မြောင်မျိုးဆက်သစ်များ (၂)
Vol. 12 Ch. 120
“ဒါပေမဲ့ အဲ့ဒါက ဥပမာတစ်ခုပါပဲ၊ ဒီသန္ဓေသားကြိုးလေးကို မြင်လိုက်ရပြီးတော့ ငါရုတ်တရက် သတိရလိုက်မိသွားတာ၊ ငါ့ရဲ့ ဆရာမက ကလေးတွေကို မိဘတွေဆီ ပြန်ပို့တဲ့အချိန်မှာဆိုရင် သူက ကြိုးနဲ့ ဖဲသားကို အခုဒီနားနဲ့ သိပ်မဝေးတဲ့ ကျောက်တောအုပ်ထဲမှာ ချည်လိုက်လေ့ရှိတယ်၊
သူပြောတာတော့ အဲဒီမှာရှိတဲ့ တောင်ပေါ်လေက သန္ဓေသားအတွက် ကောင်းတယ်တဲ့၊ ဘာပဲဖြစ်ဖြစ် ပြောရရင် ဒါက ပြန်လည်မွေးဖွားရှင်သန်ခြင်းအစီအရင်ကို လေ့ကျင့်တဲ့ ကူဖော့တွေအတွက်ကတော့ ပထမဆုံးရွေးချယ်မှုပဲ”
“ပြောကြည့်ပါဦး၊ အဲဒီသူခိုးက မောင့် ဖုတ်ကောင်ကို ဒီနေရာခေါ်လာပြီး စိတ်အေးလက်အေး နေမယ်လို့ ထင်လား?”
ကုကျစ်စုန့် ဒေါသဖြင့်ပြောလိုက်သည်။
“သေချာပေါက် ဘယ်နေနိုင်လိမ့်မလဲ၊ နောက်ကို နည်းနည်း ဆုတ်နေပေးပါ၊ကျွန်မ ချက်ချင်း ဖွဲ့စည်းပုံကို ဖျက်ဆီးလိုက်တော့မယ်”
သူမ ပြောနေရင်းဖြင့်ပင် အဖြူ၊အမည်း စစ်တုရင်စေ့လေးများထည့်ထားသည့် သေတ္တာလေးတစ်လုံးထုတ်လိုက်ပြီးနောက် လက်ချောင်းနှစ်ချောင်းကို တေ့ကာ သတ်မှတ်ထားသည့် နေရာတစ်ခုသို့ ထိုစစ်တုရင်အပိုင်းများအား သေချာ ပစ်ထည့်လိုက်သည်။
စစ်တုရင်အပိုင်းအစလေးများက လေထဲတွင် ဓားမြှောင်များကဲ့သို့ ပြေးထွက်သွားကာ နေရာလွတ်သို့ရောက်သော် အတားအဆီးတစ်ခုခုအား တိုက်မိလိုက်သကဲ့သို့ဖြစ်သွားခဲ့ရပြီး လေထဲတွင် ရေပွက်သကဲ့သို့ လှိုင်းများပင် ထသွားခဲ့သည်။
ထိုအရာကို မြင်လိုက်ရသည့် ဂဲလီယိုချန်းက သူမ၏ ရင်ဘတ်ထဲမှ ရွှေရောင်ခွက်အသေးလေးတစ်ခွက်ကို ထုတ်ယူလိုက်သည်။
ထို့နောက် ရွှေခွက်၏ အပြင်ဘက်အား သူမလက်ချောင်းများဖြင့် သတ္တဝါတစ်ကောင်ကို နှိုးနေသကဲ့သို့ ခပ်မြန်မြန်၊ စည်းချက်ကျကျ ခေါက်နေခဲ့သည်။
“သေချာတာပေါ့၊ ဒီနေရာမှာ ဖွဲ့စည်းပုံတစ်ခုခုရှိနေတာပဲ!”
