ကျောက်စိမ်းလက်ချောင်းအရိုး (1)
Vol. 12 Ch. 116
ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။
“ဆိုးဝါးတဲ့ သတ္တဝါက ဘယ်လောက်အဆင့်ရှိလဲ?”
ယေဘုယျအားဖြင့် ပြောရလျှင် သင်္ချိုင်းဂူသည်ကား မြေကြီးထဲတွင် မြှုပ်နှံထားသည်မှာ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်သောကြောင့် ထိုသင်္ချိုင်းဂူမှ ထွက်လာစရာ ဆိုးဝါးသည့်အကောင်သည် နှစ်မျိုးသာ ရှိသည်။
၎င်းမှာ သင်္ချိုင်းဂူတွင် ပိတ်မိနေသော သရဲများနှင့် ဖုတ်ကောင်သာဖြစ်ပေသည်။
အထူးသဖြင့် ဖုတ်ကောင်များ ဖြစ်တတ်သည်။
မြေအောက်သည်ကား မှောင်မိုက်စိုစွတ်သော နေရာဖြစ်သောကြောင့် အမှိုက်နှင့် အပုတ်အသိုးများ ပုန်းကွယ်ရန်အကောင်းဆုံးနေရာဖြစ်လေသည်။ ယင်စွမ်းအင်နှင့် မကောင်းမှုများ စုဝေးသောနေရာဖြစ်၍ သင်္ချိုင်းဂူဆိုသည်မှာ သူတို့အတွက် အထောက်အကူဖြစ်သည့်နေရာသာဖြစ်ပေသည်။
ထူးခြားသော ပထဝီဝင်လက္ခဏာအသွင်အပြင်ရှိသည့် နေရာမျိုးတွင် တည်ရှိသည့် သင်္ချိုင်းဂူဖြစ်ပါလျှင် သင်္ချိုင်းတွင်းမှ အလောင်းကောင်က မကောင်းသော ဝိဉာဉ်များကြောင့် နှစ်၁၀၀မှ ၂၀၀ကြာပြီးနောက်တွင် အသွင်ပြောင်းလေ့ရှိကြသည်။
သို့သော် ၎င်းသည်လည်း အဆင့်အနိမ့်ဆုံးဖြစ်သည့် ခရမ်းရောင်ဖုတ်ကောင် အဆင့်သာ ရောက်နိုင်ပေသည်။
လူအများထင်ကြသည်မှာ ဖုတ်ကောင်များသည်ကား မြင်တွေ့ရခဲသော ထူးဆန်းအရာများဖြစ်ကြသည်ဟုပင်။ သို့သော် အမှန်တကယ်တွင် အဆင့်အနိမ့်စားဖုတ်ကောင်များသည်ကား မွေးဖွားရန် အခြေအနေမှာ ခက်ခဲလွန်းသည်မဟုတ်ပါချေ။
ထို့အစား သူတို့သည်ကား မလှုပ်ရှားနိုင်၊ လူများအား ရန်မပြုနိုင်သည်ကြောင့် သာမန်အလောင်းကောင်သာသာပင်ဖြစ်ပေသည်။
ခန္ဓာကိုယ်က မပုတ်သိုးလွယ်သည့်အတွက်၊ သင်္ချိုင်းတူးဖော်နေစဉ်တွင် အလောင်းကောင်အား တိုက်ရိုက်ထိတွေ့မိပါက မကောင်းသော ဝိဉာဉ်များ၏ သက်ရောက်မှုအနည်းငယ်ကိုသာ ခံရရုံဖြစ်သည်။
အဆင့်မြင့်ဖုတ်ကောင်များကတော့ မြင်တွေ့ရန်ခက်ခဲသည်။ အဆင့်မြင့်လေ၊ မွေးဖွားရန် ခက်ခဲလေဖြစ်ကာ အန္တရာယ်ကလည်း ပို၍များလာလေဖြစ်တတ်သည်။
ကျန်းရူယွီက တည်ကြည်သော အမူအယာဖြင့် ပြောလိုက်သည်။
