← Chapters

အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း (1)

Vol. 11 Ch. 107

အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း (1)

Vol. 11 Ch. 107

ရုတ်တရက် ပြောင်းလဲသွားသောအခြေအနေများက ကြည့်ရှုနေသူ ပရိတ်သတ်များအား မျက်စိလည်သွားစေခဲ့သည်။

အချိန်သိပ်မကြာလိုက်ပေ။ ကွေ့ကျိုးဇာတီဖြစ်သော ကြည့်ရှုသူပရိသတ်များထဲမှ ထိုရိုးရာဓလေ့အား သိရှိထားကြသူများ ဆက်တိုက်ပေါ်လာကာ မသိနားမလည်နိုင်ဖြစ်နေသည့် ပရိသတ်သတ်တို့ကို ရှင်းလင်း ပြောပြလာကြတော့သည်။

ထို့အပြင် ဒါရိုက်တာအဖွဲ့၏ အကူအညီနှင့်အတူ ပရိုဂရမ်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သက်ဆိုင်ရာအချက်အလက်များအား ချပြကာ လူအများကို သိရှိစေခဲ့ကြသည်။

ကွေးကျိုပြည်နယ်တွင် မိသားစုအတွင်းမှ အကြီးအကဲများ သေဆုံးသွားပါက မျိုးဆက်သစ်များမှာ ထိုအကြီးအကဲ၏ အခေါင်းတလားအား လှည့်ပတ်ပေးရသည့် အခမ်းအနားကို ကျင်းပကြရသည်။

ပြည်နယ်အတွင်းမှ မြို့အသီးသီးတွင် ပြုလုပ်ပုံ အနည်းငယ်ကွဲပြားတတ်သော်လည်း ‘အခေါင်းတလားအား ပတ်၍ ပန်းကြဲခြင်း’ဆိုသည်ကတော့  ခပ်ဆင်ဆင်တူညီနေခဲ့ပေသည်။

၎င်းဓလေ့၏ မူလအစသည်ကား ‘အခေါင်းတလားအား လှည့်ပတ်၍ ခြုံလွှမ်းခြင်း’ ဖြစ်သည်။

သေဆုံးသူအား မြှုပ်နှံမည့်နေ့တွင် အနီးအနားဆီသို့ တောက်ကျန့်တစ်ဦးအား ပင့်ဖိတ်ကာ အခေါင်းတလားပိတ်ခြင်းအခမ်းအနားကို ပြုလုပ်ရသည်။

အခေါင်းအား ချိပ်ပိတ်ပြီးနောက်တွင် တောက်ကျန့်က အရှေ့ဆုံးမှ နေကာ မိသားစုတွင်းမှ မျိုးဆက်သစ်များက ကြီးစဉ်ငယ်လိုက်စဥ်၍ သေဆုံးသူ၏ အခေါင်းပတ်လည်တွင် စက်ဝိုင်းပုံစံဝိုင်းပတ်ခြင်းကို ပြုလုပ်ကြသည်။

ထို့နောက်တွင် တောက်ကျန့်၏ ဦးဆောင်မှုနောက်တွင် မျိုးဆက်သစ်များက အခေါင်းအား လှည့်ပတ်ကြရလိမ့်မည်။

သို့မဟုတ် လက်ထဲတွင် ခေါင်းလောင်းငယ်လေးကို ကိုင်ကာ ဝမ်းနည်းပူဆွေးသော ငိုကြွေးသီချင်းသံများနှင့်အတူ ခေါင်းလောင်းတီးနေရကြလိမ့်မည်။

သို့မဟုတ် အကြီးဆုံးသားနှင့် ဒုတိယသားတို့တို့က ဝိဉာဉ်ခေါ်အလံအား ကိုင်ဆောင်ကာ ဝိဉာဉ်ကမ္ဗည်းမှတ်တိုင်အား လက်နှစ်ဖက်ဖြင့် ကိုင်၍ အခြားသိတတ်သော သားများ၊ မြေးများမှ အမွှေးတိုင်ထွန်းကာ အခေါင်းတလားအား တစ်ပတ်,ပတ်ပြီးတိုင်း သေဆုံးသူ ဘိုးဘေးတို့အား အရိုအသေကြရသည်။

တစ်ချို့နေရာများတွင်တော့ သုံးကြိမ်မှ ငါးကြိမ်ခန့်ထိ လှည့်ပတ်ကြပြီး အချို့နေရာများတွင် ဆယ့်နှစ်ကြိမ်အထိ လှည့်ပတ်ကြရသည်။ 

