ဝတ်ထားသော ထရီနစ်ကို အသာစီး ရနေခြင်းကြောင့် သူမှာ ရွေးချယ်စရာ မရှိနေခြင်းပင်!

အမှန်တကယ်၌ ဇာမင်ဒါ၏ မျက်လုံးထဲ၌ ဆမ်မြူရယ်၏ ဓားခုတ်ချက်တိုင်းတွင် ကြီးမားသော ဟာကွက်တစ်ခု ရှိနေပြီး ထရီနစ်ကလည်း ထိုအရာကို သတိထားမိသည်။ သို့သော် ဆမ်မြူရယ်၏ အရှိန်က အလွန် မြန်လှသည်။ ထရီနစ်က ဟာကွက်ကို ဖမ်းဆုပ်ပြီး ပြန်မတိုက်ခိုက် နိုင်ခင်မှာပင် နောက်ထပ် ဓားချက်က ရောက်လာခဲ့သည်။

ယှဉ်လို့မရနိုင်တဲ့ အရှိန်ပဲ!

ဇာမင်ဒါက ကြည့်လေလေ ပိုမို၍ အံ့သြလေလေ ဖြစ်လာခဲ့သည်။ တိုက်ခိုက်မှု အရှိန်က အမှန်တကယ် အံ့သြစရာကောင်းလှ၏။ ထိုနေရာ၌ သူသာဖြစ်ခဲ့ရင် ထရီနစ်အဆင့် စွမ်းအားကိုသာ သုံးခဲ့မည်ဆိုပါက သူလည်း အရေးနိမ့်နေမည် ဖြစ်၏။

ဇာမင်ဒါကို အံ့သြစေသည်က ထိုကဲ့သို့ အရှိန်မြင့် တိုက်ခိုက်မှုမျိုး လုပ်နေသော်လည်း ဆမ်မြူရယ်၏ အသက်ရှူသံက ရှည်လျားပြီး တည်ငြိမ်ကာ ရှုပ်ထွေးမှု တစ်စုံတစ်ရာ မရှိခြင်းပင်။ ထိုအရာက သူ့အတွက် သာမန်တိုက်ခိုက်မှု စည်းချက်တစ်ခု ဖြစ်နေသလိုပါပင်။

အရေးနိမ့်နေသော ထရီနစ်က သူ့ရှေ့မှ အရာကို မယုံနိုင်ခဲ့ပေ။ သူက ဆေးရည်မည်းများကို ကြိုတင်၍ သောက်ခဲ့ပြီး ‘ပြာဝတ်စုံ’ ကို ဝတ်ဆင်ထားခဲ့သော်လည်း သူက ဆမ်မြူရယ်၏ လုံးဝ ဖိနှိပ်ခြင်းခံရပြီး ရိုက်နှက် ခံနေရသည်။ သူ၏ အရှိန်ကလည်း အံ့သြစရာ ကောင်းလောက်အောင် မြန်နေ၏။ ‘ပြာဝတ်စုံ’၏ အကာအကွယ် တိုးမြှင့်မှုနှင့် စွမ်းရည်များသာ မရှိလျှင် သူ ယခုတွင် ရှုံးနိမ့် သွားလောက်ပြီ ဖြစ်သည်။

ရွှေရောင်နယ်မြေမြို့တွင်တော့ တောင်ဘက်ဆင်ခြေဖုံး၌ တိုက်ပွဲ စတင်နေကြောင်း မသိသေးသော နတ်ဘုရားကျောင်း စစ်သည်‌တော်များက ချန်လွေ့ကို ဖိတ်ခေါ်ရန် အမိန့်ခံခဲ့ပြီး စံအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။

“မင်းသား။ ဒီတစ်ခေါက် အခြေအနေ ပြင်းထန်နေတယ်။ ဆာ-ဇာမင်ဒါက မင်းသားကို ချက်ချင်း သွားဖို့ တောင်းဆိုခိုင်းလိုက်ပါတယ်။”

“နားလည်ပြီ။” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “တောင်ဘက် ဆင်ခြေဖုံးကို သွားဖို့ ရထားလုံး ပြင်ဆင်လိုက်။”

“မင်းသား။ ကျုပ်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။ အချိန်မရှိတော့မှာ စိုးမိပါတယ်။ မြင်းစီးပြီးတော့ သွားတာ ကောင်းမယ်ထင်ပါတယ်။ မဟုတ်ရင် ပဋိပက္ခ စနေလောက်ပြီ။”

“စနေပြီလား။” ချန်လွေ့က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ သူက ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်ပြီး သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားခဲ့ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။ “ဟုတ်တယ်။ စနေပြီ...”

All Chapters