တွက်ချက်နေခြင်း
Vol. 62 Ch. 1010
ရွှေရောင်နယ်မြေမြို့၏ တောင်ဘက် ဆင်ခြေဖုံး၌ -
ထရီနစ်က ရပ်နေသောနေရာမှပင် နောက်သို့ ခြေလှမ်း လှမ်းလိုက်သည်။ ခြေလှမ်းတိုင်းက ခြေမျက်စိအထိ ရောက်နေသော နက်ရှိုင်းလှသည့် ချိုင့်များကို မြေပေါ်တွင် ကျန်ရစ်စေခဲ့သည်။ ယခုတစ်ကြိမ်တွင် ရှင်းရှင်းလင်းလင်း မမြင်နိုင်သော စစ်သည်များပင် ထရီနစ်ကို ဆမ်မြူရယ်က ဖိနှိပ်ထားနေကြောင်း နားလည်သွားခဲ့ကြသည်။
ကျောက်စိမ်းဗိုလ်ခြေ စစ်သည်များက စိတ်လှုပ်ရှားနေကြပြီး သံမဏိကြေးခွံဗိုလ်ခြေ စစ်သည်များကတော့ အလွန်ပင် စိုးရိမ်နေကြသည်။ အထူးသဖြင့် ထရီနစ်၏ အစီအစဉ်ကို ကြိုသိထားသော ခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်အချို့ပင်။ သို့သော်လည်း အစီအစဉ်က အပြောင်းအလဲများကို လုံးဝ မလိုက်မှီပေ။ ဆမ်မြူရယ် ပြသခဲ့သော စွမ်းအားက မျှော်လင့်ထားသည်ထက် အများကြီး ပိုနေသည်။ ထရီနစ်က ထိုကဲ့သို့ ပြင်ဆင်မှုများ လုပ်ထားသည့်တိုင် မမျှော်လင့်သော အခြေအနေမျိုးသို့ ရောက်လာခဲ့လေသည်။
ထိုအချိန် ထရီနစ်၏ စိတ်ဓာတ် ကျဆင်းနေမှုကို စိတ်ကူးကြည့်၍ ရနိုင်သည်။ ‘ပြာဝတ်စုံ’၏ အဓိက ရည်ရွယ်ချက်က ဆမ်မြူရယ်၏ အစွမ်းထက်ဆုံး အဆုံးသတ် တိုက်ကွက် [အရုဏ်ဦးကွယ်ပျောက်] ကို ကာကွယ်ရန် အတွက်သာ ဖြစ်၏။ သို့သော် ယခု ဆမ်မြူရယ်က ထိုအကွက်ကို မသုံးရသေးခင်မှာပင် သူ့ကို အန္တရာယ်ထဲ တွန်းပို့နေခဲ့ပြီ ဖြစ်သည်။
မျှော်စင်ဒိုင်းက အကာအကွယ် နေရာကျယ်သော ဒိုင်းကာကြီးတစ်ခု ဖြစ်သည်။ သို့သော် ထိုအရာက သာမန်ဒိုင်းများထက် အများကြီး ပိုလေးပြီး လွှဲရန် ခွန်အား ပိုလိုအပ်သည်။ အထူးသဖြင့် ဆမ်မြူရယ်၏ တစ္ဆေသဖွယ် လှုပ်ရှားမှုနှင့် လျှပ်စီးကဲ့သို့ နီးကပ်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရတဲ့အခါ ထရီနစ်က ဖိအားများ ပိုပြင်းထန်လာကြောင်း ခံစားလာရသည်။ သူ့လက်ထဲမှ ဒိုင်းက ပိုပြီး လေးလာပြီး ကိုင်တွယ်ရ ပိုခက်လာခဲ့သည်။ သူ ထင်ထားသော ‘ထိန်းချုပ်မှု’က သူ့ကိုယ်သူ ရှုံးနိမ့် စေခဲ့သည်။ သူ့ကို ပိုပြီးပင် အံ့သြစေသည်မှာ ဆမ်မြူရယ်၏ သက်လုံက အတိတ်မှ သူရရှိခဲ့သော သတင်းများထဲ အားနည်းချက်အဖြစ် အမြဲတမ်း ပါနေခဲ့ခြင်းပင်။ သို့သော် အခုတော့ ပြိုင်ဘက်က ထိုကဲ့သို့ မြန်နှုန်းမြင့် လှုပ်ရှားမှုနဲ့ တိုက်ခိုက်မှုကို အချိန်အကြာကြီး မောပန်း နွမ်းနယ်သော လက္ခဏာ တစ်စုံတစ်ရာ မပြသဘဲ ထိန်းထား နိုင်သည်မှာ မယုံနိုင်စရာပင်။
ယန္တရား မဟာဆရာသခင် မင်းသား အာသာ ကိုယ်တိုင် ပြုလုပ်ခဲ့သည် ဟုဆိုသော ‘မိုးပျံပျက်သုဉ်း’က ထင်ထားသည်ထက် ကျော်လွန်နေ၏။ သူ့ကိုယ်ပေါ်မှ ‘ပြာအကာအကွယ်’ပင် ကြောက်မက်ဖွယ်ကောင်းသော ထက်မြက်မှုကို အပြည့်အဝ မခုခံနိုင်ခဲ့ပေ။ အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့၏။ ဓား၏ ထက်မြက်သော ချီစွမ်းအင်များက အက်ကွဲကြောင်းမှ စိမ့်ဝင်လာပြီး ဒဏ်ရာများစွာ ဖြစ်စေခဲ့သည်။ သွေးထွက်ခြင်းကို မရပ်နိုင်သည့်အတွက် ဒဏ်ရာကို တည်ငြိမ်အောင် ထိန်းထားရန် သူ၏ စွမ်းအားအချို့ကို သုံးခဲ့ရသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအား အသေအချာ လျော့ကျသွားခဲ့သည်။