ထိုရိုးရာသည်ကား  လူငယ်မျိုးဆက်များ၏ သေဆုံးသူအပေါ် ပူဆွေးမှုနှင့်လေးစားမှုတို့အား ပြသခြင်းဖြစ်သကဲ့သို့ ဝမ်းနည်းပူဆွေးခြင်းနည်းလမ်းတစ်မျိုးဟုလည်းသိရှိနိုင်သည်။

ထို့အပြင် လူသိများသည့် နောက်တစ်နည်းသည်ကား ‘ပန်းကြဲခြင်း’ ပင်ဖြစ်သည်။

ထိုနည်းတွင် သေဆုံးသူ၏ မျိုးဆက်သစ်များက အခေါင်းတလားအား လှည့်ပတ်သွားပြီးနောက် အသုဘသို့ လာရောက်ကြသော ဆွေမျိုးများ၊ သူငယ်ချင်းများက အခေါင်း၏အနီးတွင် ထိုင်ကာ တောက်ကျန့်၏ ပန်းကြဲသံအား နားထောင်ကြလေ့ရှိကြသည်။

ပုံမှန်ဆိုပါက ထိုအချိန်တွင် သီဆိုသည့် ပန်းစကားများမှာ သေဆုံးသူ၏ ကောင်းမှုများအား ချီးကျူးရန်နှင့် ပြန်လည်မွေးဖွားခြင်းအား ကောင်းချီးပေးစာများ ဖြစ်ကြသည်။

[ငါက ကွေ့ကျိုးပြည်နယ်ရဲ့ နယ်ခံလေ၊ အဲဒီရိုးရာကို နည်းနည်းတော့ ကြားဖူးတယ်၊ ဒါပေမယ့် အဲဒါက မြေမြှုပ်တဲ့ အလောင်းတွေကိုပဲ လုပ်ကြတာဆိုတော့ အခုနောက်ပိုင်းမှာ လူတွေက မီးသင်္ဂြိုလ်တာပဲ လုပ်တးလာကြတဲ့အတွက် အသုဘတွေက အရင်လောက် မထူးဆန်းတော့ဘူး၊ ငါကတော့ မွေးပြီးကတည်းက အဲလိုမျိုး လူတွေ အခေါင်းဘေးမှာ ဝိုင်းနေတာကို တစ်ခါမှ မမြင်ဖူးဘူး]

[နေရာဒေသတိုင်းရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာတွေကို လေးစားပါတယ်၊ ဒါပေမယ့် ငါတစ်ခုလောက်တော့ညမေးချင်တာရှိတယ်၊ အဲလိုမျိုး ညလယ်ခေါင်ကြီးမှာ အခေါင်းကို ပတ်ပြီး ငိုရတာ ကြောက်ဖို့မကောင်းဘူးလား? ငါသာဆိုရင်တော့ ကြည့်တာနဲ့တင် မေ့လဲမယ့် လူစားမျိုးပဲ…]

[ဒီလိုမျိုး အသုဘအခမ်းအနားကို ငါ ပထမဆုံးကြားဖူးတာပဲ၊ ဒါက အံ့ဩဖို့တော့ ကောင်းလိုက်တာ]

[ဒီတော့ အဲဒီကောင်လေးက ဘာတွေများလုပ်ခဲ့တာလဲ?]

အသုဘပွဲတွင် ပြုလုပ်လေ့ရှိသည့် ရိုးရာများအကြောင်းကို ကုကျစ်စုန့်ပြောလိုက်သည်အား ကြားလိုက်ရသည့်အချိန်တွင် ရှောင်ရှီတစ်ယောက် သူမ၏ နှုတ်ခမ်းများအား တင်းတင်းစေ့လိုက်မိသည်။

“အဘိုးရဲ့ အသုဘပွဲက တကယ်လည်း ရိုးရာအကျဆုံးပုံစံနဲ့ လုပ်ခဲ့တာပါ၊ သူက တစ်သက်လုံး ရွာကနေ ဘယ်ကိုမှ မသွားဖူးဘူး၊ နောက်ပြီး အသက်အရွယ်ကြီးပြီးတော့ ရွာမှာလည်း လူကြီးလူကောင်းတစ်ယောက်လေ၊

ကျွန်မတို့ ပြန်သွားချိန် ရွာတွင်ရှိနေသော လူတစ်ဝက်လောက်ကတောင် သုံးရက်ကျင်းပတဲ့ အသုဘပွဲဆီကို နေ့တိုင်းလာပြီး အရိုအသေပြုကြတယ်”

သူမ ခေါင်းကိုတ၀်ဖက်သို့ လှည့်ကာ မောင်ငယ်ဖြစ်သူအား စိုက်ကြည့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

“ကိုယ့်ဘာသာကိုယ် ဝန်ခံစမ်း၊ နင် ဘာမဟုတ်တာတွေ လုပ်ခဲ့တာလဲ!?”

