← Chapters

အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း(3)

Vol. 11 Ch. 109

အခေါင်းတလားပတ်လည်တွင် ပန်းကျဲခြင်း(3)

Vol. 11 Ch. 109

ထိုသူတို့ ယုံကြည်ကြသည်မှာ ငွေများများ သုံးလေလေ သူတို့မိသားစုအတွင်း ကံကောင်းလေဟူ၍ပင်ဖြစ်ချေသည်။

သို့နှင့် ထိုဦးလေးများမှာ အခေါင်းတလားဘေးမှ ရွှေဖလားထဲသို ငွေအများအပြားထည့်ခဲ့ကြသည်။

တစ်ချို့ဆိုလျှင် ယွမ် ၆၀၀၀၊ ၁၀၀၀၀ မှ ၂၀၀၀၀အထိပင် ထည့်ခဲ့ကြသည်။

အကြမ်းဖျင်းခန့်မှန်းရလျှင် ထိုအချိန်တွင်လာဝောက်ခဲ့သည့် တောက်ကျန့်မှာ ထိုပွဲတစ်ခုတည်းမှပင် ယွမ် ၁သောင်းမှ ၂သောင်းအထိ ရနိုင်ခဲ့သည်။

အနီးအနားမှ ရွာသားများသည်လည်း မျိုးဆက်သစ်များမှာ ချမ်းသာကြွယ်ဝကာ မိသားစုအကြီးအကဲများအပေါ်သိတတ်ကြကြောင်း၊ ဝတ္တရားကျေပွန်လှကြောင်း ချီးမွမ်း၍ မဆုံးဖြစ်နေခဲ့ကြလေ၏။

ရှောင်ချန်တစ်ယောက် ထိုစကားများအား နားထောင်နေခဲ့ရချိန်တွင် အင်မတန်မှပင် စိတ်မသက်မသာဖြစ်နေခဲ့ရသည်။

ဖခင်ဖြစ်သူ၏ သားယောကျ်ားလေးမျိုးဆက်အနေဖြင့် သူသည်ကား ရှေ့ဆုံး၌ နေခဲ့ရသည်။

အရှေ့မှ သွားနေသော တောက်ကျန့်မှ ခေါင်းလောင်းထိုးကာ အသံတို့ကိုထုတ်လွှင်းရင်းဖြင့် အခေါင်းတလားအား လှည့်ပတ်နေချိန်တွင် သူသည်ကား ဤအခမ်းအနားမှာ ရယ်စရာကောင်းကာ ရူးသွပ်လှသည့်အရာဖြစ်ကြောင်းဟုသာ ခံစားနေခဲ့ရသည်။

ရှောင်ချန်၏ မျက်လုံးထောင့်မှ သူ၏ မောင်နှမဝမ်းကွဲများ ပြေးလွှားပြုံးပျော်နေသည်ကို မြင်တွေ့ခဲ့ရသည်။ သူတို့က လက်ထဲမှ ငွေစက္ကူများကိုလည်း လူအမြားရှိရာဆီသို့ ဖြန့်ကျဲနေခဲ့ကြကာ ရွာသားများ၊ ဦးလေးများနှင့် အင်မတန် ပျော်မြူးနေခဲ့ကြသည်။

ထိုမျက်နှာများအား ကြည့်ရှုနေရင်းဖြင့် သူတို့မောင်နှမအတွက် အလွန်အမင်း မတရားဟု ခံစားလိုက်ရသည်။

အဘယ်ကြောင့် သူနှင့် အစ်မဖြစ်သူတို့သည်ကား အသက်ရှင်သန်ရန်အတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေခဲ့ရပြီး သူတို့၏မိဘများ၏ အသက်နှင့် ရင်း၍ရရှိလာခဲ့ရသော ငွေများကိုတော့ ထို’ဆွေမျိုး’များ၏ လက်ဝါးကြီးအုပ်ခြင်းကိုခံလိုက်ရကာ ထိုသူတို့က အိမ်အသစ်ဆောက်လုပာ၍ ပျော်ပါးရွှင်မြူးစွာနေခဲ့ကြသည်။ ဤသည်က တရားမျှတပါသည်လော??