ထရီနစ်က ‘မိုးပျံပျက်သုဉ်း’ တွင် ပိုထက်မြက်ပြီး ဒဏ်ရာကို ပိုနက်စေသော ဂုဏ်သတ္တိ သာမက လွှဲတဲ့အရှိန်ကို ၅၀% တိုးစေပြီး ရန်သူရဲ့ ခွန်အားကို စုပ်ယူကာ သူ၏ သက်လုံကို ဖြည်းဖြည်းချင်း ပြန်လည် ပြည့်နိုင်စေသော ဂုဏ်သတ္တိများလည်း ပါဝင်ကြောင်း မသိခဲ့ပေ။ ထို့အပြင် ဆမ်မြူရယ်က ကြယ်တပည့်အဖြစ် ဘွဲ့ရခဲ့ပြီး တိုက်ခိုက်မှု အရှိန်နဲ့ လှုပ်ရှားမှုအရှိန် တိုးမြှင့်ပေးနိုင်သော [လျှပ်စီးခြေလှမ်း] ဆိုသည့် အထူး ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားခဲ့ရာ ဆမ်မြူရယ်က ထိုကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်နှင့် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
ထရီနစ်၏ ‘သတင်း’ ဒိတ်အောက် နေခဲ့ခြင်း ဖြစ်သည်။ ဆမ်မြူရယ်၏ လက်ရှိ တိုက်ခိုက်ရေး ပုံစံက ယခင်နှင့် အများကြီး ကွဲပြားနေပြီး ‘ယှဉ်မရသောအရှိန်’ ဟူသော စကားလုံးများကသာ သူ့ကို ဖော်ညွှန်း နိုင်ပေသည်။
ယခင်နေ့ရက်များ၌ ဆမ်မြူရယ်က အစ်ဇဘယ်လာနှင့် ခရိုဘဲလက်စ်တို့နှင့်အတူ လေ့ကျင့်ရေးတွင် နေ့တိုင်းနီးပါး တိုက်ခိုက်ခဲ့သည်။ ခရိုလဲလက်စ်၏ အကြွင်းမဲ့ ဖိနှိပ်မှုနှင့် နှိုင်းယှဉ်လျှင် အရိပ်လေပြေ ဘွတ်ဖိနပ်နှင့် [လျှပ်တပြက်] ပါရမီရှိသော မဒမ်-အစ်ဇဘယ်လာက ဆမ်မြူရယ်ကို ပို၍ ကူညီပေးခဲ့သည်။ မှန်ပေသည်။ သူက အကြိမ်တိုင်း အကြီးအကျယ် ရှုံးနိမ့် ခဲ့လေသည်။
သူ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သော သက်လုံနှင့် ပတ်သက်၍ ချန်လွေ့ စီစဉ်ပေးထားခဲ့သော အထူး လေ့ကျင့်မှုအောက် သူက အများကြီး တိုးတက်လာခဲ့သည်။ ယနေ့ရှိ ဆမ်မြူရယ်က ပြင်ပအင်အားဖြင့် သူတော်စင်အဆင့်ကို ရောက်ခဲ့သော လေ့ကျင့်သူ မဟုတ်တော့ပေ။ အမှန်တကယ် စွမ်းအားကို ထိန်းချုပ်ပြီး စုစည်းနိုင်သော သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလေပြီ။ သူက သူတော်စင်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိရန်အတွက် နောက်ထပ် အဆင့်ငယ် တစ်ခုကို ဖြတ်ကျော်ရန် ခြေတစ်လှမ်းသော လိုတော့သည်။
“ချီးပဲ!” ဆေးရည်မည်းများက အချိန် အကန့်အသတ် ရှိပြီး ထရီနစ်က ရှုံးတော့မည် ဖြစ်ကြောင်း သိနေ၏။ ငါ သေဖို့များတယ်။ ကြည့်ရတာ နောက်ဆုံး အဆုံးသတ် အကွက်ကို သုံးရတော့မယ့်ပုံပဲ။
