← Chapters

အကြွေးပြန်ဆပ်ခြင်း(2)

Vol. 12 Ch. 111

အကြွေးပြန်ဆပ်ခြင်း(2)

Vol. 12 Ch. 111

ရွာထဲမှလူများက တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်မှ စတင်လာခဲ့သည့် သတင်းများအား တွေ့သွားခဲ့ကြပြီး တစ်ယောက်နှင့် တစ်ယောက် တွတ်ထိုးပြောဆိုကြကာ ထိုဆွေမျိုးများ၏ နှလုံးများက အလွန်တရာပင် ပုတ်သိုးမည်းနက်နေကြောင်း ပြောဆိုနေခဲ့ကြသည်။

တစ်ခုသော ညနေစောင်းအချိန်တွင် ရွာ၏ အရှေ့ဘက်ပိုင်းနှင့် မနီးမဝေးနေရာရှိ အိတ်တစ်အိမ်တွင် အိမ်တံခါးကို တင်းတင်းစေ့ထားခဲ့သည်။

အိမ်ထဲတွင်တော့  သတ်လတ်ပိုင်း အမျိုးသမီး၊ အမျိုးသားများက အိမ်ရှေ့မျက်နှာစာတွင် မည်းမှောင်နေသော မျက်နှာများနှင့် စုဝေးနေခဲ့ကြသည်။

အမျိုးသမီးကြီးတစ်ဦးကတော့ သူမ၏ပေါင်ထုရင်း‌ အော်ဟစ်ပြောဆိုလာလေသည်။

“ငါတော့ သေချင်တာပဲ၊ ငါကတော့ ကိုယ့်တူမလေးအတွက်ဆိုပြီး စေတနာနဲ့ လင်ကောင်းသားကောင်းလေး ရပါစေဆိုတဲ့အတွေးနဲ့ အိမ်ထောင်ဖက်ရှာပေးခဲ့တာ၊ အခုတော့ ငါက လူယုတ်မာကြီးကို ဖြစ်နေပြီ၊ အဲဒီရွာထဲက အတင်းတုတ်နေတဲ့ ကောင်မတွေရဲ့ ပါးစပ်ထဲမှာ ငါလည်း ရစရာကိုမရှိတော့ပါဘူး”

နောက်ထပ် အမျိုးသားတစ်ဦးကလည်း ဒေါသတကြီးဆိုလာသည်။

“မရီး၊ ကျုပ်ကျတော့ ဘယ့်နှယ့်လုပ်မတုန်း? အင်တာနက်ပေါ်က လူတွေရဲ့ တံထွေးခွက်ထဲမှာ ကျုပ်နာမည်လည်း ပက်လက်ကို မျောနေပြီ၊  အဲဒီခွေးစုတ်လေး နှစ်ကောင်က အရှက်မရှိ လိမ်ပြောရဲသေးတယ်! ငါသာ လူယုတ်မာဆိုရင် သူတို့ကို သေတဲ့ထိ အငတ်ထားလိုက်မှာပေါ့!!”

“ငါ့သားကလည်း ငါ့ကို ဖုန်းဆက်လာတယ်၊ အင်တာနက်ပေါ်က လူတွေ သူ့ကို ဝိုင်းဆဲနေကြပြီတဲ့၊ ကျုပ်ကို ဆူပူကြိမ်းမောင်းလိုက်တာဆိုတာ မပြောနဲ့တော့ ၊ ဒါကို ဒီတိုင်းလွှတ်ထားလို့ မရဘူးတဲ့ ”

“မှန်တယ်၊ အဲဒီခွေးကောင်လေးနှင့် ခွေးမလေး နှစ်ကောင်က ကျုပ်တို့ကို သေတွင်းထဲပို့ချင်နေမှတော့ ကျုပ်တို့ကလည်း ငဲ့ညှာနေစရာကို အကြောင်းမရှိဘူး၊ မနက်ဖြန်ကျရင် ရဲကို တိုင်ပစ်မယ်၊ သူ့ကို ခိုးမှုနဲ့ အမှုဖွင့်ပြီး ထောင်ချပစ်မယ်!!”

အမျိုးသမီးကြီးက တွေဝေသွားသည်။

“မလုပ်နဲ့၊ အင်တာနက်ပေါ်က တောက်ကျန့်ပြောတာ မကြားလိုက်ဘူးလား? သူတို့ကိုတောင် ရဲခေါ်ခိုင်းပြီး ငါတို့ကို မတရားမှုကို ဖုံးကွယ်တဲ့ အမှုနဲ့ တရားစွဲခိုင်းတာလေ!!”

