← Chapters

အစစ်အမှန် အရောင်ဖြင့် သရုပ်ဆောင်ခြင်း(1)

Vol. 12 Ch. 112

အစစ်အမှန် အရောင်ဖြင့် သရုပ်ဆောင်ခြင်း(1)

Vol. 12 Ch. 112

ကုကျစ်စုန့် ရိုက်ကွင်းသို့ ရောက်ရှိချိန်တွင် ယွီထုန်လျို့မှာ ‘မျောလွှင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’ဇာတ်လမ်းတွဲ၏  ဇာတ်လိုက်နေရာမှ သရုပ်ဆောင်သော ယန်ချီနှင့် အတူ ဇာတ်ဝင်ခန်းတစ်ခန်းအား ရိုက်ကူးနေကြသည်။

လျို့ကျင်းသည်လည်း ရိုက်ကူးရေးအား ကြီးကြပ်နေခဲ့သည်။

သူမ ဝင်လာသည်အား မြင်လိုက်သော် လျို့ကျင်း အနီးသို့ လျှောက်လာကာ နှုတ်ဆက်လိုက်သည်။

“ကုတောက်ကျန့်၊ ရောက်လာပြီလား?”

ကုကျစ်စုန့်: “… …”

“ဒါရိုက်တာလျို့၊ ကျေးဇူးပြုပြီး ကျွန်မကို ကျွန်မနာမည်အတိုင်းပဲ ခေါ်ပါ”

လျို့ကျင်းကိုယ်တိုင်လည်း ရိုက်ကူးရေးနေရာတွင် ကုကျစ်စုန့်အား တောက်ကျန့်ဟုခေါ်ရသည်မှာ ထူးဆန်းသည်ဟု ခံစားရသည်။

“ငါက မင်းထက် အသက်အများကြီး ပိုကြီးတယ်၊ ဒီတော့ မင်းကို ထုန်လျှို့ခေါ်သလိုပဲ စုန့်စုန့်လို့ ခေါ်မယ်လေ၊ မိတ်ကပ်လိမ်းပေးမယ့်သူက နောက်ဘက်မှာ စောင့်နေတယ်၊ မင်း ဇာတ်ညွှန်းကိုလည်း ဖတ်ပြီးပြီမဟုတ်လား?”

“ဖတ်ပြီးပါပြီ”

ကုကျစ်စုန့် ဘာမှ မပြောရသေးခင်မှာပင် သူမ၏ပုခုံးပေါ်မှ စက္ကူရုပ်လေးက ရုတ်တရက် လှုပ်ရမ်းလာပြီးနောက် လျို့ကျင်းအား လက်ရမ်းနှုတ်ဆက်လိုက်သည်။

လေသံလေးဖြင့် ပြန်ဖြေသည့်စကားသည်လည်း ထိုစက္ကူရုပ်လေးထံမှ ထွက်ပေါ်လာပြန်၏!

တစ်ခြားသူများသာ ဤမြင်ကွင်းအား မြင်တွေ့လိုက်ရပါက ထိတ်လန့်တုန်လှုပ်သွားကြလိမ့်မည်ပင်။

အဘယ်ကြောင့်ဆိုသော် အရုပ်လေး၏ နှုတ်ဆက်မှုပြီးနောက်တွင် လျို့ကျင်းမှ ထိုအရုပ်လေးအား အမေဟု ခေါ်လိုက်ခြင်းကြောင့်ပင် ဖြစ်သည်။

စက္ကူရုပ်လေးတစ်ဖြစ်လဲ တုန်ယင်း ပြောလာခဲ့သည်။

“စုန့်စုန့်က အခုရက်ပိုင်း အရမ်းကို ကြိုးစားနေတာ၊ ဇာတ်ညွှန်းကို ဘယ်လိုပိုင်နိုင်အောင် လုပ်ရမလဲဆိုတာကို နေ့တိုင်းတွေးနေတာ၊ သူက နားလည်တာလည်း မြန်ပါတယ်၊ အင်တာနက်ပေါ်က ပြောသလောက်လည်း အဆိုးကြီး မဟုတ်ရှာပါဘူး”