“အဲဒါက မောင့်ဖုတ်ကောင်ပဲ၊ ကျွန်မတို့ လူတွေ သူ့ကို နှိမ်နင်းဖို့ ကြိုးစားခဲ့ပေမယ့် ပုံမှန် မောင့်ဖုတ်ကောင်တွေထက် လျင်မြန်ပြီး ခန္ဓာကိုယ်ကလည်းပျော့ပြောင်းလွန်းတယ်၊
သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး၊ ကျွန်မအမြင်အရတော့ သူက နောက်တစ်ဆင့်တက်ဖို့ကို ခြေတစ်လှမ်းအလိုရောက်နေပြီလို့ ထင်တယ်”
မောင့်ဖုတ်ကောင်သည်ကား အဆင့်(၄) ဖုတ်ကောင်များ ဖြစ်လေသည်။
ခရမ်းရောင်ဖုတ်ကောင်များ၏ အထက်တွင် အဖြူနှင့်အနက်ဖုတ်ကောင်များ ရှိကာ သူတို့ကတော့ လှုပ်ရှားနိုင်သော်လည်း အင်မတန်နှေးကွေးလှသည်။
မီး၊အိမ်မွေးတိရစ္ဆာန်များနှင့် အသံများကို ကြောက်ကာ အန္တရာယ်မရှိနိုင်ပေ။
သူတို့၏အထက်တွင်တော့ အစိမ်းရောင်ဖုတ်ကောင်များဖြစ်ကာ ထိုဖုတ်ကောင်များကတော့ ခန္ဓာကိုယ်အနှံ့တွင် အစိမ်းရောင်အမွှေးအမျှင်များရှိ၍ လျင်မြန်ကြသည်။
နေရောင်ခြည်မှလွဲ၍ မီးနှင့် အိမ်မွေးတိရစ္ဆာန်များအား မကြောက်ရွံ့သလို သွေးစုပ်ရသည်ကိုလည်း နှစ်သက်ကြသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များအကြာက ရှားနိုင်ငံစတင်တည်ထောင်ချိန်တွင် ရွာတစ်ရွာ၌ အစိမ်းရောင်ဖုတ်ကောင်တစ်ကောင် ရှိခဲ့သည်။ ထိုဖုတ်ကောင်က ရွာထဲမှ ကြက်များ၊ ခွေးများ၊ကြောင်များအား သတ်ဖြတ်ကာ သွေးစုပ်တတ်သောကြောင့် တစ်ရွာလုံး ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ထိုအချိန်တွင် အရာရှိများက တောက်ကျန့်များအား ပင့်ဖိတ်ကာ ပြဿနာကို ဖြေရှင်းခဲ့ကြရလေ၏။ ထိုနေရာတစ်ဝိုက်တွင် ယခုအချိန်ထိ ပါးစပ်ရာဇဝင်များ ကျန်ရှိနေဆဲပင်။
အစိမ်းရောင်ဖုတ်ကောင်များ၏ နောက်တစ်ဆင့်တွင်တော့ ခန္ဓာကိုယ်၏ အပြင်ဘက်မှ အမွှေးအမျှင်မျာ့ကာ ခန္ဓာကိုယ်ပျော့ပြောင်းသော မောင့် ဖုတ်ကောင်များဖြစ်သည်။
သာမန်မီးနှင့် အလင်းရောင်တို့က သူတို့အား မနာကျင်မထိခိုက်စေသည်ကို ထညားလိုက်ဦး။
ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အသုံးပြုသည့် ‘တောက်ပသော မီးအလင်းကျမ်းစာ’များမှာ သာမန်မီးမဟုတ်ပေ။ တောက်ဓမ္မပညာ၏ မီးအစစ်များ ပါဝင်ကာ သာမန်မကောင်းဆိုးဝါးများဆိုလျှင် ပြာကျသွားမည်ဖြစ်သည်။
သို့သော် ထိုမီးတောက်များပင်လျှင် ထိုမကောင်းဆိုးဝါးအား နာကျင်အောင်မလုပ်နိုင်ပါချေ။