ခင်ပွန်းသည်ဖြစ်သူက  သူ၏ဇမီးသည်အား ကြိမ်းမောင်းလိုက်သည်။

“ဒီ အ,တီးအ,တ မိန်းမကတော့! မင်း ဘာသိလို့လဲ? အဲဒါဖြစ်ခဲ့တာ ဆယ်နှစ်တောင် ကျော်နေပြီ၊ အဲဒီအချိန်တုန်းက ရိုက်မိထားတဲ့ လမ်းကင်မရာတွေလည်း မရှိတော့တာ ကြာလောက်ပြီ၊

စက်ရုံသူဌေးလည်း ဘယ်ကိုတောင် ရောက်သွားမှန်းမသိဘူး၊ ငါတို့က သူ့ရဲ့ငွေကို လက်ခံထားတယ်ဆိုတဲ့ သက်သေက ဘယ်မှာလဲ? အဘိုးကြီးလည်း သေပြီ၊ အခု ငါတို့ ငွေလက်ခံထားတယ်ဆိုတာကို ဘယ်သူမှ ပြောလို့ မရတော့ဘူး”

“ဆယ်နှစ်ကျော်တဲ့ အမှုတွေဆိုရင် ပြန်စုံစမ်းလို့ မရဘူးလို့ ငါကြားဖူးတယ်၊ အဲလို ကိစ္စမျိုးဆို (၁၅)နှစ်ကနေ နှစ်(၂၀)လောက်ထိတောင် ကြာနိုင်တယ်ဆိုပဲ၊ ဒီစောက်ကလေး နှစ်ကောင်ကို ငါတို့က ဘာလို့ ကြောက်နေရမှာလဲ?”

ဆွေမျိုးအများစု သဘောတူကြသော်ငြား တွေဝေနေသူ အနည်းငယ်တော့ ရှိနေဆဲပင်။

“ပြိုင်ပွဲမှာ အဲဒီတောက်ကျန့် ပြောလိုက်တာကို မကြားလိုက်ဘူးလား? အဘိုးက အဲဒီကောင်လေးကို စောင့်ရှောက်နေတာတဲ့၊ ဒီကိစ္စကို မေ့လိုက်ကြရအောင်၊ ငါတို့အရင်ကလည်း တကယ်ပဲ ကောင်းတာတွေမှ မလုပ်ခဲ့တာ၊ သေပြီးလို့ အစ်ကိုနဲ့ မရီးနဲ့ ပြန်တွေ့ရင် ဘယ်လို မျက်နှာပြရမှာလဲ?”

“တတိယညီလေး၊ မင်းရဲ့ခေါင်းကို အဲဒီတံခါးနဲ့ ဝင်ဆောင့်မိထားတာလား? ဟမ်? အဲဒီအင်တာနက်က သရုပ်ဆောင်တွေက ဒီတိုင်းသရုပ်ဆောင်နေကြတာ၊ ဘာ သရဲလဲ? အလကားအစုတ်ပလုတ်တွေ၊ ငါဒီမှာ ထိုင်စောင့်နေမယ်၊ ဘယ်သူလာပြီး လက်စားချေမလဲဆိုတာကို!”

“… …”

သို့နှင့် လူတိုင်းကလည်း နောက်တစ်ရက်တွင် ရဲစခန်းသို့သွားကာ တိုင်ကြားရန် သဘောတူခဲ့ကြသည်။

ထိုနေ့ညဘက်တွင်တော့ လူတိုင်စက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ကြသည်။

သန်းခေါင်းယံအချိန်တွင် နေ့လည်ဘက်တွင် အသံအကျယ်ဆုံးအော်ပြောခဲ့သည့် သက်လတ်ပိုင်းအမျိုးသားမှာ အိပ်တဝက်၊နိုးတဝက်အခြေအနေဖြင့် ရင်ဘတ်ပေါ်တွင် တစ်ခုခုဖိထားသကဲ့သို့ ခံစားရကာ လူးလိမ့်နေခဲ့မိသည်။

အိပ်မက်ထဲတွင် သူမျက်လုံးများ ဖွင့်လိုက်သည်နှင့် သူ့အား တစ်နေရာမှ သုန်မှုန်သော မျက်နှာဖြင့် စိုက်ကြည့်နေသော အဘိုးအိုတစ်ဦးအား တွေ့လိုက်ရသည်။

၎င်းသည်ကား သေဆုံးသွားသည့် သူတို့၏ ဖခင်ကြီးပင်ဖြစ်ပေသည်!