ထရီနစ်က ချက်ချင်း ဆမ်မြူရယ်ကို ဒိုင်းဖြင့် တွန်းထုတ် လိုက်ပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက် အားကောင်းသော အလင်းတစ်ခုကို ထုတ်လွှတ်ကာ ‘ပြာဓား’ကို မြေကြီးထဲ ထိုးစိုက်လိုက်သည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများ ဆမ်မြူရယ်ထံ ပျံ့နှံ့သွားခဲ့သည်။ ဆမ်မြူရယ်က လေထဲကို တက်သွားခဲ့ပြီး အက်ကွဲနေသော အလွှာက နီရဲရဲ အလင်းများ တောက်ပနေခဲ့သည်။ အင်အားကြီး ပိုင်နက်စွမ်းအား ပါဝင်နေသော မီးဒြပ်စင်စွမ်းအားက ပေါက်ကွဲနေတဲ့ မီးတောင်ဝများကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
ဆမ်မြူရယ်က တိုက်ခိုက်ခြင်းထက် ပို၍ မြန်မြန် ဆုတ်ခွာနေခဲ့သည်။ အစွမ်းအထက်ဆုံး မီးလျှံများကို ရှောင်တိမ်းနိုင်ခဲ့ပြီးနောက် သူက ‘မိုးပျံပျက်သုဉ်း’ကို အရှိန်ဖြင့် လွှဲပြီး အနီးနားကို ရောက်လာသည့် မီးအလင်းရောင်ကို ကာလိုက်၏။
ဇာမင်ဒါက တိတ်တဆိတ် ခေါင်းကို ယမ်းလိုက်သည်။ ထရီနစ်၏ အဟုန်က အံ့သြစရာကောင်းသော်လည်း သူက ပင်ပန်း နွမ်းနယ်နေပြီ ဖြစ်သည်။ အနိုင်ရလာဒ်က အဖြေပေါ်နေသည်မှာ အသေအချာပင်။
ဆမ်မြူရယ် ဆုတ်ခွာနေရစဉ် ဇာမင်ဒါက တစ်ခုခု ခံစားခဲ့ရသည်။ သူ မော့ကြည့်လိုက်သောအခါတွင် ဆမ်မြူရယ် အပေါ်၌ ကြီးမားသော အနက်ရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဆမ်မြူရယ်ဆီ ထိုးဆင်း လာနေသည်ကို မြင်လိုက်ရသည်။
“ဧရာမနဂါး!” ဇာမင်ဒါက အော်ပြောလိုက်သည်။ ဆမ်မြူရယ်က ထိုအချိန် တုံ့ပြန်ခဲ့ပြီး သူ့ခန္ဓာကိုယ်က မယုံနိုင်စရာ ကောင်းလောက်အောင် နောက်ပြန် ရှောင်တိမ်းလိုက်၏။ သူ မြေပြင်ပေါ်ကို မကျခင်မှာပင် ဧရာမ အနက်ရောင်ပုံရိပ်နဲ့ လမ်းကြောင်း ပြောင်းခဲ့သည်။ ပခုံးချပ်ကာတစ်ခုလုံး စုတ်ပြတ်ပြီး သွေးများ စီးကျလာ ခဲ့သည်။
ဧရာမနဂါးက ထရီနစ်ဘေးနားကို လျှောဆင်းသွားပြီး သူ့လည်ပင်းတွင် ဓားရာတစ်ခု ရှိနေခဲ့သည်။ အကြေးခွံများပင် ပြတ်သွားပြီး သွေးတွေ ဆက်တိုက် စိမ့်ထွက်နေ၏။ သို့သော် ကြီးမားသော ခန္ဓာကိုယ် တစ်ခုလုံးအတွက်တော့ ထိုဒဏ်ရာက အရေးမကြီးပေ။
၎င်းက သိဒ္ဓိနဂါး တစ်ကောင်ပင်။ အင်အားကြီး အသက်စွမ်းအားနှင့် တိုက်ခိုက်မှုအပြင် ကာကွယ်ရေး စွမ်းရည်များ ရှိသော အစွမ်း အထက်ဆုံး နဂါးအမျိုးအစား ဖြစ်၏။
“ယုတ်မာတဲ့ကောင်!” ဇာမင်ဒါက ဆမ်မြူရယ် ရှေ့တွင် ပေါ်လာပြီး ထရီနစ်ကို စူးစူးရဲရဲ ကြည့်လိုက်သည်။ “ဒါက တရားမျှတတဲ့ တိုက်ပွဲလား။”
“ဒါက တိုက်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ မထင်ပါဘူး”။ ထရီနစ်က ကောက်ကျစ်သော အပြုံးဖြင့် ခေါင်းကိုယမ်းလိုက်သည်။ “ကျုပ်က နဂါးစီးနင်းသူ တစ်ယောက် ဆိုတာ မမေ့ပါနဲ့။ သူလည်း... အတူတူပဲ။ ဆမ်မြူရယ်။ ငါလည်း နဂါးတွေရဲ့ စစ်ဆေးမှုတွေကို အောင်မြင်ခဲ့ပြီး ဒီလတွေအတွင်းမှာ နဂါးစီးနင်းသူ ဖြစ်လာမယ်လို့ မင်း မထင်ထားဘူး မဟုတ်လား။ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက် အသစ်ကို မိတ်ဆက် ပေးပါရစေ။”
“ဘရက်ကလင်!” ဆမ်မြူရယ်က ကုသဆေးရည်တစ်ပုလင်း သောက်ပြီး ပြီးနောက် သိဒ္ဓိနဂါးကို အေးစက်စွာ ကြည့်လိုက်သည်။