ဆိုလိုသည်မှာ ထိုဖုတ်ကောင်သည်ကား ‘ဖုတ်ကောင်ပျံ’အဆင့်သို့ ကူးပြောင်းစပြုနေကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။
မိုးပျံဖုတ်ကောင်များသည် နှစ်ထောင်ချီကျင့်ကြံရန်လိုအပ်ကာ သူတို့၏ မကောင်းသည့် သဘာဝတို့က အင်မတန်ဆိုးဝါးပြီး သူတို့ပေါ်လာသည်နှင့် ကပ်ဆိုးဆိုက်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
သင်္ချိုင်းဂူတွင်ရှိနေသည့် ဝိဉာဉ်ဆိုင်ရာအထူးဌာနမှ အဖွဲ့ဝင်များက စိတ်တုန်လှုပ် ကြောက်လန့်ကာ သင်္ချိုင်းဂူအား ယာယီချိတ်ပိတ်၍ အထက်လူကြီးများအား အကူအညီတောင်းခဲ့ကြသည်မှာ မထူးဆန်းတော့ပေ။
ကုကျစ်စုန့်ကိုယ်တိုင်လည်း အံ့ဩသွားမိသည်။ သူမ မှတ်မိသလောက်ဆိုပါလျှင် အင်ပါယာ၏ သင်္ချိုင်းသည် နှစ်(၆၀၀)ကျော်ခန့်သာ ရှိသေးသောကြောင့် မိုးပျံဖုတ်ကောင်တစ်ကောင် မွေးဖွားရန်ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမ ထပ်၍ မေးလိုက်သည်။
ကျန်းရူယွီက ကူရာကယ်ရာမဲ့သည့် မျက်နှာဖြင့် ပြောလာလေသည်။
“အင်ပါယာက ရက်စက်လွန်းတယ်၊ တော်ဝင်သင်္ချိုင်းဂူလည်း တည်ဆောက်ပြီးရော သူက အဲ့ဒီလက်မှုပညာရှင်တွေက သူ့ရဲ့ကိုယ်အင်္ဂါတွေ၊ ရတနာတွေနေရာကို ဖော်လိုက်မှာစိုးရိမ်တာကြောင့် အားလုံးကို မြေအောက်ထဲမှာထည့်ပြီး မြှုပ်ခိုင်းလိုက်တယ်”
“ဒါပေမယ့် အင်ပါယာက မသေခင်အချိန်မှာ အသက်ရှည်ခြင်းလမ်းကြောင်းကို အရမ်းလိုက်စားခဲ့တာ၊ သူက မြေအောက်ကမ္ဘာကို သွားပြီး ပြန်မဝင်စားချင်ဘူးလေ၊ ဒါပေမဲ့ သူက အသက်တော်တော်ကြီးတဲ့ထိ အောင်မြင်ခဲ့တော့ ဖုန်းရွှေပညာရှင်ဆီက အကြံနဲ့ အကူအညီယူပြီး ဝိဉာဉ်ချုပ်နှောင် သင်္ချိုင်းကို တည်ဆောက်ခဲ့တယ်”
“တစ်ချိန်တည်းမှာပဲ သူက သင်္ချိုင်းဂူမှာ မကောင်းတဲ့ ဝိဉာဉ်တွေ ပိုတိုးပြီး သူ့ကိုယ်သူအားတိုးစေဖို့အတွက်နဲ့ လက်မှုပညာရှင်တွေကို တစ်ခါတည်း သတ်မပစ်ဘူး၊ သူ စစ်သည်တွေကို မှာခဲ့တာက လက်မှုပညာရှင်တွေကို သင်္ချိုင်းဂူရဲ့ ချောင်ကျတဲ့ နေရာတစ်ခုထိ ခေါ်သွားရမယ်၊ ပြီးမှ သူတို့ရဲ့ လက်နက်ကိရိယာနဲ့ စားစရာတောင် ချန်မထားဘဲ အကုန်သိမ်းလိုက်ပြီးတော့ အဲဒီအခန်းကို အလုံပိတ်ပစ်လိုက်ရမယ်….”