ထိုစကားအား ကြားရသော်  လျို့ကျင်း အံ့အားသင့်သွားရသည်။

သူ၏ ရိုက်ကူးရေးနှင့် သရုပ်ဆောင်ပညာတို့တွင် တိကျစေ့စပ်ကာ စည်းကမ်းတင်းကြပ်ခြင်းတို့သည် မိခင်ဖြစ်သူ၏ သွေးကြောင့်ပင် ဖြစ်သည်။

မိခင်ဖြစ်သူအကြောင်း ကောင်းစွာနားလည်သဘောပေါက်သည့် လျို့ကျင်းတစ်ယောက် သူမထံမှ ကုကျစ်စုန့်အား ချီးကျူးစကား ကြားလိုက်ရသည့်အတွက် အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။

လျို့ကျင်း ကုကျစ်စုန့်အား ပြောလိုက်သည်။

“ဒါဆိုရင် မင်း စင်နောက်ကို သွားပြီး မိတ်ကပ်အရင်လိမ်းလိုက်ပါဦး၊ တကယ်လို့ သဘောမကျတာရှိရင် ပြန်ပြင်ခိုင်းလို့ရတယ်”

သူမ ခေါင်းငြိမ့်ကာ စင်နောက်သို့ ဝင်သွားထဲ့သည်။

ရိုက်ကွင်းပေါ်တွင် ယွီထုန်လျှို့နှင့် ယန်ချီတို့က တစ်ယောက်နှင့် တစ်ယောက် တိုက်တိုက်တွေ့နေသော အပိုင်းအား သရုပ်ဆောင်နေခဲ့ကြသည်။

ထိုအပိုင်းသည်ကား မင်းသမီးနှင့် မင်းသားတို့ တစ်ဦးနှင့်တစ်ဦး သဘောထားခြင်း မတိုက်ဆိုင်မှုကြောင့် ပထမဆုံး အတိုက်အခံဖြစ်သော အပိုင်းဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များ ပြောင်းလဲမှုတို့က နူးညံ့သော်လည်းအားအင်အပြည့်ဖြစ်နေရမည်။

နှစ်ဦးလုံးသည် နာမည်ကြီး သရုပ်ဆောင်ကောင်းများ ဖြစ်ကြသော်လည်း ဒါရိုက်တာလျို့၏ ဝေဖန်ထောက်ပြမှုများအောက်တွင် အကြိမ်အနည်းငယ် ပြန်လည်ရိုက်ကူးခဲ့ရသည်။

“Cut! အဆင်ပြေသွားပြီ”

ဒါရိုက်တာစိတ်ကျေနပ်သည်ထိ ပြန်လည်ရိုက်ကူးပြီးနောက်တွင် ယန်ချီတစ်ယောက် အသက်ကယ်ကြိုးအား ဖြုတ်လိုက်ကာ လက်ထောက်ဖြစ်သူ ကမ်းလာသည့် တဘက်ကို ယူ၍ ချွေးသုတ်လိုက်သည်။

“အောက်မှာ လူတွေရုတ်ရုတ်သည်းသည်းဖြစ်သွားသေးတာကို တွေ့လိုက်တယ်၊ ဘယ်သူရောက်လာလို့လဲ?”

“ကုကျစ်စုန့် ပြန်ရောက်လာတယ်လို့ ကြားလိုက်တယ်၊  သူမက မိတ်ကပ်လိမ်းပြီး ဓာတ်ပုံရိုက်ဖို့တင် မကတော့ဘူး၊ သူမက ရိုက်ကူးရေးကို တစ်လလောက် မလာဘဲနေလိုက်တာဆိုတော့ သူမရဲ့ အခန်းတွေကိုထပ်ပြီး နောက်ဆုတ်လို့ မရတော့ဘူးလေ”

“ငါက  သူမရဲ့ဒဏ်ရာကြောင့် ဒီဇာတ်ကောင်နေရာကို ဆုံးရှုံးသွားပြီလို့ ထင်ထားတာ၊ ဒါပေမဲ့  သူမက သူ့မရဲ့ ပုံစံအသစ်နဲ့ ပြန်လှည့်လာနိုင်ပြီး ချန်ကျန်းကိုပါ အနိုင်ရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ? အနုပညာအသိုင်းအဝိုင်းကလူတွေအားလုံး လူကဲခတ်မှားတာပဲ၊ သူမက တော်တော်လေးတော့ သန်မာတဲ့ မင်းသမီးပဲ”

