← Chapters

ပြန်လည်မွေးဖွားခြင်း(2)

Vol. 11 Ch. 101

ပြန်လည်မွေးဖွားခြင်း(2)

Vol. 11 Ch. 101

အဘိုးလီ၏ စကားကို ကြားရပြီးနောက် အတင်းအဖြင်းများကို စိတ်ဝင်တစားပြောဆိုနေကြသော သရဲ၊တစ္ဆေများအားလုံးက အရောင်တဖြတ်ဖြတ်တောက်နေသော မျက်လုံးများနှင့် သူ့ဘက်သို့ လှည့်ကြည့်လာကြကာ မေးခွန်းများ တစ်သီတစ်တန်း မေးလာကြတော့သည်။

အဘိုးလီတစ်ယောက် အနည်းငယ် ရှက်ရွံ့လာချိန်တွင် မျက်နှာအမည်းရောင်ရှိသော ယင်အရာရှိတစ်ယောက် ရောက်လာကာ အက်ကွဲသော အသံဖြင့် ပြောလာသည်။

“လီxx၊  ဆယ်ခုမြောက်နန်းတော်ရဲ့ ငရဲဘုရင်က အသင့်ကို ဆင့်ခေါ်လိုက်တယ်”

အဘိုးလီတစ်ယောက် အနည်းငယ် အံ့သြထိတ်လန့်ကာ လက်ဖဝါးနှစ်ဖက်ကို ပွတ်လိုက်မိသည်။

“ကျွန်တော် အရဲစွန့်ပြီး တစ်ခုလောက်များ မေးလို့ရမလား အရာရှိကြီး၊ အရှင်ယန်က ဘာကြောင့်များ ကျွန်တော့်လို သရဲအနုံအစုတ်လေးကို ဆင့်ခေါ်ရတာပါလဲ”

ယင်အရာရှိ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားခဲ့ပြီးနောက် ပြန်ဖြေလာသည်။ 

“မင်းကတော့ အတော်လေးကံကောင်းတာပဲ သရဲအိုကြီး၊ ဆယ်ခုမြောက်နန်းတော်ရဲ့ ဘုရင်ကလည်း ဝိဉာဉ်ရေးရာ အစီအစဉ်ကို အမြဲစောင့်ကြည့်နေတဲ့သူဖြစ်နေတယ်လေ!”

“မင်းက ကုသိုလ်ကံ များပြားလွန်းတဲ့ သူမျိုး မဟုတ်ဘူး၊ ပုံမှန်တန်းစီချိန်အရဆိုရင် မင်း အနည်းဆုံး (၇)နှစ်၊ (၄)လနဲ့ (၁)ရက်စောင့်ပြီးမှ ပြန်ဝင်စားလို့ရမယ်၊ ဒါပေမယ့် အခု မင်းစောင့်ရမယ့်အချိန်ကို ဖျက်ပေးလိုက်ပြီဖြစ်လို့ မင်းအရင်ဆုံး ပြန်ဝင်စားလို့ရပြီ၊

ဒါ့အပြင် မင်းကယ်တင်ခဲ့တဲ့ မြွေဖြူကလည်း နဂါးအဆင့်ကိုတောင် ပြောင်းတော့မဲ့  မြွေဖြစ်နေတာကြောင့် သူ့ကို မြေအောက်ကမ္ဘာနဲ့ ဆက်သွယ်နေတဲ့ ဒုတိယအဆင့် နတ်မိစ္ဆာဝိဉာဉ်လို့ သတ်မှတ်လို့ရတယ်၊

မင်းက သူနဲ့ ဆက်ဆံရေးလည်း အင်မတန်ကောင်းမွန်တာကြောင့် ပြန်ဝင်စားခွင့်ပေးရုံတင်မကဘဲ နာမည်ကြီးမိသားစုမှာ မွေးဖွားခွင့်ပါရခဲ့တယ်၊ မင်းရဲ့ နောက်ဘဝမှာတော့ စိတ်အေးလက်အေးနဲ့ လုံခြုံတဲ့ ဘဝကို နေထိုင်ရမှာပဲ!!”

အဘိုးလီမှာ  အံ့သြခြင်းများဖြင့် ဖုံးလွှမ်းကာ မည်သည့်စကားကို ပြောသင့်သည်ကိုပင် မသိဖြစ်သွားခဲ့ရသည်။

ဘေးမှ စပ်စုနေသော၊ မနာလိုဖြစ်နေကြသော သရဲအုပ်ကြီးအား ပြန်ကြည့်လိုက်မိပြီးမှ သူ မယုံကြည်နိုင်စွာနှင့်ပြောလိုက်မိလေသည်။

“တကယ်ပြောတာလား အရာရှိကြီး?”