တတိယမြောက် စစ်တုရင်အပိုင်းအား ပစ်ပြီးချိန်တွင်တော့ ပတ်လည်ဝိုင်းနေသော ဝါးရုံတောက တဖြည်းဖြည်း ပုံစံပြောင်းစပြုလာခဲ့သည်။
ဤအရာမှာ ကုကျစ်စုန့် ဖြိုခွဲခဲ့ဖူးသမျှထဲတွင် အဆင့်အမြင့်ဆုံး ပုံပြောင်းပုံလွှဲပြုလုပ်ခြင်းတစ်ခုပင်ဖြစ်ချေသည်။
သူမ အရှေ့သို့ ခြေလှမ်းကာ ပျက်စီးသွားသော အမှတ်နေရာများတွင် စစ်တုရင်အပိုင်းများအား ပစ်ထည့်နေရင်း ဆက်လက်လျှောက်သွားနေခဲ့သည်။
ဂဲလီယိုချန်းမြင်နေရသည်မှာကတော့ သူမက ခြေလှမ်းတိုင်းကို စည်းချက်ကျကျ လျှောက်နေခြင်းကိုသာဖြစ်ပေသည်။
သို့သော် သူမက အန္တရာယ်ဆိုသည်က အဘယ်နည်းဟုပင် မသိရှိနေသယောင် သူမ ခြေလှမ်းတစ်လှမ်းချလိုက်တိုင်းတွင် ပတ်ဝန်းကျင်မှ လေထုက တုန်ခါသွားခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော ဖွဲ့စည်းပုံနှစ်ခုအား အကွက်ချနိုင်သူ ဖုန်းရွှေပညာရှင်တစ်ဦးက မည်သည့်နည်းနှင့်မျှ သာမန်လူတစ်ဦးမဖြစ်နိုင်ပေ။
တောအုပ်ထဲတွင် သူအကွက်ချထားသော ဖွဲ့စည်းပုံသည် ‘ချီမန် သွမ်ကျား ’ ၏ နည်းလမ်းများပါဝင်ကာ အသုံးပြုထားသော အစီအရင်မန္တာန်များသည်လည်း အင်မတန်ခက်ခဲနက်နဲ၍ ရှုပ်ထွေးလွန်းလှသော အစီအရင်များပင်ဖြစ်သည်။
‘ချီမန်သွမ်ကျား’တွင် ‘ဂိတ်ပေါက်၈ခု’ရှိသည်။ တည်ရှိ၊ မွေးဖွား၊ ထိခိုက်၊ ချုပ်တည်း၊ အခြေအနေ၊ သေဆုံး၊ ရှင်သန်နှင့် ဆောင်ရွက်ခြင်းဆိုသော ဂိတ်ပေါက်များပင် ဖြစ်ပေသည်။
ဖုန်းရွှေပညာရှင်က ထျန်းချုန်ကြယ်စင်နှင့် ထျန်းရွေကြယ်စင်တို့အား အယောင်ပြအဖြစ်အသုံးပြုကာ ‘ထျန်းပန်’တွင် တီးတိုးပြောင်းလဲမှုများအား ဂိတ်ပေါက်များ၏ နံပါတ်စဉ်များ ပြောင်းလဲရန် အသုံးပြုထားခဲ့သည်။
ရှင်သန်မှ သေဆုံးခြင်း၊ ကောင်းခြင်းမှ ဆိုးခြင်းသို့ ပြောင်းလဲထားသည်။
သာမန်အဆင့်နှင့် ပညာရှင်တစ်ဦးသာလျှင် ထိုဖွဲ့စည်းပုံအတွင်းသို့ ခြေချမိပါက သူတို့မှာ အပေါ်ယံ ရှင်သန်ခြင်းတံခါးဝ၏ လှည့်စားမှုခံရကာ သေဆုံးခြင်းတံခါးဝထဲသို့ တည့်တည့်ဝင်မိပြီး အရှင်လတ်လတ် လည်ပင်းညှစ်ခံရမည်ဖြစ်သည်။
သူမကိုယ်တိုင်ကတော့ ဤအဆင့်မြင့်သော ဖွဲ့စည်းပုံများတွင် ကိုယ့်ကိုကိုယ် အပြည့်အဝယုံကြည်မှုရှိသည်။