အသိုင်းအဝိုင်းမှ လူများအားလုံး ချန်ကျန်း၏ အဖြစ်အပျက်အား ကြားသိမြင်တွေ့လိုက်ကြရသည်။

ထိုသူက သူ၏ နာမည်အရင်းဖြင့် အနုပညာရှင်များထဲမှ တိုင်ကြားခြင်း ခံရပြီးနောက် နာမည်ပျက်သွားရုံသာမက ကုမ္ပဏီမှလည်း အလုပ်ထုတ်ခံလိုက်ရသည်။

ထို့နောက်တွင် ခွေးရူးတစ်ကောင် ဖြစ်သွားသကဲ့သို့  လိုက်ကိုက်ချင်နေခဲ့သော်လည်း  ရဲနျားထံမှ ဖမ်းဆီးခံလိုက်ရသည်။ သူ အဖမ်းခံလိုက်ရသည့် နေ့တွင် ရဲများက ဆွဲခေါ်သွားသည့် ဗီဒီယိုအား အိမ်နီးနားချင်း တစ်ဦးမှ ရိုက်ထားကာ အင်တာနက်ပေါ်တွင် ဖြန့်လိုက်သည်။

ဗီဒီယိုထဲတွင် ချန်ကျန်း၏ မျက်နှာက ခြောက်သွေ့နေသော သစ်ခေါက်တုံးကဲ့သို့ ဖြစ်နေခဲ့ကာ ဆံပင်များသည်လည်း အဆုတ်လိုက် ကျွတ်ထွက်ထားပုံရပြီး မရှိသလောက်နီးပါးပင် ဖြစ်နေခဲ့သည်။

သူက ရဲများ၏လက်ထဲတွင် ရုန်းကန် အော်ဟစ်ကာ ဆဲဆိုနေခဲ့သည်။

ပြောကြသည်မှာ သူသည်ကား အနုပညာရှင်များအား အတင်းအကြပ် စေခိုင်းရုံသာမကဘဲ လူသတ်တရားခံအဖြစ် သံသယရှိသူလည်း ဖြစ်ပေသည်။

ထိုအခိုက်တွင် အင်တာနက်တစ်ခုလုံးမှ သူ့အား စိတ်ဝင်တစား ဖြစ်နေခဲကွကာ အနုပညာအသိုင်းအဝိုင်းတွင်းမှ တိတ်တဆိတ် တစ္ဆေလေးများ မွေးထားကြသူများလည်း သူ၏ လူမဆန်စွာ တန်ပြန်တိုက်ခိုက်ခံရမှုအား မြင်ရပြီးနောက် ကြောက်လန့်တုန်လှုပ်နေခဲ့ကြသည်။

လက်ထောက်ဖြစ်သူက ယန်ချီအား  လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်းလည်း ဗီဒီယိုတွေ မြင်တယ်မဟုတ်လား? အံ့ဩစရာကောင်းလွန်းတယ်၊ ကုကျစ်စုန့် တကယ်ပဲ သဘာဝလွန်ပညာရပ်တွေ တတ်တယ်လို့ ထင်လား?”

“ငါက ဘယ်လိုလုပ် သိမှာလဲ၊ ငါ သိတာ တစ်ခုတည်းက သူပြန်လာပြီဆိုတာနဲ့ ငါတို့ရဲ့သာယာနေတဲ့ ရိုက်ကူးရေးလေးကတော့ သွားပြီဆိုတာကိုပဲ”

ယန်ချီ စိတ်ပျက်လက်ပျက်နှင့် ညည်းတွားနေခဲ့သည်။

ထိုအချိန်တွင် ဘေးမှ ဖြတ်သွားသော ယွီထုန်လျှို့မှ ထိုစကားအား ကြားကာ ငြင်းဆိုလိုက်သည်။

“ချီကော၊ ရှင်သာ စုန့်စုန့်နဲ့ ခဏလောက် နေကြည့်လိုက်ရင် သိသွားမှာပါ၊ သူမက သဘောကောင်းပါတယ်”