သူတို့မောင်နှမနှစ်ယောက် နောက်တစ်နှစ်အတွက် ကျူရှင်ကြေးများရရှိနိုင်ရန်အတွက် အလုပ်ကို ပင်ပင်ပန်းပန်းကြိုးစားနေရချိန်တွင် ဤလူများကတော့ ငွေအမြောက်အမြားအား မည်သို့မှအဓိပ္ပါယ်မရှိသည့် ကိစ္စလေးတစ်ခုအတွက်နှင့် တောက်ကျန့်အား ပေးပစ်လိုက်နိုင်ကြပြန်သည်။

ရှောင်ချန်တစ်ယောက် နှလုံးသားထဲတွင်  အမုန်းတရားနှင့် ဒေါသတို့ ပိုမို၍ ပြင်းထန်လာခဲ့ကာ ထိုအချိန်တွင် သူ၏စိတ်ထဲသို့ အကြံတစ်ခုပေါ်လာခဲ့သည်။

“ကျွန်တော် ရွှေဖလားထဲက ပိုက်ဆံကို ယူခဲ့တယ်”

ရှောင်ချန် ထိုစကားအား ပြောပြီးသည်နှင့် သူ၏နှလုံးသားထဲမှ လေးလံနေခဲ့သော ကျောက်တုံးကြီး ကင်းလွတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ မချိပြုံးပြုံးရင်း ဆက်ပြောလာခဲ့သည်။

“အဲလိုမျိုး လုပ်ခဲ့တာက ခိုးယူခဲ့တာဖြစ်ပြီး အရှက်မရှိဘူးဆိုတာကို ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ကျွန်တော် လုပ်ခဲ့တာကို မှားတယ်လို့တော့ မထင်ဘူး၊ အဲဒီပိုက်ဆံတွေက ကျွန်တော့်မိဘတွေရဲ့ ငွေတွေလေ၊ ကျွန်တော် မရသင့်ဘူးလား!!”

ရွှေဖလားထဲမှ ငွေစက္ကူများကို အခေါင်း၏ အနောက်ဘက်၌ မြေပေါ်၌ မှောက်ထားရလေ့ရှိသည်။ ထိုညတွင် မနက်အစောပိုင်း (၂)နာရီခန့်အချိန်၌ ရှောင်ချန် အိပ်ရာမှထကာ ဝမ်းနည်းပူဆွေးခြင်းခန်းမထံသို့ သွားခဲ့သည်။

ခန်းမတစ်ခုလုံး မှောင်မည်းနေခဲ့ပြီး အခန်းအလယ်ရှိ အခေါင်းတလားသည်လည်း ခြောက်ခြားဖွယ်အတိရှိနေခဲ့သည်။  သူ အနည်းငယ် ထိတ်လန့်နေသော်ငြား အံကိုကြိတ်ကာ အခေါင်းအနောက်ဘက်သို့ သွားခဲ့လေသည်။

ရှောင်ရှီ: “!!!”

“နင်ဘယ်လိုလုပ်ပြီး အဲလိုလုပ်ရပ်မျိုးကို လုပ်ရဲရတာလဲ? နင် ငါ့ကို ဒေါသထွက်ပြီး သေသွားအောင် လုပ်ချင်နေတာလား!!”