“အမှန်ပဲ၊ မင်း အခု ချက်ချင်းပဲ ငါနဲ့အတူ ပြန်လည်မွေးဖွားခြင်းကျောက်တုံးဆီကို သွားလို့ရပြီ”

သူ့ ဘေးမှ သရဲတစ်ကောင်က မနာလိုစွာ ပြောလာခဲ့သည်။

“လီရှုန်းတိ၊ ခင်ဗျားကတော့ ကံအဆိုးတွေထဲက ကံကောင်းမှုတွေကို ရရှိသွားတာပဲ၊ ပြန်လည်ဝင်စားရတော့မယ့်အပြင် ဘဝကောင်းကောင်းမှာလည်း နေရဦးမှာ၊ ဂုဏ်ပြုပါတယ်  !”

“အမှန်ပဲ၊ ခင်ဗျား သေပြီးသွားပြီဆိုတော့ ခင်များရဲ့ မျက်လုံးဖြူဝံပုလွေလို သားနဲ့လည်း ပတ်သတ်စရာ မ‌ရှိတော့ဘူး၊ အခု ပြန်ဝင်စားပြီးရင်တော့ ပိုလို့တောင် လွတ်ကျွတ်သွားပြီပဲ”

“ခင်ဗျားက လူလည်းဖြစ်ခဲ့ပြီ၊ သရဲလည်း ဖြစ်ခဲ့ပြီးပြီဆိုမှတော့ အကောင်းဆုံးကြိုးစားလိုက်တော့နော် !”

သရဲများ၏ ဂုဏ်ပြုစကားများအောက်တွင် အဘိုးလီမှာ အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ တွန့်ချိုးထားသော မျက်ခုံးများအား ဖြေလျော့လိုက်သည်။

“ကောင်းပါပြီ…..”

အဘိုးလီလည်း နေရာမှ လှည့်ထွက်လိုက်ကာ ယင်အရာရှိ၏နောက်မှပြန်လည်မွေးဖွားခြင်း လမ်းကြောင်းသို့  လိုက်သွားတော့သည်။

* 

မိနစ် (၄၀)ခန့် စောင့်ဆိုင်းပြီးနောက်တွင် ပရိုဂရမ်အဖွဲ့မှ ပြိုင်ပွဲဝင်များအားလုံးအား ဇာတ်ညွှန်းတွင် ပါရှိသော အချိန်အတိုင်း ပြင်ဆင်ထားရန် သတိပေးလာခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို ပြန်ဖွင့်လိုက်ချိန်၌ အဖွဲ့လိုက်ပြိုင်ဆိုင်ခြင်း၏ ဒုတိယမြောက်အကူအညီတောင်းခံခြင်း စတင်လာခဲ့ပြီ။

တိုက်ရိုက်ထုတ်လွှင့်မှုခန်းတွင် ရှိနေသော လူဦးရေမှာ မူလက (၄)သိန်းခန့်သာ ရှိသော်လည်း ကင်မရာဖွင့်သည်ကို သတိထားမိသည်နှင့် ချက်ချင်းဆိုသလိုပင် လူဦးရေများ ထိုးတက်လာတော့သည်။

တင်ဆက်သူလျို့က ရိုက်ကူးရေးကိရိယာများအား ချိန်ညှိနေရင်း မော့ကြည့်လိုက်ကာ ချက်ချင်းထိုးတက်လာသော လူဦးရေကြောင့် အံ့သြတကြီးဖြစ်သွားရသည်။

“ကြည့်ရှုသူတွေနဲ့ သူငယ်ချင်းတွေက  ဒီလောက်တောင် အများကြီး ရှိနေတာလား? ကြည့်ရတာ ကျွန်တော်တို့ရဲ့ အစီအစဉ်လေးက နာမည်ကြီးနေတယ်ထင်တယ်၊ အားလုံးပဲ ပြန်လည်ကြိုဆိုပါတယ်”

“ဒုတိယပြိုင်ပွဲစဉ်အတွက် အကူအညီတောင်းသူတွေကတော့ မောင်နှမတွေပဲ ဖြစ်ပါတယ်၊ သူတို့ကလည်း အခုတလောမှာ ပြဿနာတွေ ကြုံတွေ့ရတဲ့အတွက်ကြောင့် ပရိုဂရမ်အဖွဲ့ကို စာပို့ပြီး ခဲ့တာပါ၊