ယန်ချီအံ့ဩသွားသည်။

“မင်းတို့နှစ်ယောက်က တကယ်ကြီး ခင်နေကြတာလား?? ငါက ကုမ္ပဏီက ဒီတိုင်း မားကတ်တင်းဆင်းတာမျိုးလို့ ထင်နေတာ”

ယခုအချိန်တွင်တော့ သူ အမှန်တကယ် သိချင်သွားခဲ့ပြီ။

ကုကျစ်စုန့်က ဘယ်လိုများ အွန်လိုင်းပေါ်မှ မှတ်ချက်များအား ပြောင်းပြန်လှန်ကာ ဤအေးတိအေးစက် မင်းသမီး၏ နှလုံးသားအား မည်သို့ သိမ်းပိုက်နိုင်ခဲ့သည်ကို သူ စိတ်ဝင်စားသွားရသည်။

သူ ပုခုံးအသာတွန့်ကာ နားနေခန်းသို့ လျှောက်သွားလိုက်သည်။

“ငါလည်း အဲလိုပဲ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်”

တစ်နာရီခန့်ကြာပြီးနောက် လျို့ကျင်းမှ ကုကျစ်စုန့် မိတ်ကပ်လိမ်းပြီးလောက်ပြီဟု တွေးလိုက်မိချိန်တွင် စင်နောက်ဘက်မှ ဆူညံသံအား ကြားလိုက်ရသည်။

သူ ပြန်လှည့်ကြည့်လိုက်မိချိန်တွင် အချိန်များက ဤနေရာတွင် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။

သူ၏ မြင်ကွင်းထဲတွင် မြင်နေရသည်မှာ ပိန်ပါးသွယ်လျသော မိန်းမလှလေးတစ်ယောက်က အဖြူရောင်ငှက်မွှေးများနှင့် အလှဆင်ထားသော အနီရောင် ဝတ်စုံလေးအား ဝတ်ဆင်ထားခဲ့သည်။

သူမ၏ မျက်ခုံးထူထူများကြားမှ အနီရောင်အမှတ်လေးသည်လည်း မြင်လိုက်သည်နှင့် ထင်းခနဲဖြစ်နေခဲ့ကာ မြင်သူတိုင်း အံ့သြတကြီးဖြစ်သွားစေမည့် မိမ်မလှလေး၏  အလှကို ပိုလွင်စေခဲ့သည်။

မိန်းမလှလေးက အနားသို့ လျှောက်လာချိန်တွင် လျို့ကျင်းတစ်ယောက် စာအုပ်ထဲမှ စစ်ယွီချင်းအသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။

စာအုပ်ထဲတွင် စစ်ယွီချင်း၏ အလှအား ဖော်ညွှန်းပြရန် သုံးထားသော စကားလုံးတိုင်းသည် ကုကျစ်စုန့်ကိုယ်ပေါ်တွင် ရောင်ပြန်ဟပ်နေသည့်အလား ထင်မှတ်ရစေသည်။

သူမ၏ ဖီးနစ်ငှက်ကဲ့သို့သော မျက်လုံးများကိုလည်း ပို၍ ရှည်လျားသွယ်လျအောင် လိမ်းခြယ်ထားခဲ့ညကာ သူမ ဤအတိုင်း ရပ်နေရုံနှင့်ပင် သူမသည် ‘မျောလွင့်နေသော ပင်လယ်၏ ဒဏ္ဍာရီ’ထဲမှ နယ်မြေ ၁၃ခုတွင် အချောမောအလှပဆုံး မိန်းမလှဖြစ်ကြောင်း လူတိုင်း ယုံကြည်နိုင်စေလိမ့်မည်။

ရိုက်ကူးရေးအဖွဲ့သားများအားလုံးလည်း သူမကိုသာ ငေးစိုက်ကြည့်နေခဲ့ကြသည်။

အမှန်အတိုင်းပြောရလျှင် သူတို့အားလုံး ကုကျစ်စုန့် ချောမောလှပမှန်း သိထားပြီးဖြစ်သည်။ သို့သော် ယခင်က သူမ၏ မျက်လုံးများသည် တစ်ခုခုလိုအပ်နေသကဲ့သို့ ထင်ရကာ သူမ၏ အလှသည် ခံစားရန် ခက်ခဲသကဲ့သို့ ဖြစ်သည်။

ပတ်ပတ်လည်မှ ကြည့်ရှု့နေကြသော မျက်လုံးများအား သတိပြုမိသည့် ကုကျစ်စုန့် မျက်မှောင်လေး ကြုတ်တ်ကာ လျို့ကျင်းအား ကြည့်လိုက်သည်။

“ကျွန်မရဲ့ပုံစံက ထူးဆန်းနေလို့လား?”

