← Chapters

ရေသရဲဖယ်ရှားခြင်း (2)

Vol. 11 Ch. 106

ရေသရဲဖယ်ရှားခြင်း (2)

Vol. 11 Ch. 106

ရှောင်ချန်မှာ အတော်လေး ထိတ်လန့်သွားခဲ့ကာ နောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိလေသည်။

သူ၏မျက်နှာသို့ လေအဟုန်တစ်ခု တိုးလာခြင်းအား ခံစားလိုက်ရပြီးနောက် သူ၏ကိုယ်ပေါ်မှ တစုံတခု ကွာကျသွားသည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်တွင် ရှင်းယိချင်း၏ မျက်နှာအမူအရာမှာ လေးနက်တည်ကြည်နေခဲ့သည်။

“… ဤကျမ်းစာသည် နေရာအနှံ့တွင် တည်ရှိသည်၊ ဘယ်သောအခါမျှပင် ပျက်စီးသွားမည်မဟုတ်၊ ဘုရားသခင်မှ မကောင်းသော နတ်ဆိုးများအား သုတ်သင်ရန် အမိန့်ချမှတ်ထားသည်၊ ဤမီးခေါင်းလောင်း မြည်ဟည်းသံနှင့်အတူ သရဲ၏ ဝိဉာဉ်လည်း ပျောက်ကွယ်စေ၊ ဥပဒေကဲ့သို့ အဆောတလျင် အမိန့်သက်ရောက်စေသတည်း!!”

‘နတ်ဆိုးနှိမ်နင်းခြင်းမန္တာန်’၏ နောက်ဆုံးစာကြောင်း ရွတ်ဖတ်ပြီးချိန်တွင် ဓားဦးဖျားမှာ ရှောင်ချန်၏ နှာခေါင်းထိပ်မှ လက်တလုံးခန့် အကွာသို့ ရောက်သွားပြီးနောက် တည်ငြိမ်စွာရပ်တန့်နေခဲ့သည်။

ရှင်းယိချင်း ဓားရှည်အား ပြန်သိမ်းလိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။

“ရေသရဲရဲ့ ချုပ်နှောင်မှုကို ပယ်ဖျက်လိုက်ပြီ၊ နောက်ဆိုရင် သူ မင်းကို အနှောင့်အယှက်ပေးမှာမဟုတ်တော့ဘူး”

ရှောင်ချန် သူ့၏ခန္ဓာကိုယ်တစ်ခုလုံး ကိုထိကြည့်ကာ ဘောင်းဘီအောက်စအား ဆွဲတင်လိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။

“အရမ်းမိုက်တာပဲ! တောက်ကျန့် ကျွန်တော့် ခြေကျင်းဝတ်က လက်ရာကြီးလည်း ပျောက်သွားပြီ!!”

ကင်မရာမင်းလည်း ချက်ချင်းပင် အချိန်ကိုက် ရှေ့သို့တိုးလာကာ ကင်မရာဖြင့် အသေအချာ ရိုက်ပြလိုက်သည်။

မဆတိုင်ခင်က လူတိုင်း ထင်ရှားစွာ မြင်ခဲ့ရသော အညိုအမည်းဒဏ်ရာသည်ကား ဆယ်မိနစ်အတွင်းမှာပင် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ။ ယခုတွင်မူ ခပ်ရေးရေးသာလျှင် မြင်ရတော့သည်။

ကြည့်ရှု့သူများက အံ့ဩစင့်နေခဲ့ကြကာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင်လည်း မှတ်ချက်များဖြင့် ပွက်လောရိုက်သွားခဲ့ပြန်သည်။

[ရှင်းတောက်ကျန့် အရမ်းကိုမိုက်တာပဲ ! ရေသရဲကိုရော ပြဿနာကိုပါ ဖြေရှင်းလိုက်ပြီ! နောက်က ပြိုင်ပွဲဝင်တွေ ဘာမှတောင် ထပ်လုပ်စရာမလိုတော့ဘူး]