ပြိုင်ပွဲဝင်တွေက သူတို့ရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်မလားလို့ မျှော်လင့်ထားခဲ့ကြပြီး အခုဆိုရင် အကူအညီတောင်းခံသူတွေက အဆင်သင့်ရောက်ရှိနေကြပါပြီ”

“ပွဲစဉ်ရဲ့ တရားမျှတမှုကို သေချာစေဖို့အတွက် ကျွန်တော်ကိုယ်တိုင်လည်း သူတို့တွေ ဘာကို အကူအညီတောင်းခံထားသလဲဆိုတာကို မသိထားပါဘူး၊

ပြိုင်ပွဲဝင်တွေရဲ့ ဖုန်းတွေကိုလည်း သိမ်းထားတဲ့အတွက်ကြောင့် သူတို့တွေလည်း ဘာတွေဖြစ်လာနေသလဲဆိုတာကို ကြိုပြီး မသိနိုင်ပါဘူး၊

ကဲ.. ဒီတော့ ပြိုင်ပွဲဝင်တွေထဲက ဘယ်သူကများ မောင်နှမတွေရဲ့ ပြဿနာကို ဖော်ထုတ်နိုင်မှာလဲ၊ ဘယ်လို ထူးဆန်းတဲ့အရာတွေများ ဖြစ်ခဲ့တာလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်!

ကျွန်တော်တို့ရဲ့ ပထမဆုံးကူညီပေးမဲ့ပြိုင်ပွဲဝင် ဒေစီကို ဖိတ်ခေါ်လိုက်ပါတယ်!”

ရိုးရာလည်ထောင် ဝတ်စုံအသစ်ကို လဲလှယ်ဝတ်ဆင်လာသော ဒေစီမှာ  မနက်ခင်းအချိန်မှ ပင်ပန်းနွမ်းနယ်သွားမှုအား သေသေချာချာ အနားယူပြီးကာ အားပြည့်နေပြီဟု ထင်မှတ်ရသည်။

သူမက တင်ဆက်သူလျို့အနီးသို့ လျှောက်သွားကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

“တင်ဆက်သူလျို့၊ မင်္ဂလာပါ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြတဲ့ ကြည့်ရှုသူများလည်း မင်္ဂလာပါ”

“မင်္ဂလာပါ၊ မှတ်ချက်ဧရိယာက ကြည့်ရှုသူတွေ တော်တော်များများက ဒေစီရဲ့ ခန္ဓာကိုယ်ပင်ပန်းနေသေးလားလို့ စိတ်ပူနေကြတယ်၊ သူတို့ကိုလည်း စကားလေး နည်းနည်းလောက် ပြောပေးပါဦး”

ဒေစီက သူမ၏ လက်ကို မြှောက်ကာ ကင်မရာဆီသို့ လက်ကိုဝှေ့ရမ်းနှုတ်ဆက်လိုက်ပြီး သူမ၏ နီရဲနေသောနှုတ်ခမ်းလေးများကို ကွေးညွတ်ကာ အပြုံးလေးဖြင့်  နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ.. စိတ်မပူကြနဲ့တော့နော်၊ ကျွန်မက အားအင်အပြည့်ဖြစ်နေပါပြီ”

“ကောင်းပါပြီ၊ ဒါဆိုရင် ဒုတိယ အကူအညီတောင်းဆိုသူအဖွဲ့ကို စင်ပေါ်သို့  ဖိတ်ခေါ်လိုက်ပါရစေ”

သူ၏ စကားဆုံးသည်နှင့် ပရိုဂရမ်အဖွဲ့၏ လမ်းညွှန်မှုအောက်တွင် လူငယ်နှစ်ဦး စင်ပေါ်သို့ တက်လာခဲ့သည်။

နှစ်ဦးလုံးသည် အသက် (၂၀) ဝန်းကျင် လူငယ်များဖြစ်ချေသည်။

မိန်းကလေးသည်ကား ချီဖွန်အင်္ကျီနှင့် စကတ်အရှည် ဝတ်ဆင်ထားပြီး ဆံပင်က ပုခုံးကျော်ခန့်ရှိကာ အတော်လေးကျက်သရေရှိရှိ လှပလွန်းသည်။

“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မနာမည်က ရှောင်ရှီပါ”

သူမ၏ ဘေးမှ ကောင်လေးကတော့ ဆံပင်အား ဘေးဘက်တွင် တိုတိုကပ်ကပ်ရိတ်ထားသော စတိုင်ရှိပြီး မျက်ခုံးထူထူနှင့် အနည်းငယ်ကြီးသည့် မျက်လုံးတို့ရှိသည်။ 