ဤတစ်ကြိမ်မှာ သူမအတွက် ပထမဆုံး သေသေချာချာပြင်ဆင်ချယ်သထားခြင်းပင်ဖြစ်သည်။

ပုလဲဆံထိုးများနှင့် သူမ၏ခေါင်းပေါ်မှ ဆံပင်တုတို့က လည်ပင်းကိုပင် လေးလံစေပေသည်။

သူမ၏ နောက်မှ မိတ်ကပ်ပညာရှင်က မျက်လုံးများ အရောင်တဖြတ်ဖြတ်တောက်ပလျက် ပြောလာခဲ့သည်။

“ဘာကို  ထူးဆန်းရမှာလဲ? မင်းရဲ့ မိတ်ကပ်က ငါ့ရဲ့ လုပ်သက်တစ်လျှောက်လုံးမှာ အကောင်းဆုံးလက်ရာပဲ! စုန့်ကျဲရဲ့ အသားအရည်ကောင်းတာလဲ ပါတာပေါ့”

“ဘယ်လိုလဲ ဒါရိုက်တာ? ဒါက စစ်ယွီချင်းမှ ဟုတ်ရဲ့လား?”

အရာအားလုံးကို အသေးစိတ်တိကျစွာ လုပ်ကိုင်တတ်သော ဒါရိုက်တာလျို့က ခေါင်းငြိမ့်လိုက်သည်။

“မိတ်ကပ်က တော်တော်လေး ကောင်းနေပြီ၊နည်းနည်းလောက်လေးပဲ လိုတာလေး ထပ်ဖြည့်လိုက်ရင် ဓာတ်ပုံရိုက်ကူးရေး စလို့ရပြီ”

စစ်ယွီချင်းမှာ အဓိကဇာတ်ကောင်မဟုတ်သော်ငြား တစ်ကားလုံးတွင် အဓိကဇာတ်ဆောင်တစ်ယောက်အဖဖြစ် ပါဝင်သူဖြစ်ပေသည်။

နယ်မြေတစ်ခု၏ သခင်မဖြစ်သည့်အလျောက် သူမမှာ ချောမောလှပပြီး တည်ငြိမ်ကာ စွမ်းအားကြီးမားသည်။

ချစ်ရသူ၏ လှည့်ဖျားမှုအား ခံရပြီးသော်လည်း သူမသည် အချစ်ရူးတစ်ယောက်မဟုတ်ပေ။ သူမအား သစ္စာဖောက်ခဲ့သော ချစ်သူအား သုတ်သင်ကာ နယ်မြေချင်းနီးစပ်သော တိုင်းပြည်များအား သိမ်းပိုက်၍ သူမပိုင်နက်အား ချဲ့ထွင်ခဲ့သည်။

ဇာတ်လိုက်များ၏ အမြင်တွင်တော့ သူမသည်ကား စစ်ပွဲမီးအား ရှို့ခဲ့သော ဗီလိန်တစ်ဦးဖြစ်ကာ ဇာတ်လမ်းအစပိုင်းတွင်လည်း သူမက အကြိမ်ပေါင်းများစွာ ဇာတ်လိုက်အဖွဲ့အား ရှင်းလင်းနိုင်လုနီးနီးဖြစ်ခဲ့သည်။

သို့သော် သူမ၏ ဆုံးဖြတ်နိုင်စွမ်းနှင့် သုတ်သင်ရှင်းလင်းရာတွင် ပညာသားပါမှုတို့ကြောင့် စာအုပ်ထဲတွင် နာမည်ကြီးအမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။

‘မျောလွင့်နေသော ပင်လယ်ပြင်၏ ဒဏ္ဍာရီ’အား ဇာတ်လမ်းတွဲအဖြစ်ရိုက်ကူးမည့် အချိန်တွင် ထိုစာအုပ်၏ ပရိတ်သတ်များက ငြင်းဆိုခဲ့ကြသည်။