“အဖေ… …”

“မင်းတို့က ဘယ်သူ့ကို တရားစွဲချင်တာလဲ ရှောင်စစ် ၊ ဦးလေးတစ်ယောက်ဖြစ်နေပြီးတော့ ဒီလိုလုပာရပ်မျိုးကို မရှက်မကြောက်လုပ်ရဲသေးတယ်ပါ့၊ မင်းသေသွားမယ်ဆိုရင် မြေအောက်ကမ္ဘာက ဘိုးဘေးတွေကို ဘယ်လိုမျက်နှာမျိုး ပြမလို့လဲ?”

အဘိုးအိုက သူ၏ နောက်ကျောသို့ လက်ညိုးထိုးပြလိုက်သည်။

“မင်းကို ဘယ်သူ ရှာနေတယ်လို့ထင်လဲ?”

သက်လတ်ပိုင်းအမျိုးသားကြီးက ကြောက်စိတ်ကြောင့် ဖြူဖျော့နေခဲ့ပြီး ခေါင်းအား ရုတ်တရက်လှည့်လိုက်ချိန်တွင် လူငယ်စုံတွဲတစ်တွဲအား မြင်လိုက်ရကာ ကြောက်လွန်း၍ ငယ်သံပင်ပါမတတ် အော်ဟစ်လိုက်သည်။

စုံတွဲ၏ မျက်နှာများသည်ကား သွေးဆုတ်နေကာ မျက်လုံးများသည် ပြာနှမ်းနေသည်။

သူတို့၏ အသံသည်လည်း ဒေါသရိပ်များဖြင့် ပြည့်နေခဲ့သည်။

“ငါ့ရဲ့ ကောင်းလှပါပြီဆိုတဲ့ လေးယောက်မြောက်ညီလေး၊ ဒါက မင်း ငါ့ရဲ့သားနဲ့သမီးကို ဆက်ဆံတဲ့ ပုံပေါ့လေ? ဒီပြိုင်ပွဲကြောင့်သာ မဟုတ်ရင် ငါတို့တွေ အကြောင်းစုံကို သိရမှာတောင် မဟုတ်ဘူး!”

“ငါ့ကလေးတွေအပေါ်တင်နေတဲ့ ကျေးဇူးကြွေးတွေကို မင်းဘယ်လို ပြန်ဆပ်မှာလဲ!?”

ပြောနေရင်းနှင့်ပင် သူ၏ ဒွါရပေါက်များမှ သွေးများ ယိုစီးလာခဲ့ကာ ခြေလက်များလည်း တွန့်လိမ်သွားခဲ့သည်။

သူတို့ သေဆုံးသည်မှာ မကြာသေးသည့်ပုံမျိုးဖြစ်နေခဲ့ပြီး သူ့အပေါ်သို့ခုန်အုပ်ကာ တစ်စစီ ဆွဲဖြဲတော့မည့် ဟန်ပင် ဖြစ်နေခဲ့လေသည်။

အမျိုးသားကြီးလည်း ကြောက်လွန်း၍ အိပ်မက်ထဲမှာပင် တုန်လှုပ်ကာ ခေါင်းကိုကိုင်ထားရင် အော်ဟစ်ငိုယို တောင်းပန်နေခဲ့သည်။

“မှားပါပြီ အစ်ကိုနဲ့ မရီး! ကျွန်တော်က လူတောင်မဟုတ်ပါဘူး၊ ကျွန်တော်က ဝက်တို့ ခွေးတို့လောက်တောင် အသုံးမကျတဲ့အကောင်ပါ၊

တူနဲ့ တူမလေးပေါ်မှာမှားခဲ့တာအတွက်လည်း ရှက်မိပါတယ်၊ သေချာပေါက် ပြန်ပြီးဝဋ်ကြွေးဆပ်ပါမယ်၊ ခွင့်လွှတ်ပေးပါ၊ ကျွန်တော့်ကို မသတ်ပါနဲ့ !!”