ရှောင်ရှီမှာ ပူပန်ဒေါသမျုးထွက်လာခဲ့ကာ မျက်ရည်များပင် ကျလာခဲ့ရပြန်သည်။

သူမ၏ မောင်ငယ်ဆီသို့ ငွေပမာဏ မည်မျှယူခဲ့သည်အား မေးပြီးနောက် သူမ ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးလာခဲ့တော့သည်။

ရွှေဖလားထဲတွင် ငွေသောင်းချီရှိနေပါသော်ငြား ရှောင်ချန်မှာ ယွမ်(၃၈၀၀)မျှကိုသာ ယူခဲ့ခြင်းဖြစ်ပေသည်။

သူ၏ ကျောင်းတွင်းအဆင့်များသည် ကောင်းမွန်လွန်းသည်မဟုတ်ပေ။ ထို့ကြောင့် သူသည်ကည အစ်မဖြစ်သူ၏ တာဝန်အား အနည်းငယ်ပင် ကူညီထမ်းပေးချင်ခဲ့ကာ  အလုပ်လုပ်ချင်ခဲ့သည်။

ထို့ကြောင့် သူက စာကိုလည်း စိတ်ဝင်စားမှုမရှိခဲ့တော့ပေ။  ဤသို့ဖြင့် သူ သာမန်ကျောင်းကိုသာ တက်ခွင့်ရခဲ့သည်။

ထိုကျောင်းတွင်လည်း ကျူရှင်ကြေးက တစ်နှစ်လျှင် ယွမ်(၇၀၀၀) ကျော်ကြောင်း ကြားခဲ့ရပြီးနောက် အိမ်ငှားစရိတ်ကိုလည်း တွေးတောမိကာ သူ ပို၍ပင် စာမလုပ်ချင်တော့ပေ။

သူက ချက်ချင်းပင် အလုပ်ထွက်လုပ်ချင်ခဲ့သည်။

ရှောင်ရှီက သူတို့နှစ်ဦး၏ ကျူရှင်ကြေး၊ နေထိုင်စရိတ်နှင့် စားသောက်စရိတ်များအား ပေးချေနေခဲ့ရသောကြောင့် သူ၏ အချိန်ပိုင်းအလုပ်မှ ရသည့် လုပ်အားခပေါင်းလျှင်တောင် ယွမ်၄၀၀၀ ခန့် လိုနေဆဲဖြစ်သည်။

သို့သော် ရှောင်ရှီက မောင်ငယ်ဖြစ်သူ ကျောင်းထွက်ရန်ကိစ္စအား ငြင်းဆိုကာ ဆက်တက်စေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမအနေဖြင့် ထိုငွေကြေ့ပမာဏကို မည်သို့ ရှာဖွေရမည်ကိုသာ စိတ်ပူနေခဲ့ရသည်။

ရှောင်ချန်သည်လည်း သူ၏ ကျူရှင်ကြေးကြောင့်  အချိန်ပိုင်းအလုပ်မှ ပြန်လာသည့် ညတိုင်း အိပ်ရာပေါ်တွင် လှဲကာ မျက်လုံးများ မမှိတ်ခင်ထိ ထိုငွေအတွက်သာ တွေးတောနေခဲ့မိသည်။

ထို့ကြောင့် သူ ထိုညက ထိုရွှေဖလားအား ရွေ့ခဲ့မိခြင်းပင်။

သူပြန်တွေးခဲ့မိသည်:

အဘိုးဖြစ်သူက ယခင်က မောင်နှမများအတွက် ကျူရှင်ကြေးအား သိမ်းဆည်းထားပေးမည်ဟု ပြောခဲ့သော်လည်း ကတိမတည်ခဲ့ပေ။

ထို့ကြောင့် ယခုအချိန်တွင် သူ့အနေဖြင့်ည ထိုကတိအတိုင်းသာ ပြုလုပ်နေခြင်းဖြစ်သည်။

သူက ငွေကို လိုသည်ထက် ပိုမယူခဲ့။ ထိုနည်းတူစွာပင် သူသည်ကား ထိုငွေအား မတရားယူခဲ့သည်ဟုလည်း မခံစားရပေ။