သူမ ကုကျစ်စုန့်တစ်ယောက် အမှောင်ထဲမှ ဖွဲ့စည်းပုံအတွင်းသို့ ခြေချလိုက်သည်အား ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သော အပြုံးတစ်ခုပေါ်လာခဲ့သည်။
သူမက ကုကျစ်စုန့် သေဆုံးခြင်းဂိတ်တံခါးထဲသို့ ခြေချကာ မြစ်ဝါထဲတွင် သေဆုံးနေသည်အား မြင်လိုက်ရသည်ပင်။
တောက်ဝတ်ရုံဝတ်ဆင်ထားသော လူက သူ့နောက်ကျောမှ အမည်းရောင်အခေါင်းတလားအား ကြင်နာသော မျက်နှာအမူအယာဖြင့် ညင်သာစွာ ထိတွေ့လိုက်သည်။
“သားလေး၊ ဒီအဖေက မင်းအတွက် မကြာခင်မှာ လက်တုံ့ပြန်နိုင်တော့မှာပါ၊ မင်း အဲဒီမိန်းမကိုသာ စားနိုင်ရင် သေချာပေါက် ပုကွားကုအဆင့်ကို တန်းရောက်သွားနိုင်တယ်…”
သို့သော် သူ့စကားမဆုံးလိုက်ခင်မှာပင် မျက်နှာအမူအယာ ချက်ချင်းပြောင်းသွားကာ ခုန်ထွက်လိုက်ပြီးနောက် ဘေးတစ်ဖက်သို့ လှိမ့်ရှောင်လိုက်သည်။
မည်းနက်နေသော စစ်တုရင်အပိုင်းတစ်ခုက အရှိန်ပြင်းပြင်းနှင့် သူ၏ ပါးပြင်ဘေးမှ လျှပ်ပြေးသွားကာ သူခုနက ရပ်နေသော နေရာသို့ ပစ်ဝင်သွားခဲ့သည်။
ပုန်းရမည်အား ရှက်ရွံ့နေသဖြင့် ခုန်ထွက်လိုက်ခြင်းကိုသာ ပြလုပ်ခဲ့သည်ကြောင့် ဝတ်ရုံနှင့်လူမှာ အခေါင်းတလားအား ဆွဲယူရန် အချိန်မရလိုက်ပေ။
အမည်းရောင်အခေါင်း၏ အဖုံးက လေအရှိန်ကြောင့် လှုပ်သွားကာ လူပုံပင်မပေါ်အောင် ပျက်စီးနေပြီဖြစ်သော ကလေးအလောင်းတစ်ခုက ထိုအခေါင်းတွင်းမှ လိမ့်ထွက်လာခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်ကား မည်းပြာကာ အရေပြားများလည်း ပျက်စီးနေခဲ့ပြီး ကလေးအလောင်းလေး၏ ရင်ဘတ်တွင်လည်း အပေါက်ကြီးနှင့် ဖြစ်နေခဲ့သည်။
ကုကျစ်စုန့် မည်သည့်အချိန်က ဖွဲ့စည်းပုံအား ဖျက်ဆီးလိုက်သည်ကို မည်သူမျှ မသိလိုက်ကြ။ သို့သော် ယခုအချိန်တွင် သူမက ဖုန်းရွှေပညာရှင်၏ တည်နေရာအား စေ့စေ့ကြည့်ကာ ပြောလိုက်သည်။
“ငါ့ကို စားမယ်? ပုကွားကု??”
“မင်းက အဲ့လို စိတ်ကူးယဉ်ရဲတယ်ပေါ့?”
“သားလေး!”
ဖုန်းရွှေပညာရှင်က အခေါင်းတလားတွင်းမှ ထွက်ကျလာသော အရိုးများအား ကြည့်ကာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့နှလုံးသားထဲမှ မနှစ်မြို့မှုနှင့် အံ့ဩမှုများက စကားဖြင့်ပင် ပြော၍မရနိုင်ပေ။
ဒီမိန်းမ!