“မင်းက ငါ့ကို မှတ်မိနေသေးတာပဲ။ ဆမ်မြူရယ်!” သိဒ္ဓိနဂါးက ပြုံးလိုက်သည်။ သူ့၏ ချွန်ထက်သော သွားများဖြင့် တဖြည်းဖြည်း အံကြိတ်နေပြီး အမုန်းတရားဖြင့် သတ်ဖြတ်ချင်စိတ်များ ဖော်ပြနေ၏။ “နောက်ဆုံး စစ်ဆေးမှုတုန်းက မင်းနဲ့ အန်ဒါလူလေးက လှည့်ကွက်တွေနဲ့ ငါ့ကို ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်ခဲ့တယ်။ ငါက ချန်ပီယံဆုကို ရှုံးခဲ့တဲ့အပြင် သုံးလလုံး အိပ်ရာထဲမှာ နေခဲ့ရတယ်။ ဒီနေ့တော့ ငါ မင်းကို ကောင်းကောင်း ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်”။
“စစ်ဆေးမှုရဲ့ ပတ်ဝန်းကျင်က တူတူပဲ။ မင်းက နည်းဗျူဟာတွေကို ကောင်းကောင်း မသုံးတတ်တာပဲ ရှိတယ်။ ပြီးတော့ တကယ်လို့ အဲဒါက စစ်ဆေးမှုသာ မဟုတ်ခဲ့ရင် မင်း သေသွားလောက်ပြီ။” ဆမ်မြူရယ်က အေးစက်စက် ပြောလိုက်သည်။ “မင်းက ဒီလောက် အရှက်မရှိ ဖြစ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ တစ်ယောက်ယောက် အန္တရာယ် ရောက်နေတုန်း အခွင့်ကောင်းယူတာ။ မင်းက နဂါးတောင်ကြားရဲ့ ဂုဏ်သတင်းကို ညစ်နွမ်းစေတာပဲ။ ထရီနစ်။ မင်းကတော့ နဂါးစီးနင်းသူလို့ ခေါ်ဖို့တောင် လုံးဝ မထိုက်တန်ဘူး။”
“မင်းက နည်းဗျူဟာလို့ ပြောတာ ဆိုတော့...” ထရီနစ် ရယ်လိုက်၏။ “ဒါဆို ဒီနေ့ မင်းကို ‘နည်းဗျူဟာ’ ရဲ့ အရသာကို ပေးမြည်းလိုက်မယ်။ ဒါက မင်းဘဝရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ဆာ-ဇာမင်ဒါ။ ဖယ်ပေးပါ။ ဒါက နဂါးစီးနင်းသူ နှစ်ယောက်ကြားက တိုက်ပွဲတစ်ခုပဲ။ နဂါးတောင်ကြားရဲ့ စည်းမျဉ်းတွေအရ အပြင်လူတွေ ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။ သိဒ္ဓိကျောင်းတော်တောင်မှပဲ!”
နဂါးဟိန်းသံတစ်ခုက အဝေးမှ ရုတ်တရက် ထွက်ပေါ်လာပြီး ပုံရိပ် တစ်ခုက အဝေးမှ နီးလာပြီး ကွင်းထဲ ချက်ချင်း ပေါ်လာခဲ့သည်။ ၎င်းက အသက် ၁၃နှစ် အရွယ်ခန့်ရှိသော ခန့်ညားသည့် ကောင်လေး တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့ ကောင်လေးတစ်ယောက်က နဂါးဟိန်းသံကို ထုတ်ခဲ့သည်မှာ ယုံရခက်ခက်ပင်။
“အန်ဒါလူလား။” ဆမ်မြူရယ်က ကောင်လေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “မင်း ဒီကို ဘယ်လို ရောက်လာတာလဲ။ မင်းက နဂါးတောင်ကြားမှာ ရှိနေရမှာ မဟုတ်ဘူးလား။”
“ငါ ခိုးထွက်လာတာ။” အန်ဒါလူက မောဟိုက်နေပြီး ပြောလိုက်၏။ “မင်း ဒုက္ခရောက်နေတဲ့ပုံပဲ။”
“အန်ဒါလူလေး!” ဘရက်ကလင်က တင်းမာစွာ ပြောလိုက်သည်။ “မင်း အခြေအနေကို မသိသေးဘူး ထင်တယ်။ ဒါက သူသေကိုယ်သ တိုက်ပွဲတစ်ခုပဲ။ မင်း ပါဝင်ချင်တယ် ဆိုတာ သေချာလား။”
ကောင်လေးက လန့်သွားပြီး သူ့ရှေ့မှ ထရီနစ်ကို ကြည့်လိုက်ကာ ရုပ်ဆိုးဆိုး ဘရက်ကလင်ကို ပြန်၍ ကြည့်လိုက်သည်။ သူ ရုတ်တရက် ပြုံးလိုက်၏။ “ငါ အချိန်ကိုက် ရောက်လာတဲ့ပုံပဲ။”
ဆမ်မြူရယ်က အန်ဒါလူကို ခေါင်းညိတ်ပြပြီး ထရီနစ်ကို ကြည့်လိုက်တယ်။ “ဒါဆို... စကြတာပေါ့။ နဂါးစီးနင်းသူတွေရဲ့ တိုက်ပွဲ!”