ရှောင်ချန်မှာ အပြစ်ရှိနေသကဲ့သို့ ပုံစံဖြင့် အနည်းငယ် ချီတုံချတုံဖြစ်နေခဲ့သည်။

ငယ်စဉ်တည်းက သူ့အနေဖြင့် သူ၏ အဘိုးဖြစ်သူအား လုံးဝမချစ်ခဲ့ပေ။ ထို့အတွက် အသုဘပွဲအခန်းအနားကိုလည်း သွားရန် ဝန်လေးခဲ့သည်။

ထို့ကြောင့် ဆိုးရွားသည့်အမှားတစ်ခုကို ကျူးလွန်ခဲ့မိသည်။

သို့သော်လည်း ထိုကိစ္စသည်ကား လျို့ဝှက်စွာလုပ်ခဲ့သောကြောင့် သူကိုယ်တိုင်မှလွဲ၍ မည်သူမျှ သိလိမ့်မည်ဟု ထင်မထားခဲ့ချေ။

တစ်ဖက်တွင်လည်း သူ့အနေဖြင့် ကင်မရာရှေ့တွင် ထုတ်ပြောရမည်အား ရှက်ရွံ့နေခဲ့ကာ တစ်ဖက်တွင်လည်း မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်လိမ့်မည်ဟု တွေးနေခဲ့မိသည်။

ဤပြိုင်ပွဲဝင်အနုပညာရှင်အမျိုးသမီးမှာ လိမ်ညာနေခြင်းသာ ဖြစ်ရမည်။ သူမအနေဖြင့် ထိုကိစ္စကို သိနိုင်စရာအကြောင်း လုံးဝမရှိပေ!

“ဘာမှ မလုပ်ခဲ့ပါဘူး ကျဲရာ၊ အသုဘပွဲမှာတုန်းက ကျဲပဲ ကျွန်တော့်ကို မရယ်နဲ့၊ မျက်နှာကြီး သုန်မှုန်မနေနဲ့ဆိုပြီးပြောနေခဲ့တာလေ၊  ကျွန်တော် ငိုချင်ယောင်တောင် ဆောင်ပြီး လူတွေကို အရိုအသေပေးနေတာပဲမလား၊ နောက်ပြီး ကျဲလည်း တစ်ချိန်လုံး စောင့်ကြည့်နေတာ မဟုတ်ဘူးလား? ကျွန်တော် ဘယ်အချိန် ဘာသွားလုပ်ရမှာလဲ?”

“ခေါင်းမာနေတုန်းပဲလား? တောက်ကျန့်က မင်းကို ကိုယ့်အပြစ်ကို ဆင်ခြင်ဖို့ခိုင်းနေတာလေ!”

ရှောင်ရှီမှာ လည်ပင်းများတောင့်တင်းနေခဲ့ပြီး ပြောသည့်စကားများလည်း ထောက်နေသည့်‌ မောင်ဖြစ်သူအား ကြည့်လိုက်ကာ ရှောင်ရှီကို စိတ်လည်းပူ၊ ဒေါသလည်း ထွက်လာခဲ့သည်။

ထိုအချိန်တွင် ကုကျစ်စုန့် ဝင်ပြောလာခဲ့သည်။ သူမက ရှောင်ချန်၏ အပြစ်အား တိုက်ရိုက်မဖော်ထုတ်လိုက်ပဲ မောင်နှမနှစ်ယောက်၏ မျက်နှာကိုသာ ဖတ်ရှုလိုက်သည်။

“မင်းတို့နှစ်ယောက်လုံးရဲ့ နဖူးတွေက ပြားနေတယ်၊ ထျန်တင်းအမှတ်ကနေ ပျန်ချန်အမှတ်ကို ဆက်လိုက်မယ်ဆိုရင် အဲဒီမှာ ပေါ်လာတဲ့ နဖူးနေရာက ကံကြမ္မာနန်းတော်ပဲ၊ မျက်နှာမှာရှိတဲ့ နန်းတော်တွေအရဆိုရင် ဒီနေရာက မိဘနန်းတော်ပဲ”