သူ ငွေအား လိုသည်ထက် ပို၍ မယူခဲ့ခြင်းကြောင့်ပင် နောက်တနေ့တွင် ဆွေမျိုးများနှင့် တောက်ကျန့်တို့ အခေါင်းတလားအား မြှုပ်နှံရန် သယ်ဆောင်သွားချိန်တွင် ငွေအနည်းငယ်ပျောက်ဆုံးနေခြင်းအား သတိမထားခဲ့မိကြချေ။

ရှောင်ရှီ ငိုကြွေးပြီးနောက် နီရဲနေသော မျက်လုံးများဖြင့် ဆို့နင့်စွာပြောလာခဲ့သည်။

“အစ်မတစ်ယောက်အနေနဲ့ ငါက နင့်ကို သေချာမဆုံးမမိလို့ပါ၊ မနက်ဖြန်ကျရင် ငါ အဲဒီပိုက်ဆံကို ပြန်သွားပေးလိုက်မယ်၊ အဲဒီငွေကို ကျဲ ဖြစ်အောင်ရှာပါမယ်၊ သူတို့ကိုလည်း တောင်းပန်ရမယ် ဟုတ်ပြီလာ့”

“တောင်းပန်ရမှာ ကျွန်တော်တစ်ယောက်တည်းလုပ်ရမှာပါ၊ အဲဒီတုန်းက ကျွန်တော် တဇွတ်ထိုးလုပ်ခဲ့မိတာ”

ငွေပမာဏသည်က မနည်းလွန်း၊မများလွန်းသော်လည်း ရှောင်ရှီကတော့ စိတ်ပူနေခဲ့မိသည်။ ထိုဆွေမျိုးများသာ ဤအစီအစဉ်ကို ကြည့်ကာ ဒေါသူပုန်ထ၍ တရားစွဲဆိုမည်ဆိုလျှင် ရှောင်ချန်တစ်ယောက် ဘဝဆုံးရလိမ့်မည်။

ထိုအချိန်တွင် ကုကျစ်စုန့်က ဖြည်းညင်းစွာ ပြောလာခဲ့သည်။

“ဒီကိစ္စတွေကို ဖြေရှင်းချင်တယ်ဆိုရင် ရဲခေါ်ဖို့လည်း မမေ့နဲ့ဦးနော်”

“ငါမှတ်မိသလောက်ကတော့ ရှားတိုင်းပြည်ရဲ့ ဥပဒေမှာ ပြင်းထန်တဲ့ မတော်တဆမှုတွေကို သီးသန့် ဖြေရှင်းလိုက်လို့ မရဘူးမလား? လူသေသွားတယ်ဆိုရင် သေချာပေါက် အပြစ်ပေးခံရမှာပဲ၊

ပြီးတော့ မင်းတို့နှစ်ယောက်က နစ်နာသူတွေရဲ့ တိုက်ရိုက်မိသားစုဖြစ်ပြီး အဲဒီဆွေမျိုးတွေက မင်းတို့ရဲ့သဘောတူညီမှုမရှိဘဲ ဆုံးဖြတ်ချက်ချခဲ့တာလေ၊ ဒါက သီးသန့် လက်သိပ်ထိုးပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ လာဘ်ယူပြီး ပြစ်မှုကို ဖုံးကွယ်တာနဲ့ အတူတူပဲ”

“မင်းတို့တွေ ငွေကြေးကိစ္စကို ရှင်းချင်တယ်ဆိုရင် လွန်ခဲ့တဲ့ ဆယ်နှစ်က ငွေတွေကိုပါ ထည့်တွက်ရမယ်”

မောင်နှမနှစ်ဦး : “?!!”

ကြည့်ရှုသူများ : “?!!”

[အမှန်ပဲ၊ သူမ ပြောတာ မှန်တယ်၊ ဒီလို အမှုမျိုးတွေဆိုတာ တိတ်တိတ်လေး ဖြေရှင်းလိုက်လို့ မရဘူးလေ၊ အဲဒီအမျိုးတွေက ဥပဒေချိုးဖောက်ထားတာပဲ!]