[ငါ  ဒီပရိုဂရမ်ရဲ့ အရင် ပထမရာသီနှစ်ခုက ‘ဆရာကြီး’တွေကို ကြည့်ဖူးတယ်၊ တစ်ချိန်လုံး ရယ်ရလွန်းလို့ သူတို့ရဲ့ မျက်နှာကိုမြင်တာနဲ့ကို ရယ်ချင်နေတော့တာ၊ ဒါပေမယ့် အခု ရှင်းယိချင်းကို ကြည့်လိုက်ရတာ အသက်တောင်မရှူရဲဘူး! တော်လိုက်တဲ့လူ!]

[ရှင်းယိချင်းက ဒုတိယတန်းစားအဆင့်လို့ အရင်က ပြောခဲ့တာ ဘယ်သူတွေလဲ? အရိုက်ခံရပြီး မျက်နှာတော့ ရောင်ကိုင်းနေတော့မှာပဲ! ဘယ်လိုလူမျိုးက ဒီလို ပညာရော၊ ဓားစွမ်းရည်ပါ ရှိလို့လဲ?]

[အိုး မားရေ၊ လက်ရာကြီးက သိသိသာသာကို ပျောက်သွားတာပဲ၊ ထူးဆန်းလိုက်တာ!]

သူတို့ ဆွေးနွေးနေကြချိန်တွင် ပြိုင်ပွဲဝင် နံပါတ် (၃)ဘုန်းကြီးအိုကြီးနှင့် နံပါတ် (၉)ဟဲမီတူတို့လည်း စင်ပေါ်သို့ ရောက်လာပြီး ရှောင်ချန်၏အနီးမှ သရဲတစ်ကောင်၏ အငွေ့အသက်အား ခံစားလိုက်ရသည်။

သို့သော် ရှင်းယိချင်းမှ ရေသရဲအား နှင်လိုက်ပြီဖြစ်သောကြောင့် သေချာစွာ မမြင်လိုက်ကြရပေ။

ရှီဟိုင်းဟုန်သည်ကတော့ ဝိဥ်ဥ်လမ်းပြတစ်ယောက်ဖြစ်နေသောကြောင့် မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် ရှောင်ချန်သမှာ ရေသရဲ၏ ဖမ်းစားခြင်းခံထားရကြောင်း သိလိုက်ပြီးဖြစ်သည်။

“မင်းရဲ့ကိုယ်ပေါ်က ယန်စွမ်းအင်က အားနည်းနေတာပဲ၊ ပြီးတော့ မြေအောက်ကမ္ဘာက ယင်စွမ်းအင် အငွေ့အသက်လည်း ရနေတယ်၊  ဒီလအတွင်း မိသားစုဝင်တွေထဲက တစ်ယောက်ယောက်သေခဲ့ပြီး အသုဘအခမ်းအနားလုပ်ခဲ့သေးလား??”

ရှောင်ချန်ရော ရှောင်ရှီပါ အံ့ဩသွားခဲ့သည်။

“ဟုတ်ပါတယ်၊ ရှင်က ဒါကို ပထမဆုံးမြင်တဲ့သူပါပဲ၊ မိသားစုထဲက အဘိုးက လွန်ခဲ့တဲ့ လဝက်က ဆုံးပါးသွားခဲ့တာ၊ ကျွန်မတို့တွေ ရွာကိုပြန်သွားတဲ့ အကြောင်းအရင်းကလည်း အဘိုးရဲ့ အသုဘကြောင့်ပါပဲ”

“ကောင်းပါပြီ၊ ငါက ဝိဥာဥ်လမ်းပြဖြစ်လို့ အဲဒါမျိုးတွေကို ခံစားလို့ရတယ်လေ”

အကြမ်းဖျင်းပြောရလျှင် သရဲများ မြေအောက်ကမ္ဘာသို့ ဝင်ရောက်ခဲ့လျှင် သူတို့တွင် မြေအောက်ကမ္ဘာ၏ အငွေ့အသက်တစ်မျိုး ရှိနေတတ်သည်။