ထိုနည်းအားဖြင့် အခန်းတွင်းမှ လက်မှုပညာရှင်များမှာ သေမည့်အချိန်ကိုသာ ခံပြင်းစွာ ထိုင်စောင့်နေခဲ့ရသည်။
ပထမနှစ်ရက်တွင် သူတို့က အော်ဟစ်ကာ အသနားခံဆဲ၊ ဆဲဆိုနေဆဲဖြစ်ကာ အလုံပိတ်အခန်းတွင်းမှ သူတို့၏ လက်ချောင်းများနှင့် ခြစ်ကုတ်တူးဖော်ကာ လွတ်မြောက်ရန်ကြိုးစားခဲ့ကြသည်။
လက်သည်းများက ကျိုးကြေပဲ့ထွက်ကာ သွေးထွက်လာခဲ့သော်လည်း သူတို့၏ ကြိုးစားမှုကတော့ အချည်းနှီးသာလျှင်ဖြစ်သည်။
တတိယမြောက်နေ့တွင် မည်သည်ကိုမှ မစားရ၊မသောက်ရဖြင့် စွမ်းအင်များ ကုန်ခမ်းကာ သေလုမြောပါးဖြစ်နေခဲ့ကြသည်။
ပြင်းထန်စွာ ဆာလောင်မှုနှင့် သေခြင်းတရားအား ကြောက်လန့်မှုတို့၏ ဖိအားကြောင့် အဆုံးသတ်တွင် သူတို့သည်ကား တစ်ယောက်နှင့် တစ်ယောက်သတ်ဖြတ်ကာ လူသားအချင်းချင်းစားသုံးကြတော့သည်။
နောက်ဆုံးကျန်ရီိသော သူ သေဆုံးချိန်တွင် တစ်ခန်းလုံးတွင် ပုတ်သိုးနေသော အလောင်းကောင်များနှင့် လောက်ကျနေသော အရိုးများကသာ ပြည့်နှက်ကာ အပုတ်ရည်များ၊ သွေးပုတ်များသည်လည်း တစ်ခန်းလုံးပြည့်နှက်နံစော်နေခဲ့သည်။
ထိုသူက မှောင်မိုက်နေသော မြေအောက်တွင် မည်မျှအချိန်ကြာကြာနေခဲ့သည်လည်း မသိ၊ လူသားစားကာ လူသွေးကိုသောက်၍ ခက်ခဲစွာ ရှင်သန်ခဲ့ရပြီး သေဆုံးချိန်တွင်လည်း ပြင်းထန်လှသော အမုန်းတရား၊အငြိုးတရားများနှင့် သေဆုံးခဲ့ရသည်။
ဤသို့ ဖြင့် မောင့်ဖုတ်ကောင်မှာ မသေဆုံးခင်က လူသားစားခဲ့ကာ ဖုန်းရွှေဖွဲ့စည်းပုံထဲတွင် အငြိုးတရားများစွာနှင့် မြှုပ်နှံခံခဲ့ရသည်ကြောင့် သူ၏စွမ်းအင်များက လျှင်မြန်စွာ ကြီးထွားလာခြင်းပင်ဖြစ်သည်။
ထိုသို့ ရက်စက်ကြမ်းကြုတ်လှသော နည်းလမ်းအား ကြားလိုက်ရပြီးနောက် ကုကျစ်စုန့်၏ သင်္ချိုင်းဂူပိုင်ရှင်ပေါ်တွင် ထားသော မနှစ်မျို့ခြင်းသည် အဆင့်၈မှ အဆင့်၅ထိ ခုန်တက်သွားခဲ့သည်။
ထို့နောက် သူမ ဆက်၍ မေးလိုက်သည်။
“ရှင်ပြောသလိုဆိုရင် သင်္ချိုင်းထဲက မကောင်းမှုအရှိန်အဝါက ကောင်ကင်ထိ တက်နေတော့မှာပေါ့၊ သင်္ချိုင်းဂူရဲ့ ပိုင်ရှင်ကလည်း ဖုန်းရွှေဖွဲ့စည်းပုံထဲမှာ ရှိနေတာပဲလေ၊ သူက ဖုတ်ကောင်တွေကို မွေးမြူနေတာဆိုပေမယ့် ဘယ်လိုလုပ်ပြီးတော့ ဆိုးဝါးတဲ့ အကောင်က တစ်ကောင်တည်းရှိနေရတာလဲ?”