“မင်းရဲ့ ဒုတိယနန်းတော်က ပြားပြီး ဗလာနတ္ထိဖြစ်နေတယ်၊ ပြီးတော့ ထင်ရှားတဲ့ မိဘလမ်းကြောင်းလည်း မရှိဘူး၊ ဒီတော့ မင်းတို့ရဲ့ မိဘနှစ်ယောက်လုံးက မင်းတို့ငယ်ငယ်ကတည်းက ဆုံးပါးသွားတာဖြစ်မယ်၊ အဲဒါကြောင့်လည်း မင်းတို့တွေငယ်ငယ်တုန်းက အရမ်းအကြပ်အတည်းဖြစ်ခဲ့ပြီး ကံကြမ္မာကောင်းလည်း ခံစားခဲ့ရမှာမဟုတ်ဘူး”

မောင်နှမ နှစ်ယောက်မှာ ကုကျစ်စုန့်မှ ရုတ်တရက် သူတို့၏ မိဘများအကြောင်းကို ပြောလိမ့်မည်ဟု ထင်မထားသောကြောင့် မျက်နှာအမူအယာတွင် အံ့အားသင့်မှုများ အပြည့်ဖြစ်သွားရသည်။

ကုကျစ်စုန့် လက်ချောင်းများအား ဆန့်ကာ သူမ၏ နားထင်သို့ ထောက်ပြလိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“လူတွေက မင်းတို့ရဲ့ ဒီနားက ဆံပင်က ထူထဲပြီး ရှုပ်တယ်လို့ ပြောလေ့ရှိကြလား?”

“လူတချို့ကတော့ ပြောလေ့ရှိကြတယ်…”

ရှောင်ရှီခေါင်းငြိမ့်ကာ ပြောသည်။

“မောင်လေးရော ကျွန်မရောက ငယ်ငယ်တည်းက ဆံစပ်က နိမ့်တယ်လေ၊ ပြီးတော့ ဆံပင်ထဲက တစ်နေရာကလည်း အမွှေးနုနုလေးတွေလုံးနေသလိုပဲ၊ ကျွန်မရဲ့ မောင်လေးက ဆံပင်တိုတော့ ရောသွားပြီး သိပ်မသိသာဘူး၊ ကျွန်မကျတော့ ဆံပင်အရှည်ကို စည်းထားရင် အဲဒီနေရာက ဆံပင်မွှေးအနုလေးတွေက သိသိသာသာကို ပေါ်ထွက်နေတာ၊ညတစ်ခါတစ်လေဆိုရင် ရှုပ်ပွနေတာပဲ၊ ကျွန်မ အဲဒါကို သိပ်ပြီး သဘောမကျဘူး”

ကုကျစ်စုန့် သူမ၏နှုတ်ခမ်းကို တွန့်ကွေးပြီး ဆက်ပြောလိုက်သည်။

“အဲနေရာက ထျန်ကန်ပဲ၊ ပြောင်း‌ရွေ့ခြင်းနန်းတော်လို့လည်း ခေါ်တယ်”

“မင်းတို့မောင်နှမတွေက ရှုပ်ထွေးပြီး မညီမျှတဲ့ ပြောင်းရွှေ့ခြင်းနန်းတော်တွေ ရှိကြတယ်၊ ဆိုလိုတာက ငယ်ငယ်တုန်းက နေရာအပြောင်းအရွှေ့ခဏခဏ လုပ်ရတာ၊ ဒါမှမဟုတ် နေအိမ်ကို ဆုံးရှုံးပြီး တခြားလူဆီကို ပို့ခံလိုက်ရတာမျိုးဖြစ်ခဲ့တယ်၊ ဒီအခိုက်အတန့်တွေက မင်းတို့ရဲ့ရင်ထဲမှာ ဝမ်းအနည်းရဆုံးအတွေ့အကြုံတွေဖြစ်လိမ့်မယ်၊ ဒါကြောင့် မင်းတို့ရဲ့ ပြောင်းရွှေ့ခြင်းနန်းတော်မှာ နေရာယူထားတာပဲ”

“အဲဒီအတွေ့အကြုံတွေကြောင့်လည်း မင်းတို့မောင်နှမတွေက မွေးရပ်မြေကို စွန့်ခွာခဲ့ပြီး အဲ့နေရာကို ပြန်သွားပြီး အမျိုးတွေနဲ့ မတွေ့ချင်တာပဲ၊ ငါပြောတာ မှန်တယ်မလား?”

အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက် ရှောင်ရှီ အားပြတ်စွာ ပြုံးလိုက်ပြီး ပြောသည်။

“ကုတောက်ကျန့်က ဘာအတွက်နဲ့ အဲဒီအကြောင်းတွေကို ပြောနေလဲဆိုတာကို မသိပေမယ့် အမှန်ပါပဲ”

“ကျွန်မတို့ မိသားစုက ငယ်ငယာတုန်းက ချမ်းသာကြတယ်လေ၊ မိဘတွေက မြို့ထဲမှာ ဆိုင်ငှားပြီး ခေါက်ဆွဲဆိုင်ဖွင့်ထားတာ၊ မြို့ထဲမှာ အိမ်ပိုင်မဝယ်ထားပေမယ့် စားစရာ၊ သောက်စရာ မပူပန်ခဲ့ရဘူး၊ ကျွန်မတို့ရဲ့ မိသားစုမျိုးရိုးထဲမှာ‌ဆို လေးစားခံရတဲ့ ဆွေကြီးမျိုးကြီးတွေလို့တောင် ပြောလို့ရတယ်”

ရှောင်ရှီ၏ မှတ်ဉာဏ်ထဲတွင် သူမနှင့် မောင်ငယ်တို့သည် တစ်နေ့ကို နှစ်ယွမ်၊သုံးယွမ် မုန့်ဖိုးကို နေ့စဉ်ရတတ်ပြီး ပိတ်ရက်ရွာသို့ပြန်သွားလျှင် အင်္ကျီအသစ်၊ စားစရာအသစ်များ အရင်ဆုံးရသည့် ကလေးများ ဖြစ်ခဲ့သည်။

သို့သော် ထိုအရာအားလုံးသည်ကား မတော်တဆမှုတစ်ခုကြောင့် အဆုံးသတ်ခဲ့ရသည်။

“ကျွန်မအသက် ကိုးနှစ်၊ မောင်လေး ငါးနှစ်လောက်မှာ မိဘတွေက ကုန်ပစ္စည်းတွေ ဝယ်ဖို့ ထွက်သွားရင်း အက်ဆီးဒင့်ဖြစ်ပြီး နှစ်ယောက်လုံးဆုံးပါးသွားခဲ့တယ်၊ အဲဒီအချိန်ကတည်းက ကျွန်မတို့နှစ်ယောက်လုံး ရွာက အမျိုးတွေက ပြန်ခေါ်သွားပြီး ဦးလေးတွေ၊ အဒေါ်တွေ ရဲ့အိမ်တွေမှာ အလှည့်ကျ နေခဲ့ရတယ်”

“ဒီဘက်မိသားစုထဲမှာ သုံးလလောက်နေ၊ ဟိုဘက်မိသားစုမှာ နှစ်ဝက်လောက်နေဆိုသလိုနေခဲ့ရတာလေ၊  ကျွန်မတို့တွေ ဘယ်လိုမျိုး အုပ်ချုပ်ခံရပြီး ကြီးပြင်းလာတယ်ဆိုတာကိုတော့ မပြောတော့ပါဘူး၊ နောက်ဆုံးတော့ သူတို့ရါ့မျက်နှာတွေပေါ်မှာပဲ အကုန်မှီခိုနေခဲ့ရတာကိုး၊ နောက်ကျတော့ ကျွန်မ အထက်တန်းကျောင်းပြီးချိန်မှာ မောင်လေးကို အဲဒီကနေ ခေါ်ထုတ်လာခဲ့တာ”

ရှောင်ရှီ ထိုအကြောင်းကို ပြောနေစဉ်တွင် သူမ၏မျက်နှာက ခံစားချက်ကင်းမဲ့စွာ အေးစက်တည်ငြိမ်နေခဲ့သည်။ သူမနှင့် မွေးရပ်မြေမှ ဆွေမျိုးများကြားတွင် အလွန်အမင်းတင်းမာမှုများ ရှိသည်မှာ ထင်ရှားလှသည်။

ရုတ်တရက် သူမ တစ်စုံတစ်ခုအား သတိရသွားကာ မောင်ဖြစ်သူအား ခေါင်းလှည့်၍ကြည့်လိုက်သည်။

“နင်! နင် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက်နဲ့ အဘိုးရဲ့ အသုဘမှာ တစ်ခုခု အရိုအသေမဲ့တာမျိုးတွေ မလုပ်ခဲ့ပါဘူးနော်!?”

ထိုအချိန်တွင် ရှောင်ချန်မှာ နှုတ်ခမ်းကိုသာ တင်းတင်းစေ့၍ မည်သည်ကိုမျှ ပြန်မပြောခဲ့တော့ပေ။

All Chapters