အသုဘအခမ်းအနားတွင် သရဲရှိနေခဲ့ပါလျှင် မိသားစုဝင်များနှင့် သူငယ်ချင်းများတွင် ထိုအငွေ့အသက် အနည်းငယ်စွဲကပ်တတ်၍ သူစိမ်းများဆိုလျှင်တော့ သူတို့၏ ကံကောင်းခြင်းအား ထိခိုက်လေ့မရှိပေ။

ထိုအနံ့သည်ကား အသုဘအခမ်းအနားပြီးနောက် တစ်လခန့်တွင် ပျောက်ကွယ်သွားတတ်သည်။

ရှီဟိုင်ဟုန်သည်ကား မြေအောက်ကမ္ဘာ၏ အရာရှိတစ်ဦးဖြစ်သည့်အလျောက် သူမ၏ အလုပ်အရ တစ်နှစ်ပတ်လုံး အသုဘအခမ်းအနားများအား လျှောက်သွား၍ ဝိဉာဉ်များကို မြေအောက်ကမ္ဘာသို့ ပို့ရတတ်သည်ပင်။

ထို့ကြောင့် သူမအနေဖြငာ် ထိုမြေအောက်ကမ္ဘာ၏ ရနံ့ဖြင့် ရင်းနှီးပြီးဖြစ်သည်။

“မင်းတို့က အသုဘအခမ်းအနားပြုလုပ်ထားတာ မကြာသေးတာကြောင့် မင်းကို ကာကွယ်နေတဲ့ ယန်စွမ်းအင်က နည်းနည်းလောက် အားနည်းနေသေးတယ်၊ ဒါကြောင့်လည်း မင်းက ရေနားကပ်ချိန်မှ် ရေသရဲတွေရဲ့ တိုက်ခိုက်မှုကို အလွယ်တကူခံရနိုင်တာပဲ”

“ရေသရဲက အခုတော့ ထွက်သွားပြီ၊ မင်းမြင်ချင်တယ်ဆိုရင်တော့ ငါပြန်ခေါ်ပေးရမလား?”

မောင်နှမနှစ်ယောက်လုံး ကြောက်ကြောက်ဖြင့် ခေါင်းကို တွင်တွင်ခါသည်။

“ထားလိုက်ပါတော့ ၊ အဲဒါကြီးကိုလည်း ကျွန်တော်တို့ ဘာမှ ပြောစရာလည်း မရှိပါဘူး”

တင်ဆက်သူလျို့: “ကောင်းပါပြီ၊ ဒီတော့ ပြိုင်ပွဲဝင် ရှီဟိုင်ဟုန်ကို ကျေးဇူးတင်ပါတယ် ”

“နောက်ထပ်ရောက်ရှိလာမဲ့သူကတော့ နောက်ဆုံးပြိုင်ပွဲဝင် နံပါတ် (၇)ကုကျစ်စုန့်ပဲ ဖြစ်ပါတယ်”

[နောက်ဆုံးတော့ စောင့်နေခဲ့တဲ့  စုန့်မေ့မေ့ရောက်လာပြီ၊ သူမက အမြဲတမ်း စင်ပေါ်ကို နောက်ဆုံးမှတက်ရတဲ့သူပဲ၊ စီစဉ်မှုကတော့ တကယ်ကို မိုက်တယ်]

[ရှင်းယိချင်းက ပြဿနာကို ရှင်းပြီးသွားပြီလေ၊ ရေသရဲကိုလည်း နှင်ပြီးသွားပြီ၊ ကုကျစ်စုန့် တက်လာလည်း ဘာမှ လုပ်စရာမရှိတော့ဘူး]

ကုကျစ်စုန့် စင်ပေါ်သို့ ရောက်သည်နှင့် ကျန်ရှိနေသော စွမ်းအင်များ၏ အငွေ့အသက်အား ခံစားလိုက်ရသည်။