“အားလုံး မင်္ဂလာပါ၊ ကျွန်တော်ကို ရှောင်ချန်လို့ ခေါ်လို့ရပါတယ်”

ပရိုဂရမ်အဖွဲ့၏ လုပ်ဆောင်မှုပုံစံအား သိနေပြီးဖြစ်သော ဒေစီက စောင့်မနေတော့ဘဲ သူမ၏ အထုတ်ကို စားပွဲလွတ်တစ်လုံးပေါ်တင်ကာ လူငယ်လေးနှစ်ဦးထံသို့ လျှောက်သွားလိုက်သည်။

“ငါ့ကို မင်းတို့နှစ်ယောက်လုံးရဲ့ လက်တွေကို ပေးကြပါ၊ မင်းတို့နှစ်ယောက်လုံးရဲ့ စွမ်းအင်ကို အာရုံခံကြည့်ဖို့ လိုတယ်”

ဒေစီ သူတို့၏လက်များအား ကိုင်ထားပြီးနောက် မျက်လုံးများကို ပိတ်ဆို့လိုက်သည်။

ခဏအကြာတွင် သူမက မျက်လုံးများအား ပြန်ဖွင့်ကာ  စကားဆိုသည်။

“မင်းတို့နှစ်ယောက်ရဲ့ စွမ်းအင်တွေက ဆင်တူပြီး နီးကပ်နေတယ်၊ ဆိုလိုတာက မင်းတို့ရဲ့ ဆက်ဆံရေးက အဆင်ပြေချောမွေ့တာပဲ၊ ဒါပေမယ့် ချစ်သူတွေတော့ မဟုတ်ဘူး၊ ငါ မင်းတို့ရဲ့ စွမ်းအင်တွေကနေ ရင်းနှီးမှုကို ခံစားနေရတယ်၊  ဒါက ဆွေမျိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ စွမ်းအင်မျိုးပဲဆိုတော့ မင်းတို့က သွေးသားတော်စပ်ရမယ်”

သူမ ရှောင်ရှီကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက အစ်မဖြစ်ပြီး သူက မောင်လေးပဲ ဖြစ်လိမ့်မယ်”

ရှောင်ရှီ ခေါင်းညိမ့်ကာ ပြန်ဖြေသည်။

“ဟုတ်ပါတယ်၊ ကျွန်မတို့က မောင်နှမတွေပါ”

မောင်နှမနှစ်ယောက်မှာ ရုပ်ချင်းဆင်တူခြင်းမရှိကြပေ။ သူတို့၏ မိဘများအား တွေ့ဖူးသူတိုင်းက သူတို့ကို မိဘနှစ်ပါး၏ ရုပ်ရည်သွင်ပြင်များအား အသီသီးခွဲ၍ တူညီနေကြခြင်းဖြစ်ကြောင်း ပြောတတ်ကြသည်။

သူတို့၏ ရုပ်ရည်ကြည့်ရုံဖြင့် မောင်နှမဟု ပြောနိုင်သူ အနည်းငယ်သာရှိသည်။

ဒေစီ သူမ၏ လက်ဖဝါးများကို ပွတ်လိုက်ပြီး ခေါင်းကိုမော့ကာ လူငယ်လေးကို ကြည့်လိုက်သည်။

“ထူးဆန်းလိုက်တာ၊ မင်းရဲ့ဘေးမှာ အင်မတန်ဆိုးသွမ်းတဲ့ စွမ်းအင်တစ်ခုက ဝန်းရံနေတယ်၊ အဲဒါက ငါ့ကို တော်တော်လေးတော့ စိတ်ကို မသက်မသာ ဖြစ်စေတာပဲ”

“အတိအကျပြောရရင် အဲဒီစွမ်းအင်က အေးစိမ့်ပြီး စေးကပ်တဲ့ ခံစားချက်မျိုးပဲ၊ ငရဲက အဆိပ်ပြင်းမြွေတစ်ကောင်လိုမျိုး ဆင်တူတယ်၊ ဒါပေမယ့် တစ်နေရာရာကလည်း ကွဲပြားနေတယ်၊ ဒါက အတော်လေး ထူးဆန်းလွန်းလို့ ငါ ဒီထက်ပိုပြီး အနီးကိုကပ်ပြီးမှ သေသေချာချာစူးစမ်းကြည့်ဖို့ လိုလိမ့်မယ်”

ဒေစီ၏ စကားကြောင့် မောင်နှမ နှစ်ယောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်မိသွားကြကြ သူတို့၏မျက်လုံးထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

*

All Chapters