[အားး စုန့်ကျဲကျဲ၊ ငါတော့ စုန့်ကျဲကို ချစ်လွန်းလို့သေတော့မှာပဲ! ငါ့အထင်တော့ ဒီကောင်လေး သေသွားရင်တောင်မှ အဲဒီအမျိုးတွေက လယ်ပိုင်တဲ့သူကို ‘တိတ်တိတ်လေး ဖြေရှင်း’ဖို့ပဲ ပြောကြမှာပဲ]

[ရက်စက်လိုက်ကြတာ၊ အဲဒီအမျိုးတွေက ကိုယ့်အစ်ကိုရဲ့ သားသမီးတွေကို ဘယ်လိုတောင် လုပ်ရက်ရတာလဲ? ဝဋ်လည်မှာ မကြောက်ကြဘူးလား?]

[လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ယွမ်၂သိန်းက အခုဆို သန်းပေါင်းများစွာရှိနေလောက်ပြီနော်!]

ထိုအချိန်မှ ရှောင်ရှီတစ်ယောက် နားလည်နိုင်သွားခဲ့ကာ  သက်ပြင်းချနိုင်ခဲ့တော့သည်။

သို့သော် သူမ ဒေါသထွက်နေဆဲပင်။

“ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်ရင် အလွယ်လမ်းကို မလိုက်ရဘူး၊ အမြင်မကျဉ်းရဘူးလို့ ငါအတန်တန်ပြောပါရက်နဲ့၊ မင်းက တကယ်ကို ငါ့ကို စိတ်ပျက်စေခဲ့တာပဲ  ရှောင်ချန်”

ရှောင်ချန်မှာ အစ်မဖြစ်သူကို ဆက်တိုက်တောင်းပန်ကာ ကင်မရာဘက်သို့လည်း လှည့်၍ အနူးအညွှတ်တောင်းပန်ရှာသည်။

သူအနေဖြင့် သူ့လုပ်ရပ်အတွက် အပြစ်ကို ခံယူမည်ဖြစ်ကြောင်းနှင့် ကင်မရာရှေ့မှ ကြည့်ရှုသူများကိုလည်း သူ့လို အမှားမလုပ်သင့်ကြောင်း ပြောခဲ့သည်။

ရှောင်ရှီ : “ကုတောက်ကျန့်၊ ရှောင်ချန်က အခေါင်းနောက်က ငွေကိုယူခဲ့လို့  ကျွန်န်မတို့ရဲ့ အဘိုးကို မလေးမစားလုပ်တဲ့အတွက် ဒေါသထွက်နေတာလား?”

ကုကျစ်စုန့်၏ ပုံစံက အနည်းငယ်ထူးဆန်းနေခဲ့သည်။

“အဲတာကတော့ ဟုတ်တယ်လို့လည်းဆိုနိုင်တယ်၊ အဲဒီညက ရက်လည်ခုနှစ်ရက်အတွင်း ပထမဆုံးရက်ဆိုတော့ မင်းရဲ့ မောင်လေးကို ပထမညထဲက ဖမ်းမိသွားတာပဲ? ဒါပေမဲ့  မင်စတို့ရဲသအဘိုးက အရမ်းစိတ်ဆိုးနေတာတော့ မဟုတ်ဘူး၊ ပြောရရင် သူက မင်းတို့ကို အားနာနေခဲ့တာ၊ သူ့ခံစားချက်တွေ ရှုပ်ထွေးနေတယ်”

“မင်းမောင်လေးရဲ့ ကံတွေ နည်းနည်းဆိုးနေတာက မင်းရဲ့အဘိုးက လူငယ်တွေ အဲလိုမျိုး အပြုအမူမလုပ်သင့်ဘူးလို့ ထင်လို့ပဲ၊ သူက နည်းနည်းလောက် ခြောက်လှန့်ပြီး သင်ခန်းစာပေးချင်ရုံလောက်ပါပဲ”

မောင်နှမနှစ်ဦးလုံး မင်သက်သွားသည်။

“သူက… အပြစ်ရှိတယ်လို့ ခံစားရတယ်?”