သူတို့ယုံကြည်ကြသည်မှာ စစ်ယွီချင်း၏ စွမ်းအင်နှင့် အရှိန်အဝါအား မည်သည့် သရုပ်ဆောင်ကမှ စာအုပ်ထဲကနှင့် တူအောင် သရုပ်ဆောင်နိုင်ကြမည်မဟုတ်ပေ။

သရုပ်ဆောင်များ ရွေးချယ်ပြီးချိန်တွင် ငြင်းဆိုသည်များသည်က ပို၍ပင် ဆိုးလာခဲ့ကြသည်။

သူတို့ထင်ခဲ့ကြသည်မှာ ကုကျစ်စုန့်ဆိုသည့်တစ်ယောက်က စစ်ယွီချင်း၏ ဇာတ်ကောင်အား မျက်နှာမှလွဲ၍ ကျန်သည့်အပိုင်းများအား ဘယ်နည်းနှင့်မျှ တူအောင် သရုပ်ဆောင်နိုင်မည်မဟုတ်ဟုသာလျှင်ပင်။

သို့သော် ယခုအချိန်အခိုက်အတန့်တွင် ကင်မရာနောက်တွင် ရပ်နေသော လျို့ကျင်းမှာ သူ၏ ရှေ့မှ ပလ္လင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးအား ကြည့်ကာ အတွေးကမ္ဘာထဲတွင် နစ်မြောနေခဲ့သည်။

ဘယ်လိုလုပ်ပြီး အချိန်တခဏအတွင်းတွင် လူတစ်ယောက်က မတူညီတဲ့ လူနှစ်ယောက်ကဲ့သို့ ဖြစ်နေနိုင်တာလဲ??

ဤဇာတ်လမ်းသည်ကား ခမ်းနားလွန်းပြီး စာအုပ်တွင်းတွင် နယ်မြေ(၁၃)ခုကို မတူညီသော ပုံစံ ၁၃မျိုးဖြင့် ဖော်ပြထားခဲ့သည်။

စာအုပ်ထဲကအတိုင်း ထပ်တူညီစေရန် လျို့ကျင်းက မတူညီသော သံမဏိပလ္လင် (၁၃)ခုအား ပြုလုပ်ရန်ပင် မှာကြားထားခဲ့သည်။

ယခုအချိန်တွင် ကုကျစ်စုန့်က ပလ္လင်ပေါ်တွင် ထိုင်နေကာ မီးဆရာနှင့် ဓာတ်ပုံဆရာတို့ လိုချင်သည့် ပုံစံရစေရန် မျက်လုံးအား ပင့်ကာ၊ နှိမ့်ကာ ပြုလုပ်နေသည်မှာ လှုပ်ရှားမှုတိုင်းက လူတိုင်း၏ အကြည့်အား ဖမ်းစားထားနိုင်စေခဲ့သည်။

ဓာတ်ပုံဆရာသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ပုံများ ဆက်တိုက်ရိုက်ကူးနေခဲ့သည်။

“မျက်နှာကို နည်းနည်းလေး လှည့်လိုက်၊ ပြီးတော့ ဓားလေးနဲ့ ပို့စ်ပေးလို့ရမလား…”

သူ့စကား ဆုံးသည်နှင့် ကုကျစ်စုန့်က သူမ၏ ခြေဖျားတွင် ရှိနေသော ရိုက်ကူးရေးသုံး ဓားအား ကြည့်လိုက်သည်။ ထို့နောက် ဓားလက်ကိုင်အား သူမ၏ ခြေချောင်းဖြင့် ဖိကာ မြောက်တက်စေလိုက်ပြီးနောက် ဓားလက်ကိုင်အား လှမ်းယူ ဆုပ်ကိုင်ထားလိုက်သည်။

သူမက ဓားအား ကျွမ်းကျင်စွာ လက်နောက်ပြန်ကိုင်လိုက်ပြီးမေးလိုက်သည်။

“ဒီလိုမျိုးလား?”

ကင်မရာမန်း: “!!!