အချိန်အတော်ကြာအောင် နှိပ်စက်ခံရပြီးနောက်တွင် သူဇောချွေးများ ပြန်လည်ကာ လန့်နိုးလာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် သူနှင့် တစ်ပုံစံတည်းတူညီသော အဖြစ်အပျက်များက တခြားသောအိမ်များတွင်လည်း ဖြစ်ပျက်ခဲ့သည်။

နောက်တနေ့ မနက်အစောတွင်တော့ ညီအစ်ကိုများအားလုံးက ညဘက်တွင် သရဲခြောက်ခံရကြောင်း ပြောခဲ့ကြပြီး တေင့်စကားများဖြငာ် ရွာထဲတွင်လည်း ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။

သူတို့၏အိမ်နှင့် အနီးအနားမှာ နေထိုင်သည့် ရွာသားများသည်လည်း ထိုညီအစ်ကိုတို့၏ အိမ်မှ ညလယ်ခေါင်တွင် အော်ဟစ်တောင်းပန်နေသံများ ကြားရကာ သေဆုံးသွားသော အစ်ကိုနှင့် မရီးတို့အား သူတို့ကို လွှတ်ပေးရန် တောင်းပန်နေသံများလည်း ကြားခဲ့ရသည်။

ဤတစ်ကြိမ်တွင်တော့ ဆွေမျိုးများအားလုံးက မျက်နှာသေများဖြင့်သာ ဖြစ်သွားခဲ့ကာ စကားတစ်ခွန်းမျှပင် မဟရဲကြတော့ပေ။

သူတို့သာ နောက်တစ်ကြိမ်ထပ်၍ တူနှင့် တူမအား အနိုင်ကျင့်ရန် ကြိုးစားလျှင် မြေအောက်ကမ္ဘာမှ အစ်ကိုနှင့် မရီးတို့၏ လက်စားချေခြင်း ခံရမည်ကို ကြောက်လန့်လွန်းအာ့ကြီးနေခဲ့ကြသဖြင့် မောင်နှမနှစ်ဦးအား ပြန်အလျော်ပေးရန် ကိစ္စအား စတင်ဆွေးနွေးနေခဲ့ကြသည်။

မြို့ထဲမှ ငှားရမ်းထားသော အိမ်ငယ်လေးတစ်လုံးတွင်တော့..

မောင်နှမနှစ်ယောက်လုံး မနက်အစောကြီး နိုးလာခဲ့ကြကာ အင်တာနက်ပေါ်မှ လူများ၏ အားပေးစကားများအား ဖတ်ရင်း စိတ်ထဲတွင် နွေးထွေးသွားရသည်။

ရှောင်ရှီ ရုတ်တရက် ပျော်ရွှင်စွာ ပြောလိုက်သည်။

“ငါ အလုပ်သင်စာမေးပွဲအောင်သွားပြီ! နောက်လကစပြီးတော့ အချိန်ပြည့်ဝန်ထမ်းဖြစ်တော့မှာ၊ ဘုရားရေ၊ ဒါက တော်တော်ကို ကံကောင်းတာပဲ!!”

ရှောင်ချန်လည်း ပြုံးရွှင်နေခဲ့သည်။

“ကျွန်တော်လည်းကောင်းတဲ့ကိစ္စ ဖြစ်ခဲ့တယ် ကျဲ၊ ကျွန်တော် မနေ့က အဖေနဲ့ အမေကို အိပ်မက်,မက်တယ်”

“ငါလည်း အိပ်မက်မက်ခဲ့တယ်!”

ရှောင်ရှီ အံ့အားသင့်စွာ မေးလိုက်သည်။

“နင် မနေ့က အဘိုးကိုလည်း ထပ်ပြီး အိပ်မက်မက်သေးတယ်မဟုတ်လား?”

ထိုမှသာလျှင် သူတို့နှစ်ဦး၏ အိပ်မက်များက ဆင်တူကာ အနည်းငယ်သာ ကွဲပြားကြောင်း သိလိုက်ရသည်။

မောင်နှမနှစ်ယောက်ထဲမှ တစ်ယောက်သည်ကား သေဆုံးသွားသော မိဘများကို အိပ်မက်မက်ခဲ့ကာ အဘိုးဖြစ်သူသည်လည်း အပြစ်ရှိသော မျက်နှာဖြင့် သူတို့အား တောင်းပန်ကြောင်း မက်ခဲ့သည်။

ထိုအရာသည် တိုက်ဆိုင်မှုတော့ လုံးဝမဖြစ်နိုင်ပေ။

ရှောင်ရှီ :

“အဘိုးက ငါ့ကို ပြောခဲ့တယ်၊ သူက ဦးလေးတွေကို ငါတို့ မောင်နှမအတွက် အိမ်အဟောင်းကို ပေးပြီး ငွေတွေလည်း ပြန်လျော်ပေးဖို့ ပြောခဲ့တယ်တဲ့”