သူမ အံ့အားသင့်သွားပြီးနောက် :

“တစ်ယောက်ယောက်က တစ်ခုခုလုပ်သွားတာလား? ရှင်းယိချင်းပဲ ဖြစ်ရမယ်”

သူမ၏ လေသံသည်ကား မေးခွန်းမဟုတ်၊ သေချာဖြစ်နေလိမ့်မည်ဟူ၍  ပြောလိုက်သည့်စကားဖြစ်ကာ ရှင်းယိချင်းကိုလည်း နာမည်တပ်လိုက်သေးသည်။

“ဘယ်လိုလုပ်သိနိုင်တာလဲ?”

“ပြိုင်ပွဲဝင်အသုံးပြုသွားတဲ့ ကျမ်းစာရွက်ရဲ့ စွမ်းအားက မြင့်ပြီးတော့ အကြွင်းအကျန်လည်း ရှိနေသေးတယ်လေ၊ ဒါမျိုးတွေက ရိုးရာတောက်ဓမ္မဂိုဏ်းတွေကသာ အသုံးပြုကြတာပဲ? ပြိုင်ပွဲဝင်တွေအားလုံးထဲမှာ ရိုးရုာဂိုဏ်းဆိုလို့ ရှင်းယိချင်းကလွဲပြီး ဘယ်သူရှိသေးလို့လဲ?”

သူမ ထူးမခြားနား လေသံဖြင့်ပြောကာ ရှောင်ချန်အား ကြည့်လိုက်သည်။

“သူက မင်းအတွက်လုပ်ပေးသွားတာပဲ ဖြစ်ရမယ် ၊ ဘာလို့လဲဆိုတော့ ရေသရဲက မင်းနဲ့ လူစားထိုးချင်နေတာပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှ လူအားလုံးကတော့ ကုကျစ်စုန့်မှာ ရှောင်ချန်၏ ပြဿနာကိုသာမက ဖြေရှင်းပေးခဲ့သူကိုပါ ဖော်ထုတ်ပေးခဲ့သည်ကို မြင်လိုက်ရကြောင့် မအံ့ဩဘဲ မနေနိုင်ကြချေ။

“စုန့်ကျဲကတော့ မိုက်နေတုန်းပဲ”

တင်ဆက်သူလျို့လည်း အထင်ကြီးခြင်းအပြည့်ဖြစ်ကာ မေးခွန်းထုတ်လိုက်သည်။

“ပြိုင်ပွဲဝင် ကုကျစ်စုန့် အကူအညီတောင်းသူနှစ်ယောက်ရဲ့ ဆက်ဆံရေးကိုရော မြင်နိုင်ပါသလား?”

“သူတို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုတစ်ခုရှိနေတယ်၊ မျက်ခုံးပုံစံနဲ့ မျက်ခုံးစွန်းတွေကလည်း ခပ်ဆင်ဆင်ပဲ? ပြီးတော့ မောင်နှမသားချင်းနန်းတော်လည်း ရှိနေတာဆိုတော့ မင်းတို့နှစ်ယောက် အဖေနှင့်အမေတူညီစွာနှင့် မွေးလာတဲ့ မောင်နှမတွေပဲ”

“စုန့်စုန့် စွမ်းအားကြီးလွန်းပါတယ်၊ အကုန်ကို မြင်နိုက်နေတာပဲ၊ ဒါဆိုရင်တော့ အခု အကူအညီတောင်းတဲ့ မစ်ရှင်က ပြီးဆုံး…”

“ခဏလေး”

ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ တလျွု့ကို တားဆီးလိုက်သည်။

“ဒါက ဖြေရှင်းပြီးပြီလို့ ဘယ်သူက ပြောနေလို့လဲ? ဒီကလေးရဲ့နားမှာ မကောင်းဆိုးရွားစွမ်းအားတွေ ဝိုင်းနေတုန်းပဲရှိသေးတယ်??”

တင်ဆက်သူလျို့: “?!!”