“ဟုတ်တယ်၊ ဟုတ်တယ် အဲဒီတိုင်းလေး၊ ဒါရိုက်တာလျို့၊ ရှောင်ကုက တစ်လလောက်ပဲ သဘာဝလွန်ပြိုင်ပွဲမှာ ဝင်ပြိုင်လိုက်တာဆိုပေမယ့် သူရဲ့ ပညာတွေ တော်တော်တက်လာတာပဲ၊ ကြည့်ရတာ မင်းတော့ သိုင်းပညာရှင်ကို ခေါ်လာမိတဲ့ပုံပဲနော်!”

မူလက ရိုက်ကူးရေးကြာချိန်ခန့်မှန်းထားသည်မှာ တစ်နေ့လယ်ခင်းလုံးဖြစ်သော်လည်း တစ်နာရီခန့်အကြာတွင် လျို့ကျင်းတို့ ရိုက်ကူးရေးပြီးသွားခဲ့ပြ။

ဓာတ်ပုံရိုက်ကူးရေးအရပြောရလျှင် ကုကျစ်စုန့်၏ မျက်နှာသည် အပြစ်ပြောစရာဟူ၍ မရှိ။

ယခင်က သူမ၏ ခြေလက်များသည် ကင်မရာရှေ့တွင် တောင့်တင်းနေသောကြောင့် ပုံထဲတွင် ထူးဆန်းနေသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ၏ ‘လွှတ်ချလိုက်သော အရှိန်အဝါ’များ လျှံထွက်လာကာ ဓာတ်ပုံများသည် ဇာတ်လမ်းတွဲ၏ official ကြေငြာရာတွင်ပင် အသုံးပြု၍ ရပြီဖြစ်သည်။

အချိန်ကြည့်ပြီးနောက် လျှို့ဂျင် ရုတ်တရက်ပြောလိုက်သည်။

“အချိန်ကစောသေးတာပဲ၊ ပထမဆုံးအပိုင်းက ဒီမိတ်ကပ်နဲ့ပဲ ရိုက်ရမှာလေ၊ စုန့်စုန့် တစ်ပိုင်းလောက် စမ်းရိုက်ကြည့်မလား? ဘယ်လိုနေလဲ သိရအောင်လို့”

ကုကျစ်စုန့် မငြင်းဆိုသည်ကြောင့် လျို့ကျင်းလည်း ချက်ချင်းပင် ဝန်ထမ်းများအား ရိုက်ကွင်းနေရာပြင်ဆင်စေကာ ရိုက်ကူးရေး စရန် ပြင်လိုက်ကြသည်။

သူက ဇာတ်ဝင်ခန်းမန်နေဂျာအား ခေါ်၍ ပြောလိုက်သည်။

“ယန်ချီနဲ့ ယွီထုန်လျှို့ကို ပြောထားလိုက်ပါဦး? သူတို့လည်း ဒီမှာရှိနေတာဆိုတော့ ဒီနေ့ တစ်ပိုင်းလောက်တော့ ပိုရိုက်ရမယ်လို့၊ ဇာတ်ဝင်ခန်း (၃၇)ကို ရိုက်မယ်”

ထိုသတင်းအား ကြားလိုက်ရသည့် ယန်ချီကတော့ မှင်သေသွားရသည်။ သု သူ့လက်ထဲမှ ဇာတ်ညွှန်းအား တွေဝေစွာ ကြည့်လိုက်မိသည်။

“ဒီအပိုင်းက အရမ်း အရေးကြီးတာလေ၊ အရင်က တစ်ခါမှတောင် မလေ့ကျင့်ရသေးဘူး၊ ဒါက ကလေးကစားစရာမို့လို့လား? ဒါရိုက်တာလျှို့က ဒီနေ့ ည ၉နာရီ၊ ၁၀နာရီလောက်ထိများ ရိုက်မလို့လား??”

လက်ထောက်ဖြစ်သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘယ်အပိုင်းလဲ?”

“ငါနဲ့ စစ်ယွီချင်း ပထမဆုံးတွေ့တဲ့ အပိုင်းလေ”

မူလစာအုပ် ‘မျောလွင့်နေသော ပင်လယ်’တွင် ဤအပိုင်းသည်ကာ ဇာတ်လိုက်အဖွဲ့တို့ ပထမဆုံး ဆင့်ခေါ်ခံရသည့် အပိုင်းပင်ဖြစ်ချေသည်။

*

All Chapters