လူများသည်ကား အသက်ကြီးလာလျှင် အမြဲလိုလို အတိတ်ကို ပြန်၍ အောက်မေ့တတ်ကြသည်။

သူတို့၏အဘိုးဖြစ်သူမှာ မြေးငယ်နှစ်ဦး ငယ်စဉ်က ကြုံခဲ့သည့် အခြေအနေများကို အမြဲသတိရနေခဲ့သည်။

ကလေးနှစ်ဦး၏ ရင်ထဲတွင် မတရားခံရသည်ဟု တွေးနေမည်ကိုလည်း သူသိရှိထားခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားခဲ့သော သားဖြစ်သူနှင့် ချွေးမတို့အားလည်း သူ မျက်နှာပင် မပြရဲနိုင်တော့ပေ။

သူ့အနေဖြင့် ကလေးငယ်နှစ်ယောက်အား အမြဲတမ်း တောင်းပန်ချင်ခဲ့သော်လည်း အင်မတန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ထိုကလေးနှစ်ယောက်၏ ရင်ထဲတွင် စိတ်ဒဏ်ရာရနေခဲ့ပြီပင်။

ထိုနောင်မှရသည့် နောင်တတို့မှာ သူမျက်လုံးများမှိတ်ကာ အခေါင်းထဲရောက်သည်ထိ လိုက်ပါလာခဲ့ကြသည်။

ပထမရက်လည် ခုနှစ်ရက်တွင် မြေးဖြစ်သူမှ အခေါင်းနောက်မှ ငွေအား ယူနေသည်ကို သူထိပ်တိုက်တွေ့လိုက်ရသည်။

ကုကျစ်စုန့် ရယ်မော၍ ပြောလိုက်သည်။

“မင်း ရေသရဲရဲ့ ဖမ်းစားတာကို ခံရတုန်းက ဒဏ်ရာလောက်ပဲ ရပြီး ရွာထဲကနေ အန္တရာယ်ကင်းကင်း ထွက်လာနိုင်တာက မင်းအဘိုးက အဲဒီသရဲကို မင်းတို့ကို ဒုက္ခမပေးနိုင်အောင် တစ်ချိန်လုံးကာကွယ်ပေးနေခဲ့လို့ပဲ”

“ဒီလူအိုကြီးကလည်း ထူးတော့ ထူးဆန်းတယ်”

ရှောင်ချန်ပြောသကဲ့သို့ သူအိပ်နေချိန်တွင် တစ်ယောက်ယောက်က ကြည့်နေသည်ဟု ခံစားနေရသည်ဆိုသည်မှာ ရေသရဲမဟုတ်ဘဲ သူနှင့် အတူရှိနေသော အဘိုးဖြစ်သူသာ ဖြစ်နိုင်သည်။

ထိုစကားကို ကြားရသော် မောင်နှမနှစ်ယောက်အဟမှာ ပို၍ပင် ခေါင်းရှုပ်သွားတော့သည်။

ကုကျစ်စုန့်: “သူက မင်းတို့နှစ်ယောက်ကို ဒီလိုနည်းလမ်းနဲ့ ပြန်ပြီး အစားထိုးကူညီပေးနေတာ ဖြစ်ရမယ်၊ ဒါမှမဟုတ် သူ့ရဲ့ နောင်တတွေကို ခုမှ ပြန်ပြင်ဆင်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့၊ မင်းတို့တွေ သူနဲ့‌ တွေ့ချင်သေးလား?”

*

All Chapters