ကြည့်ရှုသူများ: “?!!”

မောင်နှမနှစ်ယောက်: “?!!”

တင်ဆက်သူလျို့မှာ စကားများပင် အထစ်ထစ်အငေါ့ငေါ့ဖြစ်သွားသည်။

“မဟုတ်သေးဘူး စုန့်စုန့်၊ မင်းပြောချင်တာက ရှောင်ချန်ကို နှောင့်ယှက်နေတဲ့ ရေသရဲက ထွက်မသွားသေးဘဲ ရှိသေးတယ်လို့ ပြောချင်တာလား?”

ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ ပြောသည်။

“ရေသရဲက ထွက်သွားပြီ? ဒါပေမယ့် သူက နောက်ထပ် သရဲတစ်ကောင်ကို ရန်စခဲ့သေးတယ်”

“အသုဘအခမ်းအနားနှင့် ပန်းကြဲခြင်း၊ သိတတ်တတ်လိမ္မာပြီး ဝတ္တရားကျေပွန်သောသားများနှင့်  မြေးယောင်္ကျားလေးများက အခေါင်းတလားအား ဝန်းရံကြရမည်”

ကုကျစ်စုန့် ရေရွက့လိုက်ကာ ကြက်သေ,သေနေသည့် ရှောင်ချန်အား စိုက်ကြည့်၍ မေးမြမ်လိုက်သည်။

“မင်း သေသေချာချာ ပြန်ပြီးစဉ်းစားလိုက်ဦး၊ မင်း အသုဘအခန်းအနားမှာ ဘာတွေလုပ်ခဲ့တာလဲ?”

ထိုအချိန်တွင် ပရိသတ်များလည်း ရှောင်ရှီ၏ ပြောစကားအား ပြန်လည်အမှတ်ရသွားခဲ့ကြသည်။

မောင်နှမနှစ်ယောက် ရွာသို့ပြန်သွားသည့် အကြောင်းအရင်းသည်ကညး အဘိုးဖြစ်သူ၏ အသုဘအခမ်းအနားကိုတက်ရောက်ဖို့အတွက်ပင် ဖြစ်သည်!!

ကုကျစ်စုန့် ပြောစကားအရဆိုလျှင် ထိုကောင်လေးမှာ သူ့ဘိုးဘေး၏အသုဘတွင် တစ်ခုခုကို အမှားအယွင်စပြုလုပ်ခဲ့သည့်ပုံရသည်။

[ကုကျစ်စုန့်က ဘယ်တော့မှ လက်ဗလာနဲ့ မပြန်ဘူးဆိုတာကို ငါသိနေတယ်၊ စိတ်ဝင်စားစရာတော့ ကောင်းနေပြန်ပြီ!]

[ကုကျစ်စုန့် ပြောချင်တာက ဘာများလဲ? ဘယ်လိုပုံစံတွေ၊ ပန်းတွေ၊ အခေါင်းတွေထည့်ပြောသွားတယ်၊ ငါတော့ တစ်ခုမှကို နားမလည်ဘူး…]

[သူ့ဘာသာသူ ရန်သွားစတာလား? ဒီကောင်လေးကို ကြည့်ရတာ ဖြောင့်မတ်ပြီး ရိုးသားမယ့်ပုံလေးပါ၊ သူ့ရဲ့အစာမကိုတောင် အသက်နဲ့ ရင်းပြီး ကာကွယ်ခဲ့တာလေ၊ ဒီတော့ မကောင်းတာတွေ မလုပ်လောက်ပါဘူးနော်?!]

[အခေါင်းနားမှာ ပန်းကြဲတာလား? ငါ့ရဲ့ မွေးရပ်မြေက ကွေးကျိုးပြည်နယ်ကလေ၊ ဒါက ငါတို့ဘက်က အသုဘတွေမှာဆိုရင် လုပ်လေ့လုပ်ထရှိတဲ့ ရိုးရာဓလေ့တစ်ခုပဲ!]

**

All Chapters