အဝေးမှ ချန်လွေ့နှင့့် အစ်ဇဘယ်လာတို့က နတ်ဘုရားကျောင်း စစ်သည်တော် အနောက်ကို မြင်းစီး၍ လိုက်သွားပြီး လမ်းတစ်လျှောက်လုံး အရှိန်အဟုန်နဲ့ သွားနေကြသည်။ သူတို့က တောင်ဘက် ဆင်ခြေဖုံး မြို့တံခါးကို ဖြတ်ကျော်သွားခဲ့ပြီ ဖြစ်သည်။ ဇိုလာက ဖိုက်သွန်၏ လမ်းညွှန်မှုကို လွန်ခဲ့သော နှစ်ရက်က ရရှိခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် စွမ်းအား အသုံးပြုခြင်းကို ခိုင်မာစေပြီး နားလည် သဘောပေါက်ရန်အတွက် တံခါးပိတ် လေ့ကျင့်ရေး စတင်ခဲ့လေသည်။
“ဘာတွေ စဉ်းစားနေတာလဲ။” ချန်လွေ့နှင့်အတူ စီးလာသော အစ်ဇဘယ်လာက နောက်ကလူ အနည်းငယ် စိတ်လွင့်နေကြောင်း ခံစားမိသည့်အတွက် မေးလိုက်သည်။ အစ်ဇဘယ်လာ၏ စွမ်းအားအရ ဆိုလျှင် သူက ‘အသံပို့လွှတ်ခြင်း’ အတွက် အသံကို အလွယ်တကူ ဖိနှိပ်နိုင်ပြီ ဖြစ်သည်။
“ကိုယ်... အချိန်ကို တွက်နေတာ။” ချန်လွေ့က အစ်ဇဘယ်လာ၏ ဆံပင်ကို ညင်သာစွာ နမ်းရှိုက် လိုက်သည်။ “ဒီည ကိုယ့်အတွက်ပဲ ဖြစ်ဖြစ်၊ အာသာ အတွက်ပဲ ဖြစ်ဖြစ် အတော်လေး အရေးပါတဲ့ တိုက်ပွဲ တစ်ခု ဖြစ်လိမ့်မယ်။”
အဝေးတစ်နေရာ၌ -
ထိုအဝေးက ရွှေရောင်နယ်မြေ၏ တောင်ဘက်ဆင်ခြေဖုံးကို ပြောခြင်း မဟုတ်ဘဲ ပိုဝေးသော နေရာဖြစ်သည့် ကျွန်းအင်ပါယာတစ်ခုကိုပင်။
မီအက်စ် အင်ပါယာ နန်းတော် သင်္ချိုင်း၏ မြေအောက်တွင် ဖြစ်သည်။
“ရှင် ဘယ်လိုထင်လဲ။”
ထိုအရာကလည်း အမျိုးသမီး တစ်ယောက်၏ မေးခွန်း ဖြစ်သည်။
“ကိုယ်... အချိန်ကို တွက်နေတာ။” နောက်ထပ် ချန်လွေ့၏ အဖြေက အတူတူပင်။
“အချိန်ကို တွက်နေတာလား။”
“ဟုတ်တယ်။ ဘယ်လီယာ... အိုး တောင်းပန်ပါတယ်။ ဆိုရန်လီ။ အစီအရင် စတင်ဖို့ အချိန် ဘယ်လောက်ကြာမလဲ တွက်ချက်ဖို့ ကြိုးစားနေတာပါ။ ငါ နည်းနည်း စိုးရိမ်နေတယ်။”
မေးခွန်းမေးခဲ့သူက မရဏနက် နောက်လိုက်များ၏ အရှေ့ပိုင်းခရိုင် ခေါင်းဆောင် ဆိုရန်လီ ဖြစ်ပြီး သူက ကြယ်အလင်းကောလိပ်၏ ကျောင်းရေးရာဌာနမှ ဝန်ကြီး ဘယ်လီယာဟူသော နောက်ထပ် သရုပ်လည်း ရှိနေသည်။ ပို၍တိကျစွာ ဆိုရလျှင် သူက တိမ်စီးနင်း အင်ပါယာ၏ တော်ဝင်မိသားစု မျိုးဆက်တစ်ဦးလည်း ဖြစ်သည်။ တိမ်စီးနင်း အင်ပါယာ ပျက်စိးသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ကျန်ရှိနေသော အင်အားစုများက လျှို့ဝှက် ဘာသာရေးဂိုဏ်းထဲ၌ နေရာတစ်ခုကို ရယူထားခဲ့သည်။ အဓိက အင်အားစုများကို တောင်ဘက်နယ်မြေတွင် စုစည်းထား၏။ ဆိုရန်လီ ရှိသော ကြယ်အလင်းကောလိပ်က လျှို့ဝှက် ဘာသာရေးဂိုဏ်း၏ အရှေ့ပိုင်းခရိုင် ‘နယ်ပယ်’အောက်တွင် ရှိနေသည်။ တောင်ပိုင်းခရိုင်၏ တိုက်ရိုက် မျိုးဆက်တစ်ဦးအနေဖြင့် သူက ဂိုဏ်းထောက် တစ်ဦးသာ ဖြစ်ခဲ့သော်လည်း မမျှော်လင့်ဘဲ အသူရာနှင့် တွေ့ဆုံခဲ့သည်။ စိတ်ဝင်စားမှုကြောင့် နှစ်ယောက် စလုံးက အလွန်ပင် ရင်းနှီးခဲ့ကြပြီး အချင်းချင်း အလွယ်တကူ ငြိသွား ခဲ့ကြသည်။