ဘယ်လိုလုပ်ပြီး သူ့ရဲ့ သေခြင်း၊ရှင်ခြင်းဖွဲ့စည်းပုံကို ဖျက်ဆီးလိုက်နိုင်တာလဲ!?
ကုကျစ်စုန့် သူမပုခုံးပေါ်မှ သစ်ရွက်ကြွေများအား လက်ချောင်းဖြူနုနုလေးဖြင့် ခါချလိုက်သည်။
“မင်းက ဒီကမ္ဘာပေါ်မှာရှိနေတဲ်
ထူးခြားပညာရှင်တွေထဲမှာ မင်းတစ်ယောက်တည်းပဲ ‘ချီမန်သွမ့်ကား’ကို ကျွမ်းကျင်တဲ့သူလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်? သေခြင်းနဲ့ ရှင်သန်ခြင်းက ပြောင်းပြန်ဖြစ်နေတယ်! ဒီဖွဲ့စည်းပုံက တကယ်တော့ ပြစ်ချက်တွေ အများကြီးပဲ၊ ဒါပေမယ့် မင်းကတော့ ကိုယ့်ကိုကိုယ်တော့ ယုံကြည်မှုအပြည့်ရှိနေတာပဲ”
သူမ မျက်နှာတွင် မည်သို့သော အမူအယာ၊ ခံစားချက်မျှ မရှိသည့်အပြင် အသံသည်လည်း မထီမဲ့မြင်သံပင် ပေါက်နေခဲ့သည်။
သူမ ထိုသို့ တုံ့ပြန်ခြင်းများအား တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ black fan များထံမှ သင်ထားခြင်းပင်ဖြစ်သည်။
ဖုန်းရွှေပညာရှင်၏ ဒေါသူပုန်ထနေသော မျက်နှာကို ကြည့်ရသည်မှာ သူသည်ကား ဒေါသထွက်လွန်း၍ အသက်ပင် ကောင်းကောင်းမရှုနိုင်တော့သည့် ပုံပင်ပေါက်နေခဲ့သည်။
သူက ထိုဖွဲ့စည်းပုံသေချာပေါက် အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်ထားပုံပေါ်သည်။
ကုကျစ်စုန့်၏ အကြည့်က တစ်ဖက်မှ အင်မတန်မှ ပျက်စီးနေသောကြောင့် လူနှင့်ပင် မတူတော့သည့် ကလေးအလောင်းလေးအား ကြည့်လိုက်သည်။
ထို့နောက် ပတ်ပတ်လည်မှ ဖွဲ့စည်းပုံနှင့် နေရာအား ကြည့်လိုက်ပြန်သည်။
သူမ၏ နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးကာ ပြုံးနေသော်လည်း မျက်လုံးအကြည့်များနှင့် လေသံမှာတော့ အေးစက်နေခဲ့၏ ။
“ကြည့်ရတာ မင်း တော်တော်လေး အလုပ်ရှုပ်ခံပြီး ပစ္စည်း ခိုးတာတွေ၊ အပြစ်မဲ့ကလေးတွေကို ယဇ်ကောင်အဖြစ် ဖမ်းထားတာတွေလုပ်နေတာက မင်းရဲ့ သားကို ‘ပြန်အသက်သွင်း’ဖို့ကိုး”
‘ချီမန်သွမ့်ကျား’၏ မျက်ကွယ်ဖွဲ့စည်းပုံ ပျောက်ကွယ်သွားပြီးနောက် မီတာနှစ်ရာခန့်အကွာမှ မြင်ကွင်းများအားလုံးက အကုန်ပေါ်လာခဲ့သည်။
ဂဲလီယိုချန်း၏ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားကာ အသံများလည်း တုန်ရီနေခဲ့သည်။
“ဒါဒါ!!”