ရှောင်ချန်လည်း ခေါင်းငြိမ့်သည်။

“အဘိုးက အိမ်ကို ရပြီးရင် နောက်ဖေးထဲက နည်းနည်းစောင်းနေတဲ့ အပင်အောက်က မြေကြီးထဲမှာ ရွှေငါးလေး နှစ်ကောင် မြှုပ်ထားတယ်လို့ ပြောခဲ့သေးတယ်”

မောင်နှမနှစ်ယောက် တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ မည်သည့်စကားကို ပြောရမည်ဖြစ်ကြောင်း မသိနိုင်ဖြင့် ဆွံ့အ,ကြောင်အမ်းနေခဲ့တော့သည်။



နောက်တစ်နေ့တွင်တော့ တိုက်ရိုက်ထုတ်လွှင့်မှု ရိုက်ကူးရေးနေရာဖြစ်သော ယုံချန်မှ ပြန်ရောက်လာသည့် ကုကျစ်စုန့်တစ်ယောက် ‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ ဇာတ်လမ်း၏ ရိုက်ကွင်းသို့‌ ရောက်လာခဲ့ရသည်။

ယမန်နေ့က အဖြစ်အပျက်များပြီးသည့်နောက် သူမ ကောင်းချီးစွမ်းအင်တစ်ချို့ ထပ်မံရရှိလိုက်ကာ သူမကိုယ်ပေါ်မှ ကံဆိုးမှုသည်လည်း မရှိသလောက် နီးနီးဖြစ်သွားခဲ့ပေ။

လက်ရှိခန္ဓာကိုယ်နှင့် သူမ၏ စိတ်ဝိဉာဉ်တို့လည်း ပို၍ပင် လိုက်ဖက်လာခဲ့ကာ တစ်သားကျကျလုနီးပါးဖြစ်လာခဲ့သည်။

ယခုချိန်တွင် သူမက ကျမ်းစာရွက်သုံးကာ ကာကွယ်ထားရန်ပင် မလိုအပ်တော့ပေ။

သူမ၏ မျက်ခုံးများအား ဖုံးကွယ်ထားသော မီးခိုးရောင်အရိပ်မည်းတို့သည်လည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

ထို့အတူ စနစ်သည်လည်း ကုကျစ်စုန့်၏ ကိုယ်ပေါ်မှ ‘ဇာတ်လမ်းဇာတ်ကွက်’၏ ဆွဲငင်အားကို မခံစားရတော့သည်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။

အချိန်တို ခဏလေးအတွင်း၍ ကုကျစ်စုန့်က ဇာတ်ညွှန်း၏ ချုပ်နှောင်မှုများထဲမှ သူမကိုယ်တိုင် လွတ်မြောက်လာနိုင်ခဲ့သည်။

စနစ်လေးကတော့ ‘ငါက အသုံးမကျတဲ့ အမှိုက်ကောင်ပါ’ ဟူသော စကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲရေရွတ်နေမိခဲ့တော့သည်။

ကံကောင်းမှုကြောင့် သူမ ခန္ဓာကိုယ်သည်လည်း အမြန်သက်သာလာခဲ့ကာ နဖူးမှ အမာရွတ်သည်လည်း လုံးလုံးလျားလျားပင် ပျောက်လုနီးပါးဖြစ်လာခဲ့ပြီ။

ထိကြည့်လိုက်လျှင် နူးညံ့သည့် အသားနုတက်သည့်အရာလေးကို ထိတွေ့မိသည်မှအပ သာမန်မျက်စိဖြင့် မမြင်နိုင်တော့ပေ။

လျို့ကျင်းသည်လည်း သူမ၏ အခြေအနေက သက်သာလာပြီဖြစ်ကြောင်းကို ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ဗီဒီယိုမှင့် ဓာတ်ပုံများမှ မြင်တွေ့လိုက်ရသည်။

ထို့ကြောင့်ပင် သူက သူမထံသို့ စာတစ်စောင်ပို့ကာ ယနေ့တွင် မိတ်ကပ်လိမ်းခြယ်ကာ စစ်ယွီချင်းဇာတ်အတွက် ဓာတ်ပုံရိုက်ကူးနိုင်ရန် ခေါ်လိုက်ခြင်းပင်ဖြစ်ပေသည်။

All Chapters