အသူရာ၏ အကူအညီဖြင့် သူ၏ အဆင့်အတန်းက မမျှော်လင့်ဘဲ အရှေ့ပိုင်းခရိုင် ခေါင်းဆောင်ရာထူး အထိ တက်လှမ်းသွားခဲ့သည်။ ထိုအရာက တိမ်စီးနင်း မိသားစု အင်အားကို အများကြီး တိုးတက်လာစေခဲ့ပြီး အသူရာလည်း သူ၏ ‘အစစ်အမှန်’ စွမ်းရည်ကို ပြသခဲ့ပြီး အရေးအကြီးဆုံးသော ‘နတ်ဘုရားဆင်းသက်ခြင်း’ ပူဇော်ပွဲ၌ ပါဝင်ဖို့ ပထမဆုံး ဖျက်ဆီးခြင်း သံတမန် ဖြစ်လာခဲ့သည်။
“ရှင်လည်း စိုးရိမ်တတ်တာလား။” ဆိုရန်လီက ချစ်စဖွယ် ပြုံးလိုက်၏။ “ကျွန်မရဲ့ စိတ်ထဲမှာ ‘စိုးရိမ်တယ်’ ဆိုတဲ့ စကားလုံးက ရှင်နဲ့ ဘာမှ မသက်ဆိုင်ဘူး ထင်ရတယ်။”
“အမြဲတမ်း မသိနိုင်တဲ့ အရာရာ အတွက်ပေါ့။”
အသူရာ ပခုံးတွန့်ပြီး ဆိုရန်လီနား ပို၍နီးကပ်စွာ ရွှေ့လိုက်ကာ သူ၏ လျော့ရဲနေသော ဝတ်ရုံထဲ လက်ထည့်ပြီး ဖောင်းတင်းနေတဲ့ အသားစိုင်တစ်ခုကို ဆုပ်ကိုင်လိုက်၏။ “တင်းမာနေတာကို ကိုင်တွယ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်။ ငါကတော့ အံ့သြစရာ အကောင်းဆုံး အရာကို ရွေးချယ်ချင်တယ်။”
“ခဏလေး...” ဆိုရန်လီက အသူရာကို ဒေါသတကြီး ကြည့်လိုက်၏။ “ဒီလိုအချိန် ရှင့်မှာ ဒီလိုစိတ်မျိုး ရှိနေတုန်းလား။ ပူဇော်ပွဲတွေကို ဟာသ မလုပ်နဲ့။ ဒါက ကျွန်မတို့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ယူဆောင်လာနိုင်တယ်။ နတ်ဘုရားက စီရင်ချက်လိုက်တာနဲ့ ကောင်းချီးမင်္ဂလာတွေကို ကပ်ဘေးအဖြစ် ပြောင်းပစ်လိမ့်မယ်။”
အသူရာက ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ဖောင်းနေသော အပေါ်ပိုင်းကို ညှစ်လိုက်၏။ သို့သော်လည်း သူက လက်ကို မဆွဲထုတ်သေးဘဲ ရွံ့ထူသော တောအုပ်၏ စိုစွတ်သော အပိုင်းထဲ လျှောဆင်းသွားခဲ့သည်။ “အကျိုးကျေးဇူးတွေက ဘာလဲ။ မပြောပြရင် မင်းရဲ့ အကျိုးကျေးဇူးကို ငါ အရင် စားပစ်မယ်။”
ဆိုရန်လီက အပျော်အပါး မွေ့လျော်သူ ဖြစ်ရာ သူ့ကို ထိုကဲ့သို့ စနောက်ခြင်းကြောင့် အလိုလို ရမ္မက် ထန်လာခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ သူက အမှန်တကယ် စိတ်မလွတ်ရဲပေ။ သူက ကစားနေသော လက်ကို အမြန် ဆုပ်ကိုင်လိုက်သည်။ “နောက်မနေနဲ့တော့။ နတ်ဘုရားရဲ့ အရှိန်အဝါက အရာရာကို ထိုးဖောက်နိုင်တယ်။ ဒီတစ်ကြိမ်က အနှစ်၁၀၀မှာ တစ်ကြိမ်ပဲ ဖြစ်တဲ့ အကြီးစား အဓိက ယဇ်ပူဇော်ပွဲပဲ။ ရှင်က နတ်ဘုရားရဲ့ ကောင်းချီးကို ဆုံးရှုံးရင် အရှုံးကြီး ရှုံးလိမ့်မယ်။”