မဝေးသည့်နေရာ ကျောက်တုံးတောအုပ်၏ ရှေ့တွင် ထင်ရှားစွာ မြင်နေရသည်မှာ အင်မတန်မှပင် ဆိုးဝါးလွန်းသည့် မြင်ကွင်းတစ်ခုပင်ဖြစ်သည်။
မြေကွက်လပ်တွင် နှစ်မီတာပတ်လည်ခန့်ရှိသော လေးထောင့်ပုံစံကျင်းနက်တစ်ခုကို တူးထားလေသည်။
ထိုကျင်းပေါက်ထဲတွင် ရင်ဘတ်ထဲ၌ ကျောက်စိမ်းလက်ချောင်းရိုးစိုက်ထားသော မောင့်ဖုတ်ကောင်က လဲလျောင်းနေခဲ့သည်။
ကျင်းကြီး၏ ဘေးပတ်လည်တွင်တော့ မတ်တပ်စင် ၆ခုရှိသည်။
အသက်၅နှစ်မှ ၈နှစ်အရွယ်ကောင်လေးခြောက်ယောက်အား ထိုစင်မှတန်းတစ်ခုတွင် ချည်နှောင်ထားခဲ့လေသည်။
သူတို့၏ ခြေလက်များအား ကြိုးဖြင့် တုပ်ထားကာ ပါးစပ်များကိုလည်း တိတ်ဖြင့် အလုံပိတ်ထားသေးသည်။
သူတို့၏ ခြေရင်းတွင် ကျင်းသေးသေးလေးများရှိကာ မောင်သရ ဖုတ်ကောင်လဲလျောင်းနေသော ကျင်းကြီးဖြင့် ဆက်သွယ်နေသော လမ်းကြောင်းခြောက်ခုလည်း ရှိနေခဲ့သည်။
ကလေးတစ်ယောက်ချင်းစီ၏ ခြေကျင်းဝတ် သို့မဟုတ် လက်မောင်းများသည်လည်း ဟက်တက်ကွဲနေခဲ့လေသည်။
ဒဏ်ရာမှ စီးကျနေသော သွေးစက်များက သူတို့ခန္ဓာကိုယ်အောက်မှ ကျင်းထဲသို့ကျပြီးနောက် ဖုတ်ကောင်လဲလျောင်းနေသည့် ကျင်းကြီးထဲသို့ လမ်းကြောင်းလေးများမှ စီးဆင်းနေခဲ့သည်။
ထို့အပြင် ထူးဆန်းကာ ယုတ်ညံ့သည် အစီအရင်ပုံများကိုလည်း သူတို့၏ ပတ်ပတ်လည်တွင် သစ်ကြံပိုးအနှစ်ဖြင့် ရေးဆွဲထားသေးသည်။
ဤအရာသည်ကား အင်မတန်မှပင် ရက်စက်ဆိုးဝါးလှသော သွေးယဇ်ပူဇော်ခြင်းအစီအရင်တစ်ခုပင်ဖြစ်ပေသည်။ ယဇ်ကောင်အဖြစ် အသုံးပြုထားသော ကောင်လေးခြောက်ယောက်က ဖုန်းရွှေပညာရှင်၏ သားဖြစ်သူနှင့် အသက်ရော လိင်ပါ ဆင်တူညီကြသည်။
ကြိုး၏ ဆွဲအားကြောင့် ကလေးများ၏ ဒဏ်ရာများမှာ သွေးများမခဲနိုင်ပါချေ။ သူတို့၏ ကိုယ်တွင်းမှ သွေးများအားလုံး မောင့်ဖုတ်ကောင်ထံသို့ အကုန်စီးဆင်းသွားသည်ထိ သွေးတိတ်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ကုကျစ်စုန့်က မြေအောက်ကမ္ဘာမှ လာခဲ့ကာ ဖွဲ့စည်းပုံအား အင်မတန်မြန်ဆန်စွာ ဖျက်ဆီးလိုက်နိုင်ခဲ့သည်။
ထိုအချိန်တွင် ဖုန်းရွှေပညာရှင်က ဖွဲ့စည်းပုံအား ဆွဲပြီးကာစဖြစ်သောကြောင့် ကလေးငယ်များ ဒဏ်ရာရချိန်မှာ မကြာသေးပေ။
ကလေးငယ်များ၏ မျက်နှာများက ဖြူဖျော့နေကာ မျက်လုံးများတွင်လည်း ကြောက်ရွံ့မှုနှင့် နာကျင်မှုတို့ကြောင့် မျက်ရည်များ ပြည့်လျှံနေခဲ့ကြသည်။