“အဲ့ဒါက ကျောက်စိမ်းလက်ချောင်းအရိုးနှင့်ပတ်သက်နေတာလေ”
“မစ်စ်ကုသိလားတော့မသိဘူး? သမိုင်းထဲမှာ လွန်ခဲ့တဲ့ နှစ်၈၀၀ကျော်က မျိုးဆက်တစ်ခုရဲ့ မင်းသားတစ်ပါးအကြောင်း မှတ်တမ်းတွေ ရှိခဲ့တယ်၊ သူက လူတွေရဲ့ အသက်မွေးဝမ်းကြောင်းကို အများကြီး တိုးတက်စေခဲ့ပြီး ကပ်ဘေးကြုံရတဲ့ ပြည်သူတွေကိုလည်း အများကြီး ကူညီပေးခဲ့တယ်၊ သူက လူတွေကြားမှာဆိုရင် ကြင်နာတတ်လို့ နာမည်ကောင်းနဲ့ ကျော်ကြားခဲ့တဲ့ မင်းသားတစ်ပါးဖြစ်ခဲ့တယ်လေ၊ သမိုင်းစာအုပ်တွေမှာဆိုရင် အဲဒီမင်းသားလေးကို ချီးမွမ်းခန်းဖွင့်ကြတာက ‘တည်ကြည်ပြီး ကျက်သရေရှိတယ်၊ တည်ငြိမ်တဲ့ ရေပြင်ကျယ်လိုပဲ’တဲ့”
ထိုမင်းသားလေးနှင့် ပတ်သတ်သည့် သမိုင်းမှတ်တမ်းများ သိပ်ပြီးမရှိလှပေ။
တွေ့ရှိချက်များအရ မင်းသားလေးသည်ကား မွေးကတည်းက အားနည်းကာ ချူချာသူဖြစ်သည်။ သို့သော် သူသည်ကား တော်ဝင်မိသားစု၏ ဒုတိယသားတော်ဖြစ်သည့်အပြင် ကံကလည်း ကောင်းသူလည်း ဖြစ်သောကြောင့် ဘုရင်မင်းမြတ်၏ အချစ်တော်သားတော်လည်း ဖြစ်ခဲ့သည်။
သူသည်ကား ငယ်စဉ်တည်းက နာမည်ကြီး တောက်ဓမ္မကျောင်းသို့ တရားဓမ္မကျင့်ကြံရန်နှင့် အားအင်ပြည့်စေရန် စေလွှတ်ခြင်းခံရပြီးနောက် ထိုကျောင်းတွင်ဆယ်နှစ်ကျော်နေထိုင်ခဲ့သည်။
နောက်ပိုင်းတွင် သူ၏ ကျန်းမာရေးအခြေအနေအရ ခြေထောက်ကိုထိခိုက်သွားကာ တစ်သက်လုံးနီးပါး အသက်လုကာနေခဲ့ရသည်။
နောက်ဆုံးတွင် အစ်ကိုတော်ဖြစ်သူ နန်းတက်ပြီးနောက် သူ၏ ကျန်းမာရေးအခြေအနေလည်း ပို၍ တိုးတက်လာခဲ့သည်။
ထိုကဲ့သို့သော တော်ဝင်မိသားစုတစ်ဦးသည် စာပေပိုင်းဆိုင်ရာ သုတေသနများတွင်လည်း မထင်ရှားသောကြောင့် သမိုင်းစာအုပ်များတွင် ပါလေ့မရှိပါချေ။
ကျန်းရူယွီနှင့် လင်းကျူးမှ လူအများ သူ့အား သိနေရခြင်းသည်ကား ထိုမင်းသား၏အကြောင်းကို တောက်ဓမ္မကျမ်းတစ်ခုတွင် ရေးသားဖော်ပြခံထားရခြင်းကြောင့်ပင် ဖြစ်သည်။
ထိုအားနည်းချူချာသည့် မင်းသားငယ်လေး နန်းတော်မှ ထွက်ခွာကာ တရားကျင့်ကြံခဲ့သည့် တောက်ဓမ္မကျောင်းမှာ တောက်ဓမ္မဂိုဏ်းအား စတင်တည်ထောင်ခဲ့သူ တောက်ကျန့်ကျွင်းဟုန်၏ ကျောင်းပင် ဖြစ်ခဲ့လေသည်။
ကုကျစ်စုန့် ဆက်၍ နားထောင်လေလေ၊ ပိုပြီး ရင်းနှီးလာလေဖြစ်ကာ သူမ၏ အမူအယာသည်လည်း တဖြည်းဖြည်း ထူးဆန်းလာခဲ့သည်။
“အဲဒီတော့ ဒီလက်ချောင်းရိုးက??”