“နတ်ဘုရားရဲ့ ကောင်းချီးတွေလား။” အသူရာက စိတ်ဝင်စားဟန် ပြသပြီး လက်ကို ရပ်လိုက်သည်။
ဆိုရန်လီက အမြန်ရှင်းပြသည်။ “ပုံမှန်အားဖြင့် ပြောရရင်တော့ နတ်ဘုရားတွေက အဓိက ယဇ်ပူဇော်ပွဲမှာ ပါဝင်တဲ့ ယုံကြည်သူ အားလုံးကို သက်ဆိုင်ရာ စွမ်းအားကို ပေးလိမ့်မယ်။ ဒါပေမယ့် နတ်ဘုရား သဘောကျတဲ့ သူတွေပဲ အစစ်အမှန် စွမ်းအားကို ရရှိနိုင်တာ။ ခန္ဓာကိုယ်ထဲမှာ ဖျက်ဆီးခြင်းနဲ့ သတ်ဖြတ်ခြင်းအသက်တွေ ပိုပြီး ပြင်းထန်လေလေ နတ်ဘုရားရဲ့ အသိအမှတ်ပြုခံရတာ ပိုပြီး ဖြစ်နိုင်လေလေ၊ အကျိုးကျေးဇူးတွေ ပိုများလေလေပဲ။ ရှင့်ကို နတ်ဘုရားက ‘ဝိညာဉ်မျိုးကွဲ’ အနေနဲ့ ပြောင်းလဲပေး နိုင်ပြီးတော့ ‘လွှမ်းမိုးခြင်း နှလုံးသား’ ကို ရရှိနိုင်တယ်။ ဒါက ရှင့်ရဲ့ စွမ်းအားနဲ့ အလားအလာကို အကြီးအကျယ် တိုးမြှင့်ပေးလိမ့်မယ်။ အရေးကြီးတဲ့ အချိန်မှာ နတ်ဘုရားရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်ပြီး နတ်ဘုရားရဲ့ စွမ်းအားနဲ့ ပေါင်းစပ်နိုင်ပြီးတော့ ရန်သူကို အနိုင်ယူဖို့ မယုံနိုင်စရာ စွမ်းအားကို ထုတ်နိုင်လိမ့်မယ်။”
“ဝိညာဉ်မျိုးကွဲ၊ လွှမ်းမိုးခြင်း နှလုံးသား ဟုတ်လား။” အသူရာ၏ မျက်လုံးနီနီများက ဘာမှန်းမသိသော အဓိပ္ပာယ်တစ်ခုဖြင့် လက်ခနဲ ဖြစ်သွားပြီး လက်ကို ပြန်ရုပ်လိုက်၏။ “ဒီလို ကြီးမားတဲ့ အကျိုးကျေးဇူးမျိုး တကယ် ရှိတာလား။”
“ကျွန်မလည်း ရှင့်လိုပဲ ဒီလို အဓိက ယဇ်ပူဇော်ပွဲမှာ ပထမဆုံး အကြိမ် ပါဝင်ဖူးတာ။ ဒါပေမယ့် ကျွန်မ ရှင့်ကို ပြတ်ပြတ်သားသား ဖြေနိုင်တယ်။ ဟုတ်တယ်။ တကယ် ရှိတယ်။” ဆိုရန်လီက ခေါင်းညိတ်လိုက်သည်။ “ဝိညာဉ်မျိုးကွဲနဲ့ လွှမ်းမိုးခြင်းနှလုံးသား ရှိတဲ့သူတွေပဲ အစစ်အမှန် အမြုတေ ဖြစ်လာနိုင်တယ်။ ရှင်က သဘောကျခံရမယ်ဆိုရင်တော့ ဂုဏ်ယူပါတယ်။ ရှင်က ဂိုဏ်းရဲ့ အတွင်းထဲကို ဝင်ရောက်ဖို့ အခွင့်အရေး ရရှိပြီးတော့ အနာဂတ်မှာ ဂိုဏ်းရဲ့ ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်လာနိုင်တယ်။ ဒါမှမဟုတ်ရင်တော့ ရှင့်မှာ ဘယ်လောက်ပဲ အကျိုးပြုမှုတွေ၊ စွမ်းအားတွေ ရှိနေပါစေ၊ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်လို ဆုလာဘ်မျိုးမဆို ပေးဆပ်ရတာ ရှိတယ်။ ကျွန်မတို့ ပေးဆပ်ရတာက အကြွင်းမဲ့ သစ္စာစောင့်သိမှုနဲ့ ဝိညာဉ်စွမ်းအား တစ်ပိုင်းတစ်စပဲ။”
“ဝိညာဉ်ကိုလည်း ပေးရတာလား။” အသူရာ မျက်မှောင်ကြုတ်လိုက်၏။