အခြားသော ထူးခြားပညာရှင်များ ရောက်လာခဲ့သည်ဆိုပါကာ ဖွဲ့စည်းပုံကို ဖျက်ရန်ပင် အချိန်တော်တော်ကြာယူရမည်ဖြစ်သည်။
ဖွဲ့စည်းပုံပျက်သွားချိန်တွင်လည်း ငယ်ရွယ်၍ အားနည်းသော ကလေးငယ်များသည် သွေးထွက်လွန်ကာ အသက်ရှိတော့မည်မဟုတ်သောကြောင့် သွေးယဇ်ပူဇော်ခြင်းသည် အထမြောက်သွားမည်ပင်ဖြစ်သည်။
ဤကောင်လေးနှင့် ကောင်မလေး ခြောက်ယောက်ကို စတေးထားသည်။ ထို့ကြောင့် အဆင့်မြင့်ခါနီးဖြစ်နေသော မောင့်ဖုတ်ကောင်က ဤယဇ်ပူဇော်ခြင်းအထမြောက်သွားပါက ချက်ချင်း မိုးပျံဖုတ်ကောင်အဆင့်သို့ ကူးပြောင်းသွားမည်မှာ မုချပင်ဖြစ်သည်။
ထို့အပြင် အသက်ဖြင့် ယဇ်ပူဇော်ထားသော ကောင်လေးများ၏ ဘေးတွင် မိန်းမငယ်လေး လေးဦးအားလည်း ကြိုးနှင့်ချည်နှောင်ထားခ့်သည်။ သူတို့ကို ဖုတ်ကောင်၏ ဘေးတွင် ချုပ်နှောင်ထားကာ ကလေးတစ်ဦးကတော့ ကြောက်လန့်၍ မေ့မြောနေပြီဖြစ်သည်။
သွေးဝသွားသည့်အချိန်တွင် မောင့်ဖုတ်ကောင် မျက်လုံးများဖွင့်လိုက်သည်နှင့် ပထမဆုံးမြင်တွေ့ရမည့် မိန်းမငယ်လေးလေးဦးက သေချာပေါက် အသတ်ခံရမည်ဖြစ်ကာ ဖုတ်ကောင်၏ စွမ်းအင်သည်လည်း အဆမတန် တိုးပွားလာမည်ပင်ဖြစ်ပေသည်။
ကျင်းထဲတွင် တည်ငြိမ်စွာရှိနေသော တစ်ဦးတည်းသော မိန်းကလေးက မြောင်ဝတ်စုံဝတ်ဆင်ထားသည့် ပျောက်ဆုံးနေသော ‘စုန်းမလေးဒါဒါ’ပင်ဖြစ်သည်။
ဂဲလီယိုချန်း၏ အသံအား ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးများ အရောင်လက်သွားကာ ခေါင်းကိုမော့၍ ကျင်း၏ အပြင်သို့ကြည့်ရန် ကြိုးစားနေခဲ့သည်။
ကုကျစ်စုန့် သူမ၏ ဖီးနစ်ငှက်မျက်လုံးများကို မှေးစင်းလိုက်သည်။
“မင်းက ဝက်တစ်ကောင်၊ ခွေးတစ်ကောင်လောက်တောင်မှ တန်ဖိုးမရှိတဲ့လူပဲ၊ ကိုယ့်သားကို ကိုယ်တိုင်ပြုလုပ်ထားတဲ့ မကောင်းမှုရဲ့ တန်ပြန်သက်ရောက်တာကို အစားထိုးဖို့အတွက် သုံးလိုက်ရုံတင်မကဘူး၊
သူ့ရဲ့ အလောင်းကိုတောင်မှ မင်းအတွက် လူတွေကို တိုက်ခိုက်ပေးဖို့ လူသတ်လက်နက်အဖြစ် သုံးဖို့လုပ်နေသေးတယ်”
“အစတည်းက ပြန်ပြီးဝင်စားရမယ့် သားဖြစ်သူသာ မင်းရဲ့လုပ်ရပ်တွေကို မြေအောက်ကမ္ဘာကနေ မြင်လို့ကတော့ သူက သက်ရှိကမ္ဘာကို ပြန်လာပြီး မင်းကို သေချာပေါက် ဂုတ်ချိုးသတ်မှာပဲ!”