ကျန်းရူယွီ:
“မင်းသားနဲ့အတူ မြှုပ်နှံထားတဲ့ ရွှေချည်စာအုပ်အရဆိုရင်တော့ အဲဒီလက်ချောင်းက ခုဏက မင်းသားလေးပိုင်ဆိုင်တဲ့အရာပဲ”
ကုကျစ်စုန့်: “… …”
ကျန်းရူယွီ၏ နှုတ်မှ ကုကျစ်စုန့် ကျောက်စိမ်းလက်ချောင်းရိုး၏ ရာဇဝင်အား ကြားသိခဲ့ရသည်။
သင်္ချိုင်းဂူအား တည်ဆောက်ခဲ့သူ ဖုန်းရွှေပညာရှင်၏ မှတ်တမ်းများအရ ထိုမင်းသားလေးမှာ တောက်ကျန့်ကျွင်းဟုန်၏ ကျောင်း၌ နေထိုင်နေစဉ်တွင် ကောင်းကင်မှ မိုးကြိုးပစ်ခံလိုက်ရသည်။
ထို့ကြောင့် သူ၏ ခြေထောက်များက မိုးကြိုးဒဏ်ကြောင့် သုံးမရအောင် ချိနဲ့သွားခဲ့လေ၏။ သူ သေဆုံးပြီး နှစ်တစ်ရာကျော်အကြာတွင် မင်းဆက်လည်း ပျက်သုန်းခဲ့ရသည်။ စစ်ပွဲအတွင်း သူ၏ သင်္ချိုင်းဂူသည်လည်း အုတ်ဂူဖောက်သူများ၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။
သင်္ချိုင်းဂူပိုင်ရှင်၏ အခန်းတွင် သူခိုးများတွေ့ခဲ့ရသည်မှာ တစ်ကိုယ်လုံးမှ အရိုးများသည် ပုတ်သိုးနေခဲ့သော်လည်း လက်ချောင်းတစ်ချောင်းသည်ကတော့ အကောင်းပကတိ ရှိနေခဲ့သည်ဟူ၏။
အုတ်ဂူဖောက်သူများက အလောင်းကို ဖျက်ဆီးကာ ထိုလက်ချောင်းအား ဖြတ်ထုတ်ခဲ့ကြသည်။ ထို့နောက် အသားကို ခွာလိုက်ချိန်တွင် ထို ကြည်လင်နေသော ကျောက်စိမ်းလက်ချောင်းရိုးအား ရှာတွေ့ခဲ့ကြတော့သည်။
သင်္ချိုင်းပိုင်ရှင်၏ ထူးခြားချက်မှာ သူသည်ကား အသက်ရှိစဉ်က တောက်ကျန့်ကျွင်းဟုန်၏ ကျောင်းတွင် နေထိုင်ကာ ထူးဆန်းသောအဖြစ်ကိုလည်း ကြုံခဲ့ရခြင်းပင်။
ထိုအချိန်က လူအများနှင့် တော်ဝင်မိသားစုအထိ ပျံ့နှံ့သွားသော သတင်းမှာ ထိုကျောက်စိမ်းလက်ချောင်းသည် ကောင်းကင်ဘုံမှ မိုးကြိုးလက်နက် ခ,ထားခြင်းဖြစ်သောကြောင့် ထိုလက်ချောင်းရိုးကာ ဆေးမှုန့်ကြိတ်သောက်လျှင် ထာဝရအသက်ရှည်နိုင်မည်ဟုသော သတင်းပင်ဖြစ်လေသည်။
နောက်ဆုံးတွင် ထိုအချိန်က နန်းတက်ဘုရင်ဖြစ်ကာ ၊ လက်ရှိရှာဖွေတူးဖော်သည့် သင်္ချိုင်း၏ ပိုင်ရှင် အင်ပါယာမှ ငွေအမြောက်အမြားသုံးကာ ထိုလက်ချောင်းရိုးအား ပရဆေးဆရာထံမှ ဝယ်ယူခဲ့သည်။
အင်ပါယာမှာ ထာဝရရှင်သန်ချင်ခဲ့သောကြောင့် ထိုရည်ရွယ်ချက်အတွက်ပင် ဆေးများစွာသောက်သုံးခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
*