“ဟုတ်တယ်။ ဒါက ကောင်းချီး ခံရသူတွေရဲ့ အကြွင်းမဲ့ သစ္စာ စောင့်သိမှုကို အာမခံနိုင်တယ်။ ဒီကို ရောက်လာနိုင်တဲ့သူတွေက စမ်းသပ်မှုကို အောင်မြင်ပြီးသား။ ရှင်လည်း ပါတယ်။ ရှင် စိတ်ရှင်းနေသင့်တယ်။ ဒါပေမယ့် အနှောင့်အယှက်စိတ်တွေ ရှိတဲ့လူတွေ ရှိနိုင်တာ အသေအချာပဲ။ ဒီလို လူတွေရဲ့ ဝိညာဉ်တွေကို နတ်ဘုရားရဲ့ ထိုးထွင်းသိမြင်မှုကနေ မြင်နိုင်လိမ့်မယ်။ ဒါပေမယ့် သစ္စာအရှိဆုံး ယုံကြည်သူတွေရဲ့ နိမ့်ကျတဲ့ ဝိညာဉ်တွေ ကိုတောင် နတ်ဘုရားက လက်ခံမှာ မဟုတ်ပါဘူး။ ဒီဝိညာဉ်စွမ်းအား တစ်ပိုင်းတစ်စက ဒီအဓိက ယဇ်ပလ္လင်နဲ့ ပေါင်းစပ်ပြီးတော့ နတ်ဘုရားနဲ့ ကျွန်မတို့ကြားက ဆက်စပ်မှု ဖြစ်လာလိမ့်မယ်။”
အသူရာ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ “ဒါဆိုရင် တစ်ယောက်ယောက်က အဓိက ယဇ်ပလ္လင်ကို ဖျက်ဆီးလိုက်ရင် နတ်ဘုရားနဲ့ ငါတို့ကြားက ဆက်စပ်မှုကို ဖြတ်တောက် နိုင်တာပေါ့။ ငါတို့ကို ပေးအပ်ထားတဲ့ စွမ်းအားကို မရနိုင်တော့ဘူးလား။”
“အဓိက ယဇ်ပလ္လင် ပျက်စီးမှုက ကျွန်မတို့ကို နတ်ဘုရားတွေရဲ့ စွမ်းအားအများစု ဆုံးရှုံးစေရုံသာမက ကျွန်မတို့ရဲ့ ဝိညာဉ်ကိုလည်း အပြင်းအထန် ထိခိုက်စေတယ်။ ကျွန်မတို့ရဲ့ အသက်ကိုတောင် ဆုံးရှုံးစေနိုင်တယ်”။ ဆိုရန်လီက လေးလေးနက်နက် ပြောလိုက်သည်။ “ဒါကြောင့် ဒါက ကျွန်မတို့ရဲ့ အရေးအကြီးဆုံး အရင်းအမြစ် နေရာပဲ။ ဖျက်ဆီးခံရတာ ဒါမှမဟုတ် ကျူးကျော်ခံရတာနဲ့ နောက်ဆက်တွဲ ပြဿနာတွေက စိတ်ကူးလို့ မရနိုင်အောင်ပဲ။ အထူးသဖြင့် အဓိက ယဇ်ပူဇော်ပွဲကို လုပ်တဲ့အခါ အရိုးမျှော်စင်တွေကနေ စုစည်းထားတဲ့ သွေးစတေးမှု စွမ်းအားအကုန်လုံးကို အဓိက ယဇ်ပလ္လင်ဆီ ပေးအပ်လိမ့်မယ်။ အဲဒီအချိန်က အကာအကွယ် အားအနည်းဆုံး အချိန်ပဲ။ ဘာပဲဖြစ်ဖြစ် အဲဒါကို အစွမ်းကုန် ကာကွယ်ရမယ်”။
“သဘောပေါက်ပြီ။ ဒါကလည်း ဖျက်ဆီးခြင်း သံတမန်တွေရဲ့ အကြီးမားဆုံး တာဝန် တစ်ခုပဲ။” အသူရာက ခေါင်းညိတ်လိုက်သည်။
“ကျွန်မ ဆာ-ကာစီ ဆီကို သွားတော့မယ်။” ဆိုရန်လီက သူ၏ မျက်နှာဖုံးကို ဝတ်လိုက်၏။ “ပျက်စီးခြင်း သံတမန်ချုပ် ဆာ-ခရူချ်ဝါ့ထ်က ဖျက်ဆီးခြင်း သံတမန်တွေကို စုစည်းဖို့ အချိန် ရောက်ပြီ မဟုတ်လား။ ရှင်လည်း အသင့်ပြင်ထားတော့။”
အသူရာကလည်း မျက်နှာဖုံးကို ကောက်ယူလိုက်ပြီး ထူးဆန်းသော အပြုံးတစ်ခု ပြုံးလိုက်သည်။ “ညနေ အစီအရင် ပြီးသွားရင် ကိုယ့်ကိုယ်ကို သန့်ရှင်းအောင် လုပ်ထားလိုက်။ ငါ မင်းကို အမှတ်ရစရာ အကောင်းဆုံး ညတစ်ည ဖြစ်အောင် လုပ်ပေးမယ်။”
ဆိုရန်လီက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ထွက်သွားခဲ့သည်။ ဝေးဝေးသို့ လျှောက်သွားသည်ကို ကြည့်ပြီး အသူရာက မျက်နှာဖုံးကို မျက်နှာပေါ် ဖြည်းဖြည်းချင်း တပ်ပြီး သူ့၏ လျှို့ဝှက်သော အပြုံးကို ဖုံးကွယ် ထားလိုက်၏။
“ငါ ကတိပေးတယ်။ ဒါက အမှတ်ရစရာ အကောင်းဆုံး ညပဲ။”