ဖုန်းရွှေပညာရှင်မှာ သူ၏ ချစ်မြတ်နိုးယောင်ဆောင်နေခြင်း ပေါ်သွားသောကြောင့် ပို၍ပင် ဒေါသထွက်သွားခဲ့သည်။
“ခွေးမ! နင့်ကို ငါသတ်ပစ်မယ်!!”
သူက လက်နှစ်ဖက်ကို ယှက်ကာ တစ်စုံတစ်ခုရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ထအော်လိုက်သည်။
“မာင့်ဖုတ်ကောင်! သူတို့ကို ငါ့အတွက် ဆွဲဖြဲပစ်လိုက်စမ်း!”
အသံဆုံးသည်နှင့် ကျင်းထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသော ဖုတ်ကောင်က ရုတ်တရက်မျက်လုံးများပွင့်ကာ ကျင်းနက်ထဲမှ လေးဖက်တွားတက်လာခဲ့သည်။
ထို့နောက် ကြောက်လန့်နေသော ကလေးငယ်များ၏ ဘေးမှ ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ဘက်သို့ ဦးတည်လာခဲ့သည်။
ဂဲလီယိုချန်းက လက်နှစ်ဖက်ဖြင့် ရွှေခွက်ကို ကိုင်ကာ သူမလက်ချောင်းများက ပို၍ မြန်မြန်လှုပ်ရှားလာခဲ့သည်။
ခွက်ထဲမှ စည်းချက်အလိုက် ဆူဆူညံညံအသံထွက်လာကာ သူမ ခွက်၏ အဖုံးကို ဖိ၍ ဖွင့်လိုက်သည်။ ထို့နောက်တွင် ပုရစ်ကဲ့သို့ အတောင်များပါသည့် ရွှေနီရောင် ကုပိုးကောင်တစ်ကောင်က ခွက်ထဲမှ ပျံထွက်လာခဲ့တော့သည်။
ရွှေခွက်အား ထိနေသော သူမ လက်ချောင်းထိပ်များ၏ စည်းချက်သည် သီချင်းသံကဲ့သို့ပင် ။
“သွား!!”
သူမ၏ အသံဆုံးသည်နှင့် ရွှေနီရောင်ကူပိုးကောင်သည် ဖုတ်ကောင်ထံသို့ တန်းတန်းမတ်မတ်သွားတော့သည်။
ကုကျစ်စုန့်၏ မျက်လုံးက ဖုတ်ကောင်၏ ရင်ဘတ်တွင် တစ်ဝက်မြုပ်နေသော ကျောက်စိမ်းလက်ချောင်းသို့ ရောက်သွားခဲ့သည်။
ထို့နောက် သူမ ဖုတ်ကောင်၏ လျှာအောက်တွင် ရှိသည့် အနီရင့်ရောင် အရာတစ်ခုအား မြင်လိုက်ရပြီးနောက် သူမ ချက်ချင်းပင် ဖုန်းရွှေပညာရှင် တောက်ဘုန်းကြီးကျောင်းမှ ရတနာကို ခိုးယူလာသည့် အကြောင်းရင်းကို သဘောပေါက်သွားသည်။
သူမ ချက်ချင်းလှမ်းအော်လိုက်သည်။
“မလုပ်နဲ့! အဲဒီဖုတ်ကောင်ရဲ့ လျှာအောက်မှာ အသားတော်ရတနာတစ်ခုရှိနေတယ်!!”
*